Showing posts with label အတွေ့အကြုံ. Show all posts
Showing posts with label အတွေ့အကြုံ. Show all posts
Wednesday, 1 February 2017
သူတို့ဆီက ၁၁၅ မိုင်
nternational Science, Technology and Innovation Centre for South-South
Cooperation under the Auspices of UNESCO ၊ Malaysian Highway Authority
(MHA),Construction Industry Development Board Malaysia (CIDB) ၊
Institution of Engineers, Malaysia (IEM) နဲ့ Master Builders
Association Malaysia (MBAM) တို့ပူးပေါင်းပြီး စီစဉ်ဖွင့်လှစ်တဲ့
Maintenance of Infrastructure သင်တန်းကို မတ်လ ၃၀ ရက်ကနေ ဧပြီလ ၂
ရက်နေ့ထိ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ အခြားအာစီယံနိုင်ငံများက
ကိုယ်စားလှယ် အင်ဂျင်နီယာများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ
အင်ဂျင်နီယာ ၃ ဦးနဲ့အတူ တက်ခဲ့ပါတယ်။ သင်တန်းကာလမှာ technical visit
လေ့လာရေးခရီးများအဖြစ် သွားရတဲ့နေရာတွေထဲမှာ ဒုတိယနေ့မှာ
သွားရောက်လေ့လာရတဲ့နေရာက ကျွန်မတို့ဆီက ၁၁၅ မိုင်လိုမျိုး အဝေးပြေးယာဉ်၊
ခရီးသည် ရပ်နားစခန်း Rest and Service Area (RSA Dengkil North Bound)
ဆိုတဲ့နေရာပါ။ခရီးသည်များ နားနေ အဆင်ပြေစေရန် ယာဉ်ရပ်နားနေရာ၊
စားသောက်ဆိုင်များ၊ အိမ်သာ၊ အများသုံးတယ်လီဖုန်း၊ convenience store ၊
အမျိုးသား ၊ အမျိုးသမီး ဘုရားဝတ်ပြုရန်နေရာ surau (prayer room) ၊ ATM
ငွေထုတ်စက်၊ ဆေးလိပ်သောက်သူများအတွက် စားသောက်ဆိုင်တန်းအပြင်ဘက်
နားနေရာနေရာ စသည်တို့ ပြည့်ပြည့်စုံစုံ ရှိပါတယ်။ အိမ်သာများမှာလည်း
သန့်ရှင်းပြီး အနံ့အသက် မရှိပါဘူး။ ဘယ်လို Chemical တွေ သုံးသလဲလို့
ကျွန်မ မေးကြည့်တော့ သူတို့ ကိုယ်တိုင် ဖျော်စပ်တဲ့ ဓာတုဆေးများ
သုံးတယ်လို့ သိရပြီး ဓာတုဆေး ဖျော်စပ်ပုံကိုပါ လေ့လာခဲ့ရပါတယ်။ မတော်တဆမှု
ဖြစ်လျှင် ချက်ချင်း ရေဆေး ရေချိုးလို့ ရနိုင်တဲ့ Basin ၊
ရှေးဦးသူနာပြုစု ဆေးသေတ္တာတွေ စနစ်တကျ ထားရှိထားပြီး
အလှည့်ကျတာဝန်ကျသူများ ဂျုတီချိန် အပြောင်းအလဲမှာ အလွယ်တကူ
သိရှိနိုင်စေဖို့ logbook စာအုပ်များ ထားရှိပြီး တာဝန်ကျသူ
တစ်ဦးနဲ့တစ်ဦး အကြား သတင်းအချက်အလက် လက်လွတ်သွားခြင်းမျိုး
မဖြစ်နိုင်အောင် စီစဉ်ထားရှိပါတယ်။စားသောက်ဆိုင်တန်းများမှာ
အစားအစာရောင်းသည့်ဆိုင်၊ အအေး အချိုရည်ဆိုင် တို့ကို တစ်ဆိုင်ခြားစီ
ဖွင့်ထားတာကြောင့် စားသုံးသူ ခရီးသည်များအတွက် အဆင်ပြေလှပါတယ်။
လက်ဆေးကန်မှာလည်း ဆပ်ပြာရည် ၊ လက်သုတ်ပုဝါတို့ကို ပြည့်ပြည့်စုံစုံ
ထားရှိပေးပြီး လက်ဆေးနည်း ရုပ်ပုံ ကားချပ်များကိုလည်း လက်ဆေးကန်နံရံမှာ
ကပ်ထားပါတယ်။ အသား ငါး အသီးအရွက်များ ဆေးရန် basin ကိုလည်း သန့်ရှင်းအောင်
ထားတာတွေ့ရပါတယ်။ ဆိုင်များအတွက် ပန်းကန်များ အိုးခွက်များ ဆေးရန်
ပန်းကန်ဆေးကန်များ ထားရှိတဲ့ အခန်းကျယ်ကိုလည်း တွေ့ခဲ့ရပါတယ်။
စားဖိုမှုးတစ်ယောက်ကို ကျွန်မက နောက်ပြောင်ပြီး ညစ်ပတ်ရင်
ဘယ်လိုလုပ်မလဲလို့ မေးကြည့်ပါတယ်။ ကျွန်တော်တို့ သန့်ရှင်းမှု မရှိရင်
ညစ်ပတ်ရင် စားသုံးသူက ကျွန်တော်တို့ဆီကို နောက်တစ်ခေါက်
မလာတော့ပါဘူး...ကျွန်တော်တို့က ဒီစားသုံးသူ ကျွန်တော်တို့ဆီကို လာတယ်ဆိုရင်
နောက်အခေါက်တိုင်းလည်း ကျွန်တော်ဆို့ဆီလာအောင် ဝန်ဆောင်မှု
ပေးတာပါ..စစ်ဆေးရေးဝင်လို့ ကျွန်တော်တို့ဆိုင်က ညစ်ပတ်တယ်ဆိုရင်
ကျွန်တော်တို့ ဆိုင် ပိတ်လိုက်ရမှာပါ တဲ့။စားသောက်ဆိုင်တန်းကို တစ်လလျှင်
တစ်ရက် တစ်နေကုန် ပိတ်ပြီးတော့ ပိုးသတ်ဆေးဖြန်းတာတွေ လုပ်ပါတယ်လို့လည်း
သိရပါတယ်။သန့်ရှင်းပြီး စနစ်တကျရှိတဲ့ နားနေခရီးသည်တွေအတွက်ရော
ယာဉ်မောင်းတွေအတွက်ပါ အဆင်ပြေစေတဲ့ ခရီးသည်ယာဉ်ရပ်နားစခန်းမှာ
စိတ်ချမ်းသာစွာနဲ့ စားသောက်သုံးဆောင် နားနေခဲ့ရပါတယ်။အဓိက ကတော့
စီမံခန့်ခွဲမှုနဲ့ စည်းကမ်းနဲ့ ဘက်လိုက်မှု အဂတိကင်းမှုပါပဲ။
How to write a technical paper ...
