Showing posts with label ကျန်းမာရေး. Show all posts
Showing posts with label ကျန်းမာရေး. Show all posts

Wednesday, 1 February 2017

မွေးကင်းစနှင့်ဗီတာမင်ကေ

ထိခိုက် ဒဏ်ရာရပြီး သွေးထွက်လျှင် သွေးတိတ်ပြီး သွေးခဲစေဖို့အတွက် ဗီတာမင်ကေ လိုအပ်ပါတယ်။ ဗီတာမင်ကေ ချို့တဲ့လျှင် အသေးအဖွဲ ထိရှတာလေးမှပင်သွေးမတိတ်တော့ဘဲ အသေးစားထိခိုက်မှုလေးမှသည် ကြီးကျယ်သော ဒဏ်ရာဖြစ်သွားစေနိုင်ပါတယ်။ တကယ်လို့ သွေးစိမ့်ယိုခြင်းဟာ ဦးနှောက်လို အစိတ်အပိုင်းမျိုးမှာ ဖြစ်မယ်ဆိုရင် stroke တစ်မျိုးကို ခံစားရစေနိုင်ပါတယ်။အရွယ်ရောက်ပြီးသူများနှင့် ကလေးများဟာ ဗီတာမင်ကေ ကို အူထဲရှိ ဘက်တီးရီးယားများမှ အများဆုံး ရရှိပြီး စားသော အစာများမှလည်း ဗီတာမင်ကေကို အနည်းငယ် ရရှိနိုင်ပါတယ်။ဗီတာမင်ကေဓာတ် ပါဝင်တဲ့ အစားအစာများကတော့ ပဲသီး ၊ ကြိတ်ထားသော အမဲသား ၊ အမဲ အသည်း ၊ ဂေါ်ဖီထုပ် ၊ မုန်ညင်း ၊ နွားနို့ ၊ မုန်လာဥ (ဝါ) ၊ လိမ္မော်သီး ၊ အာလူး ၊ ဟင်းနုနွယ် ၊ စတော်ဘယ်ရီ ၊ ဂေါ်ဖီပန်းပွင့် စသည်တို့ ဖြစ်ကြပါတယ်။

မွေးကင်းစကလေးများကတော့ မွေးခါစ အရွယ်မှာ ဗီတာမင်ကေ အင်မတန်နည်းပါးပါတယ်။မိခင်ဝမ်းဗိုက်ထဲမှာ ရှိနေစဉ်အတွင်းမှာ ကလေးဆီကို ဗီတာမင်ကေက အချင်းကိုဖြတ်လို့ ရောက်မလာနိုင်ပါဘူး။ မိခင်ဝမ်းမှ မကျွတ်မီအချိန်မှာ ကလေးရဲ့ အူဟာလည်း ဗီတာမင်ကေကို ထုတ်လုပ်နိုင်တဲ့ ဘက်တီးရီးယားများ မပါရှိနေသေးပါဘူး။မွေးဖွားပြီးမှသာ မိခင်နို့ရည်ထံမှ ဗီတာမင်ကေဓာတ် အနည်းငယ်မျှကို မွေးကင်းစ ကလေးငယ်များက ရရှိတာ ဖြစ်ပါတယ်။ မိခင်နို့စို့တဲ့ကလေးငယ်များဟာ သူတို့ရဲ့ အူထဲမှ ဗီတာမင်ကေကို ထုတ်ပေးတဲ့ ဘက်တီးရီးယားများက ဗီတာမင်ကေကို စတင် ထုတ်လုပ် ရရှိဖို့ကို အချိန်ကာလ အတိုင်းအတာ တစ်ခုအထိ စောင့်ရပါတယ်။

ကလေးနို့မှုန့် ဖော်မြူလာများမှာ ဗီတာမင်ကေကို ထည့်သွင်း ဖော်စပ် ထားကြသော်လည်း နို့မှုန့်တိုက်ကျွေးခြင်းခံရသော ကလေးငယ်များမှာ ဗီတာမင်ကေဓာတ် အင်မတန် နည်းပါးကြပါတယ်။ ဗီတာမင်ကေ နည်းပါးလျှင် သွေးယိုစီးမှု (bleeding) ဖြစ်စေနိုင်ပြီး စိုးရိမ်ဖွယ် အန္တရာယ်ရှိပါတယ်။ တကယ်လို့များ သွေးယိုစီးမှုက ဦးနှောက်ဆီကို ရောက်သွားလျှင် ဦးနှောက်ပျက်စီးခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒီလို သွေးယိုစီးမှုမျိုးကို haemorrhagic disease of the newborn (HDN) လို့ခေါ်ပါတယ်။

အခုဆိုလျှင် မွေးကင်းစ ကလေးငယ်များကို ဗီတာမင်ကေ ထိုးဆေး ထိုးပေးပြီး ဗီတာမင်ကေဓာတ် ရရှိစေတာဟာ နှစ်ပေါင်း ၂၀ ကျော်ပါပြီ။ ဒီနည်းဟာ အင်မတန် ကောင်းမွန်ပြီး မွေးကင်းစများမှာ HDN ရောဂါဖြစ်ပွားခြင်း ယနေ့ခေတ်မှာ မရှိတော့သလောက် ဖြစ်သွားပါပြီ။ဆေးထိုးပေးခြင်း အစီအစဉ်များ ရှိနေသော်လည်း မိဘအများစုက မသိကြပါဘူး။ သတင်းပေးသူ မရှိတာကြောင ့်ဖြစ်စေ ၊ ဗီတာမင်ကေနဲ့ပတ်သက်လို့ ဗဟုသုတ မသိထားတာကြောင့် ဖြစ်စေ သတင်းမရရှိတဲ့အတွက် မသိလိုက်ဘဲ ရှိတတ်ပါတယ်။

သတင်းစာ ၊ ဂျာနယ်များ မှာ ဗီတာမင်ကေ ဆေးထိုးခြင်း အစီအစဉ်များဟာ စိတ်ချရကြောင်း ၊ အကျိုးကျေးဇူးများကြောင်း ကို ထည့်သွင်း ဖော်ပြထား သော်လည်း ဘာ့ကြောင့် ဗီတာမင်ကေဟာ ကလေးများအတွက် လိုအပ်တယ် ဆိုတာကို မိဘများကို လုံလောက်တဲ့ သတင်းပေးနိုင်ခြင်း နည်းပါးနေပါသေး ပါတယ်။

ဗီတာမင်ကေကို ဆေးထိုးခြင်း အပြင် ဆေးစက်ချ ဆေးတိုက်ကျွေးလို့လည်း ရရှိစေနိုင်တယ်ဆိုတဲ့ သတင်းမျိုးကို မိဘများက ရရှိထားတဲ့အခါမှာ ဆေးစက်ချ ဆေးတိုက်ကျွေးခြင်းကိုသာ မိဘ အများစုက ရွေးချယ်ကြ ပါတယ်။ ဆေးတိုက်ကျွေးခြင်း ခံရတဲ့ ကလေးငယ်များဟာ HDN ဖြစ်တဲ့ လက္ခဏာ သွေးယိုစီးမှု ဖြစ်ပွားတာကို ကြည့်ခြင်းဖြင့် ဆေးစက်ချတိုက်ကျွေးခြင်းဟာ ဆေးထိုးခြင်းလောက် စိတ်ချရမှှု မရှိဘူးဆိုတာ သိသာမြင်လွယ်ပါတယ်။

ဆေးထိုးခံရတဲ့ ကလေးအသားမှာ အနည်းငယ် နာကျင်ခြင်း ဖြစ်တတ် တာက လွဲလို့ ဗီတာမင်ကေ ဆေးထိုးခြင်းဟာ ကလေးငယ်များအတွက် လုံခြုံစိတ်ချရပြီး HDN ဖြစ်ပွားခြင်းမှ လွတ်ကင်းစေနိုင်ပါတယ်။

ထက်မြက်ကျန်းမာပျော်ရွှင်သော

အချို့က အိပ်ရေးမဝခြင်း ၊ အိပ်ရေးဝဝ မအိပ်ရခြင်းကို ရုပ်ပိုင်းဆိုင်ရာ အားနည်းခြင်းအဖြစ် မြင်ကြပါတယ်။အထူးသဖြင့် အမျိုးသမီးများအတွက် ကျန်းမာရေးနှင့်ညီညွတ်သော အိပ်စက်ခြင်းက အရေးပါလှပါတယ်။ အိပ်ပျော် နေစဉ်မှာ ခန္ဓ္ဓာကိုယ်ရဲ့ အစိတ်အပိုင်းအားလုံးကလည်း အားပြန်ယူကာ သန့်စင် ပါတယ်။လေ့လာ သင်ယူသော အသစ် အသစ်သော အရာတွေကို ဦးနှောက်က မှတ်ဉာဏ်အဖြစ် မှတ်သားထားဖို့ လုပ်ဆောင်ပါတယ်။ ပျက်စီးနေတဲ့ တစ်ရှုးတွေကို ပြန်လည်ပြုပြင်ဖို့အတွက် ကြီးထွားခြင်း ဟိုမုန်းတွေ ကို ထုတ်လုပ်ပြီး စိတ်ဖိစီးမှုတွေရဲ ့ဆိုးကျိုးတွေကို ပိတ်ပင်ထားဆီးပါတယ်။ ကောင်းမွန်စွာ အိပ်စက်ရတယ်ဆိုရင် ဒီလို ခန္ဓ္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာ အခြေအနေတွေက အကောင်းမွန်ဆုံးပဲ ဖြစ်ပါတယ်။ ကောင်းမွန်စွာ မအိပ်စက် ရဘူးဆိုရင်တော့ လူဟာ လေးလံထိုင်းမှိုင်းနေပြီး မှန်ကန်စွာ မတွေးတတ်

တော့ ပါဘူး။အဲဒီအတွက် ဆုံးဖြတ်ချက်တွေလည်း မှန်သင့်သလောက် မမှန်နိုင် တော့ပါဘူး။ မိမိကားကို ဘယ်နေရာမှာ ရပ်ထားခဲ့တယ် ဆိုတာကို တောင် မှတ်မိဖို့ ခက်ခဲလာတတ်ပါတယ်။ အိပ်ရေးပျက်ခြင်းရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကတော့ နှလုံးရောဂါ၊ လေဖြတ်ခြင်း ၊ ဆီးချိုရောဂါ တို့ကို လွယ်ကူစွာ ဖြစ်စေနိုင်ပြီး တချို့လူတွေမှာတော့ အဝလွန်လာတတ်ပါတယ်။



ကောင်းမွန်စွာ အိပ်စက်ခြင်းဟာ နံနက်ခင်းမှာပဲ စတင်ပါတယ်။ အိပ်ရာ နိုးနိုးချင်း မျက်စိဖွင့်လိုက်တယ် ဆိုရင်ပဲ နံနက်ခင်း အလင်းရောင်က မျက်စိထဲကို ဝင်ရောက်လာပြီးအမြင်အာရုံကြောများဆီကို ရောက်ပါတယ်။ ထိုမှ တဆင့် ဦးနှောက်ကို ရောက်ပါတယ်။ဟိုမုန်းထုတ်လုပ်ခြင်းကို လှုံ့ဆော်ပြီး ဘယ်လို တွေးတယ်၊ ဘယ်လိုခံစားရတယ်ဆိုတာတွေကို တွေးသမျှ ၊ လုပ်ဆောင်သမျှ တွေကို မျှတအောင် ညှိပေးပါတယ်။



နေရာင်ခြည်က ဦးနှောက်ကို လှုံ့ဆော်ပေးပါတယ် လို့ UCLA Sleep Disorders Centre မှ ဆေးဘက်ဆိုင်ရာ ဒါရိုက်တာ Dr. Frisca L. Yan Go ကဆိုပါတယ်။ နံနက်ခင်းတိုင်းမှာ အချိန်မှန် ပုံမှန် လှုံ့ဆော်မှုက လူ့ခနာကိုယ်ကို ညဖက်မှာ အိပ်စက်ဖို့နဲ့ နံနက်ခင်းမှာနိုးထဖို့ကို သင်ပြပေးပါတယ်။ ဆိုလိုတာက ညတိုင်း ပုံမှန် ည ၁၁နာရီမှာ အိပ်စက်ပြီး နံနက် ၆ နာရီမှာ အိပ်ရာ ထတယ် ဆိုရင် နေ့စဉ် ည ၁၁ နာရီဆိုလျှင် အိပ်ချင်လာပြီး နံနက် ၆ နာရီမှာ အိပ်ရာ အမြဲနိုးထတတ်ပါတယ်။နံနက်ခင်းတွေမှာ အိပ်ရာနိုးထချိန်တွေ တစ်နေ့နဲ့ တစ်နေ့ မတူတဲ့အခါမှာ ခန္ဓ္ဓာကိုယ်နဲ့ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေက နာရီအချိန်မမှန်တော့ဘဲ လေးလံထိုင်းမှိုင်းလာတတ်ပါတယ်။ နိုးထကာစမှာ လေးလံထိုင်းမှိုင်းနေပြီး ဘာကိုမှ စိတ်ဝင်တစား အလုပ်လုပ်လို့ မရတာမျိုး ဖြစ်တတ်ပါတယ်။



