Wednesday, 1 February 2017
ချယ်ရီအပြုံး
"မလေး ကို မောင် အမြဲလွမ်းနေပါ့မယ်"
တစ်သက်စာအတွက် နမိတ်ဖတ်လို့ ပြောသွားတာများလား..မောင် ဆိုတဲ့ သူရယ်။
……………………………………………………………….
ကျွန်မ မောင့်ကို စသိခဲ့တာ နှင်းတွေဝေနေတဲ့ နံနက်ခင်းလေးတစ်ခုမှာပေ့ါ။
ကျောင်းပိတ်ရက်မို့ အိမ်ကိုပြန်ရောက်နေချိန်မှာ နံနက်စောစောတည်းက ဖေဖေ နဲ့ မေမေ မန္တလေး ကိုဆင်းသွားတာကြောင့် အိမ်မှာ ကျွန်မ တစ်ယောက်တည်း ကျန်နေခဲ့တယ်။ တစ်ယောက်တည်းတော့ မဟုတ်ဘူးပေါ့လေ။ အိမ်မှာ မေမေ ခေါ်ယူမွေးစားထားတဲ့ အိုက်လုံ နဲ့ ခမ်း တို့ နှစ်ယောက်လည်း ရှိပါတယ်။
မန္တလေးကနေ အိမ်ကို ပြန်လာခဲ့တဲ့ ကျွန်မဟာ မေမေ နဲ့ ဖေဖေ ကလူမှုရေးကိစ္စနဲ့ မန္တလေးကို သွားမယ်ဆိုတော့ မလိုက်လိုတော့ဘဲ အိမ်မှာပဲ ကျန်နေရစ်လိုက်တော့တယ်။
ကျွန်မ မီးဖိုထဲမှာ ရေနွေးအိုးတည် ၊ ထမင်းအိုးတည် နဲ့ အလုပ်တွေရှုပ်နေတုန်း ခြံထဲမှာ အလုပ်လုပ်နေတဲ့ အိုက်လုံက မီးဖိုခန်းပြတင်းဝကနေ ကျွန်မကို လှမ်းပြီး
"မမလေး..မမလေး ကိုလူတစ်ယောက်ကတွေ့ချင်လို့ တဲ့ ...ခေါ်ခိုင်းလိုက်လို့ "
လို့ပြောတယ်။ ကျွန်မက
"ဟဲ့...ဘယ်သူလဲ..ဘာလို့ ခေါ်ခိုင်းရတာလဲ "လို့ သိလိုစိတ်နဲ့မေးလိုက်မိတယ်။
"မသိဘူးဗျ...ခြံထိပ်က ထင်းရှုးပင်အောက်မှာ စောင့်နေတယ်။ မမလေး ကိုခေါ်ပေး လို့ပြောတယ်"
အိုက်လုံရဲ့ အူတူတူ မသေမချာစကားကြောင့် ကျွန်မ စိတ်ထဲမှာ စနိုးစနောင့်ဖြစ်သွားပြီး ဘယ်သူများပါလိမ့် ။ ဒီလို တစ်ခါမှ မကြုံဖူးပါဘူး လို့တွေးမိပြီး မီးဖိုထဲကနေ ခပ်သုတ်သုတ်ထွက်ပြီး ခြံဝကို လှမ်းလျှောက်လာခဲ့မိတယ်။
ခြံထိပ်က ထင်းရှုးပင်အောက်မှာ ဂျာကင်အစိမ်းရောင် ၊ ဘောင်းဘီရှည် အနက်ရောင်ဝတ်ထားတဲ့ လူတစ်ယောက် ...အိမ်ဘက်ကိုကျောပေးပြီး ထင်းရှုးပင်ကိုမှီကာရပ်နေတယ်။ ကျောခိုင်းထားတဲ့အနေအထားမို့ ဘယ်သူမှန်းကျွန်မ မသိဘူး။ ကျွန်မ အသိထဲကလည်း မဟုတ်ပါဘူး လို့တွေးမိတယ်။
ကျွန်မ ထိုလူ့အနားကိုရောက်သွားချိန်မှာ ကျွန်မ ဖက်ကိုလှည့်လာပြီး ကျွန်မမျက်နှာကို စိုက်ကြည့်နေတာကြောင့် ကျွန်မ မနေတတ်စွာ မျက်နှာတစ်ချက်ပျက်သွားခဲ့မယ် ထင်ပါတယ်။
သူကပဲ စျပီး
"မလေး..ကျွန်တော်မလေးကို ခုလို အခေါ်ခိုင်းလိုက်တာ ရိုင်းပြသွားတယ်ဆိုရင် ခွင့်လွှတ်ပါ။ ကျွန်တော် မလေး အတွက် ချယ်ရီပန်း ပေးချင်လို့ပါ။ မလေး လွန်ခဲ့တဲ့ ၂ ရက်လောက်က ချယ်ရီပင်အောက်မှာ ချယ်ရီပန်းတွေကို ငေးမောကြည့်နေတာ ကျွန်တော်မြင်ခဲ့တယ်။ မလေး ချယ်ရီတွေကို နှစ်သက်မြတ်နိုးမယ်ဆိုတာ ကျွန်တော်သိနေတယ်။ မလေးအတွက် ချယ်ရီတွေ ကျွန်တော်ခူးလာပေးတာပါ "လို့ ဆိုကာ သူ့ဂျာကင်အိတ်ထဲကနေ ချယ်ရီပန်းတစ်ခက်ကိုထုတ်ပြီး ကျွန်မ ကိုပေးပါတယ်။
ကျွန်မကလည်း တစ်ခါမှ မသိဖူးတဲ့ လူတစ်ယောက်က ကျွန်မကို ခင်မင်ရင်းနှီးတဲ့သူတွေ ခေါ်တဲ့ မလေး ဆိုတဲ့ နာမည်ကိုခေါ်လို့ ကျွန်မ အံ့အားသင့်နေပါတယ်။ ယောင်ရမ်းပြီး သူပေးတဲ့ ချယ်ရီပန်းခက်ကို လှမ်းယူလိုက်မိပါတယ်။
"မလေးစံပါယ် ကို မလေး လို့ပဲ ခေါ်ခွင့်ပြုပါ ..မလေး။ မလေးက ကျွန်တော့်ကို မသိပေမယ့် ကျွန်တော်က မလေးကို သိနေပါတယ်။ ကျွန်တော့်နာမည် စည်သူ ပါ။
ပြုံးပါ..မလေး။ မလေး ပြံုးရင် တလောကလုံးလှသွားတာကြောင့် ပြံုးပါ မလေး။
ကျွန်တော် မလေးရဲ့ အပြုံးကို အမြဲမြင်ချင်ပါတယ်"
ကျွန်မကိုသာ ပြုံးပါ လို့ပြောတဲ့ သူ့မျက်နှာထား ခပ်ရှုတည်တည် သုန်သုန်မှုန်မှုန်က သူ့နဂိုမျက်နှာပေးပဲ ထင်ပါရဲ့လေ။
ညိုပြောင်နေတဲ့ အသားအရေနဲ့ တိုကပ်နေတဲ့ ဆံပင်တို့ နဲ့ သူ့အသွင်ကြောင့် စက်ရုံတစ်ခုတည်းက ထွက်တဲ့ ပစ္စည်းတွေလို ဆင်တူဖြစ်နေတတ်တဲ့ သူတို့ရုပ်သွင်ကြောင့် သူဘယ်နေရာက ဆိုတာ မှန်းဆလိုက်မိပါတယ်။
