အချစ်တစ်ခု ၊ ဆက်ဆံရေး တစ်ခုမှာ နားလည်မှုတွေက အရေးကြီးဆုံးလို့
ပြောကြပေမယ့် ကြင်သူကို ဘယ်လို နားလည်ပေးရမလဲ …သူ့စိတ်ထဲမှာ ဘာတွေရှိနေတယ်
ဆိုတာကို ကိုယ်က ဘယ်လို သိနိုင်မှာလဲ ဆိုတဲ့ မေးခွန်းတွေ မကြာခဏ
ကြားနေရမှာပါပဲ။သူတစ်ပါးဟာ ကိုယ်မဟုတ်တဲ့အတွက် သူတစ်ပါးကို အပြည့်အဝ
နားလည်ပေးဖို့ ၊ နားလည်နိုင်ဖို့ ဆိုတာရယ်၊ နားလည်ပေးနိုင်တယ်ပဲ ထားဦးတော့
ကိုယ့်စိတ်ကရော ဘယ်လောက်ထိ သည်းခံနိုင်မှာလဲ ဆိုတာရယ် တွေကရှိလာပြန်ပါတယ်။
မိန်းမသားတွေ နဲ့ ယောကျ်ားတွေရဲ့ အတွင်းစိတ်မတူညီမှုတွေကြောင့် တစ်ယောက်နဲ့ တစ်ယောက် နားမလည်နိုင်မှုတွေက ကြီးထွားလာပါတယ်။
မိန်းမသားတွေက
ဘယ်လောက်ပဲ ပွင့်လင်းပါတယ် ဆိုဦးတော့ ဘယ်တော့မှ တိုက်ရိုက်
မပြောတတ်ပါဘူး။မျက်နှာစူပုပ်နေပြီး ရှောင်ဖယ်ဖယ် လုပ်နေတဲ့
မိန်းမတစ်ယောက်ကို သူ့ချစ်သူက “ဘာဖြစ်နေတာလ”ဲ လို့ မေးရင် “ဘာမှမဖြစ်ဘူး”
လို့ပဲ ပြန်ဖြေမှာပါပဲ။သည်းထန်စွာ ငိုကြွေးနေဦးတော့၊ ငိုရှိုက်နေတဲ့
ကြားကပဲ “အီး..ဟီး..ဟီး…ဘာမှ မဖြစ်ဘူး။ ဘာမှ မဖြစ်ပါဘူး ဆို” လို့
ပြန်ဖြေမှာပါပဲ။
ယောကျ်ားတစ်ယောက်ကျတော့ အဲလို
မဟုတ်ပြန်ပါဘူး။“ဘာဖြစ်နေတာလဲ။ ဘာပြဿနာရှိလဲ” လို့ ယောကျ်ားတစ်ယောက်ကို
သူ့ချစ်သူ အမျိုးသမီးက မေးရင် “အေး…ပြဿနာကတော့ မင်း”ပဲ ဆိုပြီး တဲ့တိုး
ပြန်ဖြေမှာပါ။
မိန်းမတွေကို သူ့စိတ်ထဲ ဘာတွေဖြစ်နေတယ်၊
ဘာတွေရှိနေတယ်ဆိုတာ အလွယ်တကူ မသိနိုင်ပါဘူး။ဒါပေမယ့် မိန်းမတွေ အားလုံး
တူညီတဲ့ လိုအင်ကတော့ သူတို့ ဝမ်းနည်း ငိုကြွေးရင် မှီတွယ်စရာ ပခုံးတစ်ဖက်
ကို အလိုရှိတာပါပဲ။
မိန်းမတွေဟာ သူတို့ကိုယ်သူတို့
ချစ်မြတ်နိုးခြင်းခံရတယ်လို့ ခံစားရရင် စိတ်ပိုင်းဆိုင်ရာ
လုံခြုံမှုရပါတယ်။ မိန်းမတွေဟာ သူတို့စိတ်ထဲမှာ သူတို့ကိုယ် သူတို့
လုံခြံုမှုရှိတယ် ယောကျ်ားတစ်ယောက ်ကြောင့် လုံခြံုမှုရတယ်လို့ စိတ်ထဲမှာ
ခံစားရတယ်ဆိုရင် အဲဒီ မိန်းမဟာ ဘဝမှာ ပျော်ရွှင်ပြီး အောင်မြင်တဲ့
ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ပါတယ်။ ယောကျ်ားတစ်ယောက်ကြောင့်
မိန်းမတစ်ယောက်ရဲ့စိတ်မှာ လုံခြံုမှုရတယ် ဆိုရင် ဒီအချစ်ဟာ ဘယ်တော့မှ
ပျောက်ပျက်သွားမှာ မဟုတ်ပါဘူး။
ယောကျ်ားတစ်ယောက်ကျတော့
သူ့စိတ်မှာ သူဟာ မိန်းမတစ်ယောက်ရဲ့ လိုအပ်ခြင်းကို ခံရတယ်လို့ ခံစားရရင်
အဲဒီယောကျ်ားဟာ ဘဝမှာ ပျော်ရွှင်ပြီး အောင်မြင်တဲ့ဘဝ ကိုဦးဆောင်တဲ့
ယောကျ်ားတစ်ယောက်ဖြစ်လာပါတယ်။
ယောကျ်ားတွေ
အချစ်သစ်ရှာကြတယ်ဆိုတာမှာ များသောအားဖြင့်က လက်ရှိချစ်သူက မိမိကို
အားကိုးခြင်းမရှိဘူး။ လက်ရှိချစ်သူ အမျိုးသမီးက သူ့
ခြေထောက်ပေါ်သူရပ်တည်နိုင်ပြီး ဘဝမှာ ချစ်သူ အမျိုးသား မပါဘဲ
အောင်မြင်နိုင်တဲ့ အမျိုးသမီးဖြစ်နေတတ်တာမျိုးဆိုရင် ချစ်သူ အမျိုးသားက
အချစ်သစ်ရှာတတ်ပါတယ်။ အဲဒီ အချစ်သစ်ဟာ သူ့ကို အားကိုးတဲ့ ၊ အစစ အရာရာ
အမျိုးသားထက် နိမ့်ပါးသူ ဖြစ်တတ်ပါတယ်။ ဒါဟာလည်း
ယောကျ်ားတစ်ယောက်ရဲ့စိတ်သဘာဝပါပဲ။ အချစ်စစ် ဆိုတာ ရင်ထဲမှာ
ရှိကောင်းရှိနိုင်ပါတယ်။ဒါပေမဲ့ ယောကျ်ား တစ်ယောက်ဟာ မိန်းမတစ်ယောက်ရဲ့
ဘဝမှာ သူ့ကို မလိုအပ်ဘဲ အောင်မြင်နိုင်တယ်လို့ ယူဆသွားရင် အဲဒီယောကျာ်းဟာ
တခြားတစ်ယောက်ကို ပြောင်းချစ်မှာ အသေအချာပါပဲ။
မိန်းမတစ်ယောက်
အနေနဲ့ကျတော့လည်း သူမ ကို မြတ်နိုးစုံမက်တဲ့ ၊ သူ့စိတ်မှာ အားကိုးရာလို့
ထင်မြင်နိုင်မယ့် ယောကျ်ားတစ်ယောက်ကို သာအလိုရှိပါတယ်။ ရုပ်ဝထ္ထုပစ္စည်း
ကြွယ်ဝချမ်းသာမှု နဲ့ မဆိုင်ဘဲ စိတ်ပိုင်းဆိုင်ရာ လုံခြုံနွေးထွေးမှု
ပေးနိုင်မယ့် ယောကျ်ားတစ်ယောက်ကို ဘဝမှာလက်တွဲလိုပါတယ်။
မိန်းမတစ်ယောက်ကို
စည်းစိမ် ဥစ္စာ ပြည့်စုံအောင် ထားပေးနိုင်တာနဲ့ အဲဒီ မိန်းမကို
စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု ပေးနိုင်တယ်လို့ မဆိုနိုင်ပါဘူး။
မိန်းမတစ်ယောက် စိတ်ပိုင်းဆိုင်ရာ လုံခြံုမှု ရှိဖို့ ဆိုတာက သူမ
တစ်ယောက်တည်းကိုသာ ချစ်သူအမျိုးသားက မြတ်နိုးတယ် ဆိုတာ သူမစိတ်မှာ သိထားရင်
လုံလောက်ပါပြီ။
ချစ်သူ အမျိုးသားရဲ့ ချစ်တယ် ဆိုတဲ့
စကားတစ်ခွန်းဟာ သူမ အတွက် ဘဝမှာ ခွန်အားပါပဲ။ဒါပေမဲ့ အမျိုးသားတွေကကျတော့
ချစ်သူ အမျိုးသမီးကို ချစ်တယ် ဆိုတာ ဘဝမှာ တစ်ခါ ပြောပြီးရုံနဲ့
လုံလောက်ပြီ ထင်တတ်ကြပါတယ်။မိန်းမတစ်ယောက်အတွက် ချစ်သူ အမျိုးသား
ရဲ့သိပ်ချစ်တာပဲ ဆိုတဲ့ စကားတစ်ခွန်းဟာ နေ့စဉ်လိုအပ်ပါတယ်။ သူမရဲ့ကြောက်ရွံ့ မှုတွေ၊ သူမရဲ့
၀မ်းနည်းအားငယ်မှုတွေကို ချစ်သူအမျိုးသားကို ပြောပြဝေမျှ ပါတယ်။ သူမငိုချင်ရင် အချိန်မရွေး သူမ ငိုနိုင်ပါတယ်။
ယောကျ်ားတွေကျတော့ အဲလို မဟုတ်ပါဘူး။ လူသားတစ်ယောက်ဖြစ်တဲ့အတွက်
၀မ်းနည်းအားငယ်မှု
၊ ကြောက်ရွံ့ မှု ၊ ထိတ်လန့်မှုတွေကိုလည်း အမျိုးသားများ အနည်းနဲ့ အများ
ဆိုသလို ခံစားရပေမယ့် ချစ်သူ အမျိုးသမီးကို ဝေမျှ ပြောပြလေ့မရှိပါဘူး။
ငိုတယ်ဆိုတာ ယောကျာ်းအလုပ် မဟုတ်ဘူး။ ယောကျ်ားတွေဟာ ဘယ်တော့မှ
မငိုဘူးဆိုတဲ့ တလွဲအတွေးနဲ့ သူတို့ဟာ ခံစားချက်တွေကို ဝေမျှဖို့ အလွန်
ကပ်စေးနှဲသူများ ဖြစ်တတ်ကြပါတယ်။ တကယ်လို့ ခံစားချက်တွေကို ဝေမျှ လိုက်ရင်
ပြေလည်သွားမယ့် ဆက်ဆံရေးတစ်ခုမှာ ယောကျ်ားတွေရဲ့ အဲလို တလွဲမာနကြောင့်
အက်ရာ ထင်ခဲ့ရတဲ့ ဆက်ဆံရေးတွေ၊ ပြိုပျက်ခဲ့ရတဲ့ ဆက်ဆံရေးတွေ အနည်းနဲ့
အများရှိပါတယ်။
ပညာတတ် ၊ ရာထူး နဲ့ မိန်းမတွေဟာ အချစ်ရေး၊
အိမ်ထောင်ရေးမှာ မအောင်မြင်တတ်ဘူး။ ချစ်သူ ယောကျ်ားရဲ့ စွန့်ပစ်ခြင်းကို
ခံရတယ်ဆိုတဲ့ ကြားနေရတဲ့ လူမှုဆက်ဆံရေးနယ်ပယ်က စကားတွေက
မှန်သင့်သလောက်တော့မှန်ပါတယ်။ တကယ်ပဲ အဲလိုဖြစ်နေတာတွေ
ရာခိုင်နှုန်းမများလှပေမဲ့ ရှိနေတာပါပဲ။တကယ်တမ်း မချစ်လို့ မဟုတ်ဘဲယောကျာ်း
တစ်ယောက် ရဲ့တလွဲမာန နဲ့ မိန်းမတစ်ယောက်ရဲ့ မပွင့်လင်းမှုတွေကြောင့်ဆိုတာ အဓိကအချက်ဖြစ်ပါတယ်။
မိန်းမတစ်ယောက်အနေနဲ့
သူမရဲ့ စိတ်ကို လုံခြုံနွေးထွေးမယ့် ၊ သူမတစ်ယောက်ကို သာလျှင်
မြတ်နိုးမယ့် ယောကျ်ားတစ်ဦးကိုသာ အလိုရှိပါတယ်။ယောကျ်ားတစ်ယောက်ကတော့
သူ့ကို လိုအပ်မယ့် မိန်းမတစ်ယောက်ကို သာအလိုရှိပါတယ်။
ရေရှည်ခိုင်မြဲတဲ့
အချစ်တစ်ခု ဖြစ်ဖို့ရာမှာတော့ ယောကျ်ားတစ်ယောက်က မိန်းမတစ်ယောက်ကို
ချစ်ပြီဆိုရင် သူမ ကိုချစ်တဲ့အကြောင်း နေ့စဉ် တစ်ခွန်းလောက်ပြောဖို့
လိုအပ်ပါတယ်။ ချက်ပြုတ်ကျွေးမွေးတဲ့ အစားအသောက်များကို ချီးမွမ်းပေးဖို့ ၊
ဝတ်တဲ့အဝတ်နဲ့ လိုက်ဖက် လှပကြောင့် ချီးမွမ်းစကားလေးတွေ ပြောဖို့
လိုအပ်လှသလို မိန်းမတစ်ယောက်ကျတော့ ချစ်သူအမျိုးသားဟာ သူမဘဝအတွက် အရေးပါတဲ့
လူတစ်ယောက်ဖြစ်တယ်ဆိုတာ ၊ သူမဘဝအတွက် ချစ်သူအမျိုးသား
အမြဲလိုအပ်နေတယ်ဆိုတာ ၊ သူမ ဘယ်လောက် ယုံကြည် အားကိုး တယ်ဆိုတာ
အမျိုးသားကိုသိစေမယ်ဆိုရင် လှပအေးချမ်းတဲ့ အချစ်ဘဝ တစ်ခု အစဉ်အမြဲ
ဖြစ်နေမှာပါပဲ။
ဟနစံ
Labels
Showing posts with label စိတ်ခံစားမှု. Show all posts
