ခေတ်အဆက်ဆက်
လူတွေ အမြဲအငြင်းပွား ငြင်းခုံနေကြပြီး အမြဲ မေးလေ့ ရှိတဲ့ မေးခွန်းကတော့
မိန်းမ နဲ့ ယောကျ်ား ဘယ်သူပိုတော်လဲ ဆိုတာ ပါပဲ။ ယောကျ်ားတစ်ယောက်ရဲ့
ခန္ဓာကိုယ် နဲ့ ဦးခေါင်းအရွယ်အစားဟာ မိန်းမ တစ်ယောက်ရဲ့ ခန္ဓာကိုယ်နဲ့
ဦးခေါင်းအရွယ်အစားထက် ပို၍ ကြီးမားတာ ကြောင့် ယောကျ်ားတွေဟာ မိန်းမတွေထက်
ပိုလို့ အသိဉာဏ် ရှိတယ်လို့ ယူဆ ကြဖွယ်ရာ ရှိပါတယ်။ဒါပေမယ့် ဉာဏ်စွမ်းရည်
အရည်အချင်းစစ် စာမေးပွဲ (IQ test) တွေအရတော့ ယောကျ်ားနဲ့မိန်းမဟာ
အသိဉာဏ်ချင်း ၊ ဉာဏ်စွမ်းရည် ချင်း ဘယ်သူကမှပိုလို့မသာလွန်ပါဘူး။
မိန်းမများဟာ ယောက်ျားများနှင့် ဉာဏ်ရည် တူညီတာကိုတွေ့ကြ ရပါ တယ်။
မိန်းမတွေရဲ့
ဦးခေါင်းဟာယောက်ျားတွေရဲ့ ဦးခေါင်း ထက် သေးငယ် ပေမယ့် သိပ္ပံနည်းကျ
စမ်းသပ်လေ့လာမှုတွေအရ မိန်းမတွေဟာ ယောကျ်ား တွေထက်ဉာဏ်ရည် မနိမ့်ကျကြပါဘူး။
ယောက်ျား နဲ့ မိန်းမ တွေးခေါ် မြော်မြင် ်ပုံချင်း ကွာခြားကြတယ်
ဆိုတာကိုတွေ့ရှိရပါတယ်။
မိန်းမတွေရဲ့
ဦးနှောက်မှာတွက်ချက်ခြင်း (Calculation) ကို အားသန်တဲ့ တစ်ရှုး
(tissue)ပမာဏ ရာခိုင်နှုန်း ပိုမို များပြားတာကို တွေ့ရှိ ရပါ တယ်။
ဒါ့ကြောင့်လည်း မိန်းမတွေဟာ စျေးတွက်အတွက် တော်တာဖြစ်နိုင်ပါတယ်။
ယောကျ်ားတွေရဲ့ ဦးနှောက်မှာတော့ သတင်း အချက်အလက်တွေကို ကူးပြောင်းပေးတဲ့
တစ်ရှုး အပိုင်းက ပိုလို့ ကြီးမားပါတယ်။ မိန်းမတွေရဲ့ ဦးနှောက်မှာ
ချက်ချင်းဖြစ်စေနိုင် သော ကွင်းဆက် များ အတွက် ဖွဲ့စည်းထားတာဖြစ်လို့
မိန်းမများဟာ ဖြတ်ထိုး ဉာဏ် ကောင်း တတ်ကြတာ ဖြစ်နိုင်ပါတယ်။
အချိန်တိုခဏလေးအတွင်းမှာ မိတ်ဆွေ ဖြစ်လွယ်တတ် ကြ တာလည်း
မိန်းမများသာပဲဖြစ်ပါတယ်။
ယောကျ်ားများရဲ့
ဦးနှောက်ကတော့ မဆက်နွယ်သောစိတ်ကူး စိတ် ခံစား ချက်များအတွက်
ဒီဇိုင်းပြုလုပ်ထားတာကိုတွေ့ရပါတယ်။ ဥပမာ-ကားအသစ် အပေါ်မှာတွယ်ငြိခြင်း နဲ့
လိင်စိတ်နိုးကြွခြင်း လို မျိုး ဘယ်လိုမှ ဆက်နွယ်မှု မရှိတဲ့
ခံစားချက်မျိုးတွေကို ယောကျ်ားတွေခံစားကြရပါတယ်။
ယေဘူယျအားဖြင့်တော့မိန်းမများဟာ
နှုတ်မှုရေးရာမှာကြွယ်ဝကြပြီး ယောကျ်ားများကတော့ အာကာသ ဆိုင်ရာ
လုပ်ငန်းဆောင်တာ များမှာ ကျွမ်းကျင် ကြပါတယ်။ ကမ္ဘာဦး အစကတည်းက ယောကျ်ား
နဲ့ မိန်းမ နှစ်မျိုး တည်းသာရှိနေသော လိင်ဖြစ်ပြီး ခေတ်အဆက်ဆက် ယနေ့ထိတိုင်
