အသည်းကွဲတဲ့ရောဂါကို ဘယ်လိုကုစားရမလဲဆိုတာ အစဉ်းစားရ အကြပ်ဆုံး ပါပဲ။
အသည်းကွဲတယ်ဆိုတာနဲ့ လူတွေဟာ ဘာကိုမှစိတ်မဝင်စားတော့ဘဲ ဝမ်းနည်းစိတ်က သာ
ကြီးစိုးနေပြီး အချို့ဆိုလျှင် မိမိကိုမိမိ သတ်သေချင်စိတ်တောင်ပေါက်တယ်
လို့ ပြောကြပါတယ်။ လူဆိုတာခံစားချက်ရှိတဲ့သူတွေမို့အပြစ်ပြောလို့မရပါဘူး။
အချစ်ကြီး ရင်ကြီး သလို ခံစားကြရမှာပါပဲ။ ဖြစ်လာပြီးမှတော့
ဘာမှမတတ်နိုင်ပါဘူး။ အဆိုးထဲကမှ အကောင်းကိုဆွဲထုတ်ယူပြီး ဘဝ မှာအ ဆင်ပြေပြေ
ပျော်ရွှင်အောင် နေဖို့နည်းလမ်း ရှာတွေ့ ရတော့မှာပေ့ါ။
လူ့ဘဝတာ ခဏတိုတိုလေးအတွင်းမှာ ဝမ်းနည်းပူဆွေးကြေကွဲမှုတွေနဲ့သာ
အချိန်တွေကုန်လွန်ရမယ်ဆိုရင် လူဖြစ်လာရတာ အရှုံးကြီးပါပဲ။ အသည်းကွဲတယ်
ဆိုတဲ့ ရောဂါက ကုသလို့မရတဲ့ရောဂါမှမဟုတ်ဘဲလေ။ ကုသပျောက်ကင်းဖို့တော့
အချိန်နည်းနည်း ပေးရမှာပေ့ါ။ တစ်ယောက်တည်းနေရတာလည်း တစ်ခါတစ်ခါ
ကောင်းပါတယ်။
ကိုယ်လုပ်ချင်ရာ
ဝါသနာပါတာလေးတွကို ကိုယ့်စိတ်ကူးလေးနဲ့ ကိုယ်တစ်ယောက် တည်းလုပ်နေရတာလည်း
ကြည်နူးးချမ်းမြေ့စရာပါပဲ။ အသည်းကွဲရောဂါ ကို ကုသဖို့က အ ဓိကက
ကိုယ့်စိတ်ပါပဲ။ အသည်းကွဲရောဂါ ကို မိမိဘာသာ ကုစားကြည့်ကြရအောင်။
-
သူငယ်ချင်းများနဲ့တွေ့ဆုံပြီး ပျော်ပွဲ ရွှင်ပွဲလေး တစ်ခုခုဖန်တီးပါ။
သူငယ်ချင်းတွေ ကိုယ့်အနားမှာ ရှိနေတာ ကိုယ့်စိတ်ကို ပေါ့ပါးလွတ်လပ်စေပြီး
ပျော်ရွှင်မှုတွေရစေပါတယ်။
-အချစ်ဟောင်းနဲ့ ပတ်သက်သမျှ စာ ၊
ပစ္စည်း ၊ အမှတ်တရလေးများ အားလုံးကို စက္ကူကတ်ထူ
ဗူးတစ်ခုတစ်ခုတွင်ထည့်ပြီး ကိုယ်မမြင်နိုင်တော့တဲ့နေရာတစ်ခုမှာ
သွားစွန့်ပစ်လိုက်ပါ။ အမှတ်တရ ပစ္စည်းလေးတွေကို မမြင်တွေ့ရတော့ သူနဲ့
ပတ်သက်သမျှအကြောင်းတွေ ဘာကိုမှမတွေးမိတော့ဘူးပေ့ါ။
-ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း တစ်ခုခု ကို မိမိ၏ကာယအလှနဲ့ ကျန်းမာရေးအတွက် စလုပ်လိုက်ကြရအောင်လေ။
-
စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ ခံစားချက်တွေအားလုံးကို ဒိုင်ယာရီ
စာအုပ်ထဲမှာဖြစ်ဖြစ် ၊ ဗလာစာအုပ်တစ်အုပ်ထဲမှာဖြစ်ဖြစ် နေ့စဉ် ချရေးလိုက်ပါ။
ဥပမာ-မနေ့ကစျေးဝယ်ထွက်တုန်းက စာအုပ်အသစ်တွေတွေ့ခဲ့တယ်။ ဖတ်ပြီးတဲ့ စာအုပ်
အကြောင်း သူငယ်ချင်းဆီဖုန်းဆက်ပြောဦးမှ။ ပန်းပင်တွေရေလောင်းရဦးမှာပါလား။
ဆိုတာမျိုး ပေါ့ပေါ့ပါးပါး အတွေးလေးတွေက ရင်ထဲကဝမ်းနည်းမှုတွေကို
ချေဖျက်သက်သာစေနိုင်ပါတယ်။
-စိတ်ပါဝင်စားတဲ့
လူမှုရေးအသင်းအဖွဲ့တွေမှာ ပါဝင်လှုပ်ရှားလိုက်ပါ။ သူငယ်ချင်းအသစ် ၊ မိတ်ဆွေ
အသစ်တွေနဲ့ တွေ့ဆုံဖို့ဆိုတာ အမြဲတန်းစောနေတယ်ရယ်လို့မရှိပါဘူး။
မိတ်ဆွေသစ်တွေထပ်ရချိန်ဟာ နောက်တောင်ကျနေပါသေးတယ်။
-ဘာသာစကားသင်တန်း တစ်ခုခု ၊ ကွန်ပျုတာသင်တန်း ၊ ပန်းချီ အနုပညာ သင်တန်း တစ်ခုခု တက်ပြီး တစ်ခုခု ကိုလေ့လာသင်ယူလိုက်ပါ။
-စိတ်ထဲမှာဝမ်းနည်းစိတ်တို့ကြီးစိုးလာတဲ့အခါမျိုးမှာ
၊စိတ်ဓါတ်ကျလာတဲ့အခါမျိုးမှာ စိတ်ဝင်စားဖွယ်ကောင်းတဲ့ စာအုပ်တစ်အုပ်
သို့မဟုတ် ရုပ်ရှင်တစ်ကား နဲ့ အချိန်ကုန်လိုက်ပါ။
-အပြင်ထွက်ပြီး မိမိအနှစ်သက်ဆုံးအစားအစာတွေကို သွားစားလိုက်ပါ။ ရုပ်ရှင်ရုံမှာ ရုပ်ရှင်ဝင်ကြည့်ရင်ပိုတောင်ကောင်းပါသေးတယ်။
-ချစ်သူနဲ့
အတူရှိနေခဲ့ချိန်တိုင်းမှာ ကိုယ်ပြောဖူးတဲ့ ကိုယ်ဖြစ်ချင် လုပ်ချင်တဲ့
အလုပ်တစ်ခု ကိုလုပ်လိုက်ပါ။ ဥပမာ-၀ထ္ထု တစ်ပုဒ်ရေးကြည့်ဦးမယ်
ဆိုတာမျိုးပေ့ါ။
-ပန်းပင်လေးတစ်ပင်လောက် စိုက်ပျိုးလိုက်ပါ။ ကြောင်လေးတစ်ကောင်၊ ခွေးလေးတစ်ကောင် မွေးထားမယ်ဆိုရင်လည်း သဘောပါပဲ။
-ပျော်ရွှင်ဖွယ်ရာအဆုံးသတ်တဲ့
အချစ်ဝထ္ထု တွေကိုဖတ်လိုက်ပါ။ ဇာတ်သိမ်းခန်းမှာ ပေါင်းစည်းပေးတဲ့
အချစ်ရုပ်ရှင်တွေကိုကြည့်လိုက်ပါ။ ဒါမှလည်း အချစ်ဆိုတာ ပျော်စရာကောင်းတဲ့
ဇာတ်သိမ်းခန်းရှိတယ် လို့ထင်ရမှာပေ့ါ။
-စွန့်ခွာသွားတဲ့ချစ်သူကို
သတိရတိုင်း ကဗျာလေးတွေရေးပြီး အဲဒီကဗျာလေးတွေကို
ပုလင်းလွတ်တစ်လုံးထဲထည့်ပြီး ရေစီးနေတဲ့ချောင်း ၊ မြစ် တစ်ခုမှာ
သွားမျှောလိုက်ပါ။ သူ့အတွက်အလွမ်းတွေ အကုန်လုံးပါသွားပြီပေ့ါ။
-ကိုယ့်ရဲ့အိမ်ခန်း
၊ နေအိမ် လေးကို သပ်ရပ်သန့်ရှင်းအောင်ပြုပြင်ရှင်းလင်းလိုက်ပါ။
မလိုအပ်တဲ့အမှိုက်တွေ ၊ ပစ္စည်း တွေ ကို လွှတ်ပစ်လိုက်ပါ။ ကိုယ်နှစ်သက်တဲ့
ပန်းချီကား ၊ အလှပန်းအိုးလေးတွေနဲ့ အိမ်ခန်းလေးကို အလှဆင်လိုက်ရင်
ကိုယ့်အတွက်နန်းတော်လေး ဖြစ်သွားပြီပေ့ါ။
-ခရီးတိုလေးတစ်ခုထွက်လိုက်ပါ။
နေရာအသစ်အဆန်းလေးတစ်ခုက စိတ်ဝင်စားစရာတွေနဲ့ ပြည့်နေလို့ စွန့်ခွာသွားတဲ့
ချစ်သူဟောင်းကို သတိရဖို့တောင် တွေးမိမှာမဟုတ်ပါဘူး။
-သူငယ်ချင်းတွေနဲ့ ပျော်ရွှင်စွာ အချိန်တွေကုန်ဆုံးလိုက်ပါ။
ခုလိုဆိုရင် ဘယ်မှာလာထပ်ပြီး အသည်းကွဲဝေဒနာခံစားရဦးမှာလဲ။ ဘဝဟာ ပျော်စရာ ကောင်းသွားပြီပေါ့နော်။
သတင်းစာ ဆောင်းပါး How to mend a Broken Heart ကို ဘာသာပြန်ဆိုပါသည်။
Showing posts with label ဘာသာပြန်. Show all posts

Wednesday, 1 February 2017
ပိုက်ဆံကို ဂရုစိုက်ပါ
ပိုက်ဆံက ရလာလိုက် ၊ ကုန်သွားလိုက်ပါပဲ…စုကို မစုဖြစ်ပါဘူးဆိုတဲ့
ညည်းတွားစကားကို ကျွန်မတို့တွေ ကိုယ်တိုင်လည်းပြောနေဖြစ် ၊ မကြာခဏ လည်း
ကြားနေရပါတယ်။ ဒီဘက်နှစ်တွေမှာ ကျွန်မတို့တွေဟာ လူသုံးကုန် ၊ စားသောက်ကုန်
နဲ့ ဓာတ်ဆီ တွေအတွက် ငွေကြေးကို ပိုမို သုံးစွဲလာရပြီး စုဆောင်းနိုင်ခြင်း
မရှိပါဘူး။
ဘာဖြစ်လို့ ကျွန်မတို့တွေ ငွေကြေးမစုဆောင်းနိုင်ရတာလဲ ဆိုတဲ့ မေးခွန်း မေးလာစရာရှိပါတယ်။ တကယ်တော့ ငွေကြေးစုဆောင်းခြင်းဆိုတာ ကျွန်မတို့အတွက် အလွန် ကောင်းမွန်တဲ့ အလေ့အထ ဖြစ်တယ်ဆိုတာ သိနေပေမဲ့လည်း ဘာကြောင့် ကျွန်မတို့ ငွေကြေးမစုဆောင်းနိုင် ရတာပါလဲ။
ယနေ့ခေတ်မှာ ငွေကြေးစုဆောင်းခြင်းဟာ အင်မတန်မှကို ခက်ခဲလှ ပါတယ်။ကျွန်မတို့ရဲ့ဝင်ငွေဟာ စားသောက်ကုန် နဲ့ ကားဓာတ်ဆီ အတွက် သင့်လျော်လောက်တဲ့ ပမာဏ မဟုတ်ဘူး ဆိုရင် ငွေကြေးစုဆောင်းဖို့ အင်မတန်မှကို ခက်ခဲပါလိမ့်မယ် လို့ University of California မှ psychology professor ဖြစ်သူ Anthony Pratkanis ကဆိုပါတယ်။ယနေ့အချိန်မှာ စားသောက်ကုန်နဲ့ ဓာတ်ဆီစျေးဟာ တဖြည်းဖြည်း သိသိသာသာရော ၊ မသိမသာပါ တက်နေပါတယ်။ပြီးခဲ့တဲ့နှစ်ကတည်းက စားသောက်ကုန်စျေးနှုန်း ဟာ ၄၀ % တက်လာတယ်လို့ UN Food and Agriculture Organization ကဆိုပါတယ်။တစ်ချိန်တည်းမှာပဲ ရေနံစိမ်းစျေးက ၂၀၀၂ ခုနှစ်ကတည်းကစလို့ ၅ဆ တက်လာပါတယ်။ ကမ္ဘာ့ စီးပွားရေး ဆုတ်ယုတ်မှု နဲ့ ငွေကြေးဖောင်းပွလာမှုကြောင့် ငွေကြေးစုဆောင်းမိဖို့ ပိုမို ခက်ခဲလာရပါတယ်။