အမျိုးသမီးများက သူတို့အတွက် သူတို့ တစ်စက္ကန့်လေးတောင် အချိန်မပေး တတ်ကြသူများဖြစ်နေပါတယ်။ အမျိုးသမီး ၆၀% က ညအိပ်ရာ မဝင်ခင် နာရီပိုင်း အချိန်ကလေးမှာ အိမ်အလုပ်တွေကို ဆက်တိုက် လုပ်နေကြရသူများ ဖြစ်ကြပါတယ်။၃၇ %ကတော့ ကလေးတွေကို ထိန်းကျောင်းကာ ကလေးများနဲ့ အလုပ်ရှုပ်နေကြပါတယ်။ ၃၆% ကတော့ မိသားစုနဲ့ အတူ မိသားစုတာဝန်တွေနဲ့ ရှိနေတတ်ကြပြီး ၃၆%က အင်တာနက် လုပ်နေတတ်ကြပါတယ်။

၂၁% ကတော့ လုပ်ငန်းခွင်မှာပဲ ရှိနေပါသေးတယ်။



အမျိုးသမီးများက သူတို့ လုပ်ချင်တာ ဖြစ်ချင်တာတွေကို ဦးစားမပေးရဘဲ၊ နံပါတ် ၁ နေရာမှာ မထားရဘဲ သူများအတွက် ၊ သူမရဲ့ အချိန်တွေကို မိသားစုအတွက်သာ ပေးရသူများ ဖြစ်ကြပြီး ကောင်းမွန်စွာ အိပ်စက်ရခြင်းဟာ အမျိုးသမီးများရဲ့ ကျန်းမာရေးနဲ့ ပျော်ရွှင်မှု အတွက် အလိုအပ်ဆုံး ဖြစ်ပါတယ်။ အိပ်ရာ တစ်ခုတည်းမှာ အတူအိပ်တဲ့ ခင်ပွန်းဖြစ်သူ၏ ဟောက်သံကြောင့် အိပ်မပျော်ဖြစ်ရတယ်ဆိုရင် ခင်ပွန်းဖြစ်သူကို အိပ်စက်ချိန်မှာ ဟောက်ခြင်းကို ကုစားဖို့ တိုက်တွန်းဖို့လိုပါတယ်။ တကယ်လို့ ခင်ပွန်းဖြစ်သူက ဆေးကုဖို့ ငြင်းဆန်မယ်ဆိုရင် သူ့ကို တခြားအခန်းမှာ သီးခြားအိပ်စေခြင်းက အကောင်းဆုံးပါပဲ။



ကျွမ်းကျင်သူ ပညာရှင်များက လူတစ်ယောက်အတွက် အိပ်စက်ချိန်ဟာ တစ်နေ့လျှင် ၆ နာရီ လိုအပ်တယ်ဆိုပေမယ့် တကယ်တန်းကျတော့ အမျိုးသမီးများက အိပ်ရာဝင်ချိန်မှာ နောက်တစ်နေ့အတွက် လုပ်ငန်းခွင် အလုပ်တွေန့ ဲ အိမ်မှုကိစ္စ ၊ သား သမီး ကိစ္စများကို အချိန်ပြည့် တွေးတော နေသူများ ဖြစ်ကြပြီး ၆ နာရီပြည့်အောင် အနားယူအိပ်စက်ခြင်းကို မရရှိကြ ပါဘူး။ လုပ်ငန်းခွင်မှာ အတော်နောက်ကျတဲ့အထိ ရှိနေသေးမယ်ဆိုရင် အလုပ်တွေပဲ ဆက်တိုက်လုပ်ဆောင်နေဦးမယ်ဆိုရင် ၊ ညအိပ်ရာ

မဝင်ခင်အထိ အလုပ်တွေပဲ လုပ်နေဦးမယ် ဆိုရင် ကြာရှည်လာတဲ့အခါမှာ အမျိုးသမီးများ ကျန်းမာရေးကို ထိခိုက်လာစေနိုင်ပါတယ်။ လုပ်ငန်းခွင်မှ အိမ်သို့ သင့်တော်တဲ့ အချိန်မှာ ပြန်ပြီး ကောင်းမွန်စွာ အိပ်စက်အနားယူသင့်ပါတယ်။ အလုပ်တွေ မပြီးပြတ်သေးဘူးဆိုရင် နောက်နေ့ နံနက်မှာ လုပ်ငန်းခွင်ကို စောစောပြန်လာပြီးမှ ဆက်လုပ်သင့်ပါတယ်။ လေ့လာချက်များအရ ညဖက်မှာ ကောင်းမွန်စွာ အိပ်စက်ရတယ်ဆိုရင် နောက်တစ်နေ့မှာ လုပ်ငန်းဆောင်တာ များကို ကောင်းမွန်စွာ အာရုံစူးစိုက်နိုင်ပြီး အလုပ်မြန်မြန်ပြီးမြောက်ပါတယ်။



အလုပ်တာဝန်တွေ အိမ်ရောက်တဲ့အထိ ပါမလာစေဖို့ ညဖက်တွေမှာလည်း မိုဘိုင်းလ်ဖုန်းကို ပိတ်ထားတာအကောင်းဆုံးပါပဲ။ အင်တာနက် အီးမေးလ်တွေ ကိုလည်း ညဖက်မှာ မဖတ်ဘဲ နေတာ အကောင်းဆုံးပါ။ ဖြစ်နိုင်ရင် အိပ်ခန်းမီး ကို ပိတ်ပြီး အိပ်စက်သင့်ပါတယ်။ မီးရောင်မှိန်မှိန်က နိုးထဖို့ အတွက် လှုံ့ဆော် စေနိုင်တဲ့အတွက် လုံးဝမှောင်မဲနေခြင်းက ဦးနှောက်ကို ဒါ အိပ်စက်ချိန်ပဲ ဆိုတာကို အသိပေးပါတယ်။



အိပ်ရာမဝင်ခင် ၆ နာရီမှ ၁၀ နာရီအတွင်းမှာ ကော်ဖီ ၊ လက်ဖက်ရည်၊ ချော့ကလက်ရည်တို့ကို မသောက်သင့်ပါဘူး။ ကဖိန်းဓာတ်က အိပ်စက်လိုမှုကို တားမြစ်ပါတယ်။ အရည်များ သောက်ထားတဲ့အတွက် ရေချိုးခန်းကို ထ ထ သွားနေရခြင်းကလည်း ကောင်းမွန်စွာ အိပ်စက်ရခြင်းကို အဟန့်အတား ဖြစ်စေပါတယ်။ နွားနို့သောက်ခြင်းက အိပ်စက်လိုမှုကို ဖြစ်ပေါ်စေပြီး ညဖက်မှာ နွားနို့သောက်ဖို့ သင့်တော်လှပါတယ်။ ရေနွေးနွေးနဲ့ရေချိုးပြီးနောက် ခန္ဓ္ဓာကိုယ်အပူချိန်ကို လျော့ကျစေပြီး အိပ်စက်လိုမှုကို ဖြစ်ပေါ်စေတဲ့အတွက် ညနေဖက်မှာ ရေနွေးနွေးနဲ့ရေချိုးဖို့ သင့်တော်လှပါတယ်။



ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများကလည်း ကောင်းမွန်စွာ အိပ်စက်ခြင်း ကို ကောင်းကျိုးသက်ရောက်စေတဲ့အတွက် ပုံမှန် ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်း လုပ်ခြင်းကို အလေ့အထ ပြုလုပ်သင့်ပါတယ်။ အမျိုးသမီးများက စိတ်ဖိစီးနေပြီဆိုလျှင် အမျိုးသမီး အချင်းချင်း မိတ်ဆွေများနှင့် စကားပြောကာ မိမိခံစားနေရသည်များကို ရင်ဖွင့်ပြောဆိုလေ့ရှိတဲ့အတွက် မိတ်ဆွေ သူငယ်ချင်းများနှင့်လည်း အချိန်ပေးဖို့ လိုအပ်ပါတယ်။



အမျိုးသမီးများ ကျန်းမာပျော်ရွှင်စေဖို့အတွက် နံနက်ခင်း အိပ်ရာနိုးတယ် ဆိုရင် ပြတင်းတံခါးကိုဖွင့်လိုက်ကာ နံနက်ခင်းနေရာင်နွေးနွေးကို ကြိုဆိုလိုက်ပါ။ အချိန်ရမယ်ဆိုရင် နေရောင်နွေးနွေးအောက်မှာ ခဏတဖြုတ် လမ်းလျှောက် သင့်လှပါတယ်။



ညအိပ်စက်ချိန်မှာ လာဗန်ဒါ ရနံ့သင်းသင်းလေးကလည်း အိပ်စက်မှုကို အထောက်အကူပြုတဲ့အတွက် ခေါင်းအုံးမှာ လာဗန်ဒါ ရနံ့လေး ဖြန်းဆွတ်ထား လျှင် အလျင်အမြန် အိပ်ပျော်ပါလိမ့်မယ်။ မိမိကိုယ်တိုင်အတွက် ဘယ်သော အခါမှ အချိန်မပေးနိုင်တဲ့ ၊ အချိန်ပေးခွင့်မရတဲ့ လုပ်ငန်းခွင်မှာရော အိမ်မှာပါ အရေးပါတဲ့ လုပ်ငန်းဆောင်တာများနဲ့ မအားလပ်ကြရတဲ့ အမျိုးသမီးများ စိတ်ပျော်ရွှင် ကျန်းမာစေရေးအတွက် ကောင်းမွန်စွာ အိပ်စက်ရခြင်းကို အလေ့အထ ပြုလုပ်သင့်ပါတယ်။



မိသားစုအတွင်းမှ စကာ ရပ်ရွာ ၊ တိုင်းပြည်၊ ကမ္ဘာအတွက် အရေးပါလှတဲ့ မိခင်များ၊ မိခင်လောင်းများဖြစ်တဲ့ အမျိုးသမီးများရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ ရုပ်ပိုင်းဆိုရာ ကျန်းမာရေးအတွက် ကျန်းမာရေးနှင့်ညီညွတ်သော အိပ်စက် အနားယူခြင်း ရရှိရန် အထူး လိုအပ်လှပေသည်။



၂၀၀၈ ခုနှစ် ၊ ဇူလိုင်လထုတ် Reader’s Digest မှ Ellen Michaud ၏ Sleep ဆောင်းပါးကို ကိုးကားရေးသားပါသည်။
No comments:

ကျန်းမာအောင်နေ့စဉ်စားနည်း ၁၀ ချက်

ကိုယ်ခန္ဓာ အဆီတွေတိုးပြီး နေရ ထိုင်ရတာ သက်တောင့် သက်သာ မရှိလှဘူးလို့ ညည်းနေတတ်ကြပေမယ့် အစားအသောက် ၊ အနေအထိုင် ကိုတော့ ကျွန်မတို့တွေက ဂရုမစိုက်မိကြပါဘူး။



        ကိုယ်အလေးချိန် လျော့ကျအောင်ဆိုပြီး စားသင့်တဲ့ အစာပမာဏထက် ပိုမိုလျော့စားတဲ့အခါမှာ လုံလောက်တဲ့ အစာအဟာရ မရရှိခြင်းကြောင့် နေထိုင်မကောင်း ဖြစ်ကြပြန်ပါတယ်။



            ကျန်းမာအောင် အစားစားနည်း (၁၀) ချက်ကို သြဂုတ်လထုတ် ရီးဒါးစ်ဒိုင်ဂျက်စ်တ် မဂ္ဂဇင်းမှာဖတ်မိတာနဲ့ ဘာသာပြန်လိုက်မိပါတယ်။



၁။ အစာစားတဲ့အခါမှာ ကိုယ်အလေးချိန်လျော့ကျဖို့ အတွက်မဟုတ်ဘဲ ကျန်းမာသန်စွမ်းဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စားပါ။



