Showing posts with label နည်းပညာ. Show all posts
Showing posts with label နည်းပညာ. Show all posts

Wednesday, 1 February 2017

wireless local area network (WLAN) နှင့် တိုးတက်မှုများ

အင်တာနက်နည်းပညာများတွင်  wireless local area network (WLAN)သည် မကြာသေးမီကာလက တိုးတက်ဖွံ့ဖြိုးလာသော နည်းပညာသစ်တစ်ခုဖြစ်သည်။ WLAN standardသည်  အမေရိကန်ပြည်ထောင်စုတွင် အခြေစိုက်သော the Institute of Electrical and Electronics Engineers Inc.၏ နည်းပညာတစ်ခုဖြစ်သော (IEEE 802.11) နည်းပညာဖြစ်ပြီး ၁၉၉၀ တွင်တိုးတက်အောင်တီထွင်ထားခြင်းဖြစ်သည်။ IEEE 802.11 သည် Industrial ၊ Scientific နှင့် Medical (ISM) frequency band အတွက် ထုတ်လုပ်ထားသော မြန်နှုန်းမြင့် ဆက်သွယ်ရေးကွန်ရက်တစ်ခုဖြစ်သည်။ မူလ 802.11 standard ကို၁၉၉၇ တွင် ထုတ်လုပ်ခဲ့ပြီး IEEE 802.11b ဖြင့် upgrade လုပ်နိုင်ခဲ့ကာ ၂ မှ ၁၁ Mbps ထိ နည်းပညာတိုးတက်ကောင်းမွန်လာသည်။ အခြား upgrade တစ်ခုဖြစ်သော IEEE 802.11a သည် ISM bands ၅.၃ မှ ၅.၈ GHz bands ထိ လုပ်ဆောင်အသုံးပြုနိုင်သည်။

အခြား upgrade အခွဲတစ်ခုဖြစ်သောIEEE 802.11n ကို ၂၀၀၇ တွင် ထုတ်လုပ်ပြီး ပိုမိုတိုးတက်ကောင်းမွန်သော ဒစ်ဂျစ်တယ်ဆစ်ဂနယ် နည်းပညာ Multiple Input Multiple Output (MIMO) algorithms လုပ်ဆောင်ချက်များကြောင့် WLAN ၏ ဒေတာနှုန်းမှာ ၅၄ Mbps  မှ ၁၁၀ Mbps ကျော်ထိ တိုးတက်ကောင်းမွန်လာသည်။ နည်းပညာအသစ်နှင့်အဟောင်းကြား ဆက်သွယ်လုပ်ဆောင်နိုင်အောင် IEEE က ကြိုးပမ်းဆောင်ရွက်ထားသဖြင့် အသစ်ထွက်လာသော နည်းပညာများနှင့် ရှိနှင့်ပြီးသားနည်းပညာများ ချိတ်ဆက်နိုင်ခြင်းသည် သုံးစွဲသူများအတွက် ကျေးဇူးများလှသည်ဟု ဆိုရပေမည်။



WLAN  ကိရိယာတန်ဆာပလာများထုတ်လုပ်ပံ့ပိုးမှုမှာ ကြီးမားကျယ်ပြန့်ပြီး စရိတ်ကုန်ကျမှုမှာ တဖြည်းဖြည်း ကျဆင်းလျက်ရှိသည်။ လူများစုက တတ်နိုင်သောစရိတ်စကဖြင့် ထုတ်လုပ်တပ်ဆင်နိုင်မှုကြောင့် ယခုအခါတွင် WLAN PC card တစ်ခုလျှင် အမေရိကန်ဒေါ်လာ ၂၅ ဒေါ်လာအောက် စျေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ပေသည်။ WLAN

အောင်မြင်လာရခြင်းအကြောင်းရင်းတစ်ခုမှာ Personal Digital Assistants (PDAs) များနှင့် မိုဘိုင်းလ်ဖုန်းများတွင် WLAN တပ်ဆင်အသုံးပြုနိုင်ခြင်းကြောင့်ဖြစ်သည်။ သုံးစွဲသူ မည်သည့်နေရာပဲသွားသွား၊  မည်သည့်နေရာကိုပင် ရောက်နေစေကာမူ WLAN အသုံးပြုနိုင်ခြင်းက WLAN က အခြားဆက်သွယ်ရေးနည်းပညာစနစ်များတွင် ဝင်ရောက်နေရာယူနိုင်ခြင်းဖြစ်သည်။ နေရာအသီးသီးမှ WLAN  ကိရိယာတန်ဆာပလာများထုတ်လုပ်ပံ့ပိုးသူများ အချင်းချင်း အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်မှုကလည်း အသုံးပြုသူများအတွက် ကျေးဇူးဖြစ်ထွန်းလှသည်။



