ကိုယ်ခန္ဓာ အဆီတွေတိုးပြီး နေရ ထိုင်ရတာ သက်တောင့် သက်သာ မရှိလှဘူးလို့
ညည်းနေတတ်ကြပေမယ့် အစားအသောက် ၊ အနေအထိုင် ကိုတော့ ကျွန်မတို့တွေက
ဂရုမစိုက်မိကြပါဘူး။
ကိုယ်အလေးချိန်
လျော့ကျအောင်ဆိုပြီး စားသင့်တဲ့ အစာပမာဏထက် ပိုမိုလျော့စားတဲ့အခါမှာ
လုံလောက်တဲ့ အစာအဟာရ မရရှိခြင်းကြောင့် နေထိုင်မကောင်း ဖြစ်ကြပြန်ပါတယ်။
ကျန်းမာအောင် အစားစားနည်း (၁၀) ချက်ကို သြဂုတ်လထုတ် ရီးဒါးစ်ဒိုင်ဂျက်စ်တ် မဂ္ဂဇင်းမှာဖတ်မိတာနဲ့ ဘာသာပြန်လိုက်မိပါတယ်။
၁။ အစာစားတဲ့အခါမှာ ကိုယ်အလေးချိန်လျော့ကျဖို့ အတွက်မဟုတ်ဘဲ ကျန်းမာသန်စွမ်းဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စားပါ။
၂။ နံနက်ခင်းစာ စစချင်းစားတဲ့အခါမှာ oats များ စားပါ။ နာရီပေါင်းများစွာ နောက်ထပ်ဗိုက်မဆာဘဲ နေပါလိမ့်မယ်။
၃။
ငါး ၊ ကြက်သား နှင့် ဟင်းသီးဟင်းရွက်များ ၊ အသုပ်များကို
ပိုမိုစားသုံးပြီး အနီရောင် အသား (အမဲသား၊ ဆိတ်သား၊ သိုးသား) ၊ ၀က်သား၊
အာလူး ၊ pasta နှင့် pastry တို့ကို လျှော့စားပါ။
၄။ ဆီ ကို ညှစ်လို့ရတဲ့ ပလပ်စတစ်ပုလင်းဖြင့် ထည့်ပါ။ ဒါမှလည်း ဆီ လောင်းထည့်တဲ့ အခါမှာ လိုသလောက်နည်းနည်းပဲ ထည့်ဖြစ်ပါလိမ့်မယ်။
၅။ နို့ခရင်မ် တွေအစား ဒိန်ချဉ်ကိုသုံးပါ။
၆။ မုန့်အဆာပြေ စားတာမျိုးမှာ ချော့ကလက် ၊ အာလူးကြော်၊ ဆီကြော်မုန့်တွေ အစား အသီးအနှံများကို စားပေးပါ။
၇။
အသားများကို မီးဖုတ်စားမယ့်အစား ပေါင်းပြီးစားပါ။ ကြော်စားမယ့်အစား
ပေါင်းပြီးစားပါ။ ကြော်စားတဲ့အခါမှာလည်း ဆီပူထဲမှာ ကြာကြာမကြော်ပါနှင့်။
၈။ အာလူး ၊ pasta နှင့် pastry တို့ကို ညစာအနေနဲ့ စားမယ့်အစား နေ့လည်စာမှာသာ စားသုံးပါ။
၉။ အယ်ကိုဟောလ် သောက်သုံးတာကို လျော့ချလိုက်ပါ။ သောက်မယ်ဆိုလျှင်လည်း ညစာနှင့်အတူသာ သောက်သုံးပါ။
၁၀။ နောက်တစ်နေ့မှာ ကျန်းမာရွှင်လန်းစွာ နိုးထနိုင်ဖို့အတွက် ဒီနေ့မှာ အဟာရပြည့်အောင် လုံလောက်အောင် စားပါ။
No comments:
Post a Comment