"ဘာဖြစ်ကြတာလဲ...နှင်းသက်"
ရုံးခန်းထဲရောက်သည်နှင့် မေးလိုက်သော ကြည်ပြာ့ကိုနှင်းက ခေါင်းရမ်းပြလိုက်သည်။
"နားကို မလည်တော့ပါဘူးဟာ။ ဘာတွေမှန်းကို မသိဘူး"
မျက်နှာလေးကို ရှု့ံ့မဲ့ရင်း မသက်မသာဟန်လေးဖြင့် နှင်းသက်သက်ဆွေက
ညည်းပြောလေး ဆိုလိုက်သည်။
"ဘယ်ကနေ စဖြစ်ကြတာလဲ"
ထိုင်ခုံမှာ ဝင်ထိုင်လိုက်ရင်း ကြည်ပြာ မေးသည်။
"မသိဘူးဟာ။ နင်တို့ သိတဲ့အတိုင်းပဲ သူရအောင် ငါ့ကို အမြဲပဲ ရန်လိုနေတာ။
ဘာကြောင့်မှန်းကို ငါလည်း မသိတာ။ တကယ်ဆို ယောကျ်ားလေးနဲ့
မိန်းကလေး...ဘာမှလည်း မဆိုင်ဘဲနဲ့။ ခုက မိန်းမချင်း လိုက်ပြောနေသလိုကို
လိုက်ပြောနေတာ ငါလည်း သည်းခံနေတာ ကြာပြီ။ ဘာမှကို ပြန်မပြောတာ။
အချိန်ကုန်လို့။ အဲဒါကို သူ့ဟာသူ ဘာထပေါက်သလဲ မသိဘူး။ ငါ့ကို ကင်တင်းမှာ
အော်ကြီးဟစ်ကျယ် ရန်တွွေ့တာ...ငါလည်း နားကို မလည်ဘူး။ မနာလိုလို့
ဆိုရင်လည်းဟာ သူနဲ့ ငါနဲ့က ဋ္ဌာနချင်းလည်းမတူ၊ ရာထူးချင်းလည်းမတူ၊
ဘာမှလည်းမဆိုင်ဘဲနဲ့။ပြီးတော့ မိန်းမတစ်ယောက်ကို ယောကျ်ားတစ်ယောက်က
မနာလိုဖြစ်တယ်လို့ ပြောဖို့ကလည်း ခပ်ခက်ခက်ရယ်။ တကယ်ဆို ငါကသာ သူတို
့ယောကျ်ားလေးတွေကို မနာလိုဖြစ်ရဦးမှာ။ သူတို့မှာ
သင်္ကန်းစည်းခွင့်ရှိတယ်လေ"
"အင်းးးးး"
ကြည်ပြာက သက်ပြင်းချလိုက်သည်။
"လူတွေရဲ့ သူတို့ စိတ်ထဲ ဘာရှိတယ်ဆိုတာ ကိုယ်တွေမှ မသိနိုင်တာပဲလေဟာ"
ကြည်ပြာ့စကားကို နှင်းသက်သက်ဆွေက ခေါင်းညိတ်က ထောက်ခံလိုက်လေသည်။
"ဘာမှ အကျိုးမရှိမယ့် အကြောင်းတွေနဲ့ အချိန်ကုန် စိတ်ရှုပ်မခံပါနဲ့ဟာ။
ဒီဟာစိတ်ထဲရောက်လာတယ်ဆိုတာနဲ့တင် မတန်တော့ပါဘူး။ ကိုယ့် စိတ်အတွက်
ကိုယ့်မှာပဲတာဝန်ရှိတာ။သူကဒေါသနဲ့ ပြောလာတာကို ကိုယ်ကလည်း ပြန်တုံ့ပြန်နေမယ်ဆိုရင် ဇာတ်လမ်းက
ဆုံးတော့မှာကို မဟုတ်ဘူး" ဟု နှင်းသက်သက်ဆွေက ပြောလိုက်သည်။
"ဟဲ့ ...ေနဦး"
ကြည်ပြာက အလန့်တကြားဟန် ထပြောလေတော့
"ဘာလဲ" ဟု နှင်းသက်သက်ဆွေက မေးလိုက်သည်။