ကမ္ဘာလုံးဆိုင်ရာ  WLAN community ၏ အဓိကခေါင်းဆောင်သူ player မှာ Wi-Fi Alliance ဟုခေါ်သည့် global non-profit organization ဖြစ်သည်။ Wi-Fi Alliance သည်ဒေသတွင်း မြန်နှုန်းဖြင့် စံနှုန်း ကြိုးမဲ့ဆက်သွယ်ရေးစနစ်ကို ဖြစ်ထွန်းစေနိုင်ခဲ့ပြီး ကုန်ပစ္စည်းအမှတ်အသား လိုဂိုတံဆိပ်ကို ပြုလုပ်ထားရှိသည်။



များပြားလှသော Wi-Fiကိရိယာတန်ဆာပလာထုတ်လုပ်သူများနှင့် ကုန်ပစ္စည်းအကြား ပရိုဂရမ် ဒီဇိုင်းပြုလုပ်ကာ အသုံးပြုနိုင်အောင် ထုတ်လုပ်နိုင်ခဲ့ကာ အောင်မြင်မှုများ ရရှိနေသည်။ သုံးစွဲသူသည် လိုဂိုအမှတ်တံဆိပ်ကို ကြည့်ကာ အခြား ထုတ်လုပ်သူများထံမှ Wi-Fi များ၊ အများပြည်သူအတွက် အခမဲ့ပေးထားသော Wi-Fi ဝန်ဆောင်မှုများနှင့်ချိတ်ဆက်ကာ အလုပ်လုပ်နိုင်သည်။

အရိုးရှင်းဆုံး Wi-Fi စနစ်တစ်ခုမှာ Wi-Fi card ကို မိမိအသုံးပြုသော ကွန်ပျူတာတွင် တပ်ဆင်ကာ အနီးဆုံး Access Point (AP) ကို ရေဒီယိုလှိုင်းဆက်သွယ်ကာ အသုံးပြုနိုင်ခြင်းဖြစ်သည်။ ထိုမှ တဆင့် ကမ္ဘာလုံးဆိုင်ရာအင်တာနက်သို့ ဆက်သွယ် အသုံးပြုနိုင်သည်။ ယနေ့အခါတွင် Wi-Fi သည် နေရာတိုင်းတွင် စျေးကွက်ရှိနေပြီဖြစ်သည်။ အိမ်၊ ရုံး၊ စာကြည့်တိုက်နှင့် အများပြည်သူတို့အတွက် နေရာများတွင် တွင်ကျယ်စွာ ရောက်ရှိနေပြီးဖြစ်သည်။



ရုံးလုပ်ငန်းများတွင် Wi-Fi အသုံးပြုခြင်းဖြင့် ဝန်ထမ်းများ တစ်နေရာမှ တစ်နေရာ၊ စားပွဲတစ်ခုမှ တစ်ခုဆီသို့ အချိန်တိုတိုအတွင်း ဆက်သွယ်မှုမြန်ဆန်နိုင်ပြီး လုပ်ငန်းများ ပြီးမြောက်အောင်မြင်မှုနှုန်း တိုးတက်မြင့်မားလာသည်။ နေအိမ်များတွင် broadband ထိုးဖောက်ဝင်ရောက်နေမှု မြင့်မားသော်လည်း wireless home network ဖန်တီးရန် Wi-Fi အသုံးပြုမှုမှာလည်း ကျယ်ပြန့်လာသည်။  အိမ်သားများသည် ကြိုးဖြင့်သော်လည်းကောင်း၊ DSL ဆက်သွယ်မှုဖြင့်သော်လည်းကောင်း အင်တာနက်အသုံးပြုကြသည်။

ကော်ဖီဆိုင်များ၊ အမြန်စားဖွယ်ရာဆိုင်များ၊ ကုန်တိုက်ကြီးများ၊ စာကြည့်တိုက်များတွင် Wi-Fi အသုံးပြုနိုင်သော Hotspot များကို တွေ့ရှိရသည်။ အများပြည်သူတို့သည် မိမိတို့၏ ကိုယ်ပိုင် Wi-Fi တပ်ဆင်ထားသော မိုဘိုင်းလ်ဖုန်းများ၊ ပီဒီအေများကို အသုံးပြုကာ အင်တာနက် ချိတ်ဆက်အသုံးပြုနိုင်သည်။ အများပြည်သူတို့အတွက် Wi-Fi Hotspot များသည် အဖိုးနှုန်းအလွန် ချိုသာလှသည်။

အာရှပစိဖိတ်ဒေသတွင် စင်္ကာပူနိုင်ငံသည် တစ်နှစ်အတွင်း Public Hotspots များ ၆၀၀ မှ ၅၀၀၀ သို့တိုးတက် မြင့်မားလာကြောင်းကို ၂၀၀၆ ခုနှစ်က ကြေညာခဲ့သည်။



