အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးဟာ အသက်အရွယ်ကြီးရင့်လာတော့
သူ့နေရာမှာဆက်ခံမယ့်သူတစ်ယောက်ကို ရွေးချယ်ဖို့ စဉ်းစားမိပါတယ်။ သူ့ရဲ့
သား သမီးများနဲ့ လက်ရှိသူ့လုပ်ငန်းက ဒါရိုက်တာများထဲက ရွေးချယ်ဖို့ထက်
တခြားနည်းလမ်းတစ်မျိုးနဲ့ ရွေးချယ်ဖို့ သူ ဆုံးဖြတ်လိုက်ပါတယ်။
သူ့ကုမ္ပဏီမှာရှိတဲ့ လူရွယ်အရာရှိများအားလုံးကို အစည်းအဝေးခေါ်လိုက်ပါတယ်။
"ခုဆိုရင်
ငါဟာ အသက်အရွယ်ကြီးလာပြီဖြစ်လို့ ကုမ္ပဏီရဲ့ CEO အသစ်ကို ငါ့နေရာမှာ
ဆက်ခံဖို့ ရွေးချယ်ရတော့မှာပါ။ မင်းတို့ထဲက တစ်ယောက်ကို နောက် ဖြစ်မယ့် CEO
အဖြစ်ရွေးချယ်ချင်တယ်"
လို့ သူကအစည်းအဝေးမှာပြောလိုက်တဲ့ခါ အရာရှိငယ်တွေအားလုံး အံ့အားသင့်သွားကြပါတယ်။
သူက ဆက်ပြောပါတယ်။
"ငါ
မင်းတို့ကို မျိုးစေ့ တစ်စေ့စီ ဒီနေ့ ပေးပါမယ်။ မင်းတို့ အဲဒီမျိုးစေ့ကို
စိုက်ပါ။ ရေလောင်းပါ။ ဒီနေ့ကနေ စလို့တစ်နှစ်ကြာတဲ့ခါမှာ မင်းတို့
စိုက်တဲ့မျိုးစေ့ကနေ ဘာအပင်ပေါက်လာတယ်။ ဘာတွေပွင့်လာတယ် သီးလာတယ်ဆိုတာကို
ယူလာပြရပါမယ်။ မင်းတို့ ယူလာပြတဲ့ အပင်တွေအပေါ်မူတည်ပြီးတော့ ငါ့နေရာကို
ဆက်ခံမယ့် CEOကို ငါရွေးချယ်ပါမယ်"
အဲဒီလိုပြောပြီးနောက်
သူက အရာရှိငယ်တွေအားလုံးကို မျိုးစေ့တစ်စေ့စီပေးပါတယ်။ အဲဒီထဲမှာ Jim
ဆိုတဲ့ အရာရှိငယ်တစ်ယောက်လည်း မျိုးစေ့ကို လက်ခံယူပြီး အိမ်ပြန်ပြီးနောက်
သူ့ ဇနီးကို စိတ်လှုပ်ရှားစွာနဲ့ ပြောပြပါတယ်။ Jim ရဲ့ ဇနီးသည်က
မျိုးစေ့ကို ပန်းအိုးတစ်အိုးထဲမှာ မြေဩဇာပြည့်နေတဲ့ မြေကြီးထည့်စိုက်ဖို
့ကူညီပေးပါတယ်။ ဇနီးသည်ရဲ့ အကူအညီနဲ့ Jim ဟာမျိုးစေ့ကို
စိုက်ပျိုးလိုက်ပါတယ်။
နေ့စဉ်နေ့တိုင်းပဲ Jim
ဟာရေလောင်းပြီး ဘာပင်ထွက်လာမလဲဆိုတာကို စောင့်ကြည့်ပါတယ်။ ရက်သတ္တပတ် ၃
ပတ်ကြာတဲ့အခါမှာတော့ အခြား အရာရှိငယ်များက သူတို့စိုက်ပျိုးထားတဲ့
မျိုးစေ့မှ အပင်ပေါက်လာကြောင်းကို ပြောကြပါတယ်။ Jim က သူ့ မျိုးစေ့ကို
နေ့တိုင်း စောင့်ကြည့်ပေမဲ့ ဘာပင်မှ ပေါက်လာတာကို မတွေ့ရပါဘူး။
၄
ပတ်၊ ၅ ပတ် ကြာလာတဲ့ထိ ဘာပင်မှ ပေါက်မလာပါဘူး။ ရုံးမှာ အခြား
အရာရှိငယ်များက သူတို့စိုက်ပျိုးထားတဲ့ မျိုးစေ့မှ
ပေါက်လာတဲ့အပင်အကြောင်းကို ပြောကြပေမဲ့ Jim ကတော့ သူ့မှာ ဘာအပင်မှ
ပေါက်မလာတဲ့အတွက် စိတ်ဓာတ်ကျကာ အရှုံးကို ရင်ဆိုင်ခံစားနေရပါတယ်။
၆လ
ကြာပြီးသွားတဲ့ထိတိုင် Jim ရဲ့ ပန်းအိုးထဲမှာ ဘာအပင်မှ ပေါက်မလာပါဘူး။ Jim