၂။ နံနက်ခင်းစာ စစချင်းစားတဲ့အခါမှာ oats များ စားပါ။ နာရီပေါင်းများစွာ နောက်ထပ်ဗိုက်မဆာဘဲ နေပါလိမ့်မယ်။



၃။ ငါး ၊ ကြက်သား နှင့် ဟင်းသီးဟင်းရွက်များ ၊ အသုပ်များကို ပိုမိုစားသုံးပြီး အနီရောင် အသား (အမဲသား၊ ဆိတ်သား၊ သိုးသား) ၊ ၀က်သား၊ အာလူး ၊ pasta  နှင့် pastry  တို့ကို လျှော့စားပါ။



၄။ ဆီ ကို ညှစ်လို့ရတဲ့ ပလပ်စတစ်ပုလင်းဖြင့် ထည့်ပါ။ ဒါမှလည်း ဆီ လောင်းထည့်တဲ့ အခါမှာ လိုသလောက်နည်းနည်းပဲ ထည့်ဖြစ်ပါလိမ့်မယ်။



၅။ နို့ခရင်မ် တွေအစား ဒိန်ချဉ်ကိုသုံးပါ။



၆။ မုန့်အဆာပြေ စားတာမျိုးမှာ ချော့ကလက် ၊ အာလူးကြော်၊ ဆီကြော်မုန့်တွေ အစား အသီးအနှံများကို စားပေးပါ။



၇။ အသားများကို မီးဖုတ်စားမယ့်အစား ပေါင်းပြီးစားပါ။ ကြော်စားမယ့်အစား ပေါင်းပြီးစားပါ။ ကြော်စားတဲ့အခါမှာလည်း  ဆီပူထဲမှာ ကြာကြာမကြော်ပါနှင့်။



၈။ အာလူး ၊ pasta  နှင့် pastry  တို့ကို ညစာအနေနဲ့ စားမယ့်အစား နေ့လည်စာမှာသာ စားသုံးပါ။



၉။ အယ်ကိုဟောလ် သောက်သုံးတာကို လျော့ချလိုက်ပါ။ သောက်မယ်ဆိုလျှင်လည်း ညစာနှင့်အတူသာ သောက်သုံးပါ။



၁၀။ နောက်တစ်နေ့မှာ ကျန်းမာရွှင်လန်းစွာ နိုးထနိုင်ဖို့အတွက် ဒီနေ့မှာ အဟာရပြည့်အောင် လုံလောက်အောင် စားပါ။      

ဆေးခြောက်နှင့်စိတ်ဝေဒနာ

ငယ်ရွယ်စဉ်အခါမှာ  ဆေးခြောက်သုံးစွဲခြင်းသည် နောင်နှစ်ရှည်တွင် စိတ္တဇရောဂါကြီး (Psychosis) ရောဂါလက္ခဏာများဖြစ်နိုင်ချေကို တိုးမြင့်စေသည်ဟု သုတေသနပညာရှင်များက ဆိုပါသည်။

Dutch လူမျိုး သုတေသနပညာရှင်များက ပိုက်ဆံပင်ဟုခေါ်တွင်သော ဆေးခြောက်ပင် (cannabis) နှင့် စိတ်ဝေဒနာများ ဆက်စပ်ပုံကို ၁၀နှစ်တာ သုတေသနပြုလုပ်ပြီးနောက် လေ့လာတွေ့ရှိခဲ့ခြင်းဖြစ်ပါသည်။



ဆေးခြောက်သုံးစွဲမှုသည် စိတ္တဇဝေဒနာကိုနှစ်ဆ တိုးပွားစေနိုင်ကြောင်း တွေ့ရှိခဲ့ပါသည်။ လူငယ်များကို ဆေးခြောက်သုံးစွဲခြင်း၊ စားသုံးခြင်းမှ ဟန့်တားရန် အာဏာပိုင်များနှင့် တာဝန်ရှိသူများကို သုတေသနပညာရှင်များက ပြောကြားလိုက်ပါသည်။ လူငယ်များ ဆေးခြောက်သုံးစွဲခြင်းကို ဟန့်တားနိုင်ခြင်းဖြင့် စိတ္တဇာရောဂါဖြစ်ပွားနှုန်းကို လျော့ကျစေမည်ဟု ဆိုပါသည်။



ရိုးရာဓလေ့ထုံးလမ်းစဉ်လာအဖြစ် ဆေးခြောက်ကို စားသုံးမှုများသည် စိတ်ကစဉ့်ကလျားရောဂါဖြစ်သော Schizophrenia ရောဂါဖြစ်ပွားစေကြောင်း သုတေသနတွင် ပါဝင်ဆောင်ရွက်နေသော လန်ဒန်မြို့၊  Kings College ၊ Institute of Psychiatry မှ Robin Murray က ထပ်လောင်းပြောကြားခဲ့ပါသည်။



်ငယ်ရွယ်စဉ်ကာလတွင် ဆေးခြောက်ကို ၆ နှစ်နှင့်အထက်သုံးစွဲသူများသည် စိတ်မူမမှန်မှုများ ၊ အမြင်အာရုံမှောက်မှားခြင်းများကို နှစ်ဆတိုးဖြစ်ပွားနိုင်ကြောင်း British Medical Journal တွင် သုတေသနမှတွေ့ရှိချက်များကို ဖော်ပြခဲ့သည်။



ဆေးခြောက်သည် ကမ္ဘာအနှံ့နေရာများတွင် ဥပဒေအရတားမြစ်ထားသော မူးယစ်ဆေးဝါးဖြစ်သည်။

သုတေသီများက ဆေးခြောက်နှင့် စိတ်မူမမှန်မှု ဆက်စပ်နေမှုသည် မတော်တဆတိုက်ဆိုင်မှု ဖြစ်သည် မဖြစ်သည်ကို ရှင်းလင်းခြင်းမရှိသေးပေ။  စိတ်မူမမှန်သူများသည် သူတို့၏ ဝေဒနာကို ရှောင်တခင်သက်သာစေရန် ဆေးခြောက်ကို သုံးစွဲလေ့ရှိကြသည်။ Dutch လူမျိုး Jim van Os ဦးဆောင်သော  Maastricht University မှသုတေသီအဖွဲ့သည် အသက် ၁၄ နှစ်နှင့် ၂၄ နှစ်အကြား ဆယ်ကျော်သက်နှင့် ငယ်ရွယ်သူပေါင်း ၁၉၂၃ ဦးကို သုတေသနပြုလုပ်ခဲ့ခြင်းဖြစ်သည်။



လေ့လာမှုကို ဂျာမဏီနိုင်ငံတွင် ပြုလုပ်ခဲ့သည်။ ဆေးခြောက်သုံးစွဲနေသည်ဟုဆိုသော ဆယ်ကျော်သက် တစ်ဦးချင်းစီကို နဂိုမူလကတည်းက စိတ်ဝေဒနာ လက္ခဏာများ ခံစားနေရသူများနှင့် သီးသန့်စီ ခွဲထားပြီးနောက် ဆေးခြောက်သုံးစွဲမှုနှင့် စိတ္တဇရောဂါ ဆက်စပ်မှုကို လေ့လာခဲ့ကြခြင်းဖြစ်သည်။



လေ့လာမှုအစကတည်းကပင် ဆေးခြောက်သုံးစွဲနေပြီးဖြစ်သောသူများသည် ဖြစ်ပေါ်ခံစားနေသော စိတ်ဝေဒနာကို နှစ်ဆတိုး ခံစားရကြောင်း သုတေသနက ဆိုပါသည်။ ဆေးခြောက်သုံးစွဲမှုကို ဥပဒေအရ တားမြစ်ရန်၊ ဥပဒေပြုလုပ်ရန် အာဏာပိုင်များအား University of Liverpool မှ clinical psychology ပါမောက္ခတစ်ဦးဖြစ်သူ  Peter Kindermanက အကြံပေးပြောကြားခဲ့သည်။





( Kate Kelland (REUTERS) ၏ ၁၊ ၃၊ ၂၀၁၁ တွင်ဖော်ပြသော Pot can double psychosis risk ဆောင်းပါးအား ကိုးကားပါသည်။

သနားစရာကောင်းသော ခြေထောက်လေးများ

မိတ်ကပ်လိမ်းခြယ်ကာ အလှပြင်ဆင် ဝတ်စားဆင်ယင်ပြီးနောက် ဒေါက်ဖိနပ်စီးလိုက်မှ အားလုံးပြီးပြည့်စုံစွာ

ဆွဲဆောင်နိုင်တဲ့အလှနတ်မိမယ်လေး ဖြစ်သွားတယ်လို့ မိန်းကလေးအတော်များများက ခံယူထားကြတဲ့အတိုင်းပါပဲ...

ဒေါက်ဖိနပ်စီးလိုက်မှ ကိုယ်ဟန်လေးကြော့ကြော့နဲ့ လမ်းလျှောက်ပုံကိုလည်း ထိန်းသွားတယ်လေ။

တော်ရုံ လမ်းလျှောက်ပုံ မလှတဲ့ပျိုမေဟာ ဒေါက်ဖိနပ်စီးလိုက်ရင် ဒေါက်ဖိနပ်သံလေး တဂွပ်ဂွပ်နဲ့ ကိုယ်ဟန်ကြော့ကြော့လးနဲ့

လမ်းသွားလမ်းလာ လူအများ ငေးမောစရာဖြစ်သွားတာကိုး။



ဒေါက်ဖိနပ်လေးစီးမှ စတိုင်လ်ကျ၊ ဖက်ရှင်ကျတယ်ဆိုတဲ့ကျွန်မတို့ရဲ့ ခြေထောက်တွေဟာ အဲဒီ ဒေါက်ဖိနပ်တွေကြောင့်

ဘယ်လောက်များ ကျန်းမာရေးချို့တဲ့ ပျက်စီးကုန်ပြီလဲဆိုတာကိုတော့ ကျွန်မတို့က သတိမထားမိတတ်ကြပါဘူး။

ပညာရှင်များရဲ့ အဆိုအရ ဒေါက်မြင့်ဖိနပ်စီးခြင်းဟာ ကျွန်မတို့ရဲ့ ခြေထောက်များကို အသားမာတက်ခြင်း၊ ကျွဲပခုံးဖြစ်ခြင်းတို့ကို ဖြစ်စေရုံသာမက

ကိုယ်ခန ္ဓ္ဓ္ဓ္ဓာတည်ဆောက်ပုံကိုပါ

ပြောင်းလဲသွားစေနိုင်ပါတယ်။



ကျွန်မတို့ရဲ့ ခြေထောက်များဟာ ခန ္ဓ္ဓ္ဓ္ဓာကိုယ်မှာ အင်မတန်တိကျတဲ့ ဖွဲ့စည်းပုံမျိုးနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

ခြေထောက်တစ်ချောင်းစီဟာ အရိုး ၂၆ ချောင်း၊ အဆစ်ပေါင်း ၃၃ ဆစ် နဲ့ အရွတ်ပေါင်း ၁၀၇ ခု၊ ကြွက်သားနဲ့ ကြွက်သားကြောမျှင် ၁၉ ခုတို့နဲ့ ဖွဲ့စည်းတည်ဆောက်ထားတာဖြစ်ပါတယ်။ လှုပ်ရှားသွားလာနိုင်ခြင်း၊ လိုအပ်သလို လှုပ်ရှားခြင်းတို့ကို ပြုလုပ်ဆောင်နိုင်ရန် ထိုအစိတ်အပိုင်းများက အချင်းချင်း ဆက်သွယ်တွယ်ကပ်ကာ လုပ်ဆောင်နေကြခြင်းဖြစ်ပါတယ်။  ပညာရှင်များက မိန်းမသားတို့ ဒေါက်မြင့်ဖိနပ်နေ့စဉ်စီးခြင်းကို အားမပေးဘဲ တစ်ခါတစ်ရံ ပွဲလမ်းတက်ဖို့သာ စီးသင့်ပါတယ်လို့ အကြံပြုထားကြပါတယ်။



အမြင့် တစ်လက်မခွဲ၊ ၂ လက်မ ရှိတဲ့ ဒေါက်ဖိနပ်များကို တစ်ခါတစ်ရံသာ စီးသင့်ပါတယ်လို့ ဆိုကြပါတယ်။ တကယ်လို့ နေ့စဉ်သာ ဒေါက်မြင့်ဖိနပ် စီးမယ်ဆိုရင် ကိုယ်ခန ္ဓ္ဓ္ဓ္ဓာ ပြောင်းလဲလာမှုကို အသက်အရွယ်ကြီးလာတဲ့အခါမှာ သတိပြုမိပါလိမ့်မယ်လို့ ဆိုကြပါတယ်။



