ကျွန်မတို့ခန္ဓာကိုယ်ရှိကြွက်သားများကိုမလှုပ်ရှားစေဘဲ၊ အသုံးမပြုဘဲထားမယ်ဆိုရင် ကျွန်မတို့ရဲ့ ကိုယ်ခံစွမ်းအားတေွ တဖြည်းဖြည်း လျော့နည်းလာမှာဖြစ်ပါတယ်။ ကိုယ်ခံစွမ်းအား ၊ စွမ်းရည်တွေကျဆင်းလာစေရုံတင်မဟုတ်ဘဲ ဖျတ်လတ်ပေါ့ပါးသွက်လက်မှုများပါ လျော့နည်းလာမှာဖြစ်ပါတယ်။ အလုပ်လုပ်ခြင်း ၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်ခြင်း ၊ စိတ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းပြုလုပ်ခြင်းတို့ဖြင့် သွက်လက်ထက်မြက်တဲ့လူသားတစ်ဦးဖြစ်လာပါမယ်။ စိတ်လေးလံထိုင်းမှိုင်းခြင်းများခံစားရတာ ကြိမ်ဖန်များလာတဲ့အခါမှာ ဦးနှောက်မှတ်ဉာဏ်ကိုပျက်စီးစသေော အယ်လ်ဇိုင်းမားရောဂါ (alzheimer) နဲ့ ပါကင်ဆန်ရောဂါ (Parkinson's Disease) များကိုခံစားရဖို့အခွင့်အလမ်းပိုများလာပါတယ်။ စိတ်ပိုင်းဆိုင်ရာကျန်းမာစွာနေထိုင်ခြင်းဟာ လူ့ဘ၀ရဲ့အရည်အသွေးတစ်ခုဖြစ်ပြီး အသက်ရှည်ကျန်းမာခြင်း နှင့်အတူ ပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုဘ၀ ကိုပါရရှိလာစေပါတယ်။
စိတ်တင်းကြပ်ဖိစီးမှု ၊
ကျန်းမာရေးအတွက်မသင့်လျော်သောအစားအစာ များ ၊ ဆေးလိပ်၊
မူးယစ်ဆေးဝါး နဲ့ အရက်သစော တို့ဟာ ကျွန်မတို့ရဲ့
ဦးနှောက်ကိုထိခိုက်ပျက်စီးစေပါတယ်။
စိတ်ဖိစီးမှုများခံစားရတာ ကြိမ်ဖန်များလာတဲ့အခါမှာ
သွေးတိုးရောဂါ ကိုခံစားလာရပြီး
ဦးနှောက်သွေးကြောများကိုပေါက်ပြဲစေနိုင်ပါတယ်။ Stroke
လို့ခေါ်တဲ့
ဦးနှေက်ရဲ့လုပ်ငန်းဆောင်တာများပျက်စီးတဲ့ရောဂါတစ်မျိုးကိုခံစားရပြီး
ဦးနှောက်ဆဲလ်များသေသွားစေပါတယ်။ သွေးတိုးရောဂါကို နာတာရှည်
ခံစားရတဲ့ခါမှာ
ဦးနှောက်အတွင်းရှိသွေးလွှတ်ကြောမကြီးပေါက်ပြဲစေတဲ့အပြင်
အနီးအနားက ဆဲလ်များကိုပါပျက်စီးစေပြီး
ထိုအင်္ဂါများကလုပ်ဆောင်နေတဲ့
လုပ်ငန်းဆောင်တာများရပ်ဆိုင်းသွားပါတယ်။ ထို့ကြောင့်
စိတ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းများပြုလုပ်ပေးသင့်သလို
လူမှုပတ်ဝန်းကျင်မှာလည်း တက်ကြွသွက်လက်စွာနထေိုင်ခြင့်ဖြင့်
ရုပ်ကျန်းမာရေးရော၊
စိတ်ကျန်းမာရေးပါကောင်းမွန်လာမှာဖြစ်ပါတယ်။ စာဖတ်ခြင်းဟာ
ဦးနှောက်အတွက်အကောင်းဆုံးသော လေ့ကျင့်ခန်းဖြစ်ပြီး
အသစ်အဆန်းများစူးစမ်းလေ့လာခြင်း
ဟာလည်းဦးနှောက်ဖွံ့ဖြိုးမှုကို တိုးတက်စေပါတယ်။
စစ်တုရင်ကစားခြင်းဟာ
ဉာဏ်ရည်ဉာဏ်သွေးတိုးတက်စေပါတယ်။ လွန်ခဲ့တဲ့ ၁ ရက် ၊
၂ရက်ခန့်က ဖြစ်ပွားခဲ့တဲ့အကြောင်းအရာများကို
ပြန်လည်စဉ်းစားမှတ်မိမိစေခြင်း
အလေ့အကျင့်ကိုပြုလုပ်ပေးခြင်းဖြင့်
ကျွန်မတိုရဲ့ဦးနှောက်ကိုလေ့ကျင့်ခန်းပြုလုပ်ပေးသင့်ပါတယ်။Crossword
Puzzle ကစားနည်း မျိုး နဲ့
ဉာဏ်စမ်းပဟေဠိဖြေဆိုခြင်းများဟာလည်း
စိတ်ပိုင်းဆိုင်ရာကျန်းမာရေးတိုးတက်မှုကိုအထောက်အကူဖြစ်စေပါတယ်။
ဈေးဝယ်ထွက်တဲ့အခါမှာ ဈေးစာရင်းများကို
ဂဏာန်းပေါင်းစက်အသုံးမပြုဘဲ ၊
စာရွက်ထဲမှာရေးချမတွက်ချက်ဘဲ စိတ်ထဲမှာတင်တွက်ချက်ခြင်း
အလေ့အကျင့်ဖြင့်လည်း ကျွန်မတို့ရဲ့ ဉာဏ်ရည်ဉာဏ်သေွးများ
တိုးတက်လာစပေါတယ်။ စိတ်ပါဝင်စားတဲ့သင်တန်းတစ်ခုကို
တက်ရောက်သင်ယူခြင်းကလည်း စိတ်ကျန်းမာရေးအတွက်
အကောင်းဆုံးလေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။
ဟနစံ
၂၆ ရက်၊ ဇွန်လ၊ ၂၀၀၆ ခုနှစ်။
No comments:
Post a Comment