အမျိုးသမီး များအတွက် အလှအပ ဆိုင်ရာ ပစ္စည်းတွေ အတွက် ငွေကုန်ကြေးကျ ခံစရာ
မလိုဘဲ မီးဖိုချောင် ထဲမှာ ရှိတဲ့ ရေခဲသေတ္စ္တာ ထဲမှာ ရှိနေတာလေးတွေ နဲ့ ပဲ
အရေပြား အလှ ၊ ဆံပင်အလှ ထိန်းသိမ်းလို့ ရမယ် ဆိုတာ ကိုပြောပြချင်ပါတယ်။
ကမ္ဘာ ကျော်ရုပ်ရှင်မင်းသမီး ဟောလိဝုဒ် စတား ဂျုလီယာရောဘတ်စ် က သူ့ရဲ့
လှပတဲ့ အနီရောင် ဆံပင်တွေအတွက် သံပုရာ သီးအရည်
ကိုသုံးပါတယ်တဲ့။ နာမည်ကြီး ဂျက်ဇ် အဆိုတော် ဂျိုစီဖင်းဘိတ်ခ်ကာ ကလည်း
သူမရဲ့ ဆံပင်တွေကို ကြက်ဥနှစ် နဲ့ ပြုပြင်ထိန်းသိမ်းပါတယ်တဲ့။
ကဲ... အဲလိုဆိုရင် ဘာလို့ အချိန်ဆွဲနေကြဦးမလဲနော်။ ကျွန်မ တို့လည်း
သံပုရာ သီး၊ ကြက်ဥ ခေါင်းလျှော်ရည် လေး လုပ်လိုက်ကြရအောင်။
လိုအပ်တဲ့ပစ္စည်းတွေ ကတော့
ကြက်ဥ ၂ လုံး
ရေနွေး ၁ ခွက်
သံပုရာ သီး အရည် ဇွန်း တဝက်
ပြုလုပ်ရမှာကတော့
ကြက်ဥ ၊ ရေနွေး ၊ သံပုရာသီးအရည် အားလုံး ကိုရောမွှေပါ။ ပြီးတော့
ရေနွေးနွေးလေး နဲ့ ဆံပင်တွေကိုဆွတ်ပြီး ပြုလုပ်တားတဲ့ခေါင်းလျှော်ရည် နဲ့
ဆံပင်တွေကို ရော ၊ ဦးရေပြား အနှံ့ သုတ်လိမ်းပါ။ ပြီးလျှင် ပလပ်စတစ်
ရေချိုးဦးထုပ် plastic shower cap နဲ့ ၁၀ မိနစ်လောက်
အုပ်ဆောင်းထားပေးပါ။ အနွေးဓာတ်ထိန်းထားပေးတဲ့သဘောပါ။ အားလုံးပြီးရင်
ရေနွေးလေး နဲ့ခေါင်းလျှော် လိုက်ပေ့ါနော်။ မှန်မှန်သာ
ပြုလုပ်ခေါင်းလျှော်မယ် ဆိုရင် တောက်ပလှပတဲ့ ဆံပင်ပိုင်ရှင်လေး မကြာခင်မှာ
ဖြစ်လာတော့မှာပါ။
ခေါင်းလျှော်ရည် (shampoo) တော့ ပြုလုပ်ပြီးသွားပြီး။ ခုတစ်ခါ
ဆံပင်ပေါင်းတင်ဆေးလေး လုပ်ကြည့်ရအောင်။
ဆံပင်တွေဆေးဆိုးထားတဲ့သူတွေအတွက် အသင့်တော်ဆုံးပဲလေ။ ခြောက်သွေ့ပြီး ဓာတု
ပစ္စည်းတွေ နဲ့ ပြုပြင်ထားတဲ့ ဆံပင်တွေအတွက် ဗစ်တာမင်-အီး နဲ့ ပရိုတိန်း က
ပြန်လည်ပြုပြင်ဖို့အကောင်းဆုံးပါပဲ။
လိုအပ်တာတွေကတော့
ထောပတ်သီး တစ်ခြမ်း
သံလွင်ဆီ ၁ ဇွန်း
ကြက်ဥ ၁ လုံး
ပဲဖြစ်ပါတယ်။