ဟုတ်ပါတယ်။ ကိုယ်ခန ္ဓ္ဓ္ဓ္ဓာတစ်ခုလုံးရဲ့ အလေးချိန်ကို ဒီခြေထောက်တွေက ထိန်းထားရတာပါ။ ဒေါက်ဖြင့်ဖိနပ်စီးလိုက်တဲ့အခါမှာ ခြေဖနောင့်က မြင့်တက်သွားပြီးနောက် ခြေချောင်းလေးတွေရဲ့ ထိပ်ဖျားကလေးမှာတင်သာ ကိုယ်ခန ္ဓ္ဓ္ဓ္ဓာအလေးချိန်က သက်ရောက်သွားတာပါ။ ဒါဆိုရင် ကျွန်မတို့ရဲ့ ခြေချောင်းလေးတွေ အတော့်ကို သနားစရာကောင်းလှပါပြီ။ အဲဒီထက်ပိုလို့ တွေးမယ်ဆိုရင် ဒေါက်မြင့်ဖိနပ်ကို ကြာရှည်စီးခြင်းဟာ

အရိုးဖွဲ့စည်းပုံကိုပါ ပြောင်းလဲသွားစေနိုင်တဲ့အတွက် မလိုလားအပ်တဲ့ အရိုး၊ အဆစ်ရောဂါပြဿနာများကို ဒေါက်မြင့်ဖိနပ်နဲ့ လဲလှယ်ယူလိုက်ရတာပါပဲ။



ဒေါက်မြင့်ဖိနပ်တစ်ရံ တန်ဖိုးထက် ကျွန်မတို့ရဲ့ ကျန်းမာရေးက အဆပေါင်းများစွာ တန်ဖိုးကြီးလှတာကြောင့် ကျွန်မတို့ရဲ့ ခြေထောက်ရဲ့ကျန်းမာရေးနဲ့ ရေရှည်ကျန်းမာရေးအတွက် သင့်တော်တဲ့ ဖိနပ်များကို ရွေးချယ်ဖို့က အရေးကြီးလှပါတယ်။



လှချင်တာလေး တစ်ခုတည်းအတွက်နဲ့ ကျွန်မတို့ရဲ့ ခြေထောက်တွေကို ဓားစာခံအဖြစ်ခံမလား၊ ဒါမှမဟုတ် လှတာလေးကိုပဲ ရွေးချယ်မလားဆိုတာ ကျွန်မတို့

  ဉာဏ်ရှိသလို ဆင်ခြင်ကြရမှာပါ။ အသက်ကို   ဉာဏ်စောင့်တယ်လို့ ဆိုတယ် မဟုတ်လားလေ။

တုပ်ကွေးဖျားနာ စားစရာ

အခုလို ရာသီမှာ တုပ်ကွေးဖျားနာခြင်းတွေ ဖြစ်နေကြပါတယ်။ ရိုးရိုးသာမန်ဖျားတာနဲ့ မတူဘဲ တုပ်ကွေးဖျားနာရင် ကိုယ်လက်တွေ ညောင်းညာကိုက်ခဲပြီး မလှုပ်မရှားချင်ဖြစ်တတ်တာ၊ နုံးခွေချိနဲ့သလို ခံစားရတတ်တာကို တုပ်ကွေးဝေဒနာခံစားဖူးသူတိုင်း သိကြပြီးဖြစ်ပါတယ်။ တုပ်ကွေးဖျားနာပြီဆိုလျှင် အစားမစားချင်တော့လို့ ပိုပြီး အားလျော့နုံးချိပါတယ်။ သောက်သုံးရတဲ့ antibiotics ဆေးများကြောင့်လည်း ပိုလို့ မစားချင်မသောက်ချင်ဖြစ်တတ်ပါတယ်။ အအေးမိ၍ လည်ချောင်းနာခြင်းကိုပါ ခံစားရတဲ့အခါ အစားအစာကို မစားချင် မမြိုချင်တော့တာ ဖြစ်တတ်ပါတယ်။ အစားမဝင်တဲ့အခါမှာ လူနာက ပိုလို့ အားနည်း နုံးချိပြီး ပြန်လည် ကျန်းမာလာဖို့ကို နှောင့်နှေးတတ်ပါတယ်။

တုပ်ကွေးနဲ့အအေးမိဖျားနာခြင်းရောဂါပိုးကို ခုခံဖို့အတွက် အဟာရဖြစ်စေမယ့် အစားအစာများကို စားသုံးရပါမယ်။ တုပ်ကွေးဝေဒနာခံစားနေရပြီဆိုလျှင် အစားများများစားသင့်ပါတယ်။ များသောအားဖြင့် ဖျားနာနေတဲ့လူနာတွေကို အစားမကျွေးကြတာဟာ တကယ်တော့ မှားယွင့်တဲ့ ယူဆမှုတစ်ခုဖြစ်ပါတယ်။ ် အူရောင်ငန်းဖျားကလွဲလို့ ဘယ်လိုဝေဒနာမျိုးပဲဖြစ်ဖြစ် အစားဝင်မှာသာ လူနာဟာ မြန်မြန်ဆန်ဆန် ပြန်လည် ကျန်းမာလာမှာပါ။


၁။ ရေ

တုပ်ကွေးဝေဒနာခံစားနေရလျှင် ရေများများသောက်ပါ။ dehydration ကိုဖြစ်စေတဲ့ ကော်ဖီ၊ လက်ဖက်ရည်တို့ကို မသောက်သင့်ဘဲ ရေကိုသာ များများသောက်သင့်ပါတယ်။ တုပ်ကွေး ဗိုင်းရပ်စ်ကို ခုံခံနိုင်စွမ်းရှိတဲ့ ဂလူးကို့စ်ဓာတ်ပါတဲ့ ဖျော်ရည်များများသောက်သင့်ပါတယ်။


၂။ ရေနွေးကြမ်း

ရေနွေးကြမ်းပူပူကို သောက်သင့်ပါတယ်။ နှာရည်ယို၊ နှာခေါင်းပိတ်ခြင်းတို့ကို သက်သာစေဖို့အတွက် green tea လက်ဖက်ရည်ကြမ်း (ရေနွေးကြမ်း) ပူပူဟာ အင်မတန် သင့်လျော်ပါတယ်။


၃။ ကြက်စွပ်ပြုတ်

ကြက်စွပ်ပြုတ်ရည်ဟာ ရှေးခေတ်ကတည်းကပင် လူနာများအတွက် အကောင်းဆုံး အဟာရဖြစ်ပါတယ်။ ကြက်သားဟာ လေပြွန်ယောင်ရမ်းခြင်းကို သက်သာစေနိုင်ပါတယ်။ ကြက်စွပ်ပြုတ်တွင် ဟင်းသီးဟင်းရွက်များ ရောနှောချက်ပြုတ်စားသုံးလျှင်လည်း တုပ်ကွေးဝေဒနာမှ မြန်မြန်သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ကြက်သားဟာ ပရိုတိန်းဓာတ်ကြွယ်ဝခြင်းကြောင့် ကိုယ်ခန္ဓာအားနည်းခြင်း ၊ ဖျားနာခြင်းမှ အလျင်အမြန် သက်သာစေရန် ကြက်သားကို စားသုံးသင့်ပါတယ်။


၄။ ဟင်းသီးဟင်းရွက် ဖျော်ရည်

တုပ်ကွေးဖြစ်လို့ ခံတွင်းပျက်ပြီး မစားချင် မသောက်ချင်ဖြစ်နေတဲ့အခါမှာ ဟင်းသီးဟင်းရွက်တွေကိုလည်း စားသုံးချင်မှာ မဟုတ်ပါဘူး။ လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်ဖျော်ရည်များကတော့ သောက်သုံးရလွယ်ကူပါတယ်။ ဟင်းသီးဟင်းရွက်ဖျော်ရည်များဟာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ တုပ်ကွေးဗိုင်းရပ်စ်ကို ခုခံနိုင်စွမ်း immune ကိုတိုးပွားလာစေမှာဖြစ်ပါတယ်။


၅။ ကြက်သွန်ဖြူ

ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်စွမ်း၊ ရောဂါပိုးတို့ကို ခုခံနိုင်စွမ်းရှိတဲ့ ကြက်သွန်ဖြူဟာလည်း တုပ်ကွေးဝေဒနာသည်များအတွက် အစားသုံးသင့်ဆုံးတစ်ခုဖြစ်ပါတယ်။

၆။ ငှက်ပျောသီး

ကြွက်သားများညောင်းညာကိုက်ခဲခြင်းမှ သက်သာစေဖို့အတွက် ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝတဲ့ ငှက်ပျောသီးကိုလည်း တုပ်ကွေးဝေဒနာရှင်များ စားသုံးသင့်ပါတယ်။


၇။ ဂျင်း

ဂျင်းဟာ အစွမ်းထက်တဲ့ ဆေးစွမ်းကောင်းတစ်ခုဆိုတာ အများ သိရှိပြီးဖြစ်ပါတယ်။ တုပ်ကွေးဖျားနာခြင်းနှင့် ဆက်နွယ်နေတဲ့ အစာအိမ်ဝေဒနာ၊ ဝမ်းပျက်ဝမ်းလျှောခြင်းတို့ကို သက်သာပျောက်ကင်းစေဖို့ ဂျင်းကို စားသုံးသင့်ပါတယ်။ သဘာဝဂျင်းဖျော်ရည်ဟာ သကြားဓာတ်လွန်ကဲပြုပြင်ထားတဲ့ ဂျင်းဖျော်ရည်များထက် ပိုလို့ အစွမ်းထက်ပါတယ်။


၈။ ပေါင်မုန့်


ပျို့အန်ချင်စိတ်ဖြစ်လို့ အစားများ မစားနိုင်ဘူးဆိုလျှင် ပေါင်မုန့်က စားသုံးဖို့ အဆင်ပြေဆုံးဖြစ်ပါတယ်။ ပျော့ပြောင်းတဲ့ပေါင်မုန့်က မစားချင်မသောက်ချင်စိတ်ဖြစ်နေချိန်မှာ စားသုံးဖို့ လွယ်ကူစေပြီး လူ့ခန္ဓာကိုယ်အတွက် အဟာရလည်း ဖြစ်စေပါတယ်။ စွပ်ပြုတ်နဲ့တကွ ပေါင်မုန့်ကိုပါတွဲဖက်စားသုံးခြင်းဖြင့် မြန်မြန်ဆန်ဆန် အားအင်ပြန်လည်ပြည့်ဖြိုးကာ ကျန်းမာလာမှာ ဖြစ်ပါတယ်။


                                                                                                          ဟနစံ
                                                                                            ၁၁ ရက်၊ ဇူလိုင်လ၊ ၂၀၁၂ ခုနှစ်။

စကားလုံးများ၏စွမ်းအင်








နေ့စဉ် လုပ်ငန်းခွင်မှာ လုပ်ဖော်ကိုင်ဖက်များနှင့် သော်လည်းကောင်း ၊ အိမ်မှာ မိသားစုနှင့် သော်လည်းကောင်း၊ အိမ်ပြင်ပမှာ မိတ်ဆွေများနှင့် သော်လည်းကောင်း၊ စာသင်ကျောင်းမှာ အတန်းဖော် သူငယ်ချင်းများ နှင့်သော်လည်းကောင်း ပြောဆိုပတ်သက် ဆက်ဆံနေတဲ့ လူပေါင်းများစွာထဲမှာ မိမိက လူကောင်းတစ်ယောက် ဖြစ်ဖို့ ဆိုလျှင် မိမိ ပြောဆို သုံးစွဲတဲ့ စကားများကို အလေးထားသင့်ပါတယ်။



ငယ်စဉ်ကလေးဘဝက စကားစပြောတတ်စဉ် ကာလမှစကာ တဖြေးဖြေး ကျွန်မတို့က စကားပေါင်းများစွာ ပြောဆိုလာကြပါတယ်။ စာသင်ကျောင်းမှာ စာမေးပွဲအတွက် စိတ်မအေးရ၊ ဒေါသဖြစ်ရတဲ့အရွယ်မှသည် လုပ်ငန်းခွင်မှာ စိတ်အနှောင့်အယှက်ဖြစ်စရာ ၊ စိတ်ညစ်စရာများ အကြောင်းရင်းကြောင့် စကားအတိုက်အခံ ပြောခြင်းများ ၊ ငြင်းခုံမှုများ ကျွန်မတို့နဲ့ ပတ်သက်ရာ ပတ်ဝန်းကျင်မှာ ဖြစ်လာရပါတယ်။ အဲဒီလို ရန်ပွဲအသေးစားလေးများ၊ အတိုင်အခံစကားပြောခြင်းများ၊ ငြင်းခုံမှုများက ကျွန်မတို့ရဲ့ ကျန်းမာရေးကို ဆိုးကျိုး သက်ရောက်စေလာပါတော့တယ်။



