"ဟော...မမ လာပြီ”
ဆိုသည့် အသံကြောင့် သူမ ခေါင်းငုံ့ကာ ထိုင်နေရာမှ မော့ကြည့်မိသည်။
အင်ဖော်မေးရှင်းစားပွဲမှ
ဝန်ထမ်းမိန်းကလေး မတ်တပ်ထရပ်လိုက်တာကို တွေ့တော့ သူမ ရုံးအဝင်တံခါးဝကို
လှမ်းကြည့်လိုက်မိသည်။ မှန်တံခါးကို တွန်းဖွင့်လာသော
လက်သွယ်သွယ်ဖြူဖြူလေးကို အရင် မြင်ရပြီးနောက် မမ ဆိုသူကို သူမ
တွေ့လိုက်ရသည်။
အို…ဒါ ကိုကို ချစ်တဲ့မမ ပါလား
အဖြူရောင်
ပိတ်ဖောက်ဇာ ရင်ဖုံးအင်္ကျီ နှင့် မိုးပြာရောင်အခံတွင် အဖြူရောင်
အချိတ်ဆင် ဖောက်ထားသော ရခိုင်ချိတ်ထမီဝတ်ထားသော မမ ဆိုသူသည်
ကတ္တီပါပုံတော်ဖိနပ်စီးထား
သော ခြေလှမ်းများဖြင့် ရုံးအတွင်းကို
လှမ်းဝင်လာလေသည်။ နဖူးကိုပြောင်ရှင်းအောင် သိမ်းထားသော ဆံပင်ကို
အနောက်ဘက်တွင် ထုံးဖွဲ့ထားသည်မှာ သူမ ဂျပန်ကီမိုနိုပြက္ခဒိန်များတွင်
မြင်ဖူးသော ဂျပန်မလေးများ ထုံးဖွဲ့ထားတတ်သောဆံထုံးပုံမျိုးဖြစ်သည်။
မျက်နှာတွင်
အပြုံးလဲ့လဲ့ကို ဆင်ထားပြီး လှမ်းလာသောမမ၏ နောက်မှာ ဖိုင်များထည့်ထားသော
ကြိမ်ဆန်ကာတောင်းကို သယ်ဆောင်လာသော မမ၏ ဒရိုင်ဗာ ဖြစ်ဟန်တူသော လူတစ်ယောက်က
ရိုရိုကျိုးကျိုးအသွင်နှင့်။ ရုံးအတွင်း အင်ဖော်မေးရှင်းစားပွဲအရှေ့မှ
ဧည့်ခန်းတွင် ထိုင်နေသော သူမကို မမက လှမ်းပြံုးပြသည်။ မမ အပြံုးကြောင့်
သူမလည်း ယောင်ရမ်းပြံုးပြလိုက်မိသည်။ သူမ ရင်တွေ တဒိတ်ဒိတ်ခုန်နေသည်။
“မမ ကိုတွေ့ချင်လို့တဲ့ … ဧည့်သည် ရောက်နေပါတယ်”
အင်ဖော်မေးရှင်းစားပွဲမှ ဝန်ထမ်းအမျိုးသမီးလေးက မမကို ရိုကျိုးစွာ ပြောလိုက်တော့ မမက သူမ ရှိရာကို လှမ်းလာသည်။
သူမ ယောင်ရမ်းကာ မတ်တပ် ထရပ်လိုက်သည်။
“ဟုတ်လား…စောင့်နေရတာ
ကြာပြီလား မသိဘူး။ အားနာလိုက်တာ။ မလေးငုံက ကိစ္စတစ်ခုရှိတာနဲ့ လမ်းမှာ
ဝင်နေတော့ ရုံးကို ရောက်လာတာ နောက်ကျသွားတာ”
သူမကို ယခုမှ
“ကေသီရေ… ဧည့်သည် အတွက် ကော်ဖီ လုပ်ပေးဦးနော်..ကျေးဇူးတင်ပါတယ်နော် …ကေသီ”
ဟု မမက ရုံးခန်းတွင်းရှိ ဝန်ထမ်း အမျိုးသမီးတစ်ဦးကို လှမ်းပြောလိုက်သည်။
နှုတ်ဆွ့ံ့အ ကာ ယောင်ငေးငေး ကြည့်နေမိသော သူမကို မမက
“ညီမလေး..လာ လာ..မမ ရုံးခန်းကို သွားရအောင်”
ဟုဆိုကာ
သူမ လက်မောင်းကို ညင်သာစွာ ကိုင်တွယ်ဖေးမကာ ခေါ်လာတော့ သူမ ယောင်ရမ်းကာ
လှမ်းလျှောက်မိသည်။ စံပယ်ပန်းရနံ့ကဲ့သို့သော ရေမွှေးရနံ့ကို ရှုူရှိုက်မိကာ
မမ လည်တိုင် ရှင်းရှင်းလေးမှ အကြောစိမ်းလေးများကိုပင် သူမ မြင်လိုက်ရသည်။
ဆံထုံး ထုံးဖွဲ့ထားရာမှ အောက်နားဘက်မှ ဆံနုလေးများက
ဂုတ်ပေါ်အနည်းငယ်ကျနေသည်ကို သူမ ငေးကြည့်မိရင်း
“ကိုကို ချစ်တာလည်း ချစ်လောက်ပါတယ်လေ” ဟု သူမတွေးမိလေသည်။
ချောမောလှပသည်ဟု
မဆိုသာဘဲ မမ ဆိုသူမှာ သွယ်မြင့်သော အရပ်နှင့် လုံးကျစ်သော
ခန္ဓာကိုယ်လေးကြောင့် မြန်မာဝတ်စုံ ဝတ်ဆင်ထားခြင်းမှာ ကျက်သရေရှိလှသည် ဟု
သူမတွေးရင်း မမခေါ်ဆောင်ရာကို စိတ်မှတ်မဲ့စွာလိုက်ပါလာမိသည်။
မွှေးပျံ့အေးမြနေသော ရုံးခန်းတွင်းတွင် မမ၏ အလုပ်စားပွဲမှာ မမက သူ့
လက်ကိုင်အိတ်ကို လှမ်းတင်လိုက်ကာ သူမကို ၂ယောက်ထိုင် ဆိုဖာပေါ်တွင်
ထိုင်စေလိုက်ပြီးနောက် သူမ ဘေးမှာ မမက ဝင်ထိုင်ကာ တရင်းတနှီးရှိလှသည်။
ဆံထုံးမှာ စိန်ပွင့်လေးတွေ လက်နေသော ဆံထိုးတစ်ချောင်းကို ထိုးထားပြီး တစ်ပွင့်တည်း စိန်နားကပ်၊
လည်တိုင်လေးမှာ ဆွဲထားသော ဆွဲကြိုးမျှင်လေးနှင့် စိန်လော့ကက်သီးတို့က မမကို ပိုမိုတောက်ပအောင် ကူညီ အားဖြည့်ပေးနေကြသယောင်။
“ကဲ…ညီမလေး မမကို တွေ့ချင်တာ ဘာကိစ္စလဲ…ပြောနော်…”
“ဟို…ဟို…”
သူမ
ရှေ့ဆက် ပြောရန် နှုတ်ဆွံ့အ နေဆဲ ရုံးခန်းတံခါးခေါက်သံနှင့်အ တူ
ကေသီဆိုသော ဝန်ထမ်းမိန်းကလေးက ကော်ဖီ ဗန်းနှင့် ဝင်လာလေတော့ သူမ ရှေ့ဆက်
မပြောဖြစ်။
“Thank you ေကသီ…”
၀န်းထမ်းအမျိုးသမီးလေးကို
အပြုံးနှင့်လှမ်းပြောလိုက်ကာ စားပွဲပေါ်တွင် တင်လာပေးသော ကော်ဖီဗန်းထဲမှ
ကော်ဖီ ပန်းကန်ခွက်ကို မမက လှမ်းယူပြီး
“သောက်လိုက်ပါဦး ..ပူနွေးတုန်းလေး”
ဟုဆိုကာ သူမကို ကမ်းပေးလေသည်။
အို..ဒါတွေက သူမမှာ မရှိတဲ့ အရည်အချင်းတွေပါပဲလား။
