ယနေ့ခေတ်မှာ ဘဝတစ်ခု ရပ်တည်ဖို့ ဆိုတာ မလွယ်ကူဘူးဆိုတာ ကျွန်မတို့တွေ
သိပြီးသားပဲ ဖြစ်ပါတယ်။ နေ့စဉ် နေ့တိုင်း ကျွန်မတို့တွေဟာ နံနက်ဆိုရင်
အိပ်ယာ နိုးထ ရပါတယ်။ အဝတ်အစားတွေ ဝတ်ဆင်ကာ အလုပ်ကိုသွားရပြန်ပါတယ်။
ပြီးတော့ ကျွန်မတို့ရဲ့လူမှု ပတ်ဝန်းကျင်အတွက် အကျိုးမဲ့သူ တစ်ယောက်
မဖြစ်အောင် နေရပါတယ်။
အချိန်တွေ၊ ကြိုးစား အားထုတ်မှု
အင်အားတွေကို ပေးဆပ် လိုက်ရပြီးတဲ့အခါ ကျွန်မတို့က ပြန်လည် ရရှိဖို့
မျှော်လင့်တတ်ကြတာက ငွေကြေး ဓန (ပိုက်ဆံ) ကိုပါပဲ။ ပိုက်ဆံ ဆိုတာ
ကျွန်မတို့ လိုချင်တဲ့ အရာတွေကို ဝယ်ဖို့ အတွင် အင်အား တစ်ရပ်ပါပဲ။
ဒါ့အပြင် ကျွန်မတို့ကို လုံခြုံတဲ့ အမိုး အကာ ကိုပေးပြီး ကျွန်မတို့ထက် ဓန
အင်အား အားနည်းတဲ့ လိုအပ်နေသူများကို ကူညီဖို့လည်း အခွင့်အရေး တစ်ရပ်
ဖြစ်နေပါသေးတယ်။ ဒါပေမဲ့ ကျွန်မတို့ဟာ လိုတာတွေ မရနိုင်ဘူး လို့ အမြဲ
မိမိကိုယ်ကို မကျေမနပ် ဖြစ်နေတတ်ကြ ပါသေးတယ်။ ရလာတာတွေနဲ့ ရောင့်ရဲနိုင်
ခြင်း မရှိတတ် ကြပြန်ပါဘူး။ ဓန ငွေကြေးအပေါ်မှာ လူတွေဟာ စိတ်အားအမြဲတန်း
ထက်သန် နေကြတာပါပဲ။ ဘယ်တော့မှလည်း ရရှိထားတဲ့ ပမာဏအပေါ်မှာ
ကျေနပ်နိုင်ခြင်း မရှိတတ်ကြပါဘူး။ ဒါတွေက ဘာဖြစ်လို့လဲ ဆိုတာကို
ခဏတဖြုတ်လောက် စဉ်းစား ကြည့်ကြ ရအောင်လား။
လိမ်မာပါးနပျစှာ အသုံးခကြွပါရဲ့လား။ တကယျလို့ မဟုတျဘူး လို့
အခု ကျွန်မတို့ကိုယ် ကျွန်မတို့ ဘယ်အခြေအနေ ရှိနေလဲ ဆိုတာ
သတ်မှတ်ကြည့်ကြရအောင်။ လူအများစုဟာ သူတို့ တကယ်လိုအပ်တဲ့ ငွေကြေး ပမာဏထက်
အနည်းငယ်မျှ ပိုမို ရရှိ ခြင်းမှာပဲ ရောင့်ရဲ နေတတ် ပါတယ်။ တကယ်တော့
ပိုက်ဆံပိုရတဲ့နေရာ ၊ပိုက်ဆံပိုရတဲ့ အလုပ်ကို ဆန့်ကျင်ဖို့ ဆိုတာ အင်မတန်
ခက်ခဲပါတယ်။ ဒါပေမဲ့ ကျွန်မတို့က ဒီနေရာမှာ အင်အားစိုက်ထုတ်သုံးမယ် ၊
ဒီနေရာ ဒီအလုပ်ကို ရဖို့အတွက် ပညာရှိသလို ကြိုးစားမယ်ဆိုရင်
ဖြစ်နိုင်ပါတယ်။ အလုပ်မှ ပင်စင် ယူတဲ့ အချိန်မှာ လက်ထဲမှာ ငွေကြေး
သန်းပေါင်းများစွာ ရှိနေတဲ့ သူတွေတောင်မှ ငွေကြေးကို ထပ်မံ
အလိုရှိနေကြပါတယ်။
ငွေကြေး စုဆောင်းခြင်းဆိုတာ အဓိက
သော့ချက် ဖြစ်နေပါတယ်။ ချမ်းသာကြွယ်ဝသော သူများက မယုံကြည်နိုင်လောက်တဲ့
ပမာဏ ဝင်ငွေ လစာကောင်းဖို့ မလိုအပ်ပါဘူး လို့ ဆိုကြပြန်ပါတယ်။ ငွေကြေးကို
စုဆောင်းဖို့ ကတော့ လိုအပ်လှပါတယ်။ ကျွန်မတို့ စိုက်ထုတ်ရမယ့် အင်အားကတော့
ငွေကြေး ရှာဖွေဖို့ ၊ ၊ ဘတ်ဂျက် အစီအစဉ်များဆွဲဖို့ ၊ စုဆောင်းဖို့ နဲ့