Showing posts with label စိတ်ခံစားမှု. Show all posts
Wednesday, 1 February 2017
ခံစားချက်များနှင့်
ကျွန်မတို့ရဲ့စိတ်ခံစားချက်တွေ တစ်နေ့ နဲ့ တစ်နေ့ ၊ တစ်ချိန်နဲ့ တစ်ချိန်မတူဘဲ
အတက် ၊ အကျတွေနဲ့ လှိုင်းသဖွယ် ဖြစ်နေတယ်လို့ ဆိုလို့ရပါတယ်။
တစ်ခါတစ်ရံမှာ ကျွန်မတို့ဟာ အဆိုးစိတ်ခံစားချက်တွေဖြစ်တဲ့ ဒေါသ ၊ လောဘ၊ မနာလိုဝန်တိုမှု ၊
ကြောက်ရွံ့ ထိတ်လန့်မှု ၊ ဝမ်းနည်းမှု ၊ စိတ်ဆန္ဒပြင်းပြမှုတွေကို ချုပ်ထိန်း ထားကြရပါတယ်။
ကျွန်မတို့ရဲ့ စိတ်မှာ လက်မခံထားသင့်တဲ့ စိတ်ခံစားချက် တွေကို ဖယ်ထုတ်ထားနိုင်ဖို့
ကြိုးစားရပါတယ်။ တကယ်လို့သာ ကျွန်မတို့က ဒီလို အဆိုး စိတ်ခံစားချက်တွေကို
ကျွန်မတို့ရဲ့စိတ်မှာ ခံစားဖို့ ခွင့်ပြုလိုက်မယ်ဆိုရင် အဲဒီ မကောင်းဆိုးဝါး
စိတ်ခံစားချက်တွေက အတားအဆီးမဲ့စွာနဲ့ ကျွန်မတို့ရဲ့ အတွေး တွေထဲကို ဝင်ရောက်
စီးဝင်လာပြီး ကျွန်မတို့ရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေပြီးနောက် ကိုယ်ကျန်းမာရေးကိုပါ
အန္တရာယ်ဖြစ်စေပါတော့မယ်။ ကျွန်မတို့ရဲ့ ကိုယ်ခန္ဓာ ထဲကို မကောင်းတဲ့ စိတ်ခံစားချက်တွေက
အတားအဆီးမဲ့ ဝင်ရောက်လာခြင်းကို ခုခံတားဆီးဖို့ လိုပါတယ်။ အကောင်းဖြစ်စေတဲ့
စိတ်ခံစားမှုမျိုးဖြစ်တဲ့ ပျော်ရွှင်ခြင်း ၊ ဝမ်းသာခြင်း ၊ ကြည်နူးခြင်း၊ နှစ်သက်ခြင်း ၊
အေးချမ်းခြင်း စတာတွေဟာ ကျွန်မတို့ရဲ့ကိုယ်ခန္ဓာထဲကို စီးဝင်လာမယ် ဆိုရင်တော့
ကျွန်မတို့ရဲ့စိတ်ကျန်းမာရေး ၊ ရုပ်ကျန်းမာရေးအတွက် ကောင်းမွန်မှာ ဖြစ်ပါတယ်။
ခံစားဖြစ်ပေါ်နေတဲ့ စိတ်ခံစားမှုတွေကို ကျွန်မတို့က ကိုယ်အမူအရာနဲ့
ဖော်ပြ လေ့ရှိကြပါတယ်။
ကျွန်မတို့ ဝမ်းနည်းပူဆွေးနေလျှင် ငိုကြွေးတတ်ကြပြီး ၊ ဒေါသဖြစ်နေလျှင်
အော်ဟစ် လိုက်ကြပါတယ်။
ကြောက်ရွံ့ ထိတ်လန့်နေလျှင်တော့ ကျွန်မတို့က ပုန်းကွယ်ဖို့ ကြိုးစားကြပါတယ်။
စိတ်ခံစားမှုဆိုတာ ဖြစ်လာပြီး အချိန်အတိုင်းအတာ တစ်ခုထိသာ တည်ရှိနေပြီးနောက်
ပျောက်သွားတတ်တာမျိုးပါပဲ။ တစ်သမတ်တည်း ပျော်ရွှင်ခြင်း ၊ ဝမ်းနည်းခြင်း၊
ကြောက်ရွံ့ ခြင်း ၊ ဒေါသဖြစ်ခြင်း စတာတွေကို ခံစားနေရတာ မဟုတ်ပါဘူး။ ဘယ်လိုပဲ
ခံစားနေရပါစေ ၊ ကိုယ့်စိတ်မှာ ခံစားနေရတာဖြစ်တာကြောင့် ကိုယ့်မှာသာလျှင်
တာဝန်ရှိနေပြန်ပါတယ်။ တကယ်လို့ ကျွန်မတို့က အိမ်နီးချင်းနဲ့ ပတ်သက်လို့ စိတ်အလိုမကျ၊
ဒေါသထွက်နေတာဆိုရင် အိမ်နီးချင်းကို အပြစ်မတင်ဘဲ ကျွန်မတို့ကိုယ်တိုင် ပြုပြင်
ကြည့်လိုက်ပါမယ်။ ကျွန်မတို့က စိတ်မှာ သတိမထားမိလိုက်ဘဲ ကျွန်မတို့ရဲ့အိမ်နီးချင်းကို
စိတ်အနှောင့်အယှက် ဖြစ်အောင် ၊ စိတ်ကသိကအောက် ဖြစ်အောင် တစ်ခုခု လုပ်ခဲ့မိ
ကောင်းလည်း ရှိနိုင်ပါတယ်။ ကျွန်မတို့က အကြောင်းရင်းခံ ဘာကြောင့်ရယ်
ဆိုတာ မသိရဘဲ အဲဒီ အိမ်နီးချင်းက ခုလောလောဆယ်မှာ ကျွန်မတို့ အပေါ်မှာ
အင်မတန် ဆိုးနေတာမျိုးလည်း ကြုံဖူးကြမှာပါ။ တကယ်လို့ ကျွန်မတို့ရဲ့ စိတ်နှလုံးမှာ
အိမ်နီးချင်းအပေါ်ကို မေတ္တာထားတယ်ဆိုရင် အိမ်နီးချင်းကလည်း ကျွန်မတို့အပေါ်
ဆိုးနေစရာ အကြောင်းမရှိပါဘူး။
မသိစိတ်ရော ၊ သိစိတ်ရောမှာ မှန်သားပြင်ကဲ့သို့ ပြုမူမှုများ ရှိနေပါတယ်။
ကျွန်မတို့က မှန်ရှေ့ မှာရပ်ပြီး ပြုံးနေ မယ်ဆိုရင် မှန်ထဲက
ကျွန်မတို့ရဲ့ ပုံရိပ်ကလည်း ပြုံးနေမှာပဲ ဆိုတာ ကျွန်မတို့ အားလုံး အသိပဲ ဖြစ်ပါတယ်။
ဒီလိုဆိုရင် ကျွန်မတို့ကိုယ်တိုင်ဟာ ကျွန်မတို့ရဲ့ အတွေးတွေ ၊ ပြုမူ
လှုပ်ရှားမှုတွေ ၊ အပြော အဆိုတွေအတွက် တာဝန်ရှိရုံသာမကဘဲ ကျွန်မတို့ ရဲ့ ဘေးပတ်ဝန်းကျင်က
သူများရဲ့ အပြူအမူ ၊ အပြောအဆိုများ အတွက်ပါ တာဝန်ရှိနေပြန်ပါတယ်။ ကျွန်မတို့ကိုယ်တိုင်က
သိမ်မွေ့ နူးညံ့ကာ ယဉ်ကျေးစွာ ဒီဘဝခရီးလမ်းကို လျှောက်မယ် ဆိုရင် ဒီခရီးမှာ
ကျွန်မတို့ ကြုံတွေ့ရတဲ့သူတွေကလည်း ကျွန်မတို့လိုပဲ ယဉ်ကျေး သိမ်မွေ့သော
စိတ်နေစိတ်ထားကောင်းသောသူများ ဖြစ်နေမှာပါပဲ။
အဲဒီတော့ အရင်ဆုံး ကျွန်မတို့ကိုယ်
ကျွန်မတို့ စိတ်နေစိတ်ထားကောင်းတဲ့လူများ အဖြစ်သို့ ရောက်အောင်ပြုပြင် ကြိုးစား
လိုက်ပါတော့မယ်။

ကိုယ့်လမ်းနဲ့ကိုယ်
အလုပ်ဆိုတာ ပိုက်ဆံရမှသာ အလုပ်လို့ သတ်မှတ်ထားသူတွေအတွက်၊
ပိုက်ဆံမရတဲ့အလုပ်တွေဟာ အလုပ်လို့ မမည်ဘူးလို့ ခံယူထားသူတွေအတွက်
အလုပ်ဆိုတာ ဘာအတွက်လုပ်တယ်ဆိုတာကို ရှင်းပြနေဖို့မရှိပါဘူး။
ဘာအလုပ်ကိုမဆို ပိုက်ဆံရဖို့အတွက် လုပ်တယ်လို့ ခံယူထားသူတွေအတွက် အလုပ်တစ်ခုကနေ ရရှိတဲ့ အတွေ့အကြုံ၊ ဝမ်းသာကြည်နူးမှုပီတိ၊ ကြည်နူးမှုကြောင့် ကျတဲ့မျက်ရည်တွေဟာ ပိုက်ဆံ မီလျံနဲ့ချီကာ ဝယ်ယူလို့ မရနိုင်တဲ့အကြောင်း ရှင်းမပြချင်ပါဘူး။
လူတစ်ဦးချင်းစီဟာ သူ ဖြတ်သန်းလာတဲ့ဘဝ၊ နာယူလာခဲ့တဲ့ ဆိုဆုံးမစကားတွေ၊ သင်ယူလာခဲ့ရတဲ့ ဘဝသင်ခန်းစာတွေအပေါ်မူတည်ပြီး
ခံယူချက်၊ ရပ်တည်ချက်နဲ့ တန်ဖိုးထားတဲ့အရာတွေ ကွဲပြားခြားနားသွားနိုင်ပါတယ်။ ဒီကွဲပြားမှုတွေကို တူညီအောင် လိုက်ညှိနေဖို့ ကျွန်မ ဘယ်တော့မှ ကြိုးစားမှာ မဟုတ်ပါဘူး။
ပိုက်ဆံမှ မရဘဲ...ဘာလို့လုပ်နေတာလဲ ဆိုတဲ့ မသိလို့ မေးတဲ့ မေးခွန်းတွေကိုလည်းကောင်း၊ အချိန်ကုန် စိတ်ပင်ပန်းပြီး ပိုက်ဆံလည်း ရအောင် မလုပ်နိုင်ဘူးဆိုတဲ့ အပြစ်တင်စကားတွေကိုသော်လည်းကောင်း ပြန်လည်ချေပဖို့ ကျွန်မမှာ တာဝန်မရှိပါဘူး။
ကျွန်မမှာ တာဝန်ရှိတာကတော့ လူသားတစ်ဦးအဖြစ် မွေးဖွားကြီးပြင်းလာတဲ့အတွက် လူသားတစ်ယောက်ရဲ့ သူ့ပတ်ဝန်းကျင်အပေါ်မှာ တင်ရှိတဲ့ တာဝန်တွေပါပဲ။ အဲဒီတာဝန်တွေကို ကျွန်မ အကုန် မကျေပွန်သေးပါဘူး။ လမ်းခရီးချင်းတူတဲ့သူတွေနဲ့ အတူတကွ လူသားတာဝန်တွေကို ထမ်းဆောင်နေဆဲပါ။
ရေးလိုက်တဲ့စာတစ်ကြောင်း၊ အလုပ်တစ်ခုဟာ အခြားလူသားတစ်ဦးတစ်ယောက်အတွက် တစ်စုံတစ်ရာ သွယ်ဝိုက်၍သော်လည်းကောင်း၊ တိုက်ရိုက်သော်လည်းကောင်း အကျိုးဖြစ်ထွန်းသွားမယ်၊ စိတ်ကြည်နူးသွားမယ်၊ ပေါ့ပေါ့ပါးပါး ရယ်မောလိုက်မိမယ်ဆိုရင် ကျွန်မ အတွက်တော့ အဲဒါ ကျွန်မ အလုပ်လုပ်နေတာပါပဲ။
ကျွန်မ သွားနေတဲ့ ဘဝပုံစံဟာ အခြားသူများရဲ့ ဘဝပုံစံနဲ့တူအောင် ကျွန်မ တကူးတက လိုက်ညှိနေဖို့ မလိုပါဘူး။ သွားတဲ့ခရီးလမ်းနဲ့ ပန်းတိုင် တူတဲ့သူတွေနဲ့ ကျွန်မတို့ အတူတကွ ခရီးသွားကြပါတယ်။ တခြား ခရီးလမ်းကို မလိုက်လို့လည်း ကျွန်မကို အပြစ်ဆိုလို့လည်း ဘာမှ ထူးခြားလာမှာ မဟုတ်ပါဘူး။ ကျွန်မ နှလုံးသားနဲ့ ကျွန်မ အသက်ရှင်နေထိုင်ပါတယ်။

ဒေါသစိတ်ကလေး
ဒေါသစိတ်ဟာ
ထိန်းချုပ်ရအခက်ဆုံး စိတ်ခံစားချက်မျိုးဖြစ်ပါတယ်။ လူသားတိုင်းဟာ
ဒေါသဖြစ်တဲ့အတွေ့အကြုံ အနည်းနဲ့ အများဆိုသလိုရှိတတ်ကြပါတယ်။
သူငယ်ချင်းမိတ်ဆွေများ တစ်ဦးနှင့်တစ်ဦးမုန်းတီးလာပြီး တစ္ဖက္သား
ခွင့်မလွှတ်နိုင်လောက်တဲ့ စကားများကို ပြောဆိုမိခြင်းဟာ ဒေါသစိတ်ကြောင့်ပဲဖြစ်ပါတယ်။
မိခင် ၊ ဖခင် တို့ကိုယ်တိုင်က ချစ်လှစွာသော သားငယ် ၊ သမီးငယ်များကို ရိုက်နှက်မိခြင်းဟာလည်း
ဒေါသစိတ်ကတရားခံပဲဖြစ်ပါတယ်။
ဒေါသစိတ်ကိုဖြစ်ပေါ်စေတဲ့အကြောင်းရင်းများကတော့ နာကျင်ခြင်း ၊