သူမက ကော်ဖီခွက်ကို လှမ်းယူကာ တစ်ငုံ သောက်လိုက်ကာ
“ညီမ
မမကို တွေ့ဖူးချင်လို့လာကြည့်တာပါ…မမ နာမည်ကိုတော့
ကြားဖူးနေတယ်…ဒေါ်မြတ်လေးငုံ ဆိုတာ…မမကို သိပ်တွေ့ဖူးချင်တာနဲ့
လာမိတာပါ…ကိစ္စမရှိဘဲ မမဆီကို လာမိတာ ခွင့်လွှတ်ပါနော်… စိတ်မဆိုးပါနဲ့
နော် ”
ဟု သူမ တိုးတိမ်စွာပင် ပြောလိုက်မိသည်။
မမက ရင်းနှီးပွင့်လင်းသည့် အပြုံးမျိုး ပြံုးပြီး
“သြော်…ညီမလေးရယ်..မမက
ဘာလို့ စိတ်ဆိုးရမှာလဲ..နောက်လည်း ညီမလေး လာချင်တဲ့အခါတိုင်း လာနော်…မမ
အပြင်ကိစ္စမရှိဘူးဆို ရုံးမှာ အမြဲရှိတာ”
ဟု ဆိုလေတော့ သူမ မမကို ပိုလို့ အားနာသွားရသည်။
“ညီမ ျပန္ပါဦးမယ္…မမ”
ဟုဆိုကာ သူမက ထရပ်တော့ မမကလည်း သူမနှင့်အတူ ထရပ်လိုက်ပြီး
“ညီမလေး ဘယ်ကိုပြန်မှာလဲ…မမ ကားဒရိုင်ဗာကို လိုက်ပို့ခိုင်းလိုက်မယ် ညီမလေး သွားမယ့်နေရာ သူ့ကို ပြောလိုက်နော်”
ဟုဆိုတော့ သူမက မမကို ပိုလို့ အားတုံ့အားနာဖြစ်သွားရပြန်သည်။
“နေပါစေ …ညီမ စျေးဝယ်စရာလေးတွေ ရှိလို့ ဒီလိုပဲ ဟိုငေး ဒီငေး သွားချင်လို့ပါ”
ဟုဆိုကာ သူမ လှမ်းထွက်တော့ မမက သူမကို ရုံးပေါက်ဝ အထိ လိုက်ပို့လေသည်။
အပြင်ဘက်ရောက်မှပင်
သူမ အသက်ရှူ ၀သလို ခံစားလိုက်ရပြီး သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ကာ
ပလက်ဖောင်းပေါ်တွင် စိတ်မှတ်မဲ့စွာ လျှောက်သွားနေမိတော့သည်။
…………………………………………………………………………………………………………
သူ အလုပ်စားပွဲမှာ ရုံးအလုပ်တွေ ရှုပ်နေရင်းမှ သတိရမိကာ လက်မှ နာရီကို ကြည့်လိုက်တော့ ညနေ ၆ နာရီထိုးပြီး ၁၀ မိနစ်။
လေးငုံလာမည်ဟု
ဆိုသဖြင့် သူ မပြန်သေးဘဲ စောင့်နေမိသည်။ အိမ်ကိုလာခဲ့ပါ ဟုဆိုသည်ကို
အိမ်ကို မလာချင်ဘဲ ရုံးကို လာတွေ့မည်ဟု ဆိုလေသော သူမ၏ သဘောအတိုင်းပင်။
ညနေ ၅ နာရီခွဲမှ ရုံးဆင်းသော လေးငုံက သူ့ ရုံးကို ရောက်လာရန်မှာ နောက်ထပ် ၅ မိနစ်ခန့်ကြာဦးပေမည်။
၀န်ထမ်းများ
ရုံးဆင်းသွားကြပြီ ဖြစ်သော်လည်း သူကတော့ ထုံးစံအတိုင်းပင် အမြဲ
