Showing posts with label အချက်အပြုတ်. Show all posts
Showing posts with label အချက်အပြုတ်. Show all posts

Wednesday, 1 February 2017

ပီလောပီနံရွက်



ပီလောပီနံကို tapioca (သို့မဟုတ်) cassava လို့ခေါ်ပါတယ်။
ပီလောပီနံအရွက် ကပီလောပီနံဥထက် protein (ပရိုတင်း) ၁၀ ဆပါဝင်တယ်။ အသားမစားဘဲ ပရိုတင်း ဓာတ်အများကြီးရချင်ရင် ပီလောပီနံအရွက်ကို စားနိုင်ပါတယ်။
ပီလောပီနံအရွက်မှာ အဆိပ် အတောက် ဖြစ်စေတဲ့ Hydrocyanic Acid ပါတယ်။ ဒါပေမဲ့ ချက်လိုက်ရင် အဆိပ်ပြယ် သွားပါတယ်။  ပီလောပီနံ အရွက်ကို အနည်းဆုံး ၁၀ မိနစ်ချက်ပြုတ်ပြီးမှသာ စားသင့်ပါတယ်။ ပြုတ်ပြီး ပြုတ်ရေကို သွန်ပစ်လိုက်ရပါတယ်။  
 ပီလောပီနံအရွက်မှာ ပရိုတင်းအပြင် ကာဘိုဟိုက်ဒရိတ် (Carbohydrate) ၊ ဗီတာမင် စီ (Vitamin C) ပါတယ်။ အမျှင်ဓာတ် (Fiber)တွေပါလို့ရယ်၊ ကယ်လိုရီ (Calories) နည်းလို့ရယ် ကိုယ်အလေးချိန် လျော့ချင်တဲ့သူတွေ စားဖို့ သင့်တော်ပါတယ်။ 

     ကိုးကား။  “Health Benefits of Eating Cassava Leaves (Yuca Leaves)”by Dr.Paul Haider

                         ဟနစံ

 

ဖယုံသီးကြက်ဥပူတင်းပေါင်း
































ဒီတစ်ပတ် ပိတ်ရက်မှာတော့ နေ့လယ် အဆာပြေစားစရာ ဖယုံသီးကြက်ဥပူတင်းပေါင်းကို ပြုလုပ်မှာ ဖြစ်ပါတယ်။ လိုအပ်တဲ့ပစ္စည်းတွေကတော့
၁။ ဖယုံသီးအသေး ၁ လုံး
၂။ ကြက်ဥ ၂ လုံး
၃။ ဆားအနည်းငယ်
၄။ နို့ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ရေ ထမင်းစားဇွန်း ၃ ဇွန်း   (သို့မဟုတ် ) နွားနို့ ထမင်းစားဇွန်း ၅ဇွန်းနှင့် သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၅။ အိုးကြီး ၁ လုံး
၆။ ဖယုံသီးထည့်ပေါင်းရန် ခွက် ၁ ခွက်
တို့ ဖြစ်ကြပါတယ်။

ဖယုံသီးကို ထိပ်ဖြတ်ပြီး အတွင်းမှ အစေ့များကို ဖယ်ထုတ်ပါ။