Wi-Fi radio network သည်တပ်ဆင်ရ လွယ်ကူသည်မှာလည်း အားသာချက်တစ်ခု ဖြစ်သည်။ မိုဘိုင်းလ်ဖုန်း base station တစ်ခု၏ ကုန်ကျစရိတ်သည် ယူနစ်တစ်ခုလျှင် အမေရိကန်ဒေါ်လာ ၁၀၀ ၀၀၀ ကုန်ကျပြီး  မြန်နှုန်းမြင့် Wi-Fi AP တစ်ခုကို တစ်ယူနစ်လျှင် အမေရန်ဒေါ်လာ ၅ ၀၀၀ ဖြင့် ဝယ်ယူရရှိနိုင်မှာ Wi-Fi တွင် အသုံးပြုထားသော နည်းပညာမှာ ပိုမို ရှင်းလင်း လွယ်ကူခြင်းကြောင့်ဖြစ်သည်။ Wi-Fi ဒေတာနှုန်းမှာ ဆယ်နှစ်အတွင်းတွင် ၁ Mbps မှ ၅၄ Mbps ထိ တိုးတက်ကောင်းမွန်လာသည်။

Intel ၏ သဘောတူညီမှုဖြင့် Skype ၊ Voice over Internet Protocol (VoIP) စသည့် နည်းပညာတိုးတက်မှုများကြောင့် Public Hotspot  များသည် အင်တာနက်မှ တဆင့် အသံဖြင့် စကားပြောခြင်း၊ ရုပ်မြင်သံကြားစနစ်ဖြင့် အခမဲ့ဆက်သွယ်နိုင်ခြင်းများ ပြုလုပ်နိုင်လာသည်။  Wi-Fi သည်အကျိုးကျေးဇူးများသော်လည်း သတ်မှတ်ထားသော အကွာအဝေးမှ ကျော်လွန်လျှင် အသုံးပြု၍ မရနိုင်သော အားနည်း ချက ်များ ရှိနေဆဲပင်ဖြစ်သည်။ 



ကြိုးမဲ့ ဆက်သွယ်ရေးနည်းပညာများ တိုးတက်ကောင်းမွန်လာသော်လည်း အာရှပစိဖိတ်ဒေသတွင် ဘာသာစကားပေါင်း ၂၀၀၀ ကျော်ကို ပြောဆို သုံးစွဲနေကြသော်လည်း လူဦးရေ၏ ၂၀ ရာခိုင်နှုန်းသည်သာ အင်္ဂလိပ်ဘာသာစကားကို အသုံးပြုနိုင်ကြသေးသည်။ Romanized character များကိုသာ ဒီဇိုင်းပြု ထုတ်လုပ်ထားသော မိုဘိုင်းလ်ဖုန်းများ၊ ပီဒီအေများ၊ အီလက်ထရွန်နစ် ဆက်သွယ်ရေးပစ္စည်းများသည် ဂျပန်၊ တရုတ် ၊ ထိုင်း၊ အိန္ဒယ၊ မြန်မာစသည့် အက္ခရာများကို ပြသနိုင်ခြင်း မရှိပေ။ ထို့ကြောင့် ဘာသာစကားအတားအဆီးကို ကျော်ဖြတ်ရန် ဂျပန်၊ တရုတ်၊ ကိုရီးယား နိုင်ငံတို့က သူတို့၏ မိခင်ဘာသာစကားဖြင့် မိုဘိုင်းလ်ဖုန်းများ ထုတ်လုပ်လာကြသည်။ မလေးရှားနိုင်ငံ  Malaysia's Murasu Communications (M) Sdn. Bhd.က သူတို့၏ မိခင်ဘာသာစကားဖြင့် စာသားပေးပို့ လက်ခံနိုင်သော ဆော့ဖ်ဝဲရ်ကို တီထွင်ထုတ်လုပ်ခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံမှ iWOW Communications Pte. Ltd ကလည်း ခမာဘာသာစကားဖြင့် SMS ပေးပို့ လက်ခံနိုင်ရန် ဆော့ဖ်ဝဲရ်တီထွင်ထုတ်လုပ်သည်။



မတူညီသော ဘာသာစကားနှင့် တိုင်းပြည်များအကြား ဆက်သွယ်မှု အဆင်ပြေလွယ်ကူစေရန် ထိုင်းနိုင်ငံက  (http://www.pocktranslate.com/)  ဆိုသည့် ဝန်ဆောင်မှုတစ်ခုကို ပြုလုပ်ပြီး ထိုင်းလူမျိုးများနှင့်လည်ပတ်လာရောက်သော အခြား လူမျိုးများကြား ဆက်ဆံရေးကို ချောမွေ့စေအောင် ဖြေရှင်းပေးခဲ့သည်။သီရိလင်္ကာနိုင်ငံမှ Microimage သည် ဘာသာစကား ၄မျိုးပါရှိသော SMS software ကို မိုဘိုင်းလ်ဖုန်းအတွက် ထုတ်လုပ်နိုင်ခဲ့ခြင်းကြောင့် ၂၀၀၆ ခုနှစ်အတွက် GSMA Asia Mobile Innovation Award 2006 ကို ရရှိခဲ့သည်။