သိလိုက်ပါပြီ။ သူ့ မျိုးစေ့ဟာ အပင်ပေါက်မလာဘဲ သေသွားတယ်ဆိုတာ။
တခြားအရာရှိငယ်များမှာတော့ သန်စွမ်းတဲ့အပင်များရှိနေကြပြီး သူ့မှာတော့
ဘာအပင်မှ ရမလာပါဘူး။ Jim က သူ စိုက်ပျိုးတဲ့ မျိုးစေ့မှ ဘာအပင်မှ
ပေါက်မလာကြောင်း ဘယ်သူကိုမှ မပြောပြဖြစ်ပါဘူး။
ဒါပေမဲ့လည်း
သူဟာ မျိုးစေ့မှ အပင်ပေါက်လာမလားဆိုတဲ့ မျှော်လင့်ချက်နဲ့
မြေဩဇာဖြည့်ခြင်း၊ ရေလောင်းခြင်းတို့ကိုတော့ နေ့စဉ်မှန်မှန် ဆက်လုပ်ပါတယ်။
အဲဒီလိုန့ဲ
တစ်နှစ်ကြာတဲ့အခါမှာတော့ အရာရှိငယ်များအားလုံးက သူတို ့စိုက်ပျိုးထားတဲ့
အပင်များကို ယူလာပြကြရပါတယ်။ Jimက သူ့ဇနီးကို သူ ဒီ ဘာအပင်မှမရှိတဲ့
ပန်းအိုးကို ယူသွားမပြချင်ကြောင်းပြောတဲ့အခါ သူ့ဇနီးက ဘာပဲဖြစ်ဖြစ်
အမှန်အတိုင်းသာ ပြောဖို့ တိုက်တွန်းပါတယ်။
Jimက
ဒီအဖြ်အပေါ်မှာ အင်မတန် အရှက်ရပါတယ်။ သူ့ဘဝမှာ
ရှက်စရာအကောင်းဆုံးအဖြစ်ပါပဲ။ ဒါပေမဲ့လည်း သူ့ဇနီးပြောတာ မှန်တယ်
..သူ့ဇနီးပြောသလိုပဲ အမှန်အတိုင်း ရိုးရိုးသားသားပဲ ဘာအပင်မှ
မပေါက်လာတဲ့အကြောင်းပြောဖို့ ဆုံးဖြတ်ပြီး အစည်းအဝေးခန်းမထဲကို
မျိုးစေ့ထည့်စိုက်ပျိုးထားတဲ့ ပန်းအိုးကို ယူဆောင်သွားပါတယ်။
အစည်းအဝေးခန်းမထဲ
Jimရောက်ရှိသွားတဲ့ခါ အခြား အရာရှိငယ်များရဲ့ သန်စွမ်းလှပတဲ့အပင်များကို
မြင်ရကာ အံ့အားသင့်သွားရပါတယ်။ Jim က သူ့ပန်းအိုးကို ကြမ်းပြင်ပေါ်ကို
ချလိုက်တယ်ဆိုရင် ဘာအပင်မှ မရှိတဲ့ ပန်းအိုးကို ကြည့်ပြီး
အခြားအရာရှိငယ်အချို့က ဟားတိုက်ရယ်မောကြပါတယ်။ အချို့ကတော့ Jim အတွက်
စိတ်မကောင်းဖြစ်ကြပါတယ်။
အစည်းအဝေးခန်းမထဲကို CEO
ရောက်ရှိလာတဲ့အခါမှာတော့ အရာရှိငယ်များကို နှုတ်ဆက်ပြီး အပင်များကို
ကြည့်ရှုပါတယ်။ Jimကတော့ ရှက်လှတဲ့အတွက် အနောက်ဘက်မှာ ပုန်းနေလိုက်ပါတယ်။
CEO က
" အင်မတန် လှပ သန်စွမ်းတဲ့အပင်တွေကို မင်းတို့
စိုက်ခဲ့ကြတာပဲ။ ဒီနေ့တော့ ငါ့နေရာကို ဆက်ခံမယ့်
CEOကိုရွေးချယ်ခန့်ထားရတော့မှာပေါ့" လို့
ပြောပါတယ်။
ချက်ချင်းဆိုသလိုပဲ
CEOက Jimကို ဘာအပင်မှ မရှိတဲ့ ပန်းအိုးန့ဲ အတူတွေ့သွားပြီး
စီးပွားရေးဌာနဒါရိုက်တာကို Jim ကိုအရှေ့ကို ခေါ်ထုတ်ပေးဖို့
ညွှန်ကြားလိုက်ပါတယ်။ Jim က စိတ်ထဲမှာ အလန့်တကြားဖြစ်သွားပါတယ်။ CEO က
သူ့ကို အလုပ်ဖြုတ်တော့မှာပဲလို့ စိုးထိတ်သွားပါတယ်။
Jim အရှေ့ကိုရောက်တယ်ဆိုရင်ပဲ CEOက Jim ရဲ့မျိုးစေ့ ဘာဖြစ်တာလဲလို့ မေးပါတယ်။ Jimက အကြောင်းစုံ ပြောပြလိုက်ပါတယ်။