ရုံးဆင်းနောက်ကျတတ်သဖြင့် ရုံးမှာ သူ့ လက်ရုံးတပည့်တစ်ဦးနှင့် သူသာ
ကျန်ရစ်တော့သည်။ တံခါးခေါက်သံ ၄ ချက်ကြားသဖြင့် လေးငုံမှန်း သူသိလိုက်သည်။
သူ ထိုင်ရာမှ ထရပ်စဉ်တွင်ပင် လေးငုံ တံခါးဖွင့် ဝင်လာသည်။
“ဆောရီးနော်…မပြန်ရသေးဘဲ စောင့်နေရတယ်”
ဟု အပြုံးနှင့်ဆိုသည်။
“လေးငုံအတွက်ဆို
ဘယ်လောက်ပဲ စောင့်ရ စောင့်ရ ၊ ဘယ်လောက်ပဲ ပင်ပန်း ပင်ပန်းပေါ့ဗျာ” ဟုဆိုကာ
သူမ ပခုံးလေးကို ကိုင်ဆွဲလိုက်ပြီး ရင်ခွင်ထဲ ထည့်မည်ကြံတော့ အသာလေး
ရှောင်ဖယ် ထွက်သည့် သူမမှာ အခါတိုင်းကဲ့သို့ တက်ကြွ လန်းဆန်းမှုမျိုး
မတွေ့ရဘဲ မျက်နှာမှာ တည်တည်လေး ဖြစ်နေသည်။
“အလုပ်တွေ ပင်ပန်းလို့လား ..လေးငုံ”
ဟုသူ မေးလိုက်မိတော့
“အလုပ်က ခါတိုင်းလည်း ဒီလိုပါပဲ ..စိတ်ပင်ပန်းတာပါ”
ဟု
ခပ်အေးအေးပင် ပြန်ပြောကာ သူမက သူ့ ရုံးခန်းထဲက ဧည့်ခန်း ဆိုဖာဆက်တီတွင်
ဝင်ထိုင်လိုက်သည်။ အခါတိုင်းကဲ့သို့ ၂ယောက်ထိုင် ဆက်တီတွင် သူနှင့်အတူ
မထိုင်ဘဲ တစ်ယောက်ထိုင် ဆက်တီတွင် ထိုင်လိုက်သည်မှာ ထူးခြားနေပြန်သည်။
“ကော်ဖီ သောက်မလား လေးငုံ”
ဟု သူကဆိုတော့ သူမက ခေါင်းအသာယမ်းကာ
“စကားပြောဖို့ လာတာ …ကို”
ဟုဆိုလေသည်။
နောက်တစ်လတွင်
သူ၏ အိမ်သူ သက်ထားဖြစ်မည့် သူမက သူ့ကို စကားပြောချင်လို့ဆိုကာ
လာတွေ့ချင်သည်ဟု နေ့ခင်းက ဖုန်းဆက်တော့ သူ ရယ်မောမိသေးသည်။
သူမသည် မထင်မှတ်သည့် အချိန်တွင် မထင်မှတ်ထားသည်များကို လုပ်တတ်သူလည်း ဖြစ်သည်။
“ကောင်မလေး မနက်က လာသွားတယ် …ကို”
သူမက သူ့မျက်နှာကို တည့်တည့်ကြည့်ကာ ပြောလေသည်။
“ဘယ်သူလဲ ..လေးငုံ…ဘာကိုပြောတာလဲ”
လေးငုံက သက်ပြင်းတစ်ချက် ရှိုက်လိုက်ပြီး
“မနက်က ရုံးကို ကို့ ကောင်မလေး လာသွားတယ်”
သူ အံ့ၾသကာ
“ဟင္..ဘယ္သူ”
ဟု အလောတကြီး မေးလိုက်မိသည်။
“မြနှင်းသစ်”
“သြော်”
သူ အံ့သြသွားရပြန်သည်။ မြနှင်း ဒီလောက် သတ္တိ ရှိပါ့မလား။
“လေးငုံ မသိခဲ့ဘူး…ကို။ သူ ဘာမှ မပြောသွားပါဘူး။ လေးငုံကို တွေ့ချင်တယ်ဆို ရောက်လာတာပါ။