ခရက်ဒစ် ကဒ် (အကြွေးဝယ်ခွင့် ကဒ်) များ ကြောင့်လည်း ငွေကြေး စုဆောင်းနိုင်မှု မရှိခြင်း ရဲ့ အကြောင်းရင်း တစ်ခု ဖြစ်နေပြန်ပါသေးတယ်။ ဘဏ်များက စည်းကမ်းချက်များနှင့် ကိုက်ညီတဲ့ သူများကို ခရက်ဒစ်ကဒ် ထုတ်ပေးနေခြင်းဟာ ငွေကြေးသုံးစွဲမှုကို ပိုမိုလွယ်ကူစေပြီး ငွေကြေးစုဆောင်းနိုင်ခြင်းကို လျော့နည်းစေပါတယ်။အာရှပစိဖိတ်ဒေသမှာ ခရက်ဒစ်ကဒ် သန်းပေါင်း ၅၈၀ လည်ပတ်နေပြီး ၂၀၀၂ ခုနှစ်မှစကာ ခရက်ဒစ်ကဒ် သုံးစွဲသူပေါင်း ၅၄% တိုးမြင့်လာတယ် လို့ Euromonitor Report ကလေ့လာကာ ပြောကြားခဲ့ပါတယ်။
၅ နှစ်တာ ကာလအတွင်းမှာ ခရက်ဒစ်ကဒ် လုပ်ငန်းဆောင်ရွက်မှု ၆၂% တိုးမြင့်လာပါတယ်။ အာရှနိုင်ငံများဖြစ်သော စင်္ကာပူ ၊ မလေးရှား နိုင်ငံများမှာ ပစ္စည်းဝယ်ယူခြင်း ၊ ငွေသားထုတ်ယူခြင်း အကြောင်းရင်းတို့ အပါအဝင် ခရက်ဒစ်ကဒ် သုံးစွဲမှုဟာ ၁၉၉၈ မှ ၂၀၀၅ ခုနှစ်ကာလအတွင်း ၂၀၀ မှ ၅၀၀ % ထိ တိုးမြင့်လာတယ် လို့ the Bank for International Settlements ရဲ့ လေ့လာမှုများက ဆိုပါတယ်။အဲဒီလို ခရစ်ဒစ်ကဒ်များ အလွယ်တကူ ရရှိနေခြင်းကြောင့် flat TV လိုမျိုး အိမ်တွင်း ဇိမ်ခံပစ္စည်းများကို ပလပ်စတစ် ခရက်ဒစ်ကဒ် ထိုးပေးလိုက်ရုံဖြင့် လွယ်ကူစွာ ဝယ်ယူနိုင်ပြီး ငွေကြေးစုဆောင်းဖို့ ခဲယဉ်းလာပြန်ပါတယ်။
မလိုအပ်သေးသော ပစ္စည်းများကို လွယ်လင့်တကူ ဝယ်ယူခြင်းဟာလည်း ငွေကြေးစုဆောင်းရန် ခက်ခဲတဲ့ အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ မလိုအပ်ဘဲ ဖိနပ်အသစ် တစ်ရံ ဝယ်မယ်ဆိုရင် အခုချက်ချင်း ဝယ်လိုက်လို့ရပါတယ်။ ဒါပေမယ့် ဒီ ဖိနပ်အသစ်တစ်ရံကို အခု ဝယ်လိုက်မလား..နောင် နှစ် ၂၀ မှာ ပင်စင်ယူပြီးချိန်မှာ မပူမပင် မကြောင့်မကြ ဘဲ နေမလား ဆိုတာ ကျွန်မတို့ ရွေးချယ်ရမှာ ဖြစ်ပါတယ်။ အခုလက်ရှိအချိန်မှာ စိတ်ပျော်ရွှင်မှုကို နောင် အနာဂတ်မှာ ပျော်ရွှင်ရမှုထက် ပိုလို့ အလေးထားမိမှာပါပဲ။ ဒါပေမယ့် နောင်အနာဂတ်မှာ ရရှိလာမယ့် အကျိုးဆက်ကတော့ ပိုလို့ ကြီးမားနေပါတယ်။
ငွေကြေးကျွမ်းကျင်သူ ပညာရှင်များက တကယ်လို့ သင်ဟာ အခု အသက် ၂၀ ရှိပြီး တစ်လကို ငွေ ၁၀၀ ဒေါ်လာကို ဘဏ်မှာစုမယ်ဆိုရင် ၈% အတိုးရရှိပြီး သင် ပင်စင်ယူချိန်မှာ သင့်မှာ ငွေ ၅၂၇ ၄၅၄ ဒေါ်လာ ရှိနေမှာဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ အသက် ၂၀ မှာ စမစုဘဲ အသက် ၃၀ ထိတိုင်အောင် ၁၀ နှစ်နောက်ကျပြီး စောင့်လိုက်မယ်ဆိုရင် သင် ပင်စင်ယူချိန်မှာ သင့်ထံမှာ ငွေ ၂၂၉ ၃၈၈ ဒေါ်လာသာ ရှိနေပါမယ် လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း ကျွန်မတို့ရဲ့ အမြင်အာရုံထဲကို လှပဆွဲဆောင်မှု ရှိသော လူသုံးကုန် ၊ အိမ်သုံးကုန် ပစ္စည်းများက ဝင်ရောက်လာ တဲ့အခါမှာ ဘယ်လိုပင် ပြောစေဦးတော့ အနာဂတ်ဆိုတာကို ကျွန်မတို့ ဦးနှောက်က မစဉ်းစားမိကြတော့ပါဘူး။ အဲဒီအခါမှာ ကျွန်မတို့က ပန်းတိုင် တစ်ခုထားဖို့ လိုအပ်လာပါတယ်။ အဲဒီ ပန်းတိုင်က ဘာလဲဆိုတော့ ကျွန်မတို့ ပင်စင်ယူရင် ဘယ်လိုနေမလဲ ဆိုတာပါ။ပင်စင်ယူပြီးချိန်မှာ သက်တောင့်သက်သာ ရှိသော အိမ်ကြီးမျိုးနှင့်နေလိုတယ် ဆိုလျှင်တော့ ကျွန်မတို့ရဲ့ စားပွဲပေါ်က သီချင်းခွေများ၊ ဖိနပ်ဘီရိုထဲက မစီးဖြစ်သော ရှုးဖိနပ်များ၊ မဖတ်ဖြစ်ဘဲ ဝယ်ထားသော စာအုပ်များ၊ မလိုအပ်သော အလှပြင်ပစ္စည်းများ နဲ့ ကျွန်မတို့ရဲ့ ပန်းတိုင်ဖြစ်တဲ့ အိမ်ကောင်းကောင်း တစ်လုံးနဲ့ နှိုင်းယှဉ်ကာ ကျွန်မတို့ရဲ့ စိတ်ကို ကျွန်မတို့ နိုင်နင်းစွာ ပိုင်းဖြတ်ရမှာ ဖြစ်ပါတယ်။ မိတ်ဆွေများ ၊မိသားစုဝင်များကိုလည်း မိမိရဲ့ ပန်းတိုင်ကို ပြောပြပြီး ထိုပန်းတိုင်ကို ရရှိရန်အတွက် မနှောင့်ယှက်ကြရန် ပြောထားပါ။ မိမိ မလိုအပ်သော ပစ္စည်းများကို ဝယ်ယူမှာ မဟုတ်ဘူူးဆိုတာကို မိသားစုဝင်များ၊ မိတ်ဆွေများကို အသိပေး ပြောကြားထား သင့်ပါတယ်။
မိမိစိတ်ကို မိမိပြုပြင်ပြောင်းလဲပြီး ငွေကြေးစုဆောင်းခြင်း အလေ့အထ ကိုမွေးမြူကာစမှာ မိမိအတွက် မိမိ အနစ်နာခံခြင်းဖြစ်ပေမယ့် နောင်အနာဂတ် မှာ စိတ်အေးချမ်းသာစွာ နေထိုင်ရမှာ ဖြစ်ပါတယ်။
ငွေကြေးစုဆောင်းခြင်းအလေ့ဟာ ကျွန်မတို့ကို ပိုမိုကောင်းမွန်တဲ့ လူသားတစ်ဦး ဖြစ်လာစေပြီး ပျော်ရွှင်ချမ်းမြေ့ စေမှာဖြစ်ပါတယ်။ အစပထမ မှာတော့ ခက်ခဲကောင်း ခက်ခဲပေမယ့် ကြိုးစားဖြစ်အောင် ကြိုးစားပြီး စုဆောင်းခြင်းဖြင့် ကျွန်မတို့ရဲ့ အနာဂတ် ၊ ကျွန်မတို့ရဲ့ ရင်သွေးတွေအတွက် ပျော်ရွှင်ချမ်းမြေ့သော ဘဝ တစ်ခု ဖြစ်လာမှာ မလွဲပါဘူး ရှင်။
၂၀၀၈ ၊ အောက်တိုဘာလထုတ် ရီးဒါးစ်ဒိုင်ဂျက်စ်မဂ္ဂဇင်းမှ Jean Chatzky ၏ Mind Over Money ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။

စုဆောင်းခြင်းပန်းတိုင်
ယနေ့ခေတ်မှာ ဘဝတစ်ခု ရပ်တည်ဖို့ ဆိုတာ မလွယ်ကူဘူးဆိုတာ ကျွန်မတို့တွေ
သိပြီးသားပဲ ဖြစ်ပါတယ်။ နေ့စဉ် နေ့တိုင်း ကျွန်မတို့တွေဟာ နံနက်ဆိုရင်
အိပ်ယာ နိုးထ ရပါတယ်။ အဝတ်အစားတွေ ဝတ်ဆင်ကာ အလုပ်ကိုသွားရပြန်ပါတယ်။
ပြီးတော့ ကျွန်မတို့ရဲ့လူမှု ပတ်ဝန်းကျင်အတွက် အကျိုးမဲ့သူ တစ်ယောက်
မဖြစ်အောင် နေရပါတယ်။
အချိန်တွေ၊ ကြိုးစား အားထုတ်မှု အင်အားတွေကို ပေးဆပ် လိုက်ရပြီးတဲ့အခါ ကျွန်မတို့က ပြန်လည် ရရှိဖို့ မျှော်လင့်တတ်ကြတာက ငွေကြေး ဓန (ပိုက်ဆံ) ကိုပါပဲ။ ပိုက်ဆံ ဆိုတာ ကျွန်မတို့ လိုချင်တဲ့ အရာတွေကို ဝယ်ဖို့ အတွင် အင်အား တစ်ရပ်ပါပဲ။ ဒါ့အပြင် ကျွန်မတို့ကို လုံခြုံတဲ့ အမိုး အကာ ကိုပေးပြီး ကျွန်မတို့ထက် ဓန အင်အား အားနည်းတဲ့ လိုအပ်နေသူများကို ကူညီဖို့လည်း အခွင့်အရေး တစ်ရပ် ဖြစ်နေပါသေးတယ်။ ဒါပေမဲ့ ကျွန်မတို့ဟာ လိုတာတွေ မရနိုင်ဘူး လို့ အမြဲ မိမိကိုယ်ကို မကျေမနပ် ဖြစ်နေတတ်ကြ ပါသေးတယ်။ ရလာတာတွေနဲ့ ရောင့်ရဲနိုင် ခြင်း မရှိတတ် ကြပြန်ပါဘူး။ ဓန ငွေကြေးအပေါ်မှာ လူတွေဟာ စိတ်အားအမြဲတန်း ထက်သန် နေကြတာပါပဲ။ ဘယ်တော့မှလည်း ရရှိထားတဲ့ ပမာဏအပေါ်မှာ ကျေနပ်နိုင်ခြင်း မရှိတတ်ကြပါဘူး။ ဒါတွေက ဘာဖြစ်လို့လဲ ဆိုတာကို ခဏတဖြုတ်လောက် စဉ်းစား ကြည့်ကြ ရအောင်လား။