ရန်ကုန်ကို ရောက်တုန်းခိုက်လေးမှာ experiment ကိုအခြေခံတဲ့ PhD
ဘွဲ့ယူစာတမ်း technical paper တချို့တွေကို ဖတ်ကြည့်ပေးဖို့
အကူညီအတောင်းလာလို့ ပြေးရင်းလွှားရင်းနဲ့ပဲ ဖတ်ကြည့်တဲ့အခါ ရေးချင်တာလေးတွေ
ရှိလာပါတယ်။ academic writing ကို အစိုးရတက္ကသိုလ်တွေက သင်မပေးတာကို
သိထားပြီးတဲ့အတွက် ဘယ်သူကိုမှ အပြစ်မတင်လိုပေမယ့် ကိုယ့်အတွက်ကတော့
ကိုယ့်ဘာကိုယ်ပဲ လုပ်မှ ရပါမယ်။ ကျောင်းက သင်မပေးလို့
မရေးတတ်ရတော့ဘူးဆိုရင် thesis ရေးတဲ့အခါမှာ technical paper
တွေရေးတဲ့အခါမှာ ဒီဟာတွေကိုမှ မရေးဘူးဆိုရင်လည်း ဘွဲ့ရမှာ
မဟုတ်တော့ဒုက္ခဖြစ်ဖို့ပဲ ရှိပါတယ်။ thesis ရေးတာက အခန်းလိုက်
အခန်းလိုက်ပိုပြီး အသေးစိတ်ကျတာမို့ နောင် အချိန်အားမှ thesis ရေးပုံ
ရေးနည်း ရေးပေးပါမယ်။ ခုလောလောဆယ်မှာတော့ technical paper ရေးနည်းကို
ပြောပြချင်ပါတယ်။
Abstract မှာ citations (or) references တွေ မထည့်ရပါဘူး။ Abstract ကကိုယ်လုပ်ထားတဲ့ project ကို အတိုချုပ်ပြီး ခြုံငုံမိရပါမယ်။ ဘာကြောင့် project ကအရေးကြီးတယ်...ဘယ်လိုလူသားအကျိုးပြုတွေကြောင့် လုပ်ရတယ်... ဘာနည်းနဲ့ လုပ်ထားတယ်...ဘာ software သုံးထားတယ်...hardware မှာဘာတွေပါတယ်...ဘယ်လို အလုပ်လုပ်တယ်ဆိုတာကို လူပြိန်းနားလည်အောင် အတိုချုပ်ပြီး အရှင်းဆုံး ရေးရပါမယ်။
Keywords ဆိုတာ paper ထဲမှာ key ဖြစ်နေတဲ့ words တွေပါ။ author က ကိုယ့် paper ရဲ့ Keywords တွေက ဘာတွေလဲဆိုတာ နားလည်ရပါမယ်။ paper တစ်စောင်မှာ Keywords အနည်းဆုံး ၅ လုံး ပါရှိရပါမယ်။
Introduction (or) Literature Review က သမိုင်းကြောင်းကို ရေးရတာမျိုးပါ။ ဘာအတွက် ဘယ်ပညာရှင်တွေက ဘာတွေ လုပ်သွားကြတယ်...ပြီးခဲ့ပြီးသား research project တွေရဲ့ result တွေက ဘာတွေ လိုအပ်ချက်တွေ ရှိနေသးတယ်...ဘာတွေ မပြည့်စုံသေးဘူးလဲဆိုတဲ့ gap ကို ရေးပြရပါမယ်။ သူများတွေ လုပ်ထားခဲ့တဲ့ အလုပ်တွေဖြစ်လို့ references တွေ ထည့်ပေးရပါမယ်။ အဲဒီ ပြီးပြီးသား လုပ်ထာပြီးသား အလုပ်တွေရဲ့ gap တွေကို ကိုယ့် project က ဘယ်လိုဖြည့်ပေးမယ်...ကိုယ့်project ရဲ့နည်းပညာနဲ့ research method ကို ယေဘူယျအားဖြင့် ရှင်းပြပြီးဘာ့ကြောင့်လိုအပ်တယ်....ကိုယ့်project က ဘယ်လို အားသာချက်တွေ ရှိမယ် ဘယ်လိုအကျိုးပြုမယ် ဆိုတာကို ရေးပြရပါမယ်။
Research Methodology မှာ ကိုယ့် project ဘယ်လို လုပ်ထားတယ် ဘာနည်းပညာနဲ့လုပ်ထားတယ်...ပါ၀င် အသုံးပြုထားတဲ့အရာတွေနဲ့ သူတို့ ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကို အသေးစိတ်ရေးပြရပါမယ်။ သုံးထားတဲ့ software ...အခြေခံပြီးတွက်ချက်တဲ့ formula/ equations ...ပြီးရင် ရလာတဲ့ outcomes/results တွေကို analyse လုပ်ရပါမယ်။ evaluation ပါရှိရပါမယ်။ သုံးထားတဲ့ ပစ္စည်းတွေရဲ့ datasheet တွေကို appendix နဲ့ ပြန်ညွှန်းထားတာတွေ၊ အသုံးပြုထားတဲ့ သီအိုရီတွေအတွက် references တွေ ပါရှိရပါမယ်။
Research Method နဲ့ Research Methodology ကို အနည်းငယ် ရှင်းပြလိုပါတယ်။
Research Method က ဘယ်လို နည်းပညာနဲ့ ဘာပစ္စည်းတွေနဲ့လုပ်ထားတယ်ဆိုတာ အသုံးပြုထားတဲ့ tools တွေ၊ experiment တွေ။ tests တွေ ၊techniques / processes တွေကို ရှင်းပြတာပါ။ဒီ Research ကို လူတွေကို အင်တာဗျုးပြီး လုပ်ထားတာလား...survey ကောက်ပြီး လုပ်ထားတာလား...experiment လုပ်ပြီး လုပ်ထားတာလားဆိုတဲ့ ကိုယ့် Research လုပ်ထားတဲ့ နည်းစနစ်ကို ရှင်းပြတာပါ။ Research Method က ပြဿနာကို ဖြေရှင်းတဲ့ solutionsပါ။
Research Methodology ဆိုတာက Research Method ကိုသုံးပြီး Research techniques မျိုးစုံနဲ့ ဘယ်လိုပြီးမြောက်အောင်မြင်သွားတယ်...ဘာတွေကို လေ့လာတွေ့ရှိတယ်...ဘာအသိပညာတွေ ထပ်တိုး ရရှိသွားတယ်...outcomes/results တွေကို analysis လုပ်တာတွေ ပါ၀င်ရပါမယ်။ Research Methodology က solutions တွေ ထွက်လာဖို့ ရလာဖို့ ဘာတွေ လုပ်မယ်...ဘာတွေကို အဆင့်ဆင့် လုပ်ဆောင်မယ်ဆိုတဲ့ procedures တွေ ပါ၀င်ပါတယ်။
Research Methodology အပိုင်းပြီးရင် ထွက်လာတဲ့ results တွေနဲ့ အဲဒါတွေကို ရှင်းလင်းပြဖို့ Result & Discussion အပိုင်းပါ။ အဲ့ဒီအပိုင်း ကိုယ့် project result ရဲ့ ပြီးပြည့်စုံမှု မရှိနိုင်တဲ့အတွက် limitations တွေပါကောင်းပါနိုင်ပါတယ်။ ကိုယ်တိုင် လုပ်ထားတဲ့အလုပ်တွေဖြစ်လို့ citations/references တွေ မလိုပါဘူး။
Conclusion အပိုင်းမှာ ပြီးမြောက်သွားတဲ့ကိုယ့် Research ကို ပြန်ပြီး judge လုပ်ရတာမျိုးပါ။ ကောင်းတာချီးမွန်းတာနဲ့အတူ အားနည်းချက်ကိုလည်း အနည်းငယ်ထည့်နိုင်ပါတယ်။ ဒီ Research ရဲ့ အောင်မြင်မှုကနေ result ကနေ ရှေ့ဆက်ပြီး ဘာတွေကို ထပ်ပြီး ဒီအပေါ်မှာ အခြေခံပြီး development တွေ လုပ်လို့ ရတယ်..ဆိုတာကို ရှင်းလင်းပြရတာပါ။ ဒီအပိုင်းမှာလည်း citations/references တွေ မလိုပါဘူး။
Grammar ကို Third Person...passive နဲ့ ရေးဖို့ တိုက်တွန်းလိုပါတယ်။
Acknowledgement ကတော့ ဒီ Research ပြီးမြောင်အောင်မြင်မှုအတွက် ကိုယ်ကျေးဇူးတင်ချင်တဲ့သူတွေကို ကျေးဇူးတင်တာ ထည့်လည်းရ ၊ မထည့်လည်းရပါတယ်။
Posted by
ဟနစံ
at
04:12
No comments:

How to make an effective presentation/ steps to make an effective presentation.....