ဂျပန်လူမျိုး သိပ္ပံပညာရှင် ဒေါက်တာ မာဆာရုအီမိုတို ရဲ့ The Hidden Messages In Water စာအုပ်မှာ စကားလုံးများရဲ့ အကျိူးသက်ရောက်မှုကို ဖတ်ရှုနိုင်ပါတယ်။



အဲဒီစာအုပ်ထဲမှာ ဒေါက်တာ မာဆာရုအီမိုတို က စကားလုံးများ ၊ အတွေးအခေါ် ၊ ဂီတအနုပညာ ၊ ပန်းချီ၊ လူတွေရဲ့ ကျန်းမာရေးနဲ့ မော်လီကျူးအဆင့်မှာ ရှိတဲ့ ရေရဲ့ ဆီလျောညီညွတ်ခြင်းကို နှိုင်းယှဉ် ဖော်ပြ ထားပါတယ်။



ဒေါက်တာ မာဆာရုအီမိုတို ရဲ့ လေ့လာ တွေ့ရှိချက်မှာ ကျွန်မတို့ရဲ့ လူသားဘဝတွေကို မိခင်ရဲ့ သားအိမ်ထဲမှာ ၉၉% အရည်ကြည်အဖြစ်နဲ့ စတင်ပါတယ်။ မိခင်ဝမ်းဗိုက်မှ ကျွတ်လို့ မွေးဖွားလာတဲ့ အခါမှာ ရေဟာ ၉၀% ကျန်ရှိနေပါတယ်။ ကျွန်မတို့ ကြီးပြင်း အရွယ်ရောက်လာတဲ့ အခါမှာ ရေပါဝင်နှုန်း ၇၀ % သို့ လျော့ကျသွားပါတယ်။ သေဆုံးချိန်မှာတော့ ၅၀ % ဖြစ်ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ကျွန်မတို့ လူသားတွေမှာ ရေဟာ အဓိကပါရှိ တည်ရှိနေပါတယ်။



ဒေါက်တာ မာဆာရုမိုတို က ပေါင်းခံရေ ထည့်ထားတဲ့ ပုလင်းပေါင်း များစွာကို တစ်ပုလင်းစီကို စကားတစ်မျိုး ပြောပြီး စမ်းသပ်လေ့လာခဲ့ပါတယ်။ အဲဒီလေ့လာမှုကို ဓာတ်ပုံရိုက်ယူထားခဲ့ပါတယ်။ အဲဒီရေတွေထဲကို စကားတွေ ပြောလိုက်တဲ့အခါမှာ ရေရဲ့ တုန့်ပြန်မှုကို အံ့သြဖွယ် တွေ့ရှိခဲ့ရပါတယ်။



ရေရဲ့ မော်လီကျူးများကို ဓာတ်ပုံရိုက်ယူထားပြီး အဲဒီ ဓာတ်ပုံများကို ပြန်လည် လေ့လာတဲ့အခါမှာ အပြုသဘောဆောင်တဲ့ စကားလုံးများဖြစ်တဲ့ “love” နဲ့ “thank you” ဆိုတဲ့ စကားတွေကို ပြောထည့် လိုက်တဲ့ ရေရဲ့ မော်လီကျူးတွေဟာ သိမ်မွေ့လှပတဲ့ ဖွဲ့စည်းမှု ဖြစ်ပေါ်သွားပြီး အဆိုးသဘော ဆောင်တဲ့ “I hate you” နဲ့ “you are stupid” စတဲ့ စကားတွေ အပြောခံရတဲ့ ရေမော်လီကျူး တွေကတော့ ဆိုးရွားကျဲပြန့် သွားတဲ့ပုံတွေ ဖြစ်သွားပါတယ်။ အဲဒီလို စကားလုံးတွေကိုတင်မဟုတ်ပါဘူး။ ဂီတ အမျိုးအစား အမျိုးမျိုး ကိုလည်းရေက တုန့်ပြန်ပါတယ်။ ဒါဟာ အင်မတန် အံသြစရာ ကောင်းတဲ့ ရှုထောင့်တစ်ခု ဖြစ်ပြီး ရေနဲ့ဖွဲ့စည်းထားတဲ့ လူသားတွေဟာ နေ့စဉ် ပြောဆို သုံးစွဲတဲ့ စကားလုံးများကို ဆင်ခြင်ရွေးချယ်ရမှာ ဖြစ်ပါတယ်။



လူသားတစ်ယောက် အနေနဲ့ ဖြစ်ပေါ်လာတဲ့ စိတ်ခံစားချက်တွေ အပေါ်မူတည်ပြီး ပြုမူ ပြောဆိုတတ်တာ ကြောင့် ကျွန်မတို့ ပြောဆိုသုံးစွဲတဲ့ စကားလုံးတွေကို မပြောလိုက်ခင်မှာ ဆင်ဆာ လုပ်ဖို့ဆိုတာ မလွယ်ကူ လှပါဘူး။ ကိုယ်ချစ်ခင်သူများနဲ့ ရန်ဖြစ်စကားများတယ်ဆိုရင် ၊ လုပ်ငန်းခွင် အစည်းအဝေးမှာ ငြင်းခုံ ပြောဆိုရတယ် ဆိုရင်ကျွန်မတို့တွေ အနည်းနဲ့ အများဆိုသလို stress ကိုခံစားရပါတယ်။ တကယ်တော့ ဒါတွေက ဆင်ခြင်လို့ ရနိုင်ပါတယ်။






ကျွန်မတို့ရဲ့ အတွေးတွေ နဲ့ သုံးစွဲတဲ့ စကားလုံးတွေဟာ နှစ်လို ပျော်ရွှင်ဖွယ် ဖြစ်နေမယ်ဆိုရင် အဲဒါရဲ့ နောက်ဆက်တွဲ အကျိုးဆက် အနေနဲ့ ကျွန်မတို့မှာ ရှိနေတဲ့ စိတ်ဆင်းရဲစရာ ၊ စိတ်မချမ်းမြေ့စရာများဟာ တဖြေးဖြေး ပျောက်ကွယ် သွားပါတယ်။ ကျွန်မတို့ရဲ့ နေ့စဉ်ဘဝမှာ ခံစားနေရတဲ့ tension တွေ တဖြေးဖြေး လျော့ပါးလာပြီး အပြုသဘောဆောင်တဲ့ စကားလုံးကောင်း များကိုသာ ဘဝမှာ ရှေ့လျှောက် ဆက်လက်သုံးစွဲသွားမယ်ဆိုရင် ကျွန်မတို့ အသက်ရှည်ကာ ကျန်းမာ ပျော်ရွှင်မှာ ဖြစ်ပါတယ်။



Dr. Wayne Dyer ၏ The Power of Words ကို ဘာသာပြန်ဆိုပါသည်။


                                                                                                 ဟနစံ
                                                                                    ၈ရက်၊ နိုဝင်ဘာလ၊ ၂၀၁၁ ခုနှစ်။

စိတ်ကျခြင်း


ကျွန်မတို့ တစ်နေ့ နဲ့တစ်နေ့ စိတ်ခံစားရတာတွေမတူပါဘူး။ဒီနေ့မှာ စိတ်ထဲမှာ နံနက်မိုးလင်းတည်းက အူမြူးပျော်ရွှင်နေရင် နေမယ်။နောက်နေ့မှာ စိတ်ထဲလေးလံထိုင်းမှိုင်းပြီး ဝမ်း နည်းနေရင် နေမယ်။ ဒါတွေ အမြဲဖြစ်နေ ပါတယ်။စိတ်ထဲမှာ အမှုမဲ့အမှတ်မဲ့သတိမထားမိလို့သာပါ။

အမျိုးသမီးတွေကတော့ ၂၈ ရက်တစ်ခါရာသီ စက်ဝန်း လည်ပတ်မှု ကြောင့်ရာသီသွေးမပေါ် ခင်ရက်များမှာ အလိုလို စိတ်အားငယ်ခြင်း ၊ ဝမ်းနည်း ပူဆွေးခြင်း ၊ အကြောင်းပြချက်မရှိဘဲ ငိုချင်နေတာမျိုး၊ လိင်စိတ်နိုး ကြွနေတတ်တာမျိုးတွေ ဖြစ်တတ်ကြပါတယ်။

အမျိုးသားများကလည်း ဒီနေ့မှာပျော်နေတာ ၊ နောက်နေ့မှာ စိတ်ညစ် နေတာ အကြောင်းပြချက် ကြီးကြီးမားမားမရှိဘဲ ဖြစ်တတ်ကြပါတယ်။

လုပ်ငန်းခွင်မှာ လူတွေနဲ့ အဆင်မပြေတာ ၊ နေရာသစ်မှာ အသား မကျ သေးတာတွေ ၊ အိမ် မိသားစုနဲ့ ရုတ်တရက်ခွဲခွာရလို့ အိမ်လွမ်းခြင်းဝေဒနာ (homesick)ဆိုတာတွေ နဲ့ ရာသီဥတုရဲ့ ထိုးနှက်ချက်တွေကိုမသိမသာ ခံစားရရင်း စိတ်ကျခြင်း (depression) ဆိုတာ ၀င်လာတတ်ပါတယ်။

ပူအိုက်နေတာ၊ အေးလွန်းနေတာ ၊ မိုးတွေရွာနေတာ ကစလို့ မိုးရေကျသံ တွေကိုတောင် သည်းမခံနိုင် လောက်အောင် ဖြစ်လာတတ်ပါတယ်။ဒီပရက်ရှင် ဆိုတာကို ကိုယ့်စိတ်မှာ ကြာကြာမနေစေသင့်ပါဘူး ။ အလွန်ဆုံး ၃ပါတ်ပါပဲ။ ၃ပါတ်ထက်ကြာကြာ ဒီပရက်ရှင်ဝင်နေတဲ့အခါမှာ စိုးရိမ်လာရပါပြီ။ဒီလိုမျိုး လူတွေကို ပတ်ဝန်းကျင်မှာနေ့စဉ် တစ်ဦးမဟုတ် တစ်ဦး ကြုံတွေ့ နေရပါတယ်။ ခံစားနေရတဲ့ ပမာဏ ရာခိုင်နှုန်း အနည်းအများသာကွာပါမယ်။ကျွန်မလည်း အလုပ်နဲ့ ပတ်သက်လို့ ဒီပရက်ရှင် မကြာခဏဝင် တတ်ပါတယ်။ ၃ရက် လောက်နေရင် ပျောက်သွားတယ်။ဒါကလည်းပျောက်သွားစေနိုင်အောင် စိတ်ကို ထွက်ပေါက်ပေးလို့ပါ။ကိုယ်ဝါသနာပါတာလေးတွေနဲ့ စိတ်ကို ထွက်ပေါက်ပေးပြီး သက်သာရာ ရစေနိုင်ပါတယ်။

သီတင်း ၃ပါတ်ထက်ကျော်လာတဲ့ထိ စိတ်ကျဝေဒနာ ခံစားနေရတဲ့လူတွေကို ကျွန်မတို့ ဖေးမကူညီ လို့ရပါတယ်။ကျွန်မဆိုလိုတာ သာမန်လူတွေကိုပါ။ လူသာမန်တွေ စိတ်ကျတာမျိုး ၊ စိတ်ပိုင်းဆိုင်ရာ မကျန်းမာတာမျိုးကိုဖေးမကူညီလို့ရပါတယ်။

စိတ်အားဖြင့် သာမန်မဟုတ်တဲ့လူတွေကိုကတော့ ဆိုက်ကိုသရပီ (psychotherapy) ပဲလုပ်ရပါတယ်။ ဆိုက်ကိုသရပီကို ကျွန်မတို့ မိတ်ဆွေအချင်းချင်းလုပ်လို့မရပါဘူး။ စိတ်ရောဂါအထူးကု (psychologist) နဲ့မှဖြစ်မှာပါ။ဆိုက်ကိုသရပီကကျတော့ သူ့ရဲ့ အတိတ် ကိုပြန်တူးဆွရပါတယ်။ ဆိုက်ကိုသရပီက သူ့ရဲ့ အတိတ် ၊ လက်ရှိကာလ နဲ့ အနာဂတ် အကုန်လုံးကို လေ့လာရပါတယ်။ ကျွန်မတို့ မိတ်ဆွေအချင်းချင်းကူညီ ဖေးမမှုမျိုးကတော့ သူ့ရဲ့ အတိတ်ကို စိတ်မဝင်စားပါဘူး။ သူလက်ရှိခံစားနေရတာ ၊ လတ်တလော အခြေအနေနဲ့ အနာဂတ်ကိုပဲ ကျွန်မတို့ ကူညီမှာပါ။