"ဟိုလေဟာ...ရုပ်ရှင်တွေ၊ဗွီဒီယိ
ုတွေထဲကလို ရန်ဖြစ်၊ ဘုဘောက်ကျ နောက်တော့
ချစ်သွားကြ ၊ အဲဒီလိုမျိုး လုပ်ချင်တာများလား။ နင်ကလည်း မာနကြီးကြီး၊
ခပ်ခက်ခက် မိန်းမလို့ နာမည်ကလည်း ကြီးနေတော့ နင့်လို မိန်းမမျိုးကို
ဒီတိုင်း ချင်းကပ်ဖို့ထက် အဲလို ရန်ဖြစ်ပြီး နင့်စိတ်ကို ဆွ၊ နင်က
စိတ်ဆိုးဒေါသဖြစ်ပြီး သူ့အကြောင်းတွေး၊ အဲ့နောက် နင့်စိတ်ထဲကို သူကရောက်၊
နောက်တော့ အဆင်ပြေ ချစ်သွားကြ...အဲလိုများ ဇာတ်လမ်းဆင်တာလား"
ကြည်ပြာ့ အပြောကို နှင်းသက်သက်ဆွေက
"သေလိုက်...သေလိုက်။ ဟုတ်နေဦးမယ်။ ကလေးအထာတွေနဲ့ ဒီအရွယ်ကြီးတွေနဲ့"
စိတ်ဆိုးဟန်လေးပြောတော့ ကြည်ပြာ ရယ်လေတော့သည်။
တကယ်တော့ ကြည်ပြာ နောက်ပြောင်ပြောမှန်း နှင်းသက်သက်ဆွေလည်း သိပါသည်။
ထိုစဉ် စားပွဲပေါ်မှ ရုံးဖုန်းမြည်လာသဖြင့် နှင်းသက်သက်ဆွေက ဖုန်းကိုင်လိုက်လေသည်။
"ဟယ်လို...သုတေသနဋ္ဌာနက နှင်းသက် ပြောနေပါတယ်
....အင်း...ထွက်လာလိုက်မယ်...
ခဏစောင့်လေ။ ဒီမှာ ကြည်ပြာရောက်နေတယ်။ သူနဲ့
၂ ယောက် ထွက်လာလိုက်မယ်...အိုကေနော်...
see you"
ဖုန်းချလိုက်သော နှင်းသက်သက်ဆွေကို ကြည်ပြာက
"ကိုမင်းဇော် မဟုတ်လား" ဟုမေးလေသည်။
"ဟုတ်တယ်။ field trip အတွက် ဘတ်ဂျက်ဆွေးနွေးဖို့ ခေါ်တာ။ သူ့ရုံးခန်း
မလာခိုင်းဘဲ ကင်တင်းမှာပဲ စားရင်းသောက်ရင်း ပြောကြမယ်တဲ့။ နင်လည်း
လိုက်ခဲ့လေ"
"နေပါဟာ။ ငါတို့ ဋ္ဌာနနဲ့မှ မဆိုင်တဲ့ ကိစ္စ။ ငါ့ဘာသာငါ ငါ့ရုံးခန်း
ငါပြန်ပါတော့မယ်။ နင်တို့ နှစ်ယောက်သာ လွတ်လွတ်လပ်လပ်
ဆွေးနွေးတိုင်ပင်ကြပါ။ ငါပါလို့ အနှောင့်အယှက်ဖြစ်ပြီး
ကိုမင်းဇော်ခမျာပြောချင်တဲ့စကား
တွေ မပြောရဘဲ ဖြစ်နေပါဦးမယ်"
ပြောင်စပ်စပ်နှင့် ကြည်ပြာက ဆိုတော့ နှင်းသက် နှှုတ်ခမ်းစူလေပြီ။
"ေသလိုက္ပါလား...ဘာမွ မဟုတ္ပါဘူးဆို"
"ဟားဟား...ပြောတာပဲ"
..........................................................................