ပြုလုပ်ရမှာကတော့
ထောပတ်သီးကိုကြေညက်အောင်ခြေပြီး သံလွင်ဆီ ၊ ကြက်ဥ တို့ နဲ့ရောမွှေပါ။
ပြီးလျှင် ဆံပင်တွေပေါ်ကိုသုတ်လိမ်းပါ။
အဖျား နှစ်ခွကွဲနေတဲ့ ဆံပင်အဖျားတွေကို သေသေချာချာလေး
သုတ်လိမ်းပေးဖို့မမေ့နဲ့နော်။ ပလပ်စတစ် ရှာဝါကက်ပ် လေး နဲ့ ၁၅ မိနစ်ကနေ
၂၀ မိနစ်ထိ ခေါင်းကို အုပ်ထားပြီးရင် ရေအေးနဲ့
ဆံပင်တွေကိုဆေးပြီးခေါင်းပြန်လျှော်လိုက်ပေ့ါနော်။
ခြောက်သွေ့ပြီး အဖျား နှစ်ခွကွဲနေတဲ့ ဆံပင်တွေ ပြန်ပြီး လှပ သန်စွမ်းလာပါလိမ့်မယ်။
ဆံပင်တွေအတွက်ပြီးရင် မျက်နှာပေါင်းတင်ဆေးလေး လုပ်ကြည့်ကြရအောင်။
နှစ်မျိုးတောင်လုပ်လို့ရတယ်။ ညနေဘက်မှာ မွေးနေ့ပွဲ သွားစရာ ရှိလို့ ၊
ဧည့်ခံပွဲ သွားစရာ ရှိလို့ အမြန်နည်းလေး နဲ့မျက်နှာပေါင်းတင်
နည်းလေးအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ကတော့
တ ရုတ် နံနံ ခြေမွထားပြီးသား ဇွန်း တဝက်
ပျားရည် ၁ ဇွန်း
နွားနို့ ၁ ဇွန်းပဲဖြစ်ပါတယ်။
အား လုံးကိုရောမွှေပြီး မျက်နှာပေါ်ကို သုတ်လိမ်းပါ။ မိနစ်၂၀
ခန့်ကြာအောင်ထားပြီးမှ မျက်နှာသစ်လိုက်ပါ။
ညနေ အပြင်သွားဖို့ လှပချောမွေ့တဲ့ မျက်နှာလေး ကိုမှန်ထဲမှာ တွေ့ရမှာပါ။
နောက်တစ်နည်းအတွက် လိုအပ်တာတွေကတော့
စတော်ဘယ်ရီသီး ခွက်တဝက်
မုန့်ဖုတ်ဆို ဒါ ၂ ဇွန်း
ပျားရည် ၁ဇွန်း
ကြက်ဥ ၁လုံး
ဒိန်ချဉ် ၁ ဇွန်း
ဗာဒ‘ံ စေ့ ခွက် တဝက်
တွေပဲဖြစ်ပါတယ်။
အားလုံးကို ရောပြီး ကြိတ်စက် (ဘူနညိနမ ) ထဲ ထည့်ကြိတ် ပြီး ရလာတဲ့
ခပ်ပျစ်ပျစ် အရည်တွေကို မျက်နှာနဲ့ လည်ပင်းမှာ သုတ်လိမ်းပြီး ၃
မိနစ်ခန့်ကြာရင် မျက်နှာသစ်လိုက်ပါ။
တစ်ပတ်တစ်ခါ ဒ‘ီလိုပေါင်းတင်ပေးမယ်ဆိုရင် အပြစ်အနာအဆာ ကင်းတဲ့
ချောမွေ့နေတဲ့ မျက်နှာလေးကို ရရှိလာမှာပါ
လုပ်ငန်းခွင်မှာ ကွန်ပျုတာနဲ့ တချိန်လုံး အလုပ်လုပ်နေရတဲ့
အမျိုးသမီးလေးတွေ၊ စာတွေကျက်ရတာ များလို့ မျက်လုံးလေးတွေ နီနေတဲ့