သူ ပြန်သွားမှ လေးငုံ သူ့အကြောင်း စုံစမ်းလိုက်တာ…ကို နဲ့ ပတ်သက်နေမှန်း လေးငုံ သိရတယ်..ကို”
သူ
ယုံပါသည်။ သူမ သိလိုသည့် အကြောင်းအရာများကို အချိန်တခဏလေးအတွင်းတွင်ပင်
သူမ စုံစမ်းသိနိုင်မှန်း သူ ယုံပါသည်။ သူမကို သူ ချစ်မိတာတွေအထဲမှာလည်း
သိလိုသည် ၊ လုပ်လိုသည်ကို အချိန်မဆိုင်းတတ်ဘဲ စိတ်မြန် လက်မြန်
ရှိမှုလေးတွေပင်။ ရုပ်ရည်လေးနှင့် မလိုက်ဖက်အောင်ပင်
စိတ်မရှည်တတ်လွန်းခြင်းများနှင့် စိတ်ရှည်သည့် အရာများကို
စိတ်ရှည်လွန်းသည့် အစွန်း ၂ဘက် အမြဲရောက်တတ်သည့် နားလည်ရခက်ခြင်းတွေက
သူ့ကို သူမအကြောင်း အမြဲတွေးနေမိအောင် လုပ်ဆောင်နေသည်သာ။
“ကို…လေးငုံ ဘာဆက်လုပ်ရမလဲ”
မျက်ရည်ရစ်ဝဲနေသော မျက်လုံးများဖြင့် သူမ မေးလေသည်။
သူမ၏ လက်ဖဝါးနှစ်ဖက်ကို ဆွဲယူဆုပ်ကိုင်ကာ သူမ၏ အရှေ့ ကြမ်းပြင်ပေါ်တွင် သူ ဒူးထောက် ထိုင်လိုက်သည်။
“လေးငုံ
ဘာမှ လုပ်စရာမလိုဘူးလေ..ကို လေးငုံကို ချစ်တယ်..လေးငုံနဲ့ကို နဲ့
နောက်လထဲမှာ မင်္ဂလာဆောင်ဖို့ ဖိတ်စာတွေ အပ်ထားတာတောင် ရနေပြီလေ …သူ့ကို
ကို ပိုက်ဆံပေးပြီးသားပါ..သူ ကျေနပ်ပြီးသားပါ..သူ ဘာလို့
လေးငုံဆီလိုက်လာသလဲ ..လေးငုံကို သူ ဘာပြောသွားသေးလဲ”
“သူ …ဘာမှ
မပြောသွားပါဘူး..ကို။ ကိုနဲ့ ပတ်သက်နေမှန်းလည်း တစ်ခုမှ
မပြောသွားပါဘူး..လေးငုံကို မြင်ဖူးချင်တယ်ဆိုပြီး လာတွေ့ရုံတင်ပါ…ကို
ဝန်ခံတာပေ့ါနော်..သူနဲ့ ကိုနဲ့ ပတ်သက်ခဲ့တာကို ကို ဝန်ခံတာလား
ကို…မဟုတ်ဘူးလို့ ငြင်းပါလား ..ကိုရယ်”
သူမ အသံတုန်ရီနေကာ မျက်ရည်များကျလာကာ ငိုလေတော့သည်။
သူမ ငိုသည်ကို တစ်ခါမှ မမြင်ခဲ့ဖူးသော သူ ပျာယာခတ်မိလေသည်။
“မငိုပါနဲ့ ကွာ…ကိုနဲ့ လေးငုံ နောက်လထဲမှာ လက်ထပ်ဖို့ အားလုံးစီစဉ်ထားပြီးသားပဲ
အားလုံး
သေချာနေပြီးပြီပဲ…လေးငုံနဲ့ ကို စေ့စပ်ကြောင်းလမ်းကတည်းက သူ့ကို
သူ့လမ်းသူလျှောက်ဖို့ ပြောခဲ့ပြီးသားပါ..ကို သူနဲ့ မပတ်သက်တော့ပေမယ့် နယ်က
သူ့ မိသားစု စားဝတ်နေရေးအတွက် သူ့ကို လစဉ်ပေးနေကျ ငွေလည်း