အချည်းနှီးဖြစ်ခြင်း၊ စိတ်အနှောင့်အယှက်ဖြစ်ခြင်း ၊ သောကဗျာပါဒ ဖြစ်ခြင်း၊
စိတ်ပျက်ခြင်းနှင့် ဘေးအန္တရာယ် တို့ပဲဖြစ်ပါတယ်။ ဒေါသဖြစ်နေတဲ့
အခိုက်အတန့်ကလေးမှာပဲ လူအချို့ဟာ လူသတ်မှုအထိကျုးလွန်တတ်ကြပါတယ်။
မိမိရဲ့
ဒေါသစိတ်ဟာ မိမိကိုယ်တိုင်ရဲ့ ရန်သူဖြစ်ပြီး မိမိဘဝကိုရော ၊
သူတပါးရဲ့ဘဝကိုပါ ပျက်စီးစေနိုင်ပါတယ်။ ဒါပေမယ့်
ဒေါသစိတ်ကိုကောင်းမွန်စွာထိန်းချုပ်နိုင်ပြီး ဒေါသစိတ်ကို
ဘယ်လိုဘယ်ပုံမျိုးထွက်ပေါက်ပေးရမယ်ဆိုတာကို နားလည်သဘောပေါက်ထားမယ်ဆိုရင်
ဒေါသစိတ်ဟာ မိမိအတွက် မိတ်ဆွေလည်းဖြစ်စေနိုင်ပါတယ်။
ဒေါသစိတ်ကိုထွက်ပေါက်ပေးပုံ၊
ပေးနည်းမှန်ကန်မယ်ဆိုရင် ကျွန်မတို့ရဲ့ ဘဝရည်မှန်းချက်ပန်းတိုင်တွေကို
ရောက်ရှိအောင်မြင်နိုင်မှာဖြစ်သလို ဘဝခရီးလမ်းမှာကြုံတွေ့လာရတဲ့ အခက်အခဲ
ပြဿနာများ၊ ရုတ်တရက်ပေါ်ပေါက်လာသော အကြပ်အတည်းများကို ရုတ်ချည်း
ဆုံးဖြတ်ချက်များနဲ့ ဖြေရှင်းနိုင်မှာဖြစ်ပြီး
ကျွန်မတို့ရဲ့ရုပ်ကျန်းမာရေး၊ စိတ်ကျန်းမာရေး
ကိုလည်းအဆိုးဘက်ကိုမရောက်အောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
ဒေါသစိတ်ဆိုတာဟာ
လူသားအားလုံးအတွက် အကျိုးယုတ်ပျက်စီးစေတတ်တယ် ဆိုတာကို ကျွန်မတို့အားလုံး
အသိပဲဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာ လူမျိုးစုံနဲ့ ထိတွေ့ဆက်ဆံ နေရသူများအဖို့
ဒေါသစိတ်ဖြစ်ဖို့ အခွင့်အလမ်းပိုလို့များပါတယ်။ လုပ်ငန်းခွင်အတွင်းမှာ
ဖြစ်ပေါ်လာရတဲ့ ဒေါသဟာ လူမှုဆက်ဆံရေးကို ပျက်စီးအကျိုးယုတ် စေရုံတင်မကဘဲ
ဒေါသဖြစ်သူ ကာယကံရှင်ကိုယ်တိုင်ရဲ့ ကျန်းမာရေးကိုပါ ထိခိုက်စေပါတယ်။
သွေးတိုးရောဂါ ၊ နှလုံးရောဂါ၊ ခေါင်းကိုက်ရောဂါ၊ အရေပြားယားယံခြင်းနဲ့
စိတ်ကျခြင်းမှသည် နာတာရှည် စိုးရိမ်ပူပန်ခြင်းအထိ ဖြစ်စေနိုင်ပါတယ်။
ဒေါသစိတ်ကို
မချုပ်တည်းနိုင်ခြင်းကြောင့် အန္တရာယ်ကြီးမားလှတဲ့ ရာဇဝတ်မှု ၊
ညှင်းပန်းနှိပ်စက်မှု နဲ့ ကြမ်းတမ်းတဲ့ ကိုယ်နှုတ်အမူအရာများ
ဖြစ်ပေါ်လာရပါတယ်။ လုပ်ငန်းခွင်မှာ လုပ်သားများ ဒေါသစိတ်ဖြစ်ရခြင်း
အကြောင်းရင်းများမှာ အလုပ်ရှင် ၊ ကြီးကြပ်ရေးမှုး၊ မန်နေဂျာ
စသည့်လူများကြောင့်ဖြစ်ပြီး လုပ်ဖော်ကိုင်ဖက်များလည်း ပါဝင်ပါတယ်။
-အလုပ်ရှင်ကလုပ်ခတိုးပေးမည် ။ ရာထူးတိုးပေးမည် စသည်ဖြင့် ကတိပေးထားပြီး ထိုကတိများအတိုင်းတကယ်တန်းတွင်ြဖစ်မလာခြင်း၊
-အလုပ်သမားတစ်ဦးဟာ မိမိမှားယွင်းသည်ဟု အပြစ်တင်ခံရခြင်း ၊
-မိမိအထက်က မန်နေဂျာ ၊ ကြီးကြပ်ရေးမှုးများက မိမိကို ကြိမ်ဖန်များစွာအပြစ်တင်ခြင်း၊
-အလုပ်သမားများက
မိမိသည် မိမိ၏ အထက်မှ မန်နေဂျာ၊ ကြီးကြပ်ရေးမှုးများထက်ပို
လုပ်ငန်းကျွမ်းကျင်သည် ၊ ပိုတော်သည်ဟု မိမိကိုယ်မိမိ ထင်မြင်နေခြင်း၊
-လုပ်ဖော်ကိုင်ဖက်များက မိမိထက် ပိုဝင်ငွေကောင်းနေခြင်း
စတဲ့အချက်များကြောင့် လုပ်ငန်းခွင်မှာ ဒေါသစိတ်များဖြစ်လာရပါတယ်။
တစ်ခါတစ်ရံမှာတော့
လုပ်ငန်းနဲ့ မဆိုင်တဲ့ ပြင်ပ အကြောင်းအရာများကလည်း လုပ်ငန်းခွင်ကို
နှောင့်ယှက်တတ်ပါတယ်။ မိသားစုအတွင်းမှာ ကြုံတွေ့ရတဲ့ အခက်အခဲ ပြဿနာများ
ကြီးထွားလာပြီး ထိုပြဿနာများက မိမိရဲ့စိတ်ကို ကြီးစိုးလာတဲ့အခါမှာ
လုပ်ငန်းခွင်ကိုပါထိခိုက်လာစေနိုင်ပါတယ်။ ကွာရှင်းပြတ်စဲခြင်း ၊
မိမိချစ်နှစ်သက်သူူကွယ်လွန်ခြင်း၊ ငွေကြေးပြဿနာများနဲ့ ကျန်းမာရေး
ပြဿနာများဟာ စိတ်ကိုလွှမ်းမိုးလာပြီး ထိုအကြောင်းအရာများနဲ့ ပတ်သက်တဲ့
ဒေါသစိတ်ဟာ လုပ်ငန်းခွင်အထိကိုပါ ဆက်နွယ်လာပါတယ်။ လုပ်ငန်းခွင်မှာ
ဒေါသထွက်လျှင် လုပ်ငန်းဆောင်ရွက်မှုကို ထိခိုက်စေနိုင်ပြီး မိမိလုပ်အားခကို
မှီခိုနေရသော မိမိ၏မိသားစုဘဝကို ဒုက္ခ ဖြစ်စေနိုင်သောကြောင့်
လုပ်ငန်းခွင်မှာ ဒေါသဖြစ်ခြင်းလောက်ဆိုးရွားတဲ့အခြေအနေမရှိတော့ပါဘူး။
ဒါကြောင့်လုပ်ငန်းခွင်မှာ
ဒေါသစိတ်ကို ချုပ်တည်းနိုင်ခြင်း အလေ့အကျင့်ကို ကြိုးစားမွေးမြူမယ်ဆိုရင်
လုပ်သားကောင်းတစ်ဦး ၊ ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်လာနိုင်ပါတယ်။
မိမိစိတ်ကိုမိမိထိန်းချုပ်နိုင်ခြင်း
အလေ့အကျင့်ဟာ မွေးမြူလို့ရပါတယ်။ လူသားတွေရဲ့ အပြုအမူအကျင့်တွေ အားလုံးဟာ
အခြေအနေတွေပေါ်မှာမူတည်ပြီး ပြုပြင်လို့ရပါတယ်
လို့စိတ်ပညာရှင်များကဆိုပါတယ်။ ငယ်စဉ်ကလေးဘဝမှာ ဒေါသထွက်ခြင်းဖြင့်
ကိုယ်လိုချင်တာကို အရယူနိုင်ခြင်းကြောင့် အရွယ်ရောက်လာတဲ့အခါမှာလည်း
ဒေါသထွက်ခြင်း အလေ့အကျင့် ဆက်လက်ဖြစ်ပေါ်လာပါတယ်။ ထိုသူဟာ
ဒေါသထွက်ခြင်းအလေ့အကျင့်ကို ငယ်စဉ်ကတည်းက စိတ်မှာမွေးမြူခဲ့လို့ပါပဲ။
ထိုသို့ ဒေါသထွက်ခြင်း အလေ့အထကို မွေးမြူလာနိုင်ခဲ့တယ်ဆိုရင် သီအိုရီနည်းအရ
သည်းခံခွင့်လွှတ်ခြင်း အလေ့အထကိုလည်း ကျွန်မတို့ရဲ့စိတ်မှာ
မွေးမြူလို့ရပါတယ်။ သည်းခံခွင့်လွှတ်ခြင်းကို စိတ်မှာ
လေ့ကျင့်မွေးမြူခြင်းဖြင့် တဖြည်းဖြည်းနဲ့ သည်းခံခြင်းစွမ်းအား
ပိုမိုလာပြီး ဒေါသစိတ်လျော့ပါး လာမှာဖြစ်ပါတယ်။ ဒေါသစိတ်ကို
ထိန်းချုပ်နိုင်သူဟာ ဆုံးဖြတ်ချက်များလည်း မှန်ကန်မှာဖြစ်ပါတယ်။
ကိုယ်လက်လှုပ်ရှားမှု အားကစားလေ့ကျင့်ခန်းများပြုလုပ်ခြင်း ၊ ကောင်းမွန်စွာ
အိပ်စက်အနားယူခြင်း၊ အရက်သေစာများကို ရှောင်ရှားခြင်းတို့ဖြင့်
ဒေါသစိတ်ကိုလျော့ပါးစေပြီး ကိုယ်အမူအရာကြမ်းတမ်းခြင်း
လည်းလျော့ပါးလာမှာဖြစ်ပါတယ်။
ရုပ်ပိုင်းဆိုင်ရာ
ကျန်းမာရေးလည်း ပိုမိုကောင်းမွန်လာမှာ ဖြစ်ပါတယ်။ လူတွေဟာ ကျန်းမာရေး
ပိုလို့ကောင်းလေ ပိုလို့အောင်မြင်တဲ့ဘဝကို တည်ဆောက်နိုင်လေ ဖြစ်ပါတယ်။
သူတပါးရဲ့
အမှားများကို ခွင့်မလွှတ်နိုင်လောက်အောင် ဒေါသဖြစ်လာပြီဆိုရင် စိတ်ကူးနဲ့
သူ့နေရာမှာ ကိုယ်စားဝင်ကြည့်ပြီး ကိုယ်ချင်းစာကြည့်ပေးပါ။ ထိုအလေ့အကျင့်ဟာ
ကျွန်မတို့ကို မတူညီတဲ့ ရှုှုထောင့်အမြင်သစ်တစ်ခုတိုးပွားလာစေမှာ
ဖြစ်ပါတယ်။ ကျွန်မတို့အားလုံး ပုထုဇဉ် လူသားတွေပဲမို့
အမှားမကင်းနိုင်ကြပါဘူး ဆိုတာကို အမြဲသဘောပေါက်နားလည်ထားမယ်ဆိုရင်
သူတပါးရဲ့ အမှားများကိုလည်း ခွင့်လွှတ်ပေးလာနိုင်ပါလိမ့်မယ်။
ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ဟာသလေးများကို ရှာဖွေပြီး
ရယ်မောပစ်လိုက်မယ်ဆိုရင် ဒေါသစိတ်လျော့နည်းလာမှာပါပဲ။ သူတပါးကို
ကောင်းမွန်စွာ နားထောင်ခြင်းဟာလည်း လှုမှုဆက်ဆံရေးအတွက် အကျိုးအမြတ်ရစေမှာ
ဖြစ်ပြီး လူအချင်းချင်းယုံကြည်မှုကို ဖြစ်စေနိုင်ပါတယ်။ တကယ်လို့
မိမိကိုယ်တိုင်က သူတပါးအပေါ်မှာ ဒေါသဖြစ်နေပြီ ဆိုရင်
ကိုယ်ဒေါသဖြစ်ရတဲ့သူကို ဘယ်လိုအကြောင်းအရာတွေက မိမိကို
ဒေါသဖြစ်စေတာလဲ...ဘာကြောင့် ဒေါသဖြစ်ရတာလဲဆိုတာကို
နားလည်သဘောပေါက်အောင်ရှင်းပြ ပေးပါ။ ဒါမှလည်းပွင့်လင်းတဲ့ ဆက်ဆံရေးတစ်ခုကို
ဖော်ဆောင်ပြီး အချင်းချင်း နားလည်မှု ရှိလာမှာဖြစ်ပါတယ်။
တကယ်တန်းကျတော့
စဉ်းစားကြည့်မယ်ဆိုရင် ကျွန်မတို့ရဲ့ ဘဝတွေဟာ ဒေါသစိတ်နဲ့သာ
အချိန်ကုန်နေမယ်ဆိုရင် သိပ်ကို တိုတောင်းလွန်းလှတဲ့ ဘဝသာဖြစ်နေမှာပါ။
