ဦးနှောက် စီးဆင်းခြင်း
တက္ကသိုလ်ပညာရေးလမ်းကြောင်းခေတ်ပြောင်းလာမှုကို ၂၁ ရာစုနှစ်တွေမှာ
သိသိသာသာထင်ထင်ရှားရှားမြင်တွေ့ရပါတယ်။ ၁၉၈၀ ပြည့်နှစ်များဆီတုန်းက
လူငယ်တို့ ရွေးချယ်တဲ့ ပညာရေးလမ်းကြောင်းပုံစံနဲ့ အခု ၂၁ ရာစုနှစ်မှာ
လူငယ်တို့ရဲ့ ပညာရေးလမ်းကြောင်းပုံစံက သိသိသာသာ ကွာခြားသွားပါတယ်။
တက္ကသိုလ်ပညာရေးဟာ တစ်ခုချင်းစီ သီးခြားရှိနေတဲ့ပုံစံမျိုး မဟုတ်တော့ဘဲ
ယှဉ်ပြိုင်မှုများနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုများလည်း ပါဝင်လာပါတယ်။
ကျောင်းသားများအတွက်တော့
တက္ကသိုလ်ဝင်ခွင့်ရနိုင်ဖို့အတွက် ပိုမိုခက်ခဲလာတယ်လို့ ဆိုနိုင်ပါတယ်။
တိုးမြင့်လိုက်တဲ့ ဝင်ခွင့်အရည်အချင်းများကြောင့် ကျောင်းသားများ
လျော့ပါးသွားခြင်းမရှိတဲ့အပြင် နိုင်ငံတကာတက္ကသိုလ်များကို ဝင်ခွင့်ရပြီး
တက်ရောက်ပညာသင်ကြားနေကြတဲ့ ကျောင်းသားများ တစ်နေ့တစ်ခြား
တိုးပွားများပြားလျက်ရှိနေပါတယ်။
အစိုးရထံမှ
အထောက်အပံ့ရရှိခြင်း၊ ပုဂ္ဂလိကအဖွဲ့အစည်းများထံမှာ
အထောက်အပံ့ရရှိခြင်းများဟာလည်း တက္ကသိုလ်ကျောင်းများကိုယ်တိုင်လည်း
အချင်းချင်း ယှဉ်ပြိုင်မှုများအသွင်အဖြစ် မြင်တွေ့ရပါတယ်။
ဒီလိုယှဉ်ပြိုင်မှုများကနေ အကောင်းဆုံးများ ပေါ်ထွက်လာနိုင်တဲ့ အကျိုးများ
ရရှိစေနိုင်ပါတယ်။
စီးပွားရေးရင်းနှီးမြုပ်နှံမှုများ၊
Information and Communications Technology (ICT) ကြီးထွားလာမှု၊
နိုင်ငံတကာ ရေးရာ အသိအမြင် ဗဟုသုတကြွယ်ဝလာမှု၊ နိုင်ငံတကာသုံး
အင်္ဂလိပ်ဘာသာစကား၏ အခန်းကဏ္ဍ ကျယ်ပြန့်လာမှုတို့က
တက္ကသိုလ်ပညာရေးအခြေအနေပြောင်းလဲမှု အရှိန်အဟုန်ဖြစ်လာတဲ့
အကြောင်းရင်းခံများဖြစ်ကြပါတယ်။ တက္ကသိုလ်၊ ကောလိပ်များအတွင်းက
အုပ်ချုပ်မှု ၊ စီမံခန့်ခွဲမှု လုပ်ထုံး၊လုပ်နည်းများ၊ သင်ရိုးညွှန်းများ၊
အမှတ်ပေးစည်းမျဉ်းများ၊ သင်ကြားနည်းစံနစ်များ ၊ စာသင်ခန်းစည်းကမ်းများ
