အင်တာနက်နည်းပညာများတွင် wireless local area network (WLAN)သည်
မကြာသေးမီကာလက တိုးတက်ဖွံ့ဖြိုးလာသော နည်းပညာသစ်တစ်ခုဖြစ်သည်။ WLAN
standardသည် အမေရိကန်ပြည်ထောင်စုတွင် အခြေစိုက်သော the Institute of
Electrical and Electronics Engineers Inc.၏ နည်းပညာတစ်ခုဖြစ်သော (IEEE
802.11) နည်းပညာဖြစ်ပြီး ၁၉၉၀ တွင်တိုးတက်အောင်တီထွင်ထားခြင်းဖြစ်သည်။ IEEE
802.11 သည် Industrial ၊ Scientific နှင့် Medical (ISM) frequency band
အတွက် ထုတ်လုပ်ထားသော မြန်နှုန်းမြင့် ဆက်သွယ်ရေးကွန်ရက်တစ်ခုဖြစ်သည်။ မူလ
802.11 standard ကို၁၉၉၇ တွင် ထုတ်လုပ်ခဲ့ပြီး IEEE 802.11b ဖြင့် upgrade
လုပ်နိုင်ခဲ့ကာ ၂ မှ ၁၁ Mbps ထိ နည်းပညာတိုးတက်ကောင်းမွန်လာသည်။ အခြား
upgrade တစ်ခုဖြစ်သော IEEE 802.11a သည် ISM bands ၅.၃ မှ ၅.၈ GHz bands ထိ
လုပ်ဆောင်အသုံးပြုနိုင်သည်။
အခြား upgrade အခွဲတစ်ခုဖြစ်သောIEEE 802.11n ကို ၂၀၀၇ တွင် ထုတ်လုပ်ပြီး ပိုမိုတိုးတက်ကောင်းမွန်သော ဒစ်ဂျစ်တယ်ဆစ်ဂနယ် နည်းပညာ Multiple Input Multiple Output (MIMO) algorithms လုပ်ဆောင်ချက်များကြောင့် WLAN ၏ ဒေတာနှုန်းမှာ ၅၄ Mbps မှ ၁၁၀ Mbps ကျော်ထိ တိုးတက်ကောင်းမွန်လာသည်။ နည်းပညာအသစ်နှင့်အဟောင်းကြား ဆက်သွယ်လုပ်ဆောင်နိုင်အောင် IEEE က ကြိုးပမ်းဆောင်ရွက်ထားသဖြင့် အသစ်ထွက်လာသော နည်းပညာများနှင့် ရှိနှင့်ပြီးသားနည်းပညာများ ချိတ်ဆက်နိုင်ခြင်းသည် သုံးစွဲသူများအတွက် ကျေးဇူးများလှသည်ဟု ဆိုရပေမည်။
WLAN ကိရိယာတန်ဆာပလာများထုတ်လုပ်ပံ့ပိုးမှုမှာ ကြီးမားကျယ်ပြန့်ပြီး စရိတ်ကုန်ကျမှုမှာ တဖြည်းဖြည်း ကျဆင်းလျက်ရှိသည်။ လူများစုက တတ်နိုင်သောစရိတ်စကဖြင့် ထုတ်လုပ်တပ်ဆင်နိုင်မှုကြောင့် ယခုအခါတွင် WLAN PC card တစ်ခုလျှင် အမေရိကန်ဒေါ်လာ ၂၅ ဒေါ်လာအောက် စျေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ပေသည်။ WLAN
အောင်မြင်လာရခြင်းအကြောင်းရင်းတစ်ခုမှာ Personal Digital Assistants (PDAs) များနှင့် မိုဘိုင်းလ်ဖုန်းများတွင် WLAN တပ်ဆင်အသုံးပြုနိုင်ခြင်းကြောင့်ဖြစ်သည်။ သုံးစွဲသူ မည်သည့်နေရာပဲသွားသွား၊ မည်သည့်နေရာကိုပင် ရောက်နေစေကာမူ WLAN အသုံးပြုနိုင်ခြင်းက WLAN က အခြားဆက်သွယ်ရေးနည်းပညာစနစ်များတွင် ဝင်ရောက်နေရာယူနိုင်ခြင်းဖြစ်သည်။ နေရာအသီးသီးမှ WLAN ကိရိယာတန်ဆာပလာများထုတ်လုပ်ပံ့ပိုးသူများ အချင်းချင်း အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်မှုကလည်း အသုံးပြုသူများအတွက် ကျေးဇူးဖြစ်ထွန်းလှသည်။
