ဟိုးရှေးရှေးတုန်းက ဘုရင်ကြီးတစ်ပါးရှိတယ်တဲ့။ ဘုရင်ကြီးက ခြေသန်းလေး
ပြတ်နေတယ်တဲ့။ ဒါကို ဘယ်သူမှ မသိဘူးပေါ့။ ဘုရင်ကြီးကတော့ ရှက်လို့ ဘယ်သူမှ
မသိအောင် ဖုံးထားတာ။
တစ်နေ့ကျတော့ ဘုရင်ကြီးရယ် သူ့ သက်တော်စောင့်ရယ် တောကစားထွက်ရင်း တောထဲမှာ လမ်းပျောက်ပြီးတော့
လူရိုင်းတွေက ဖမ်းမိသွားရော။
လူရိုင်းတွေက ယဇ်ပူဇော်တဲ့လူရိုင်းတွေဆိုတော့ သူတို့ကို သတ်မှာပဲလေ။
အဲမှာ လူရိုင်းတွေက ယဇ်ပူဇော်ဖို့ဆို သတ်မယ်ပြင်တော့ ဘုရင်ကြီးရဲ့ ခြေထောက်ကိုတွေ့သွားရော။
အင်္ဂါမစုံလို့
ယဇ်ပူဇော်လို့ မရလို့ဆို ဘုရင်ကြီးကိုတော့ မသတ်ဘဲနဲ့ လွှတ်ပေးလိုက်တယ်။
သက်တော်စောင့်ကတော့ ခြေ၊လက်၊ အင်္ဂါ စုံလို့ဆို ယဇ်ပူဇော်ဖို့
အသတ်ခံလိုက်ရတယ် တဲ့။
ခြေသန်းပြတ်နေလို့
ရှက်စရာကောင်းလှချေလို့ တစ်သက်လုံး သူ့ကိုယ်သူ ထင်ထားခဲ့တဲ့ ဘုရင်ကြီးဟာ
သူ့ ခြေသန်းလေးပြတ်နေတာကြောင့် သူ အင်မတန် ကံကောင်းမှန်း သိသွားတယ်လေ။
အဲဒီလိုပဲပေ့ါ...ဘဝမှာ
ဆုံးရှုံးခဲ့ရတာတွေအတွက် ပူဆွေးသောကတွေဖြစ်နေပေမယ့် အဲဒီ ဆုံးရှုံးမှုဟာ
အနာဂတ်မှာ ကောင်းဖို့အတွက် ဖြစ်လာတာတွေပဲ။
တစ်စုံ တစ်ဦးကို
ဆုံးရှုံးလိုက်ရလို့ ဝမ်းနည်း စိတ်မကောင်းဖြစ်နေတာဟာ တကယ်တော့
ပိုကောင်းဖို့အတွက် ၊ ကိုယ့်ဘဝထဲကနေ ကိုယ့်အတွက် မကောင်းတဲ့သူကို ကံကြမ္မာက
ဖယ်ရှားပေးလိုက်တာလည်း ဖြစ်နိုင်တာပဲ။
ဘာကိုမှ ဝမ်းနည်းဖို့ မရှိပါဘူးနော်။ တစ်ခုကို ဆုံးရှုံးသွားခဲ့ရင် ပြန်လည် တည်ဆောက်နိုင်တဲ့ အရာတွေ အများကြီးရှိတာပဲ။
No comments:
Post a Comment