တစ်ကမ္ဘာလုံးဆိုင်ရာအနေဖြင့်မူ အင်တာနက်အခြေပြု ဘာသာပြန်ဆိုမှုများဝန်ဆောင်မှုများဖြစ်သော Yahoo's Babel Fish (http://babelfish.yahoo.com/) နှင့် Google's language translation service (http://www.google.com/translate_t) တို့ကို ဘာသာပြန်ဆိုမှုများအတွက် အသုံးပြုနိုင်သည်။

မြန်မာဘာသာစကားအတွက်တွင်မူ မြန်မာလူငယ် နည်းပညာရှင်တစ်ဦးဖြစ်သော ထိန်လင်းရွှေ (ခေါ်) စေတန်ဂေ့ါဒ် တီထွင်ထားသော www.ornagai.com  တွင် မြန်မာ- အင်္ဂလိပ်၊ အင်္ဂလိပ်-မြန်မာ အဘိဓာန် ကိုအသုံးပြုနိုင်သည်။ Source code ကို  https://github.com/saturngod/ornagai-V2    တွင်ရရှိနိုင်သည်။

မြန်မာလူငယ် ပညာရှင်တစ်ဦးဖြစ်သော မျိုးကျော်ထွန်း (ခေါ်) ကိုဖြိုး တီထွင်သော http://kophyo.com/page/1/post/100   Smiley Myanmar အင်္ဂလိပ်-မြန်မာ အဘိဓာန်ကိုလည်း BlackBerry smartphone တွင် အသုံးပြုနိုင်သည်။



ယခုရာစုနှစ်တွင် အရှိန်အဟုန်ကြီးမားစွာ တိုးတက်မြင့်မားလာသော နည်းပညာများဖြင့် ကြိုးမဲ့ အင်တာနက်ဆက်သွယ်ရေးစနစ်၊ ကြိုးမဲ့ ဆက်သွယ်ရေးစနစ်များသည် နေရာတိုင်းကို ဝင်ရောက် ထိုးဖောက်လာခြင်းကြောင့် telecommunications တာဝန်ရှိသူများသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါဆုံးသော အဓိက အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပေသည်။
No comments:

မိုဘိုင်းလ်ဖုန်းဆက်သွယ်ရေးစနစ်

ဆက်သွယ်ရေးလုပ်ငန်းများသည် တိုင်းပြည်တိုင်းတွင် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအဖြစ် ချမှတ်ကာ ဆောင်ရွက်လျက်ရှိပါသည်။ လွန်ခဲ့သည့်နှစ်များက တယ်လီဖုန်းဆက်သွယ်ရေးမှာ ကြိုးဖုန်း(လိုင်းဖုန်း)များဖြစ်ခဲ့သည်။ ကြိုးဖုန်းများသည် တပ်ဆင်ခနှင့် အသုံးပြုခ စျေးကြီးသည်ဟုဆိုရပေမည်။  ဧရိယာအကွာအဝေးနေရာများကြောင့် ကြိုးဖုန်းဆက်သွယ်ရေးလုပ်ငန်းများမှာ တိုးပွားလာသော လူဦးရေများအတွက် လွယ်ကူအဆင်ပြေမှု ရာနှုန်းပြည့် မရှိနိုင်ခဲ့ပေ။



မကြာသေးသည့်နှစ်အနည်းငယ်ခန့်က တိုးတက်ဖွံ့ဖြိုးလာသော ကြိုးမဲ့နည်းပညာကြောင့် ကြိုးမဲ့ မိုဘိုင်းလ်ဖုန်းများသည် လူဦးရေအားလုံးထံရောက်ရှိနိုင်သည့် အခွင့်အလမ်းဖြစ်ခဲ့သည်။ ထို့အပြင် ဆက်သွယ်မှု မြန်ဆန်ခြင်း၊ ကြိုးဖုန်းထက် အဖိုးနှုန်းသက်သာခြင်းစသည့် အားသာချက်တို့ရှိသည်။ ကြိုးမဲ့ ဆက်သွယ်ရေးနည်းပညာတွင် မိုဘိုင်းလ်ဖုန်းများ၊ Wi-Fi ၊ WiMAX  နှင့် meshed wireless networks တို့ပါဝင်သည်။ ကြိုးမဲ့ဆက်သွယ်ရေးလုပ်ငန်းသည် လူဦးရေအားလုံးအတွက် အဆင်ပြေလွယ်ကူမှု ရှိသည်ဆိုသော်လည်း အာရှပစိဖိတ်ဒေသနေရာများတွင် အင်္ဂလိပ်ဘာသာစကားက အခက်အခဲအတားအဆီးအနည်းငယ်ဖြစ်နေသည်။ ဒေသတိုးတက်ဖွ့ံ့ဖြိုးရေးအတွက် လုပ်ဆောင်နေကြသူများက ထိုအခက်အခဲများကို ကျော်လွှားနိုင်ရန် services နှင့် applications များကို အောင်မြင်စေပြီးဆက်သွယ်မှုအဆောက်အအုံအောင်မြင်စေရန် ကြိုးပမ်းလျက်ရှိကြသည်။