ကိုယ့်ထက် လုပ်တတ်တဲ့သူတွေ အများကြီးပါ...သိလွန်း တတ်လွန်းလို့
ဆရာလုပ်တယ်လို့ မယူဆစေလိုပါဘဲ presentation တွေမှာ best presentation award
ဆုတစ်ခုခု ချိတ်တတ်သူတစ်ယောက်အနေနဲ့ရယ် power point presentation &
public speaking ကိုကျောင်းသားတွေကိုသင်တဲ့ အတွေ့အကြုံနဲ့ရယ်၊ တစ်ခါခါ
ရန်ကုန် ပြန်ရောက်ချိန် presentation တွေ ကြုံလို့ သွားနားထောင်တဲ့ခါ
အားမလို အားမရ ဖြစ်တတ်ခဲ့တာကြောင့်presentation အတွက် ဘယ်လို
ပြင်ဆင်လေ့ကျင့်မလဲဆိုတာ ရေးချင်လာလို့ပါ။တကယ်တန်း စာသင်ခန်းထဲမှာ
အများကြီး သင်တာတွေကို အတိုချုပ်ပြီး ခု ရေးလိုက်တာမို့မပြည့်မစုံ
သဘောမျိုး ဖြစ်သွားရင်လည်း ခွင့်လွှတ်ပါ။
အရင်ဆုံး power pointပြင်ဆင်တာကနေ စတာပေါ့။ power point ဆိုကတည်းက ရှင်းပါတယ်။ pointတစ်ခုစီတိုင်းမှာ power ရှိနေရတာပေါ့။
စာလုံး font point ကိုကြီးကြီးရေးပါ။ နောက်ဆုံးခုံတန်းမှာ ထိုင်တဲ့ ပရိသတ်တွေ ဖတ်လို့ ရနိုင်တဲ့အရွယ်အစား အသေးဆုံး point (၂၈) ပါ..အကြီးဆုံးကတော့ ( ၃၆ )ပါ။ ( ၂၈ ) ကနေ ( ၃၆ ) အတွင်း အရွယ်အစားက အကောင်းဆုံးဖြစ်ပါတယ်။
slide တစ်ခုမှာ( ၆ )လိုင်းထက် မပိုပါစေနှင့်။ အများဆုံး ( ၆ )လိုင်းသာ ရေးပါ။
တစ်လိုင်းမှာစကားလုံး (words) (၇) ခုထက် မပိုသင့်ပါဘူး။
နောက်ခံ background ရှုပ်နေတာတွေမသုံးသင့်ပါဘူး။ plain အရောင်ရင့်ရင့်က နက်ပြာရောင်ကကောင်းပါတယ်။
အထူးပြုသတိပြုစေလိုတဲ့ slideတစ်ခုတည်းကိုသာ မတူညီတဲ့ background သုံးပါ။
အရိပ်တွေ၊ animation တွေနဲ့အနီရောင်ကို ခဏ ခဏ ထပ်ကာ ထပ်ကာ အသုံးမပြုသင့်ပါဘူး။
clip art sound ထည့်ဖို့ လိုအပ်ရင် ထည့်သင့်ပါတယ်။
visual aids တွေ ထည့်ထားမယ်ဆိုရင် speaker ရဲ့ ဘယ်ဘက်မှာဖြစ်ရင် ကောင်းပါတယ်။
objective ရှင်ရှင်းလင်းလင်းသိသာမြင်သာစေရပါမယ်။ presentation တစ်ခုက ကြာချိန် အနည်းဆုံး၁၅ မိနစ်၊ အများဆုံး ၂၀ မိနစ် ရှိတာကြောင့် ( 3 minutes presentation ကတော့ ခြွင်းချက်ပါ။ ) key messages တွေသာထည့်ရပါမယ်။ ဝါကျ တစ်ခုလုံး ကူးရေးထည့်ထားတာမျိုး မလုပ်သင့်ပါဘူး။
အကြမ်းဖျဉ်းအားဖြင့်တစ်မိနစ်ကို slide တစ်ချပ်နှုန်း ခန့်မှန်းပြင်ဆင်နိုင်ပါတယ်။ Slide တစ်ခုစီမှာပေးချင်တဲ့ အဓိက message ကို တစ်ခါတရံခေါင်းစဉ်အဖြစ်တင်နိုင်ပြီး တစ်ခါတရံ slide အောက်ဆုံးမှာ ထားနိုင်ပါတယ်။ပြောချင်တာတွေ အားလုံးကို slide ပေါ် တင်ပြီး လုံးစေ့ပတ်စေ့ ဖတ်ပြခြင်းမှအထူး အထူး ရှောင်ကြဉ်ရပါမယ်။
ပရိသတ်ကိုသိပါ...ဘယ်လို လယ်ဗယ်မျိုးလဲဆိုတာကို ကြိုသိထားပါ။ ကိုယ့် study field ထဲကတင်မဟုတ်ဘဲ ပရိသတ်က field ပေါင်းစုံက ဆိုရင် ကိုယ့် fieldကလူတွေသာ နားလည်မယ့် technical terms တွေကိုမထည့်ဘဲ လူပြိန်းနားလည်မယ့် messages မျိုးတွေသာ ထည့်ပါ။
presentation မတိုင်မီ ထပ်ကာ ထပ်ကာ လေ့ကျင့်ပါ။ Timer နဲ့အချိန်ကိုက်လေ့ကျင့်ပါ၊
presentation လုပ်တဲ့ခါ အဝတ်အစားကို formal ဝတ်ရင်တော့ အဝတ်အတွက်အမှတ်ပြည့်ပါပဲ။
body language ကိုသတိထားပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ ပြုမူပါ။ ပရိသတ်နဲ့ eye contact ရှိပါ။ ပုခုံးမတ်မတ်ထားပြီး ရပ်ပါ။ လက်အမူအယာကိုအသုံးပြုပါ။
presentation မှာ Intro, Middle, Conclusion အပိုင်း ( ၃)ပိုင်းရှိပါတယ်။