"မလေး အတွက် ချယ်ရီပန်းတွေကို နှစ်တိုင်း ပေးပါရစေလား..ကျွန်တော် မလေးကို ချယ်ရီပွင့်ချိန်တိုင်း ချယ်ရီတွေ ပေးမယ် လို့ ကတိပေးပါတယ်။ ကျွန်တော် သွားတော့မယ်"
ချက်ချင်းပဲ လှည့်ထွက်သွားတဲ့ သူ့နောက်ကျောကိုကြည့်ရင်း
အတင့်ရဲလိုက်တာနော် လို့လည်းတွေးမိပါတယ်။
မေမေ ၊ ဖေဖေ တို့အိမ်မှာမရှိချိန် သူ လာတာဟာ မေမေ ၊ ဖေဖေတို့ ဒီအချိန် အိမ်မှာမရှိဘူး ဆိုတာကို ကြိုတင် သိထားပုံပါပဲ။
ကျွန်မလည်း အိမ်ထဲပြန်ဝင်လာပြီး သူ ပေးခဲ့တဲ့ ချယ်ရီတစ်ခက်ကို ကျွန်မ အိပ်ခန်းစာကြည့်စားပွဲပေါ်က ပန်းအိုးလေးမှာ ထိုးထားလိုက်မိပါတယ်။
ချယ်ရီပန်းတွေ နွမ်းသွားတဲ့အချိန်ကျတော့ ပန်းအိုးကနေ လွှင့်ပစ်မယ်လို့ ရည်ရွယ်ပြီးမှ ကျွန်မစိတ်ပြောင်းသွားပြီး မလွှင့်ပစ်တော့ဘဲ ယွန်းဗူးလေးတစ်ခုထဲမှာ ချယ်ရီပန်းခြောက်တွေကို သိမ်းထားမိပါတယ်။
ဒီလိုနဲ့ ကျောင်းဖွင့်ရက်ပြန်ရောက်ပြန်တော့ မန္တလေးတက္ကသိုလ်မှာ မဟာသိပ္ပံတန်းကို တက်ရောက်နေတဲ့ ကျွန်မ စာသင်ခန်းရှိရာကို ပြန်သွားရပြန်ပါတယ်။
ကျောင်းပိတ်ရက်တွေမှာ အိမ်ရှိရာ တောင်ပေါ်မြို့လေး ကိုပြန်ရောက်ခဲ့ပေမယ့် အပြင်ထွက်ခဲလှတဲ့ ကျွန်မ အိမ်တွင်းမှာပဲ ဇာထိုးပန်းထိုး၊ ချက်ပြုတ်ခြင်း နဲ့ မေမေ့ ပန်းပင်တွေကူရေလောင်း ပေါင်းသင်ပေးခြင်းနဲ့ပဲ အချိန်ကုန်ခဲ့တယ်။ ဆောင်းမှသည် နွေ ၊ မိုး ကိုပြောင်း လို့ နောင်တစ်ဆောင်း ကိုရောက်ခဲ့ပြန်ပါတယ်။
အဲဒီနှစ် ဒီဇင်ဘာကျောင်းပိတ်ရက် အိမ်ပြန်တာ နောက်ကျခဲ့တယ်။
လကုန်ခါနီးရက်မှသာ ပြန်ရောက်ဖြစ်ခဲ့တယ်လေ။
တစ်ရက်မှာတော့ အစ်မတစ်ယောက်လို ရင်းနှီးခင်မင်နေတဲ့ မခင်သက်ထား ဆီကနေဖုန်းလာတယ်။
"လေး ရေ..လေး ပြန်ရောက်နေတယ် ကြားလို့ မခင်သက် လေးဆီလာလည်မလို့ " ဆိုတော့ ကျွန်မက "လာခဲ့လေ..မခင်သက်..မလေး အိမ်မှာရှိပါတယ် "လို့ ပြန်ပြောလိုက်ပါတယ်။ ခဏနေတော့ မခင်သက်ထား ရောက်လာတယ်။
မေမေ့ကို နှုတ်ဆက် စကားစမြည်ပြောနေပေမယ့် သူ့ကိုကြည့်ရတာ ကျွန်မကို တစ်ခုခုပြောချင်နေပုံမို့ ကျွန်မက သူ့ကို
"မခင်သက်ကို မလေး ဓါတ်ပုံတွေ ပြရဦးမယ်။လာ..မလေး အိပ်ခန်းထဲ သွားရအောင်"
လို့ ဆိုပြီး အိပ်ခန်းထဲခေါ်သွားတော့ မခင်သက်က ကုတင်ပေါ်မှာထိုင်ပြီး ကြီးမားလှတဲ့သူ့ရဲ့ လက်ပွေ့အိတ်ထဲကနေ အထုပ်တစ်ထုပ် ထုတ်ယူလိုက်တယ်။
ကျွန်မကို လှမ်းပေးပြီး
"မောင်လေးတစ်ယောက်ခင်မင်နေတဲ့ ကောင်လေးတစ်ယောက်က လေး လာရင် လေး ကိုပေးပေးပါ ဆိုပြီး ပေးသွားလို့ " လို့ ပြောပါတယ်။
သူလှမ်းပေးတဲ့ ကြွပ်ကြွပ်အိတ်ထုတ်ထဲမှာ စာတစ်စောင် နဲ့ အတူ ယွန်းဗူးလေး တစ်ခုကိုပါတွေ့တယ်။
ယွန်းဗူးလေးကို ဖွင်ကြည့်လိုက်တော့ မခြောက်သေးတဲ့ ချယ်ရီပန်းနွမ်းနွမ်း အညိုရောင်လေးတွေကို တွေ့တယ်။
သိလိုစိတ်နဲ့ စာအိတ်ကိုဖောက်ဖတ်လိုက်မိတယ်။
မေလး
ဒီစာကို မလေးဖတ်နေချိန်မှာ ကျွန်တော် ဒီမြို့မှာမရှိတော့ပါဘူး။ မလေး ကျောင်းပိတ်ရက် အိမ်ပြန်ရောက်ချိန်မှာ ကျွန်တော် ကျောင်းဆင်းသွားပြီမို့ ကျွန်တော့်အိမ်ကိုခဏပြန်ပြီး တာဝန်ကျရာ မိခင်တပ်ရင်းကိုရောက်နေချိန်ဖြစ်နေလောက်ပါပြီ။ ဒီနှစ်ချယ်ရီပွင့်တွေကို မလေးကို ကျွန်တော်ကိုယ်တိုင်မပေးနိုင်တော့လို့ မခင်သက်ထားကိုအကူအညီတောင်းခဲ့ရပါတယ်။ ကျွန်တော်ပေးတဲ့ချယ်ရီတွေကို မလေး ရရှိချိန်မှာ ချယ်ရီတွေ နွမ်းနေပေမယ့် မလေးအပေါ် ကျွန်တော့် မေတ္တာကတော့ ဘယ်တော့မှ မနွမ်းပါဘူး။ ပြုံးပါ..မလေး။ မလေး ပြံုးရင် တလောကလုံးလှပသွားတာကြောင့် လောကကြီးလှဖို့ မလေး ပြံုးပါ။ကျွန်တော် မလေးကိုချစ်တယ်။ မလေးကို လက်ထပ်ချင်တယ်။ ကျွန်တော် ဘယ်နေရာကိုပဲရောက်ရောက် မလေးအတွက် ချယ်ရီတွေ နှစ်တိုင်းပေးမှာပါ။ ကျွန်တော် ကတိပေးပါတယ်။
