မေတ္တာနဲ့ စေတနာက အသေးအဖွဲလေးတွေက စလို့ သိပ်ကို အရေးပါပါတယ်။ အိမ်မှာ မိသားစုဝင်တွေ စားလို့ကောင်းပါစေလို့ မေတ္တာနဲ့ ချက်ပြုတ်ပြင်ဆင်ကျွေးမွေးလိုက်တဲ့ခါ မိသားစုဝင်တွေက နှစ်သက် ရွှင်လန်းလို့ လုပ်ငန်းခွင်ကို ရောက်ကြတယ်။ လုပ်ငန်းခွင်မှာ ပျော်ရွှင်ပြီး ပတ်သက်ဆက်ဆံနေရတဲ့ သူတွေ အပေါ် စိတ်ကြည်လင်ပြီး မေတ္တာထားပြီး ဆက်ဆံတယ်။ အဲဒီအတွက် လုပ်ငန်းကိုင်ငန်းမှာ အဆင်ပြေပြီးအောင်မြင်ပျော်ရွှင်တယ်။
ပတ်သက်ဆက်နွယ်နေသူတွေကလည်း
ပျော်ရွှင်ပြီး တဖန်သူတို့ ပတ်သက်တဲ့သူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို
မေတ္တာနဲ့ ပြန်လည် ဆက်ဆံတယ်။ ပျော်ရွှင်တဲ့အခါမှာ လုပ်တဲ့အလုပ်တွေမှာလည်း
အောင်မြင်တယ်။ အဲဒီလိုနဲ့ သူတို့ကလည်း ပျော်ရွှင်ပြီး တဖန်သူတို့နဲ့
ပတ်သက်ဆက်ဆံနေတဲ့သူတွေအပေါ် ကောင်းမွန်စွာ မေတ္တာနဲ့ ပြန်လည်ဆက်ဆံကာ
တစ်ပါးသူတွေကလည်း တဖန် ပျော်ရွှင်ရပြန်တယ်။ အသေးအဖွဲလေးတွေလို့ ထင်ရပေမဲ့
အဲဒီ အသေးအဖွဲလေးတွေက လောကကြီးသာယာလှပဖို့ အရေးပါ ပါတယ်။
ဟနစံ
၂၃ ရက်၊ မတ်လ၊ ၂၀၁၁ ခုနှစ်။
No comments:
Post a Comment