Intro: ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်ပါ...ပရိသတ်ကို presentation ခေါင်းစဉ်နဲ့ မိတ်ဆက်ပါ။ဒီ presentation ရဲ့ ရည်ရွယ်ချက်ကို ပြောပါ။ ဒီ presentationကနေ ပရိသတ်က ဘာကို လေ့လာ အကျိုးရှိသွားမယ်ဆိုတာကိုရှင်းပြပါ။ ပရိသတ်စိတ်ဝင်စားအောင်ဆွဲခေါ်ပါ။
Middle: key messages တွေကို ရှင်းပြပါ။
Conclusion: key messages တွေကို ပရိသတ် အပြန်မှာ သယ်ယူသွားနိုင်ဖို့ပါ။
presentation လုပ်နေစဉ်မှာ body language ...တစ်နေရာတည်းမှာမလှုပ်မယှက် ရပ်နေတာမျိုး မလုပ်ပါနဲ့။ မျက်စိနောက်လောက်အောင်လည်း ပျာယာခတ်ဟိုလျှောက် ဒီလျှောက် မလုပ်ပါနဲ့။ အမူအယာတစ်မျိုးတည်းကိုပဲ ထပ်ကာ ထပ်ကာမလုပ်ပါနဲ့။
microphone အပေါ်ကို ကိုယ် ကိုင်းထားတာမျိုး မလုပ်ပါနဲ့။
လက်ပိုက်တဲ့ကိုယ်ဟန် အမူအယာကို လုံးဝ လုံးဝ လုံးဝ မလုပ်ပါနဲ့။
ပီကေ၊ သကြားလုံး၊ ချိုချဉ် ၊ ကွမ်း ဝါးနေတာမျိုး လုံးဝ လုံးဝ လုံးဝ မလုပ်ပါနဲ့။
ဘောလ်ပန်၊ဖောင်တိန် တွေကို ဖွင့်လိုက် ပိတ်လိုက် ဆော့တာမျိုး လုံးဝ လုံးဝ လုံးဝ မလုပ်ပါနဲ့။
ဘောင်းဘီအိတ်ထဲလက်နှိုက်ပြီး သေ့ာစတာတွေနဲ့ ဆော့နေတာမျိုး လုံးဝ လုံးဝ လုံးဝ မလုပ်ပါနဲ့။
tieပြန်ပြင်စည်းတာ၊ shirt လက်ရှည်ကို ခေါက်တာ ကြယ်သီးဖြုတ်လိုက်တပ်လိုက် လုံးဝ လုံးဝ လုံးဝ မလုပ်ပါနဲ့။
Q&Aရောက်ပါပြီ။ စကတည်းက ပြင်ဆင်ထားကတည်းက Henry Kissinger ရဲ့“Does anyone have any questions for my answers?”ကိုတွေးပြီးမေးလာနိုင်တဲ့ မေးခွန်းတွေကို ကြိုပြင်ဆင်ပြီး ဘယ်လိုမေးရင် ဘယ်လိုဖြေလိုက်မယ်လို့ လေ့ကျင့်ထားပါ။
မေးခွန်းတွေကိုဖြေရင်း ပရိသတ်နဲ့ အငြင်းအခုံ မလုပ်ပါနဲ့။
တစ်ယောက်ကမေးခွန်း ထ မေးရင် သူ မေးနေစဉ်မှာ မေးတဲ့သူကို တည့်တည့်ကြည့်ပါ...သူ့ကို attention ပေးပါ။
မေးခွန်း အစအဆုံး နားထောင်ပါ။
မဖြေခင်မှာစက္ကန့်ပိုင်းလောက် နားပါ။
မေးခွန်းမေးသူကိုဦးတည်ဖြေပါ...ဒါပေမယ့်လည်း မျက်လုံးက တခြားပရိသတ်တွေကို အားလုံးကို ခြုံကြည့်ပြီးဖြေပါ။ မေးခွန်း မေးသူ တစ်ဦးတည်းကိုသာ ကြည့်ပြီး ဖြေမယ်ဆိုရင် တခြားသူတွေကသူတို့နဲ့ မဆိုင်သလို ခံစားသွားရပြီး အချင်းချင်း စကားပြောဆိုနေတာမျိုးတွေဖြစ်လာပါမယ်။
ကိုယ့် presentation နဲ့မဆိုင်တဲ့အကြောင်းအရာတွေကိုမေးရင် မသိပါဘူးလို့ မဖြေပါနဲ့။ မသိပါဘူးလို့ ဖြေလိုက်ရင် သူ မေးတဲ့ OUT OF QUESTION ကို ဘောင်ထဲဝင်အောင် ခွင့်ပေးလိုက်သလို ဖြစ်သွားပါမယ်။အဲဒီအစား....ဒီလိုဖြေပါ။ သိပ်ကောင်းတဲ့မေးခွန်းပါ...ကျေးဇူးတင်ပါတယ်..ဒါပေမယ့်အဲဒီမေးခွန်းက ကျွန်တော်၊ ကျွန်မရဲ့ research နဲ့သက်ဆိုင်ခြင်း မရှိပါဘူး...ကျွန်တော်၊ ကျွန်မရဲ့ area လည်းမဟုတ်တဲ့အတွက် ကျွန်တော်၊ ကျွန်မ မဖြေနိုင်ပါဘူး...ဒါပေမယ့် ကျွန်တော်၊ ကျွန်မ ပြောနိုင်တာကတော့...ဆိုပြီးကိုယ့် presentation အကြောင်းအရာနဲ့ဆိုင်တာကိုဆွဲခေါ်ပြောလိုက်ပါ။ အဲဒါမှ မေးခွန်း မေးသူဟာ တမင်သက်သက် ကိုယ့်ကို မဖြေနိုင်စေအာင်မဆိုင်တာတွေကို မေးတယ်ဆိုတာကို ပရိသတ်က သိမှာပါ။ သူ့မေးခွန်းကို ကိုယ်မဖြေနိုင်တဲ့အတွက် ကိုယ့်မှာ presentation ရှုံးနိမ့်ခြင်းမဖြစ်တော့ပါဘူး။
Dorothy Sarnoff ရဲ့ “Make sure you have finished speaking before your audience has finished listening.” ဆိုတာကို အမြဲအောက်မေ့ အမှတ်ထားပြီးလေ့ကျင့်ပါ။
paper presenter အားလုံး good luck to you all !