မလေး သိအောင် ကျွန်တော်ထပ်ပြောချင်တယ်။ မလေး ကိုကျွန်တော်ချစ်တယ်။
မလေး ချမ်းမြေ့ပါစေ။
မေတ္တာများစွာဖြင့်
စည္သူ
စာကိုဖတ်ပြီး အို..ဘယ်လိုလူပါလိမ့်လို့တွေးမိတယ်။ ကျွန်မထက် ငယ်တဲ့ ကောင်လေးတစ်ယောက်ဆီက ရည်းစားစကား ၊ ရည်းစားစာရဖူးတာ ဒီတစ်ခါပဲရှိဖူးတယ်။
ကိုယ့်ထက်ငယ်တဲ့ ကောင်လေးတစ်ယောက်က ဒီလို အတင့်ရဲစွာ ဒီလိုစာမျိုး ပေးတာကိုလည်း အံံ့သြခဲ့မိတယ်။
မခင်သက်ထားအရှေ့မှာ စာကိုဖတ်နေတာကြောင့် စာထဲက မလေးကိုချစ်တယ် မလေးကိုလက်ထပ်ချင်တယ် ဆိုတဲ့ စာကြောင်းလေးတွေကိုဖတ်နေခိုက်မှာ ကျွန်မ ရှက်သွားခဲ့တယ်။အသားညိုညို၊ မျက်နှာထားမှုန်တည်တည် နဲ့ ဆံပင်တွေတိုကပ်နေတဲ့ ကောင်လေးတစ်ယောက်ရုပ်သွင်ကို မျက်စိထဲပြန်မြင်မိပါတယ်။ ကျွန်မထက် ၂ နှစ်ကျော် ၃ နှစ်လောက် ငယ်ပုံရတဲ့ ကောင်လေးတစ်ယောက် အခုချိန်ဆို အရာရှိတစ်ယောက်အဖြစ် တည်ငြိမ်ရင့်ကျက်စွာ ပေးအပ်တဲ့တာဝန်တွေကို ထမ်းဆောင်နေရှာပြီပေ့ါ လို့လည်း တစိမ်းယောကျ်ားတစ်ဦးအကြောင်း ပထမဦးဆုံးအကြိမ်အနေနဲ့ တွေးမိလေခြင်းပါ။
ကျွန်မလည်း မဟာသိပ္ပံဘွဲ့အတန်းကို ပြီးဆုံးသွားတာကြောင့် မိဘများရှိရာ မြို့လေးက ကျောင်းမှာပဲ အလုပ်ပြန်လျှောက်ကာ ဆရာမတစ်ယောက်ဖြစ်ခဲ့ပါတယ်။
မခင်သက်ထားဆီမှ တဆင့် ကျွန်မဆီကို စာလေးတစ်စောင်ရောက်လာပြန်ပါတယ်။
မေလး..
ဒီစာကိုမလေးဖတ်နေချိန်မှာ မောင် ကရှေ့တန်းတစ်နေရာမှာပါ။ နေ့တွေ ညတွေဆက်တိုက် အလင်းရောင်မရှိတဲ့ မှောင်မိုက်နေတဲ့ တောထဲမှာ လမ်းလျှောက်နေရရင်း ကြည်နူးစရာမရှိတဲ့ ဘဝမှာတောပန်းလေးတွေကို မြင်မိတိုင်း မလေးကိုလွမ်းလှပါတယ်။ မလေးပန်ဖို့ ပန်းလေးတွေ ခူးပေးချင်နေတယ်။ မလေး ကို မောင် သိပ်ချစ်တယ်။ မောင့်ဘဝလမ်းကြမ်းထဲကို လိုက်ခဲ့ပါ လို့ မခေါ်ရက်ပေမယ့် မလေးမပါဘဲ မောင့်ဘဝလမ်းကိုဆက်မလျှောက်နိုင်တော့ဘူး မလေးရယ်။ မလေးကို မောင် လက်ထပ်ရမှဖြစ်မယ်။
မလေး ချမ်းမြေ့ပါစေ။
မောင်
အလို..ဘုရားရေ။ သူ့ကိုယ်သူ မောင် ဆိုပါလား။
ကျွန်မ အံ့သြရင်ခုန်စွာ နဲ့ ရယ်လည်းရယ်ချင်မိတာကြောင့် သူ့ကိုယ်သူ မောင် ဆိုတဲ့ စည်သူ ဆိုတဲ့ကောင်လေးရဲ့ စာကိုဖတ်ပြီး ပြုံးမိပါတယ်။
စနေနေ့ ကျောင်းပိတ်ရက် နေ့လည်ခင်းမှာ မခင်သက်ထားဆီကနေ ဖုန်းလာပါတယ်။
"လေးရေ..လေးကိုတွေ့ချင်တဲ့ ကောင်လေးတစ်ယောက် မခင်သက်ကိုအပူကပ်နေလို့ လေးမလာရင် သူကိုယ်တိုင် လေးဆီ လာတော့မယ်။ တော်ကြာ အဖိုးကြီးနဲ့ တွေ့သွားရင် မလွယ်ဘူး ။ လေး မခင်သက်ဆိုင်ကို လာခဲ့ပါလား"
မခင်သက်ထားဆီက ဖုန်းကိုချအပြီးမှာ ကျွန်မ ရင်ထဲ ထိတ်ကနဲ ခုန်သွားပါတယ်။ ဒီကောင်လေး သိပ်အတင့်ရဲလွန်းလှတယ် လို့ တွေးရင်း မေမေ့ကို ဘယ်လိုပြောကာ အိမ်ကနေ ထွက်ရမယ် ဆိုတာ စဉ်းစားမိပြန်ပါတယ်။
ဘဝမှာ ပထမဦးဆုံးအကြိမ်အနေနဲ့ မေမေ့ကို ညာဖြစ်တော့မှာပါလား။
"မေမေ..မခင်သက် ကဆိုင်မှာ ဆွယ်တာဒီဇိုင်းအသစ်တွေ တင်ထားလို့ သမီးကိုခေါ်နေတယ်။သမီး သွားလိုက်ဦးမယ်နော်..မေမေ"
မေမေက "အေး..သွားလေ သမီး...ဖေဖေကလည်း ဂေါက်ကွင်းကို ဦးလှကြိုင်ကားကိုခေါ်သွားတယ် ။ သမီးသွားရင် ဦးဘမောင် အိမ်နောက်မှာ ရှိမလား မသိဘူး။ ဦးဘမောင် ပဲခေါ်သွားလိုက်လေ"
"နေပါစေ..မေမေ။ သမီးဘာသာ မောင်းသွားလိုက်မယ်နော်။ စိတ်မပူပါနဲ့ မေမေ။ သမီးဖြေးဖြေးပဲမောင်းမှာပါ"
မေမေ့ဆီက ခွင့်ပြုချက်ရပြီး ကျွန်မလည်း အဝတ်လဲကာ ကိုယ့်ကိုယ်ကို နည်းနည်းပါးပါး ပြင်ဆင်ပြီး မခင်သက်ထားရဲ့ ဆိုင်ကို ထွက်လာပါတယ်။