ယောက်ျားများက ပိုလို့ တော်တယ် ။ မိန်းမများက ပိုလို့တော်တယ် စသည်ဖြင့်
စကားရည်လုပွဲတွေ ၊ ငြင်းခုံမှုတွေ ရှိနေပေမယ့်လည်း အနိုင်ရသူမရှိသေးပါဘူး။
နှစ်ဘက်စလုံး နိုင်လည်းမနိုင် ၊ ရှုံးလည်းမရှုံးဘဲ အငြင်းပွားမြဲ ဆက်လက်
အငြင်းပွား နေကြဆဲပဲဖြစ်ပါတယ်။
ယောကျ်ားနဲ့မိန်းမဟာဦးနှောက်ဖွဲ့စည်းပုံချင်းမတူညီကြပါဘူး။
ယောက်ျား တွေ ရဲ့ ဦးနှောက် အချို့ အစိတ်အပိုင်းတွေဟာ မိန်းမတွေရဲ့
ဦးနှောက် အချို့ အစိတ်အပိုင်းတွေထက် အနည်းငယ် ပိုမိုကြီးမားတတ်ပြီး
မိန်းမတွေရဲ့ ဦးနှောက် အချို့သောအစိတ်ပိုင်းများဟာယောက်ျားများရဲ့ ဦးနှောက်
အချို့အစိတ်
အပိုင်း တွေထက်ပိုမိုကြီးမားပါတယ်။ ချုံပြီးကြည့်မယ်ဆိုရင်တော့ မိန်းမတွေ
ရဲ့ ဦးနှောက် အရွယ်အစားဟာ ယောကျ်ားတွေရဲ့ ဦးနှောက ်အရွယ်အစားထက်
တစ်ဆယ်ရာခိုင်နှုန်း (၁၀%) ပိုလို့ သေးငယ် ပါတယ်။ ဒီလို သေးငယ်ပေမယ့်လည်း
ဉာဏ်ရည် စမ်းသပ်မှုတွေမှာတော့ မိန်းမများ ဟာ ယောက်ျားများ ကဲ့သို့ပင်တန်းတူ
ဉာဏ်စွမ်းရည်ရှိတာကိုတွေ့ရပါတယ်။
သိပ္ပံပညာရှင်များကတော့
မိန်းမများရဲ့ ဦးနှောက်ဟာ ပိုလို့ အကျိုး ဖြစ်ထွန်း စေတယ်လို့ဆိုကြပါတယ်။
မိန်းမများက စဉ်းစားဆင်ခြင်နိုင်စွမ်းပိုရှိတတ်ကြပြီး ဘယ်အရာ ဘယ်ပစ္စည်းတွေ
ဘယ်နေရာမှာရှိတယ်ဆိုတာနဲ့ နေရာ အမှတ် အသား ၊ လမ်းခရီး
အမှတ်အသားတွေကိုမိန်းမတွေက ပိုမှတ်မိ တတ်ကြ ပါ တယ်။
ယောကျ်ားများကတော့
လေကြောင်း ၊ရေကြောင်း လမ်းခရီးများ မှာပဲ့ ထိန်း နိုင်မှု
ကောင်းမွန်ပါတယ်။ ဒါကြောင့်လည်းလေယာဉ်မှုးများ ၊ အာကာသ ယာဉ်မှုး များ
အများစုဟာ ယောကျ်ားများသာဖြစ်နေခြင်းဖြစ်ပါတယ်။ သိပ္ပံပညာနယ်ပယ်၊
စက်မှုနယ်ပယ်များမှာ ယောကျ်ား အရေအတွက်က မိန်းမ အရေအတွက်ထက် ပိုများ
နေခြင်းဟာ ယောက်ျားများ ကမိန်းမ များထက် သချင်္ာ စွမ်းရည် ပိုမို ကောင်း
မွန်သောကြောင့်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိ မျက်မှောက် ကာလမှာ သိပ္ပံပညာ
နယ်ပယ် အတွင်းကိုမိန်းမများ ၀င်ရောက် နေရာ ယူလာ ကြပြီး ဆေးပညာ ၊ ဇီဝဗေဒ ၊
ကွန်ပျုတာ ၊ ရူပဗေဒ နဲ့စက်မှုနယ်ပယ်များမှာ
မိန်းမဦးရေတစ်နေ့တစ်ခြားတိုးပွားလက်ရှိနေပါတယ်။
ဟနစံ
၂၁ ရက်၊ ဇွန်လ၊ ၂၀၀၆ ခုနှစ် ။
No comments:
Post a Comment