အသားညှပ်ပေါင်မုန့် တုံ့ပြန်မှု
presentation
လုပ်တာတင် အရေးကြီးတာ မဟုတ်ပါဘူး။ မေးခွန်းတွေ မေးတာလည်း ၀ဖေန်
ထောက်ပြတာတွေကလည်း အရေးကြီးပါတယ်။ အဲဒီနေရမှာ အနောက်တိုင်းသားတွေ အဖြူတွေက
အားသာပါတယ်။ မေးတာတော့ မေးတာပါပဲ...ဒါပေမယ့် အရင်
ချီးမွန်းခန်းလေးဖွင့်ပါတယ်နနဲ့ လည်း ကျောင်းသားမိဘက သူ့ကလေးအကြောင်း မေးရင် အဲဒီ sandwich နည်းနဲ့ပဲ ပြန်ပြောပါတယ်။ ကျွန်တော့်သား၊ ကျွန်မ သား ဘယ်လိုလဲ ကျောင်းမှာ
စာလုပ်လား စာတော်လား စသည်ဖြင့် မိဘတွေက မေးတတ်ကြတယ်..ခင်ဗျားသားကတော့
ဘယ်လို ခင်ဗျားသမီးကတော့ ဘယ်လိုဆိုပြီး ပြောလို့ကတော့ ဒီကောင်တော့လား
အိမ်ကျ နာပြီသာမှတ်ဆိုပြီး ကလေးက မိဘရိုက်တာ ခံရတော့မှာပါ။ ဆရာက ငါ့ကို
မကောင်းပြောတယ်ဆိုပြီး ကလေးအတွက် negative ပိုဖြစ်လာပါလိမ့်မယ်။
ကျောင်းသားမိဘနဲ့တွေ့တဲ့ခါ အစ်မသား..ခင်ဗျားသားကတော့ ဘယ်လို
ကူညီတတ်တာ..သူငယ်ချင်းတွေကိုလည် း
အလွန်ခင်တာ..ဆရာအားလုံးက သူ့ကိုချစ်ကြတယ်. နည်းနည်းလေးတော့ စာမှာ
ပျင်းချင်တယ်။ ဒါပေမယ့် နည်းနည်းလောက် စာကို အာရုံစိုက် ဖိစီးလိုက်ရင်
အမှတ်ကောင်းလာမှာပါ...သူက ထုံထုံထိုင်းထိုင်း မဟုတ်ပါဘူး။
ဉာဏ်ကောင်းပါတယ်.။ အဲလိုမှသာပဲ မိဘက နားခံသာပါမယ်။ ဟာ ခင်ဗျားသားကတော့
စာမလုပ်ဘူး..သူငယ်ချင်းတွေနဲ့ ဟေးလားဝါးလားပဲ..ဆိုလို့ကတော့ မိဘ ၊ ဆရာ၊
ကျောင်းသား တြိဂံလေး ပုံပျက်သွားပြီပဲလေ။ မိတ်ဆွေတွေကို ၀ဖေန်
ထောက်ပြတဲ့အခါမှာရော ဒီ sandwich နည်းကပဲ အပြုသဘောဆောင်ပြီး
၀ဖေန်ခံရသူကလည်းသူ့ အားနည်းချက်ကို သူ သိမြင် ပြုပြင်ပါတယ်။ လူတိုင်းက
perfect မရှိပါဘူး။ ကလေးတွေက အဆိုးချည်းပဲ မဟုတ်ပါဘူး။ ကလေးတွေကို ပေးတဲ့
feedback နည်းကြောင့်သာ ကလေးတွေကို အဆိုးဘက် တွန်းပို့နေကြတာပါ။
လေယာဉ်ထဲမှာ
၂၀၁၁ ခုနှစ် မေလမှာ ရန်ကုန်ကို
ပြန်လာတဲ့ခရီးစဉ်ကတော့ ပြောစရာတွေ၊ စိတ်ထဲမှာ မှတ်မိနေစရာတွေ
ကျန်ရစ်ခဲ့တယ်။
ချောချောမောမောရောက်ရှိလာတယ်ဆိုတာက
လမ်းခရီးမှာ ကွာလာလမ်ပူ Transist flight ဖြစ်ပြီး Check through
ဖြစ်တာကြောင့် check in တစ်ခါတည်းဝင်ပြီး အိတ်၊ အထုပ်အပိုးတွေ ဘာကိုမှ
စိတ်မပူရတော့ဘဲ စိတ်အေးလက်အေးရှိတာပါ။
ကွာလမ်လမ်ပူကို
အသွားလေယာဉ်ခရီးစဉ် ကနံနက် ၆ နာရီ ၂၀ မိနစ် ထွက်တာကြောင့် အိမ်ကနေ နံနက်
၄နာရီခွဲထွက်ဖို့ နံနက် ၃ နာရီတည်းက အိပ်ရာထ ပြင်ဆင် ၊ အလှပြင် ထွက်လာခဲ့တာ
ကွာလာလမ်ပူကိုရောက်၊ ရန်ကုန်ကို သွားမယ့် လေယာဉ်ခရီးစဉ်အတွက်
လူဝင်မှုကြီးကြပ်ရေး ကောင်တာကို တစ်ခါပြန်ဝင် ရပါတယ်။ boarding gate
ကိုမဝင်ခင် Xray ဖြတ်တော့ လက်ဆွဲသယ်လာတဲ့ ကျောပိုးအိတ်၊ ကွန်ပျူတာ laptop
နဲ့ လက်ကိုင်အိတ်၊ ဖုန်း၊ လျှပ်စစ်ပစ္စည်းမှန်သမျှ အကုန်ဖြတ်ပြီးတော့
လုံခြုံရေးရဲမေက ကျောပိုးအိတ်ထဲမှာ အသွားချွန်တဲ့သတ္တုပစ္စည်းပါတယ်။
ဖွင့်ပေးပါဆိုတော့ စဉ်းစားတာ ဘာပါလိမ့်ပေ့ါ။
ကျောပိုးအိတ်ကိုဇစ်လည်းဖွင့်ရော စီလွန်ချည်လုံးက ထွက်ကျလာမှ သတိရသွားတယ်။
သိုးမွေးထိုးအပ် တစ်ချောင်းထိုး crochet အပ်နဲ့ ချည်လုံးတွေကို
လွယ်လွယ်ကျောပိုးအိတ်ထဲ ထည့်သိမ်းလိုက်မိတာ။
တစ်ချောင်းထိုးအပ်ထည့်ထားတဲ့အိတ်ထဲမှာ အပ်ချုပ်အပ်ဗူး၊ အပ်ချည်လုံး၊
ပေကြိုးစတာတွေ တွေ့တော့မှ ရဲမေ ရယ်တော့တယ်။ ရပါပြီဆိုတော့
ကျေးဇူးတင်ကြောင်း ပြောပြီး boarding gate မှာ