လူတစ်ယောက် စိတ်ကျနေရင် အိပ်ယာထဲက ကိုမထတော့ပါ ဘူး။ အခါတိုင်းထက် ကြာကြာ ပိုအိပ်ပါတယ်။ ဒါဟာ သူ လောကကို ရှောင်ချင်နေတာပါ။နိုးထလာရင် လူတွေနဲ့တွေ့ရမယ်။ ပြောဆို ပတ်သက် ဆက်ဆံရမယ်။အဲဒီအတွက် သူအိပ်ယာထဲမှာပဲ နေပါတယ်။ နောက်..သူ့ရုပ်ဘယ်လိုပုံပန်း ရှိနေမလဲဆိုတာကို စိတ်မဝင်စား တော့ ပါဘူး။ အလှမပြင်တော့ဘူး။ အဝတ်အစားတွေ ကောင်းကောင်းမွန်မွန် မဝတ်တော့ဘူး။ ဖြစ်သလို၊ ဖြစ်ကတတ်ဆန်းသာ နေထိုင်ပါတော့တယ်။နဂိုတည်းက အဲလိုနေ တတ်သူများကိုမဆိုလိုပါဘူး။ ရုတ်တရက် ပြောင်းလဲသွားတာ မျိုးကို ပြောတာ ပါ။ လူတွေဟာ များသောအားဖြင့်တော့ လှလှပပ နေချင်ကြတာ ပါပဲ။ ကြည့်ကောင်းအောင် ဂရုစိုက်ကြပါတယ်။ အထူးသဖြင့် လုပ်ငန်းခွင်ကလူများဟာ မိမိကိုယ်မိမိကြည့်ကောင်းအောင် နေကြပါတယ်။ဒါမှလည်း မိမိကိုယ်မိမိ ယုံကြည်မှုအပြည့်အဝရတာကိုး။

စိတ်ကျနေပြီဆိုရင် တချို့ကအစား အရမ်းစားပါတယ်။ တစွတ်စွတ်နဲ့ စားနေတာမျိုးပေ့ါ။စားနေမှ စိတ်သက်သာသလိုမျိုးထင်လို့ သူ အစားတွေ စွတ်စားနေတာပါပဲ။

နိုင်ငံရပ်ခြားမှာ ကျောင်းတက်တဲ့ ကျောင်းသားတွေဟာ အနည်းနဲ့ အများဆိုသလို စိတ်ကျတာမျိုး ဖြစ်တတ် ပါတယ်။ ကျောင်းသားတွေ စိတ်ကျရခြင်း အကြောင်းရင်းများကတော့ ကိုယ့်မြေ ၊ ကိုယ့်အိမ် မဟုတ်တာ ရယ် ၊ အမေ့အိမ်က ထမင်းဟင်း မဟုတ်တာရယ် ၊ ရာသီဥတုအပြောင်းအလဲ ၊ ပတ်ဝန်းကျင်အပြောင်းအလဲ ၊ ကျောင်းသင်ခန်းစာ ၀န်ပိတာရယ်၊ လူမျိုးရေးခွဲခြားတယ်လို့ စိတ်ထဲထင်နေတာရယ်တွေနဲ့ အကြောင်း အရာ အမျိုးမျိုးကြောင့်ပါပဲ။

မိန်းကလေးတွေအနေနဲ့ကျတော့ ကိုယ့်မှာ ချစ်သူ ရည်းစား မရှိရင်လည်း စိတ်ကျတတ်ပါတယ်။ခေတ်ကာလ ပြောင်းလာတာနဲ့ အမျှ အမြင်တွေ အတွေးတွေလည်း ပြောင်းလာပါတယ်။ ဟိုအရင်တုန်းကလို မိန်းကလေးဆိုတာ ရည်းစားထားရင်ကိုပဲ အပြစ်လို ၊ ရည်းစားတစ်ယောက်က နောက်တစ်ယောက် ပြောင်းရင်ကိုပဲ ရှက်စရာလို ထင်နေတဲ့ခေတ် မဟုတ်တော့ပါဘူး။ဒီနေ့ ဒီအချိန်မှာ မိန်းကလေးတစ်ယောက် ဟာ ရည်းစားမရှိဘူးဆိုရင် တစ်ခုခု ချွတ်ယွင်းနေလို့ ၊ မိန်းကလေးတစ်ယောက် လုံလုံခြုံခြုံဝတ်ရင်ပဲ ခေတ်မမီ ခေတ်နောက်ကျ မဝတ်တတ် မစားတတ် ကြီး လို ထင်မြင် နေကြ ပါတယ်။ ရည်းစားအရေ အတွက်များရင်ကိုပဲ ဂုဏ်ယူစရာ ၊ ထင်ပေါ်ကျော်ကြားတဲ့မိန်းကလေး (popular girl) လိုဖြစ်နေတော့ ရည်းစားမရရင် မိန်းကလေးတွေဟာ အနည်းနဲ့ အများ စိတ်ကျတတ်ပါတယ်။

ယောကျ်ားလေးတွေဟာ စိတ်ကျရင် ပြန်တက်ဖို့ မလွယ်လှပါဘူး။ မိန်းကလေးတွေကတော့ စိတ်ကျရင် ပြန်တက်တာ မြန်ပါတယ်။ဒါကြောင့်လည်း မိမိကိုယ်မိမိသေကြောင်းကြံစည်မှုမှာ မိန်းမတွေက ကြိုးပမ်းမှု (attempt) ပိုများပေမယ့် ယောကျာ်းတွေက အောင်မြင်မှု ပိုများပါတယ်။

ဘာကြောင့်လဲဆိုတော့ မိန်းမတွေက စိတ်ထဲမှာ မြုံမထားတတ်ကြတာ များပါတယ်။သူ အော်ဟစ်နေမယ်။ အဲလိုအော်ဟစ်နေတာကိုကပဲ ဂရုစိုက်မှုလိုချင်လို့ပါ။သွား..ဘယ်သူမှ ငါ့အနားမလာကြနဲ့ လို့ အော်နေတာကိုက သူ့အနားလာစေချင်တာပါပဲ။ဘယ်သူမှ ငါ့ကိုဂရုမစိုက်ကြနဲ့ ..ငါသေမယ်..ငါသေချင်တယ် လို့ အော်နေတာမျိုးကြောင့် သူ့ပတ်ဝန်းကျင်ကလူတွေ ၊ မိတ်ဆွေ အပေါင်းအသင်း တွေ ၊ ဆွေမျိုးသားချင်းတွေက စိုးရိမ်ပူပန်ပြီး ဂရုစိုက် ပြီး ဘာဖြစ်တာလဲ အဲလိုမလုပ်ပါနဲ့ တိုတာမျိုးကို ခံယူလို လို့ပါပဲ။အဲဒီမှာ သူလိုချင်တာကို သူရပါတယ်။

ဒါ့အပြင် မိန်းမတွေက မိန်းမချင်းတီးတိုးတိုင်ပင်တတ်ခြင်းကြောင့်လည်း စိတ်သက်သာရာရပါတယ်။ နောက်တစ်ခုက မိန်းမတွေက ကလဲ့စားခြေ လိုစိတ်ပိုများတဲ့အတွက် ငါ စိတ်ဆင်းရဲသလို သူလည်း စိတ်ဆင်းရဲစေရမယ်။ သူ ငါခံစားရသလို ပြန်ခံစားစေရမယ် ဆိုတဲ့ ကလဲ့စားခြေလိုမှုကြောင့်လည်း သူတပါးကိုစိတ်ပူပန်စေကာ အနိုင်ယူခြင်းကြောင့် အဲလို အနိုင်ရတယ်လို့ သူ့ကိုယ်သူ ထင်မြင် သွားခြင်း ကြောင့်လည်း စိတ်သက်သာရာရသွားပါတယ်။ ယောကျ်ားတွေကျတော့ မျက်ရည်ကျရင် ငိုရင် ယောက်ျားမဟုတ်တော့ဘူး။ မျက်ရည်ကျတာ ယောကျ်ားအလုပ်မဟုတ်ဘူး လို့ တလွဲထင်မြင်ယူဆ နေကြတဲ့အတွက် ပိုလို့ စိတ်ပင်ပန်းကြပ်တည်းပါတယ်။ကျွန်မက အဲဒီအထင်ကို ဆန့်ကျင်ပါတယ်။ လူသားတစ်ယောက်ဖြစ်တဲ့အတွက် စိတ်ခံစားချက် ရှိတယ်။

၀မ်းနည်းရင် ငိုမယ်။ မြတ်နိုးတဲ့အရာတစ်ခုဆုံးရှုံးရရင် ငိုမယ်။ ဒါ စိတ်ခံစား ချက် ပဲ။


ငိုလိုက်ပါ။ မငိုဖို့ မတားပါဘူး။ငိုလိုက်ပါ..မင်း အားရပါးရငိုလိုက်ပါ။ မင်းမျက်ရည်တွေ နောက်ထပ်မရှိတော့တဲ့အထိငိုလိုက်ပါ။ ငိုပြီးရင် ပြီးပြီ။ အားလုံးအသစ်ကပြန်စမယ်။ ငိုပြီးသွားတာနဲ့ မျက်ရည်တွေနဲ့အတူ မင်းရဲ့ ဝမ်းနည်းပူဆွေးမှုတွေ ကုန်သွားပြီ ၊ အကုန်ပါသွားပြီ။

မိန်းကလေးတွေ အထူးသဖြင့် ဆယ်ကျော်သက်တွေ စိတ်ထိခိုက်ခံစားရတာက သူူတစ်ပါးက သူတို့အတင်း ပြောတဲ့ကိစ္စ ပါ။ သူတို့အတင်းတွေ သူများတွေကပြောနေပြီ ဆိုတာက သူတို့အတွက် အတော် စိတ်ညစ်စရာ ကောင်းတာဖြစ်နေတတ်ကြတယ်။How do I look? ဆိုတာကိုလည်း သိပ်အလေးထားကြတယ်။ သူတို့ကို အပေါင်းအသင်းတွေ ကမခင်ကြဘူး။ သူ့ရုပ်ကြည့်မကောင်းဘူး၊ သူများတွေက သူ့အတင်း တွေ ပြောနေကြ တယ်ဆိုတာလေးတွေက အခြားသူအမြင်မှာတော့ သေးသေးဖွဲဖွဲ လေးတွေပေမယ့် သူတို့ကိုယ်တိုင် အတွက်အတော်ကြီးမားတဲ့ ပြသနာတစ်ခုပဲ။ အဲလိုမိန်းကလေးတွေကျတော့ မိန်းမချင်း တီးတိုး တိုင်ပင် အားပေးရတာ..အဆင်ပြေပါတယ်။

လူဆိုတာ အမှားနဲ့ မကင်းပါဘူး။ ဘယ်သူမှလည်း အပြစ်အမှားကင်းသူ ၊ ပြီးပြည့်စုံသူရယ် လို့မရှိပါဘူး။ အခြေအနေအကြောင်းကြောင်း အပေါ်မူတည်ပြီး စိတ်မှာဖြစ်လာတဲ့ စိတ်ကျခြင်းဆိုတာ လူတိုင်း ခံစားဖူးကြပါတယ်။ စိတ်ကျခြင်းဖြစ်နေတာဟာ ရှက်စရာမဟုတ်ပါဘူး။ ပွင့်ပွင့်လင်းလင်း ပြောဆိုတိုင်ပင်ခြင်းဖြင့် စိတ်သက်သာရာရစေပါတယ်။


                                                                                                  ဟနစံ
                                                                                        ၈ ရက်၊ နိုဝင်ဘာလ၊ ၂၀၁၁ ခုနှစ်။