ဆက်ပေးနေတာပါ..ကို သူ့ကို ငွေ ဆက်ပေးနေလို့ ကို နဲ့သူ ဆက် ပတ်သက်နေတာ
မဟုတ်ဘူး ဆိုတာ လေးငုံ ယုံအောင် ကို ဘယ်လို ကျိန်ပြောရမလဲ ကွာ”
သူမကို ရင်ခွင်ထဲမှာ ထွေးပွေ့ထားကာ သူမ၏ ခေါင်းလေးကို သပ်ကာပြောတော့ သူမ ပိုလို့ သည်းသည်းထန်ထန် ငိုလေတော့သည်။
သူ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီး သူမ ငိုချင်သလောက်သာ ငိုပါစေ သဘောထားကာ သူမကို တင်းတင်းလေးသာ ပွေ့ဖက်ထားမိသည်။
သူမ ငိုလို့ အားရလေဟန်ရှိတော့ သူမက သူ့ရင်ဘတ်ကို အသာတွန်းဖယ်လာတော့ သူ အလိုက်တသိ ဖြေလျော့ပေးလိုက်သည်။
“ရက်စက်လိုက်တာ ကိုရယ်…ညီမ သားချင်း ကိုယ်ချင်းစာပါတော့လား…တစ်ဘက်သား မိန်းကလေးကို ကိုယ်ချင်းမစာဘူးလား… ကို”
“အစတည်းက
သူ့ကို ကို လက်ထပ်ယူမယ် မပြောထားဘူး..လေးငုံ…ပြီးတော့ နယ်ကနေလာပြီး
ဒီမြို့မှာ အဆောင်နေ အလုပ်ရှာတုန်း အလုပ်မရတာကို ကို့ သူငယ်ချင်းတစ်ယောက်က
ကူညီထားရာကနေ ကိုနဲ့ပါ သိတာ လေးငုံ…ဒါ သူ့ မိသားစုအတွက် သူ
ငွေရှာတာပဲ..သူ့ကို လခ ပုံမှန်ပေးထားတယ်…မှန်ရာပြောတာ သစ္စာပါ
လေးငုံ…လေးငုံကို ကို စတွေ့တဲ့အချိန်ကစပြီး သူနဲ့ ကိုယ်
မဆုံတွေ့တော့ပါဘူး…ဒါပေမယ့် သူ့ မိသားစု ဒုက္ခရောက်မှာစိုးလို့ ကိုယ်
ပေးနေကျ သူ့ အတွက် လခကို ဆက် ပေးနေတာ လေးငုံ…သူကိုလည်း
လွတ်လပ်ခွင့်ပေးလိုက်တာပါ သူလည်း သူ့ဘဝ ရှေ့ရေးအတွက် အခြား ရှာစရာရှိတာ
ရှာနိုင်အောင်ပေ့ါ”
သူ့ မျက်လုံးတွေကို တည့်တည့်စိုက်ကြည့်ကာ သူမက
“လေးငုံ
…ယုံပါတယ် ကို…ကို လေးငုံကို ဘယ်တုန်းကမှ မညာဘူးဆိုတာ ..ခု ကို
ပြောနေတာတွေ သူနဲ့ ကို ဆက် မပတ်သက်တော့ဘူးဆိုတာတွေကို လေးငုံ ယုံပါတယ်
ကိုရယ်”
ဟု အသံတုန်တုန်လေးဖြင့် ပြောလေသည်။
တစ်ချိန်မှာ
ဒီအဖြစ်ကို လေးငုံကို သူ အသိပေး ဝန်ခံရမည်ကို တွက်ဆ ထားမိပေမယ့် ဒီလောက်
စောလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့။ လေးငုံနှင့်သူ လက်ထပ်ပြီးမှသာ လေးငုံကို
သူ အေးအေးဆေးဆေး ပြောပြရန် စိတ်ကူးထားခဲ့မိသည်။