ယနေ့ခေတ်အချိန်တွင် အသုံးပြုနေကြသော ကြိုးမဲ့ဆက်သွယ်ရေးနည်းပညာများမှာ Near Field Communications (NFC)၊ Bluetooth ၊ DECT၊ mobile phones ၊ Wi-Fi ၊ WiMAX ၊  High Altitude Platforms နှင့် satellite telephone networks စသည်ဖြင့် အမျိုးမျိုးရှိလေသည်။  တစ်မျိုးစီသည် သတ်မှတ်ထားသောစျေးကွက်အတွက် ဒီဇိုင်းထုတ်လုပ်ထားသည်။  တိုးတက်ခေတ်မီလာသော ခေတ်ကာလတွင် လူသားတိုင်း၏ လိုအပ်ချက်များအားလုံးကို ပြည့်မီနိုင်ရန်အတွက် တစ်မျိုးတည်းသောနည်းပညာဖြင့် မလုံလောက်နိုင်ပေ။ လိုအပ်ချက်အပေါ်မူတည်ပြီး အသင့်လျော်ဆုံးသော နည်းပညာများကို ပူးပေါင်းကာ ဆောင်ရွက်ခြင်းဖြင့် တိုးတက်အောင်မြင်မှုများ ရရှိပေသည်။ ဥပမာအားဖြင့်ဆိုလျှင် Bluetooth က ကြိုးဖြင့်ဆက်သွယ်ခြင်းကို အစားထိုးပစ်လိုက်နိုင်သော်လည်း အဖိုးနှုန်းပမာဏမှာ များလှသည်။ အဖိုးနှုန်းများသည့်အပြင် တိုတောင်းသည့် အကွာအဝေးနေရာကိုသာ ထောက်ပံ့ပေးနိုင်ပြီး data rate ဒေတာပို့နှုန်းမှာလည်း အသင့်အတင့်သာ ရှိသည်။ ဂြိုလ်တုစံနစ် satellite systemသည် တပ်ဆင်ခ ကုန်ကျစရိတ် များသော်လည်း ကြီးမားကျယ်ပြန့်လှသောအကွာအဝေးအတွက် အကောင်းဆုံးနည်းပညာဖြစ်သည်။



အသံဖြင့် ဆက်သွယ်နိုင်သော မိုဘိုင်းလ်ဖုန်းများနှင့် Wi-Fi LAN systems အင်တာနက်လုပ်ငန်းသည် များပြားလှသော လူဦးရေအတွင်း ပျံ့နှံ့လျက်ရှိသည်။ ယခင်နှစ်များကပင် မိုဘိုင်းလ်ဖုန်းများသည် ကမ္ဘာပေါ်တွင် ခေတ်အစားဆုံးဖြစ်နေသည်။ ၂၀၀၅ ခုနှစ်တွင် တစ်ကမ္ဘာလုံးအတိုင်းအတာအရ မိုဘိုင်းလ်ဖုန်းအသုံးပြုသူအရေအတွက် ၂.၂ ဘီလျံရှိပြီး ကြိုးဖုန်းအသုံးပြုသူမှာ ၁.၂၆ ဘီလျံရှိသည်။ သည်နှုန်းထားအတိုင်းသာ ဆက်သွားမည်ဆိုလျှင် နောက်လာမည့် နှစ်များတွင် မိုဘိုင်းလ်ဖုန်းအသုံးပြုသူအရေအတွက်မှာ ကြိုးဖုန်းအသုံးပြုသူများအရေအတွက်ထက် ပိုမိုများပြားလာမည်ဖြစ်သည်။ တိုးတက်ဖွံ့ဖြိုးပြီး တိုင်းပြည်များတွင်သာမက နည်းပညာအသုံးပြုနိုင်သော၂၁၃  နိုင်ငံတွင် မိုဘိုင်းလ်ဖုန်းအော်ပရောတာလုပ်ငန်းများ ၆၉၀ကျော်ရှိနေသည်။ ဖွ့ံ့ဖြိုးတိုးတက်ပြီး နိုင်ငံများတွင် မိုဘိုင်းလ်ဖုန်းဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုထိရောက်တိုးတက်သဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများထက် မိုဘိုင်းလ်ဖုန်းလုပ်ငန်း ကြီးထွားမှု မြန်ဆန်သည်။



