ကျွန်မက ပန်းတွေကို ချစ်တတ်သူမို့ပန်းလေးတွေအကြောင်း ပြောနေရရင်မမောနိုင်မပန်းနိုင်ပါပဲ။
ပန်းတွေထဲမှာမှ မွှေးတဲ့ပန်းတွေကို ကျွန်မက အထူး ချစ်ပါတယ်။ အခုလည်း
ကျွန်မက နှင်းဆီပန်းလေးတွေအကြောင်း ပြောပြချင်နေပါတယ်။ အနီ ၊ အဝါ၊ အဖြူ၊ ပန်းရောင်၊ လိမ္မော် ၊
ခရမ်းဖျော့၊
နို့နှစ်ရောင် အစရှိသဖြင့် အရောင်အသွေး စုံလင်လှတဲ့
နှင်းဆီပန်းတွေရဲ့ ရနံ့ကလည်း သင်းပျံ မွှေးလှပါတယ်။
နှင်းဆီပန်းလေးတွေကို
မြင်တွေ့နေကျ ဖြစ်ပေမယ့် အဲဒီနှင်းဆီပန်းလေးတွေက ဘာစကားတွေကို
ပြောနေ တယ် ဆိုတာ ကိုတော့ အမှတ်တမဲ့ ဖြစ်နေမိရင်ဖြစ်နေမိမှာပါ။ ကမ္ဘာပေါ်မှာ နှင်းဆီအမျိုးပေါင်း ၂၅၀ ခန့် ရှိပါတယ်။ နှင်းဆီပန်းလေးတွေက ပြောတဲ့စကားလေးတွေဟာ အင်မတန်စိတ်ဝင်စားဖို့ကောင်းပါတယ်။
အနီရောင်နှင်းဆီတွေဟာ အချစ်ကို ကိုယ်စားပြုဖော်ပြပါတယ်။
နှင်းဆီပန်း
အနီရောင် တစ်ပွင့်တည်း ဆိုရင် ဒီတစ်မိုးအောက် မှာ ၊
ဒီတစ်လောကလုံး မှာ မင်းတစ်ယောက်တည်း လို့အဓိပ္ပါယ်
သက်ရောက်ပါတယ်။
အဲဒါဆိုရင် ကိုယ်မြတ်နိုးရတဲ့ မိန်းကလေး ကိုနှင်းဆီနီလေး တစ်ပွင့် ပေးရင်အဆင်ပြေမှာပေါ့နော်။
အနီရောင် နှင်းဆီပွင့် နှစ်ပွင့် ဆိုရင်တော့ ကိုယ်ရယ် ၊ မင်းရယ် နှစ်ယောက်တည်း ဆိုတဲ့ အဓိပ္ပါယ် ပါ။
နှင်းဆီနီ သုံးပွင့် ကတော့ စကားလေး သုံးခွန်း (I love you. ) ပေါ့နော်။
မင်းကိုကိုယ်ချစ်တယ် ဆိုတဲ့ စကားလေးပေ့ါ။
ဒါ့အပြင်
အနီရောင်နှင်းဆီပန်းတွေဟာ မြင်မြင်ခြင်းချစ်တဲ့အချစ် (Love
at First Sight) နဲ့ ကြည်နူးနှစ်သက်ခြင်း ကို
ကိုယ်စားပြုဖော်ပြပါတယ်။
အဖြူရောင်နှင်းဆီပန်းတွေကတော့
သန့်ရှင်းစင်ကြယ်ခြင်း၊ အပြစ်ကင်းခြင်း အဓိပ္ပါယ်ကို
ဖော်ဆောင် ပါတယ်။ တစ်ခါတစ်ရံ မှာတော့ သိမ်မွေ့စွာ
ငြင်းဆိုခြင်းပေ့ါ။ အဖြူရောင်နှင်းဆီဖူးလေးတွေက
ချစ်သူရည်းစားထားဖို့