အခု ကျွန်မတို့ကိုယ် ကျွန်မတို့ ဘယ်အခြေအနေ ရှိနေလဲ ဆိုတာ သတ်မှတ်ကြည့်ကြရအောင်။ လူအများစုဟာ သူတို့ တကယ်လိုအပ်တဲ့ ငွေကြေး ပမာဏထက် အနည်းငယ်မျှ ပိုမို ရရှိ ခြင်းမှာပဲ ရောင့်ရဲ နေတတ် ပါတယ်။ တကယ်တော့ ပိုက်ဆံပိုရတဲ့နေရာ ၊ပိုက်ဆံပိုရတဲ့ အလုပ်ကို ဆန့်ကျင်ဖို့ ဆိုတာ အင်မတန် ခက်ခဲပါတယ်။ ဒါပေမဲ့ ကျွန်မတို့က ဒီနေရာမှာ အင်အားစိုက်ထုတ်သုံးမယ် ၊ ဒီနေရာ ဒီအလုပ်ကို ရဖို့အတွက် ပညာရှိသလို ကြိုးစားမယ်ဆိုရင် ဖြစ်နိုင်ပါတယ်။ အလုပ်မှ ပင်စင် ယူတဲ့ အချိန်မှာ လက်ထဲမှာ ငွေကြေး သန်းပေါင်းများစွာ ရှိနေတဲ့ သူတွေတောင်မှ ငွေကြေးကို ထပ်မံ အလိုရှိနေကြပါတယ်။
ငွေကြေး စုဆောင်းခြင်းဆိုတာ အဓိက သော့ချက် ဖြစ်နေပါတယ်။ ချမ်းသာကြွယ်ဝသော သူများက မယုံကြည်နိုင်လောက်တဲ့ ပမာဏ ဝင်ငွေ လစာကောင်းဖို့ မလိုအပ်ပါဘူး လို့ ဆိုကြပြန်ပါတယ်။ ငွေကြေးကို စုဆောင်းဖို့ ကတော့ လိုအပ်လှပါတယ်။ ကျွန်မတို့ စိုက်ထုတ်ရမယ့် အင်အားကတော့ ငွေကြေး ရှာဖွေဖို့ ၊ ၊ ဘတ်ဂျက် အစီအစဉ်များဆွဲဖို့ ၊ စုဆောင်းဖို့ နဲ့ ပါးနပ်စွာ အသုံးချဖို့တို့ပဲ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ဒီလိုလုပ်နိုင်ဖို့ ဆိုတာ အခြား အရာတွေကို လုပ်ရတာထက် ပိုလို့ ခက်ခဲပါတယ်။ ကိစ္စမရှိပါဘူး။ လူတိုင်းက မိမိတို့ ဘာဖြစ်ချင်တယ် ဆိုတာကို ရအောင်လုပ်ဖို့ စိတ်ဆန္ဒ ရှိတတ် ကြပါတယ်။
စိတ်အား ထက်သန်တဲ့သူဆိုရင် ပန်းတိုင်က ဘယ်လောက်ပဲ ခက်ခဲ ဝေးကွာ နေပါစေဦးတော့ …ပန်းတိုင်ကို ရောက်ရှိဖို့ လုပ်ငန်း တာဝန်များကို ကြိုးစား လုပ်ဆောင် ကြပါတယ်။ တကယ်လို့များ ပန်းတိုင်က ငွေကြေး ပမာဏ တစ်ခုခု ဖြစ်နေမယ်ဆိုရင် အလုပ်ကို ကြိုးစား လုပ်ကာ ၊ စုဆောင်းကြပါတယ်။ အချိန်ပို အလုပ်ဆင်းခြင်း နဲ့ အပိုဝင်ငွေ ရရှိအောင် အလုပ်တစ်ခု ပိုမို လုပ်ခြင်းက တကယ်တန်းကျတော့ မလွယ်ကူလှပါဘူး။ ငွေကြေး စုဆောင်းနိုင်ဖို့ကို ကျွန်မတို့က ကျွန်မတို့ လိုချင်တဲ့ အရာတွေကို မဝယ်ဘဲ နေနိုင်ဖို့ကို ကြိုးစား နေထိုင်ရပြန်ပါတယ်။ ရေရှည် ငွေကြေး အစီအစဉ်များနဲ့ ရင်းနှီးမြှုပ်နှံဖို့ ကို သေချာ လေ့လာ စီစဉ်ရပါမယ်။
ရည်ရွယ်ချက် ကြီးမားသူ အဖို့ကတော့ လတ်တလောမှာ ခံစားရမှာ တော့ အမှန်ပါပဲ။ လိုချင်တာတွေကို မဝယ်ရဘဲ၊ လုပ်ချင်တာတွေကို မလုပ်ရဘဲ လက်ရှိ အခြေအနေမှာ စိတ်ကျဉ်းကြပ်နေပေမယ့်လို့ နောင်အနာဂတ်မှာ လိုချင်တဲ့ ၊ ရောက်ချင်တဲ့ ပန်းတိုင်ကို ရရှိ၊ ရောက်ရှိမှာ ဖြစ်ပါတယ်။ ကျွန်မတို့ ကြုံတွေ့ရမယ့် အခက်အခဲတစ်ခုမှာ အချိန် ဆိုတာလည်း ပါပါသေးတယ်။
ကျွန်မတို့ ချမှတ်ထားတဲ့ ပန်းတိုင်ကို ကျွန်မတို့ရောက်ရှိဖို့ကို ဘယ်သူ တစ်ဦးတစ်ယောက်ကမှ ကျွန်မတို့ကို မတားဆီးနိုင်ပါဘူး။ ကျွန်မတို့က တားဆီးဖို့ ခွင့်ပြုလိုက်တယ် ဆိုရင်တော့လည်း မဖြစ်ပေတော့ဘူးပေ့ါ။ ကြိုးစားခြင်း ဆိုတာက ကျွန်မတို့ကို အခုလက်ရှိ အခြေအနေထက် ပိုမို ကောင်းမွန်တဲ့ ကျွန်မတို့ အဖြစ်ကို ရောက်စေပါတယ်။ အကောင်းဘက်ကိုပဲ တွေးပြီး ကျွန်မတို့ရဲ့ ပန်းတိုင်ကို ရောက်ရှိအောင် ကြိုးစားရပါမယ်။ ကျွန်မတို့ရဲ့ အနာဂတ် အစီအစဉ်တွေကို စိတ်အား ထက်သန်ပြီးတော့ ကြိုးစားမယ်ဆိုရင် ရောက်လိုတဲ့ ပန်းတိုင်ကို ရောက်ရှိမှာပါပဲ။ လူတိုင်းကတော့ မချမ်းသာလာနိုင်ပါဘူး။ ဒါပေမဲ့လည်း ချမ်းသာချင်စိတ် ရှိသူဟာ ဆုံးဖြတ်ပြီးတာနဲ့ တပြိုင်နက် ပန်းတိုင်ကို ရောက်ရှိဖို့ စိတ်အား ထက်သန်စွာ ကြိုးစားပါတော့တယ်။
Diligence ( A Pearl of Wisdom) , Borneo Post Saturday 24 January 2009 ကို ဘာသာပြန်ဆိုပါသည်။

ဘယ်တော့မှနောက်မကျပါဘူး
နှစ်ဟောင်း တစ်ခု ကုန်ဆုံး သွားခဲ့ပြန်ပြီးတော့ နှစ်သစ် တစ်ခု
ရောက်လို့လာပြန်ပါတယ်။ ကျွန်တော်တို့တွေရဲ့မိတ်ဆွေအချို့ က နှစ်စမှာတင်
နောင်လာမယ့်နှစ် အတွက် လုပ်ရမယ့် လုပ်ငန်းဆောင်တာတွေ ၊ အစီအစဉ်တွေ ချမှတ
်ရေးဆွဲပြီးကုန်ကြပေမဲ့ အချို့ကတော့ ရုန်းကန် လှုပ်ရှားဆဲ အနေအထားမှာ
လက်လျော့ အရှုံးပေးလိုက်ရခါနီးနီး အစွန်းအစပ်နားမှာ ဖြစ်နေပြီး
နောက်လာမယ့်နှစ်မှာ အခြေအနေတွေ ပိုမ ိုကောင်းမွန ်လာဖို့ မျှော်လင့်
ဆုတောင်း နေဆဲပဲ ရှိပါသေးတယ်။
ကျွန်တော ်ပြောချင်တာက နှစ်တစ်နှစ ်ကုန်ဆုံးသွားပေမယ့် ကျွန်တော်တို့ ခင်ဗျားတို့မှာ ဘဝ တိုက်ပွဲတွေ အတွက် နောက်ဆုံးကျည်ဆ ံတေ ွရှိနေနိုင်သေးတယ်။ နှစ်ဟောင်း အကုန်မှာ ရှိသလောက ်စွမ်းအား စုစည်ပြီး အားသွန်ခွန်စိုက ်ကြိုးစား ကြည့်လိုက်ဦးမယ်ဆိုရင် အောင်မြင်မှုကို တစ်ချက်တည်းနဲ့လည်း ရနိုင်လာသေးတာပဲ။ ကျွန်တော်တို့ မမြင်နိုင် မသိနိုင်တဲ့ ကျွန်တော်တို့ရဲ့ ကံကြမ္မာက ကျွန်တော်တို့ကို အခွင့်အလှည့် ပေးကောင်းပေးနိုင်ပါတယ်။
ကျွန်တော်ကောလိပ ်ကျောင်းသား ဘဝတုန်းက တွေ့ဆ ုံခင်မင ်ခဲ့ရတဲ့ ကျွန်တော်တို့ရဲ့ အတန်းဖော် ရို့ စ် ရဲ့ အကြောင်းကို ပြောပြရင်း အောင်မြင်မှု ပန်းတိုင်က ိုရဖို့အတွက် အချိန် အသက်အရွယ် ဆိုတာ တကယ်တော့ အရေးမကြီးလှပါဘူး လို့
ကျွန်တော ်ပြောချင်ပါတယ်။
ကျွန်တော် ကောလိပ်စတက်တဲ့ ပထမဦးဆုံးနေ့မှာပဲ ကျွန်တော်တို့ရဲ့ ပါမောက္ခ က သူ့ကိုယ်သူ မိတ်ဆက်ပြီးတော့ ကျွန်တော်တို့အားလုံးကို ကျွန်တော်တို့ တစ်ခါမှမမြင်ဖူး မသိဖူးတဲ့ သူတစ်ယောက်န ဲ့မိတ်ဆက် ပေးချင်တယ် လို့ဆိုပါတယ်။ ကျွန်တော်တို့ တစ်တန်းလုံးလည်း စိတ်ဝင်စားသွားပြီး ပါမောက္ခ က ကျွန်တော်တို့ကို ဘယ်သူနဲ့များ မိတ်ဆက်ပေးချင်တာပါလဲ လို့ သိချင်လာပါတယ်။ ကျွန်တော် မတ်တပ်ရပ်လိုက်ပြီး အနီးအနားကိုလှည့်ကြည့်လိုက်စဉ်မှာပဲ ကျွန်တော့် ပခုံးကိုနူးညံ့တဲ့ လက်တစ်ဘက်က လာတို့ထိတာကြောင့် ကျွန်တော်လှည့်ကြည့် လိုက်မိပါတယ်။ ကျွန်တော် တွေ့ရတာက အသားဖြူဖြူ ပိန်ပိန်ပါးပါး မျက်နှာမှာ ဇရာရဲ့ အလှ အရေးအကြောင်း အတွန့်တေ ွထင်နေတဲ့ အဖွားအို တစ်ဦးပါပဲ။ အဖွားအိုရဲ့ မျက်နှာမှာ ပြုံးနေပြီး အဲဒီအပြံုးက အဖွားအိုရဲ့အလှတစ်ပါးဖြစ်တယ်လို့ ကျွန်တော်ခံစားလိုက်မိပါတယ်။
