ကျွန်မတို့တွေဟာ လုပ်ငန်းခွင်မှာရော လူမှုပတ်ဝန်းကျင်မှာပါ နေ့စဉ်နေ့တိုင်း
လူအမျိုးမျိုးနဲ့ ပြောဆိုပတ်သက်ဆက်ဆံနေရပါတယ်။ လူတစ်ဦးနှင့်တစ်ဦး
မတူညီကြတဲ့အတွက် တစ်ယောက်တစ်မျိုးဆိုသလိုပါပဲ။
အရာရာတိုင်းဟာအကောင်းချည်းမရှိသလို အဆိုးချည်းလည်းရှိတာမဟုတ်ပါဘူး။
လူတစ်ယောက်မှာကောင်းတဲ့စိတ်နေစိတ်ထားရှိသလို တခါတခါမှာတော့လည်း
အများနှင့်စိတ်သဘောချင်းမတိုက်ဆိုင်တတ်ဘဲ သဘောဆိုးတယ်လို့
ထင်ရမြင်ရတတ်တာတွေလည်းရှိပါတယ်။ များသောအားဖြင့်တော့ လူတွေဟာ အတတ်နိုင်ဆုံး
မိမိကိုယ်ကိုကောင်းအောင်ကြိုးစားနေကြတာချည်းပါပဲ။ တတ်နိုင်သလောက် မေတ္တာ ၊
စေတနာထားနေကြတာပါပဲ။ ဒါပေမယ့်လည်း ကိုယ့်ဘက်ကကြည့်တော့လက်ဖဝါး ၊
သူ့ဘက်ကကြည့်တော့လက်ဖမိုး ဆိုသလို အမြင်ချင်းမတူညီဘဲ ကွဲလွဲတာလေးတွေရှိရင်
လူမှုဆက်ဆံရေးမှာ စိတ်ကသိကအောက်ဖြစ်ကြရပါတယ်။
ကိုယ်ကအတတ်နိုင်ဆုံးကောင်းအောင်နေပါလျက်နဲ့ သူတစ်ပါးအပေါ်စေတနာထားပါလျက်နဲ့ ကိုယ့်ကပေးဆပ်လိုက်ပါလျက်နဲ့ ကိုယ့်အပေါ်သူရဲ့ တုန့်ပြန်မှုက ကိုယ်ပေးလိုက်သလို မဟုတ်ဘူး ရယ်လို့ တနုံ့နုံ့ခံစားဝမ်းနည်းနေကြတဲ့သူတွေလည်းတွေ့ဖူးပါတယ်။ ကိုယ်တတ်နိုင်တဲ့အရာဆိုရင် ကိုယ်တတ်နိုင်သလောက်ကူညီတယ်။ သူ့ဘက်ကတုန့်ပြန်လာမှာကို အစကတည်းက
ဘာမှ မမျှော်လင့်ထားဘူးဆိုရင် သူ့ဘက်ကကိုယ့်ကိုအကောင်းတုန့်ပြန်သည်ဖြစ်စေ၊ အဆိုး
တုန ့်ပြန်သည်ဖြစ်စေ ကျွန်မတို့စိတ်ထဲမှာ ဘာမှမထိခိုက်မခံစားရတော့ပါဘူး။ သြော်....ငါကတော့သူ့အပေါ်မှာစေတနာတွေထားလိုက်ရတာ။ သူ့ကျတော့ငါ့ကိုအဲ ဒီလို ဆိုပြီး စိတ်မကောင်းဖြစ်ရုံတင်မကဘဲ ဒေ ါသပါဖြစ်လာမယ်ဆိုရင်တော့ ဆိုးရွားတဲ့ လူမှု ဆက်ဆံရေး တစ်ရပ် မကြာမီမှာဖြစ်ပေါ်လာတော့မှာပါပဲ။ ငါကတော့ အတတ်နိုင်ဆုံး သူ့အပေါ်မှာ စေတနာ ဖြူစင်စွာနဲ့ကူုညီခဲ့ပြီးပြီ။ သူဘက်ကဘယ်လိုတုန့်ပြန်တာမျိုးမှ ငါစိတ်မဝင်စားဘူး။ ငါလုပ်ပေးနိုင်တာကိုလုပ်ပေးလိုက်ပြီးပြီ ဆိုပြီးသဘောထားလိုက်နိုင်ရင် စိတ်ထဲမှာ ခံစားရ သက်သာမှာပါ။ ဒါမှမဟုတ် ကိုယ်လုပ်ပေးဖူးတဲ့၊ ကိုယ်ကူညီခဲ့ဖူးတဲ့ ကိစ္စ ကို ကိုယ့်ဂုဏ်ကိုယ်ဖော် သိ ဒ္ဓိတင်မနေဘဲ ကိုယ်လုပ်ပေးနိုင်တာကိုလုပ်ပေးပြီးရင် မေ့ပစ်လိုက်မယ်ဆိုရင် စိတ်ငြိမ်းချမ်းမှာပါပဲ။
လူဆိုတာလည်းတစ်ယောက်နဲ့တစ်ယောက်ခံယူချက်ချင်း၊ အမြင်ချင်းချင်းမတူညီကြတဲ့အခါမှာ အထင်မှား ၊ အမြင်မှားဖြစ်တတ်တာတွေရယ်၊ ကြားလူတစ်ဦးရဲ့ ကတုံးကတိုက်စကားတွေရယ်ကြောင့်လည်း တစ်ဦးနှင့် တစ်ဦးအဆင် မပြေ ဖြစ်လာတတ်ကြပါတယ်။ ကိုယ်ပိုင်စဉ်းစားဆင်ခြင်ဉာဏ်နဲ့ ကိုယ်တိုင် ဆုံးဖြတ်တာ ဟာ အကောင်းဆုံးပါပဲ။ သူတစ်ပါးစကား ၊ သူတစ်ပါးပြောတာကိုယုံပြီး ဆုံးဖြတ်တတ်တဲ့သူဟာ သူ့မှာရှိထားတဲ့စဉ်းစားဆင်ခြင်နိုင်စွမ်းကိုအသုံးမချသူပါပဲ။ လူူတစ်ဦးနှင့် တစ်ဦးမေတ္တာထား တာချင်းမတူညီကြတဲ့အခါမှာ သူတစ်ပါးနဲ့အဆင်မပြေတဲ့သူဟာ ကိုယ့်အပေါ်မှာ ကျတော့ ကောင်းနေတာမျိုးလည်းရှိတတ်ပါတယ်။ သူများတွေဘာပြောပြော ကိုယ်နဲ့အဆင်ပြေတယ်။ ကိုယ့်အတွက်သူဟာမိတ်ဆွေကောင်းဖြစ်တယ် ဆိုရင်သူတစ်ပါးစကားတွေကို ကျွန်မတို့က ဘာ့ကြောင့်ယုံနေဦးမှာလဲ။
တစ်ခါတစ်ရံမှာ ကျွန်မတို့ကအမှန်လို့ယူဆထားတဲ့အကြောင်းအရာကိစ ္စ တစ်ခုကိုသူတစ်ပါးကအမှန်လို့ လက်မခံ ၊ မယူဆတဲ့အခါမှာ သဘောထားကွဲလွဲမှုတွေဖြစ်ပြီး အငြင်းပွားပြီးရန်များကြရပါတယ်။ ကျွန်မလက်ခံယုံကြည်ထားတဲ့အမှန်တရားဟာ သူတစ်ပါးအတွက်ကတော့ အမှန်တရားဖြစ်ချင်မှဖြစ်မှာပါ။ အဲ ဒီလိုမဖြစ်တဲ့အတွက်လည်း ကျွန်မမှာဝမ်းနည်းစရာမရှိပါဘူး။ သူ့ကိုလည်း ဒါဟာအမှန်တရား ပါလို့သူ လက်ခံလာ
အောင်ညှိုနှိုင်းနေစရာလည်းမလိုအပ်ပါဘူး။ လူတစ်ယောက်နဲ့တစ်ယောက် ခံယူချက်ချင်း မတူညီတဲ့အခါမှာ လက်ခံတဲ့အမှန်တရားဟာလည်းမတူညီတော့ပါဘူး။ အရေးကြီးတာက သူတစ်ပါးကကိုယ့်အမှန်တရားကိုလက်ခံသည်ဖြစ်စေ ၊ လက်မခံသည်ဖြစ်စေ ကိုယ့်အမှန်တရား ကိုကိုယ်လက်ခံယုံကြည်ဖို့ပါပဲ။