ကျောင်းသူလေးတွေအတွက် မျက်လုံးလေးတွေ ကြည်လင်လှပလာအောင်
ပြန်လည်ပြုစုနည်းလေး ပြောပြလိုက်မယ်နော်။
လွယ်လွယ်လေးပါ။ ရေခဲသေတ္တာ ထဲမှာ ရှိနေတဲ့ သခွားသီးလေး ၁ လုံးပဲလိုမှာ။
သခွားသီး ကို အကွင်းလေးတွေရအောင်ပါးပါးလှီ းပြီး ရေခဲ ဇလုံထဲမှာ ၁၀
မိနစ်ခန့်ကြာအောင်ထားပါ။ ပြီးရင် မျက်လုံးလေး တွေပေါ်မှာ
သခွားသီးအကွင်းလေး တွေကိုတင်ပြီး မျက်လုံးလေးမှိတ်လို့ ၁၅
မိနစ်လောက်အနားယူလိုက်ပေ့ါနော်။
ကြည်လင်တောက်ပနေတဲ့ မျက်လုံးလေးတွေ ကို မှန်ထဲမှာ ပြန်မြင်ရမှာပါ။
အိမ်အလုပ်တွေလုပ်၊ ပန်း ကန်ဆေး ၊ အဝတ်လျှော်ရလို့ လက်ကလေးတွေ ခြောက်သွေ့
ကြမ်းမာနေရင် ငှက်ပျောသီး မှည့် နဲ့ ထောပတ်ကိုရောနယ်ပြီး လက်ချောင်းလေးတွေ ၊
လက်ဖဝါးလေးတွေ ၊ လက်ဖမိုးလေးတွေက်ု သုတ်လိမ်းပေးပါ။ ၁၀ မိနစ်လောက်ကြာမှ
ရေပြန်ဆေးလိုက်ပေ့ါနော်။ နူးညံ့ချောမွေ့တဲ့ လက်ကလေးတွေပိုင်ရှင်ဖြစ်လာမှာ
အသေအချာပါပဲနော်။
လက်သည်းလေးတွေဖြူဖွေးနေဖို့အတွက်ကတော့ သံပုရာ သီး နဲ့ ပွတ်တိုက်ပေးပါ။
လက်သည်းဆိုးဆေးမဆိုးဘဲ ကမာရောင်တောက်နေတဲ့ လက်သည်းလှလှလေးတွေ
ပိုင်ရှင်ဖြစ်ချင်ရင်ပေ့ါ။
ကဲ... ခုလိုဆိုတော့ ဘယ်မှာ ပိုက်ဆံကုန်တော့မလဲနော်။ လှလည်းလှမယ်လေ။
(ဟနစံ)
Showing posts with label အလှအပရေးရာ. Show all posts
Showing posts with label အလှအပရေးရာ. Show all posts
Wednesday, 1 February 2017
မမလှလှ
အမျိုးသမီးတစ်ယောက် ကြည့်လို့ကောင်းတယ်၊ ကြည့်မကောင်းဘူး၊ လှတယ် ၊
မလှဘူးဆိုတာ အဝတ်အစား၊ ဆံပင်ပုံစံ အပြင်အဆင်အပေါ်မှာ အများကြီး မူတည်ပါတယ်။
ဆံပင်ပုံစံပြောင်းသွားတာနဲ့ ရုပ်လည်း တခြားစီဖြစ်အောင် ပြောင်းသွားတတ်တယ်။
အဝတ်အစားလည်း ဘယ်လောက်ပဲ နှစ်သက်တဲ့
ဒီဇိုင်းပုံစံမျိုးဖြစ်နေပါစေ…ကိုယ်နဲ့ မလိုက်ဖက်ဘူး ကိုယ့်
ကိုယ်အချိုးအစားနဲ့ မလိုက်ဖက်ဘူးဆိုရင် မဝတ်တာ အကောင်းဆုံးပါပဲ။
မကြိုက်ပေမယ့်လည်း ကိုယ်နဲ့ လိုက်ဖက်တာတွေလည်း ရှိတတ်ပါတယ်။