ရရှိထားတဲ့ လူ့ဘဝသက်တမ်း အတွင်းမှာ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကိုရော
မိမိကိုယ်တိုင်ကိုပါ အကျိုးမဲ့စေတဲ့ ဒေါသစိတ်ကို ချုပ်တည်းပြီး
သည်းခံခွင့်လွှတ်စိတ်နဲ့သာ နေမယ်ဆိုရင် အင်မတန်ပျော်စရာကောင်းတဲ့
လူ့ဘောင်လောက ဖြစ်လာမှာ မလွဲမသွေပါပဲ။
ဟနစံ
၂ ရက်၊ အောက်တိုဘာလ၊ ၂၀၀၆ ခုနှစ်။
အချစ်လမ်းညွှန်မြေပုံ
ခင်ပွန်းသည်ဖြစ်သူက
အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်၊ အားကစားလိုက်စားပြီး
ဂေါက်သီးရိုက်ကာ အပေါင်းအသင်း ဝင်ဆံ့သူ၊ ဧည့်ခံပွဲများ၊ ညစာစားပွဲများမှာ
တက်ကြွပျော်ရွှင်နေတတ်သူ။ ဇနီးသည်ကတော့ အေးဆေး စကားနည်းပြီး ပွဲလမ်းသဘင်နဲ့
လူတွေနဲ့ တွေ့ဆုံ စကားပြောရမှာကို ရှောင်ရှားသူ။ အဲဒီလိုဖြစ်နေတဲ့
စုံတွဲကို သူတို့ နှစ်ယောက် ဘယ်လိုမှလည်း မလိုက်ဖက်ဘဲနဲ့ ဘယ်လိုများ
လက်ထပ်ပြီး အိမ်ထောင်သာယာနေပါသလဲလို့ ထင်မြင်တတ်ကြပါတယ်။ တစ်ခါတစ်ရံ
ကျွန်မတို့ပတ်ဝန်းကျင်မှာ အဲဒီလိုမျိုး ဘယ်လိုမှ လိုက်ဖက်မှုမရှိဘူးလို့
မြင်ရတဲ့ စုံတွဲများကို တွေ့ရတတ်ပါတယ်။ ဘယ်လို မြှားနတ်မောင်မျိုးကများ
သူတို့နှစ်ယောက်ကို ဖူးစာဆုံပေးလိုက်ပါလိမ့်လို့လည်း တွေးကောင်း
တွေးမိတတ်ကြပြန်ပါတယ်။
ဒီလိုမျိုး
ဆန့်ကျင်ဘက်လို့ ယူဆရတဲ့လူနှစ်ယောက်ဟာ အိမ်ထောင်သာယာနေတာဟာ
အချစ်မြေပုံကြောင့်ပါလို့ Johns Hopkins University မှ ပါမောက္ခ John Money
ကရှင်းလင်းပြောကြားခဲ့ပါတယ်။ လူသားတွေရဲ့ ဦးနှောက်ထဲမှာ ရှိတဲ့
ကြိုက်နှစ်သက်ခြင်း၊ မနှစ်သက်ခြင်း တို့ဟာ ငယ်စဉ်ကလေးဘဝကတည်းက
ရှိလာပြီးသားဖြစ်ပါတယ်။ ဆံပင်အရောင်၊ မျက်လုံးအရောင်၊ အသံ၊ ကိုယ်သင်းရနံ့၊
ကိုယ်ခန္ဓာဖွဲ့စည်းပုံ၊ ကိုယ်နေဟန်ထား စတာတွေအပြင် သနားကြင်နာတတ်ခြင်း၊
ဖော်ရွေ ခင်မင်တတ်ခြင်း၊ စကားများများပြောတတ်ခြင်း၊ တိတ်ဆိတ်အေးဆေးခြင်း
စတဲ့ အမူအကျင့်စတာတွေကိုပါ ကြိုက်နှစ်သက်ခြင်း ၊ မနှစ်သက်ခြင်းဆိုတာ
လူတစ်ဦးတစ်ယောက်နဲ့ ဖူးစာမဆုံမိခင်ကတည်းက ဦးနှောက်ထဲမှာ
ရှိနေနှင့်ပြီးသားပါ။
မိမိစိတ်မှာ
ဒီလူကို ချစ်တယ်ဆိုတာက ဦးနှောက်ထဲမှာ ရှိနေနှင့်ပြီးသား အချစ်မြေပုံနဲ့
ဒီလူနဲ့က တိုက်ဆိုင် တူညီနေလို့ပါပဲ။ ငယ်စဉ်ကလေးဘဝကတည်းက ဦးနှောက်ထဲမှာ
အချစ်မြေပုံ ပုံဖော်ရေးဆွဲထားပြီးသား ဖြစ်ပြီး အသက် ၈ နှစ်အရွယ်မှာတော့
မိမိဘဝအတွက် အသင်ေ့တာ်ဆုံး ဖူးစာဖက်ကို အလိုလို ပုံပေါ်
သတ်မှတ်ပြီးဖြစ်နေပါပြီ။ မိမိရဲ့ချစ်သူ၊ မိမိရဲ့ အိမ်ထောင်ဖက်ကို
ဘာကြောင့်ချစ်တာလဲလို့ မေးခွန်းမေး လိုက်မယ်ဆိုရင် သူ့ အသံကို ကြိုက်တာ၊
သူ့ရဲ့ ကြင်နာသနားတတ်တဲ့ စိတ်ကိုချစ်တာ၊ သူ ဟာသပြောတတ် တာလေးတွေကို ချစ်တာ
စသည်ဖြင့် အမျိုးမျိုးဖြေကြပါလိမ့်မယ်။ ဒါ တကယ် ဟုတ်ပါတယ်။ တကယ်လို့များ
အဲဒီလူတွေကို သူတို့ရဲ့ မိခင်တွေအကြောင်း ပုံဖော်ခိုင်းကြည့်မယ်ဆိုရင်
မိခင်နဲ့ ချစ်သူဟာ ရုပ်ဆင်းအသွင်အပြင်၊ အမူအကျင့် ၊ စိတ်နေသဘောထား၊
လုပ်ငန်းသဘာဝမှာ တစ်ခုခုမှာတော့ အတော်များများတူနေတတ်တာကို
တွေ့ရပါလိမ့်မယ်။
ကျွန်မတို့ရဲ့ဘဝမှာ
ပထမဦးဆုံး အချစ်စစ်ဖြစ်တဲ့ မိခင်ကို ချစ်တဲ့အချစ်ဟာ ငယ်စဉ်ကလေးဘဝမှာ
ကတည်းက ဦးနှောက်မှာ အလိုလို အချစ်မြေပုံရေးဆွဲပုံဖော်ပြီး ဖြစ်လို့ပါပဲ။
ကလေးဘဝမှာ မိခင်သာ ပဓာန၊ မိခင်သည်သာ မိမိရဲ့ လုံခြုံနွေးထွေးရာဖြစ်တဲ့
စိတ်ခံစားမှုကြောင့် မိခင်ကို မိမိရဲ့ မသိစိတ်ကနေ အထင်ကြီး ခင်တွယ်
ချစ်ခင်နေပြီး အရွယ်ရောက်လာတဲ့ခါမှာာ မိခင်နဲ့
ရုပ်ဆင်းသွင်ပြင်သော်လည်းကောင်း၊ အမူအကျင့် သော်လည်းကောင်း၊
လုပ်ငန်းသော်လည်းကောင်း အတော်လေးကို ဆင်တူတဲ့ မိန်းကလေးမျိုးကို
ချစ်နှစ်သက်တတ်ကြပါတယ်။ မိခင်ဖြစ်သူက ဟာသဉာဏ်ရှိသူ၊
ရယ်မောပျော်ရွှင်တတ်သူဆိုရင် သားဖြစ်သူ ကိုလည်း ဟာသဉာဏ်ရှိတဲ့မိန်းကလေးကသာ
ဆွဲဆောင်နိုင်ပါတယ်။ မိခင်ဖြစ်သူက သနား ကြင်နာတတ် တယ်ဆိုရင်
သနားကြင်နာတတ်တဲ့ မိန်းကလေးမျိုးကသာ ချစ်စရာကောင်းတယ်လို့ သားဖြစ်သူက
ထင်တတ်ပါတယ်။ မိခင်ဖြစ်သူက နွေးထွေးဖော်ရွေပြီး
တာဝန်ယူတတ်တဲ့မိခင်မျိုးဆိုရင် သားဖြစ်သူက လည်း အဲဒီလို မိန်းမမျိုးကသာ
မိန်းမ ဖြစ်တယ်လို့ သူ့စိတ်ထဲမှာ စွဲထင်ပြီး ထိုသို့သောမိန်းကလေးမျိုးကိုသာ
နှစ်သက်တတ်ပါတယ်။ မိခင်ဖြစ်သူက စိတ်တိုတတ်ပြီး
အေးစက်စွာပြုမူဆက်ဆံတတ်တယ်ဆိုရင် သားဖြစ်သူကလည်း မိခင်ဖြစ်သူရဲ့ တစ်ခါနဲ့
တစ်ခါ မတူညီတဲ့ ပြုမူဆက်ဆံပုံတွေကို ကလေးဘဝကတည်း က မသိစိတ်မှာ
ကြောက်ရွံ့နေတတ်ခဲ့ပြီးနောက် ချစ်သူမိန်းကလေးအပေါ်မှာလည်း ထို့အတူ
အေးစက်ပြီး လက်ထပ်ဖို့အတွက် ကြောက်ရွံ့ နှောင့်နှေးနေတတ်ပါတယ်။
မိခင်ကို
ချစ်တဲ့သားတွေရဲ့ ချစ်သူမိန်းကလေးကလည်း မိခင်နဲ့ အတော်လေးကို
တူညီတတ်တာကိုတွေ့ရ ပါတယ်။ မိခင်ဟာ မိမိဘဝမှာ ပထမဦးဆုံးချစ်မိတဲ့
အမျိုးသမီးဖြစ်သလို ဖခင်ဖြစ်သူကလည်း ဘဝမှာ ပထမဦးဆုံးချစ်မိ ၊ အထင်ကြီးမိတဲ့
ယောကျ်ားဖြစ်ပါတယ်။ သားဖြစ်သူရဲ့ အချစ်မြေပုံမှာ မိခင်ဖြစ်သူက
လွှမ်းမိုးပုံဖော်သလို မိန်းကလေးများအတွက်လည်း ဖခင်ဖြစ်သူရဲ့ပုံရိပ်က
အချစ်မြေပုံမှာ လွှမ်းမိုးပါတယ်။
ဖခင်ဖြစ်သူက သား
၊ သမီးများအပေါ်မှာ ချစ်ကြင်နာတယ်ဆိုရင် သမီးဖြစ်သူဟာ အမျိုးသားများနဲ့
ပတ်သက်ရာမှာလည်း သူ့ကိုယ်သူ ယုံကြည်တတ်ပြီး ဖခင်ဖြစ်သူက အေးစက်ကာ
သားသမီးအများအပေါ် ဖခင်ဝတ္တရားမကျေသူ၊ မေတ္တာမပြတတ်သူ၊
ဖခင်ကောင်းမပီသသူဆိုရင် သမီးဖြစ်သူကလည်း ဆန့်ကျင်ဘက် ယောကျ်ားများရဲ့
မေတ္တာကို ယုံကြည်မှု နည်းပါးတတ်ပါတယ်။
ကျွန်မတို့ရဲ့
နေ့စဉ်ပတ်ဝန်းကျင်မှာ ပညာအရည်အချင်းတန်းတူဖြစ်သူ၊ အတွေးအခေါ်တူညီသူ၊၊
အလုပ်အကိုင် လုပ်ငန်းသဘာဝတူညီသူများနဲ့ ပြောဆိုဆက်ဆံရတာ
ပိုမိုအဆင်ပြေပါတယ်။ အဲဒီ အခြေအနေမျိုးအတိုင်းပါပဲ။ ကျွန်မတို့ရဲ့
မသိစိတ်မှာက ကိုယ့်မိသားစုနဲ့ တူညီတတ်သူကို နှစ်သက်တတ်တဲ့
စိတ်ပိုင်းဆိုင်ရာ ကွင်းဆက်မှာရှိနေခြင်းကြောင့် မိမိနှစ်သက်တဲ့
မိသားစုဝင်တစ်ဦးဦးနဲ့ ရုပ်ဆင်းသွင်ပြင် သော်လည်းကောင်း၊
စိတ်နေသဘောထားသော်လည်းကောင်း တူညီတဲ့ လူတစ်ဦးတစ်ယောက်ကို ချစ်တယ်
ဆိုတာမျိုး ဖြစ်လာတာပါ။
ဖူးစာဖက်ဖြစ်လာမယ့် လူ၂ယောက် ပထမဦးဆုံး ဆုံမိတဲ့အခိုက်၊ ပထမဦးဆုံး
တစ်ယောက်နဲ့ တစ်ယောက် တွေ့တဲ့ခိုက်မှာပဲ ဒီလူဟာ မိမိရဲ့ ဖူးစာဖက်၊ မိမိရဲ့
အိမ်ထောင်ဘက်ဖြစ်မယ့်လူလို့ အလိုလိုသိနေတတ် တာတွေကလည်း မိမိစိတ်ထဲမှာ
ရှိနှင့်နေပြီးသားအချစ်လမ်းညွှန်မြေပုံကြောင့်ပါပဲ။
ကိုးကား။ ။ Dr. Joyce Brothers ၏ Why We Love Who We Love
ဟနစံ
၂၄ ရက်၊ မတ်လ၊ ၂၀၁၁ ခုနှစ်။
သမိုင်းထဲက ကြောင်များရဲ့ ကံကြမ္မာ
ရှေးနှစ်ပေါင်းများစွာကတည်းက
ကြောင်များဟာလူတွေရဲ့ ချစ်မြတ်နိုးမှု ၊ ဦးစားပေးမှု ၊ ရက်စက်စွာ
ညှင်းပန်းနှိပ်စက်မှု တို့ကိုခံရပြီး ကြောင်များရဲ့ ကံကြမ္မာဟာ အတက်အကျ
အနိမ့်အမြင့်တွေနဲ့ စိတ်ဝင် စားစရာ ကောင်းလှပါတယ်။ ကြောင်များဟာ
အသိရခက်ခြင်းကြောင့် ကြောင်ချစ်သူ ကြောင်ပိုင်ရှင်များ အဖို့တော့