လူအများနဲ့ပေါင်းသင်းဆက်ဆံတဲ့အခါမှာ လူအမျိုးမျိုးစိတ်အထွေထွေ ဆိုသလို သူတစ်ပါး ဒုက္ခရောက်ရင် ပျော်တတ်တဲ့သူမျိုးကိုလည်းတွေ့ဖူးပါတယ်။ သူတစ်ပါးအဆင်ပြေတိုးတက်သွားမှာကိုစိုးရိမ်ပူပန်ပြီး သူတစ်ပါးပျက်စီးရာ ပျက်စီးကြောင်း ကိုလမ်းညွှန်ပေးတတ်သူ ၊ တမင် ဒုက္ခရောက်အောင်လုပ်တတ်သူရှိသလို သူတစ်ပါးကို တကယ့်ကိုကောင်းစေချင်လို့ ကိုယ်လည်းပိုက်ဆံတစ်ပြားမှမရဘဲ ကိုယ်ရောစိတ်ပါ ကူညီ ပေးတတ် သူတွေလည်းရှိပါတယ်။ ကျွန်မတို့ဟာဘဝမှာ အဆင်ပြေတိုင်းမှာ ကိုယ့်ကိုကောင်းရာ ကောင်းကြောင်းလမ်းညွှန်ပေးတဲ့သူကို သတိရမိပါတယ်။ သူပြောပေး လိုက်လို့ ၊ သူလုပ်ပေးလိုက်လို့ ၊ သူကူညီလမ်းညွှန်ပေးလိုက်လို့ ငါအဆင်ပြေတာလေ ဆိုပြီး နှုတ်မှထုတ်ဖော်မပြောရင်တောင် စိတ်ထဲကနေသတိတရရှိမိပြီး ကျေးဇူးတင်မိပါတယ်။
အဲ ဒီလိုကျေးဇူးတင်မိတာနဲ့အတူ သူ့ကိုလည်းမေတ္တာထား ၊ မေတ္တ ာပို့မိတာပါပဲ။
ကိုယ့်ကို ဒုက ္ခဖြစ်စေအောင်လုပ်တဲ့သူလုပ်တဲ့သူကြောင့် ကိုယ်ဒ ုက္ခ ဖြစ်တိုင်းမှာတော့ ကိုယ့်ကို ချောက်ချလိုက်သူကိုမုန်းတီးမိမှာပါပဲ။ သူ့အတွက်လည်းရင်ထဲမှာမေတ ္တာလည်းရှိမှာမဟုတ်ပါဘူး။ ကိုယ်အကြပ်အတည်းနဲ့ကြုံတိုင်း သူလုပ်လို့ ငါ ဒီလိုဖြစ်တာ ဆိုပြီး မုန်းတီးမိပြီး ဆဲရေး တိုင်းထွာ တတ်ကြတာ လူ့သဘာဝပါပဲ။ အဲ ဒီလိုဆိုရင် ကျွန်မတို့ဟာ ဘာ့ကြောင့်များသူတစ်ပါး ပျက်စီးရာပျက်စီးကြောင်း ၊ ဒုက ္ခဖြစ်စေကြောင်းကို ဦးတည်ပြီး လုပ်နေကြမလဲနော်။ ကိုယ့်ဆီမှာလည်းလျော့ပါးသွားတာမျိုးမဟုတ်ဘဲ သူတစ်ပါးလည်းအဆင်ပြေ ကိုယ်လည်း ပီတိဆိုတာကိုလည်းစားသုံးရအောင် စိတ်ကောင်းလေးနဲ့ပဲ လူတွေကိုကူညီ လိုက်ကြ ရ အောင် လားရှင်။
ဟနစံ

No comments:
Post a Comment