ဦးနှောက်လေ့ကျင့်ခန်း



ကျွန်​မ​တို့​ခ​န္ဓာ​ကိုယ်​ရှိ​ကြွက်​သား​များ​ကို​မ​လှုပ်​ရှား​စေဘဲ၊ အ​သုံး​မ​ပြု​ဘဲ​ထား​မယ်​ဆို​ရင် ​ကျွန်​မ​တို့​ရဲ့ ​ကိုယ်​ခံ​စွမ်း​အား​တေွ ​တ​ဖြည်း​ဖြည်း ​လျော့နည်း​လာ​မှာ​ဖြစ်​ပါ​တယ်။ ​ကိုယ်​ခံ​စွမ်း​အား ၊ ​စွမ်း​ရည်​တွေ​ကျ​ဆင်း​လာ​စေရုံတင်မ​ဟုတ်​ဘဲ ​ဖျတ်​လတ်​ပေါ့​ပါး​သွက်​လက်​မှု​များပါ လျော့​နည်း​လာ​မှာ​ဖြစ်​ပါ​တယ်။ ​အ​လုပ်​လုပ်​ခြင်း ၊ ​ကိုယ်​လက်​လှုပ်​ရှား​လေ့​ကျင့်​ခန်း​ပြု​လုပ်​ခြင်း ၊ ​စိတ်​ပိုင်း​ဆိုင်​ရာ​လေ့​ကျင့်​ခန်း​ပြု​လုပ်​ခြင်း​တို့​ဖြင့် ​သွက်​လက်​ထက်​မြက်​တဲ့​လူ​သား​တစ်​ဦး​ဖြစ်​လာ​ပါ​မယ်။ ​စိတ်​လေး​လံ​ထိုင်း​မှိုင်း​ခြင်း​များ​ခံ​စား​ရ​တာ ​ကြိမ်​ဖန်​များ​လာ​တဲ့​အ​ခါ​မှာ ​ဦး​နှောက်မှတ်ဉာဏ်ကို​ပျက်​စီး​စ​သေော ​အယ်လ်​ဇိုင်း​မား​ရော​ဂါ (alzheimer) ​နဲ့ ​ပါ​ကင်​ဆန်​ရော​ဂါ (​Parkinson's Disease) ​များ​ကို​ခံ​စား​ရ​ဖို့​အ​ခွင့်​အ​လမ်း​ပို​များ​လာ​ပါ​တယ်။ ​စိတ်​ပိုင်း​ဆိုင်​ရာ​ကျန်း​မာ​စွာ​နေထိုင်​ခြင်း​ဟာ ​လူ့​ဘ၀​ရဲ့​အ​ရည်​အ​သွေး​တစ်​ခု​ဖြစ်​ပြီး ​အ​သက်​ရှည်​ကျန်း​မာ​ခြင်း ​နှင့်​အ​တူ ​ပျော်​ရွှင်​ဖွယ်​ကောင်း​တဲ့ ​မိ​သား​စု​ဘ၀ ​ကို​ပါ​ရ​ရှိ​လာ​စေပါတယ်။

​          စိတ်​တင်း​ကြပ်​ဖိ​စီး​မှု ၊ ​ကျန်း​မာ​ရေး​အ​တွက်​မ​သင့်​လျော်သောအ​စား​အ​စာ ​များ ၊ ​ဆေး​လိပ်၊ ​မူး​ယစ်​ဆေး​ဝါး ​နဲ့ ​အ​ရက်​သ​စော ​တို့​ဟာ ​ကျွန်​မ​တို့​ရဲ့ ​ဦး​နှောက်​ကို​ထိ​ခိုက်​ပျက်​စီး​စေပါ​တယ်။ ​စိတ်​ဖိ​စီး​မှု​များ​ခံ​စား​ရ​တာ ​ကြိမ်​ဖန်​များ​လာ​တဲ့​အ​ခါ​မှာ ​သွေးတိုး​ရော​ဂါ ​ကို​ခံ​စား​လာ​ရ​ပြီး ​ဦးနှောက်သွေးကြော​များ​ကို​ပေါက်​ပြဲစေနိုင်​ပါ​တယ်။ Stroke လို့​ခေါ်​တဲ့ ​ဦး​နှေက်​ရဲ့​လုပ်​ငန်း​ဆောင်​တာ​များ​ပျက်​စီး​တဲ့​ရော​ဂါ​တစ်​မျိုး​ကို​ခံ​စား​ရ​ပြီး ​ဦး​နှောက်ဆဲလ်​များ​သေသွားစေပါ​တယ်။ ​သွေးတိုး​ရော​ဂါကို ​နာ​တာ​ရှည် ခံစားရတဲ့ခါမှာ ​ဦး​နှောက်အ​တွင်း​ရှိ​သွေးလွှတ်​ကြောမ​ကြီး​ပေါက်​ပြဲ​စေတဲ့အ​ပြင် ​အ​နီး​အ​နား​က ​ဆဲလ်​များ​ကို​ပါ​ပျက်​စီး​စေပြီး ထို​အင်္ဂါ​များ​က​လုပ်​ဆောင်​နေတဲ့ ​လုပ်​ငန်း​ဆောင်​တာ​များ​ရပ်​ဆိုင်း​သွား​ပါ​တယ်။ ​ထို့ကြောင့် စိတ်​ပိုင်း​ဆိုင်​ရာ​လေ့​ကျင့်​ခန်း​များ​ပြု​လုပ်​ပေး​သင့်​သ​လို ​လူ​မှု​ပတ်​ဝန်း​ကျင်​မှာလည်း ​တက်​ကြွ​သွက်​လက်​စွာ​န​ထေိုင်​ခြင့်​ဖြင့် ​ရုပ်​ကျန်း​မာ​ရေး​ရော၊ ​စိတ်​ကျန်း​မာ​ရေး​ပါ​ကောင်း​မွန်​လာ​မှာ​ဖြစ်​ပါ​တယ်။ ​စာ​ဖတ်​ခြင်း​ဟာ ​ဦး​နှောက်အ​တွက်​အ​ကောင်း​ဆုံး​သော ​လေ့​ကျင့်​ခန်း​ဖြစ်​ပြီး ​အ​သစ်​အ​ဆန်း​များ​စူး​စမ်း​လေ့​လာ​ခြင်း ​ဟာ​လည်း​ဦး​နှောက်​ဖွံ့​ဖြိုး​မှု​ကို ​တိုး​တက်​စေပါ​တယ်။

               ​စစ်​တု​ရင်​က​စား​ခြင်း​ဟာ ​ဉာဏ်​ရည်​ဉာဏ်​သွေးတိုး​တက်​စေပါ​တယ်။ ​လွန်​ခဲ့​တဲ့ ၁ ​ရက် ၊ ၂​ရက်​ခန့်​က ​ဖြစ်​ပွား​ခဲ့​တဲ့​အ​ကြောင်းအ​ရာ​များ​ကို ​ပြန်​လည်​စဉ်း​စား​မှတ်​မိမိစေခြင်း ​အ​လေ့​အ​ကျင့်​ကို​ပြု​လုပ်​ပေး​ခြင်း​ဖြင့် ​ကျွန်​မ​တို​ရဲ့​ဦး​နှောက်ကို​လေ့​ကျင့်​ခန်း​ပြု​လုပ်​ပေး​သင့်​ပါ​တယ်။Crossword Puzzle ​က​စား​နည်း ​မျိုး ​နဲ့ ​ဉာဏ်​စမ်း​ပ​ဟေဠိဖြေ​ဆို​ခြင်း​များ​ဟာ​လည်း ​စိတ်​ပိုင်း​ဆိုင်​ရာ​ကျန်း​မာ​ရေး​တိုး​တက်​မှု​ကို​အ​ထောက်​အ​ကူ​ဖြစ်​စေပါတယ်။ ဈေးဝယ်​ထွက်​တဲ့​အ​ခါ​မှာ ​ဈေး​စာ​ရင်း​များ​ကို ​ဂ​ဏာန်း​ပေါင်း​စက်​အ​သုံး​မ​ပြု​ဘဲ ၊ ​စာ​ရွက်​ထဲ​မှာ​ရေး​ချ​မ​တွက်​ချက်​ဘဲ ​စိတ်​ထဲ​မှာ​တင်​တွက်​ချက်​ခြင်း ​အ​လေ့​အ​ကျင့်​ဖြင့်​လည်း ​ကျွန်​မ​တို့​ရဲ့ ​ဉာဏ်​ရည်​ဉာဏ်​သေွး​များ ​တိုး​တက်​လာ​စ​ပေါ​တယ်။ ​စိတ်​ပါ​ဝင်​စား​တဲ့​သင်​တန်း​တစ်​ခု​ကို ​တက်​ရောက်​သင်​ယူ​ခြင်း​က​လည်း ​စိတ်​ကျန်း​မာ​ရေး​အ​တွက် ​အ​ကောင်း​ဆုံး​လေ့​ကျင့်​ခန်း​တစ်​ခု​ဖြစ်​ပါ​တယ်။ 

                                                                                                               ဟနစံ
                                                                                         ၂၆ ရက်၊ ဇွန်လ၊ ၂၀၀၆ ခုနှစ်။

အင်တာနက်ကြောင့်ဖြစ်သော စိတ်မူမမှန်မှုများ

ကမ္ဘာ အရပ်ရပ်မှာရှိတဲ့ ကွန်ပျူတာများကို ဆော့ဖ်ဝဲပရိုဂရမ်တစ်ခုကို အသုံးပြုပြီး သတင်း အချက်အလက်များ ထုတ်လွှင့်ခြင်း ၊ ပေးပို့ခြင်း ၊ ရယူခြင်းများတို့ကို လုပ်ဆောင်ပေးနိုင်တဲ့ အင်တာနက် internet ဆိုတဲ့ စနစ်တစ်ခုပေါ်ပေါက်လာခဲ့ခြင်းဟာ လူ့ဘောင်လောကအတွက် အလွန်ကျေးဇူးများလှပါတယ်။

မူလအစကမူ ရိုးရှင်းလှတဲ့ ကွန်ပျူတာကွန်ယက် ARPANET နဲ့စတင်ခဲ့ခြင်းဖြစ်ပါတယ်။ အခုဆိုရင် အင်တာနက်ဟာ တစ်ကမ္ဘာလုံးရှိ အိမ်များ ၊ စီးပွားရေး လုပ်ငန်းများ ၊ ကျောင်းများ ၊ ရုံးများ ၊ စာကြည့်တိုက်များကို ရောက်ရှိ နေပြီဖြစ်ပါတယ်။

မူလရည်ရွယ်ချက်က ပညာရေးဆိုင်ရာ သုတေသန လုပ်ငန်းများနဲ့ စစ်ဘက်ရေးရာ ကာကွယ်ရေးလုပ်ငန်းများအတွက်သာ အသုံးပြုရန် ်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ဖိုင်လ်များလွှဲပြောင်းခြင်း ၊ e-mail များပို့ခြင်းနဲ USENET လို့ခေါ်တဲ့ Forum မှတဆင့် သတင်း အချက်အလက်များ ပေးပို့ခြင်းတို့ကို လုပ်ဆောင်နိုင်ခဲ့ပါတယ်။

အဲဒီ နောက်မှာ တော့ HTTP (hypertext transfer protocol) တိုးတက် ကျယ်ပြန့် လာမှုကြောင့် စာသား ၊ ရုပ်ပုံ ၊ အသံဖိုင်လ်များကိုပို့ဆောင်နိုင်သော webpages လို့ခေါ်တဲ့ hyperlinked electronic documents မှတဆင့် အင်တာနက်ကို အသုံးပြုသူများက အချင်းချင်း ဖိုင်လ်များကို ပို့ဆောင် ကြပါတယ်။

ရုပ်ပုံ ၊ အသံဖိုင်လ် ၊ ရုပ်ရှင်ကားများကိုပါ ပေးပို့နိုင်ပြီး ကမ္ဘာပေါ်ရှိ လူများ အချင်းချင်း ဆက်သွယ်ရေး ၊ ဖျော်ဖြေရေးအတွက်ပါအသုံးပြုလာကြပါပြီ။ ပညာရပ်ပိုင်းဆိုင်ရာနဲ့ပတ်သက်လို့ သိလိုသမျှကိုလည်း အင်တာနက် စာမျက်နှာပေါ်မှာ ရှာဖွေပြီး လေ့လာနိုင်ပါပြီ။ အင်တာနက်ကို ကောင်းတဲ့ဘက်ကနေ အသုံးချလို့ရသလို အင်တာနက်ကြောင့် စိတ်မူမမှန်တော့တဲ့သူတွေလည်း ရှိပါတယ်။

