ပင်လယ်ပြင်မှာ သင်္ဘောပျက်ပြီး အသက်ဘေးမှ လွတ်မြောက်အောင် လုံ့လစိုက်ထုတ်
ကူးခတ်တဲ့ ဇနကမင်းသားကို မေခလာနတ်သမီး လာရောက် ကယ်တင်တဲ့ ဇနကမင်းသား
ဇာတ်တော်ကို ကျွန်မတို့မြန်မာလူမျိုး အားလုံးလိုလို သိဖူးကြပါတယ်။
တစ်ခါတစ်ရံမှာ ဘဝပင်လယ်ပြင်မှာ ရုန်းကန် ကူးခတ်ရတာ မောလာတဲ့အခါမှာ
မေခလာနတ်သမီး ဘယ်တော့များမ ှလာကယ်ပါ့မလဲလို့ တမ်းတ ညည်းညူ တတ်တဲ့
သူတွေကိုလည်း တွေ့ဖူးပါတယ်။ အခက်အခဲတစ်စုံတစ်ရာ ကြုံတိုင်း နတ်သမီး
လာကယ်တယ်လို့ ယုံကြည်နေတဲ့ သူတွေလည်း ရှိပါတယ်။ တကယ်တော့ ကျွန်မတို့
လူသားတွေ အခက်အခဲ ကြံုချိန်မှာ လာကယ်တတ်တဲ့ နတ်သမီးဆိုတာ ကျွန်မတို့ရဲ့
အတွင်းစိတ်ပါပဲ။ ဘယ်သူမှ မမြင်မတွေ့နိုင်တဲ့ နတ်သမီးပါပဲ။
Universe
Law လို့ခေါ်တဲ့ လောကပါလတရား အရ ကျွန်မတို့ ပေးလိုက်တဲ့ အရာတွေဟာ
ကျွန်မတို့ဆီက ိုပြန်လာတတ်ပါတယ်။ ကိုယ်ပြုလိုက်တဲ့ အကြောင်းကြောင့် အကျိုး
ပြန်ဖြစ်လာတာပါ။ ကျွန်မတို့က လူတွေအပေါ်ကို မေတ္တ ာ ပေးလိုက်တယ်။ ကြင်နာမှု
စာနာမှုတွေ ပေးလိုက်တယ်။ ကူညီမှုတွေ ပေးလိုက်တယ်။ အဲဒီ်လို
ပေးလိုက်တဲ့အတွက် ဆုံးရှုံးသွားတယ်လို့ ယူဆကောင်း ယူဆ ကြပါလိမ့်မယ်။
တကယ်တန်းကျတော့ လောကကြီးဟာ အရာရာစီစဉ်ထားပြီးသားပါ။ ပေးလိုက်သူကို
ပြန်ပေးမှာပါ။
ဒါပေမယ့် ပေးလိုက်သူရဲ့စေတနာ မေတ္တာ ဟာ
ဖြူစင်ရပါမယ်။ ဘာအကျိုးမှမမျှော်ကိုးဘဲ ၊ တုန့်ပြန်မှု ကိုမျှော်လင့်မထားဘဲ
ဖြူစင်တဲ့ စေတနာ ၊ အကြင်နာတွေနဲ့ လူသားအချင်းချင်း ကူည
ီရိုင်းပင်းကြတဲ့အခါမှာ စိတ်မှာကြည်လင်အေးချမ်းမှု ၊ ပီတီဖြစ်မှုကို
ဆုလာဘ်အနေနဲ့ ပထမဦးဆုံး ခံစားရပါတယ်။ ဘယ်သူမှ မမြင်မသိနိုင်ပေမယ့်
ကိုယ့်စေတနာ ကို ကိုယ် ဲသာသိတာမို့ပါ။ လူသား အချင်းချင်း ရိုင်းပင်းတယ်
ဆိုတဲ့နေရာမှာ ငွေကြေး စီးပွားရေးအရ ထောက်ပံ့မှသာလျှင် ကူညီတဲ့အရာရောက်တာ
ရက်ရောစွာ လှု ဒါန်းတာမဟုတ်ပါဘူး။
အားငယ်နေတဲ့သူတွေ ၊ စိတ်
ဓါတ်ကျနေတဲ့သူတွေက်ု ကြင်နာနွေးထွေးတဲ့ အားပေးစကားတွေပြောကြားပြီး
ကူညီလို့လည်းရပါတယ်။ လူသားတိုင်းဟာ ပုထုဇဉ်တွေမို့ အမှားမကင်းနိုင်ကြပါဘူး။
ဘဝမှာ အနည်းဆုံး တစ်ကြိမ်တစ်ခါတော့ မှားဖူးကြပါတယ်။ အဲဒီလို
အမှားပြုလုပ်မိတဲ့သူဟာ သူ့အမှားကြောင့်စိတ်ညစ် စိတ်ဆင်းရဲနေတဲ့အချိန်မှာ
