ခေတ်မီတိုးတက်နေတဲ့ ဒီကမ္ဘာကြီးရဲ့ အချို့နေရာတွေမှာ လူနေမှုအဆင့်အတန်း
နိမ့်ကျမှုတွေ အများအပြား ရှိနေဆဲပါ။ အာဖရိကနိုင်ငံအချို့မှာ ဝမ်းပျက်၊
ဝမ်းလျှောရောဂါကြောင့် ကလေးသူငယ်များ အမြောက်အများအသက်ဆုံးရှုံးရတာဟာ
ကလေးမိခင်များက ဓာတ်ဆားရည်ကို ဘယ်လို ဖျော်စပ်ရမယ်ဆိုတာကို
အသိမရှိတာကြောင့်ရယ်၊ ဓာတ်ဆားရည်ကို ဖျော်စပ်ကာ တိုက်ကျွေးရကောင်းမှန်း
မသိတာကြောင့်ရယ်ဖြစ်ပါတယ်။ ရှေးကျတဲ့ ခေတ်မမီတော့တဲ့
လယ်ယာထွန်ယက်စိုက်ပျိုးနည်းတွေကြောင့် အရှေ့တောင်အာရှနိင်ငံအချို့မှာလည်း
လယ်ယာထွက်သီးနှံများ ဖြစ်ထွန်းသင့်သလောက် မဖြစ်ထွန်းတာတွေကို
တွေ့ကြုံနေရပါတယ်။ အခုလို နည်းပညာခေတ်ကြီးမှာတောင်မှ ကမ္ဘာ့နိုင်ငံအချို့က
လူနည်းစု အရေအတွက်မှာ တိုးတက်ဖွံ့ဖြိုးခြင်း မရှိနိုင်ကြသေးပါဘူး။
ကျွန်မတို့ရဲ့ ကမ္ဘာကြီးမှာ မညီမျှမှုတွေ ရှိနေဆဲပါ။ နေရာအချို့က လူအချို့ဟာ ကမ္ဘာကြီးရဲ့ အခြားနေရာများက လူများနဲ့ ဒီကမ္ဘာကြီးရဲ့ ကြွယ်ဝမှုတွေကို တန်းတူညီမျှ မရရှိနိုင်ကြသေးပါဘူး။ စားနပ်ရိက္ခာ၊ ကျန်းမာရေးစောင့်ရှောက်မှု ပြည့်စုံမှု၊ ပညာရေး၊ လှုမှုရေး လုံခြုံမှု စတဲ့ အဓိကျကတဲ့ အခြေခံလိုအပ်ချက်တွေကို ရရှိနေသူတွေနဲ့ မရရှိတဲ့သူတွေဆိုပြီး ကွဲပြားခြားနားနေဆဲပါပဲ။ နိုင်ငံရဲ့ ချမ်းသာကြွယ်ဝမှု၊ ဆင်းရဲမှုတွေကြောင့် တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူညီမှုတွေအပြင် တစ်နိုင်ငံအတွင်းမှာပင် မတူညီမှုတွေလည်း ရှိနေပါတယ်။
နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ နိုင်ငံရဲ့ ပညာရေးနဲ့ ဆက်နွယ်နေပါတယ်။ မူလတန်းပညာရေးမှစကာ ယောကျ်ား၊ မိန်းမ ခွဲခြားမှုမရှိဘဲ အမျိုးသမီးများသည်လည်း အမျိုးသားများတန်းတူ ပညာသင်ကြားခွင့်အပြည့်အဝ ရမှ ဖြစ်ပါမယ်။
တိုင်းပြည်တစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့၊ အဆင့်အတန်းမြင့်မားဖို့ဆိုတာ ပညာရေးအပေါ်မှာ မူတည်နေတယ်ဆိုတာဟာ ထူးဆန်းနေတဲ့အရာတစ်ခု မဟုတ်ပါဘူး။ ပြောင်းလဲမှုအတွက် ပညာရေးသာလျှင် အင်အားအကြီးဆုံးတွန်းအားတစ်ခု ဖြစ်ပါတယ်။ ပြောင်းလဲတိုးတက်လိုတယ်ဆိုရင် ပညာရေးတိုးတက်မြင့်မားမှ ဖြစ်ပါမယ်။ နိုင်ငံသားအားလုံးပညာသင်ကြားခွင့်ရရှိခြင်းဟာ အခြေခံလူ့အခွင့်အရေးတစ်ခုဖြစ်ပြီး လူ့အဖွဲ့အစည်းရဲ့ တာဝန်တစ်ရပ်လည်းဖြစ်ပါတယ်။