ကင်တင်းတွင် ထိုင်ကာ ခရီးစဉ်နှင့်
ကုန်ကျစရိတ်ကိုခန့်မှန်းတွက်ချ
က်နေကြသော ကိုမင်းဇော်နှင့်
နှင်းသက်သက်ဆွေကို အခြားသူများက ကွက်ကြည့် ကွက်ကြည့်နှင့်။
အသားဖြူဖြူ အရပ်မြင့်မြင့်နှင့် သွယ်သည့် ကိုမင်းဇော်သည် အဆီပိုမရှိသော ကိုယ်ခန္ဓာ
နှင့် လိုက်ဖက်အောင် ဝတ်စားဆင်ယင်တတ်လွန်းသည်။ ရှပ်အဝါနု၊ အစိမ်းနု၊
အပြာနု၊ခရမ်းနုလေးများကို
အင်္ကျ ီနှင့်လိုက်ဖက်သော ဆိပ်ခွန်ပုဆိုး အရောင်ရင့်လေးများနှင့် တွဲဝတ်ကာ
ကြည့်ကောင်းလွန်းလှသည်။ ကတ္တီပါဖိနပ်အနက်ရောင်နှင့် သန့်စင်သော
ခြေထောက်၊ခြေသည်းများမှာ သတိပြုမိစရာပင်။
သူတို့နှစ်ယောက် တွဲမိကြတယ်ဟု ရုံးအသိုင်းအဝိုင်းက
စကားတင်းများထွက်လာသော်လည်း တကယ်တမ်းတွင်မူတော့ အလုပ်ချိန်တွင်သာ
အလုပ်နှင့် ပတ်သက်၍ ပြောဆို ဆက်ဆံရုံလောက်သာပင်။
အသက် ၃၀ စွန်းလာလျှင် အပျိုကြီးဟု တံဆိပ်ကပ်ခံရပြီး ပြောဆို ဆက်ဆံသမျှ
ယောကျ်ားများနှင့် သမုတ်ခံရလေသည်လား မသိပါ။ နှစ်ဖက်မိဘများက
ကြည်ဖြူထားကြသော ချစ်သူမောင်သည် အနေအထိုင် ကျစ်လျစ်ကာ
မဏ္ဍပ်တိုင်တက်ပြတတ်သော လူစားမျိုး မဟုတ်။ နှင်းသက်သက်ဆွေ ကိုယ်တိုင်ကလည်း
အလုပ်နှင့် အချစ် ရောထွေးခြင်းမရှိဘဲ တစ်ကဏ္ဍစီ သီးခြားရှိနေခြင်းကြောင့်
အလုပ်တွင် တိကျပြတ်သားကာ အလုပ်ထဲတွင်သာ စိတ်အာရုံရှိနေသည်။
တစ်ဦးနှင့်တစ်ဦး အကြောင်းအရာ အသေးအဖွဲလေးတွေက စလို့ မနာလို
သဝန်တိုနေစရာလည်း အကြောင်းမရှိ။ ဘယ်သွားနေလဲ ၊ ဘာလုပ်နေလဲဟု ဖုန်းဆက်
စစ်မေးနေစရာလည်းမလိုလောက်အောင် တစ်ယောက်နှင့်တစ်ယောက်က ယုံကြည်မှုများ
လွန်ကဲနေကြပြန်သည်။ အလုပ်နှင့် လူမှုရေး၊ ကိုယ်ရေးကိုယ်တာကို သီးသန့်စီ
ခွဲထားနိုင်သော မောင်နှင့် နှင်းသက်မှာ တစ်ဦးနှင့်တစ်ဦး
စိတ်မချစရာအကြောင်းက မရှိ။ လှိူ့ဝှက်သည်မဟုတ်သော်လည်း မမေးလျှင်
ကိုယ်ရေးကိုယ်တာများကို မပြောတတ်သော၊ အလုပ်ကိစ္စမှလွဲ၍ တခြားစကားများ
ပြောလေ့ မရှိတာလည်း နှင်းသက်သက်ဆွေ၏အကျင့်။
"ဟိတ်...ပြောနေတာ ကြားလား။ဘာတွေ တွေးနေတာလဲ"
ကိုမင်းဇော်၏ အသံကြောင့် နှင်းသက်သက်ဆွေ အတွေးလွန်မိသွားရာမှ သတိပြန်ဝင်လာရသည်။
"အဲ...sorry ...ဘာပြောလိုက်တာလဲဟင်"
"ကဲ...ကြည့် ...ဒီကောင်မလေးကတော့ ရည်းစားအကြောင်းတွေးနေတာနဲ့တူ
တယ္"
"အာ...ဟုတ်နေလို့ ဘာပြန်ပြောရမှန်းတောင် မသိဘူး"
"ဟားဟား"
နှင်းသက်သက်ဆွေ၏ စကားကို ကိုမင်းဇော်က ရယ်လေတော့ အတူတူရောရယ်မိလေသည်။
ကာင်း
တစိမ်းယောကျ်ားများနှင့် အကျွမ်းတဝင် မနေတတ်သည့် နှင်းသက်သက်ဆွေမှာ
ရုံးတွင်တော့ အမြဲပတ်သက်နေရသော ကိုမင်းဇော်နှင့် ရင်းနှီးလှပါသည်။
ကိုမင်းဇော်၏ ကိုယ်ကျင့်တရားကို ယုံကြည်၍လည်း ဖြစ်သည်။ လုပ်ငန်းကိစ္စများ
အတူတူ ညှိနှိုင်းတတ်ရခြင်းကြောင့်လည်း အခြားဝန်ထမ်းများထက် ပိုလို့
ရင်းနှီးခင်မင်နေမိသည်။ ဒါကိုပင် ကြည်ပြာက နောက်ပြောင်နေတတ်သေးသည်။
...............................................................