ဟိုင်း… အဖွားနာမည်က ရို့စ် ပါ။ အဖွားအသက် ၈၇ နှစ်ရှိပါပြီ။ အဖွား မင်းကိုနွေးထွေးစွာပွေ့ဖက်နှုတ်ဆက်ပါရစေ လို့ အဖွားအိုက သွက်လက်စွာပြောပါတယ်။ ကျွန်တော်လည်း ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး အဖွားအို ရို့ စ် ကိုခင်မင်ရင်းနှီးစွာ ပွေ့ဖက်နှုတ်ဆက်လိုက်ပါတယ်။
ကျွန်တော်က အဖွား ဒီလိုငယ်ရွယ်နုနယ်လှတဲ့အရွယ်မှာ ကျွန်တော်တို့ရဲ့ ကောလိပ်ကျောင်းကို ဘာလာလုပ်တာ ပါလဲခင်ဗျာ လို့နောက်ပြောင်ပြီးမေးလိုက်ပါတယ်။
အဖွား ဒီကောလိပ်ကိုလာခဲ့တာ ချမ်းသာကြွယ်ဝပြီးချောမော တဲ့ ခင်ပွန်းလောင်းတစ်ယောက်လောက်ကိုများရှာတွေ့မလားလို့ပေ့ါကွယ်။ လက်ထပ်ပြီးရင် ကလေးတွေမွေးပြီး ခရီးသွားလာအနားယူမယ်လေကွယ် လို့ ရို့စ် က ပြန်လည်နောက်ပြောင်ပါတယ်။ကျွန်တော်တို့ အားလုံး အဖွားအို ရို့စ် ရဲ့ စကားမှာ ပွဲကျ သွားကြပြီး ရယ်မောပျော်ရွှင်နေကြပါတယ်။ ကျွန်တော်သိချင်တာက ဘယ်လိုအရာမျိုးကတွန်းအားပေးလို့ အဖွား ရို့စ် က ခုလိုအသက်အရွယ်မှာကောလိပ်ကိုပညာသင်ကြားဖို့ရောက်လာခဲ့တာလဲ ဆိုတာပါပဲ လို့ ကျွန်တော်လည်းသိချင်စိတ်ကိုမချုပ်တည်းနိုင်စွာမေးမိပါတယ်။ အဖွားဟာကောလိပ်ကျောင်းသူအဖြစ်ပညာသင်ကြားရဖို့ကိုအမြဲစိတ်ကူးယဉ်အိပ်မက် မက်ခဲ့တယ်။ အခုတော့ အဖွားရဲ့ အိပ်မက်တွေ အမှန်တကယ်ဖြစ်လာပြီပေါ့ လို့ အဖွား ရို့ စ် ကပြောပါတယ်။
ကျွန်တော်တို့တွေအားလုံး ကျောင်းသားများနားနေဆောင် ကို သွားကြပြီး ချော့ကလက်မစ်ရှိတ်ခ် တစ်ခွက်စီသောက်ကြပါတယ်။ အဖွားရို့စ် နဲ့ ကျွန်တော်တို့တွေ သူငယ်ချင်းတွေဖြစ်လာကြပြီး နောက် ၃လအကြာမှာတော့ တကယ့်ငယ်ပေါင်းကြီးဖော်သူငယ်ချင်းတွေလို အတန်းအတူတက် ၊ အတန်းအတူလစ် ပြီး စကားတွေအဆက် မပြတ်ပြော ဖြစ်ကြပါတယ်။ အဖွားရို့စ် ရဲ့ ဘဝအတွေ့အကြုံတွေ နဲ့ ပညာရနိုင်တဲ့ စကားတွေဟာ ကျွန်တော့်အတွက်တော့ ကလေးငယ်တစ်ဦး ပုံပြင် တွေကိုနှစ်သက်စွာ နားထောင်ချင်သလိုမျိုးပါပဲ။ အဖွားရို့စ် ဖြတ်သန်းလာတဲ့ဘဝအတွေ့အကြံုတွေကိုနားထောင်ဖို့ကို ကျွန်တော်ဘယ်တော့မှမပျင်းပါဘူး။
စာသင်နှစ် ပထမနှစ်မှာပဲ အဖွားရို့စ် ဟာ ကျွန်တော်တို့ရဲ့ကောလိပ်မှာ လူသိများထင်ရှားတဲ့သူဖြစ်လာပြီး ရို့စ် သွားလေရာမှာ ခင်မင်သူ မိတ်ဆေ ွပေါ များလှပါတယ်။ ရို့စ် ဟာကောင်းကောင်းမွန်မွန်ဝတ်စားပြီး ရွှင်မြူးတဲ့အမူအယာ နဲ့ အမြဲတက်ကြွလန်းဆန်းနေပြီး အပြုံးကိုလက်ဆောင်အဖြစ်တွေ့တဲ့သူတိုင်းကိုပေးတတ်သူပါပဲ။ ကောလိပ်တစ်ခုလုံးကကျောင်းသူ ကျောင်းသားတွေဟာ ရို့စ် ကိုခင်မင်ကြပြီး အမြဲရင်းနှီးစွာစကားပြောကြပါတယ်။
စာသင်နှစ်အကုန်မှာတော့ ကျွန်တော်တို့ရဲ့ ဘောလုံးအသင်းညစာစားပွဲမှာ ရို့စ် ကိုဖိတ်ကြားလိုက်ပြီး ကျွန်တော်တို့အတွက် မိန့်ခွန်းစကားပြောကြားပေးဖို့ တောင်းဆိုလိုက်ပါတယ်။ အဲဒီညစာစားပွဲညမှာ ရို့စ် ပြောသွားခဲ့တဲ့စကားတွေဟာ ကျွန်တော်တစ်သက်မမေ့နိုင်လောက်အောင်ပါပဲ။ ရို့ စ် က ကျွန်တော်တို့တွေအားလုံးကို သင်ခန်းစာတစ်ခုသင်ပြသွားပေးခဲ့တာပါ။ ရို့စ် က စင်မြင့်ပေါ်မှာ မတ်တပ်ရပ်နေရာယူလိုက်ပြိး ပရိသတ်ကိုနှုတ်ဆက်ပါတယ်။ ပြီးတော့ ကြောက်ရွံ့စိုးရိမ်တဲ့ အမူအယာ နဲ့
ခွင့်လွှတ်ပါရှင်။ ကျွန်မ မိန့်ခွန်းပြောရမှာ စိုးရွံ့ထိတ်လန့်နေလို့ပါ။ ကျွန်မ ဟာ ဘီယာ ကို ကျွန်မရဲ့ကျန်းမာရေးအတွက်မသောက်တော့ဘဲ စွန့်လွှတ်ခဲ့ပေမယ့် ဒီညဝီစကီကတော့ ကျွန်မ ကိုသေစေလောက်ပါတယ်။ အဲဒီတော့ ကျွန်မပြောရမှာတွေမေ့သွားမှာစိုးလို့ ကျွန်မသိသလောက်ပဲပြောပါရစေ
လို့အရွှန်းဖောက်ပြီးပြောပါတယ်။
ကျွန်တော်တို့အားလုံး ရို့စ် ရဲ့ ဟာသမှာ ရယ်မောကြစဉ် ရို့စ် က လည်ချောင်းတစ်ချက်ရှင်းလိုက်ပြီး ဆက်ပြောပါတယ်။
ငယ်ရွယ်နုပျိုစွာနေထိုင်ဖို့ လှို့ဝှက်ချက် ၄ ချက်ရှိပါတယ်။ ပျော်ရွှင်ရမယ်။ အောင်မြင်မှုတွေ ရရှိရမယ်။ ရယ်မောရမယ်။ နေ့စဉ်နေ့တိုင်း ရယ်ရွှင်စရာဟာသတွေကိုရှာဖွေရမယ်။ ဒါတွေဟာ နုပျိုခြင်းရဲ့သော့ချက်ပါပဲ။ ကျွန်မတို့မှာ စိတ်ကူးယဉ်အိပ်မက်တွေရှိတယ်။ အဲဒီ အိပ်မက်တွေဆုံးရှုံးသွားရင် ကျွန်မတို့သေဆုံးသွားကြမှာပေ့ါ။ ကျွန်မတို့ရဲ့ မိတ်ဆွေအပေါင်းအသင်းတွေ ၊ လူတွေအများကြီး ဒီကမ္ဘာပေါ်မှာရှိတယ်။ တချို့ကသေဆုံးကွယ်လွန်သွားကြပြီ။ သူတို့မသိလိုက်တဲ့အချက်ရှိတယ်။ အဲဒါဘာလဲဆိုရင် အသက်အရွယ်အိုမင်းလာခြင်းနဲ့ ရင့်ကျက်လာခြင်းတို့အကြားမှာ ကြီးမားတဲ့ခြားနားချက်ကြီးရှိတယ် ဆိုတာပါပဲ။
တကယ်လို့ ရှင် ဟာ အသက်၁၉ နှစ်အရွယ်ရှိပြီး တစ်နှစ်ပတ်လုံးအိပ်ရာထဲမှာပဲလဲလျောင်းအိပ်စက်နေမယ်။ ဘဝအတွက် ၊ တစ်စုံတစ်ဦးအတွက် ရှင် ကိုယ်တိုင်အတွက် အကျိုးဖြစ်စေမယ့်အလုပ်တစ်ခုကိုမှ မလုပ်ဘူးဆိုရင်နောက်တစ်နှစ်အကြာမှာ ရှင်ဟာ အသက်တစ်နှစ်ထပ်ကြီးပြီး အသက်၂၀ ရွယ်ကိုရောက်လာတာပဲရှိမယ်။ ရှင်ဟာရင့်ကျက်မလာပါဘူး။ ကျွန်မဟာအခု ၈၇ နှစ်အရွယ်ရှိပြီ။ ကျွန်မ အိုမင်းနေပြီဆိုပြီးဘာမှမလုပ်ဘဲ အိပ်ရာထဲမှာပဲ အနားယူနေမယ် ။ ဘာမှမလုပ်ဘူး ဆိုရင် နောက်တစ်နှစ်မှာ ကျွန်မဟာ ၈၈ နှစ်အရွယ်ကိုရောက်လာတာပဲရှိမယ်။ ကျွန်မ ဟာတစ်နှစ်စာအိုမင်းလာပေမယ့် တစ်နှစ်စာရင့်ကျက်မလာနိုင်ပါဘူး။ လူတိုင်းဟာ အိုမင်းလာကြတယ်။ လူတိုင်းကတော့ရင့်ကျက်မလာကြပါဘူး။ ဒါ့ကြောင့် ဘဝမှာပြောင်းလဲဖို့အတွက် အခွင့်အရေးတွေကိုအမြဲရှာဖွေနေရမယ်။
ကျွန်မတို့ဟာ ဘယ်တော့မှနောင်တမရပါဘူး။ ကျွန်မတို့ဟာ ကျွန်မ တို့လုပ်ခဲ့တဲ့အလုပ်တွေအတွက်ဘယ်တော့မှနောင်တမရပါဘူး။ ကျွန်မတို့နောင်တရတာကတော့ ကျွန်မတို့မလုပ်ဖြစ်ခဲ့တဲ့ အလုပ်တွေအတွက်ပါပဲ။ သေရမှာကိုကြောက်ရွံ့နေသူတွေဟာ အဲ ဒီလိုမျိုးနောင်တတွေနဲ့လူတွေပါပဲ လို့ ရို့စ်ကပြောကြားသွားပြီး သူ့မိန့်ခွန်းကိုအဆုံးသတ်လိုက်ပါတယ်။
ရို့ စ် ဟာ ကျွန်တော်တို့နေ့စဉ်နေ့တိုင်း အသက်ရှင ်နေထိုင် နိုင်အောင်လမ်းညွှန်သွားတာပါပဲ။ ကောလိပ်စာသင်နှစ်များအပြီးမှာ ရို့စ် ဟာ ကျွန်တော်တို့နဲ့အတူ ဘွဲ့နှင်းသဘင်အခမ်းအနားကိုတက်ရောက်ပြီး ဘွဲ့ယူပါတယ်။ ဘွဲ့နှင်းသဘင်အခမ်းအနားအပြီး တစ်ပတ်အကြာမှာတော့ ရို့စ် ဟာအိပ်ပျော်နေစဉ်မှာပဲ ငြိမ်းချမ်းစွာကွယ်လွန်သွားခဲ့ပါတယ်။ရို့စ် ရဲ့အသုဘအခမ်းအနားကို ကျောင်းသား ကျောင်းသူ ၂၀၀၀ ကျော်တက်ရောက်ခဲ့ကြပြီး ရို့စ်ရဲ့ အုတ်ဂူမှာ ဘယ်တော့မှနောက်မကျပါဘူး (It’s Never Too Late.) ဆိုတဲ့စာတန်းကိုထွင်းထုထားခဲ့ကြပါတယ်။