အားလုံးကို နိုင်ငံတကာစံညွှန်းမီအောင်ပြုပြင်ပြောင်းလဲ လာခဲ့ကြပါတယ်။
နိုင်ငံတကာစံ internalization ကို ကောလိပ်၊ တက္ကသိုလ်အသီးသီးမှာ ပြောင်းလဲ
ကျင့်သုံးလာပြီး Globalization ဖြစ်လာပါတယ်။ ကျောင်းသားများကို
ပြည်ပတက္ကသိုလ်များသို့ စေလွှတ်ပညာသင်ယူစေခြင်း၊
ကျောင်းသားဖလှယ်ရေးအစီအစဉ်များနှင့် ပညာသင်ယူကြခြင်း၊ အခြားနယ်မြေရှိ
ကျောင်းခွဲများသို့ စေလွှတ် ပညာသင်ယူစေခြင်းတို့ကလည်း globalization
ဖြစ်စေလာတဲ့ အကြောင်းရင်းများလည်း ဖြစ်ပါတယ်။
globalization
တက္ကသိုလ်ပညာရေးဟာ
တိုင်းပြည်တစ်ခုစီရဲ့ ရေမြေအနေအထား၊ အတိတ်သမိုင်း၊ စီးပွားရေး၊ လက်ရှိ
နိုင်ငံတကာစံတို့နဲ့ ဆက်နွယ်နေပါတယ်။ အရှေ့တောင်အာရှနိုင်ငံများထဲမှာ
စင်္ကာပူ၊ မလေးရှား၊ ထိုင်းနိုင်ငံတို့ဟာ
ဖွံ့ဖြိုးနေဆဲနိုင်ငံများဖြစ်ပါတယ်။ ကမ္ဘောဒီးယား၊ လာအိုနဲ့
ဗီယက်နမ်နိုင်ငံများကတော့ လက်မှုစီးပွားရေးမှ စက်မှုစီးပွားရေးစနစ်ကို
ကူးပြောင်းနေပါတယ်။ ဥပမာအားဖြင့် လက်မှုလယ်ယာမှသည်
စက်မှုလယ်ယာစိုက်ပျိုးရေးထုတ်လုပ်ရေးစနစ်ကို ကူးပြောင်းကျင့်သုံးနေတာ
ထင်ရှားပါတယ်။ ဘယ်လိုပင် တိုင်းပြည်ရေမြေများကွားခြားနေကာမူ
အရှေ့တောင်အာရှနိုင်ငံများမှာတော့ တက္ကသိုလ်ပညာရေးစနစ်ရဲ့ ပြဿနာများ၊
အခက်အခဲများကတော့ တူညီမှုများရှိနေပါတယ်။
အခုလက်ရှိ
ကမ္ဘာနဲ့ အဝှမ်းမှာ ခန့်မှန်းခြေ ကျောင်းသား ၂.၅ သန်း က မိမိရဲ့
တိုင်းပြည်ကနေ ပြည်ပ တက္ကသိုလ်များမှာ ပညာသင်ယူနေကြပါတယ်။ ၂၀၂၀ ခုနှစ်မှာ
ပြည်ပကိုထွက်ကာ ပညာသင်သူ ကျောင်းသား တစ်ကမ္ဘာလုံးမှာ ၇ သန်းအထိ
တိုးလာမယ်လို့ ခန့်မှန်းရပါတယ်။ တက္ကသိုလ်ကျောင်းများအားလုံးလိုလိုက
globalization အဖြစ် နိုင်ငံတကာ နည်းစနစ်များကို ကျင့်သုံးကာ
တိုးမြှင့်နေကြပြီး ကျောင်းသားများပိုမို ဝင်ခွင့်လျှောက်ကြဖို့ကို
ရည်ရွယ်လုပ်ဆောင်နေကြပါတယ်။ ပြည်ပနိုင်ငံများမှာ ကျောင်းခွဲမှာ
ဖွင့်လှစ်ခြင်း၊ ပညာသင်ဆုပေးခြင်း၊ သုတေသနလုပ်ငန်းများတွင် ပါဝင်ရန်