"နင်နဲ့ ကိုမင်းဇော်က ဘယ်လိုလဲ"
ကြည်ပြာ့အမေးကို နှင်းသက်သက်ဆွေက
"ဘယ်လိုမှ မဟုတ်ဘူး" ဟုဖြေလေသည်။
"နင်ကသာ မဟုတ်တာ။ နင်တို့နှစ်ယောက် ဟုတ်တယ်လို့ ငါတို့ ဋ္ဌာနဘက်မှာလည်း
ပြောနေသံတွေ ကြားနေရတယ်"
"ဘုရားရေ...မိန်းမတစ်ယောက်နဲ့ ယောကျ်ားတစ်ယောက် ခင်မင်လို့ကို မရတော့တဲ့
လောကကြီးလား"
နှင်းသက်သက်ဆွေက အံ့အားသင့်ကာ စိတ်ပျက်လက်ပျက်ဖြင့် ပြောလေသည်။
"ဒါတော့ ငါလည်း မသိဘူး။ နင့်မှာ ကိုကျော်ထက် ရှိနေတာ ကိုမင်းဇော်နဲ့
နာမည်မထွက်သင့်ဘူး။ ကိုကျော်ထက် သိရင် ပြဿနာတက်မှာစိုးတယ်"
ကြည်ပြာက စိုးရိမ်ဟန်ဖြင့်ပြောလေသည်။
"စိတ်ချပါ။ မောင်က အဲဒီလိုလူစားမျိုး မဟုတ်ပါဘူး။ ခုဟာက ဘာမှ မဟုတ်တဲ့
ကိစ္စကိုဟာ...မောင်က ဘာဖြစ်ရမှာလဲ။ တကယ် ဖြစ်နေတယ်ဆိုရင်တောင် မောင်ကလေ
အင်မတန် လူကြီးလူကောင်းဆန်တာ။ မောင့်အကြောင်း ငါအသိဆုံးပေါ့။ မောင်
ပြဿနာတစ်ခုကို ဘယ်လို ကိုင်တွယ်ဖြေရှင်းတတ်တယ်ဆိုတာက
မောင့်အရည်အချင်းတွေကို ငါ အသိဆုံး"
"ဟုတ်ပါပြီ။ ငါးချဉ်ကလည်း ချဉ်လိုက်တာနော်။ ငါက စိတ်ပူလို့ သတိပေးတာပါ။
မှားပါတယ်...ငါကလည်း ဒင်းအကွက်ထဲကို ဝင်မိသွားတယ်။
နားကြားပြင်းကတ်လိုက်တာနော်"
မျက်နှာရှုံ့မဲ့ကာ ဆလံပေးသည့် ပုံစံလေးနှင့်ပြောသော ကြည်ပြာ့ပုံစံလေးက
ချစ်စရာကောင်းလွန်းလှ၍ နှင်းသက်သက်ဆွေ သဘောကျ ရယ်မောမိလေသည်။
.........................................................