ခေါ်မယ့်အချိန်ထိုင်စောင့်နေတော့တယ်။ သတိထားမိတာ ဥရောပစုံတွဲတစ်တွဲကလွဲလို့
ခရီးသည်အကုန်လုံးနီးပါး မြန်မာလူမျိုးတွေချည်းပါပဲ။
လေယာဉ်ထဲရောက်တော့
နေရာက ပြတင်းပေါက်ခုံဆိုတော့အတွင်းဆုံးမှာထိုင်ပြီး
ခရီးသည်တွေအကုန်နေရာထိုင်ပြီးအတော်လေးကြာတော့မှ ဘေးက ၂ခုံကို
သားအမိလို့ထင်ရတဲ့ အိန္ဒိယလူမျိုးနှစ်ဦးရောက်လာပါတယ်။ ဘေးကပ်လျက်မှာ
ဆာရီဝတ်ထားတဲ့ အဒေါ်ကြီးဝင်ထိုင်တော့ မျက်လုံးချင်းဆုံမိလို့
ပြုံးပြလိုက်ပါတယ်။ အဒေါ်ကြီးဆီက ပြင်းပြင်းစူးစူးရေမွှေးနံ့နဲ့
ခေါင်းမှာပန်ထားတဲ့ ဇွန်ပန်းနံ့တွေကို ခရီးတလျှောက် အချိန် ၂နာရီ ၄၅
မိနစ်ကြာ ဒုက္ခခံရဦးမှာကို စိတ်မသက်မသာ ဖြစ်မိလိုက်ရတယ်။ ဇွန်ပန်းနံ့နဲ့
ယုဇနပန်းနံ့ကို ဘယ်လိုမှ မခံနိုင်လောက်အောင် ခေါင်းကိုက်တတ်တာ။
ဘေးခုံကအဒေါ်ကြီးက လက်ထဲမှာ ကွမ်းယာဗူးနဲ့ ကွမ်းယာလည်း ဝါးနေတာတွေ့တယ်။
ကြွပ်ကြွပ်အိတ်အထုပ်သေးသေးပေါင်း ဗြုတ်စဗျင်းတောင်းကို ခြေထောက်အောက်
ကြမ်းပြင်မှာ ချထားတယ်။ သူ့အဖော် ဦးလေးကြီးနဲ့
အိန္ဒိယဘာသာစကားနဲ့ပြောနေကြတာ တကယ့်ကို နားမခံသာနိုင်စရာ။ ကွမ်းစားထားတဲ့
သွားနီနီတွေနဲ့ ပြံုးပြပြီး လူကို ခေါင်းကနေ ခြေထောက်ထိ ထိုင်ကြည့်နေတာနဲ့
စိတ်ကညစ်လာတယ်။ ဟုတ်တယ်လေ…အဲလို ထိုင်ကြည့်နေရလောက်အောင် လှတဲ့သူမဟုတ်မှန်း
ကိုယ့်ဘာကိုယ် သိတာပဲ။ ဘာပဲဖြစ်ဖြစ် ဒီခရီးဆုံးရင် ချစ်တဲ့အမိမြေကို
ပြန်မြင်ရမယ်ဆိုတဲ့ ပျော်စရာစိတ်အတွေးနဲ့ မျက်စိမှိတ်လို့ တရားမှတ်
ငိုက်လာလိုက်တယ်။
ကဏှာမငြိမ်ဘူးဆိုတဲ့
စကားကဘေးခုံက အဒေါ်ကြီးကို ရည်ညွှန်း ထားရှိခဲ့လေသလားပဲ။
ထိုင်ခုံခါးပတ်ဖြုတ်လိုက် ထလိုက်၊ ထိုင်လိုက်၊ သူ့ဘေးက
ဦးလေးကြီးကိုကျော်ပြီး အလယ်လမ်းကြား တစ်ဘက်ခုံက သူတို့နဲ့ မျိုးတူ
ဦးလေးကြီးတစ်ယောက်ကို သူတို့ဘာသာစကားနဲ့ပြောလိုက် နဲ့။ လေယာဉ်မယ်က နေ့လည်စာ
ဘာစားမလဲလာမေးတော့မှ မျက်စိဖွင့်လိုက်မိတယ်။ ထမင်းနဲ့ ကြက်သားချိုချဉ်၊
ကြက်သားခေါက်ဆွဲနဲ့ အသီးအရွက်၊ အုန်းထမင်းနဲ့ ကြက်သား တစ်ခုခုရွေးဖို့
လာမေးတော့ ခေါက်ဆွဲစားမယ်လို့ ပြောလိုက်တယ်။ ဘေးက အဒေါ်ကြီးကတော့ စားနေပြီ။
ကိုယ် အိပ်ပျော်နေတယ်ထင်ပြီး လေယာဉ်မယ်ကလည်း ကိုယ့်ကို နောက်ဆုံးမှ
လာမေးတာ။ အဒေါ်ကြီးဘေးခုံက လူကိုတော့မတွေ့ဘူး။ အိမ်သာတွေဘာတွေ
သွားနေတာနေမယ်။ အဒေါ်ကြီးစားနေတုန်း တစ်ဝက်လောက်မှာ သူ့ဘေးက ဦးလေးကြီး
ပြန်ရောက်လာပြီး နေ့လည်စာဗူးထဲက အချိုပွဲ သီးစုံကိတ်၊ ချော့ကလက်တို့ကို
ယူပြီး ခြေထောက်အောက်မှာ ချထားတဲ့ ပီနန်အိတ်ထဲကို ထည့်တယ်။ လုပ်နေတာတွေကို
ပျာယာပျာယာ ဟိုကြည့် ဒီကြည့်နဲ့။ အဒေါ်ကြီးစားနေတဲ့ နေ့လည်စာဗူးကို
ဆွဲယူပြီး ကြမ်းပေါ်ကိုအတည့်လိုက်လေး ချလိုက်တယ်။ အဒေါ်ကြီးက သူတို့
ဘာသာစကားနဲ့ ဝူးဝူးဝါးဝါးပြောတယ်။ ဟိုလူကလည်း ဘာတွေလဲမသိ ပြန်ပြောတယ်။
ခဏနေတော့ လေယာဉ်မောင်ရောက်လာပြီး နေ့လည်စာဗူးက
အောက်ပြုတ်ကျသွားတာလားဆိုပြီး အသစ်ယူလာပေးမယ်ဆိုပြီး ဘာနဲ့စားမလဲ
မေးပြန်တယ်။ ကိုယ်စားနေတဲ့ ခေါက်ဆွဲဗူးကို ကြည့်ပြီး အဒေါ်ကြီးက “နူဒယ်
နူဒယ်” လို့ ပြောတယ်။ အအေးဘာသောက်မလဲဆိုတော့ ကုတ်၊ ဆဲဗင်းအပ် နဲ့
တစ်ယောက်တည်းကို ရှုပ်နေတော့တာပဲ။ သူ့ကို ပေးတဲ့ နေ့လည်စာဗူးထဲက
မုန့်တွေကို ခြေထောက်အောက်က အိတ်ထဲကို ထိုးထည့်နေပြန်တယ်။
ကိုယ့်ကိုလေယာဉ်မောင်ကလှမ်းမေးတော့ရေငတ်တာနဲ့ ရေပဲတောင်းလိုက်တယ်။