ကမ္ဘာလုံးဆိုင်ရာ WLAN community ၏ အဓိကခေါင်းဆောင်သူ player မှာ Wi-Fi Alliance ဟုခေါ်သည့် global non-profit organization ဖြစ်သည်။ Wi-Fi Alliance သည်ဒေသတွင်း မြန်နှုန်းဖြင့် စံနှုန်း ကြိုးမဲ့ဆက်သွယ်ရေးစနစ်ကို ဖြစ်ထွန်းစေနိုင်ခဲ့ပြီး ကုန်ပစ္စည်းအမှတ်အသား လိုဂိုတံဆိပ်ကို ပြုလုပ်ထားရှိသည်။
များပြားလှသော Wi-Fiကိရိယာတန်ဆာပလာထုတ်လုပ်သူများနှင့် ကုန်ပစ္စည်းအကြား ပရိုဂရမ် ဒီဇိုင်းပြုလုပ်ကာ အသုံးပြုနိုင်အောင် ထုတ်လုပ်နိုင်ခဲ့ကာ အောင်မြင်မှုများ ရရှိနေသည်။ သုံးစွဲသူသည် လိုဂိုအမှတ်တံဆိပ်ကို ကြည့်ကာ အခြား ထုတ်လုပ်သူများထံမှ Wi-Fi များ၊ အများပြည်သူအတွက် အခမဲ့ပေးထားသော Wi-Fi ဝန်ဆောင်မှုများနှင့်ချိတ်ဆက်ကာ အလုပ်လုပ်နိုင်သည်။
အရိုးရှင်းဆုံး Wi-Fi စနစ်တစ်ခုမှာ Wi-Fi card ကို မိမိအသုံးပြုသော ကွန်ပျူတာတွင် တပ်ဆင်ကာ အနီးဆုံး Access Point (AP) ကို ရေဒီယိုလှိုင်းဆက်သွယ်ကာ အသုံးပြုနိုင်ခြင်းဖြစ်သည်။ ထိုမှ တဆင့် ကမ္ဘာလုံးဆိုင်ရာအင်တာနက်သို့ ဆက်သွယ် အသုံးပြုနိုင်သည်။ ယနေ့အခါတွင် Wi-Fi သည် နေရာတိုင်းတွင် စျေးကွက်ရှိနေပြီဖြစ်သည်။ အိမ်၊ ရုံး၊ စာကြည့်တိုက်နှင့် အများပြည်သူတို့အတွက် နေရာများတွင် တွင်ကျယ်စွာ ရောက်ရှိနေပြီးဖြစ်သည်။
ရုံးလုပ်ငန်းများတွင် Wi-Fi အသုံးပြုခြင်းဖြင့် ဝန်ထမ်းများ တစ်နေရာမှ တစ်နေရာ၊ စားပွဲတစ်ခုမှ တစ်ခုဆီသို့ အချိန်တိုတိုအတွင်း ဆက်သွယ်မှုမြန်ဆန်နိုင်ပြီး လုပ်ငန်းများ ပြီးမြောက်အောင်မြင်မှုနှုန်း တိုးတက်မြင့်မားလာသည်။ နေအိမ်များတွင် broadband ထိုးဖောက်ဝင်ရောက်နေမှု မြင့်မားသော်လည်း wireless home network ဖန်တီးရန် Wi-Fi အသုံးပြုမှုမှာလည်း ကျယ်ပြန့်လာသည်။ အိမ်သားများသည် ကြိုးဖြင့်သော်လည်းကောင်း၊ DSL ဆက်သွယ်မှုဖြင့်သော်လည်းကောင်း အင်တာနက်အသုံးပြုကြသည်။