မျက်နှာဝိုင်းပြည့်တဲ့သူက မျက်ခုံးအတိ ရှေ့ဆံပင်ချထားတဲ့ပုံနဲ့ မလိုက်ဖက်ဘဲ နဖူးအပြောင်သိမ်းတဲ့ ဆံပင်ပုံစံနဲ့ လှပါတယ်။ မျက်နှာ သွယ်ပြီး ရှည်တဲ့သူက နဖူးအပြောင် ဆံပင်သိမ်းရင် ရှည်မျောမျောမျက်နှာက ရှည်တာ ထင်ရှားသွားပါတယ်။ မျက်နှာရှည်တဲ့သူက ဆံပင်နဖူးပေါ်ချတာနဲ့ လိုက်ဖက်ပါတယ်။ မျက်နှာဖောင်းလို့ ကြီးလို့ဆိုပြီး မျက်နှာကို ဆံပင်နဲ့ ဖုံးပြီး ကွယ်ထားတာက ပိုဆိုးပါတယ်။ မျက်နှာဖောင်းတဲ့သူက ဆံပင်ကိုအပြောင်သိမ်းတဲ့ခါ မျက်နှာရှင်းလင်းပြီး မျက်နှာဖောင်းတာလည်း မသိသာတော့ပါဘူး။ ဆံပင်နဲ့ ဖုံးမှ ဆံပင်က မျက်နှာကို အနားသတ်ပေးသလို ဘောင်ခတ်ပေးသလို အမြင်မျိုးဖြစ်သွားတာကြောင့် မျက်နှာကြီးတာ ဖောင်းတာ ပိုသိသာ ထင်ရှားသွားတတ်ပါတယ်။
ပိန်သွယ်ပြီး တင်ပါးပြား၊ တင်ပါး မရှိသူက ခါးရှုံ့အင်္ကျီမျိုး ၊ မို့မို့မြင့်အောင်၊ ဟေမာနေဝင်းတို့ဝတ်တဲ့ ခါးမှာ ရှုံ့ထားတဲ့ ခေတ်က အင်္ကျီနဲ့ လိုက်ဖက်ပါတယ်။ တင်ကားတဲ့သူ၊ တင်ကြီးတဲ့သူတွေကတော့ အဲဒီလို ခါးရှုံ့တွေနဲ့ဆို ခါးနဲ့တင် အကြီးကြီး လေးထောင့်ကြီးလို အမြင်မျိုး ဖြစ်သွားပါတယ်။ တင်ကြီးတဲ့သူက ခါးသိမ်၊ ကိုယ်အတိ အင်္ကျီမျိုးနဲ့ လိုက်ဖက်ပါတယ်။ ၀တဲ့သူ၊ အရပ်ပုတဲ့သူတွေက ဒေါင်လိုက်အစင်း အဆင်တွေ ဝတ်ရင် ပန်းချီ သဘောအရ အမြင်အရ သွယ်ပြီး ရှည်သွားစေပါတယ်။ ပိန်တဲ့သူတွေကတော့ ဒေါင်လိုက်အစင်းနဲ့ဆို ပို ရှည်ပိန်သွားပါတယ်။ ကန့်လန့်စင်းဝတ်ရင် အမြင်မှာ ဘေးကားပြီး အနည်းငယ် ၀လာတယ်လို့ မြင်ရပါတယ်။ ၀တဲ့သူက အနက်ရောင်၊ နက်ပြာရောင် စတဲ့ အရောင်ရင့်ရင့်တွေကို ဝတ်ရင် ပန်းချီသဘောအရ ကျုံ့စုသွားတဲ့အရောင်တွေဖြစ်တာကြောင့် ပိန်သွယ်သွားတယ်လို့ မြင်ရပါတယ်။ အဖြူရောင်၊ အရောင်ဖျော့ အရောင်နုတွေက အမြင်မှာ ပြန့်ကားသွားတဲ့အတွက် ၀တဲ့သူတွေကို ပိုဝသွားတယ်လို့ မြင်ရပါတယ်။ ပိန်တဲ့သူတွေကတော့ အရောင်ဖျော့တွေ ဝတ်ရင် ပြည့်လာ ၀လာတယ်လို့ မြင်ရပါတယ်။