ဖုန်းအသုံးပြုခ အခွန်ဆောင်ခြင်းနှင့် အသုံးပြုသူ မှန် မမှန် စစ်ဆေးခြင်းများအတွက် မိုဘိုင်းဖုန်းသုံးစွဲသူသည် သက်ဆိုင်ရာမိုဘိုင်းလ်ဖုန်း ဝန်ဆောင်မှုလုပ်ငန်းတွင် မှတ်ပုံတင်ခြင်းဖြင့် အကျုံးဝင်သော ကျယ်ပြန့်လှသော ကမ္ဘာအဝှမ်းနေရာများသို့ ဆက်သွယ်နိုင်သည်။ မိုဘိုင်းလ်ဖုန်းစံနစ်သည် ဆက်သွယ်ရေးစံနစ်များတွင် လွယ်ကူအသက်သာဆုံးဖြစ်ပြီး လုံခြံုမှုရှိသည်။ ထို့ကြောင့် မိုဘိုင်းလ်ဖုန်း သုံးစွဲသူများသည် သူတို့၏ မိုဘိုင်းလ်ဖုန်းများကို စိတ်အချရဆုံးသော ကိုယ်ပိုင်ဆက်သွယ်ရေးပစ္စည်းအဖြစ် ခံယူထားကြကာ မိုဘိုင်းလ်ဖုန်းသုံးစွဲမှုပမာဏသည် ကမ္ဘာနှင့်အဝှမ်းတွင် ဟုန်းကနဲ တိုးတက်ကြီးမားလျက်ရှိသည်။



မိုဘိုင်းလ်ဖုန်းများကို အချင်းဝက်အားဖြင့် ကီလိုမီတာများစွာ အကွာအဝေးထိ ထောက်ပံ့ပေးနိုင်သော base stations နှင့် ဆော့ဖ်ဝဲရ်ဆက်သွယ်မှုရှိသည့် နေရာများတွင်အသုံးပြုနိုင်သည်။  မိုဘိုင်းလ်ဖုန်း အသုံးပြုသူများသည် base station နှင့် အနီးဆုံးဖြစ်ရန် လိုအပ်လှပေသည်။



မူလအစကမူ ချမ်းသာကြွယ်ဝသူများသာ မိုဘိုင်းလ်ဖုန်းများကို အသုံးပြုနိုင်ခဲ့ကြသော်လည်း ယနေ့ခေတ်အခါတွင်မူ လူဦးရေအားလုံးနီးပါးက တတ်နိုင်သည့် အဖိုးနှုန်းဖြင့် မိုဘိုင်းလ်ဖုန်းများသည ်စျေးကွက်သို့ရောက်ရှိနေပြီ ဖြစ်ပေသည်။ ယခုချိန်ခါတွင် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် မိုဘိုင်းလ်ဖုန်းများသည် အသေတပ်ဆင်ထားသော  ကြိုးဖုန်းများ၏ နေရာကို ဝင်ရောက်နေရာယူနေကြောင်း ထင်ရှားလှပေသည်။



မိုဘိုင်းလ်ဖုန်းမျိုးဆက်ကို ၃ ပိုင်းခွဲခြားကြည့်မည်ဆိုလျှင် မိုဘိုင်းလ်ဖုန်းစနစ် ပထမမျိုးဆက်ကို ၁၉၇၈ ခုနှစ်တွင် ရှီကာဂိုမြို့၊ AT&T Bell Labs မှ စတင်ကာမိတ်ဆက်ပေးခဲ့သည်။ ထို့နောက် မိုဘိုင်းလ်ဖုန်းစနစ်သည် စီးပွားရေးဆက်သွယ်မှုကွန်ရက်တွင် အောင်မြင်မှုများ ရရှိခဲ့သည်။ ဒုတိယမျိုးဆက်ဖြစ်သော မိုဘိုင်းလ်ဖုန်းစနစ်သည် ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြုထားပြီးများစွာ တိုးတက်လာသည်။ အသံအပြင် General Packet Radio Service (GPRS)၊ Short Message Service (SMS) များကိုပါ အသုံးပြုလာနိုင်သည်။ GPRS သည် ဖုန်းနှင့် phone network တို့အကြား ဒေတာဆက်သွယ်မှုဖြစ်ပြီး ထို့နောက် အင်တာနက်ဆက်သွယ်မှုဖြစ်သည်။  ၂၀ မှ ၄၀ kbps အထိသာ data rate ရှိခြင်းနှင့် အဖိုးနှုန်းကြီးမားခြင်းတို့ကြောင့် GPRS ကိုလူကြိုက်မများလှပေ။GPRS အသုံးပြုမှုမှာ အနည်းငယ်သာ အောင်မြင်မှုရှိသော်လည်း SMS အသုံးပြုမှုသည် မပြောပနိုင်လောက်အောင်ကို အောင်မြင်မှုများ ရရှိခဲ့သည်။  စာလုံးရေ ၁၆၀ ထိရေးပို့နိုင်ပြီး အဖိုးနှုန်းသက်သာလှသော SMS စာသားပေးပို့ ဆက်သွယ်ခြင်းသည် လူငယ်၊ လူရွယ်များအတွင်းတွင် အလွန်ရေပန်းစား လူကြိုက်များလှသည်။