"ဘယ်လိုဖြစ်တာလဲ မသိဘူး။ လူတွေက ရူးကုန်ကြတာလား။ငါပဲ ရူးနေတာလား"
နှင်းသက်သက်ဆွေ၏စကားကို ကြည်ပြာက ပခုံးတွန့် ရယ်ဟန်ပြုရင်း
"နင် ရူးနေတာပဲ ဖြစ်မှာပါ" ဟုဆိုလေသည်။
"စနေနေ့က ငွေစာရင်းဋ္ဌာနက စုလေးသက် မင်္ဂလာဆောင်ကို ငါသွားတာ ဘယ့်နှယ်ဟာ
လူတွေက ငါ့ကို ကိုမင်းဇော် မပါဘူးလားတဲ့။ ငါက အူကြောင်ကြောင်နဲ့...။
ရှင်...မပါဘူးလို့ ပြောလိုက်မိတယ်။ တကယ်ဆို ငွေစာရင်းဋ္ဌာနက ကိုမင်းဇော်ကို
ငွေစာရင်းဋ္ဌာနက လူတွေက ပိုသိရမှာပေ့ါ။ ဘယ့်နှယ် ငါ့ကို လာမေးတာလဲ။
ကိုမင်းဇော်ကြီး မပါဘူးလား။ ဘာလို့ ကိုမင်းဇော် မလာတာလဲ တဲ့။တစ်ယောက်လည်း
မဟုတ်...နှစ်ယောက်လည်း မဟုတ်တော့ ငါလည်း ပေါက်လာရော။
ကိုမင်းဇော်မပါဘူးလားလို့ မေးတဲ့ ၄
ယောက်မြောက်လူ...ဦးထွန်းဝင်းြ
ကီးထင်တယ်...သူ့ကိုငါ ပြောထည့်လိုက်ရော။
သူ့အိမ်သွားမေးကြည့်ပါလားရှင်...ကျွန်မက ဘယ်လိုလုပ် သိမှာတုံးလို့"
"ဟားဟား...နင့်ပုံကို ငါတော့ မြင်ယောင်သေးတယ်။ ငါ အဲဒီ မင်္ဂလာဆောင်
မလာလို့တော်သေးတယ်။တော်ကြာနေ နင့်ဒေါသမျက်နှာကို ငါ စချင်တာနဲ့ ငါပါ
နင့်ကို ကိုမင်းဇော် ဘာလို့ မလာတာလဲ ...မအားဘူးလားဆို
မေးမိဦးမှာ...ဟားဟား"
တဟားဟားအော်ရယ်နေသည့် ကြည်ပြာ့ကို နှင်းသက်သက်ဆွေက မျက်စောင်းထိုးလိုက်လေသည်။
.............................................................
"ဟဲ့...နှင်းသက်....ငါသိခဲ့ပြီ"
"ဘာတုံးဟ"
တနင်္ဂနွေတစ်ရက်တွင် နှင်းသက်သက်ဆွေ၏ အိမ်သို့ ဆိုင်းမဆင့် ဗုံမဆင့်
ရောက်လာသော ကြည်ပြာက အရင်းမရှိ၊ အဖျားမရှိ စကားကို ဆိုလေသည်။
"ငွေစာရင်းဋ္ဌာနက လူတွေက နင်နဲ့ ကိုမင်းဇော်နဲ့ကို
သေချာပေါက်ကိုပြောနေကြတာ။ ဘယ်လိုဖြစ်တာလဲလို့ ငါလည်း မသင်္ကာတာနဲ့
ဟိုလူ့မေး၊ ဒီလူ့မေးပေ့ါဟာ...စုံစမ်းတီးခေါ
က်ကြည့်တော့ ကိုမင်းဇော်ရဲ့
ရုံးကား ဒရိုင်ဘာကလည်း ဆရာ့အမျိုးသမီးဆိုပြီး ပြောနေတာတဲ့..နင့်ကိုလေ"
"ဗုဒ္ဓေါ"
ကြည်ပြာ့စကားကို နှင်းသက်သက်ဆွေ အံ့အားသင့်ကာ ဘုရားတ မိလေသည်။
"ဘာဖြစ်လို့ အဲဒီလို ပြောရတာလဲ မသိဘူး။ ကိုမင်းဇော်ကရော...အဲဒါတွေ
မသိဘူးလား မသိဘူး။ သူ မသိဘူး ထင်ပါတယ်လေ..."