UNESCO ရဲ့ ကြေညာစာတမ်းမှာ "Every person — child, youth, and adult — should be able to benefit from educational opportunities designed to meet their basic learning needs" (UNESCO 1990) ဟုဆိုပါတယ်။ ကမ္ဘာပေါ်ရှိ တိုင်းပြည်များရဲ့ အစိုးရများဟာလည်း မူလတန်းပညာရေးရဲ့ အရေးကြီးပုံကြောင့် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေခွင့်ရရှိအောင် လုပ်ဆောင်လာကြပါတယ်။ အာရှပစိဖိတ်ဒေသတွင်းမှာ ကျောင်းများရဲ့ သင်ကြားရေး၊ သင်ယူရေးနဲ့ ကျောင်းသားများ ကျောင်းတက်ခြင်း အစဉ်အလာများကို ပြန်လည်လေ့လာသုံးသပ်လာကြပါတယ်။
information and communication technologies (ICTs) ကိုအသုံးပြုပြီး အဆင့်မြင့်ပညာရေးကို တန်းတူညီမျှရရှိနိုင်အောင် ကြိုးပမ်းလာကြပါတယ်။ ICTမပေါ်ထွန်းမီ ခေတ်ကာလက အဝေးသင်တက္ကသိုလ်များ၊ Open University များက သင်ယူသူ ဝေးလံသီခေါင်သော ဒေသများမှာ နေထိုင်ကြတဲ့ကျောင်းသားများအတွက် ပုံနှိပ်ထားတဲ့ စာရွက်စာတမ်းများ၊ အသံဖိုင်လ်များ၊ ဗွီဒီယိုဖိုင်လ်များ၊ အသံလွှင့်ယာဉ်ကားများ နဲ့ ရေဒီယိုမှတဆင့် ကျောင်းသင်ခန်းစာများကို ပို့ချပေးခဲ့ပါတယ်။ တစ်ဦးချင်းစီအတွက်ရော၊ လူမှုအဖွဲ့အစည်းအတွက်ရော အလွန်ပင် ကျေးဇူးများကာ အောင်မြင်မှုရှိခဲ့တဲ့ analogue ပညာရေးစနစ်တစ်ခုဖြစ်ပါတယ်။
Digital နည်းပညာများ တိုးတက်လာပြီးနောက်မှာ ပညာရေးအတွက် ကုန်ကျစရိတ်သက်သာကာ ပိုမို လုပ်ဆောင်နိုင်လာပါတယ်။ ပညာရေးပိုင်းမှာ စီးပွားရေးပိုင်းလောက် Digital နည်းပညာကို ကျယ်ကျယ်ပြန့်ပြန် အသုံးမပြုသေးပေမယ့်လည်း မှတ်တမ်းများအရ တိုးတက်မှုဟာ အလွန်ပင် မြန်ဆန်ပါတယ်။ ပညာရေးသင်ရိုးညွှန်းတိုးတက်မှု၊ ကျောင်းသားမှတ်တမ်းများကို စီမံခန့်ခွဲမှု ၊ အုပ်ချုပ်ရေးပိုင်းအကျိုးရှိမှုတွေမှာ Digital နည်းပညာက သာလွန်ပါတယ်။ အကန့်အသတ်မရှိ သင်ယူနိုင်မှု ၊ သင်ကြားနိုင်မှုတွေအပြင် ကုန်ကျစားရိတ်အလွန်ပင် သက်သာမှုတွေက အားသာချက်ဖြစ်ပါတယ်။ ယခုခေတ်အခါမှာတော့ နည်းပညာဆိုတာဟာ အင်မတန်ပင် ရင်းနှီးကျွမ်းဝင်နေတဲ့အရာတစ်ခု ဖြစ်နေပါပြီ။ နည်းပညာတိုးတက်မှုဟာ ပညာရေးအတွက်တင်သာမက အခြားသော လုပ်ငန်းဆောင်တာများအတွက်ပါ အကောင်းဆုံးဖြစ်ကြောင်း မျက်မြင်သက်သေပဲ ဖြစ်ပါတယ်။