Aaron Ho ၏ It’s Never Too Late ကိုဘာသာပြန်ဆိုပါသည်။

အဘွား
ကျွန်မ ငယ်စဉ်ကာလမှာ ကျောင်းဆရာ ၊ ဆရာမများဖြစ်ကြတဲ့ ကျွန်မရဲ့ မိဘနှစ်ပါးက
ဝေးလံလှတဲ့ နယ်မြို့လေးတစ်မြို့မှာ တာဝန်ထမ်းဆောင်ဖို့
ရွှေ့ပြောင်းရတဲ့အခါမှာ ကျွန်မတို့ရဲ့အဘိုး ၊ အဘွား ရှိရာ မြို့ကို
သွားရောက်ကာ ကျွန်မရယ် ၊ ကျွန်မရဲ့ညီမလေးရယ် ၊ မောင်လေး ၂ ယောက်ရယ်ကို
အဖိုး ၊ အဖွား ထံမှာ အပ်နှံထားခဲ့ပါတယ်။
အဘွားက ကလေးများကို ဘယ်သောအခါမှ ပွေ့ဖက်နမ်းရှုံ့ ခြင်းမရှိသလို အဖွားပြောတဲ့စကားများက အင်မတန် ပြတ်တောင်းပြီး တစ်ခါတစ်ရံမှာ အဘွားစကားများက နှလုံးသွေး ထွက်စေနိုင်လောက်အောင် ပြင်းထန်လွန်းလှပါတယ်။ တစ်ခါတစ်ရံမှာ စိတ်ဆိုးလျှင် ကျွန်မတို့ကို ရိုက်နှက်တတ်ပါသေးတယ်။ ကျွန်မတို့မောင်နှမများဟာ မိဘများကို တစ်နှစ်လျှင် ခဏတဖြုတ်သာ တွေ့ရပြီး အဘွားနဲ့သာ နေခဲ့ရပါတယ်။ ကျွန်မ မှတ်မိသလောက် အဘွားက ကျွန်မတို့ရဲ့ ဘဝ တစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်နေပါတယ်။ ဟုတ်ပါတယ်…အဘွားများဟာ အမြဲတန်း ရှိနေပါတယ်။ အဘွားက ကျွန်မကို အများကြီး သင်ပြခဲ့ပါတယ်။ များသောအားဖြင့်တော့ အဘွားသင်ပေးသမျှတွေကို ကျွန်မက ဂရုမစိုက်ဘဲ ထားတတ်တာများပါတယ်။ “ညည်း အိမ်ထောင်ပြုရင် အိမ်ထောင်ပရိဘောကတွေကို ဘယ်တော့မှ ဆိုင်တွေက မဝယ်နဲ့…အော်ဒါမှာအပ်” ဆိုတာမျိုး အဖွားက ဆိုတတ်ပါတယ်။အသက် ၉ နှစ်အရွယ်ကလေး တစ်ယောက်အနေနဲ့ အဘွားရဲ့ ဆိုဆုံးမစကားက အဓိပ္ပါယ် မရှိလှသလိုပါပဲ။
အဘွားက ကျွန်မကို ဘယ်တော့မှ ဒုတိယ နေရာမယူဖို့ပြောပါတယ်။ သင့်တော်ရုံဆိုတာက ဘယ်တော့မှ မကောင်းဘူးလို့လည်း ပြောပြီး ကျွန်မကို အကောင်းဆုံးဖြစ်ဖို့ အမြဲပြောပါတယ်။ ကျောင်းစာမေးပွဲများမှာလည်း အမြဲပဲ ပထမ ရရှိရမယ်လို့ ဆိုဆုံးမပါတယ်။အဘွားက ကျွန်မကို အမြဲပျော်အောင်နေရမယ်လို့ ပြောပါတယ်။ တကယ်လို့ ကျွန်မက တစ်ယောက်တည်းဖြစ်နေပြီး မပျော်ရွှင်တဲ့အခါမှာ သေဆုံးသွားခဲ့ရင် မပျော်ရွှင်ဘဲ သေဆုံးသွားရခြင်းကို အပြစ်တင်ဖို့အတွက်က ကျွန်မကိုယ်တိုင်ကိုသာ ဖြစ်တယ်လို့ ပြောပါတယ်။
အဘွားက လမ်းဘေးက ပိုင်ရှင်မရှိတဲ့ ကြောင်များကို အိမ်မှာ ခေါ်ယူမွေးထားပါသေးတယ်။ အဲဒီကြောင်တွေက ဆိုဖာ ပေါ်မှာတက်အိပ်ပြီး ကြောင်မွေးများ ဆိုဖာပေါ်မှာ ကျန်ရစ်နေတတ်ပါတယ်။ ကျွန်မက ကြောင်မွေးများကြောင့် နှာခြေခြင်း ဖြစ်တတ်ပါတယ်။ အဲဒီကြောင်တွေက တစ်အိမ်လုံးကို ပွအောင် မွှေနှောက်ကြပေမယ့် အဘွားကတော့ သူမွေးစားထားတဲ့ကြောင်တွေကို အပြစ်တစ်စုံတစ်ရာ မဆိုပါဘူး။အဘွားရဲ ့ မြေးများဖြစ်တဲ့ ကျွန်မတို့ကိုတော့ သူ့ စိတ်မကျေနပ်စရာ တစ်ခုခု ပြုမူမိလျှင် အပြစ်ပေးတတ်တဲ့ အဘွားက ကြောင်တွေကိုတော့ အင်မတန် အလိုလိုက်ထားပါတယ်။ အဘိုးက အင်မတန် စကားနည်းသူ ၊ အေးဆေးသူဖြစ်ပြီး အဘွားက ကျွန်မတို့ကို မတရားနှိပ်စက်နေလျှင်တောင်မှ ဘာတစ်ခွန်းမှ ပြောခြင်းမရှိပါဘူး။အဘွားနှင့်အတူနေထိုင်ခြင်း အကျိူးဆက် အနေနဲ့ ကျွန်မတို့ဟာ မမြင်ရတဲ့ သရဲ ၊ တစ္ဆေများကို မကြောက်ရွ ံ့ တော့ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်မတို့ ကလေး ၄ ဦးနှင့် အဖိုးအိုတစ်ဦးကို နှိပ်စက်နေတဲ့ အဘွားဆိုတဲ့ မျက်မြင်ထင်ရှား သက်ရှိအရာကြောင့်ပါပဲ။
ကျွန်မ အသက် ၁၃ နှစ်အရွယ်ရောက်တဲ့အခါမှာတော့ ကျွန်မကို အထက်တန်းကျောင်းတက်ဖို့အတွက် အဖွားက ကျွန်မကို မြို့တော်ကို စေလွှတ်ခဲ့ပါတယ်။ အဲဒီမှာ ကျွန်မ အထက်တန်းကျောင်းတက်ပြီး တက္ကသိုလ်ပါတက်ရောက် နေထိုင်ခဲ့ရပါတယ်။ နွေရာသီ ကျောင်းပိတ်ရက်တိုင်းမှာ အဖွားရှိရာကို ကျွန်မ ပြန်လာခဲ့ပေမယ့် လက်ထပ်အပြီးမှာတော့ အဖွားဆီ ပြန်လည် လည်ပတ်ခြင်းက နည်းပါးသွားပါတယ်။ အဖွားရဲ့ အိမ်ကနေ အဖွားရဲ့ မြေးများက ပညာရေးအတွက် တစ်ယောက်ပြီး တစ်ယောက် ပြောင်းရွှေ့ သွားကြပါတော့တယ်။ အဖိုးကွယ်လွန်ပြီးနောက်မှာတော့ အဖွား တစ်ယောက်တည်းသာ ကျန်ရှိနေပါတော့တယ်။ အဖွားက ကျွန်မထံရေးတဲ့ စာများမှာ အဖွား ဘယ်လောက် အထီးကျန်ဆန်နေကြောင်း ပြောပြထားပေမယ့် ကျွန်မက တစ်ခါမှ အဖွားဆီ သွားရောက်ကာ အဖွားနဲ့ အတူ အဖော်လုပ်ပေးခြင်း မရှိခဲ့ပါဘူး။
အဘွားက မနှစ်က လေဖြတ်ပြီးတော ကွယ်လွန်သွားခဲ့ပါတယ်။ အဘွားကွယ်လွန်တော့ အဖွားက ၈၃ နှစ်ရှိပါပြီ။ အသုဘ အပြီးမှာတော့ ကျွန်မက အဘွားရဲ့ အိမ်လေးဆီကို အဘွားပိုင်ဆိုင်တဲ့ ပစ္စည်များကို သိမ်းဆည်းဖို့ ရောက်ခဲ့ပါတယ်။ အဘွားက ကျွန်မငယ်စဉ်က ပစ္စည်းများကို သိမ်းဆည်းထားတာ အများကြီးပါပဲ။ ကျွန်မ အထက်တန်းကျောင်းတုန်းက ကျောင်းပရောဂျက်ဖြစ်တဲ့ ကျွန်မကိုယ်တိုင် ချုပ်ရပြီး ၊ အလွန်ကြပ်နေတဲ့အတွက် ကျွန်မ တစ်ခါမှ မဝတ်ခဲ့ရတဲ့ ဘောင်းဘီတိုကို အဖွားက သိမ်းဆည်းထားခဲ့ပါတယ်။ Home Sweet Home ဆိုတဲ့ cross stitch ပန်းချီကားလေးက ကျွန်မ ငါးတန်းတုန်းက ကျောင်းပရောဂျက်ဖြစ်ပြီး အဖွားက ဘောင်ကွပ်ပြီး သိမ်းထားပေးပါတယ်။ကျွန်မ အထက်တန်းကျောင်းတက်နေစဉ်က ဆန်ပိုပြီး ပို့ပေးဖို့နဲ့ သစ်သီးများ ပို့လိုက်တဲ့အတွက် ကျေးဇူးတင်ကြောင်း အဘွားဆီကို ကျွန်မရေးခဲ့တဲ့ စာများကို အဖွားက သိမ်းထားပါတယ်။ အိမ်ရှေ့ ဧည့်ခန်းမှာ အဘွားရဲ့ မြေးများဖြစ်ကြတဲ့ ကျွန်မတို့မောင်နှမများရဲ့ ဓာတ်ပုံများကို စားပွဲပေါ်မှာ ၊ စင်လေးတွေပေါ်မှာထားရှိထားပါတယ်။
ဧည့်ခန်း ပြတင်းပေါက်ကျယ်မှာ ဟိုးအရင်က တပ်ဆင်ထားလေ့ရှိတဲ့ အဘွားရဲ့ လက်ရာ ဇာပန်းတစ်ချောင်းထိုး ခန်းဆီးရှည်ကိုလည်း သိမ်းထားတာတွေ့ရပါတယ်။ခေတ်မီတဲ့ ရွှေဝါရောင် ဇာခန်းဆီးကို အော်ဒါမှာချုပ်ပြီး အလှဆင်ထားတည်းက အဲဒီ အဖွားရဲ့ တစ်ချောင်းထိုးလက်ရာ ခန်းဆီးကို မတွေ့ရတော့တာ အဘွားက တယုတယ သိမ်းဆည်းထားမှန်း ခုမှ သိရပါတယ်။ ကျွန်မက ခက်ခဲတဲ့ လက်မှုအထည်များကို နှစ်သက်တတ်သူပီပီ အဘွားရဲ့ ဇာပန်းတစ်ချောင်းထိုး လက်ရာကို ငယ်စဉ်တည်းက နှစ်သက်ပါတယ်။ ဇာထိုး ပန်းထိုး ပညာကို အဘွားသင်ပေးထားလို့ တတ်မြောက်နေတဲ့ ကျွန်မ အဲဒီ အဘွားရဲ့ ခန်းဆီးကို စားပွဲခင်းအဖြစ် ပြောင်းလဲပြီး ပြုပြင်ဖို့ စဉ်းစားမိပါတယ်။
