လူ့စိတ်
ကိုလေ့လာတဲ့အခါမှာလည်း လူတွေဟာတစ်ခုခုကိုပြောလိုက်တာ မရည်ရွယ်ဘူးလို့
ပြောလို့မရပါဘူး။ စကားတစ်ခွန်းကိုပြောလိုက်တယ်ဆိုရင် အဲဒီ စကားဟာ
သူ့စိတ်မှာ ကြိုတင် တွေးတောကြံစည်ပြီးသားမို့ပါ။ စကားတစ်ခွန်းကို
ပြောထွက်ဖို့ မတိုင်မီမှာ စိတ်မှာ အရင်ကြံစည်ပါတယ်။ ဒါက
စက္ကန့်ပိုင်းလောက်လည်း ဖြစ်ချင်ဖြစ်တာမို့ မိမိစိတ်ကို မိမိ
ပြန်မကြည့်မိတဲ့အခါ မသိသာဘဲ မကြံစည် မရည်ရွယ်ဘဲ ပြောမိတယ်လို့
ထင်တတ်ကြပါတယ်။ စိတ်ကို မပြတ် မှတ်နေတဲ့ခါ၊ စိတ်ရဲ့ အပြောင်းအလဲ တွေကို
အချိန်ပြည့် သတိပြုနေတဲ့ခါမှာ ဒါကို တွေ့နိုင်ပါတယ်။
ဒေါသအလျှောက်
ပြောမိတယ်။ မှားမိတယ်လို့ လူတွေဟာ ဆင်ခြေပေးတတ်ကြပေမယ့် တကယ်တန်း
လူ့စိတ်သဘောမှာ တစ်ခုခုကိုပြောမယ်ဆိုတာ သူ့စိတ်မှာ နဂိုတည်းကရှိပြီးသားမို့
သူ့ပါးစပ်ကနေ ပြောထွက်သွားတာပါ။ ဥပမာ ဆိုရင် မင်းကဘာကောင်မို့လဲ လို့
မေးလိုက် ၊ ပြောလိုက်တဲ့ လူတစ်ယောက် ဟာသူမေးလိုက်၊ ပြောလိုက်တဲ့ သူကို
အဲလိုသူ့စိတ်ထဲမှာတွေးပြီးသားပါ။ သူကဘာကောင်မို့လဲ။ သူက ဘာမို့လို့လဲ
ဆိုတာကို သူ့စိတ်မှာရှေးဦးမဆွတည်းက ကြံစည်တွေးတောမိပြီးသားမို့ သူမေးတာ
ပြောတာပါ။ ရုတ်တရက်ဆိုတော့ ဒေါသအလျှောက် ပြောလိုက်မိတာပါ။ ဒေါသနဲ့ စကားတွေ
မှား တာပါလို့ ဆင်ခြေ ဆင်လက်တွေ လူတွေကပေးတတ်ကြပေမယ့် ဘယ်စကား ၊ ဘယ်အရာမဆို
လူ့စိတ်ကနေ ကြံစည် တွေးမိပြီး သားတွေဆိုတာ နက်နဲပြီး စိတ်ဝင်စား
စရာကောင်းလွန်းလှတဲ့ သိမ်မွေ့လှတဲ့ ဘာသာရပ်တစ်ခု ဖြစ်တဲ့ လူ့စိတ်သဘော
ဘာသာရပ်မှာ လေ့လာတွေ့ရှိနိုင်ပါတယ်။
ဟနစံ
၃၀ ရက်၊ ဇွန်လ၊ ၂၀၀၇ ခုနှစ်။
No comments:
Post a Comment