ကျွန်မကို မြင်တာနဲ့ မခင်သက်ထားက အပြုံးနဲ့ကြိုပြီး ဆိုင်အတွင်းဘက် အခန်းကို ခေါ်သွားပါတယ်။ ဆိုင်အတွင်းဖက် ဧည့့််ခန်းကျဉ်းလေးမှာ သူ ရယ်လေ။ ကျွန်မကိုမြင်တာနဲ့ သူ့လက်ထဲချယ်ရီခက်ကို လှမ်းပေးပြီး ကျွန်မမျက်နှာကို မျက်တောင်မခတ်တမ်းကြည့်နေတော့တာပါပဲ။
"ကဲ..စကားပြောကြဦးနော်။ မခင်သက် ဆိုင်ရှေ့မှာ ရောင်းလိုက်ဦးမယ် " ဟုဆိုကာ မခင်သက်ထားက ပြန်ထွက်သွားတော့ သူ နဲ့ ကျွန်မ နှစ်ယောက်သာ ဧည့်ခန်းကျဉ်းလေးထဲ ကျန်ရစ်တယ်။ သူ့အကြည့်တွေကြောင့်ရှက်ရွံ့စွာနဲ့ပဲ ဆက်တီခုံတစ်လုံးမှာ ဝင်ထိုင်မိတယ်။ သူ ပေးတဲ့ချယ်ရီပန်းခက်လေးကိုပဲ အကြောင်းမဲ့ ငုံံကြည့်နေမိတယ်။
ကျွန်မကို စိုက်ကြည့်နေတဲ့ သူ့ကြောင့် အနေရခက်စွာ ယောင်ရမ်းပြီး ကျောဘက်ကဆံပင်တွေကို ပခုံးပေါ်ကို အသာယူချမိတော့
"မလေး ဆံပင်တွေက သိပ်လှတာပဲနော်။ ကျွန်တော် မလေး ဆံပင်တွေကို ကိုင်ကြည့်ချင်တယ်"
လို့ ပြောပါတယ်။
ကျွန်မ ပိုလို့ ရှက်စိတ်ဖြစ်သွားရပြီး
"အို..မရပါဘူး" လို့ ပြန်ပြောမိတယ်။
သူက ခပ်ဟဟရယ်ပြီး -ဟုတ်ပါပြီဗျာ။ သိပ်လည်းမကြောက်ပါနဲ့ ။ မလေးကြည့်ရတာ ကျွန်တော့်ကို ကြောက်နေသလိုပဲ - လို့ ပြောပါတယ်။
"မကြောက်ပါဘူး။ ကိုယ့်ထက် ငယ်တဲ့ကောင်လေးကိုကြောက်ရမှာလား"
လို့ ခပ်စွာစွာပြန်ပြောမိတယ်။
" အင်းနော်..ဆရာမကြီးက ကျွန်တော့်လို ချာတိတ်လေးကို ဘယ်ကြောက်ပါ့မလဲ။ မလေးကို ကျွန်တော်စိတ်မချဘူးဗျာ။ မလေးစာသင်နေတဲ့ ကျောင်းသားတွေ မလေးကိုကြည့်နေမှာ ကျွန်တော်မကြိုက်ဘူး။ ကျွန်တော့်မလေး ကို ဘယ်သူမှ မကြည့်ရဘူးဗျာ"
"အိုး..ဘာဖြစ်လို့လဲ။ မလေး တပည့်လေးတွေက သူ့ ညီလေးတွေပဲကို"
ကျွန်မ ကသူ့ ဝန်တိုစိတ်ကို အံ့သြစွာပြန်ပြောမိတယ်။
"ဟုတ်ပါပြီဗျာ..မလေးကို ကျွန်တော်ယုံတယ်။ မလေး ကျွန်တော် အခု လားရှိုးတပ်ဆွယ်မှာ။ မလေးကို ချယ်ရီပန်းပေးချင်လွန်းလို့ စနေ တနင်္ဂနွေ ဒီကို လာတာ။ မနက်ဖြန် ကျွန်တော် ပြန်တော့မယ်။ မနက်ဖြန် မနက် ၁၀ နာရီ ကျောက်တောင်ဘုရားကို လာခဲ့ပါလား..မလေး။ ကျွန်တော် မလေးနဲ့ အတူ ဘုရားဖူးချင်လို့ပါ-
သူ့စကားကြောင့် ကျွန်မတွေသွားရပါတယ်။ မနက်ဖြန် တနင်္ဂနွေနေ့မို့ ဖေဖေကဂေါက်ကွင်းကိုသွားမှာသေချာပေမယ့် မေမေ့ကို ဘယ်လိုပြောရပါမလဲ လို့ ကျွန်မ စိတ်ထဲအပြေးအလွှားတွေးနေမိတယ်။
"မလေး လာမှာပါနော်။ ကျွန်တော့်ကို မလေး မရက်စက်ပါဘူးနော်"လို့ တောင်းပန်တိုးလျှိုးသလိုမျိုး သူ့အပြောကြောင့် ကျွန်မ ခေါင်းကို အသာညိတ်ပြလိုက်မိတယ်။
"မလေး ပြန်တော့မယ်။ သိပ်ကြာနေရင် မေမေ စိတ်ပူနေလိမ့်မယ်" လို့ ကျွန်မပြောတော့
"ကောင်းပါပြီဗျာ။ ကျွန်တော့်ကို အခုလို လာတွေ့တာ ကျေးဇူးတင်ပါတယ်။ မလေးကို မောင် သိပ်ချစ်တယ်"
လို့ ပြောပါတယ်။
စကားအကောင်းပြောနေရင်းက သူ့ကိုယ်သူ မောင်လို့ ပြောတဲ့ သူ့ကို မျက်စောင်းထိုးပြီး ထွက်လာခဲ့မိတယ်။
အိမ်ကိုပြန်ရောက်တော့ မေမေ့ကို အကုန်လုံးအမှန်တိုင်းဖွင့်ပြောမိပြီး မနက်ဖြန်မနက်မှာ ကျောက်တောင်ဘုရားကိုသွားချင်ကြောင်းပြောပြမိတယ်။
မေမေက ကျွန်မခေါင်းကိုအသာအယာ သပ်ပြီး
"အင်းလေ..သမီးလည်း ငယ်တော့တာမှမဟုတ်ဘဲ။ အကောင်းအဆိုး အကြောင်းအကျိုးကို ဝေဖန်ပိုင်းခြားတတ်တဲ့ ဦးနှောက်ရှိတာပဲ။ လက်ထောက်ကထိကကြီးတစ်ယောက်တောင်ြဖစ်နေပြီးမှ ခုချိန်ထိ မေမေ့ကို ဘာမဆို ဖွင့်ဟပြောတတ်တဲ့ သမီးကို မေမေ စိတ်ချပါတယ်။ သမီး ရင်ထဲမှာ ဒီသူငယ်ကိုတကယ်မေတ္တာရှိတယ်ဆိုရင် မေမေ မကန့်ကွက်ပါဘူး။ သမီးဖေဖေကတော့ သိတဲ့အတိုင်းပဲ..သူ မသိတာက ပိုကောင်းမယ်။ သိရင် အလကား စိတ်တို ဒေါသကြီးနေဦးမယ်" လို့ ပြောပါတယ်။