ငှက်တွေ နေ့စဉ်နေ့တိုင်း သင့်ခေါင်းပေါ်ကနေဖြတ်ပြီး ပျံသန်းနေကြတာကို တားဆီးလို့မရနိုင်ပေမဲ့ သင့်ခေါင်းပေါ်မှာ ငှက်သိုက်လာမဆောက်အောင်တော့ သင် တားမြစ်နိုင်ရပါမယ် ဆိုတဲ့ တရုတ်စကားပုံတစ်ခုလိုပါပဲ။ အင်တာနက်ကတော့ ရှိနေတာပါပဲ။ ရှိနေတဲ့ အင်တာနက်ကနေ မိမိဘဝအတွက် အကျိုးဖြစ်ထွန်းအောင် ယူလို့ရသလို အကျိုးမဲ့အောင်လည်း ယူလို့ရပါတယ်။ အသုံးချပုံပေါ်မူတည်ပြီးတော့ ကောင်းကျိုး၊ ဆိုးကျူးဖြစ်လာနိုင်စေပါတယ်။

ဆိုးကျိုးဖြစ်လာစေတာတွေထဲမှာ စိတ်ကစဉ့်ကလျားဖြစ်ပြီး မူမှန်စိတ်မဟုတ်တော့တာတွေ အနည်းနဲ့အများပါရှိပါတယ်။


၁။ Internet Asperger's Syndrome (The Troll )


ကျောင်းမှာစာတော်ပြီး စိတ်ပုံမှန်နဲ့ ကလေးတစ်ယောက်ဟာ ကီးဘုတ်နဲ့ ကွန်ပျုတာမော်နီတာကို အသုံးပြုပြီး အင်တာနက် chatroom နဲ့ အင်တာနက် စာမျက်နှာများပေါ်မှာ သူတစ်ပါးကို ဆဲဆိုခြင်း၊ ပြင်းပြင်းထန်ထန် မကြားဝံ့မနာသာများကို ပြောဆို (ရေးသား) မှုများကို ပြုလုပ်တာပါ။ အင်တာနက်စာမျက်နှာများပေါ်က ကိုယ့်လိုပဲ community forum မှာအသင်းဝင်ဖြစ်နေတဲ့ တခြားသူများအပေါ် စာနာညှာတာမှုမရှိဘဲ ပုတ်ခတ်ပြောဆိုရေးသားမှုများဖြစ်ပါတယ်။

ပြင်ပမှာတော့ ဒီကိစ္စမျိုးကို Asperger's Syndrome လို့ခေါ်ပါတယ်။ ကိုယ် ပြောဆိုသုံးစွဲလိုက်တဲ့ စကားလုံးတွေကြောင့် တစ်ဘက်သားရဲ့ မျက်နှာ အမူအယာအပြောင်းအလဲ နဲ့ စိတ်ခံစားမှုကို မတွေ့မမြင်ရတဲ့ အင်တာနက်မှာ တစ်ဘက်သားကို စာနာမှုတွေကလည်း ကင်းဝေးကာ ရိုင်းစိုင်းတဲ့ စကားလုံးများနဲ့ ပြောဆိုဆက်ဆံတာပဲဖြစ်ပါတယ်။

လှုမှုဆက်ဆံရေးအဆင်မပြေမှုများ၊ လူအများနဲ့ လိုက်လျောညီထွေ မဆက်ဆံနိုင်သူများ၊ သူတို့ကိုယ်သူတို့ အကျိုးမဲ့သူ၊ အကျိုးမရှိသူလို့ စိတ်ထဲမှာ ထင်မြင်နေသူများဖြစ်တတ်ပါတယ်။


၂။ Low Cyber Self-Esteem (The Guy Who Everyone Hates but Who Never Leaves)


အင်တာနက်ဟာ လူတိုင်းအတွက် မိမိအိမ်လိုပဲသဘောထားစရာဖြစ်လာြပီး online community forum များ၊ chatroomများမှာ လူအများနဲ့ သဟဇာတမဖြစ်တဲ့ လူတစ်ဦးတစ်ယောက် ရှိတတ်ပါတယ်။ လူအများက မနှစ်သက်ကြပေမဲ့လည်း သူကတော့ နေ့စဉ် ပုံမှန် အမြဲ အင်တာနက်မှာ ဝင်ရောက်ပြောဆို ဆွေးနွေးရေးသားဆဲပါ။

ပြင်ပမှာတော့ Attention seeking behavior ဖြစ်ပါတယ်။


လူအများက မနှစ်သက်လို့ မင်း ဝင်မပြောနဲ့လို့ ပြောလိုက်တာကိုပဲ သူက ပျော်ရွှင်ပါတယ်။ သူ့ကို ဂရုစိုက်တယ်လို့ ထင်ပါတယ်။ သူ ရှိနေတယ်ဆိုတာကို အသိအမှတ်ပြုခြင်းခံရလို့ သူ့စိတ် ပျော်ရွှင်ပြီး ဆက်လက်ပါဝင်ရေးသားပြောဆိုနေခြင်းဖြစ်ပါတယ်။


၃။ Online Obsessive-Compulsive Personality Disorder ( The Grammar Nazi)


အင်တာနက်ပေါ်မှာ စာပေါင်းများစွာရေးသော်လည်း စာလုံးပေါင်း သတ်ပုံ၊ သဒ္ဒါနဲ့ ဝါကျဖွဲ့စည်းပုံ မှန်ကန်ချင်မှ မှန်ကန်ပါမယ်။ အင်တာနက်ဆိုတာ စာအရေးအသားနဲ့ သဒ္ဒါကို ဂရုပြုစရာမလိုဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ရေးချင်သလိုရေးပါတယ်။

အခြားသူတစ်ဦးတစ်ယောက်ရေးထားတဲ့ စာတစ်ပုဒ်ဟာ သပ်ရပ်မှန်ကန်နေတယ်ဆိုရင် မိမိစိတ်မှာ စိတ်ရှုပ်ထွေးမှုတွေဖြစ်လာတဲ့ စိတ်သဘောပါ။


၄။ Munchausen by Internet ( The Sob Story Teller)


အင်တာနက်ပေါ်မှာ တကယ့်ကို အပြစ်ကင်းပြီး (နုံအ လှပြီး) အမြဲတမ်း ဝမ်းနည်းကြေကွဲစရာအဖြစ်တွေ ရှိနေသူပါ။ သူ့ဆီမှာ တစ်နေ့တစ်မျိုး ဝမ်းနည်းစရာအဖြစ်တွေ ၊ သူ့ကို သနားစရာအဖြစ်တွေ တစ်မျိုးပြီးတစ်မျိုး မရိုးရအောင် ရှိနေပါတယ်။ သနားကြင်နာမှုများနဲ့ သူ့ကို နွေးထွေးစွာ ကြောင်ပေါက်စပုံလေးများ ပို့ပေးခြင်း ၊ ပန်းစည်းပုံများပို့ပေးခြင်းစသည်ဖြင့် အားပေးစကားများပြောကြားပါတယ်။

များမကြာမီမှာပဲ သူ့ဆီက သူ့အချစ်ဆုံးသူငယ်ချင်း ကွယ်လွန်သွားခြင်း (သို့မဟုတ်) သူ့မိဘ တစ်ဦးဦးကွယ်လွန်သွားခြင်း စတဲ့ ဝမ်းနည်းဖွယ် ဇာတ်လမ်းများ ထပ်ကြားရပါဦးမယ်။ သူ နေမကောင်းဘူးလို့ဆိုတာလည်း ကြားပါမယ်။ တကယ်လို့များ သင်က သူ ဟန်ဆောင်နေတာလို့ သံသယဖြစ်ပြီး စုံစမ်းမိတဲ့ခါ တကယ်ဖြစ်နေတာတွေ့ရှိရရင် သင့်ကိုယ်သင် နောင်တရပါဦးမယ်။


ပြင်ပမှာတော့ Munchausen Syndrome လို့ခေါ်ပါတယ်။ သူ့စိတ်ထဲမှာ ဒီဝမ်းနည်းကြေကွဲဖွယ်တွေကို ခံစားလာရတာ အချိန်ကြာမြင့်လာပြီးနောက် အခြားသူများရဲ့ သနားကြင်နာမှုကို ရရှိလိုတဲ့အတွက် ဂရုစိုက်ခံလိုခြင်းပဲ ဖြစ်ပါတယ်။


၅။ Low Forum Frustration Tolerance ( The Frantic Browser Reloader)


ခေါင်းစဉ်အသစ်၊ စိတ်ဝင်စားစရာကောင်းတဲ့ စာတစ်ပုဒ်ကို သပ်ရပ်ကောင်းမွန်စွာ ရေးသားလိုက်ပြီး forum post မှာတင်လိုက်ပါတယ်။ အဲဒီနောက်မှာတော့ ကိုယ့် post အပေါ်မှာ အခြားသူများရဲ့ ထင်မြင်ချက်များကို စောင့်ကြည့်ပါတယ်။ ၅စက္ကန့် တစ်ခါလောက် F5 ကိုနှိပ်ပြီး page ကို refresh လုပ်ပြီး ကိုယ့်စာအပေါ်မှာ comment ရှိ၊ မရှိ စောင့်ကြည့်ပါတယ်။

မည်သူတစ်ဦးတစ်ယောက်ကမျှ comment ရေးသားခြင်း မရှိသေးဘူးဆိုရင် ဘယ်လိုလဲ...ဘယ်သူမှ မရှိကြဘူးလား။ ဘယ်သူမှ ထင်မြင်ချက်မပေးနိုင်ကြဘူးလားလို့ စိတ်မရှည်ဒေါသဖြစ်လာသူပါ။


ပြင်ပမှာတော့ Low Frustration Tolerance လို့ခေါ်ပါတယ်။ ၇ နှစ်သားအရွယ် ကလေးတစ်ယောက်က ကစားစရာ ကားရုပ်ကလေးကို လိုချင်လို့ အော်ဟစ်နေတာနဲ့ ဥပမာပြပါတယ်။ လက်ရှိအခြေအနေကို မကျေနပ်၊ စိတ်မရှည်သူပါ။

ချက်ချင်းတုံ့ပြန်ချီးမွမ်းမှုကို လိုချင်တဲ့ သည်းမခံတတ်သူများပါ။


၆။ Online Intermittent Explosive Disorder ( The Thin-Skinned Rage-o-holic)


အင်တာနက် စာမျက်နှာပေါ်မှာ အသေးအဖွဲကိစ္စလေးကို ဒေါသတကြီး ဖြစ်တာပါ။ ဟမ်ဘာဂါဆိုင်က မိမိဝယ်တဲ့ အိတ်ထဲမှာ အာလူးကြော်ကို ထည့်ပေးလိုက်ဖို့ မေ့သွားတာကို မိမိတစ်အိမ်လုံး အသတ်ခံရလို့ စိတ်ခံစားမှုဖြစ်သလိုမျိုး အင်တာနက်ပေါ်မှာ ရေးတာမျိုးပါ။

ပြင်ပမှာတော့ Intermittent Explosive Disorder လို့ခေါ်ပါတယ်။

ပြင်ပမှာ အခြားသူများကို စိတ်ဆိုးဒေါသဖြစ်တဲ့အခါမှာ အော်ဟစ်ပြောဆိုလိုက်ဖို့ကို ကြောက်ရွံ့တဲ့စိတ်ဟာ အင်တာနက်ပေါ်မှာ ပေါက်ကွဲထွက်တာမျိုးပါ။ ထူးဆန်းတာကတော့ keyboard မှာ Caps Lock ကိုဖွင့်ထားပြီး စာလုံးအကြီးများနဲ့ မော်နီတာပေါ်မှာ ရေးသားကာ စိတ်တိုဒေါသကြီးနေသူကတော့ ရုံးခန်းထဲက အလုပ်စားပွဲမှာ အေးအေးသက်သာ ကော်ဖီသောက်ရင်း၊ ဘေးနားက လုပ်ဖော်ကိုင်ဖက်နဲ့ အေးအေးဆေးဆေး စကားပြောနေရင်း ရေးသားနေတာ ဖြစ်တတ်ပါတယ်။


အင်တာနက်ဟာ အံ့သြစရာကောင်းလောက်အောင် အကျိုးကျေးဇူးများသလို အံ့သြစရာကောင်းတဲ့ လူတွေအဖြစ်ကိုလည်း ရောက်ရှိသွားစေနိုင်ပါတယ်။


(ကိုးကား ။ Jonathan Kimak ၏ 6 new personality disorders caused by the Internet )

http://www.cracked.com/article_17522_6-new-personality-disorders-caused-by-internet.html
 
                                        
                                                                                                                    ဟနစံ
                                                                                        ၂ရက်၊ ဖေဖော်ဝါရီလ၊ ၂၀၁၁ ခုနှစ်။