ပီလောပီနံကို tapioca (သို့မဟုတ်) cassava လို့ခေါ်ပါတယ်။
ပီလောပီနံအရွက် ကပီလောပီနံဥထက် protein (ပရိုတင်း) ၁၀ ဆပါဝင်တယ်။ အသားမစားဘဲ ပရိုတင်း ဓာတ်အများကြီးရချင်ရင် ပီလောပီနံအရွက်ကို စားနိုင်ပါတယ်။
ပီလောပီနံအရွက်မှာ အဆိပ် အတောက် ဖြစ်စေတဲ့ Hydrocyanic Acid ပါတယ်။ ဒါပေမဲ့ ချက်လိုက်ရင် အဆိပ်ပြယ် သွားပါတယ်။ ပီလောပီနံ အရွက်ကို အနည်းဆုံး ၁၀ မိနစ်ချက်ပြုတ်ပြီးမှသာ စားသင့်ပါတယ်။ ပြုတ်ပြီး ပြုတ်ရေကို သွန်ပစ်လိုက်ရပါတယ်။
ပီလောပီနံအရွက်မှာ ပရိုတင်းအပြင် ကာဘိုဟိုက်ဒရိတ် (Carbohydrate) ၊ ဗီတာမင် စီ (Vitamin C) ပါတယ်။ အမျှင်ဓာတ် (Fiber)တွေပါလို့ရယ်၊ ကယ်လိုရီ (Calories) နည်းလို့ရယ် ကိုယ်အလေးချိန် လျော့ချင်တဲ့သူတွေ စားဖို့ သင့်တော်ပါတယ်။
ကိုးကား။ “Health Benefits of Eating Cassava Leaves (Yuca Leaves)”by Dr.Paul Haider

No comments:
Post a Comment