မေမေ့ဆန္ဒအတိုင်း ဦးဘမောင်ကို ကားမောင်းဖို့ ခေါ်လာခဲ့မိတယ်။ တစ်ယောက်တည်းသွားမှာကို မေမေ စိတ်မချဘူး တဲ့လေ။
ဘုရားတည်ရှိရာ တောင်ပေါ်ကို လှေကားထစ်လေးတွေ အတိုင်းတက်ရင်း ရင်ခုန်စိတ်လှုပ်ရှားနေမိတယ်။
"မလေး လာတယ်နော်။ ဝမ်းသာလိုက်တာဗျာ။ လှလိုက်တာ မလေးရယ်။ ကျက်သရေရှိလိုက်တာဗျာ။ အလှဆုံးမိန်းကလေးပါပဲဗျာ" ကျွန်မကို မြင်မြင်ချင်းပဲ မျက်လုံးလေးတွေအရောင်လက်ပြီး ပြောတယ်။
သူ့လက်ထဲက ချယ်ရီပန်းခက်တွေကို ကျွန်မကို လှမ်းပေးတော့ အသာလှမ်းယူပြီး ဘုရားကိုကပ်လှုလိုက်တယ်။
ကျွန်မဘုရားရှိခိုးဖို့ ထိုင်တော့ သူလည်း ဘေးမှာ ထိုင်ပြီး ကျွန်မ ဘုရားရှိခိုးတာကို ထိုင်ကြည့်နေတော့တယ်။
ကျွန်မ ဘုရားရှိခိုးပြီးတော့ ကျွန်မလက်တစ်ဖက်ကို သူက ဆွဲယူဆုပ်ကိုင်ထားပြီး
"မလေး ကိုမောင် သိပ်ချစ်တယ်" လို့ပြောပါတယ်။
ကျွန်မကအနေရခက်စွာ ရှက်မိပြီး
"အိုး..ဘုရားရှေ့မှာ..လက်ကိုလွှတ်ပါ" လို့ ပြောမိတယ်။
"ဘုရားရှေ့မှာကိုပြောချင်လို့ တမင် ဒီကို ချိန်းတာပေ့ါဗျ။ ဘုရားမှာ သစ္စာဆိုချင်လို့။ မလေး ကို မောင် သိပ်ချစ်တယ်။ မလေးကလည်း မောင့်ကို သိပ်ချစ်တယ် လို့ ပြောပါ"
"အံမာ...မပြောပါဘူး။ ဘာလို့ပြောရမှာလဲ"
"မလေး...မညစ်နဲ့နော်။ မလေး မောင့်ကိုချစ်ပါတယ်။ မညာပါနဲ့။ မလေး မောင့်ဆီကို လာတွေ့တည်းက မလေး မောင့်ကို ချစ်လို့ပေ့ါ"
ကျွန်မ ရှက်စိတ်နဲ့ "မသိဘူး" လို့ ပြောလိုက်မိတယ်။
"ပြန်တော့မယ်" ဆိုပြီး ထရပ်လိုက်တဲ့ ကျွန်မကို မတားဘဲ လှေကားထစ်တွေကနေ ကျွန်မ အပြေးတပိုင်းဆင်းလာတော့ နောက်ကနေ
"မလေးကို မောင် သိပ်ချစ်တယ် ဗျိုး" လို့ လှမ်းအော်ပြောနေတယ်။
အဲဒီနောက်မှာ ကျွန်မဆီကို မခင်သက်ထားဆီကနေ တဆင့် စာလေးတွေ မကြာခဏရောက် ရောက်လာတတ်ပါတယ်။
နောက်တန်းပြန်ရောက်နေချိန်မို့ ကျွန်မအတွက် ကဗျာလေးတွေ ဖွဲ့ဆိုရေးပေးတတ်တဲ့ သူ့စာလေးတွေဖတ်တိုင်း ရင်ခုန်လှိုက်မောမိပါတယ်။
သူ့အတွက် ကျွန်မ ကဗျာလေးတွေရေးပြီး စာပြန်ခဲ့ပါတယ်။
မေလး
မလေးကို မောင်လွမ်းလှပြီ။ မလေးကို မောင်လက်ထပ်ချင်တယ်။
ဒီနှစ်ချယ်ရီပွင့်ချိန်မလေးဆီ မောင်အရောက်လာပြီး တစခါတည်းခေါ်သွားချင်ပြီ။ မလေး ပြောပါဦး။ မောင် လက်ထပ်ခွင့်တင်လိုက်တော့မယ် နော်။ မလေး မောင့်နောက်လိုက်မှာ မလား။ မလေး မရှိဘဲ မောင့်တစ်ယောက်တည်းတော့မဖြစ်တော့ဘူး..မလေးရယ်။ မလေးကိုလွမ်းတိုင်း မလေးမကြိုက်တဲ့ အရက်တွေ မောင်သောက်နေမိတယ်။ မလေးမကြိုက်တဲ့ စီးကရက်တွေ သောက်နေမိတယ်။ မောင်လူလိမ္မာလေးဖြစ်ဖို့ မောင့်နံဘေးမှာ မလေးရှိနေမှဖြစ်မယ်။ မလေး ဆီက ခွင့်ပြုချက်ရရင် မောင် လက်ထပ်ခွင့်တင်လိုက်ချင်ပြီ။ မောင် သိပ်ချစ်တဲ့ မလေးရယ်...မလေးကို မောင့်ရင်ခွင်ထဲမှာ အမြဲထားချင်တယ်။
ချယ်ရီတွေ ပွင့်တော့မယ်နော်..မလေး။ မောင် အရောက်လာခဲ့ဦးမယ်။
သိပ္ခ်စ္တဲ့
မောင်
ချယ်ရီတွေ ပွင့်တဲ့ ဒီဇင်ဘာတစ်ရက်မှာတော့ ကျွန်မဆီသူ ရောက်လာပါတယ်။
စနေ နေ့မို့ ဖေဖေကတော့ ထုံးစံအတိုင်းဂေါက်ကွင်းမှာပါ။
အိမ်မှာ မေမေ နဲ့ မလေးပဲ ရှိနေခဲ့တယ်။ မေမေက ဘုရားခန်းထဲမှာ တရားထိုင်နေတယ်။
ဖုန်းမြည်တာကြောင့် ကျွန်မ ဖုန်းပြန်ထူးလိုက်တော့
"မလေးစံပါယ် ပါလားခင်ဗျာ..မလေးစံပါယ်ကို မောင်စည်သူ တစ်ယောက် မလေးစံပါယ်တို့ ခြံထိပ်က ထင်းရူးပင်အောက်မှာ စောင့်နေပါတယ်။ အခုပဲ သွားထွက်တွေ့လိုက်ပါ..မလေးစံပါယ် ခင်ဗျာ" ဆိုတဲ့ တစိမ်းယောက်ျားသံကိုကြားရပါတယ်။
ကျွန်မလည်း ဖုန်းကိုချပြီး စိုးထိတ်ရင်ခုန်စွာ ခြံထဲပြေးဆင်းလာပြီး ခြံထိပ်ကို ခပ်သွက်သွက် လှမ်းလျှောက်မိတယ်။
ကျွန်မအလာကို မမှိတ်မသုန်ကြည့်နေတဲ့ သူ...