"အင်း...ငါလည်း မသိတော့ဘူး" ဟု ကြည်ပြာက ဆိုလေသည်။
"ကိုမင်းဇော်က သူ့ဋ္ဌာနမှာ မန်နေဂျာပဲဟာ။ သူ့အောက်ကလူတွေ
ပြောဆိုနေတာတွေကို သူကတော့ မသိလောက်ဘူး ထင်တာပဲ" ဟုတစ်ဆက်တည်းပြောလေသည်။
"ထားလိုက်ပါဟာ။ အလကား သူများပြောတဲ့ အတင်းစကားတွေနဲ့ အချိန်ကုန်ခံ
မနေပါနဲ့။ စိတ်ညစ်စရာ"
နှင်းသက်သက်ဆွေ၏ စကားကို ကြည်ပြာက ခေါင်းညိတ်ကာ ထောက်ခံလိုက်ရင်း
"ကဲ..ထ..အမှတ်တရမှာ ရှမ်းခေါက်ဆွဲ သွားစားကြမယ်" ဟုဆိုလေသည်။
"အကောင်းဆုံး အစီအစဉ်ပဲ" ဟု နှင်းသက်သက်ဆွေက ပြုံးရယ်မောကာ ပြောလိုက်သည်။
.................................................
"ဘာပြောတယ်...ကိုမင်းဇော်လား အဲဒီ မိန်းမကို ချစ်မှာ။ ဒီလောက်
စိတ်ညစ်စရာကောင်းလောက်အောင် တစ်စက်လေးမှာကို မလှတဲ့ မိန်းမကို"
ကင်တင်းမှာနေ့လည်စာ စားနေစဉ် တစ်ဘက်စားပွဲမှ သူရအောင်၏ အသံကို ကြားလိုက်မိရသည်။
"ေတာက္"
စိတ်ထဲမှသာ တောက်တစ်ချက်ခေါက်လိုက်မိသည်။ ဘယ်လိုလူလဲ။ မိန်းမတစ်ယောက်ကို
မှိုချိုး မျှစ်ချိုးပြောရဲလောက်အောင် သတ္တိကောင်းလွန်းနေတာ အံ့သြစရာ။
နှင်းသက်သက်ဆွေက မကြားဟန်ပြုကာ ထမင်းဆက်စားနေလိုက်သည်။
"ကိုမင်းဇော် အခြေအနေနဲ့ဗျာ...အချောအလှတွေကို
ပဲ ကြိုက်မှာပေ့ါ။ သူ့လို
ရွက်ကြမ်းရေကျိုအဆင့်တောင် မရှိတဲ့ ရုပ်ကို ကြိုက်မလား"
ဒီတစ်ခါတွင်တော့ နှင်းသက်သက်ဆွေက စိတ်မဆိုးမိတော့ပါ။
ရယ်ချင်စိတ်ပေါက်လာပြီး ရယ်အူပေါက်သလိုပဲ တခစ်ခစ်ရယ်တာ
ရပ်လို့ပင်မရတော့ချေ။ ပြဿနာမဖြစ်ချင်သူတွေကိုမှ
ပြဿနာလိုက်ရှာတတ်သူတွေကလည်း အများသား။
.......................................................
ဗိုလ်ချုပ်ဈေးတွင် ဈေးပတ်ကာ ဈေးဝယ်ပြီး မောလာသော နှင်းသက်သက်ဆွေက
ကားမောင်းကာ လိုက်ပို့ပေးသော ကိုကျော်ထက်ကို
"မောင်...နှင်း ဗိုက်ဆာပြီကွာ...ကော်ဖီသောက်ချ
င္တယ္"
"ဘယ်ကိုသွားမလဲ နှင်း"
အိမ်ရှိရာ မရမ်းကုန်းဘက်ကို ပြန်မည့်လမ်းတွင် ရှိမည့် ကော်ဖီဆိုင်ကို
အပြေးအလွှား စဉ်းစားလိုက်သည်။
"ခု နီးနီးနားနား ကော်ဖီဆိုင်ကိုပဲ ဝင်ကြတာပေ့ါ...နှင်းက
တအားဗိုက်ဆာနေပြီလား။ နှင်းဗိုက်ဆာတယ်ဆို မောင် ကြောက်တယ်နော်။ နှင်းက
ဗိုက်ဆာရင် အနားကလူကို ကိုက်စားမယ်လို့ အမြဲ ခြိမ်းခြောက်နေတာ။ မောင့်ကို
ကိုက်စားနေဦးမယ်"
"မောင်နော်..."