ကျွန်မတို့ကထပ်ပြီး အပြစ်တင်မယ် အပြစ်ပြောမယ်ဆိုရင် သူဟာ ပိုလို့စိတ်ဓာတ်
ကျဖွယ်ရာ ရှိပါတယ်။ လူတစ်ယောက်ကို အပြစ်တင်ဝေဖန်ရတာ အင်မတန်မှကို
လွယ်ကူပါတယ်။ အဲဒီလိုပဲ အားပေး ကူညီ စကားတွေပြောဖို့လည်းမခက်ခဲပါဘူး။
“မင်းလိုအမှားမျိုး ငါလည်းမှားဖူးပါတယ်…စိတ်မပျက်ပါနဲ့ … လာပါကွာ…
တို့တွေအတူတူ အမှားတွေကိုပြင်ကြပါစို့” ဆိုတာမျိုး စကားလေးတွေဟာ
လူသားအချင်းချင်း အားပေးတဲ့စကားလေးတွေပါပဲ။
ကျွန်မတို့ဟာ
လူအချင်းချင်း အားပေး စကားတေ ွပြောဖို့ နေ့စဉ် နေ့တိုင်း အခွင့်အရေးတွေ
ရှိပါတယ်။ ကျွန်မတို့က အားပေးကူညီနေတယ် ဆိုတာကို အကူညီခံရသူ မသိတာက
ပိုလို့ကောင်းပါတယ်။ တကယ်လို့များ တစ်စုံတစ်ယောက်က ကျွန်မကို အမြဲတန်း
ကူညီနေတယ် ဆိုတာကို သိနေတ ဲ့အခါ ကျွန်မကိုယ်ကျွန်မ အားကိုးချင်စိတ် နဲ့
ကျွန်မကိုယ်ကျွန်မ ယုံကြည်မှုတွေ နည်းပါး လာနိုင်ပါတယ်။ အားပေး
ကူညီနေသူကိုပဲ အမြဲ အားကိုး ချင်နေပါလိမ့်မယ်။ အဲ ဒ ါကြောင့် လူသား
အချင်းချင်း ရိုင်းပင်း ကူညီရာမှာ ကူညီခံရသူ မသိစေဘဲ ၊ ကျွန်မတို့က
ကူညီနေတယ်လို့ ဂုဏ်မဖော်ဘဲနေတာ ပိုလို့ကောင်းပါတယ်။ ကျွန်မတို့ရဲ့
အသိစိတ်ထဲမှာတော့ သူတစ်ပါးကိ ရိုင်းပင်းကူညီခြင်းကြောင့် မိမိကိုယ်မိမိ
တန်ဘိုးရှိလာသလို မြင့်မြတ်တဲ့ စိတ်ခံစားမှုမျိုးကို ခံစားရပါတယ်။
ဘာအကျိုးကိုမှ မမျှော်ကိုးဘဲ စေတနာ
မေတ္တ ာဖြူစင်စွာဖြင့် အယုတ် ၊ အလတ်၊ အမြတ် မရွေးကူညီမယ်ဆိုရင် များမကြာမီမှာပဲ လောကပါလတရားက ကျွန်မတို့ကို ပြန်လည် ကူညီပါ လိမ့်မယ်။
တကယ်လို့များ
တစ်စုံတစ်ယောက်က သင့်ကို စော်ကား ရန်ပြု လာမယ်ဆိုရင် ထိုသူကိုမုန်းမိမှာ
အသေအချာပါပဲ။ တန်ပြန်တိုက်ခိုက်ချင်မိမှာပါပဲ။
ခွင့်လွှတ်နိုင်ချင်မှခွင့်လွှတ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် ကျွန်မတို့ကို
ခွင့်လွှတ်နိုင်စိတ်ကို ကြိုးစားမွေးမြူတဲ့အခါမှာ
အံံ့သြဖွယ်ကောင်းလောက်အောင် ငြိမ်းချမ်းလာပါလိမ့်မယ်။ ခွင့်လွှတ်နိုင်ဖို့
ဆိုတာ အစပထမမှာတော့ ခက်ခဲကောင်း ခက်ခဲနေပါလိမ့်မယ်။ ဘယ်အရာမဆို အလေ့အကျင့်
ပြုလုပ်ပေးရင် လွယ်ကူလာတတ်တာကြောင့် ကျွန်မတို့လည်း ခွင့်လွှတ်ခြင်းကို
ကြိုးစားပြီး အလေ့အကျင့်ပြုလုပ်သင့်ပါတယ်။
“ငါ
...သူ့ကိုမုန်းချင်ဘူး … ဘယ်သူတစ်ဦးတစ်ယောက်ကိုမှမမုန်းချင်ဘူး..