နည်းနည်းပိုပိန်သွားသလိုနဲ့ မျက်လုံးတွေချောင်နေပြီး မလန်းတဲ့မျက်နှာမှာ ကျွန်မကိုတွေ့တော့ အပြုံးတွေဆင်ထားတယ်လေ။
သူ့လက်ထဲက ချယ်ရီပန်းခက်ကို ကျွန်မကလှမ်းယူလိုက်ပြီး ကျစ်ဆံမြီးကျစ်ထားတဲ့ ဆံပင်ကြားမှာ ထိုးပြီး ပန်လိုက်ပါတယ်။
"လှလိုက်တာ ..မလေးရယ်။ မောင် သိပ်ချစ်တဲ့ မလေးရယ်.."
ကျွန်မကို ကြည့်ပြီး တိုးတိုးလေးပြောတဲ့ သူ့စကားကို ကျွန်မကြည်နူးမိရင်း ခပ်ဖွဖွရယ်မိတယ်။
"မလေး..မောင့်နောက်ကိုလိုက်ခဲ့မယ်မလား။ မောင်အခု မိထ္တီလာ ခလရ မှာ။ မောင် ရှမ်းပြည်မြောက်ပိုင်းဘက်ကို မကြာခင် ရှေ့တန်းထွက်ရမယ်။ မောင် ရှေ့တန်းကပြန်လာရင် မလေး ကိုလက်ထပ်ချင်ပြီ။ မလေး ပြောပါဦး"
သူ့အလောသုံးဆယ် စကားကြောင့် ကျွန်မ ထိတ်လန့်သလိုဖြစ်သွားပြီး
"အို..ဖေဖေ့ကို အသိမပေးရသေးဘူး။ ပြီးတော့ မလေး မေမေ နဲ့ ဖေဖေကို မထားခဲ့နိုင်ဘူး။ မလေး မရှိရင် မေမေ နဲ့ ဖေဖေ ၂ယောက်တည်း ဒီမှာ..မလေးမတွေးရဲသေးဘူး" လို့ ပြောဖြစ်တယ်။
သူ့မျက်နှာ ညှိုးသွားပြီး
"မလေးရယ်" လို့ တစ်ခွန်းပဲ ပြောပါတယ်။
"မောင် မလေး ကိုအမြဲလွမ်းနေပါ့မယ်" လို့ပြောပြီး ပြန်လှည့်ထွက်သွားတဲ့ သူ့နောက်ကျောကို ငေးကြည့်ရင်း ကျွန်မပါးပေါ်ကိုမျက်ရည်တွေ စီးကျလာပြီး ကျွန်မ ဝမ်းပမ်းတနည်း ရှိုက်ငိုမိပါတယ်။
ထင်းရူးပင်ကိုကျောမီထားပြီး ငိုနေမိတဲ့ ကျွန်မအနားကို သူ ပြန်ရောက်လာပြီး
"မငိုပါနဲ့ မလေးရယ်။ မလေး ငိုရင် မောင့်ရင်ထဲမှာမုန်တိုင်းထန်နေသလိုပါပဲ။ ပြုံးပါ မလေးရယ်။ မလေးပြံုးရင် တလောကလုံးလှသွားတာကြောင့် လောကကြီးလှနေအောင် မလေးပြံုးပါဗျာ"
ကျွန်မ ပါးပေါ်ကမျက်ရည်တွေကို သူ့ ဂျာကင်အိတ်ထဲက လက်ကိုင်ပုဝါကိုထုတ်ကာ သုတ်ပေးပြီး ပြောတဲ့ သူ့စကားတွေကြောင့် ကျွန်မ သူ့ကို ပြုံးပြမိပါတယ်။ ရင်ထဲမှာမချိဘဲ ပြံုးရသလို သူ့မျက်လုံးတွေမှာလည်း မျက်ရည်တွေရစ်ဝဲနေတာကို ကျွန်မ မြင်ခဲ့ရပါတယ်။
ကျွန်မကို နှုတ်ဆက်ပြီး သူ ပြန်သွားတော့ ကျွန်မရင်ထဲမှာ လစ်ဟာနေသလို ခံစားရပါတယ်။
သူ့ကို စိတ်ချမ်းသာစေချင်တယ်။ ဒါပေမယ့် လည်း ကျွန်မ မေမေနဲ့ ဖေဖေ့ကို ခွဲပြီး မထားသွားနိုင်ဘူး။ မေမေ နဲ့ ဖေဖေ ကို ကျွန်မမရှိရင် ဘယ်သူ ပြုစုပါမလဲ လို့ တွေးပူမိပြန်တယ်။ သူ့ကို ချစ်တဲ့ စိတ်ကတစ်ဖက်၊ မေမေနဲ့ ဖေဖေကို ပူပန်စိတ်တစ်ဖက်နဲ့ ကျွန်မရဲ့ နေ့တွေ ၊ ညတွေမှာ သောကများသာကြီးစိုးခဲ့ပါတယ်။
တစ်ညနေမှာတော့ ကျွန်မ ကျောင်းကပြန်ရောက်ချိန်မှာပဲ မခင်သက်ထား တစ်ယောက် အိမ်ကိုရောက်လာပါတယ်။ မျက်နှာလည်း မကောင်းလှစွာနဲ့ ကျွန်မ နဲ့ အတူ ကျွန်မ အိပ်ခန်းထဲကိ ု လိုက်ဝင်လာပြီး အိပ်ခန်းထဲရောက်တော့
"လေး..သူ ကျသွားပြီ" လို့ စိတ်ထိခိုက်ဟန်နဲ့ပြောပါတယ်။
ကျွန်မခေါင်းထဲမှာ မိုက်ကနဲ ဖြစ်သွားပြီး
"ဘာရယ်...မဟုတ်ဘူး...မဟုတ်ဘူး " လို့ခေါင်းတွင်တွင်ခါရင်းတတွတ်တွတ်ပြောမိတယ်။
"ငိုလိုက်ပါ..လေးရယ်။ လေး ငို လိုက်ပါ"
မခင်သက်က ကျွန်မပခုံးနှစ်ဖက်ကို ဆွဲယူကိုင်ကာ သူု့ကိုမှီကာ ကျွန်မကို ငိုစေတယ်လေ။ ကမ္ဘာကြီးပျက်သွားသလို ခံစားချက်မျိုးနဲ့ ကျွန်မ ဘဝ ကျွန်မနေ့တွေ ၊ ညတွေ မှာ မျက်ရည်တွေသာ ရှိနေပါတော့တယ်။
သူ စိတ်မကောင်းဖြစ်အောင် ကျွန်မ လုပ်ခဲ့မိတယ်။ သူ ဝမ်းနည်းအောင် ကျွန်မ လုပ်ခဲ့မိတယ်လေ။ အခုတော့ သူ ကျွန်မကြောင့်မပျော်ရဘဲ ဒီလိုမျိုးနဲ့ သူ့ဘဝလေးတစ်ခု အဆုံးသတ်သွားခဲ့ပြီ။