လေယာဉ်မောင်၊ လေယာဉ်မယ်တွေ အနားကထွက်သွားတော့ အဒေါ်ကြီးက ခုနက အောက်ကို
ချထားတဲ့ စားလက်စ ထမင်းဗူးကို ပြန်ကောက်ယူပြီး အိတ်ထဲ ထည့်သိမ်းပြန်တယ်။
ကိုယ်ကတော့ နေ့လည်စာဗူးမှာပါတဲ့ လိမ္မော်ရည်ရယ် ၊
တောင်းသောက်ထားတဲ့ရေရယ်နဲ့ အိမ်သာကို ထသွားချင်ရင်တောင်မှ
အောင့်ထားလိုက်တော့မယ်လို့ စိတ်ကူးလိုက်တယ်။ လွယ်ထားတဲ့အိတ်ကလည်း
ကြီးကြီးမားမားနဲ့ လေးလည်းလေးတာကြောင့် အရင် flight မှာ အိတ်ကို ထားပြီး
အိမ်သာ ထသွားပေမဲ့ ဒီflight မှာတော့ ဘေးကအဒေါ်ကြီး လုပ်ရပ်တွေကြောင့်
စိတ်မချဖြစ်နေမိတယ်။
အဒေါ်ကြီး
ထမင်းစားပြီးတော့ ဗူးအခွံတွေကို ကိုင်ပြီး ကိုယ့်ဘက်ကို တွန်းပေးတော့
အစားနှေးတဲ့ ကိုယ်က ခေါက်ဆွဲတွေ ဝါးနေတုန်းမို့ ကိုယ်က မျက်ခုံးပင့်ပြီး
ဘာလဲဆိုတဲ့သဘောမျိုးလုပ်ပြလိုက်တော့ ဗူးခွံတွေကို လွှင့်ပစ်မယ့်
ပုံမျိုးလုပ်ပြတယ်…ကိုယ့်ဘေးက ပြတင်းပေါက်ကို ဖွင့်
ဆိုတဲ့ပုံမျိုးလုပ်ပြပြီး သူတို့ ဘာသာစကားနဲ့ပြောတယ်။ ကိုယ်လည်း air
hostess will come and collect it , do not worry. လို့ပြောလိုက်တယ်။
အဒေါ်ကြီးက ဇွတ်ပုံစံကြီးရယ်။ လေယာဉ်မယ်က အဒေါ်ကြီးအမှိုက်တွေ
လာသိမ်းသွားပြီးတော့ ကိုယ်ကလည်း ခေါက်ဆွဲစားပြီးသွားတယ်။ တစ်ထိုင်တည်း
အများကြီး မစားနိုင်တဲ့ ကိုယ်က အချိုပွဲကမုန့်တွေစားဖို့
ဗိုက်မဆံ့တော့တာနဲ့ နောက်မှ စားမယ်ဆို စိတ်ကူးလိုက်တယ်။ အဲဒါကို အဒေါ်ကြီးက
ကိုယ့်လက်မောင်းကိုတို့ပြီး မုန့်တွေကို လက်ညှိုးထိုးပြတယ်။
သူ့ကိုပေးပါဆိုတဲ့ ပုံမျိုးလုပ်ပြတော့ ကိုယ်က တကယ်တမ်း စေတနာနည်းသူ
မဟုတ်ပေမဲ့ ဒီအဒေါ်ကြီးလုပ်ရပ်တွေကို မြင်ထားတာကြောင့် သူ့မျက်နှာကို
တည့်တည့်ကြည့်ပြီး
No!
This is mine ! လို့ပြောလိုက်တယ်။ ကိုယ်လည်း ဗိုက်မဆံ့တော့ မဆာတော့တာကို
အတင်းဇွတ်ဖျစ်ညှစ်ပြီး ကိတ်မုန့်နဲ့ချော့ကလက်ကို စားပစ်လိုက်တယ်။
စားပြီးတော့
ကိုယ်က မျက်စိ ပြန်မှိတ်လိုက်တယ်။ အဒေါ်ကြီးနဲ့ မျက်လုံးချင်းဆုံရင် သူက
စကားပြောချင်ပုံပေါ်နေတာနဲ့။ အဒေါ်ကြီးက အလယ်လမ်းကြားတစ်ဘက်က
သူတို့မိတ်ဆွေဘေးက ထိုင်ခုံကလူကို မြန်မာဘာသာနဲ့
သားက
ရန်ကုန် ဘယ်မှာနေတာလဲလို့ လှမ်းမေးတာ ကြားတယ်။ ဒီအဒေါ်ကြီး
မြန်မာပြည်ပေါက် ရေဝတီမျိုးနွယ်ပေပဲ။ ဟိုဘက်ကလူကလည်း အသံကျယ်ကျယ်နဲ့
ပြန်ဖြေပြီး ဘယ်မှာနေတယ် ဘာတွေလုပ်တယ် ဘယ်သွားတယ် ဇာတိမြို့က ဘာနဲ့
အဲဒီအဒေါ်ကြီးနဲ့ လှမ်းအော်စကားပြောကြတယ်။ ကိုယ်က ဘာမဆိုင် ညာမဆိုင်
တခြားခရီးသည်တွေကို အားနာမိလိုက်တယ်။ ဘယ်ခရီးပဲသွားသွား ခရီးအတူသွားသူတွေ
မျက်စိမှိတ်ထားရင် အိပ်နေတယ်လို့ယူဆပြီး စကားမပြောတာ၊ ပြောစရာရှိရင်လည်း
လေသံလေးလောက်နဲ့ တိုးတိုးလေးပဲပြောတတ်တဲ့ တခြား နိုင်ငံသားတွေကို
ကျေးဇူးတင်မိလိုက်တယ်။ ကိုယ်က မျက်စိမှိတ်ထားပေမဲ့ သူတို့
ပြောနေတာတွေအကုန်ကြားနေရတယ်။
အိပ်ပဲ အိပ်နေတာပဲလို့ ဟိုလူက ပြောတာကြားလိုက်တယ်။ အဲဒါကို ဘေးကို အဒေါ်ကြီးက ခွက်ထိုးခွက်လန်ရယ်တယ်။
ကိုယ့်အတင်းတုပ်နေကြတာကိုး။ ဗမာပဲနေမှာပါ လို့ ဟိုလူ ပြောတာကြားလိုက်တယ်။ အဒေါ်ကြီးက မသိဘူးလို့ပြောတယ်။
ဟိုလူက အသံကျယ်ကျယ်နဲ့
ကျွန်တော့်
ညီမတစ်ယောက်ရှိတယ် ..နိုင်ငံခြားသွားတာဖြင့်
၆လပဲရှိသေးတယ်..မြန်မာစကားမတတ်တော့ဘူး။ မြန်မာလို
မပြောတတ်တော့ဘူးနဲ့..အလကား စောက်ပိုတွေလုပ်တာ…သွားတာဖြင့် ၆လလေး။ သိလား
အန်တီ… တဲ့။
ညွှတ်ချာဖျား…ကိုယ်က