ဇာအင်္ကျီမျိုးနဲ့ ၀တဲ့သူတွေ မလိုက်ဖက်ပါဘူး။ ဇာက အခံအထူတစ်ထပ် ခံပြီး ချုပ်ရတာကြောင့် ပိန်သွယ်တဲ့သူတွေက ဇာနဲ့ လိုက်ဖက်ပေမယ့် ၀တဲ့သူတွေက ဇာနဲ့ မလိုက်ဖက်ပါဘူး။ ၀တဲ့သူတွေ ဗြောင်အရောင်ရင့်ရင့်ကို ဝမ်းဆက်ဝတ်ရင် ပိန်သွယ်သွားတယ်လို့ မြင်ရပါတယ်။ ချိတ်ထဘီ ချိတ်အဆင် ကန့်လန့် အပြည့်က ၀ တဲ့သူတွေကို ပိုဝသွားစေပါတယ်။ ၀တဲ့သူတွေက ချိတ်ထဘီဆိုရင် ဒူးနားချိတ်၊ အောက်အနားချိတ်တွေနဲ့ဆို လှပါတယ်။ ပိန်တဲ့သူတွေကတော့ ချိတ်အဆင် အပြည့်နဲ့ လှပါတယ်။
တင်ပြားပါးတဲ့သူတွေက မြန်မာဝတ်စုံဝတ်ရင် ခါးအတိုအတိနဲ့ မလိုက်ဖက်ပါဘူး။ ခါးတင်ဖြစ်ဖြစ် ၊ ခါးရှုံ့လေးဖြစ်ဖြစ်၊ ခါးနားမှာ လယ်လယ်လေး ဖြစ်နေတဲ့ အင်္ကျီတွေနဲ့ လိုက်ဖက်ပါတယ်။ ပခုံး လက်မောင်း ပြည့်တဲ့သူတွေက အင်္ကျီလက်ပြတ်တွေနဲ့ လိုက်ဖက်ပါတယ်။ ပိန်တဲ့သူတွေ လက်ပြတ်ဝတ်ရင် လက်မောင်းပိန်တာကို ပို အသားပေး ဖော်ပြပေးလိုက်သလိုပါပဲ။ ပိန်တဲ့သူတွေကတော့ လက်ဖောင်းအင်္ကျီတွေနဲ့ လိုက်ဖက်ပါတယ်။ လက်ရှည်လက်အတိဆိုရင် ပိန်တာကို ပိုပေါ်လွင်သွားပါတယ်။ ကော်လာပါတဲ့အင်္ကျီမျိုးတွေ၊ လည်ပင်းရင်ဘတ်မှာ အတွန့် အထပ်တွေပါတဲ့ အင်္ကျီမျိုးတွေက ၀တဲ့သူတွေနဲ့ လုံးဝ မလိုက်ဖက်ပါဘူး။ ၀တဲ့သူတွေက လည်ပင်း ရင်ဘတ် ရှင်းရှင်း ဗြောင်အင်္ကျီမျိုးတွေ ကိုယ်လုံးအတိ ဝတ်ရင် ၀တာ လျော့သွားတယ်လို့မြင်ရပါတယ်။
၀တာကို ဖုံးဖို့ အင်္ကျီပွပွဝတ်ရင် ပို အမြင်ဝ စေပါတယ်။ အရပ်ရှည်တဲ့ သူတွေက ထဘီတိုတိုဝတ်ရင် အရပ် သိပ် မရှည်သလို မြင်ရပါတယ်။ အရပ်ပုတဲ့သူတွေက ထဘီကို ရှည်ရှည်ဝတ်ပြီး ဒေါက်ဖိနပ် စီးရင် အရပ်ပိုရှည်လာတယ်လို့ မြင်ရပါတယ်။ ကလေးဘဝကတည်းကနေ ခုထိ မြင်ဖူးသမျှ မိန်းမတွေရဲ့ ဝတ်စားဆင်ယင်ပုံတွေကို ကိုယ့်အမြင်တွေကို ရေးထားတာပါ။
ဟနစံ
၂၈ ရက်၊ ဇန်နဝါရီလ၊ ၂၀၁၄ ။

အသားအရေအတွက် ဆန်