အဖွားရဲ ့ အုတ်ဂူဆီကို ကျွန်မ သွားကန်တော့စဉ်မှာ ကျွန်မ အတော်လေး ဝမ်းနည်းမိပါတယ်။ ကျွန်မတို့ကို အဖွားမပြောပြဖြစ်တဲ့ သူ့ဘဝ အကြောင်း၊ ငယ်စဉ်ကလေးဘဝကအကြောင်း၊ အဖွားရဲ့ ဇာတိမြို့လေးအကြောင်း ပုံပြင်တွေကို ကျွန်မ တွေးနေမိပါတယ်။ အဖွားက ကျွန်မကို ဘယ်လို ဘယ်ကစ ပြောပြရမယ်ဆိုတာ မသိတာ ဖြစ်ကောင်းဖြစ်နိုင်သလို ကျွန်မကလည်း ဘယ်လို မေးရမယ်ဆိုတာ မသိခဲ့တာ ဖြစ်ပါတယ်။အဖွားသာ ခုနေ ရှိနေမယ်ဆိုရင် ကျွန်မ မေးမှာပါပဲ။ အဖွားငယ်စဉ်ကလေးဘဝ ကနေ အပျိုအရွယ်အကြောင်း၊ အဖိုးနဲ့ ဘယ်လို စတွေ့ ချစ်ကျွမ်းဝင်ခဲ့တဲ့အကြောင်း ၊ အဖွားရဲ့ သူငယ်ချင်းတွေအကြောင်း …ခုမှ ကျွန်မ အဖွားကို မေးဖို့ ၊ အဖွားပြောပြမှာတွေကို နားထောင်ဖို့ သတိရမိပါတယ်။
အဘွားကို ကျွန်မ ငယ်စဉ်အခါက မနှစ်သက်ခဲ့ပေမယ့် ကျွန်မကလည်း အေးဆေးပြီး စကားနည်းတဲ့ ၊ ရန်ဖြစ်ရမှာကို မနှစ်သက်တဲ့ ယောကျာ်းကို လက်ထပ်ထားခဲ့မိတာပါပဲ။ကျွန်မရဲ့ ၇ နှစ်အရွယ် သမီးလေးက ကျွန်မ တစ်ချက်ကြည့်လိုက်တာနဲ့တင်ပဲ အမေးအမြန်းထူနေရာကနေ ဇက်ကလေးပု ၊ တိတ်ဆိတ်သွားတတ်လောက်အောင် ကျွန်မကို ကြောက်တတ်နေပါတယ်။
ကျွန်မရဲ့ သမီးလေးက သူ့အဘွားဖြစ်သူ ကျွန်မရဲ့ ယောက္ခမကိုတော့ အင်မတန် ချစ်ခင်တွယ်တာပြီး အဘွားနားပဲ အမြဲကပ်ပြီး မေးခွန်းတွေ မေးနေတာပါပဲ။ သမီးလေးက သူ့ အဖွားနဲ့ဆိုရင် အင်မတန် စပ်စု စကားများလှပါတယ်။ သူ့ အဘွားကလည်း သမီးလေးရဲ့ မေးခွန်းတိုင်းကို စိတ်ရှည် လက်ရှည်ဖြေနေတော့တာပါပဲ။ သမီးလေးရဲ့ ဆံပင်ကို သူ့အဖွားက ညှပ်ပေးတတ်ပါတယ်။ သမီးလေးကိုလည်း သဲပုံတွေမှာ ဆော့ချင်ရင်လည်း ခွင့်ပြုတတ်ပြန်ပါသေးသလို အရုပ်အသစ်လေးဝယ်ဖို့ မုန့်ဖိုးပိုက်ဆံတွေကို ဘယ်လိုစုရမယ်ဆိုတာကို သမီးလေးကို သင်ပေးပါတယ်။ ဒါတွေဟာ အဘွားများကသာလျှင် မြေးမ များကို သင်ပေးနိုင်တဲ့ အရာများဖြစ်ပါတယ်။ ကျွန်မအဘွားရဲ့ အမွေ ဖြစ်တဲ့ ဇာပန်းတစ်ချောင်းထိုး ခန်းဆီးကို စားပွဲခင်း အဖြစ် ပြောင်းလဲ ထိုးလို့ ပြီးရင် ကျွန်မ တခြားအရာများကို ကြိုးစားလုပ်ကြည့်ပါဦးမယ်။ ဥပမာ ကောက်ညှင်းဆန်ကို အချိုချက်တာမျိုးဖြစ်ဖြစ်၊ အဝတ်စသေးသေးလေး အပိုင်းအစလေးတွေကို စောင်အဖြစ် ဆက်စပ်ချုပ်မှာမျိုး ပေ့ါ။ အဘွား သင်ပေးခဲ့တာတွေ ကျွန်မ မှတ်မိသလောက်ပေါ့။
အဘွားဆိုတာက အမြဲ ရှင်သန်နေပါတယ်။ တကယ်ပဲပေ့ါ။ အဘွားတွေက မြေးမတွေရဲ့ နှလုံးသားထဲမှာ အမြဲရှင်သန်နေသူတွေပါပဲ ဆိုတာ….
၂၀၀၈ ခုနှစ် ၊ နိုဝင်ဘာလထုတ် Reader’s Digest မှ Rhen C. Tayangona ၏ The Grand in Grandmother ကိုဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။

အကြွေစေ့၏ အခြားဘက်
မနှစ်က နှစ်ဦးပိုင်းမှာ ကျွန်မ အိမ်ကို ရှင်းလင်း၊ သန့်ရှင်းရေးလုပ်ခဲ့စဉ်က
ကျွန်မရဲ့ ရင်သွေး နှစ်ဦးကလည်း ကျွန်မက ကူညီကာ အိမ်ကို
ရှင်းလင်းပေးခဲ့ကြပါတယ်။
ကျွန်မရဲ့ သားဖြစ်သူက သေတ္တာများ၊ ကတ္တူပုံးများကို မွှေနှောက်ပြီးတဲ့အခါမှာ ကျွန်မဆီကို လက်ကိုင်ပုဝါတစ်ထည်နဲ့ ထုပ်ပိုးထားတဲ့ ဟောင်းနွမ်းနေပြီဖြစ်တဲ့ အညိုရောင် အကြွေစေ့လေးကို ကိုင်ဆောင်ပြီး လာမေးပါတယ်။
“မေမေ…သား ဒီ အကြွေစေ့လေးကို ယူလို့ရမလား…သား…ဒီ အကြွေစေ့နဲ့ ဆော့လို့ ရမလား”
ကျွန်မက တစ်ချက်ကြည့်လိုက်ပြီးနောက် ကျွန်မရဲ့ စိတ်တွေဟာ လက်ရှိ အချိန်ကနေ အတိတ်ကာလ တစ်ခုဆီ ချက်ချင်း ရောက်ရှိသွားပြီးနောက
“သား ဆော့ချင်ရင် တခြား အကြွေတွေကို ယူဆော့လို့ရတယ်… ဒီ အကြွေစေ့ကိုတော့ ယူ မဆော့ပါနဲ့” လို့ ပြောလိုက်ပါတယ်။
“ဒီ အကြွေစေ့က တခြား အကြွေစေ့တွေနဲ့ မတူဘဲ ထူးခြားတဲ့ အကြွေစေ့ပေါ့…ဒီအကြွေစေ့ကို မေမေ့ကိုပေးသွားတဲ့ အမျိုးသမီးကြီးကို မေမေ နောက်ထပ် မြင်တွေ့နိုင်မှာ မဟုတ်တော့ဘူး”
ကျွန်မက သားကို ပြောရင်းနဲ့ အကြွေစေ့လေးကို သားဖြစ်သူရဲ့ လက်ထဲမှ ညင်သာစွာ ယူလိုက်ပါတယ်။
“ဒီ အကြွေစေ့က သူ့ ကာလတန်ဖိုးထက် ပိုပြီးတော့ တန်ဖိုးရှိတဲ့ အကြွေစေ့ပဲ”
ကျွန်မရဲ့ စကားကို ကြားတော့ သားဖြစ်သူက ကျွန်မကို နားမလည်နိုင်စွာပဲ အံအားသင့်တဲ့ အကြည့်နဲ့ ကြည့်ပါတယ်။ ကျွန်မက သား နားလည်အောင် ရှင်းပြရပါတော့တယ်။
၁၉၉၁ ခုနှစ်တုန်းက ကျွန်မက Niger ဆိုတဲ့ သဲမုန်တိုင်းထန်တတ်တဲ့၊ အလွန်ပူပြင်းတဲ့ အာဖရိက တိုင်းပြည်တစ်ခုမှာ ၅ လကြာမျှ ရောက်ရှိနေခဲ့ပါတယ်။ ရာသီဥတု ဆိုးရွားမှုကြောင့် ကောက်ပဲသီးနှံ မဖြစ်ထွန်းမှုကြောင့် တိုင်းပြည်ရဲ့ စီးပွားရေး အခြေအနေက မကောင်းလှဘဲ တောင်းစားသူ ဦးရေများတဲ့ တိုင်းပြည်တစ်ခုပဲ ဖြစ်ပါတယ်။ လမ်းတွေပေါ်မှာ တောင်းတဲ့သူတွေ များပြားလှတာကြောင့် ကျွန်မ အဲဒီနေရာမှာ အတော်လေးကို စိတ် မသက်မသာ ဖြစ်ခဲ့ပါတယ်။
“ကာဒို…ကာဒို”
ပြင်သစ်ဘာသာဖြင့် လက်ဆောင် …လက်ဆောင် ဟုအော်ကာ တောင်းနေကြတဲ့ အသံတွေ လမ်းတွေပေါ်မှာ ကြားနေရပါတယ်။ (တစ်ချိန်က ပြင်သစ်ကိုလိုနီ ဖြစ်ခဲ့တဲ့ အဲဒီ တိုင်းပြည်မှာ ပြင်သစ်ဘာသာစကားကို သုံးစွဲကြပါတယ်။)
ကျွန်မရဲ့ သူနာပြုအလုပ်တာဝန် ထမ်းဆောင်အပြီးမှာ ကျွန်မရဲ့ သူငယ်ချင်း တစ်ယောက်နဲ့ အတူ ကျန်းမာရေးဆေးခန်းတစ်ခုကို အကူအညီ ပေးဖို့ အတွက် အနီးအနားက Burkina Faso ကို ရောက်ရှိ လာခဲ့ကြပါတယ်။ အဲဒီနေရာက ပိုပြီး စိမ်းလန်းတယ်။ ကိုကာကိုလာကလည်း ပိုပြီး အရသာရှိတယ် လို့ ဒေသခံဝန်ထမ်းတွေရဲ့ ထောက်ခံစကားတွေ ကြားရပြီး အဲဒီနေရာလေးကို ကျွန်မတို့ ရောက်ရှိလာကြခြင်းဖြစ်ပါတယ်။
ကျွန်မတို့ရဲ့ ဦးတည်ရာဖြစ်တဲ့ Burkina ကို အငှားကားဖြင့် ရောက်ရှိလာကြတဲ့ အချိန်မှာ ညမှောင်နေပါပြီ။ ကျွန်မတို့ရဲ့ ခရီးဆောင် အဝတ်သေတ္တာများ၊ အဝတ်အိတ်များကို အငှားကားပေါ်မှ ချပါတယ်။ ကျွန်မမှာ ကျောပိုးအိတ် တစ်လုံး၊ လက်ပွေ့အိတ် တစ်လုံး၊ အဝတ်သေတ္တာ အကြီး တစ်လုံး ပါ ပါတယ်။ ကျွန်မရဲ့ လက်ဆွဲအိတ်ကို ခြေထောက် နှစ်ချောင်းကြား ညှပ်ထားပြီးနောက် ကျွန်မရဲ့ အဝတ် သေတ္တာ ကို လှမ်းယူ နေစဉ်မှာ အမှောင်ထဲမှ လူနှစ်ဦး မော်တော်ဆိုင်ကယ်နဲ့ ဖြေးညှင်းစွာ ကျွန်မရဲ့ အနားကိုကပ်လာပြီးနောက် ကျွန်မရဲ့ လက်ပွေ့အိတ်ကို ဆွဲယူ မောင်းပြေးသွားပါတယ်။ စက္ကန့် အနည်းငယ်အတွင်းမှာပဲ အဲဒီ မော်တော်ဆိုင်ကယ်က ညအမှောင်ထဲမှာ ပျောက်ကွယ်သွားပါတယ်။