ကိုကျော်ထက် လက်မောင်းကို ထုလိုက်ရင်း နှင်းသက်သက်ဆွေက နွဲ့ကာ ဆိုလေသည်။
"ဒီဆိုင် တစ်ခါမှ မရောက်ဖူးဘူး" ဟု နှင်းသက်သက်ဆွေက ဆိုတော့
"မောင်လည်း တစ်ခါမှ မရောက်ဖူးဘူး။ ဒီနားက ဖြတ်သွားဖြတ်လာလုပ်ရင်တော့
တွေ့နေတယ်။တစ်ခါမှ လာမသောက်ဖူးတော့ နှင်းကလည်း ခု ဗိုက်ဆာနေတာနဲ့
အတော်ပဲပေ့ါ။ ဆိုင်ကိုလည်း ရောက်ဖူးသွားတာပေ့ါ"
နှင်းသက်သက်ဆွေက ကိုကျော်ထက် လက်မောင်းကို တွဲချိတ်ကာ ဆိုင်ထဲလှမ်းဝင်လိုက်သည်။
"အဲတော့်...ကိုမင်းဇော်"
ချောင်ကျကျ စားပွဲတစ်ခုမှာ ထိုင်နေသောကိုမင်းဇော်ကို နှင်းသက်သက်ဆွေ
လှမ်းမြင်လိုက်သည်။
ရင်းရင်းနှီးနှီးရှိသဖြင့် ခပ်လှမ်းလှမ်းမှပင် မှတ်မိနိုင်သည့်
ကိုမင်းဇော်အမူအယာမှာ တစ်မျိုးထူးခြားနေသလိုပင်။
ကိုမင်းဇော်နှင့်အတူထိုင်နေသော အမျိုးသားတစ်ဦးကိုလည်းမြင်ဖူး
သလို
ရှိသဖြင့်ဘယ်မှာ မြင်ဖူးတာပါလိမ့်ဟု စိတ်ထဲမှာ အပြေးအလွှား
ဦးနှောက်ကိုအလုပ်ပေးကာ စဉ်းစားမိလိုက်သည်။
"သူရအောင်...ဟုတ်တယ် ..သူရအောင်ပဲ"
သွားနှုတ်ဆက်မည်ဟု ကြံရွယ်ထားသည့် စိတ်ကူးမှာ သူရအောင် ဆိုသည့်လူကြောင့် ပျက်လေသည်။
ကိုမင်းဇော်နှင့် သူရအောင်ကတော့ သူတို့ကို မမြင်ပါချေ။
တစ်ယောက်လက်ကို တစ်ယောက်တွဲကာ ဆိုင်ထဲမှ ထွက်သွားကြသော ကိုမင်းဇော်နှင့်
သူရအောင်တို့သည် နှင်းသက်သက်ဆွေအဖို့ ထူးခြားနေလေတော့သည်။
............................................................
"ဘာ...အဲဒီ ကော်ဖီဆိုင် ဟုတ်လား။ အဲဒါ gay area လေ"
ကြည်ပြာ့စကားကြောင့် နှင်းသက်သက်ဆွေက အလန့်တကြားဖြစ်ရကာ
"ဘာတံုးဟ...gay area ဆိုတာ"
ဟုမေးလိုက်လေသည်။
ပြာတာ"
"ဟမ်...ဒါဆို ငါမြင်ခဲ့တဲ့ သူတို့ နှစ်ယောက်က...."
နှင်းသက်သက်ဆွေက စကားကို ဆက်မပြောနိုင်ဘဲ အံ့အားသင့်နေလေသည်။
"ငတုံးမ...ခံ ခံ။ နင် အသုံးချခံလိုက်ရတာပဲ။ နင် ဘယ်လို
အသုံးချခံလိုက်ရသလဲ နင်သိလား...မိနှင်းသက်ရေ"
ကြည်ပြာ့ ဒေါသစကားကို နှင်းသက်သက်ဆွေက ခေါင်းကို လက်နှစ်ဖက်ဖြင့် ညှပ်ကာ
စဉ်းစားရင်း
"အင်း...ငါ သိပြီ " ဟု ခပ်လေးလေး တစ်လုံးချင်းဆိုမိလေတော့သည်။
နှင်းသက်သက်ဆွေမှာ ဘာကိုအပြစ်တင်ရမှန်း မသိလောက်အောင်ပင် စိတ်ထဲမှာ
အံ့သြစိတ်တို့သာကြီးစိုးနေသည်။
ကိုမင်းဇော်ရယ် ဟုသာ ခပ်တိုးတိုးရေရွတ်မိရင်း သက်ပြင်းသာ မကြာခဏ ချမိလေတော့သည်.....။
(ဟနစံ)
၃.၇.၂၀၁၁
No comments:
Post a Comment