ကျွန်မတို့ အာရှတိုက်ကလူတွေက အနောက်နိုင်ငံကလူတွေထက် အရွယ်တင်နုပျိုတယ်လို့
ဆိုကြပါတယ်။ အာရှတိုက်ရဲ့ အဓိက ပင်မ အစားအစာဟာ ဆန် ဖြစ်နေတဲ့အတွက်
အာရှတိုက်သားတွေက အရွယ်တင်နုပျိုနေတာ ဖြစ်နိင်ပါတယ်။ ဆန်မှ
ချက်တဲ့ထမင်းကို စားခြင်းဖြင့် အသားအရေတင်းရင်းခြင်း၊ အသားအရေလှပခြင်းဖြင့်
အိုမင်းရင်းရော်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
ဆန်ကို စားသုံးခြင်းဖြင့်သော်လည်းကောင်း၊ အရေပြားအတွက်
လိမ်းခြင်းဖြင့်သော်လည်းကောင်း မျက်နှာအရေပြားတွဲကျခြင်း၊
အရေးအကြောင်းထင်ခြင်းတို့ကို သက်သာစေနိုင်ပြီး အချိန်မတိုင်မီ
အိုမင်းရင့်ရော်ခြင်းကို သက်သာစေနိုင်ပါတယ်။
ဆန်ကို အရေပြားအလှအပအတွက် အသုံးပြုနည်းကတော့ ထမင်းရည်
ခံယူထားခြင်းပဲဖြစ်ပါတယ်။ ခံယူထားတဲ့ ထမင်းရည်ကို အခန်းအပူချိန်မှာ ၂၄
နာရီမှ ၄၈ နာရီထား၍ အချဥ်ဖောက်ပြီး (ချဥ်စေပြီး) မျက်နှာမှာ
လိမ်းပေးခြင်းအားဖြင့် ထမင်းရည်ကို Toner အဖြစ်လည်းကောင်း၊
မျက်နှာသစ်ဆေးအဖြစ်လည်းကောင်း၊ အမည်းစက်များ လျော့ပါးစရေန်အတွက်လည်းကောင်း
အသုံးပြု လို့ရပါတယ်။ ဒါ့အပြင် ထမင်းရည်နဲ့ ဆန်မှုန့်ကို ရောနယ်ပြီး
မျက်နှာပေါင်းတင်ဆေးအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။
ထိုသို့ပြုလုပ်မျက်နှာပေါင်းတင်ပြီးပါက တင်းရင်းချောမွေ့လာတဲ့ မျက်နှာကို
သတိပြုမိပါလိမ့်မယ်။ ထမင်းရည်ကို အရေပြားအလှအပအတွက်တင်သာမက ဆံပင်
သန်စွမ်းဖို့ရာလည်း အသုံးပြုနိုင်ပါတယ်။ ဆံပင်ကို ထမင်းရည်ဖြင့်
လျှော်ပေးခြင်းဖြင့် ထမင်းရည်မှာ ပါဝင်တဲ့ amino acids က
ဆံပင်ရဲ့အမြစ်တွေကို သန်မာစေပြီးဆံပင်ကျွတ်ခြင်းမှ ကာကွယ်ပေးပါတယ်။
ဆံသားတွေကို တောက်ပြောင်ချောမွေ့စေပြီး လှပစေပါတယ်။
ကိုးကား။
https://www.organicfacts.net/health-benefits/cereal/health-benefits-of-rice
ဟနစံ
၂ ရက်၊ စက်တင်ဘာ၊ ၂၀၁၆။
Subscribe to:
Posts (Atom)