စိတ်အနည်းငယ်ရှုပ်ထွေးစေပါတယ်။ ခွေးများက သူတို့ပိုင်ရှင် သူတို့ရဲ့
သခင်ကို ချစ်လျှင် ချစ်ကြောင်း သိသာထင်ရှားစွာပြတတ်ကြပေမယ့် ကြောင်
များကိုတော့ ဘယ်အရာကိုမှ အတင်းအကြပ် စေခိုင်းလို့မရပါဘူး။ သူတို့ဘာသာ
သူတို့စိတ်ဆန္ဒ ရှိမှသာလျှင် သူတို့လုပ်ချင်ရာကိုလုပ်တတ်ကြတဲ့ အိမ်မွေး
တိရစ္ဆာန်အမျိုးအစားများပါပဲ။ ကြောင်ပိုင်ရှင် သခင်ကိုလည်း တွယ်ကပ်မနေကြဘဲ
လွတ်လွတ်လပ်လပ် နေတတ်ကြပါတယ်။ ကြောင်ချစ်သူများသိကြပြီးတဲ့အတိုင်းပါပဲ
အိမ်မှာ ကြောင်မွေးထားပြီဆိုလျှင် ကြောင်ပိုင်ရှင် ကြောင်သခင်များက
ကြောင်ကိုပိုင်ဆိုင်ထားခြင်းမျိုးမဟုတ်ဘဲ ကြောင်များကသာ ကြောင်ချစ်သူ
ကြောင်ပိုင်ရှင်ကို ပိုင်ဆိုင်သွားကြပါတယ်။ ကြောင်ချစ်သူတွေက အလိုအလျောက်ပဲ
ကြောင်များ ရဲ့ အလိုကျ လိုက်လုပ်ပေးနေရတော့ပါတယ်။
စာရေးဆရာ
ဆာဝေါလ်တာစကော့တ်က “ကြောင်များဟာ လှို့ဝှက်ဆန်းကြယ်တဲ့ သတ္တဝါများ ဖြစ်ကြပါ
တယ်။ သူတို့ရဲ့ စိတ်ထဲမှာ လိုအပ်ချက်တွေ အများအပြားရှိနေ တယ်လို့
ယူဆရတာကြောင့် ကျွန်တော်တို့ လူသားတွေဟာ ကြောင်များကိုကိုင်တွယ်
မွေးမြူတဲ့အခါမှာ သတိရှိရပါမယ်” လို့ပြောခဲ့ပါတယ်။
ကြောင်တွေဟာ
လွန်ခဲ့တဲ့နှစ်သန်းပေါင်း ၃၀ ကျော်လောက်ကတည်းက ရှိခဲ့ကြပါတယ်။
ကြောင်အကြီးစား များဖြစ်ကြတဲ့ ကျား ၊ ခြင်္သေ့ များဟာ မီရာဆစ် (Miacids)
အသားစားသတ္တ ဝါမျိုးနွယ်မှ ဆင်းသက် လာကြတာဖြစ်ပါတယ်။
ယနေ့ခေတ်ကြောင်ရိုင်းများကို မျိုးစိတ်အရ ဥရောပကြောင်ရိုင်း ၊ အာဖရိက
ကြောင်ရိုင်း ၊ အာရှကန္တာရကြောင်ရိုင်း ဟူ အမျိုးအစား ၃
မျိုးခွဲခြားထားပါတယ်။
အီဂျစ်လူမျိုးများဟာ
လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀၀၀ ကျော်လောက်ကတည်းက ကြောင်များကို
အိမ်မွေးတိရစ္ဆာန် အဖြစ်မွေးမြူခဲ့ကြပါတယ်။ ရှေးခေတ်အီဂျစ်လူမျိုးများက
ကြောင်များကို သီးသန့်နေရာ ပေးအလေးထား ကာ မွေးမြူခဲ့ကြပါတယ်။
ကြောင်ဦးခေါင်း နဲ့ လူခန္ဓာကိုယ်ရှိသော နတ်ဘုရား Bast ကို ကိုးကွယ်ခဲ့ကြပါ
တယ်။ ကြောင်ကိုအီဂျစ်ဘာသာဖြင့် mau ဟုခေါ်ပြီး သိမြင်ခြင်းလို့ အဓိ ပ္ပ
ါယ်ရပါတယ်။ နေ့အချိန်မှာ ကြောင်တွေရဲ့ မျက်လုံးတွေထဲမှာ
နေအလင်းရောင်ကိုသိမ်းဆည်းထားကာ ညအချိန်မှာ လူသားတွေကို
ဘေးရန်ကင်းရှင်းအောင် အလင်းရောင်ပြပေးတယ် လို့အယူရှိခဲ့ကြပါတယ်။
အိမ်မှာမွေးထားတဲ့ကြောင်တစ်ကောင်သေဆုံးသွားခဲ့လျှင်
အိမ်မှာရှိတဲ့မိသားစုဝင်များ အားလုံးက မိမိတို့ရဲ့
မျက်ခုံးမွေးများကိုအပြောင်ရိတ်ပြီး ဝမ်းနည်းပူဆွေးမှုကို
ပြသတဲ့ဓလေ့ရှိခဲ့ပါ တယ်။ အဲ ဒီခေတ်အခါက အီဂျစ်နိုင်ငံမှာ ကြောင်တစ်ကောင်ကို
သတ်လျှင် သေဒဏ် ပေးတဲ့ ဥပဒေ ရှိခဲ့ပါတယ်။ ထိုအချိန်အခါက ကြောင်များဟာ
အခွင့်ထူးခံ အိမ်မွေး တိရစာန် များ ဖြစ်ကြပါတယ်။
အလယ်ခေတ်ကိုရောက်တဲ့အခါမှာတော့
ကြောင်များရဲ့ကံကြမ္မာဟာ အစစ အရာရာ ပြောင်းလဲသွားပါတယ်။ ကြောင်များအတွက်
အဆိုးဝါးဆုံးကံကြမ္မာဖြစ်ခဲ့ပါတယ်။ ကြောင်များဟာ စုန်း ၊ တစ္ဆေ များရဲ့
အပေါင်းအဖော်များဖြစ်ကြပြီး စုန်း တစ္ဆေ များရဲ့ ကျိန်စာသင့်နေတဲ့
တိရစ္ဆာန်များ ဖြစ်ကြတယ်လို့ အယူသီးခဲ့ကြပါတယ်။ စုန်း ၊ တစ္ဆေ များက သူတို့
ကိုယ်သူတို့ ကြောင်များအယောင်ဆောင်ထားပြီး လူတွေကိုလှည့်စား
နေခဲ့ကြတယ်လို့ အယူရှိခဲ့ကြပါတယ်။ အထူးသဖြင့်အနက်ရောင်ကြောင်များဟာ
မကောင်းဆိုးဝါးများဖြစ်တယ် လို့အယူရှိကြပြီး ကြောင်အနက်များကို
သတ်ပစ်လေ့ရှိခဲ့ကြပါတယ်။ စိန့်ဂျွန်ပွဲတော် (Saint John Festival)
မှာအနက်ရောင်ကြောင်များကို အရှင်လတ်လတ်မီးရှို့သတ်တဲ့ လေ့ရှိခဲ့ပါတယ်။ အဲ
ဒီနေ့ခေတ် အချိန်အခါကစပြီး အနက်ရောင်ကြောင်များဟာ မကောင်းဆိုးဝါးများ လို့
အချို့သောလူများက ဆက်လက်အယူသီးနေကြဆဲဖြစ်ပါတယ်။
ဥရောပတိုက်မှာ
ကြောင်များကိုညှင်းဆဲသတ်ဖြစ်နေတဲ့အချိန်အခါမှာပဲ အရှေ့အလယ်ပိုင်းဒေသမှာတော့
ကြောင်များဟာ နှစ်သက်ဖွယ်ရာ အိမ်မွေးအကောင်လေးများ ဖြစ်နေခဲ့ပါတယ်။ ၁၈
ရာစုအရောက်မှာတော့ ဥရောပမှာကြောင်များရဲ့ကံကြမ္မာ ပြောင်းလဲလာခဲ့ပါတယ်။
ကြောင်များကို အိမ်မွေးတိရိစ္ဆာန်အဖြစ် မွေးမြူလာခဲ့ကြပြီး လူအများရဲ့
နှစ်သက်ချစ်ခင်ခြင်းကို ကြောင်များရရှိခဲ့ကြပါတယ်။
၁၈၇၁ ခုနှစ်မှာ
United Kingdom ရဲ့ Central Palace မှာ ကြောင်ပြပွဲကို
ပထမဦးဆုံးအကြိမ်အဖြစ် ကျင်းပ ခဲ့ပါတယ်။ ယနေ့ခေတ်မှာတော့
ကြောင်များကိုခွေးထက်ပို မွေးမြူလာကြပြီး ကြောင်များဟာ လူတွေရဲ့ အချစ်တော်
လေးများအဖြစ် ရေပန်းစား လျက်ရှိနေပါတယ်။
သိပ္ပံနည်းကျစမ်းသပ်လေ့လာမှုတွေအရ
ကြောင်များကိုအိမ်မှာမွေးမြူထားခြင်းဖြင့် ကြောင်ပိုင်ရှင် လူတို့အတွက်
စိတ်တင်းကြပ်မှု ၊ စိတ်ဖိစီးမှု နဲ့ သွေးတိုးရောဂါများ ကို လျော့ပါး
သက်သာစေတယ်လို့ ဆိုပါတယ်။ ကြောင်တစ်ကောင်ကို အိမ်မွေးတိရစ္ဆာန် အဖြစ်
မွေးမြူ ထားခြင်းဖြင့် စိတ်ဖိစီးမှုရောဂါကို လျော့ပါးသက်သာစေတာ
ကိုစမ်းသပ်မှု တွေအရ အထင်အရှား တွေ့ရပါတယ်။
လူကြိုက်အများဆုံးအိမ်မွေးကြောင်အမျိုးအစားကတော့
အဖြူရောင် နဲ့အနက်ရောင် နှစ်ရောင်စပ်တဲ့ (Moggie) ကြောင်မျိုးဖြစ်ပါတယ်။
အနက်ရောင်ကြောင် နဲ့တက်ဘီကြောင် (Tabby Cat) အမျိုးအစား များကလည်း
ကမ္ဘာတဝှမ်းမှာ နာမည်ကြီးနေပါတယ်။ Siamese လို့ခေါ်တဲ့ ယိုး
ယားကြောင်အမျိုးအစားက ၁၉၈၀ ပြည့်နှစ်လောက်မှာ လူသိများလာပါတယ်။ ဝေါ့ ဒ
စ်စနေ ရဲ့ကာတွန်းရုပ်ရှင်ဖြစ်တဲ့ The Lady and the Trap မှာ Siamese
ကြောင်များဟာ ဗီလိန်ဇာတ်ဆောင်များအဖြစ်ပါဝင်နေတာကြောင့် ကြောင်ချစ်သူများက
မကျေမနပ်ဖြစ်ခဲ့ကြပါတယ်။ ကြောင်များဟာ အသိဉာဏ်မြင့်မားပြီး စူးစမ်းလေ့လာ
တတ်တဲ့ သဘာဝရှိပါတယ်။ ပြင်သစ်စာရေးဆရာမ Collette က
သူမရဲ့အချစ်တော်ကြောင်လေးအကြောင်းကို - ကျွန်မရဲ့ ကြောင်လေးက သူ့ကို
ကျွန်မက တလေးတစား ဆက်ဆံပြောဆိုသလိုမျိုး ကျွန်မကိုပြန်လည်မဆက်ဆံပါဘူး- လို့
ပြောခဲ့ပါတယ်။
ကြောင်တွေဟာမိန်းမတွေအတွက်ချစ်ခင်စရာဖြစ်ပြီး
ခွေးများဟာ ယောက်ျားများချစ်ခင်တဲ့ အိမ်မွေးတိရိစ္ဆာန်များဖြစ်တယ် ဆိုတဲ့
အင်္ဂလိပ်ရှေးဟောင်းဆိုရိုးစကားရှိပေမယ့်လည်း ဆာဝင်စတန်ချာချီ ၊ မာ့ခ်တွိင်
၊ ဆာအိုင်းဇက်နယူတန် ၊ အေဗရာဟမ်လင်ကွန်း စတဲ့ ကမ္ဘာကျော် အမျိုးသားများ
ဟာကြောင်ချစ်သူများဖြစ်ကြပါတယ်။ အလက်ဇန်း ဒါးသည်ဂရိတ် ၊ ဂျုးလိယပ်စ်ဆီဇာ ၊
ဂန်ဂစ်ခန် ၊ နပိုလီယန်ဘိုနာပါတ် နဲ့ ဟစ်တလာ တို့ကတော့
ကြောင်မုန်းတီးသူများဖြစ်ကြပါတယ်။ ထိုသို့သော ပုဂ္ဂိုလ်များကတော့
ကမ္ဘာကြီးကို ပိုင်စိုးလို သူ များဖြစ်ကြပြီး အင်မတန် ခေါင်းမာကြသူများ
ဖြစ်ကြ ပါတယ်။ကြောင်တွေရဲ့ ဆန္ဒ တွေကို
ဘယ်တော့မှခွင့်မပြုသူများဖြစ်ကြပါတယ်။
ကြောင်တွေကလည်းကြောင်ချစ်သူများကိုသာချစ်ခင်တတ်ကြပါတယ်။
ကြောင်ချစ်သူများ ကလွဲလို့ကြောင်များရဲ့ ချစ်ခင်မှုကိုမရနိုင်ကြပါဘူး။
ကမ္ဘာကျော်အင်္ဂလိပ်လူမျိုးစာရေးဆ ရာကြီး ချားလ်စ်ဒ စ်ကန် က
"ကြောင်တစ်ကောင်ကိုချစ်ရတာလောက် ကြီးမားတဲ့ဆုလာဘ်ကြီးမရှိပါဘူး"