-မောင် ၁၆ နှစ်သား ဆယ်တန်းအောင်ပြီး ကျောင်းကိုစရောက်လာတည်းက မောင့်ဘဝ၊ မောင့်အသက်ကို တိုင်းပြည်အတွက် ပေးထားပြီးသားပါ မလေး..မလေးကိုတွေ့တော့
မောင့်ဘဝ မောင့်အသက်ကို မလေးအတွက်ပေးချင်လာတယ်။ ဒါပေမယ့် မောင့်အတွက် တိုင်းပြည်တာဝန်ဟာ ပထမပါ။ မောင့်မလေးကို ဒုတိယနေရာထားလိုက်ရပေမယ့် မောင့် မလေး နားလည်ကျေနပ်မှာပါ လို့ မောင်ထင်တယ်- လို့ ပြောခဲ့ဖူးတဲ့ သူ့စကားတွေကိုပြနကြားယောင်ရင်း သူ့အတွက် ဂုဏ်ယူမိကာ မလေး မငိုတော့ဘူး..မောင်။
မလေး ကိုစိတ်ချပါမောင်။ မောင့်မလေးဟာ မောင့်လိုပဲ သတ္တိကောင်းသူတစ်ယောက်ဖြစ်စေရမှာပါ လို့ မောင့်အတွက် ရည်စူးကာ ဘုန်းကြီးဆွမ်းကပ်ပြီး အမျှဝေကာ ခပ်တိုးတိုးလေး ကတိစကားတွေဆိုမိခဲ့တယ်။
ရက်တွေ လတွေ ပြောင်းလာခဲ့ပြီး ၂ နှစ်ဆိုတဲ့အချိန်ကာလတစ်ခုကို လွန်ဖြတ်လာခဲ့ပါပြီ။
ဖေဖေ အလုပ်တာဝန်နဲ့ ရန်ကုန်ကိုသွားရတော့ ကျွန်မ ကျောင်းပိတ်ရက်နဲ့ တိုက်ဆိုင်နေတာကြောင့် မေမေ နဲ့ ကျွန်မပါ လိုက်သွားဖြစ်ပြီး မိတ်ဆွေ များထံအလည်ရောက်ခဲ့ပါတယ်။ ရန်ကုန် ပြည် လမ်းပေါ်က မှော်ဘီမြို့နယ်ဘက်ကို မေမေ့ တူမတစ်ယောက်ကို သွားရှာရင်း ရောက်ခဲ့ပါတယ်။ အမှတ်(၁) ရှမ်းသေနတ်ကိုင်တပ်ရင်း ဆိုင်းဘုတ်ကိုမြင်တော့ မေမေက
"ဟယ်..ဒီတပ်ကိုဝင်ရအောင်။ ဒီမှာ မပြုံးသမီးအကြီး ယောကျ်ား တပ်ရင်းမှုးလို့ ပြောတယ်။ ဝင်းဝင်းရှိမယ်ထင်တယ်။ ကလေးတွေ တောင်အတော်ကြီးလောက်ရောပေ့ါ " ဆိုကာ ကားဒရိုင်ဘာကို တပ်ထဲကို ဝင်လိုက်စေပါတယ်။ မဝင်းဝင်းတို့ ဝန်ထမ်းအိမ်က လမ်းနံဘေးမှာတင်ရှိတာမို့ ရှာရတာ လွယ်ကူပါတယ်။
အရင်ကထက်ပိုလို့ ၀ဖိုင့်နေတဲ့ မဝင်းဝင်းက ကျွန်မတို့ကိုမြင်တော့ အံ့သြဝမ်းသာပြီး ဧည့်ဝတ်ပြု ပါတယ်။
မေမေ နဲ့ မဝင်းဝင်းတို့ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောနေကြစဉ်မှာပဲ ကျွန်မ က ဓါတ်ပုံအယ်လ်ဘမ်တွေလှန်ကြည့်နေမိတယ်။
ရှေ့တန်းပြန်ကြိုကြတဲ့ပုံတွေကို မြင်တော့ဓါတ်ပုံထဲက မျက်နှာတွေနဲ့ အတူ ကျွန်မ ပြုံးမိတယ်။
ဓါတ်ပုံ တစ်ပုံ ကိုကျွန်မ မြင်တော့ အံ့သြသွားတယ်။ မင်္ဂလာဒုံအရိုးကုတပ်အဆောက်အဦးတေွ နောက်ခံမှာ ဘီးတပ်ကုလားထိုင်ပေါ်မှာ ထိုင်နေတဲ့ ခြေတစ်ဖက် မရှိသူ...သူ ...နဲ့ မဝင်းဝင်းတို့ မိသားစု မိတ်ဆွေတွေ ဓါတ်ပုံ။
အို..ဘုရား..ဘုရား။
ကျွန်မ ကတုန်ကယင်ဖြစ်ပြီး
"မမဝင်း..သူ..သူ..စည်သူ မဟုတ်လားဟင်..သူ ကျသွားပြီဆို ..သူမရှိတော့ဘူး ဆို"
လို့ မေးမိတယ်။
မဝင်းဝင်းက "ဟုတ်တယ်။ မလေး ..သူ့နာမည်က ဗိုလ်ကြီးစည်သူ...ရှမ်းပြည်မြောက်ပိုင်းရှေ့တန်းမှာ မိုင်းထိလို့ ခြေတစ်ဖက်ဖြတ်လိုက်ရတယ်လေ။ သူ မကျသွားပါဘူး။ မလေး နဲ့ သိလို့လား"
လို့ ပြောတယ်။
"အိုး..ဘုရား ..ဘုရား..အခု သူ ဘယ်မှာလဲ ဟင်..မမဝင်းသိလား.သူ အခု ဘယ်မှာလဲ ဟင်"
ကျွန်မ ရဲ့ပျက်ယွင်းနေတဲ့အမူအရာတွေကြောင့် မဝင်းဝင်းက အံ့အားသင့်ဟန်ဖြစ်သွားပြီး
"သူ..အခု သူ့ရွာလေးမှာလေ။ သူ့ရွာကိုပြန်သွားတယ်။ သူ့ကို နိုင်ငံတော်က စည်ပင်မှာ အလုပ်ရာထူးပြန်ပေးပေမယ့် သူ မယူတော့ဘူးလေ။ သူ့ရွာလေးမှာပဲ ကလေးတွေကို စာသင်တဲ့ ကျောင်းဆရာ လုပ်တော့မယ် ဆိုပြီး သူ့ရွာကိုပြန်သွားတာ" လို့ ပြောပါတယ်။
-အို-