ပြောပြလျှင် လေးငုံက လက်ခံ နားလည်ပေးတတ်မှန်း သူ သိထားသည်ပဲ။
“လေးငုံ ပြန်တော့မယ် ကို…ဒရိုင်ဗာ ခေါ်မလာဘူး..လေးငုံ မောင်းလာတာ …မှောင်နေပြီ နောက်ကျနေတော့မယ် သွားမယ် ကို”
လေးငုံ ပြန်သွားတော့ သူ ဆိုဖာမှာ ထိုင်ပြီး တစ်ယောက်တည်း ငိုင်နေမိသည်။
လေးငုံကို စိတ်ဆင်းရဲအောင် သူ လုပ်မိပြန်ပြီကော။
မိန်းမ
မယူခင်ကတည်းက မယားငယ် ထားရှိသည်ဆိုသော နောက်ပြောင်သော စကားက သူတို့
အသိုင်းအဝိုင်းမှာ မဆန်းတော့။ အားလုံးနီးပါး ဒီလိုသာပင်။ သူ့ ဘဝတွင်
မိန်းမတစ်ယောက်ယောက်ကို ချစ်မိလိမ့်မည်ဟု မထင်မှတ်ထားခဲ့မိသည်မှာ လေးငုံကို
မတွေ့ခင်က အထိပင်။
ဗိသုကာပညာရှင်ဖြစ်ပြီး အိမ်တွင်းအလှဆင်လုပ်ငန်း
(interior design)ကို ကြီးကြပ်လုပ်ကိုင်သူ သူမနှင့် ဆုံတွေ့ပတ်သက်စရာ
အကြောင်းဖန်လာသည်က သူ့ ရုံး ပြင်ဆင်ခြင်းအတွက်ကြောင့်ပင်။
သူမ၏
သူမကို သူ စွဲလမ်းမိခြင်း အကြောင်းများထဲတွင် သူမ၏ အသံက ပထမဦးဆုံးဖြစ်လေသည်။
မဆိုစလောကျလေး
၀ဲသော သူမ၏ အသံမှာ ခပျအကျအကျ ဖွစျပွီး ကွားဖူးနကြေ အသံမြိုးမဟုတျဘဲ သူမထံ
လေးငုံကို သူ ချစ်သည်ဆိုတာ သေချာခဲ့ပြန်တော့
မြနှင်းသစ်ကို သူ ဇာတ်လမ်းဖြတ်ဖို့ အားလုံး စီစဉ်ခဲ့ရသည်။ အရာရာ
ချောချောမွေ့မွေ့ဖြစ်လာစေရန် အကုန်လုံးကို အကွက်ချ စီစဉ်ပြီးကာမှပင်
မြနှင်းသစ်က သူ ပေးသော လစာငွေကို ဒီအတိုင်း လစဉ် ရရှိနေလျက် ဘာ့ကြောင့်များ
လေးငုံကို သွားတွေ့ခဲ့သည်ကို သူ မစဉ်းစားတတ်။
ဟားးးး
သူ စိတ်ညစ်ညူးစွာ ထိုင်ရာမှ ထကာ ဒီညတော့ သွားသောက်ဦးတော့မည်ဟုတွေးကာ သူငယ်ချင်းများထံ ဖုန်းဆက် ချိန်းလိုက်လေသည်။
………………………………………………………………………………………………
သူမ
ကို့ ရုံးမှ ကားမောင်းကာ ပြန်လာတော့ အချိန်အတော် နောက်ကျနေလေပြီ။
အိမ်ရောက်လျှင် အငိုမျက်နှာ နှင့် အပြန် နောက်ကျသော သမီးကို စိတ်ပူပန်စွာ
မေးမြန်းတော့မည့် မိဘ နှစ်ပါးကို ဘယ်လို ဆင်ခြေပေးရမည်ကို သူမ ခေါင်းထဲ
အပြေးအလွှားစဉ်းစားရင်း မနက်က မိန်းကလေးကို မျက်စိထဲ ပြန်မြင်လာပြန်သည်။