လို့ပြောခဲ့တာကိုကြည့်ခြင်းအားဖြင့် ကြောင်များနဲ့လူများ
အကြားမေတ္တာကိုတွေ့နိုင်ပါတယ်။ ကြောင်ချစ်သူများဟာ
စိတ်နှလုံးသိမ်မွေးနူးညံံ့တတ်ကြပြီး စာပေ ၊ အနုပညာကို နှစ်သက် တတ်သူများ
ဖြစ်တယ်လို့ယူဆလို့ရနိုင်ပါ တယ်။
ဟနစံ
၂၅ ရက်၊ ဇွန်လ၊ ၂၀၀၆ ခုနှစ်။
မေ့လိုက်ပြီဆိုတာ သေချာပြီလား
သင်ဟာ ထက်မြက်သွက်လက်တယ်။ ဆွဲဆောင်မှုရှိတယ်။ အတွေးကောင်းတယ်။ ဒါပေမဲ့ သင်ဟာ ဘာ့ကြောင့် အချစ်သစ်ကိုမရှာဖွေနိုင်သေးတာလဲ။ သင့်သူငယ်ချင်းတွေကသင့်ကို ပြောင်းလဲစေချင်နေပြီ။ မပြောင်းလဲနိုင်သေးတာ သင်တစ်ယောက်တည်းဖြစ်နေတယ်လေ။ အဲဒါဘာလို့လဲ ဆိုတော့ အချစ်ဟောင်းနဲ့ လမ်းခွဲပြီးပြီ ဆိုပေမယ့်လည်း သင့်စိတ်တွေက အချစ်ဟောင်းဆီကနေမခွာနိုင်သေးလို့ပေ့ါ။
သင့်အချစ်ဟောင်းကသင့်စိတ်ထဲမှမရှိတော့ဘူးဆိုရင်
နောက်ချစ်သူအသစ်နဲ့ သင်ဟာ ပျော်နိုင်မှာပါ။ ကဲ... ဒီလိုဆိုရင် အချစ်သစ်
ကိုတွေ့ရှိခံစားဖို့အခွင့်အရေးတွေ ကိုလက်လွတ် ခံမှာလား။
အချစ်သစ်ဆိုတာကိုနှလုံးသားမှခံစားရအောင်လေ။
သင့်ချစ်သူနဲ့
လမ်းခွဲပြီးပြီဆိုရင် သူနဲ့ ပတ်သက်သမျှကို သင့်အဘိဓာန်ထဲက နေထုတ်ပစ်လိုက်
ပါ။ သူနဲ့အတူရှိနေခဲ့တဲ့အချိန်တွေကို ပြန်ပြီးသတိရနေဦးမယ်ဆိုရင်
သင့်စိတ်ထဲမှာ သူကနေရာ ယူထားတာ ပဲပေ့ါ။ သူ့အကြောင်း
မကောင်းတာအတင်းပြောမိတာပဲဖြစ်ဖြစ်၊ ကောင်းတာမျိုးချီးမွမ်းမိတာပဲဖြစ်ဖြစ်
သူဟာသင့်စိတ်ထဲမှာရှိနေသေးလို့ပါ။
ကိုယ့်အလုပ်အတွက်
တစ်ခုခုဆုံးဖြတ်ရဖို့ကြုံလာတဲ့အခါမှာ ဖုန်းဆက်တိုင်ပင်ဖို့ အရင်ဦးဆုံး
သတိရမိတဲ့သူ ဟာသင့်အချစ်ဟောင်းဖြစ်ပေမယ့်လည်း ဖုန်းမဆက်မိစေဖို့သတိရှိပါ။
သူ့ဆီဖုန်းခေါ်မယ့်အစား သူငယ်ချင်းတွေဆီဖုန်းခေါ်ပြီး
ပြောပြတိုင်ပင်လိုက်ပါ။ အစီအစဉ်များချမှတ်ဖို့အတွက် အကြံဉာဏ်
တောင်းစရာရှိရင် အချစ်ဟောင်း ကိုသတိရမိ တဲ့အခါ
သတိရစိတ်ကိုဖျောက်ဖျက်ပစ်ပြီး အခြားသူများထံ မှသာ အကြံဉာဏ် ၊
ထောက်ခံမှုများကိုရယူပါ။
အချစ်ဟောင်းနဲ့
ပတ်သက်သမျှ စာ၊ ဓါတ်ပုံ၊ ဗယ်လင်တိုင်းလက်ဆောင်ဝက်ဝံရုပ်ေလး တွေ အားလုံးကို
သင်မမြင်နိုင်တဲ့နေရာမှာ သိမ်းဆည်းထားလိုက်ပါ။ ဖြစ်နိုင်မယ်ဆိုရင်
လွှင့်ပစ်လိုက်ပါ။ သင့်ဖုန်းထဲမှာ ကျန်ရှိနေတဲ့ အချစ်ဟောင်းရဲ့ဖုန်းနံပါတ် ၊
အသံမေးလ် တို့အားလုံးကိုဖျက်ပစ်လိုက်ပါ။ အတိတ်က အသံတွေဟာ သင့်ကို ရှေ့ဆက်
လျှောက်ဖို့ အနှောက်အယှက် အနည်းငယ်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
အတိတ်က
အရာမှန်သမျှ ကို သင့်စိတ်ထဲကနေအပြီးတိုင်ထုတ်ပစ်ဖျက်ဆီးလိုက်ပါ။
အချစ်ဟောင်းနဲ့
နှစ်ယောက်အတူဆိုညည်းဖူးတဲ့သီချင်းလေးကိုပြန်ကြားရင်ဖြစ်ဖြစ်၊
အချစ်ဟောင်းကြိုက်နှစ်သက်တဲ့ အစားအစာတွေကိုမြင်ရင်
မငိုမိဘဲနေနိုင်မှာမဟုတ်ပါဘူး။ ရင်ထဲမှာ
ဘာမှမခံစားရသလိုလည်းနေနိုင်မှာမဟုတ်ပါဘူး။ ငိုချင်ရင်တခဏသာငိုလိုက်ပါ။
ဝမ်းနည်းစေတဲ့အတွေးတွေကို အောင်မြင်နိုင်နင်းအောင် ကြိုးစားလိုက်ပါ။
အချစ်သစ်ရှာတွေ့သွားပြီဖြစ်တဲ့
အချစ်ဟောင်းအပေါ်မှာသဝန်တိုနေမိဦးမယ်ဆိုရင် သင်ဟာ အချစ်ဟောင်း အပေါ်မှာ
ရာနှုန်းပြည့်တွယ်ငြိနေတုန်းပဲပေ့ါ။ သူအချစ်သစ်နဲ့ပျော်နေတာကို
သင်ကဘယ်လိုမှ ဝမ်းနည်းမှု မျိုးမခံစားရဘဲ
သူ့အတွက်ပျော်ရွှင်ပေးနိုင်တယ်ဆိုရင် သင်လည်းသူ့လိုပဲ
အချစ်သစ်နဲ့ပျော်ရွှင်ရမှာပါ။
သင့်ရဲ့ အချစ်သစ်ကို အချစ်ဟောင်းနဲ့ ဘယ်တော့မှမနှိုင်းယှဉ်မိအောင်ကြိုးစားနေပါ။
အချစ်သစ်နဲ့အတူရှိနေခိုက်လေးမှာ
အချစ်ဟောင်းနဲ့တုန်းကဆိုရင် ဘယ်လို ဆိုတာမျိုး အတွေး ထဲမှာမပေါ်လာအောင်
ကြိုးစားထိန်းသိမ်းပြီး အချစ်ဟောင်း ရဲ့ပုံရိပ်တွေ တဖြည်းဖြည်း
မှေးမှိန်ပျောက်ကွယ်သွားအောင်ကြိုးစားပါ။
သင့်ဘေးနားမှာတစ်ယောက်မှရှိမနေရင်တောင်
အထီးကျန်တဲ့ စိတ်ခံစားမှုမျိုး မခံစားမိ လေ အောင်ကြိုးစားပါ။ စနေ ၊
တနင်္ဂနွေ အားလပ်ရက်တွေကို တစ်ယောက်တည်း ဖြတ်သန်း ကုန်ဆုံးရတဲ့အခါမှာ
အထီးကျန်ဆန်မနေဘူးဆိုရင် ၊ အေးချမ်းစွာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်
မယ်ဆိုရင် သင်ဟာ အချစ်ဟောင်း ကိုစွန့်လွှတ်လိုက်ရတဲ့အတွက်
ထိခိုက်ဆုံးရှုံးမှုမျိုး ဘာမှမဖြစ်ဘူးဆိုတဲ့ သဘောပဲပေ့ါ။
တစ်ယောက်တည်းနေရတာဟာ
တစ်ခါတစ်ခါမှာ နှစ်ယောက်ထက်တောင်ပို ကောင်းပါ သေးတယ်။ ကိုယ့်စိတ်ကူးလေးနဲ့
ကိုယ်လုပ်ချင်ရာ လေးတွေလုပ်လို့ရတယ်လေ။
သတင်းစာ ဆောင်းပါး Are you sure you forgot about him or her? ကို ဘာသာပြန်ဆိုပါသည်။
ဟနစံ
၂၄ ရက်၊ နိုဝင်ဘာလ၊ ၂၀၀၆ ခုနှစ်။
နှင်းဆီစကား
ကျွန်မက ပန်းတွေကို ချစ်တတ်သူမို့ပန်းလေးတွေအကြောင်း ပြောနေရရင်မမောနိုင်မပန်းနိုင်ပါပဲ။
ပန်းတွေထဲမှာမှ မွှေးတဲ့ပန်းတွေကို ကျွန်မက အထူး ချစ်ပါတယ်။ အခုလည်း
ကျွန်မက နှင်းဆီပန်းလေးတွေအကြောင်း ပြောပြချင်နေပါတယ်။ အနီ ၊ အဝါ၊ အဖြူ၊ ပန်းရောင်၊ လိမ္မော် ၊
ခရမ်းဖျော့၊
နို့နှစ်ရောင် အစရှိသဖြင့် အရောင်အသွေး စုံလင်လှတဲ့
နှင်းဆီပန်းတွေရဲ့ ရနံ့ကလည်း သင်းပျံ မွှေးလှပါတယ်။
နှင်းဆီပန်းလေးတွေကို
မြင်တွေ့နေကျ ဖြစ်ပေမယ့် အဲဒီနှင်းဆီပန်းလေးတွေက ဘာစကားတွေကို
ပြောနေ တယ် ဆိုတာ ကိုတော့ အမှတ်တမဲ့ ဖြစ်နေမိရင်ဖြစ်နေမိမှာပါ။ ကမ္ဘာပေါ်မှာ နှင်းဆီအမျိုးပေါင်း ၂၅၀ ခန့် ရှိပါတယ်။ နှင်းဆီပန်းလေးတွေက ပြောတဲ့စကားလေးတွေဟာ အင်မတန်စိတ်ဝင်စားဖို့ကောင်းပါတယ်။
အနီရောင်နှင်းဆီတွေဟာ အချစ်ကို ကိုယ်စားပြုဖော်ပြပါတယ်။
နှင်းဆီပန်း
အနီရောင် တစ်ပွင့်တည်း ဆိုရင် ဒီတစ်မိုးအောက် မှာ ၊
ဒီတစ်လောကလုံး မှာ မင်းတစ်ယောက်တည်း လို့အဓိပ္ပါယ်
သက်ရောက်ပါတယ်။
အဲဒါဆိုရင် ကိုယ်မြတ်နိုးရတဲ့ မိန်းကလေး ကိုနှင်းဆီနီလေး တစ်ပွင့် ပေးရင်အဆင်ပြေမှာပေါ့နော်။
အနီရောင် နှင်းဆီပွင့် နှစ်ပွင့် ဆိုရင်တော့ ကိုယ်ရယ် ၊ မင်းရယ် နှစ်ယောက်တည်း ဆိုတဲ့ အဓိပ္ပါယ် ပါ။
နှင်းဆီနီ သုံးပွင့် ကတော့ စကားလေး သုံးခွန်း (I love you. ) ပေါ့နော်။
မင်းကိုကိုယ်ချစ်တယ် ဆိုတဲ့ စကားလေးပေ့ါ။
ဒါ့အပြင်
အနီရောင်နှင်းဆီပန်းတွေဟာ မြင်မြင်ခြင်းချစ်တဲ့အချစ် (Love
at First Sight) နဲ့ ကြည်နူးနှစ်သက်ခြင်း ကို
ကိုယ်စားပြုဖော်ပြပါတယ်။
အဖြူရောင်နှင်းဆီပန်းတွေကတော့
သန့်ရှင်းစင်ကြယ်ခြင်း၊ အပြစ်ကင်းခြင်း အဓိပ္ပါယ်ကို
ဖော်ဆောင် ပါတယ်။ တစ်ခါတစ်ရံ မှာတော့ သိမ်မွေ့စွာ
ငြင်းဆိုခြင်းပေ့ါ။ အဖြူရောင်နှင်းဆီဖူးလေးတွေက
ချစ်သူရည်းစားထားဖို့
ငယ်လွန်းသေးတယ်။ မေမေဆူလိမ့်မယ်ပေ့ါနော်။ ငြင်းရမှာ
အားနာနေတဲ့
မိန်းကလေးတွေအတွက်နှင်းဆီဖူးအဖြူရောင်လေးတွေကကိုယ်စားငြင်းပေးပါလိမ့်မယ်။
အနီရောင်
နှင်းဆီ နဲ့ အဖြူရောင် နှင်းဆီ နှစ်မျိုးပေါင်းကတော့
ပေါင်းစည်းခြင်းဆိုတဲ့ အဓိပ္ပါယ်ကို ဖော်ဆောင်ပြန်ပါတယ်။
အဝါရောင်နှင်းဆီပန်းတေွကတော့
မိတ်ဆွေဖြစ်ခြင်း (Friendship) ကိုကိုယ်စားပြုပါတယ်။
ကိုယ်ချစ်ရတဲ့သူငယ်ချင်းလေးကို ပန်းလက်ဆောင်ပေးမယ်ဆိုရင်
အဝါရောင်နှင်းဆီတေွကိုသာရွေးချယ်လိုက်ပေ့ါနော်။