မေမေ နဲ့ ဖေဖေကိုခွင့်တောင်းပြီးဖေဖေ ရန်ကုန်မှာ အစည်းအဝေးပြီးတဲ့ရက်တွေထိ ကျွန်မ မစောင့်နိုင်တော့ဘဲ သူ့ရွာလေး ရှိရာ ရန်ကုန် မန္တလေးလမ်းပေါ်က မြို့လေးနဲ့ ၅ မိုင်အကွာက ရွာလေးကို သွားခဲ့ပါတယ်။
ရွာအဝင်မှာ ထန်းတောနဲ့အတူ ကြာပန်းတွေပွင့်နေတဲ့ ရေကန်ကြီးတစ်ခုကိုတွေ့ပါတယ်။ သူ ပြောဖူးတဲ့ မလေး အတွက်ကြာဆစ်ရိုးဆွဲကြိုးလေးတွေ လုပ်ပေးချင်တယ် ဆိုတဲ့ သူ့ရွာလေးက ရေကန်ပါလား လို့ အမှတ်ရမိပြန်တယ်။
ဘုန်းကြီးကျောင်းရှိရာကို မေးမြန်းသွားပြီး ဆရာတော်ကို ဦးချကာ ဒီရွာက မူလတန်းကျောင်းလေး ရှိရာကို မေးမိပါတယ်။ သူ့ နာမည်ကိုမေးကာ တွေ့ချင်ကြောင်း ဆရာတော်ကို လျှောက်လိုက်တယ်။
ဆရာတော်က ကပ္ပိယကို ကျွန်မတို့ကားနဲ့ ထည့်ပေးလိုက်ပြီး လမ်းပြစေပါတယ်။ ဖုန်တွေထောင်းထောင်းထနေတဲ့ လှည်းလမ်း အလွန်မှာတော့ မူလတန်းကျောင်းဆိုတဲ့ တဲတန်းရှည် တစ်ခုကိုတွေ့ပါတယ်။
ကလေးတွေရဲ့ စာအံသံကို နားဝင်ပီလှစွာကြားရပြီး ကျောင်းရှေ့ ကားရပ်လိုက်ပြီး ခဏမှာ ကားသံကြောင့်ကလေးတွေ အပြင်ကိုလှည့်ကြည့်နေကြပြီး ခဏနေတော့
သူ..သူ ရယ်လေ...ချိုင်းထောက်ကို အားပြုကာ လမ်းလျှောက်ထွက်လာပြီး ကားပေါ်ကဆင်းလာတဲ့ ကျွန်မကို အတွေ့မှာ အံံ့သြရိပ်တွေ သူ့မျက်နှာပေါ်မှာ။
သူ့အနားကိုအမြန်လေးသွားပြီး သူ ခုံတန်းရှည်မှာထိုင်စေနိုင်ဖို့ ကူညီလိုက်ရင်း
"မောင်..ရက်စက်တယ်နော်..မောင် မလေးကို ညာတယ်။ မောင် ကျသွားပြီ လို့ မောင် မလေးကို ညာရက်ခဲ့တယ်။ မောင် သိပ်ရက်စက်တယ်နော် "လို့ တတွတ်တွတ်ပြောမိရင်း မျက်ရည်တွေလည်း စီးကျလာမိတယ်။
သူ့မျက်ဝန်းတွေမှာ မျက်ရည်တွေဝိုင်းနေပြီး
"မလေးရယ်..မောင့်ဘဝထဲ မလေးကိုလိုက်လာပါ လို့ မပြောရက်တော့ဘူးလေ။ အကောင်းပကတိဘဝနဲ့တောင် မောင့်ဘဝထဲ မလေး လိုက်မလာနေနိုင်တာ ခုလို မောင်ဒုက္ခတဘဝနဲ့ မလေး မောင့်ကို မြင်ရင် စိတ်ဆင်းရဲရုံပဲရှိမယ်လေ။ မောင် ချစ်တဲ့ မလေးကို မောင့်ကြောင့် စိတ်မဆင်းရဲစေချင်ဘူး။ မောင့်မလေး ပြုံးနေတာပဲ မောင် အမြဲဖြစ်စေချင်တယ်" လို့ ပြောပါတယ်။
"မောင် ညာတယ်။ မောင်ဆိုးတယ်။ အခု မလေး မောင့်ဘဝထဲလိုက်လာနေပြီ။ကဲ...မောင် ဘာပြောဦးမလဲ"
လို့ ကျွန်မအပြောကို သူက အံ့သြတုန်လှုပ်စွာ
"မလေးရယ်..ပြန်ပါ..မောင့်ဘဝထဲ မလေးကိုမခေါ်ရက်ဘူး။ ပြန်ပါနော်" လို့ ပြောတယ်။ အံကြိတ်ထားတဲ့ သူ့မျက်နှာ ဝမ်းနည်းရိပ်တွေနဲ့ ငိုချင်နေတယ် ဆိုတာ ကျွန်မ သိတယ်။
"မနှင်နဲ့ မောင်။ မလေး မောင့်ဘဝထဲကို လိုက်လာနေဖို့ ဆုံးဖြတ်ပြီးမှ လာခဲ့တာ..မေမေ နဲ့ ဖေဖေကိုလည်း ခွင့်တောင်းပြီးမှ လာခဲ့တာ..မလေး ကိုမနှင်ပါနဲ့။ မလေး မောင့်အနားကနေ ဘယ်ကိုမှ မသွားနိုင်ဘူး။ မလေး မောင့်ကို သိပ် လေးစားမြတ်နိုးပါတယ်..မောင်"
ကျွန်မစကားအဆုံးမှာ ကျွန်မလက်နှစ်ဖက်ကို ဆွဲယူကာ သူ့ရင်ဘတ်မှာ ကပ်ထားရင်း
"မလေးရယ်...မောင့် မလေးရယ်..မောင်ထင်တာထက်တောင် သတ္တိကောင်းပြီး ပြတ်သားလိုက်တာ မလေးရယ်...ပြုံးပါမလေး..မလေး ပြံုးရင် လောကကြီးလှသွားလို့ ပြံုးပါ..မလေး"
လို့ ပြောတဲ့ သူ့စကားအဆုံးမှာ ကျွန်မ လှိုက်လှိုက်လှဲလှဲ ပြုံးပြလိုက်တော့ သူလည်း ပြံုးပြီး မြင်ရခဲလှတဲ့ သူ့အပြံုးတွေထဲမှာ ဒီအပြံုးလောက် လှတဲ့အပြံုးမရှိတော့ပါဘူးလေ။
လောကကြီးလှနေတယ်နော်..မောင်။
(ဖြစ်ရပ်မှန်တစ်ခုအား အမည် ၊ နေရာများလွှဲကာ ရေးဖွဲ့ပါသည်။)
ဟနစံ
Labels:
ဝထ္ထု
Subscribe to:
Post Comments (Atom)
No comments:
Post a Comment