တတိယမျိုးဆက်ဖြစ်သော မိုဘိုင်းလ်ဖုန်းစနစ်သည် မိုဘိုင်းလ်ဖုန်းစနစ် ဒုတိယမျိုးဆက်ကို ပိုမိုကျော်လွန်အောင်မြင်သည့် ဒစ်ဂျစ်တယ်ဆယ်သွယ်ရေးစနစ်ဖြစ်သည်။ multimedia applicationsများကို ထောက်ပံ့ပေးနိုင်ခြင်းကအောင်မြင်သည့် အဓိကသော့ချက်ဖြစ်သည်။ တတ်နိုင်သော စျေးနှုန်းဖြင့် သုံးစွဲသူတို့ လက်ဝယ်ရောက်နိုင်ခြင်း၊ အသံဖိုင်လ်ပေးပို့ ဆက်သွယ်မှုမှာ ဒုတိယမျိုးဆက်စံနစ်ထက်အဖိုးနှုန်းသက်သာခြင်းတို့ကလည်း အောင်မြင်မှုအကြောင်းပင်ဖြစ်သည်။

မိုဘိုင်းဖုန်းလ်စံနစ် အောင်မြင်ခြင်းမှာ player များ၏ ကြိုးပမ်းမှုကြောင့် ဖြစ်သည်။player များတွင် အရည်အသွေးကောင်းမွန်လှသောGSM နည်းပညာကို တီထွင်နိုင်ခဲ့သည် European Telecommunications Standards Institute (ETSI) လည်း တစ်ခုအပါအဝင်ဖြစ်သည်။



ကမ္ဘာအဝှမ်းရှိ မိုဘိုင်းလ်ဖုန်းအော်ပရေတာများနှင့်ရေဒီယိုလှိုင်းအကွာအဝေးကို ထိန်းညှိကာ စံသတ်မှတ်ပြီး အဆင်ပြေချောမွေ့အောင် လုပ်ဆောင်ပေးသော International Telecommunications Union (ITU) သည်လည်း မိုဘိုင်းလ်ဖုန်းတတိယစနစ်တိုးတက်ဖွ့ံ့ဖြိုးလာခြင်း၏ အဓိက player ဖြစ်သည်။ လွယ်ကူအဆင်ပြေခြင်း၊ ကုန်ကျစရိတ်သက်သာခြင်းတို့ကြောင့် တတိယမျိုးဆက် မိုဘိုင်းလ်ဖုန်းစနစ်သည် စျေးကွက်ပြိုင်ဆိုင်မှုများကို ထိုးဖောက်ကာ သုံးစွဲသူများလက်ဝယ်ရောက်ရှိနေပေပြီ။  နိုင်ငံတကာ ရေဒီယိုလှိုင်းအကွာအဝေးများကို ညှိနှိုင်းထားခြင်းကြောင့် handset တစ်ခုမှနေ၍ နိုင်ငံတကာသို့ ဆက်သွယ်နိုင်ခြင်းမှာ တတိယမျိုးဆက်၏ အားသာချက်တစ်ခု ဖြစ်သည်။



တိုင်းပြည်တစ်ခု၏ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းကိုထိန်းညှိသူများသည် ထိုတိုင်းပြည်၏ မိုဘိုင်းလ်ဖုန်းဝန်ဆောင်မှုလုပ်ငန်းများကို များစွာ သက်ရောက်မှုရှိနေသည်။ ထိန်းညှိမှုများက playerများ၏ စျေးကွက်ပြိုင်ဆိုင်မှုများကို သက်ရောက်မှုရှိနေသဖြင့် လုံလောက်သော စျေးကွက်ပြိုင်ဆိုင်မှုများ မရှိပါလျှင် မိုဘိုင်းလ်ဖုန်းသုံးစွဲသူများသည် ငွေကုန်ပြီး အကျိုးကျေးဇူးမခံစားရခြင်းဖြင့်သာ အဆုံးသတ်ဖွယ်ရှိပေသည်။ တိုင်းပြည်တစ်ခုစီအပေါ်မူတည်ပြီး ရေဒီယိုလှိုင်းအကွာအဝေးအတွက် ကုန်ကျစားရိတ်မှာ ကွဲပြားသွားသည်။ အချို့တိုင်းပြည်များတွင် အစိုးရသောသူများက telecommunication ဖွံ့ဖြိုးတိုးတက်မှုသည် အဓိကလိုအပ်ချက်အဖြစ် ရှုမြင်ကြပြီး အဖိုးနှုန်းချိုသာသက်သာအောင် ဆောင်ရွက်ပေးလျက်ရှိပြီး အချို့တိုင်းပြည်များတွင်မူ စရိတ်ကြီးမားလှသည်။