နောက်ပြီး အဝါရောင်နှင်းဆီတွေက ပျော်ရွှင်ခြင်း ၊ လွတ်လပ်ခြင်း လို့ အဓိပ္ပါယ်ရပြန်ပါတယ်။
စိတ်ကောက်နေတဲ့ချစ်သူလေးကိုချော့ဖို့ဆိုရင်လည်း
အဝါရောင်နှင်းဆီပွင့် အပွင့် သုံးဆယ် လောက် လိုဦးမယ်နော်။
နှင်းဆီအဝါ နှင်းဆီ လှလှ အပွင့် သုံးဆယ်ကို ဖဲကြိုးလေး
နဲ့စည်းပြီး စိတ်ကောက်နတေဲ့ ချစ်သူလေးဆီ
ပို့လိုက်မယ်ဆိုရင် စူနေတဲ့နှုတ်ခမ်းလေးက ပြုံးလာမှာ
အမှန်ပါပဲ။
အနီရောင် နှင်းဆီ နဲ့ အဝါရောင်နှင်းဆီ နှစ်ခုပေါင်းပြီး ပေါင်းစည်းခြင်း၊ အတူတကွမခွဲမခွာ ရှိခြင်းပေ့ါ။
မင်း နဲ့
ကိုယ် ဘယ်တော့မှမခွဲဘူး လို့ ဆိုလိုတာပေ့ါနော်။
နှင်းဆီနီတစ်ပွင့် ရယ် ၊ နှင်းဆီဝါတစ်ပွင့်ရယ် ကို
နှစ်ပွင့်ပေါင်းပြီး ဖဲကြိုးလေး နဲ့ စည်းလိုက်ရင်
စေ့စပ်ခြင်း (engagement) လို့ အဓိပ္ပါယ်ရပါတယ်။
နှင်းဆီပန်း ပန်းရောင်တွေကတော့ လေးစားဂုဏ်ယူခြင်း ၊ နှစ်သက်ခြင်း၊ စာနာနားလည်ခြင်း အဓိပ္ပါယ်ပေါ့။
ကိုယ်ချစ်တဲ့
ဆရာမ ကိုပန်းလက်ဆောင်ပေးမလား။
သူငယ်ချင်းလေးကိုပဲပေးမလား။ မွေးမေမေ အတွက်ပဲဝယ်သွားမလား။
ဘယ်လို ပဲဖြစ်ဖြစ် နှင်းဆီပန်းရောင်လေးတွေက အဆင်ပြေပါတယ်။
နှင်းဆီဘာအရောင်ကိုရွေးချယ်ပြီး ဘယ်သူ့ကိုပေးရမလဲ စဉ်းစားကြည့်ကြတာပေါ့နော်။
ဟနစံ
၂၇ ရက်၊ မေလ၊ ၂၀၀၄ ခုနှစ်။
ဝေဖန်မှုအား တုံ့ပြန်ခြင်း
ကျွန်မတို့တွေဟာ ပုထုဇဉ်တွေ ဖြစ်တာပဲမို့ အဆိုးဝေဖန်မှုတွေ၊ အပြုသဘော
မဆောင်တဲ့ ဝေဖန်မှုတွေကို ကျွန်မတို့ ရရှိတဲ့အခါမှာ တုံ့ပြန်တတ်ကြပါတယ်။
ဘယ်လို အခါမျိုးမှာ ဖြစ်ဖြစ် အပြုသဘောမဆောင်တဲ့ ကိုယ့်အပေါ် ဝေဖန်မှုတွေကို
ကျွန်မတို့က မနှစ်သက်တတ်ပါဘူး။ သာမန် အားဖြင့်တော့ မိမိကို
အဆိုးပြောလာခဲ့လျှင် ဒေါသဖြင့် တုံ့ပြန်တတ်ကြပါတယ်။
ကျွန်မတို့က ရုတ်တရက်ဆိုတော့ ဘာလုပ်ရမယ်ဆိုတာကို မသိတဲ့အတွက် မိမိကိုယ် မိမိ ကာကွယ်ပြောဆိုကာ ဒေါသဖြစ်တတ်၊ စိတ်ဓာတ်ကျတတ်ပြီး အဆိုးဝေဖန်ပြောဆိုလာသူကို ပြန်လည် လက်စားချေ တုံ့ပြန် ပြောဆိုတတ်ကြပါတယ်။ ဒီလိုမျိုး ဖြစ်လာခဲ့မယ်ဆိုရင်တော့ ဝေဖန်သူရော၊ အဝေဖန်ခံရသူ နှစ်ဦး နှစ်ဘက်လုံးအတွက် မကောင်းလှပါဘူး။
မိမိကို အဆိုးဝေဖန်လာမှုတွေကို သံတမန်နည်းဆန်ဆန် ၊ ပညာရှိစွာ ပြန်လည် တုန့်ပြန်နည်းများကို ရွေးချယ်မယ်ဆိုရင် တုန့်ပြန်ပုံ၊ တုန့်ပြန်နည်း (၃) မျိုးရှိပါတယ်။ ကျွန်မတို့တွေက အဲဒီ နည်း (၃)သွယ်ထဲက တစ်ခုခုကို ရွေးချယ် တုံ့ပြန်ကြလေ့ရှိပါတယ်။ ဒါပေမဲ့ အခြေအနေအရ လိုအပ်လာရင်တော့ နည်းလမ်း (၃) သွယ်လုံးကို အသုံးပြုဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
၁) အသေးစိတ်ကို မေးမြန်းပါ။
မိမိကို အဆိုးဝေဖန်လာသူကို ဝေဖန်ရခြင်း အကြောင်းရင်းကို သေချာ ရှင်းလင်းပြောပြဖို့ မေးပါ။ မေးတဲ့အခါမှာလည်း ဘယ်သူ၊ ဘာ၊ ဘယ်အချိန်၊ ဘယ်နေရာ၊ ဘာ့ကြောင့်၊ ဘယ်လို စတဲ့ ဖွင့်ထားတဲ့ မေးခွန်းမျိုးကို မေးသင့်ပါတယ်။
ပြန်လည်ဖြေကြားသူ အနေနဲ့ ဟုတ်တယ်၊ မဟုတ်ဘူး ဆိုတဲ့ အဖြေမျိုးထက် သူ့ရဲ့ ထင်မြင် ယူဆချက်ကို လွတ်လပ်စွာ ရှင်းလင်းပြောပြ ဖြေကြားနိုင်မယ့် မေးခွန်းမျိုး ဖြစ်စေဖို့နဲ့ ဖြေကြားသူကို လွတ်လပ်စွာ သူ့စိတ်ထဲရှိတဲ့အတိုင်း ဖြေနိုင်ဖို့အတွက် မေးခွန်းမေးတဲ့ အသံနေ အသံထားကလည်း အရေးကြီး ပြန်ပါတယ်။ မိမိက ဒေါသဖြင့် မေးလိုက်တာ မဟုတ်ဘူးဆိုတာကို တစ်ဘက်သားက သိစေသင့်ပါတယ်။
ကျွန်မတို့ကိုယ်တိုင်က ဝေဖန်မှုရဲ့ အတိမ် အနက် အကျယ်အဝန်းကို တိကျစွာ သိချင်တဲ့အတွက် ကျွန်မတို့ မေးလိုက်တဲ့ မေးခွန်းက ပြည့်စုံတဲ့၊ တိကျတဲ့ ရှင်းလင်း ပြောကြားချက်ကို ရရှိဖို့ ဦးတည်ရပါမယ်။ ဒါမှလည်း ဝေဖန်မှုကြောင့် ဖြစ်လာမယ့် နောက်ဆက်တွဲ ပြဿနာတွေကို မကြီးထွားစေတော့ဘဲ ကျွန်မတို့အပေါ် ဝေဖန်မှုတွေရဲ့ လက်ရှိ အနေအထားကို နားလည်သဘောပေါက်မှာ ဖြစ်ပါတယ်။
၂) ဝေဖန်သူနှင့် သဘောတူညီပါ။
ကျွန်မတို့အပေါ်ကို ဝေဖန်တဲ့ ဝေဖန်ရေးဆရာ (သို့မဟုတ်) ဝေဖန်သူများနဲ့ ဒီကိစ္စမှာ သူ့အတွေး၊ သူ့ အမြင်နဲ့ သူ့ဝေဖန်မှုတွေ ကိုက်ညီတယ် ဆိုတာကို သဘောတူညီလိုက်တာပါပဲ။
၃) ရှင်းပြပါ။
ကျွန်မတို့ရဲ့ ကိုယ်ပိုင်အတွေးအခေါ်၊ ကျွန်မတို့ရဲ့ အခြေအနေတွေကို ရှင်းပြပါ။ ဝေဖန်ရေးဆရာက အခြေအနေတွေ အားလုံးကို အသေးစိတ် သိရှိပြီး ဖြစ်ပါသလား…သူကရော ကျွန်မတို့ လုပ်သလို၊ တွေးသလို တွေးမိပြီးပါပြီလား ဆိုတာ ကျွန်မတို့ မသိနိုင်ပါဘူး။ ဒါ့ကြောင့် ကျွန်မတို့ရဲ့ လုပ်ငန်းဆောင်တာ အစီအစဉ်တွေ၊ ဘာတွေဖြစ်ပွားတယ်ဆိုတာတွေ၊ အတွေးအခေါ် အယူအဆတွေကို ဝေဖန်သူကို ရှင်းလင်းပြောပြဖို့ အခွင့်အရေးရတာ ဖြစ်တာကြောင့် ရှင်းပြပါ။ ဝေဖန်ရေးဆရာရဲ့ အဆိုးဘက်မှ ဝေဖန်လိုမှု စိတ်ကို လျော့ပေးလိုက်သလို ဖြစ်တာကြောင့် ကျွန်မတို့က ရှင်းလင်းပြောပြဖို့ လိုအပ်ပါတယ်။
ရှင်းလင်းပြောကြားတဲ့အခါမှာ ကျွန်မတို့ရဲ့ လေသံ ၊ လေယူလေသိမ်းဟာ တည်ငြိမ်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ ကျန်မတို့ဟာ မိမိကိုယ်မိမိ ကာကွယ်ပြောဆိုနေပေမယ့်လည်း မိမိကိုယ်မိမိ ကာကွယ်ပြောဆိုနေခြင်း အနေအထားမျိုး မဖြစ်စေဘဲ အေးဆေးတည်ငြိမ်စွာ ရှင်းလင်းပြောကြားတယ်ဆို
တာမျိုး ဖြစ်သင့်ပါတယ်။
ရှင်းလင်းပြောကြားနေစဉ်မှာ ကျွန်မတို့က ဘယ်လိုပြောတယ် …ကျွန်မတို့ကို သူတစ်ပါးက ဘယ်လို မြင်ရတယ် ဆိုတာ အားလုံးပါသွားရပါမယ်။ ကျွန်မတို့ရဲ့ အသံက ကျွန်မတို့ပေးလိုက်ချင်တဲ့ အကြောင်းအရာရဲ့ ၃၈% တာသွားပါတယ်။ ကျွန်မတို့ရဲ့ မျက်နှာအမူအယာ၊ မျက်လုံးချင်း ဆုံမှုတွေဟာ ၅၅ % တာသွားပါတယ်။ ဒါဆိုရင် ပြောဆိုတဲ့ စကားလုံးတွေ မပါသေးဘဲနဲ့တင်ကို ကျွန်မတို့ ရှင်းလင်းပြောဆိုမယ့် အကြောင်းအရာက ၉၃% တာသွား အောင်မြင်နေခဲ့ပြီးပါပြီ။ ကျွန်မတို့ ပြောဆိုမယ့် စကားလုံးတွေကို ရွေးချယ်သုံးစွဲလိုက်မယ်ဆိုရင် အဆိုး ဝေဖန်မှု တစ်ခုကို တည်ငြိမ်အေးဆေးစွာ၊ ပညာရှိနည်းဆန်စွာ တုံ့ပြန်နိုင်လိုက်ပါပြီ။
တကယ်တော့ ဝေဖန်ခြင်းဆိုတာဟာ ကျွန်မတို့ကို လူပုဂ္ဂိုလ်အနေနဲ့ ဖယ်ထုတ်လိုက်တာ မဟုတ်ပါဘူး။ တစ်ဘက်က ကျွန်မတို့ အပေါ် ဘယ်လိုမြင်တယ် ဆိုတာကို ကျွန်မတို့က သိရှိလိုက်ရခြင်းပါ။ အဲဒီအတွက် တစ်ဘက်က ကျွန်မတို့ကို ဘာပြောတယ်ဆိုတာ (အကြောင်းအရာ) ကိုပဲ ကျွန်မတို့က တုံ့ပြန်သင့်ပါတယ်။ ဒီထက်ပိုလို့ ကျွန်မတို့ရဲ့ အတွေးတွေနဲ့ သူတစ်ပါးအတွေးတွေက မတူရကောင်းလားဆိုကာ တုံ့ပြန်နေမယ်ဆိုရင် အကျိုးမရှိဘဲ တန်ဖိုးရှိလာတဲ့ အချိန်များကို ဖြုန်းတီးရာရောက်သလို၊ ဝေဖန်သူနဲ့ ကျွန်မတို့ အကြားက ဆက်ဆံရေးပေါင်းကူးတံတားကိုလည်း ဖျက်ဆီးရာရောက်ပါတယ်။
မလိုအပ်တာတွေအတွက် တုံ့ပြန်ဖို့ မလိုအပ်လှပါဘူး ဆိုတာ ကျွန်မတို့က သဘောပေါက်ထားမယ်ဆိုရင် ကျွန်မတို့ကို အဆိုးဝေဖန်မှုတွေ ဘယ်လောက်ပင် ကြုံစေဦးတော့ စိတ်ပေါ့ပါး ပျော်ရွှင်ကာ ဝေဖန်သူနဲ့လည်း ခင်မင်မှု ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်မယ့် အကျိုးကျေးဇူးများ ရရှိမှာဖြစ်ပါတယ်။
ကိုးကား။ ။ Dealing with Criticism , Borneo Post, Saturday, 7 March,2009.