ဖိတ်ခေါ်ခြင်းများ၊ ပူးပေါင်းဆောင်ရွက်ခြင်းများကြောင့် ကျောင်းသားများ
ဝင်ခွင့်လျှောက်လာမှုများ ပိုမိုတိုးမြင့်လာပါတယ်။ တက္ကသိုလ်ရဲ့
အရည်အသွေးကို ယုံကြည်စိတ်ချရမှုကိုလည်း အဓိကထား လုပ်ဆောင်လာကြပါတယ်။
ပညာရေးဈေးကွက်မှာ စားသုံးသူဖြစ်တဲ့ ကျောင်းသား၊ မိဘ၊ ဝန်ထမ်းတို့က
တက္ကသိုလ်မှပေးအပ်မယ့် လက်မှတ်ကို စိတ်ချယုံကြည်မှုတွေရှိချင်ကြပါတယ်။
ပညာရေးမှာ ငွေကြေး၊ အချိန် ရင်းနှီးမြှုပ်နှံထားမှုများအတွက်
ပြန်လည်ရရှိလာမယ့် အလုပ်အကိုင်သေချာမှုကို လိုချင်ကြပါတယ်။
အလုပ်အကိုင်အခွင့်အလမ်းအတွက်
brain drain လို့ လူသူအပြောများနေကြတဲ့ မိမိမွေးရပ်မြေကနေ ထွက်ခွာသွားပြီး
အခြားတိုင်းပြည်များမှာ အသက်မွေးဝမ်းကျောင်းပြုမှုများလည်း
တိုးမြင့်လာပါတယ်။
ပြည်ပနိုင်ငံများမှာ ကျောင်းခွဲမှာ
ဖွင့်လှစ်ခြင်းကြောင့် ပြည်ပတက္ကသိုလ်များကို သွားရောက်ပညာသင်ယူဖို့
အခွင့်အလမ်းမရတဲ့ ပြည်တွင်းရှိကျောင်းသားများအတွက် ပြည်ပတက္ကသိုလ်များရဲ့
နိုင်ငံတကာစံကို သင်ယူဖို့ အခွင့်အလမ်းများဖြစ်လာစေပါတယ်။ ပညာရေးစနစ်ဟာလည်း
သွင်းကုန်၊ ထုတ်ကုန် ဖြစ်လာပါတယ်။ နိုင်ငံတကာစံ ပညာရေးစနစ်ဆိုတာက
ကျောင်းသားတွေအတွက်တင်သာမဟုတ်ပါဘူး။ ကျောင်းသားများကို ပညာသင်ကြားပေးသော
ဆရာ၊ ဆရာမများ၊ ကျောင်းရဲ့ အုပ်ချုပ်ရေးဝန်ထမ်းများ၊ စီမံခန့်ခွဲသူ
ဝန်ထမ်းများပါ အားလုံးပါဝင်ပါတယ်။ နိုင်ငံတကာပညာရေးစနစ်ဟာ သွင်းကုန်အဖြစ်
ရောက်ရှိလာတဲ့အခါမှာ brain circulation ရဲ့ အကျိုးကျေးဇူးကို
အိမ်ရှင်နိုင်ငံကခံစား ရရှိမှာဖြစ်ပါတယ်။
တိုင်းပြည်အသီးသီးတွင်
နိုင်ငံတကာစံချိန်၊ စံညွှန်းကို ကျင့်သုံးလာခြင်းဖြင့် brain drain
(ဦးနှောက်ယိုစီးမှု) မှသည် brain circulation (ဦးနှောက်လှည့်ပတ်ခြင်း)
အဖြစ်သို့ တဖြည်းဖြည်းပြောင်းလဲ အကျိုးကျေးဇူးခံစားရမှာ ဖြစ်ပါတယ်။
ဝန်ခံချက်။ ။ data များကို UNESCO မှ ယူပါသည်။
No comments:
Post a Comment