Digital နည်းပညာဆိုတာက နည်းပညာတစ်ခုတည်းမဟုတ်ဘဲ hardware ၊ software ၊ မီဒီယာနှင့် delivery systems များပေါင်းစပ်ထားတဲ့ နည်းပညာဖြစ်တာကြောင့်ဖြစ်ပါတယ်။
personal computers ၊ laptops ၊ notebooks ၊ digital cameras ၊ the Internet ၊ the World Wide Web ၊ Compact Disc-Read Only Memory (CD-ROM) digital video discs (DVDs) ၊ mobile learning, ၊ video sharing ၊ word processors ၊ spreadsheets ၊ simulations ၊ email ၊ digital libraries ၊ computer-mediated conference ၊ video conference အစရှိသည်တို့မှာ Digital နည်းပညာရဲ့ အရေးကြီးပုံက ထင်ရှားပါတယ်။ နည်းပညာအသစ်များဟာ နည်းပညာအဟောင်းများထက် ပိုမိုသာလွန်တာ သိသာထင်ရှားလှပါတယ်။ အသုံးပြုရလွယ်ကူခြင်းကြောင့်လည်း အချိန်ကုန်သက်သာပါတယ်။
Fibre optic ကိုအခြေခံထားတဲ့ ဆက်သွယ်ရေးစနစ် ၊ ဂြိုလ်တုဆက်သွယ်ရေးစနစ်က ပညာရေးမှာ အကွာအဝေးခြားနားချက်များကို ချု့ံ့ပေးလိုက်တာပါ။ မရောက်နိုင်တဲ့နေရာဒေသများကို ပညာရေးရောက်ရှိသွားခြင်းပဲဖြစ်ပါတယ်။ နည်းပညာကို အသုံးပြုခြင်းရည်ရွယ်ချက်လည်း ထင်ရှားရှင်လင်းဖို့ကို အုပ်ချုပ်သူအစိုးရအနေဖြင့် တာဝန်ရှိပါတယ်။ နိုင်ငံသားတိုင်း ပညာသင်ကြားနိုင်ရေး အခွင့်အရေးတန်းတူ ရရှိနိုင်ပြီး ပညာရေးတိုးတက်မြင့်မားလာမှုဟာ အရှိန်အဟုန်တစ်ခုအနေဖြင့် လုပ်ဆောင်ရမယ့် တာဝန်တစ်ခုဖြစ်ပါတယ်။
References:
Commonwealth of Learning. (2000). Reflections on ten years of the commonwealth of learning. Vancouver, Canada: Commonwealth of Learning.
United Nations Educational, Scientific and Cultural Organization (UNESCO). (1990a). The world declaration on Education for All. Jomtien, Thailand.
Cairncross, F. (1998). The death of distance: How the communication revolution will change our lives. MA, USA: Harvard Business School Press.
Daniel, J. (1996). Mega universities and knowledge media: Technology strategies for higher education. London, England: Kogan Page.
No comments:

Post a Comment