ငယ်လွန်းသေးတယ်။ မေမေဆူလိမ့်မယ်ပေ့ါနော်။ ငြင်းရမှာ
အားနာနေတဲ့
မိန်းကလေးတွေအတွက်နှင်းဆီဖူးအဖြူရောင်လေးတွေကကိုယ်စားငြင်းပေးပါလိမ့်မယ်။
အနီရောင်
နှင်းဆီ နဲ့ အဖြူရောင် နှင်းဆီ နှစ်မျိုးပေါင်းကတော့
ပေါင်းစည်းခြင်းဆိုတဲ့ အဓိပ္ပါယ်ကို ဖော်ဆောင်ပြန်ပါတယ်။
အဝါရောင်နှင်းဆီပန်းတေွကတော့
မိတ်ဆွေဖြစ်ခြင်း (Friendship) ကိုကိုယ်စားပြုပါတယ်။
ကိုယ်ချစ်ရတဲ့သူငယ်ချင်းလေးကို ပန်းလက်ဆောင်ပေးမယ်ဆိုရင်
အဝါရောင်နှင်းဆီတေွကိုသာရွေးချယ်လိုက်ပေ့ါနော်။
နောက်ပြီး အဝါရောင်နှင်းဆီတွေက ပျော်ရွှင်ခြင်း ၊ လွတ်လပ်ခြင်း လို့ အဓိပ္ပါယ်ရပြန်ပါတယ်။
စိတ်ကောက်နေတဲ့ချစ်သူလေးကိုချော့ဖို့ဆိုရင်လည်း
အဝါရောင်နှင်းဆီပွင့် အပွင့် သုံးဆယ် လောက် လိုဦးမယ်နော်။
နှင်းဆီအဝါ နှင်းဆီ လှလှ အပွင့် သုံးဆယ်ကို ဖဲကြိုးလေး
နဲ့စည်းပြီး စိတ်ကောက်နတေဲ့ ချစ်သူလေးဆီ
ပို့လိုက်မယ်ဆိုရင် စူနေတဲ့နှုတ်ခမ်းလေးက ပြုံးလာမှာ
အမှန်ပါပဲ။
အနီရောင် နှင်းဆီ နဲ့ အဝါရောင်နှင်းဆီ နှစ်ခုပေါင်းပြီး ပေါင်းစည်းခြင်း၊ အတူတကွမခွဲမခွာ ရှိခြင်းပေ့ါ။
မင်း နဲ့
ကိုယ် ဘယ်တော့မှမခွဲဘူး လို့ ဆိုလိုတာပေ့ါနော်။
နှင်းဆီနီတစ်ပွင့် ရယ် ၊ နှင်းဆီဝါတစ်ပွင့်ရယ် ကို
နှစ်ပွင့်ပေါင်းပြီး ဖဲကြိုးလေး နဲ့ စည်းလိုက်ရင်
စေ့စပ်ခြင်း (engagement) လို့ အဓိပ္ပါယ်ရပါတယ်။
နှင်းဆီပန်း ပန်းရောင်တွေကတော့ လေးစားဂုဏ်ယူခြင်း ၊ နှစ်သက်ခြင်း၊ စာနာနားလည်ခြင်း အဓိပ္ပါယ်ပေါ့။
ကိုယ်ချစ်တဲ့
ဆရာမ ကိုပန်းလက်ဆောင်ပေးမလား။
သူငယ်ချင်းလေးကိုပဲပေးမလား။ မွေးမေမေ အတွက်ပဲဝယ်သွားမလား။
ဘယ်လို ပဲဖြစ်ဖြစ် နှင်းဆီပန်းရောင်လေးတွေက အဆင်ပြေပါတယ်။
နှင်းဆီဘာအရောင်ကိုရွေးချယ်ပြီး ဘယ်သူ့ကိုပေးရမလဲ စဉ်းစားကြည့်ကြတာပေါ့နော်။
ဟနစံ
၂၇ ရက်၊ မေလ၊ ၂၀၀၄ ခုနှစ်။
No comments:
Post a Comment