အဲဒီအခါ CEOက အခြားအရာရှိငယ်များကို ထိုင်ခိုင်းလိုက်ပြီးနောက်
" ဒီမှာ မင်းတို့ရဲ့ အရာရှိချုပ်ကို ရွေးချယ်လိုက်ပါပြီ။ သူ့နာမည်က Jim ဖြစ်ပါတယ် " လို့ ကြေညာလိုက်ပါတယ်။
Jimက
သူ့ကိုယ်သူ မယုံကြည်နိုင်ပါဘူး။ အခြား အရာရှိများကလည်း အံ့အားသင့်ပြီး Jim
က ဘာပင်မှ ပေါက်လာအောင် မစိုက်နိုင်ဘဲ ဘယ်လိုလုပ် အရာရှိချုပ်အဖြစ်
CEOရဲ့နေရာကို ဆက်ခံမှာလဲလို့တီးတိုးပြောဆိုကြပါတယ်။
CEOက အရာရှိငယ်များအားလုံးကို
" မင်းတို့ကို လွန်ခဲ့တဲ့တစ်နှစ်က မျိုးစေ့တစ်စေ့စီပေးပြီး အပင်စိုက်လို့ နောင်တစ်နှစ်အကြာမှာ ယူလာပြဖို့ ငါ ပြောခဲ့ပါတယ်။
Jimကလွဲလို့
မင်းတို့ အားလုံး သန်စွမ်းလှပတဲ့အပင်တွေကို ဒီနေ့ ယူဆောင်လာပြကြတယ်။
တကယ်တော့ မနှစ်တုန်းက မင်းတို့ကို ငါ ပေးလိုက်တဲ့ မျိုးစေ့တွေဟာ
ပြုတ်ထားပြီးသား အစေ့တွေဖြစ်တဲ့အတွက် သေပြီးသားမျိုးစေ့တွေဖြစ်လို့
ဘယ်လိုမှ အပင်ပေါက်လာမှာ မဟုတ်ပါဘူး။ မင်းတို့က ဒီမျိုးမအောင်တဲ့
မျိုးစေ့တွေကို စိုက်ပြီး ဘာအပင်မှ ပေါက်မလာတဲ့အခါ တခြား အပင်နဲ့
အစားထိုးပြီး ယူလာ ပြကြတယ်။ Jim ကတော့ ဘာအပင်မှ မရှိတဲ့ ပန်းအိုးန့ဲအတူ
သူ့ရဲ့ ရိုးသားမှုနဲ့ သတ္တိကို ငါ့ဆီ ယူလာ ပြပါတယ်။ သူဟာ
ငါပေးတဲ့မျိုးစေ့ကို ရိုးသားမှုနဲ့သတ္တိအဖြစ် စိုက်ပျိုးနိုင်ခဲ့တယ်။
ဒါကြောင့် Jim ဟာ ငါ့နေရာမှာ ဆက်ခံမယ့် CEO အသစ်အဖြစ်
ရွေးချယ်ခြင်းခံရပါတယ်" လို့
ပြောလိုက်ပါတယ်။
တကယ်လို့ သင်ဟာ ရိုးသားမှုကို စိုက်ပျိုးမယ်ဆိုရင် ယုံကြည်မှုကို ရိတ်သိမ်းရမှာ ဖြစ်ပါတယ်။
တကယ်လို့ သင်ဟာ ကောင်းမြတ်ကြင်နာခြင်းကို စိုက်ပျိုးမယ်ဆိုရင် မိတ်ဆွေကောင်းတွေကို ရရှိမှာဖြစ်ပါတယ်။
တကယ်လို့ သင်ဟာနှိမ်ချရိုကျိုးခြင်းကို စိုက်ပျိုးမယ်ဆိုရင် ကြီးမြတ်ခြင်းကို ရိတ်သိမ်းရမှာ ဖြစ်ပါတယ်။
တကယ်လို့ သင်ဟာ ဇွဲ၊ လုံ့လကို စိုက်ပျိုးမယ်ဆိုရင် ကျေနပ်ရောင့်ရဲခြင်းကို ရိတ်သိမ်းရမှာဖြစ်ပါတယ်။
တကယ်လို့ သင်ဟာ အလုပ်ကြိုးစားမှုကို စိုက်ပျိုးမယ်ဆိုရင် အောင်မြင်မှုကို ရိတ်သိမ်းရမှာ ဖြစ်ပါတယ်။
တကယ်လို့ သင်ဟာ နားလည်ခွင့်လွှတ်ခြင်းကို စိုက်ပျိုးမယ်ဆိုရင် သင့်မြတ်ပြေလည်ခြင်းကို ရိတ်သိမ်းရမှာဖြစ်ပါတယ်။
Prashanth Reddy ၏ “Honesty is the best policy" ပုံပြင်ကို နားလည်သလို ဘာသာပြန်ဆိုပါသည်။
No comments:
Post a Comment