ကော်ဖီဆိုင်များ၊ အမြန်စားဖွယ်ရာဆိုင်များ၊ ကုန်တိုက်ကြီးများ၊ စာကြည့်တိုက်များတွင် Wi-Fi အသုံးပြုနိုင်သော Hotspot များကို တွေ့ရှိရသည်။ အများပြည်သူတို့သည် မိမိတို့၏ ကိုယ်ပိုင် Wi-Fi တပ်ဆင်ထားသော မိုဘိုင်းလ်ဖုန်းများ၊ ပီဒီအေများကို အသုံးပြုကာ အင်တာနက် ချိတ်ဆက်အသုံးပြုနိုင်သည်။ အများပြည်သူတို့အတွက် Wi-Fi Hotspot များသည် အဖိုးနှုန်းအလွန် ချိုသာလှသည်။
အာရှပစိဖိတ်ဒေသတွင် စင်္ကာပူနိုင်ငံသည် တစ်နှစ်အတွင်း Public Hotspots များ ၆၀၀ မှ ၅၀၀၀ သို့တိုးတက် မြင့်မားလာကြောင်းကို ၂၀၀၆ ခုနှစ်က ကြေညာခဲ့သည်။
Wi-Fi radio network သည်တပ်ဆင်ရ လွယ်ကူသည်မှာလည်း အားသာချက်တစ်ခု ဖြစ်သည်။ မိုဘိုင်းလ်ဖုန်း base station တစ်ခု၏ ကုန်ကျစရိတ်သည် ယူနစ်တစ်ခုလျှင် အမေရိကန်ဒေါ်လာ ၁၀၀ ၀၀၀ ကုန်ကျပြီး မြန်နှုန်းမြင့် Wi-Fi AP တစ်ခုကို တစ်ယူနစ်လျှင် အမေရန်ဒေါ်လာ ၅ ၀၀၀ ဖြင့် ဝယ်ယူရရှိနိုင်မှာ Wi-Fi တွင် အသုံးပြုထားသော နည်းပညာမှာ ပိုမို ရှင်းလင်း လွယ်ကူခြင်းကြောင့်ဖြစ်သည်။ Wi-Fi ဒေတာနှုန်းမှာ ဆယ်နှစ်အတွင်းတွင် ၁ Mbps မှ ၅၄ Mbps ထိ တိုးတက်ကောင်းမွန်လာသည်။
Intel ၏ သဘောတူညီမှုဖြင့် Skype ၊ Voice over Internet Protocol (VoIP) စသည့် နည်းပညာတိုးတက်မှုများကြောင့် Public Hotspot များသည် အင်တာနက်မှ တဆင့် အသံဖြင့် စကားပြောခြင်း၊ ရုပ်မြင်သံကြားစနစ်ဖြင့် အခမဲ့ဆက်သွယ်နိုင်ခြင်းများ ပြုလုပ်နိုင်လာသည်။ Wi-Fi သည်အကျိုးကျေးဇူးများသော်လည်း သတ်မှတ်ထားသော အကွာအဝေးမှ ကျော်လွန်လျှင် အသုံးပြု၍ မရနိုင်သော အားနည်း ချက ်များ ရှိနေဆဲပင်ဖြစ်သည်။
ကြိုးမဲ့ ဆက်သွယ်ရေးနည်းပညာများ တိုးတက်ကောင်းမွန်လာသော်လည်း အာရှပစိဖိတ်ဒေသတွင် ဘာသာစကားပေါင်း ၂၀၀၀ ကျော်ကို ပြောဆို သုံးစွဲနေကြသော်လည်း လူဦးရေ၏ ၂၀ ရာခိုင်နှုန်းသည်သာ အင်္ဂလိပ်ဘာသာစကားကို အသုံးပြုနိုင်ကြသေးသည်။ Romanized character များကိုသာ ဒီဇိုင်းပြု ထုတ်လုပ်ထားသော မိုဘိုင်းလ်ဖုန်းများ၊ ပီဒီအေများ၊ အီလက်ထရွန်နစ် ဆက်သွယ်ရေးပစ္စည်းများသည် ဂျပန်၊ တရုတ် ၊ ထိုင်း၊ အိန္ဒယ၊ မြန်မာစသည့် အက္ခရာများကို ပြသနိုင်ခြင်း မရှိပေ။ ထို့ကြောင့် ဘာသာစကားအတားအဆီးကို ကျော်ဖြတ်ရန် ဂျပန်၊ တရုတ်၊ ကိုရီးယား နိုင်ငံတို့က သူတို့၏ မိခင်ဘာသာစကားဖြင့် မိုဘိုင်းလ်ဖုန်းများ ထုတ်လုပ်လာကြသည်။ မလေးရှားနိုင်ငံ Malaysia's Murasu Communications (M) Sdn. Bhd.က သူတို့၏ မိခင်ဘာသာစကားဖြင့် စာသားပေးပို့ လက်ခံနိုင်သော ဆော့ဖ်ဝဲရ်ကို တီထွင်ထုတ်လုပ်ခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံမှ iWOW Communications Pte. Ltd ကလည်း ခမာဘာသာစကားဖြင့် SMS ပေးပို့ လက်ခံနိုင်ရန် ဆော့ဖ်ဝဲရ်တီထွင်ထုတ်လုပ်သည်။
