Wednesday, 1 February 2017

အသားအရေအတွက် ဆန်











ကျွန်မတို့ အာရှတိုက်ကလူတွေက အနောက်နိုင်ငံကလူတွေထက် အရွယ်တင်နုပျိုတယ်လို့ ဆိုကြပါတယ်။ အာရှတိုက်ရဲ့ အဓိက ပင်မ အစားအစာဟာ ဆန် ဖြစ်နေတဲ့အတွက် အာရှတိုက်သားတွေက အရွယ်တင်နုပျိုနေတာ ဖြစ်နိင်ပါတယ်။  ဆန်မှ ချက်တဲ့ထမင်းကို စားခြင်းဖြင့် အသားအရေတင်းရင်းခြင်း၊ အသားအရေလှပခြင်းဖြင့် အိုမင်းရင်းရော်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
ဆန်ကို စားသုံးခြင်းဖြင့်သော်လည်းကောင်း၊ အရေပြားအတွက် လိမ်းခြင်းဖြင့်သော်လည်းကောင်း မျက်နှာအရေပြားတွဲကျခြင်း၊ အရေးအကြောင်းထင်ခြင်းတို့ကို သက်သာစေနိုင်ပြီး အချိန်မတိုင်မီ အိုမင်းရင့်ရော်ခြင်းကို သက်သာစေနိုင်ပါတယ်။ 
ဆန်ကို အရေပြားအလှအပအတွက် အသုံးပြုနည်းကတော့ ထမင်းရည် ခံယူထားခြင်းပဲဖြစ်ပါတယ်။ ခံယူထားတဲ့ ထမင်းရည်ကို အခန်းအပူချိန်မှာ ၂၄ နာရီမှ ၄၈ နာရီထား၍ အချဥ်ဖောက်ပြီး (ချဥ်စေပြီး) မျက်နှာမှာ လိမ်းပေးခြင်းအားဖြင့် ထမင်းရည်ကို Toner အဖြစ်လည်းကောင်း၊ မျက်နှာသစ်ဆေးအဖြစ်လည်းကောင်း၊ အမည်းစက်များ လျော့ပါးစရေန်အတွက်လည်းကောင်း အသုံးပြု လို့ရပါတယ်။ ဒါ့အပြင် ထမင်းရည်နဲ့ ဆန်မှုန့်ကို ရောနယ်ပြီး မျက်နှာပေါင်းတင်ဆေးအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ ထိုသို့ပြုလုပ်မျက်နှာပေါင်းတင်ပြီးပါက တင်းရင်းချောမွေ့လာတဲ့ မျက်နှာကို သတိပြုမိပါလိမ့်မယ်။   ထမင်းရည်ကို အရေပြားအလှအပအတွက်တင်သာမက ဆံပင် သန်စွမ်းဖို့ရာလည်း အသုံးပြုနိုင်ပါတယ်။  ဆံပင်ကို ထမင်းရည်ဖြင့် လျှော်ပေးခြင်းဖြင့် ထမင်းရည်မှာ ပါဝင်တဲ့ amino acids က ဆံပင်ရဲ့အမြစ်တွေကို သန်မာစေပြီးဆံပင်ကျွတ်ခြင်းမှ ကာကွယ်ပေးပါတယ်။ ဆံသားတွေကို တောက်ပြောင်ချောမွေ့စေပြီး လှပစေပါတယ်။

ကိုးကား။  
https://www.organicfacts.net/health-benefits/cereal/health-benefits-of-rice


                                                                                                                    ဟနစံ
                                                                                                   ၂ ရက်၊ စက်တင်ဘာ၊ ၂၀၁၆။

No comments:

Post a Comment