ဒီတစ်ပတ် တနင်္ဂနွေပိတ်ရက်မှာတော့ ပျိုမေတို့ အိမ်မှာ ပိုနေတဲ့အဝတ်စ
အတိုအစလေးတွေနဲ့ ကော်ဖီခွက် ၊ ဟင်းပန်းကန် အပူခံအောက်ခံပြားလေးတွေ
လုပ်ဖြစ်ပါတယ်။ အိမ်မှာ ရှိနေတဲ့ အဝတ်စ အတိုအစလေးတွေကို အလေအလွင့်မဖြစ်စေဘဲ
အသုံးလည်းဝင်၊
အလှလည်းဆင်နိုင်တဲ့ အပူခံပြားလေးတွေကို အလွယ်တကူ ပြုလုပ်နိုင်ပါတယ်။
လိုအပ်တဲ့ပစ္စည်းတွေကတော့
၁။ ပိတ်စ အတိုအစလေးများ
၂။ တွဲအပ်
၃။ အပ်ချည်
၄။ အပ်
၅။ ကတ်ကြေး
၆။ ခဲတံ
၇။ ပန်းကန်လုံး တစ်လုံး
၈။ တစ်ချောင်းထိုးအပ်
၉။ မီးပူချည် (သို့မဟုတ်) စီလွန်ချည် နှစ်သက်ရာ
တို့ ဖြစ်ပါတယ်။
ပိတ်စကို ၂ ထပ်ခေါက်ပြီး အဝိုင်းပုံရအောင် ပန်းကန်လုံးကို မှောက်တင်ပြီးနောက် ခဲတံနဲ့ တိုင်းဆွဲပါတယ်။
အဝိုင်းပုံ ညှပ်ပြီးတဲ့အခါမှာ ပိတ်စ ၂ စရဲ့ အလှဘက် ၂ ဘက်ကို ပူးထပ်ပြီး မလှဘက်ကနေ တွဲအပ်နဲ့ တွဲပါတယ်။
အဲဒီနောက် ပိတ်စ မလှဘက်ကနေ ဘေးနားအတိုင်း အဝိုင်းပုံအလိုက် ချုပ်ပါတယ်။
အကုန် အပြည့် မချုပ်လိုက်ဘဲ လက်သန်းတစ်လုံးစာလောက် အပေါက်နေရာ
ချန်ထားရပါတယ်။
ခုနက မချုပ်ဘဲ ချန်းထားခဲ့တဲ့အပေါက်ကန အလှဘက် အစကို အတွင်းမှ အပြင်သို့ ဆွဲထုတ်ပါတယ်၊
ပိတ်စအလှဘက် အပြင်ကိုရောက်လာပြီဆိုရင် ခဲတံနောက်ပိုင်းနဲ့ထိုးပြီး
အဝိုင်းပုံကျအောင် လုပ်ပါတယ်။ မချုပ်ဘဲ ချန်ထားခဲ့တဲ့အပေါက်လေးကို
ချုပ်ပါတယ်။
အဲဒီနောက် ဘေးနားကနေ တစ်ချောင်းထိုးအပ်၊ မီးပူချည်တို့ကို အသုံးပြပြီး အနားဇာ ထိုးပါတယ်။
ဇာအနားထိုးပြီးတဲ့အခါမှာ အပူခံပြားကို မီးပူတိုက်ပြီးနောက် ကော်ဖီမတ်ခွက်၊
ဟင်းပန်းကန်လုံးတို့ အောက်ခံ အပူခံပြားတွေကို ရရှိမှာ ဖြစ်ပါတယ်။
ဟနစံ
No comments:
Post a Comment