အဲဒီ ကျွန်မရဲ့ လက်ပွေ့အိတ်ထဲမှာ ကျွန်မရဲ့ နိုင်ငံကူးလက်မှတ်၊ ပိုက်ဆံနဲ့ ခရီးသွား ချက်လက်မှတ်၊ ကင်မရာ၊ လေယာဉ်လက်မှတ် နဲ့ တခြား ကျွန်မအတွက် အရေးပါတဲ့ စာရွက်စာတမ်းများ ၊ ပစ္စည်းများ ပါသွားပါတယ်။ ကျွန်မ အကြီးအကျယ်ကို ဒုက္ခရောက်တော့တာပါပဲ။ ကျွန်မတိုင်းပြည်ရဲ့ သံရုံးဖြစ်တဲ့ သြစတေးလျ သံရုံးကလည်း ကျွန်မရောက်နေတဲ့နေရာနဲ့ အနီးဆုံးဆိုလို့ အီသီယိုပီးယားမှာပဲ ရှိပါတယ်။
အဲဒီနောက်မှာတော့ ကျွန်မက ကျွန်မမှာ ကျန်ရှိနေတဲ့ ပစ္စည်းတွေကို သေချာစွာ စောင့်ကြပ်နေပြီး ဒေသခံလူတွေကိုလည်း အမြဲ သံသယ မျက်လုံး ဖြင့်သာ ကြည့်နေပါတော့တယ်။ တာဝန်ရှိသူများက မေးမြန်းတာတွေကို လည်း ကျွန်မက စိတ်ရှုပ်ခြင်းများ ၊ စိတ်မရှည်ခြင်းများ နဲ့သာ ပြန်ဖြေခဲ့ ပါတယ်။ ကျွန်မစိတ်မှာ ဖြစ်နေတာက အဲဒီနေရာကနေ အမြန်ဆုံး ထွက်သွားချင်တာပါပဲ။
အဲဒီ နေရာကိုလည်း ငရဲပြည်လို့ပဲ စိတ်ထဲမှာ ထင်နေတော့တယ်။ တစ်နေ့မှာတော့ Burkina ကလမ်းတွေပေါ်မှာ ကျွန်မ သွားလာနေရင်းနဲ့ လမ်းပေါ်က တောင်းစားနေတဲ့ မိန်းမကြီးတစ်ဦးက သူ့လက်ဖဝါးကို ကျွန်မရဲ့ မျက်နှာရှေ့ ကိုဖြန့်ကာ
“ကာဒို…ကာဒို”
ဆိုပြီး ပိုက်ဆံတောင်းပါတယ်။
ကျွန်မက အဲဒီတိုင်းပြည်ရဲ့ လာဘ်ပေး လာဘ်ယူမှု၊ ဆင်းရဲမှု၊ ငတ်မွတ် ခေါင်းပါးမှု၊ သူခိုးပေါများမှု၊ ရာသီဥတုပူပြင်းမှု၊ ဖုန်ထူမှု၊ မပြည့်စုံ မလုံလောက်မှုနဲ့ မလိုအပ်ဘဲ အချိန်ဆွဲသော ရုံးလုပ်ငန်း တွေကို အတော်လေးကို စိတ်အချဉ်ပေါက်နေခဲ့တာနဲ့ စိတ်အတော်တိုသွားပြီး အဲဒီ အမျိုးသမီးကြီးကို ပြင်သစ်ဘာသာနဲ့ပဲ
“ကျွန်မဆီမှာ ဘာမှ မရှိတော့ဘူး…လွန်ခဲ့တဲ့ ၂ပတ်ကပဲ ကျွန်မ ဒီကိုရောက်ရောက်ချင်း သူခိုး ခိုးလို့ ကျွန်မပိုက်ဆံတွေလည်း ကုန်ပြီ… ကျွန်မ ဒီတိုင်းပြည်ကနေတောင် ထွက်လို့ မရတော့ဘူး… ကျွန်မမှာ ပိုက်ဆံမရှိတော့ဘူး …ရှင့်ကိုလည်း ဘာမှ ပေးစရာ မရှိဘူး”
လို့ အော်ပြောလိုက်မိပါတယ်။ အဲဒီ အမျိုးသမီးကြီးက ကျွန်မ ပြောတာတွေကို သေချာကို ဂရုပြု နားထောင်ပါတယ်။ ပြီးနောက် သူမရဲ့ အရေးအကြောင်းတွေထင်နေတဲ့ မျက်နှာနဲ့ သွားတွေမရှိတဲ့ အပြုံးနဲ့ ကျွန်မကို လှိုက်လှိုက်လှဲလှဲ ဖော်ဖော်ရွေရွေ ပြံုးပြပါတယ်။ သူမရဲ့ ဂါဝန် အိတ်ကပ်ထဲကို လက်နှိုက်လိုက်ပြီးနောက်
“ဒါဆိုလည်း မင်းကို ငါက ကာဒို ပေးပါတယ်”
ဟုဆိုကာ ညိုညစ်နေသော အကြွေစေ့ တစ်စေ့ကို ကျွန်မရဲ့လက်ဖဝါးထဲကို ထည့်ပေးပါတယ်။
ကျွန်မ သူမကို တုန်လှုပ်ခြောက်ခြားစွာ ကြည့်လိုက်မိပါတယ်။ ဒီ အကြွေစေ့ ဟာ တကယ့်ကို သေးနုပ်လွန်းတဲ့ ငွေကြေးပမာဏပါ။ ဒါပေမဲ့ ဒီ အမျိုးသမီးကြီးအတွက်ကတော့ အစားအစာ တစ်နပ်စာ ဖြစ်နိုင်ပါတယ်။
အဲဒီ အခိုက်အတန့်မှာပဲ ကျွန်မကိုယ်ကျွန်မ ရှက်ရွံ့ခြင်းကို ခံစားလိုက်ရ ပါတယ်။ ကျွန်မ အရင်က လှုဒါန်းခဲ့တယ် ဆိုပေမယ့် ကျွန်မဟာ လူသားချင်း စာနာစိတ်နဲ့ လှုဒါန်းမှုတွေ လုပ်ခဲ့တာ မဟုတ်ဘူး။ တောင်းစားသူ အမျိုးသမီးကြီးက ကျွန်မ လှုဒါန်းခဲ့တဲ့ ငွေပမဏနဲ့ ဘယ်လိုမှ မယှဉ်နိုင်လောက်တဲ့ အကြွေစေ့ကို ကျွန်မကို ပေးပေမယ့် ဒါဟာ သူ့ ဆင်းရဲငတ်မွတ်မှုအတွင်းကနေ သူ့အတွက် တန်ဖိုး တစ်ခုခု ဖြစ်စေနိုင်တဲ့ ငွေကို ကျွန်မကို ပေးနိုင်၊ လှုဒါန်းနိုင်တဲ့ စိတ် သူ့မှာရှိတယ်။
အဲဒီ အချိန်မှာပဲ ကျွန်မ အရင်က ထင်မှတ်မထားတဲ့ Burkina Faso က လူတွေရဲ့ အလှတရားကို ကျွန်မ မြင်လိုက်ရတယ်။ အဲဒီ အခိုက်အတန့်လေး က ကျွန်မရဲ့ အမြင်တွေအားလုံးကို ပြောင်းလဲ သွားစေခဲ့တယ်။ အဲဒီ အကြွေစေ့လေးကို ကျွန်မ အမြဲ သိမ်းထားမှာဖြစ်ပြီး သေးနုပ်လွန်းတဲ့ အရာလေးပင် ဖြစ်လင့်ကစား ကျွန်မရဲ့ ဘဝ ခံယူချက်၊ အတွေးအခေါ်တွေကို ပြောင်းလဲပေးစေတဲ့ အရာလေးပဲ ဖြစ်ပါတယ်။
၂၀၀၉ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် Reader’s Digest မှ Cathy Watson ၏ The Other Side of the Coin ကို ဘာသာပြန်ဆိုပါသည်။

မျှော်လင့်မထားမိသော သင်ခန်းစာ
အင်ဒိုနီးရှားနိုင်ငံ ၊ ယော့ယာကာတာမြို့မှာ ဆေးကျောင်းတက်နေစဉ် ကာလ ၊
အငယ်တန်း စာသင်နှစ်တွေမှာ စာသင်ခန်းထဲမှာပဲ ကျွန်တော်
အချိန်ကုန်နေတာများပါတယ်။ အဲဒီအချိန်တွေတုန်းက ပြင်ပမှ တကယ့် လူနာများနဲ့
စကားပြောဆိုခြင်း လည်း မရှိခဲ့ပါဘူး။ နောက်ဆုံးနှစ်အရောက်မှာတော့
ကျွန်တော်တို့
ဆရာဝန်လောင်းတွေ အကုန်လုံး ဆေးရုံများကို လက်တွေ့ဆင်းရပါတော့တယ်။
ဒေါက်တာဆာဂျီတို ဆေးရုံက ဦးနှောက်နှင့်အာရုံကြောဝါ့ဒ်ကို ကျွန်တော် လက်တွေ့
လေ့လာကွင်းဆင်းရပါတယ်။
ကျွန်တော့်ရဲ့ ဘွဲ့ယူစာတမ်းအတွက် ischemic stroke ဝေဒနာသည် များနဲ့
သောက်ဆေးများကို လေ့လာရပါတယ်။ ဒီရောဂါမျိုးက ဦးနှောက်ကို သွေးပို့တဲ့
သွေးကြောတွေထဲမှာ ပိတ်ဆို့ခြင်းမျိုး ဖြစ်ပြီး လူအတော်များများ
အဖြစ်မျုားတတ်ပါတယ်။ ဆေးရုံမှာ ကျွန်တော်က အသစ်ရောက်လာတဲ့ ဒီရောဂါ
ဝေဒနာသည်တွေကို သူတို့ရဲ့ သောက်ဆေးနဲ့ သူတို့ရောဂါဝေဒနာ ခံစားရမှုတွေ ကို
အင်တာဗျူးလုပ် ၊ မေးမြန်းပြီး မှတ်တမ်းလုပ်ထားရပါတယ်။ ဒီအလုပ်က
အင်မတန်မှကို နှေးကွေးပြီးစိတ်ဝင်စားစရာလည်း မကောင်းလှပါဘူး။
မိုးတွေစိမ့်အေးနေတဲ့ အောက်တိုဘာ တစ်ညနေခင်းမှာ ကျွန်တော် တစ်ယောက်တည်း
ဦးနှောက်နှင့် အာရုံကြောကုသဆောင်မှာ ကျွန်တော့်ရဲ့ ဘွဲ့ယူစာတမ်းကို
အပြီးသတ်ဖို့ ကျွန်တော်က ဒီကုသဆောင်မှာ တွေ့ရတဲ့ လူနာ ၃ယောက်ကို
နောက်ဆုံးတွေ့ဆုံမေးမြန်းရမှာဖြစ်ပါတယ်။
လူနာမှတ်တမ်းအရ အသက် ၄၃ နှစ်ရှိပြီဖြစ်တဲ့ သူ့ကို ကျွန်တော်က မကကြီး လို့
နာမည်တစ်ခုပေးထား လိုက်တဲ့ အမျိုးသမီးနဲ့ ကျွန်တော် တွေ့ဆုံရပါတယ်။
လူနာကိုမေးမြန်းမယ့် မေးခွန်းများရေးထားတဲ့ စာရွက်များကို ကိုင်ဆောင်ကာ
ကျွန်တော် တစ်ယောက်တည်း သူနာပြုများ ၊ ဆရာဝန်များ တစ်ဦးတစ်ယောက်ကိုမျှ
မတွေ့ရဘဲ တိတ်ဆိတ်နေတဲ့ အဲဒီကုသဆောင်ကို လမ်းလျှောက်သွားပါတယ်။
မကကြီး ရှိနေတဲ့လူနာအခန်းမှာ စုစုပေါင်း လူနာကုတင် ၈ ကုတင် ရှိပါတယ်။
ပြတင်းပေါက်မှတဆင့် မိုးသားမဲမဲများ၊ မိုးရေစက်များကို ကျွန်တော်
မြင်တွေ့ရပါတယ်။ စိမ့်အေးနေတဲ့လေထုထဲမှာ ယဉ်ပါးနေပြီဖြစ်တဲ့ ဆေးရုံနံ့ကို
ရရှိနေပါတယ်။