ဟနစံ
၇ရက်၊ မတ်လ၊ ၂၀၀၉ ခုနှစ်။

ဝေဒနာမဟုတ်တဲ့ အထီးကျန်ခြင်း
အထီးကျန်ခြင်း ဆိုတဲ့ စိတ်ခံစားမှုမျိုးကို လူသားတိုင်း ဘ၀မှာ တစ်ချိန်ချိန်မှာကြုံတွေ့ခံစားကြ ရပါတယ်။ သား၊ သမီးတေွ အိမ်ထောင်ခွဲသွားလို့ တစ်ယောက်တည်းကျန်ရစ်ခဲ့တဲ့အခါမျိုး ၊ ချစ်သူနဲ့ကွေကွင်းရလို့ အထီးကျန်လွမ်းဆွတ်ရတာမျိုး ၊ တစ်နယ်တစ်ကျေးကို ပညာရှာဖို့ပဲဖြစ်ဖြစ်၊ အလုပ်တာဝန်နဲ့ပဲဖြစ်ဖြစ်လာရောက်စမှာ မိသားစုနဲ့ဝေးလို့ အထီးကျန်သိမ်ငယ်မှုမျိုး ၊ ကျောင်းပြောင်းလာကာစ ကျောင်းအသစ်မှာ သူငယ်ချင်းအသစ်တွေမရသေးခင် ကျောင်းအဟောင်းက သူငယ်ချင်းတွေကို လွမ်းဆွတ်ကာ အထီးကျန်သဖွယ်ခံစားနေရတာမျိုး တွေတစ်ချိန်ချိန်မှာ ကြုံတွေ့ရတတ်ပါတယ်။ ဒဿနိကဗဒေပညာရှင်များရဲ့ အဆိုအရ အထီးကျန်ခြင်းဆိုတာဟာ အကောင်းလည်းမဟုတ် ၊ အဆိုးလည်းမဟုတ်ပါဘူး။ အထီးကျန်မှုဟာ စိတ်လှုပ်ရှားဖွယ်ကောင်းပြီး မိမိကိုယ်မိမိ သိမြင်လာတယ်လို့ ဆိုကြပါတယ်။ အထီးကျန်ခြင်းစိတ်ခံစားချက်ဟာ နာကြင်ခြင်း ဝေဒနာမျိုး မဟုတ်ဘဲ အထီးကျန်မှုကနေပြီး အကျိုးအမြတ်တွေရလာနိုင်ပါတယ်။
အထီးကျန်ခြင်းဟာ လူသားဘ၀ရဲ့ တစ်စိတ်တစ်ဒေသလို့ အတွေးအခေါ်ပညာရှင်တွေက ဆိုကြပါတယ်။ လူသားတစ်ယောက်ဖြစ်နေခြင်းကြောင့်အထီးကျန်ဖို့လိုအပ်ပါတယ်။ ဒါပေမဲ့ ဘယ်လိုဘ၀အစိတ်အပိုင်းမျိုးကိုရည်ညွှန်းတယ်ဆိုတာ ကို ရှင်းလင်းဖို့တော့ လိုအပ်ပါလိမ့်မယ်။ ဒီအတွေးအခေါ်ဟာ အနောက်တိုင်းအတွေးအခေါ်ဖြစ်ပြီး အရှေ့တိုင်းအတွေးအခေါ်နဲ့ ခြားနားပါတယ်။ လူသားဘ၀ ကို ရှုထောင့်အမျိုးမျိုးကနေ ရှုမြင်ကြတဲ့အတွက် အနောက်တိုင်းအတွေးအခေါ်ရော အရှေ့တိုင်းအတွေးအခေါ်ပါ နှစ်မျိုးစလုံးမမှားကြဘဲ သူ့အကြာင်းပြချက်နဲ့ သူမှန်ကန်နေကြပါတယ်။

အနောက်တိုင်းအတွေးအခေါ်က လူသားတစ်ဦးဟာ သူကိုယ်ပိုင် အတ္တ (ego) နဲ့ဖွဲ့စည်းထားတယ်လို့ ဆိုပါတယ်။ လူသားတစ်ဦးစီမှာရှိနကြေတဲ့ သူကိုယ်ပိုင် အတ္တဟာ သူတစ်ပါးရဲ့ အတ္တနဲ့ မတူဘဲ သူ့ဘာသာ တစ်မူစီရှိနကြေတဲ့အတွက် မိမိမဟုတ်တဲ့ အခြားသူတစ်ယောက်ကို အပြည့်အ၀နားလည်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။ လူတစ်ဦးနဲ့ တစ်ဦး အတ္တ ချင်း ၊ စိတ်ချင်း မတူညီဘဲကွဲပြားခြားနားတဲ့အတွက် လူတစ်ယောက်နဲ့ တစ်ယောက်ကလည်းမတူညီခြင်းဖြစ်ပါတယ်။ အရှေ့တိုင်းဘာသာရေးအတွေးအခေါ်ပညာရှင်တွေကတော့ လူသားဟာ အတ္တတစ်ခုတည်းနဲ့ ဖွဲ့စည်းထားခြင်းမဟုတ်ဘဲ ဝိဉာဉ် ( spirit or soul ) လို့ခေါ်တဲ့နောက်အရာတစ်ခုနဲ့ ဖွဲ့စည်းထားသေးတယ်လို့ ဆိုပါတယ်။ ဒီနေရာမှာ ဝိဉာဉ် ဟာအဆုံးအစမရှိဘဲဘ၀အသွင် သဏ္ဍာန်အားလုံးနဲ့ဆက်နွယ်နေပါတယ်။ ဒီဝိဉာဉ်သဘာ၀ကနပြေီးတော့မှ အတ္တဖြစ်ပေါ်လာပါတယ်။ လူ့ဝိဉာဉ်ကြောင့်
အထီးကျန်ခြင်းခံစားရတာမျိုးမဟုတ်ဘဲ
လူ့အတ္တကြောင့်သာလျှင် အထီးကျန်ခြင်းကို
ခံစားရခြင်းဖြစ်တယ် လို့ ဆိုပါတယ်။
ဘ၀မှာ အပြောင်းအလဲနဲ့ ဝမ်းနည်းကြေကွဲမှု တို့ က အထီးကျန်ခြင်းကိုဖြစ်ပေါ်ခံစားရစေပါတယ်။ မိမိ ကိုယ်ပိုင်ဆုံးဖြတ်ချက်ကြောင့်သာလျှင် အထီးကျန်မှုဟာဖြစ်ပေါ်လာပါတယ်။ ဆိုလိုတာက မိမိစိတ်နဲ့မိမိ အထီးကျန်ခြင်းကို ခံစားနေရတာဖြစ်ပါတယ်။ မိသားစုဝင်များ ၊ မိတ်ဆွေများ ရဲ့ ကိုယ်ချင်းစာနာမှု နဲ့ ဂရုဏာတရားတို့ ဘယ်လောက်ပင်ကြီးမားစေဦးတော့နောက်ဆုံးမှာ မိမိကိုယ်ပိုင်ခံစားချက်ကသာလျှင်မိမိကိုပိုင်စိုးသွားပါတယ်။ ဘ၀မှာအပြောင်းအလဲ နဲ့ စပ်ကူးမတ်ကူးကာမျိုးမှာ အထီးကျန်မှုကိုခံစားရပါတယ်။ ထိုအခါမျိုးမှာ အဟောင်းများကိုစွန့်ခွာထားခဲ့ပြီး အသစ်တဖန်ပြန်လည်စတင်ဖို့ ဦးတည်ရာလမ်းကြောင်းကိုရွေးချယ်ရပါတယ်။ ဒီနရောမှာ ပြောင်းလဲခြင်းဆိုတာ အလုပ်အကိုင်ပြောင်းလဲခြင်း ၊ စိတ်နေသဘောထားပြောင်းလဲခြင်း ၊ နေရာသစ်တစ်ခု သို့ပြောင်းရွှေ့ရခြင်း အားလုံးနဲ့ အကျုံးဝင်ပါတယ်။
လူမှုပတ်ဝန်းကျင်မှာ
အခြားသူများနှင့်ပေါင်းသင်းဆက်ဆံရန်
မစွမ်းသာတဲ့အခြေအနေအခါမျိုးမှာ လူတို့ဟာ
အထီးကျန်မှုကိုခံစားရပါတယ်။ လူတစ်ဦးနှင့်တစ်ဦး
ရှင်သန်ကြီးပြင်းလာရတဲ့
မိသားစုများမတူညီခြင်းကြောင့်မေတ္တာကို
ရရှိခံစားမှုဟာလည်းမတူနိုင်ကြပါဘူး။ မိသားစုထဲမှာ
မေတ္တာကိုလုံလောက်စွာ မရရှိခြင်းကြောင့် စိတ်ကျလာပြီး
အခြားသူများနှင့်ခင်မင်ဆက်ဆံရမှာကိုကြောက်ရွံ့လာ
တတ်ကြပါတယ်။ အချို့သောသူများကတော့ မိမိကိုယ်မိမိသာ
ချစ်ခင်ခြင်းကြောင့် အထီးကျန်ဆန်နေရခြင်းဖြစ်ပါတယ်။ မည်သူ
တစ်ဦးတစ်ယောက်ကမှ မိမိကို မချစ်ကြဘူး၊ ဂရုမစိုက်ကြဘူး
လို့ထင်မြင်နေကြတဲ့သူတွေပဲဖြစ်ပါတယ်။ တကယ်တော့ သူတို့ဟာ
အခြားသူများအပေါ်ကိုမေတ္တာကို ဘယ်လိုပေးရမယ် ဆိုတာကို
မသိကြသေးသူများဖြစ်ကြပါတယ်။
စိတ်ပညာရှင်များက လူတစ်ဦးသည် သူ့ကိုယ်ပိုင်ဘ၀တစ်ခုအတွက်သာတာဝန်ရှိတယ် လို့ ဆိုကြပါတယ်။ မိမိကိုယ်တိုင်မှလွဲ ၍ မည်သူတစ်ဦးတစ်ယောက်ကမှ မိမိဘ၀အားလာရောက်မဖန်တီးပေးနိုင်ဟု ဆိုလိုကြခြင်းဖြစ်ပါတယ်။ မိမိ၏အတ္တ အရ မိမိ၏ဖြစ်တည်မှုတွင်သာနေထိုင်ကြခြင်းဖြစ်သည်။ လူအများသည် မိမိတို့၏ဘ၀ကို အလုပ် ၊ လူမှုဆက်ဆံရေး၊ နေ့စဉ်ဘ၀ ထဲမှာမြှုပ်နှံထားကြပြီး အဆင်မပြေမှုများကြုံတွေ့ရသောအခါ စိုးရိမ်ပူပန်မှုကိုခံစားကြရသည်။ ထိုအခါတွင်မှာ ဘ၀ ဆိုသည်မှာ အဘယ်နည်း ဆိုတဲ့မေးခွန်းမျိုးကို မိမိကိုယ်မိမိ ပြန်လည်မေးတတ်ကြပြီး လက်ရှိဘ၀အခြေအနေအပေါ်အာရုံစိုက်လာတတ်ကြသည်။
အချို့အထီးကျန်မှုများသည်
ဟန်ဆောင်နေထိုင်ရခြင်းအပေါ်တွင်ဖြစ်တည်လာရသည်။
လူမှုပတ်ဝန်းကျင်အသိုင်းအဝိုင်း ၊ လုပ်ငန်းခွင်အတွင်းမှာ
ဟန်ဆောင်နေရခြင်းများ ကိုငြီးငွေ့လာရာမှ မိမိသည်
မည်ကဲ့သို့သောသူမျိုး ဆိုသည့်
မိမိအစစ်အမှန်ကိုရှာဖွေတွေ့ရှိသွားသောအခါ
အထီးကျန်သဖွယ်ခံစားလာရသည်။ မိမိကိုယ်ကို
အထီးကျန်နေသည်ဟုခံစားရခြင်းသည် အထီးကျန်မှုကို
ရင်ဆိုင်ရခြင်းပထမအဆင့်ပင်ဖြစ်သည်။ ထိုအခါအထီးကျန်မှုက
သင့်အားပြင်ပကမ္ဘာမှဆွဲထုတ်ကာ တသီးတခြားဖြစ်နေစေပြီး
မိမိအတွင်းစိတ်ကို ဆန်းစစ်လေ့လာမိစေပေသည်။ အထီးကျန်မှုက
မိမိကိုယ်မိမိရှာဖွေတွေ့ရှိစေသည်။ ထိုအခါမျိုးတွင်
မိမိကိုယ်တိုင်သည်သာ
မိမိအတွက်အကောင်းဆုံးအဖော်ဖြစ်သည်ကို တွေ့ရှိရပြီး
မိမိအတွင်းစိတ်ကို ပြန်လည်ပြုပြင်ပြီး
အသစ်တဖန်ပြန်လည်မွေးဖွားရန်အကောင်းဆုံးဖြစ်သည်။
အထီးကျန်မှုကိုခံစားရသောအခါ လူတို့သည်
စိတ်နာကြင်ခံစားရသည် ဟုထင်မှတ်ကြသည်။ အမှန်စင်စစ်မှာမူ
အထီးကျန်မှုကိုရင်ဆိုင်နိုင်စွမ်းသတ္တိ ရှိလာခြင်းဖြစ်သည်။
အထီးကျန်မှုကလူတို့အား မေတ္တတရားကို သင်ကြားပို့ချပေးလေသည်။ လူတို့သည် အထီးကျန်သဖွယ်ခံစားနေရသောအခါတွင် မေတ္တာကိုရှာဖွေတတ်ကြလေသည်။မေတ္တတရားက ဘ၀ကိုရင်ဆိုင်နိုင်စွမ်းသတ္တိကိုပေးစွမ်းသည်။ လူတစ်ဦးသည် ကျယ်ပြန့်သောလူမှုပတ်ဝန်းကျင်အသိုင်းအဝိုင်းတွင်းနေထိုင်နေရသော်လည်း အထီးကျန်သဖွယ်ခံစားနရခြင်းမှာ ရရှိထားသော မေတ္တာတရားပမာဏကိုမကျေနပ်မရောင့်ရဲနိုင်သေး ၍
ဖြစ်ပေသည်။
မိမိကိုယ်တိုင်က အခြားသူများကို မေတ္တာပေးရန်လေ့လာသင်ယူပြီး မိမိ၏အတွင်းစိတ်ကို အေးချမ်းနေစေရန် ကြိုးစားနေထိုင်သင့်ပေသည်။ အမှန်စင်စင်မှာမူ အထီးကျန်ခြင်းဆိုသည့် စိတ်ခံစားမှုသည် အဆိုးအနေဖြင့်လူတို့ကခံစားနေရသော်လည်း ထိုအဆိုးထဲမှ အကောင်းကိုဆွဲထုတ်ယူပြီး ဘ၀တွင် နေထိုင်ခြင်းနည်းလမ်းကောင်း ကိုရှာဖွေရမည် သာဖြစ်ပေသည်။

ဇွန် ၂၆ ရက်၊ ၂၀၀၆ ခုနှစ်။
Subscribe to:
Posts (Atom)