အဒေါ်ကြီးကို မြန်မာပြည်ပေါက်မှန်းမသိလို့ ဘိုလိုပဲပြောမိတာကို တစ်ဘက်ကလူက
စောင်းပြောနေတာကိုး။ သြော်..သနားပါတယ်..သူ့မှာ ကိုယ့်ကို
ခရီးစဉ်တလျှောက်လုံး ထိုင်ကြည့် အကဲခတ်လာပုံပဲ။
ကိုယ်ကတော့
မျက်စိမှိတ်ထားဆဲပဲ။ စိတ်ထဲမှာလည်း ပျံ့လွင့်နေတဲ့စိတ်နောက်ကို
လိုက်မှတ်နေလိုက်တယ်။ အဒေါ်ကြီးက ဟိုလူကို ဗမာမဟုတ်ဘူးထင်တယ်လို့
လှမ်းပြောတာကြားတယ်။ သြော်…သူတို့မှာ ကိုယ် ဗမာလူမျိုး ဟုတ်၊ မဟုတ်က
အလုပ်ကြီးတစ်လုပ်ပါလားလို့စိတ်ထဲရယ်လည်း ရယ်ချင်သွားတယ်။
မြန်မာ့လေပိုင်နက်ထဲရောက်တော့ လေယာဉ်မှုးက တိမ်ထူထူကို တိုးရမှာမို့
နေရာမှာ ထိုင်ပြီး ထိုင်ခုံ ခါးပတ်
ပတ်ထားဖို့ကြေညာတယ်။ထိုင်ခုံခါးပတ်ဖြုတ်ထားတဲ့ အဒေါ်ကြီးကို
သတိပေးမယ်လို့ပါးစပ်ပြင်ပြီးမှ လေယာဉ် အောက်ကို ကျတဲ့ချိန် ထိုင်ခုံခါးပတ်
ပတ်မထားရင် inertia ကြောင့်အဒေါ်ကြီး ခေါင်းနဲ့ လေယာဉ်ခေါင်မိုးနဲ့
ဆောင့်ရင် အေးရောဆို စိတ်ထဲတွေးပြီး သတိမပေးလိုက်တော့ဘူး။ (စိတ်ပုပ်တာလေ)။
သူ့ဘေးခုံက ဦးလေးကြီး ပျာယာပျာယာနဲ့ပြန်ရောက်လာပြီး အဒေါ်ကြီးကို
ထိုင်ခုံခါးပတ်ပတ်ခိုင်းတယ်။
မင်္ဂလာဒုံကွင်းကိုအဆင်းမှာ
ရွှေရောင်ဝင်းနေတဲ့ စေတီတစ်ဆူကို ပြတင်းကနေ လှမ်းမြင်ပြီး အဒေါ်ကြီးက
ရွှေတိဂုံဘုရား…ရွှေတိဂုံဘုရား ဆို ထအော်ပါလေရော။ ကိုယ့်လက်မောင်းကို
ကိုင်လှုပ်ပြီး ရွှေတိဂုံဘုရား …ရွှေတိဂုံဘုရားဆိုပြီးဖင်တကြွကြွနဲ့
ခုန်နေတော့ ကိုယ်က သူ့ကို ရွှေတိဂုံဘုရား မဟုတ်ပါဘူး လို့
လှည့်ပြောလိုက်တော့
ဗမာ
ဗမာ ဆို အဒေါ်ကြီးက ဟိုလူကို လှမ်းအော်ပြောပါလေရော။ ဆာယိုနာယာ ဘာဆိုလားပဲ
ဟိုလူနဲ့ အဒေါ်ကြီးက ကိုယ်ပြောတဲ့ လေသံအတိုင်းလိုက်ပြောပြီး
သူတို့အချင်းချင်း ရယ်နေကြတယ်။ သေချာတာကတော့ ကိုယ့် လေယူလေသိမ်းကို
လှောင်နေကြတာ။ တိုင်းရင်းသားလူမျိုးနှစ်မျိုး ကပြားဖြစ်တဲ့အတွက်
ကိုယ်ပြောတဲ့ ဗမာစကားက ဗမာလိုလေယူလေသိမ်း ပီပီသသထွက်မှာ မဟုတ်ဘူး။
လေယာဉ်ဆိုက်တော့ ကိုယ်လည်း အေးအေးဆေးဆေးပဲ ထိုင်စောင့်နေလိုက်တယ်။
ခရီးသည်အားလုံးကုန်မှ လေယာဉ်ထဲက အေးအေးဆေးဆေးထွက်ဖြစ်တယ်။ tube ထဲက
အထွက်မှာ ဖိုးသူတော် စောင့်နေတယ်။ ဖိုးသူတော်နဲ့ စကားနည်းနည်းပြောပြီး
အောက်ထပ်ကိုဆင်းတော့ လူဝင်မှုကြီးကြပ်ရေးကောင်တာနားမှာ စောင့်နေတဲ့
သူငယ်ချင်းက လျှောက်လာ လာကြိုပြီး အမ်မလေး..ရွှေမင်းသမီး
ပါများမပါလာတော့ဘူးလားလို့ ..ခရီးသည်တွေ အကုန်ကုန်ပြီး ထွက်မလာလို့
အပေါ်ကို လှမ်းဆက်ခိုင်းတော့ လေယာဉ်ထဲမှာလည်း တစ်ယောက်မှ မကျန်တော့ဘူးတဲ့။
ခရီးသည်စာရင်းတောင်းကြည့်တော့လည်း နာမည်က ပါလာတယ်။ ဘယ်နားပျောက်နေတာလဲတဲ့။
မကြီး
ဆိုလှမ်းခေါ်ပြီး ပြေးလာတဲ့ MAI မှာလုပ်တဲ့ အိမ်က ညီမလေး ယုနက
တော်သေးတာပေါ့ မကြီးရာ..သမီးက departure မှာ ဂျူတီ၊ အမေက ဖုန်းလှမ်းဆက်ပြီး
နင့်မကြီး လေယာဉ် ၁၁နာရီ ၂၅ မိနစ်တဲ့ ဆိုတော့မှ လေယာဉ်တောင်ဆင်းသွားပြီဆို
အမြန်ပြေးလာတာတဲ့။ ကိုယ် ပြန်လာမယ်ဆိုတာကို ဘယ်သူ့ကိုမှ ကြိုမပြောထားတာလေ။
ကွာလာလမ်ပူလေဆိပ်ရောက်တော့မှ ရန်ကုန်ကို ဖုန်းလှမ်းဆက်ပြီး ပြန်လာပြီဆို
ပြောတာ..လာကြိုနေရင်အလုပ်ရှုပ်နေကြမှာစိုးတာနဲ့။ လေဆိပ်မှာ တာဝန်ကျနေတဲ့
သူငယ်ချင်းတွေရယ်၊ ညီမလေး ယုနရယ်နဲ့ စကားတွေ ရေပက်မဝင်ပြောနေရတာနဲ့
ဟိုအဒေါ်ကြီးနဲ့အဖွဲ့ကိုတောင် မနှုတ်ဆက်ခဲ့မိဘူး။
Subscribe to:
Posts (Atom)