မတူညီသော ဘာသာစကားနှင့် တိုင်းပြည်များအကြား ဆက်သွယ်မှု အဆင်ပြေလွယ်ကူစေရန် ထိုင်းနိုင်ငံက (http://www.pocktranslate.com/) ဆိုသည့် ဝန်ဆောင်မှုတစ်ခုကို ပြုလုပ်ပြီး ထိုင်းလူမျိုးများနှင့်လည်ပတ်လာရောက်သော အခြား လူမျိုးများကြား ဆက်ဆံရေးကို ချောမွေ့စေအောင် ဖြေရှင်းပေးခဲ့သည်။သီရိလင်္ကာနိုင်ငံမှ Microimage သည် ဘာသာစကား ၄မျိုးပါရှိသော SMS software ကို မိုဘိုင်းလ်ဖုန်းအတွက် ထုတ်လုပ်နိုင်ခဲ့ခြင်းကြောင့် ၂၀၀၆ ခုနှစ်အတွက် GSMA Asia Mobile Innovation Award 2006 ကို ရရှိခဲ့သည်။
တစ်ကမ္ဘာလုံးဆိုင်ရာအနေဖြင့်မူ အင်တာနက်အခြေပြု ဘာသာပြန်ဆိုမှုများဝန်ဆောင်မှုများဖြစ်သော Yahoo's Babel Fish (http://babelfish.yahoo.com/) နှင့် Google's language translation service (http://www.google.com/translate_t) တို့ကို ဘာသာပြန်ဆိုမှုများအတွက် အသုံးပြုနိုင်သည်။
မြန်မာဘာသာစကားအတွက်တွင်မူ မြန်မာလူငယ် နည်းပညာရှင်တစ်ဦးဖြစ်သော ထိန်လင်းရွှေ (ခေါ်) စေတန်ဂေ့ါဒ် တီထွင်ထားသော www.ornagai.com တွင် မြန်မာ- အင်္ဂလိပ်၊ အင်္ဂလိပ်-မြန်မာ အဘိဓာန် ကိုအသုံးပြုနိုင်သည်။ Source code ကို https://github.com/saturngod/ornagai-V2 တွင်ရရှိနိုင်သည်။
မြန်မာလူငယ် ပညာရှင်တစ်ဦးဖြစ်သော မျိုးကျော်ထွန်း (ခေါ်) ကိုဖြိုး တီထွင်သော http://kophyo.com/page/1/post/100 Smiley Myanmar အင်္ဂလိပ်-မြန်မာ အဘိဓာန်ကိုလည်း BlackBerry smartphone တွင် အသုံးပြုနိုင်သည်။
ယခုရာစုနှစ်တွင် အရှိန်အဟုန်ကြီးမားစွာ တိုးတက်မြင့်မားလာသော နည်းပညာများဖြင့် ကြိုးမဲ့ အင်တာနက်ဆက်သွယ်ရေးစနစ်၊ ကြိုးမဲ့ ဆက်သွယ်ရေးစနစ်များသည် နေရာတိုင်းကို ဝင်ရောက် ထိုးဖောက်လာခြင်းကြောင့် telecommunications တာဝန်ရှိသူများသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါဆုံးသော အဓိက အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပေသည်။
No comments:

Post a Comment