ထိန်းညှိသူများအနေဖြင့် မိုဘိုင်းလ်ဖုန်းအော်ပရေတာနှင့် ကြိုးဖုန်းအော်ပရေတာများအကြား ထင်ရှားရှင်းလင်းသည့် စည်းမျဉ်းဥပဒေများထားရှိပေးရန်လိုအပ်ပြီး ထိန်းညှိသူသည် စျေးကွက်ပြိုင်ဆိုင်မှုနယ်ပယ်များအတွက် မည်သည့်စျေးကွက်သည် သုံးစွဲသူပြည်သူအတွက် အကျိုးရှိထိရောက်မှုရှိသည်ကို ညွှန်းဆိုပေးနိုင်ရပေမည်။



မိုဘိုင်းလ်ဖုန်းစနစ်တိုးတက်မှုအတွက် အရေးကြီးသည့်  အခြား  playerတစ်ဦးမှာ GSM Association (GSMA)ဖြစ်သည်။ ၎င်းသည် မိုဘိုင်းလ်ဖုန်းအော်ပရေတာ ၆၉၀ကျော်နှင့် မိုဘိုင်းလ်ဖုန်း ကိရိယာတန်ဆာပလာများထုတ်လုပ်ပံ့ပိုးမှုပေါင်း ၁၈၀ ကျော် ၏ ကိုယ်စားလှယ်ဖြစ်သည်။ GSMA၏ မူလပန်းတိုင်မှာ တစ်ကမ္ဘာလုံးအတိုင်းအတာထိ မိုဘိုင်းလ်ဖုန်းသုံးစွဲရေး နှင့်  Emerging Market Handset Programme' (EMH) ဒီဇိုင်းထုတ်လုပ်ရေးဖြစ်သည်။ ထိုအစီအစဉ်မှာ handset တစ်စုံလျှင် ယူအက်စ်ဒေါ်လာ ၃၀ အောက် နှုန်းထားဖြင့် ရောင်းချပေးနိုင်ရန်ဖြစ်သည်။ ထိုအဖိုးနှုန်းပမာဏမှာ ယခုစျေးကွက်တွင်ရှိနေသော handset များထက် များစွာ အဖိုးနှုန်းချိုသာလှပေသည်။ EMH handset များသည် ပူးပေါင်းပါဝင်သော အော်ပရေတာ ၁၀ ခုတွင်ပါဝင်သော အိန္ဒိယ၊ တောင်အာဖရိက၊ နိုင်ဂျီးရီးယား၊ ကွန်ဂိုဒီမိုကရက်တစ်ရီပါ့ဘလစ်၊ အီဂျစ်၊ အယ်လ်ဂျီးရီးယား၊ တူနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ တူရကီ၊ ထိုင်း၊ ဖိလစ်ပိုင်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ ယက်မန်၊ သီရိလင်္ကာ၊ ကင်ညာနိုင်ငံများသို့ ရောက်ရှိနေပြီးဖြစ်သည်။  အခြားအရေးကြီးသည့် အကြောင်းအရာတစ်ခုမှာ အခွန်အခ သက်သာခြင်းဖြစ်သည်။



မိုဘိုင်းလ်ဖုန်း ပတ်ဝန်းကျင်တိုးတက်မှုအတွက် မိုဘိုင်းလ်ဖုန်းအော်ပရေတောများသည် အဓိကကျသော အခန်းကဏ္ဍမှပါဝင်လျက်ရှိနေသည်။ စျေးကွက်ကြီးမားမှုဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးသည်မှာ handset များ ထောက်ပံ့ပေးခြင်း၊ ကြိုတင်ငွေချေစံနစ်ဝန်ဆောင်မှုများရှိခြင်း၊ Caller-Party-Pays (CPP) အစီအစဉ်များ၊ စျေးနှုန်းလျော့ချပေးမှုများ၊ အခမဲ့ခေါ်ဆိုမှုအစီအစဉ်များ ပြုလုပ်ပေးနိုင်ခြင်းတို့ဖြစ်သည်။



 GSMA လေ့လာမှုများအရ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် handset စျေးနှုန်းမှာ မိုဘိုင်းလ်ဖုန်း တွင်ကျယ်စွာအသုံးပြုရေးအကောင်အထည်ဖော်ရာတွင် အဓိကအကြောင်းခြင်းရာဖြစ်နေသည်ကို တွေ့ရှိရသည်။