ကို့ကို
သူမ သိပ်ချစ်ပါသည်။ ထို့အတူ ထိုမိန်းကလေးသည်လည်း ကို့ကို ချစ်ရှာလွန်းသည်ဟု
သူမ မှန်းနိုင်ခဲ့ပါသည်။ သူမထံကို လိုက်လာတွေ့ဆုံခြင်းသည် သူတို့
အကြောင်းကို ပြောပြရန်ဖြစ်ပေလိမ့်မည်။ တကယ်တန်းတွင်မူ ဘာမှ မပြောသွားသော
ထိုမိန်းကလေးကို သူမ စာနာ သနားမိလေသည်။
ကို…သူမကို သိပ်ချစ်မှန်းလဲ သူမ သိပေသည်။ သူမ ဘာဆက်လုပ်ရမည်နည်း။
ကိုနှင့်
သူမ လွန်ခဲ့သည့်နှစ်လကပင် စေ့စပ်ကြောင်းလမ်းခဲ့သည်။စေ့စပ်ကြောင်းလမ်းပြီး
၃လအကြာတွင် လက်ထပ်မင်္ဂလာပွဲကျင်းပရန် အားလုံးစီစဉ်ပြီး ဖိတ်စာများတောင်
ရနေပြီး၍ အချို့သော ဆွေမျိုးများထံ ဖိတ်စာဝေငှပြီးလေပြီ။ မင်္ဂလာပွဲကို
ဖျက်ရမည်လား ..သူမတွေးလေတော့ နှစ်ဘက်မိဘများ မျက်နှာကို မြင်ယောင်မိလာသည်။
တကယ်ဆို သူမတို့ ကလေးတွေလည်း မဟုတ်ကြတော့ပါ။ စိတ်ဆတ်တတ်သော သူမသည် အခြား
ကိစ္စများတွင် ယတိပြတ် ပြတ်သားသလောက် ယခု ကိစ္စတွင်မူ သူမ ကို့ကို
အပြစ်လည်းမပြောရက်၊ ထားလည်း မထားခဲ့ရက်ပါ။ ကို့ကို ထားခဲ့မည်ဟု သူမ
စဉ်းစားမိစဉ်တုန်းက နှစ်ဘက်လူကြီးများမျက်နှာ၊ ကို့
လုပ်ငန်းအသိုင်းအဝိုင်း၊ သူမ၏ လုပ်ငန်း အသိုင်းအဝိုင်းနှင့် သူမတို့
စေ့စပ်မင်္ဂလာအကြောင်း တခမ်းတနားဖော်ပြခဲ့လေသော ဂျာနယ်၊ မဂ္ဂဇင်းများကို
သူမ မြင်ယောင်လာလေသည်။
တစ်ချိန်တည်းမှာပင် သနားဖွယ် မျက်နှာ ညိုညိုနွမ်းနွမ်းလေးနှင့် မြနှင်းသစ် ဆိုသူအားလည်း မြင်ယောင်လာပြန်သည်။
အားးးး
သူမ စိတ်ရှုပ်ထွေးစွာ နှုတ်မှ မြည်မိပြီး ခေါင်းတစ်ချက်ယမ်းလိုက်မိသည်။
တီ…….ဟူသော သူမ၏ ကားနောက်မှ ကား ဟွန်းသံကြောင့် မီးပွိုင့်မှာ မီးစိမ်းသည်ကို မထွက်သေးသော သူမ သတိပြန်ဝင်ကာ ကားမောင်းထွက်ခဲ့လေသည်။
သူမ၏
ကားထွက်သွားပြီး နောက်မှာတော့ ထိုမီးပွိုင့်လေးက မီးစိမ်းပြလျက်ပင်
ကျန်ခဲ့လေမလား၊ မီးဝါ .. မီးနီ ... တမျိုးမျိုး ပြောင်းလဲ၍ ကျန်ခဲ့လေမလား
...
သူမ မစဉ်းစားမိတော့ပါလေ ... ။
No comments:
Post a Comment