မကြာသေးခင်ကမှ ဝေဒနာသက်သာလာတဲ့၊ ဖြူဖျော့ အားနည်းနေတဲ့ မကကြီးက လူနာကုတင် ၄
ခု မြောက်မှာ လဲလျောင်းနေပါတယ်။ မကကြီးနံဘေးမှာ သူ့မိသားစု ၊
ဆွေမျိုးသားချင်း၊ မိတ်ဆွေ သူငယ်ချင်း တစ်ဦးတစ်ယောက်မျှ ရှိမနေဘဲ
သူ့ကုတင်ဘေးက ကုတင်ကလည်း အလွတ်ဖြစ်နေပါတယ်။ မကကြီးရဲ့ကုတင်နံဘေးက
ကုလားထိုင်မှာ ကျွန်တော်က ဝင်ထိုင်လိုက်ရင်း လေသံတိုးတိုးဖြင့်
ကျွန်တော့်ကိုယ် ကျွန်တော် မိတ်ဆက်ကာ သူ့ကို နေထိုင်ကောင်းလားလို့
မေးလိုက်ပါတယ်။ မကကြီးက ဖျော့တေ့ာ အားနည်း နေတဲ့လေသံနဲ့ သူ နေရထိုင်ရ
သက်သာလာပြီဖြစ်ကြောင်း ၊ ဒါပေမယ့်လည်း သူ့ရဲ့ ကိုယ် ဘယ်ဘက် အခြမ်းက
နာကျင်နေကြောင်း ပြောပါတယ်။ကျွန်တော်က သူ့ကို မေးခွန်းများအနည်းငယ်
မေးလိုကြောင်းပြောတော့ သူက သဘောတူပါတယ်။
ကျွန်တော့်ရဲ့မေးခွန်းများဟာ ဟုတ်တယ် ..မဟုတ်ဘူး ( yes or no )
မေးခွန်းများသာ ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့မေးခွန်းများ အပြီးမှာ ကျွန်တော်က
သူ့ကိုကျေးဇူးတင်ကြောင်းပြောပြီး ထထွက်လာဖို့ပါပဲ။ကျွန်တော် ထိုင်ခုံက
အထမှာ မကကြီးက ကျွန်တော့်ကို သူ့ရဲ့ အားနည်းနေတဲ့ အသံဖြင့်
"ကျွန်မ ဒေါက်တာ့ကို အရင်က တစ်ခါမှ မမြင်ဖူးဘူး...ဒေါက်တာက အသစ်လား"
လို့မေးပါတယ်။
“မဟုတ်ပါဘူး..အစ်မ။ ကျွန်တော်က ဒီဆေးရုံကို နေ့တိုင်းမလာလို့ ကျွန်တော့်ကို မမြင်ဖူးခဲ့တာပါ”
လို့ ကျွန်တော်က သူ့အမေးကို ပြန်ဖြေလိုက်ပါတယ်။
သူက ကျွန်တော့်ကို ဘယ်မြို့ဇာတိလဲ..ဘာလို့ ဒီလိုညနေစောင်းမျိုးမှာ
အလုပ်လုပ်နေတာလဲ စသည်ဖြင့် မေးတော့ ဒီလို ရောဂါဝေဒနာ ခံစားနေရတဲ့
အခြေအနေမျိုးမှာ စကားပြောချင်တဲ့ လူနာကို ကျွန်တော် အံ့အားသင့်သွားရပါတယ်။
မကကြီးက ဆက်ပြီး
“ဒေါက်တာ…ကျွန်မ နေပြန်ကောင်းလာမယ်လို့ ဒေါက်တာ ထင်လားဟင်"
လို့မေးပါတယ်။ ကျွန်တော့်ရဲ့စိတ်ထဲမှာတော့
“ဘုရားသခင်…ကယ်တော်မူပါ။ မကကြီးရေ… ကျွန်တော်သာ ခင်ဗျားကိုကုတဲ့
ဆရာဝန်ဖြစ်ခဲ့ရင် ခင်ဗျားမေးတဲ့ မေးခွန်းကို ကျွန်တော်
ပြန်ဖြေနိုင်မှာပေ့ါ” လို့ရေရွတ်လိုက်မိပါတယ်။
ကျွန်တော်က သူ့ကို လူနာမှတ်တမ်းအရသာသိကြောင်း၊ သူ့ရောဂါ အကြောင်း
သေချာမသိကြောင်းနဲ့ ဒီရောဂါအကြောင်း ကျွန်တော် လေ့လာထားသမျှအကြောင်းတွေကို
ပြန်ပြောပြပါတယ်။ကျွန်တော်က
ဆရာဝန်မဖြစ်သေးတဲ့ ဆေးကျောင်းသား တစ်ဦးသာ ဖြစ်တာကြောင့် မကကြီးကို
ဒီရောဂါအကြောင်း ခရေစေ့တွင်းကျ သေချာပြောပြဖို့ကို တွန့်ဆုတ်နေမိပါတယ်။
မကကြီးက သူ့အကြောင်းတွေ စလို့ပြောပြပါတယ်။ သူ့မှာ ကလေး ၃ယောက် ရှိကြောင်း ၊
ကလေးများအားလုံး မူလတန်းကျောင်းမှာ တက်နေကြောင်း၊ သူ့ခင်ပွန်း
ကွယ်လွန်သွားတာ တစ်နှစ် ရှိပြီ ဖြစ်ကြောင်း ၊ သန့်ရှင်းရေး အလုပ်သမ
တစ်ယောက်အနေဖြင့် သူနဲ့ သူ့ကလေးတွေ ဘဝကိုရပ်တည်နေကြောင်း ပြောပြပါတယ်။
“ကျွန်မရဲ့ သန့့််ရှင်းရေးအလုပ်ဝင်ငွေက ကျွန်မနဲ့ ကလေးတွေအတွက် လောက်ငရုံလေးပါပဲ”
လို့ မကကြီးကပြောတော့ ကျွန်တော် ရုတ်တရက် ဘာပြန်ပြောရမှန်း မသိပါဘူး။
သူ့မရဲ့မျက်လုံးတွေကို စိုက်ကြည့်ရင်း ပြီးခဲ့တဲ့စာသင်နှစ်တွေက စာသင်ခန်း
မှာ သင်ယူခဲ့ရတဲ့ လူမှုဆက်ဆံရေးသင်ခန်းစာတွေကို ခေါင်းထဲမှာ အပြေးအလွှား
စဉ်းစားနေပေမယ့် ကျွန်တော့် ခေါင်းထဲကနေ ဘာမှ ထွက်မလာပါဘူး။
ကျွန်တော့်ကိုယ် ကျွန်တော် ကျိန်ဆဲမိပါတယ်။
ကျွန်တော့်ကိုယ် ကျွန်တော် သတိမထားမိခင်မှာပဲ ကျွန်တော်က မကကြီးရဲ့ လက်ကို
ဆုပ်ကိုင်မိနေလျက်သား ဖြစ်နေပါတယ်။ ကျွန်တော့်မှာ ပြောစရာ ဘာစကားမှ
ထွက်မလာနိုင်တဲ့အတွက် မကကြီးနံဘေးမှာထိုင်ပြီး မကကြီး ပြောတာတွေသာ
နားထောင်နေမိပါတယ်။
သူ့ခင်ပွန်းက ကားမှောက်ပြီး ကွယ်လွန်သွားကြောင်း ၊ သူဘဝကို
ဘယ်လိုရုန်းကန်ခဲ့ရကြောင်း ၊ သူ့ကျန်းမာရေး တစ်ခုခု ဖြစ်သွားခဲ့ရင် သူ့ကလေး
၃ယောက်အတွက် စိုးရိမ်ကြောင်း စတာတွေကို မိနစ် ၂၀ ခန့်ကျွန်တော့် ကို
ပြောပါတယ်။ သူစကားပြောနေစဉ်မှာ ကျွန်တော်ကတော့ ခေါင်းကို ညိတ်လို့သာ
ကျွန်တော့်ရဲ့သူ့အပေါ်မှာထားတဲ့ ဂရုဏာတရားကို ပြနိုင်ပါတယ်။
မကကြီးက သူ ကျွန်တော့်ကို ဝေမျှချင်တဲ့ သူရဲ့ ခံစားချက်တွေကို ပြောလို့အပြီးမှာတော့
“ဒေါက်တာ့ကို ဒီမှာ ကျွန်မစကားတွေကို နားထောင်ပေးဖို့ ခေါ်ထားရသလိုဖြစ်တာ
ကျွန်မ အားနာပါတယ်…ဒါပေမယ့် ကျွန်မ အခု အတော်လေး စိတ်သက်သာရာ
ရသွားပါတယ်…ကျွန်မမှာ ကျွန်မရဲ့ အခက်အခဲတွေ ၊ ကျွန်မရဲ့ ကြောက်စိတ်တွေကို
ပြောပြစရာ တစ်ယောက်မှ မရှိလို့ပါ”
လို့ပြောပါတယ်။
သူ့ရဲ့ မျက်လုံးထောင့်စွန်းလေးကနေ မျက်ရည်တစ်ပေါက် ကျလာတာကို
ကျွန်တော်မြင်ရပါတယ်။ သူ့ဆံပင်တွေကို သပ်ပေးနေမိပြီး သူ့လက်ကို
ဆုပ်ကိုင်ရင်း ကျွန်တော် ဘာစကားပြောရမယ်ဆိုတာ သိလာပါတယ်။
“ရပါတယ်…အစ်မ။ ဒါ ကျွန်တော့်ရဲ့ တာဝန် တစ်စိတ်တစ်ပိုင်းပါ” လို့ပြန်ပြောလိုက်မိပါတယ်။
“ကျေးဇူးတင်ပါတယ် ..ဒေါက်တာရယ်။ ကျေးဇူးအများကြီးတင်ပါတယ်” လို့ မကကြီးက ပြောပါတယ်။
ကျွန်တော့်ရဲ့ လက်ကို သူက လွှတ်လိုက်တဲ့အခါမှာတော့ ကျွန်တော် မတ်တပ်
ထရပ်လိုက်ပြီး သူ့ကို စောင်ခြုံပေးလိုက်ပါတယ်။ သူ့ကို လက်ပြ နှုတ်ဆက်ပြီး
ကျွန်တော် ထွက်လာခဲ့ပါတော့တယ်။
နောက်ရက်အနည်းငယ်အကြာမှာ အဲဒီကုသဆောင်ကို ကျွန်တော်
ပြန်လည်ရောက်ရှိသွားချိန်မှာတော့ မကကြီးက ဝေဒနာသက်သာလာပြီး
ဆေးရုံကဆင်းသွားပြီ ဖြစ်ကြောင်း သိရပါတယ်။
မကကြီးက ဆရာဝန်တစ်ယောက် လေ့လာသင်ယူရမယ့် အရေးအကြီးဆုံး သင်ခန်းစာကို
ကျွန်တော့်ကို သင်ပြပေးသွားခဲ့တာပါ။ တစ်ခါတစ်ရံမှာ လူနာတွေဟာ
တန်ဖိုးကြီးလွန်းတဲ့ ဆေးဝါးတွေကို မလိုချင်ပါဘူး။ ခေတ်မီ စက်ကိရိယာတွေနဲ့
ကုသခံရဖို့ မလိုချင်ဘဲ သူတို့ကို စိတ်လိုလက်ရ သည်းခံနားထောင်ပေးမယ့်
တစ်စုံတစ်ယောက် နဲ့ အချိန်အနည်းကိုသာ အလိုရှိတယ်ဆိုတာကို မကကြီးထံမှ
ကျွန်တော် လေ့လာ သင်ယူ လိုက်ခဲ့ရပါတယ်။
ကျွန်တော့် အတွက်ကတော့ ဆရာဝန်တစ်ယောက်အနေနဲ့ လူနာကို အကောင်းဆုံး လုပ်ပေးနိုင်ခြင်း တစ်ခုပဲ ဖြစ်ပါတော့တယ်။
( ၂၀၀၈ ခုနှစ် ၊ အောက်တိုဘာလထုတ် Reader’s Digest မဂ္ဂဇင်းမှ Muhammad
Fairuz Bin Abdullah ၏ My Unexpected Teacher ကို ဘာသာပြန်ဆိုပါသည်။ )
ဟနစံ
၁ရက်၊ နိုဝင်ဘာလာ၊ ၂၀၀၈ ခုနှစ်။
Subscribe to:
Posts (Atom)