ခွင့်လွှတ်ချင်တယ်…ခွင့်လွှတ်မယ်” လို့ စိတ်ထဲကနေအထပ်ထပ်အခါခါ ရွတ်ဆိုပြီး
သူ့အပြစ်တွေကို မေ့ပျောက်အောင်ကြိုးစားမေ့လိုက်ပါ။
မုန်းတီး
ခါးသီးမှုတွေကနေ ခွင့်လွှတ်နိုင်မှုကိုရောက်အောင် မိမိစိတ်ကို
ပြောင်းလဲပစ်ရပါမယ်။ တကယ်လို့များတစ်စုံတစ်ဦးက သင့်ကိုပြက်ရယ်ပြုမယ် ၊
ထိခိုက်နာကျင်စေမယ် ။ ဒါမှမဟုတ် သင်ချစ်တဲ့သူ တစ်ဦးဦးကို ထိခိုက်
်နာကျင်စေမယ် ဆိုရင် ထိုသူအတွက် သင့်ရင်ထဲမှာ မေတ္တာရှိမှာမဟုတ်ပါဘူး။
ဒါပေမယ့် ကိစ္စ မရှိပါဘူး။ သင့်စိတ်ကို ပြောင်းလဲဖို့ ကြိုးစားကြည့်ပါ။
ခွင့်လွှတ်လိုက်ဖို့ကြိုးစားကြည့်ပါ။ သင့်စိတ်ထဲက
မေတ ္တာရဲ့အသံတွေကို လောကပါလတရားက ကြားပါတယ်။
သင်ပေးဆပ်လိုက်တဲ့မေတ
္တာတွေကို လောကပါလတရားက မြင်ပါတယ်။ များမကြာမီမှာပဲ လောကပါလတရားက
သင့်ကိုပြန်လည်ပေးပါလိမ့်မယ်။ လောကပါလတရားက ပေးဆပ်သူကို ပြန်လည်ပေးတတ်ပြီး
ယူသူဆီက ပြန်လည်ယူတတ်ပါတယ်။
ကျွန်မတို့ရဲ့
ဖြူစင်သန့်ရှင်းတဲ့မေတ ္တာတွေဟာ ကျွန်မတို့ကို ဘေးရန်ကင်းအောင်
ကာကွယ်ပေးနေပါတယ်။ ချက်ချင်း ရုတ်တရက်ကြီး မဟုတ်ဘဲ တဖြည်းဖြည်းချင်း ၊
နည်းနည်းချင်း ကျွန်မတို့ ပေးလိုက်တဲ့ အရာတွေအတွက် ကျွန်မတို့
ပြန်လည်ရရှိပါလိမ့်မယ်။
ကျွန်မတို့ဟာ တစ်ခါတစ်ရံမှာ
မဖြစ်နိုင်ဘူး ကျွန်မတို့မလုပ်နိုင်ဘူး လို့ထင်ထားတဲ့ ခက်ခဲတဲ့
ကိစ္စတွေရှိတတ်ပါတယ်။ လတ်တလောအချိန်မှာ မဖြစ်နိုင်ဘူးလို့ထင်ရပေမယ့်
မိမိကိုယ်မိမိ ယုံကြည်မှုအပြည့်နဲ့ “ငါလုပ်နိုင်ရမယ် ။ ဒီကိစ
္စအောင်မြင်ရမယ်။ ဖြစ်ကိုဖြစ်ရမယ်” လို့ စိတ်ထဲကနေ ယုံကြည်ထားပြီး
အစွမ်းကုန်ကြိုးစားမယ်ဆိုရင် ဘယ်လောက်မဖြစ်နိုင်ဘူး ဆိုတဲ့အရာဖြစ်နေပါစေ
အဆုံးပိုင်းမှာ အောင်မြင်မှာမုချပါပဲ။
ကျွန်မတို့ရဲ့စိတ်ထဲမှာ
ရှိနေတဲ့ ဘယ်သူမ ှမမြင်မတွေ့နိုင်တဲ့ နတ်သမီးက ကျွန်မတို့ကို
လာကူညီတာပါပဲ။ တကယ်တန်းကျတော့ အရေးကြီးဆုံးက ကျွန်မတို့ရဲ့
အတွင်းစိတ်လေးပါပဲ။
ဒ ီစိတ်လေးက ိုနိုင်နင်းတယ်ဆိုရင် ဘဝမှာ
ဘယ်အရာမှ မခက်ခဲ တော့ပါဘူး။ ဘယ်အရာမှ ကြောက်စရာမကောင်းတော့ပါဘူး။
ဘဝပင်လယ်ပြင်မှာ ကူးခတ်နေတုန်း ကျွန်မတို့ကို လာကယ်တဲ့ စိတ်စွမ်းအင်
မေခလာနတ်သမီးပဲပေ့ါ။
ဟနစံ
No comments:
Post a Comment