ပါးနပ်စွာ အသုံးချဖို့တို့ပဲ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ဒီလိုလုပ်နိုင်ဖို့
ဆိုတာ အခြား အရာတွေကို လုပ်ရတာထက် ပိုလို့ ခက်ခဲပါတယ်။ ကိစ္စမရှိပါဘူး။
လူတိုင်းက မိမိတို့ ဘာဖြစ်ချင်တယ် ဆိုတာကို ရအောင်လုပ်ဖို့ စိတ်ဆန္ဒ ရှိတတ်
ကြပါတယ်။
စိတ်အား ထက်သန်တဲ့သူဆိုရင် ပန်းတိုင်က
ဘယ်လောက်ပဲ ခက်ခဲ ဝေးကွာ နေပါစေဦးတော့ …ပန်းတိုင်ကို ရောက်ရှိဖို့ လုပ်ငန်း
တာဝန်များကို ကြိုးစား လုပ်ဆောင် ကြပါတယ်။ တကယ်လို့များ ပန်းတိုင်က
ငွေကြေး ပမာဏ တစ်ခုခု ဖြစ်နေမယ်ဆိုရင် အလုပ်ကို ကြိုးစား လုပ်ကာ ၊
စုဆောင်းကြပါတယ်။ အချိန်ပို အလုပ်ဆင်းခြင်း နဲ့ အပိုဝင်ငွေ ရရှိအောင်
အလုပ်တစ်ခု ပိုမို လုပ်ခြင်းက တကယ်တန်းကျတော့ မလွယ်ကူလှပါဘူး။ ငွေကြေး
စုဆောင်းနိုင်ဖို့ကို ကျွန်မတို့က ကျွန်မတို့ လိုချင်တဲ့ အရာတွေကို မဝယ်ဘဲ
နေနိုင်ဖို့ကို ကြိုးစား နေထိုင်ရပြန်ပါတယ်။ ရေရှည် ငွေကြေး အစီအစဉ်များနဲ့
ရင်းနှီးမြှုပ်နှံဖို့ ကို သေချာ လေ့လာ စီစဉ်ရပါမယ်။
ရည်ရွယ်ချက် ကြီးမားသူ အဖို့ကတော့ လတ်တလောမှာ ခံစားရမှာ တော့ အမှန်ပါပဲ။
လိုချင်တာတွေကို မဝယ်ရဘဲ၊ လုပ်ချင်တာတွေကို မလုပ်ရဘဲ လက်ရှိ အခြေအနေမှာ
စိတ်ကျဉ်းကြပ်နေပေမယ့်လို့ နောင်အနာဂတ်မှာ လိုချင်တဲ့ ၊ ရောက်ချင်တဲ့
ပန်းတိုင်ကို ရရှိ၊ ရောက်ရှိမှာ ဖြစ်ပါတယ်။ ကျွန်မတို့ ကြုံတွေ့ရမယ့်
အခက်အခဲတစ်ခုမှာ အချိန် ဆိုတာလည်း ပါပါသေးတယ်။
ကျွန်မတို့ ချမှတ်ထားတဲ့ ပန်းတိုင်ကို ကျွန်မတို့ရောက်ရှိဖို့ကို ဘယ်သူ
တစ်ဦးတစ်ယောက်ကမှ ကျွန်မတို့ကို မတားဆီးနိုင်ပါဘူး။ ကျွန်မတို့က တားဆီးဖို့
ခွင့်ပြုလိုက်တယ် ဆိုရင်တော့လည်း မဖြစ်ပေတော့ဘူးပေ့ါ။ ကြိုးစားခြင်း
ဆိုတာက ကျွန်မတို့ကို အခုလက်ရှိ အခြေအနေထက် ပိုမို ကောင်းမွန်တဲ့
ကျွန်မတို့ အဖြစ်ကို ရောက်စေပါတယ်။ အကောင်းဘက်ကိုပဲ တွေးပြီး ကျွန်မတို့ရဲ့
ပန်းတိုင်ကို ရောက်ရှိအောင် ကြိုးစားရပါမယ်။ ကျွန်မတို့ရဲ့ အနာဂတ်
အစီအစဉ်တွေကို စိတ်အား ထက်သန်ပြီးတော့ ကြိုးစားမယ်ဆိုရင် ရောက်လိုတဲ့
ပန်းတိုင်ကို ရောက်ရှိမှာပါပဲ။ လူတိုင်းကတော့ မချမ်းသာလာနိုင်ပါဘူး။
ဒါပေမဲ့လည်း ချမ်းသာချင်စိတ် ရှိသူဟာ ဆုံးဖြတ်ပြီးတာနဲ့ တပြိုင်နက်
ပန်းတိုင်ကို ရောက်ရှိဖို့ စိတ်အား ထက်သန်စွာ ကြိုးစားပါတော့တယ်။
Diligence ( A Pearl of Wisdom) , Borneo Post Saturday 24 January 2009 ကို ဘာသာပြန်ဆိုပါသည်။
No comments:
Post a Comment