မိတ်ကပ်လိမ်းခြယ်ကာ အလှပြင်ဆင် ဝတ်စားဆင်ယင်ပြီးနောက် ဒေါက်ဖိနပ်စီးလိုက်မှ အားလုံးပြီးပြည့်စုံစွာ
ဆွဲဆောင်နိုင်တဲ့အလှနတ်မိမယ်လေး ဖြစ်သွားတယ်လို့ မိန်းကလေးအတော်များများက ခံယူထားကြတဲ့အတိုင်းပါပဲ...
ဒေါက်ဖိနပ်စီးလိုက်မှ ကိုယ်ဟန်လေးကြော့ကြော့နဲ့ လမ်းလျှောက်ပုံကိုလည်း ထိန်းသွားတယ်လေ။
တော်ရုံ လမ်းလျှောက်ပုံ မလှတဲ့ပျိုမေဟာ ဒေါက်ဖိနပ်စီးလိုက်ရင် ဒေါက်ဖိနပ်သံလေး တဂွပ်ဂွပ်နဲ့ ကိုယ်ဟန်ကြော့ကြော့လးနဲ့
လမ်းသွားလမ်းလာ လူအများ ငေးမောစရာဖြစ်သွားတာကိုး။
ဒေါက်ဖိနပ်လေးစီးမှ စတိုင်လ်ကျ၊ ဖက်ရှင်ကျတယ်ဆိုတဲ့ကျွန်မတို့ရဲ့ ခြေထောက်တွေဟာ အဲဒီ ဒေါက်ဖိနပ်တွေကြောင့်
ဘယ်လောက်များ ကျန်းမာရေးချို့တဲ့ ပျက်စီးကုန်ပြီလဲဆိုတာကိုတော့ ကျွန်မတို့က သတိမထားမိတတ်ကြပါဘူး။
ပညာရှင်များရဲ့
အဆိုအရ ဒေါက်မြင့်ဖိနပ်စီးခြင်းဟာ ကျွန်မတို့ရဲ့ ခြေထောက်များကို
အသားမာတက်ခြင်း၊ ကျွဲပခုံးဖြစ်ခြင်းတို့ကို ဖြစ်စေရုံသာမက
ကိုယ်ခန ္ဓ္ဓ္ဓ္ဓာတည်ဆောက်ပုံကိုပါ
ပြောင်းလဲသွားစေနိုင်ပါတယ်။
ကျွန်မတို့ရဲ့ ခြေထောက်များဟာ ခန ္ဓ္ဓ္ဓ္ဓာကိုယ်မှာ အင်မတန်တိကျတဲ့ ဖွဲ့စည်းပုံမျိုးနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။
ခြေထောက်တစ်ချောင်းစီဟာ
အရိုး ၂၆ ချောင်း၊ အဆစ်ပေါင်း ၃၃ ဆစ် နဲ့ အရွတ်ပေါင်း ၁၀၇ ခု၊ ကြွက်သားနဲ့
ကြွက်သားကြောမျှင် ၁၉ ခုတို့နဲ့ ဖွဲ့စည်းတည်ဆောက်ထားတာဖြစ်ပါတယ်။
လှုပ်ရှားသွားလာနိုင်ခြင်း၊ လိုအပ်သလို လှုပ်ရှားခြင်းတို့ကို
ပြုလုပ်ဆောင်နိုင်ရန် ထိုအစိတ်အပိုင်းများက အချင်းချင်း ဆက်သွယ်တွယ်ကပ်ကာ
လုပ်ဆောင်နေကြခြင်းဖြစ်ပါတယ်။ ပညာရှင်များက မိန်းမသားတို့
ဒေါက်မြင့်ဖိနပ်နေ့စဉ်စီးခြင်းကို အားမပေးဘဲ တစ်ခါတစ်ရံ ပွဲလမ်းတက်ဖို့သာ
စီးသင့်ပါတယ်လို့ အကြံပြုထားကြပါတယ်။
အမြင့် တစ်လက်မခွဲ၊ ၂
လက်မ ရှိတဲ့ ဒေါက်ဖိနပ်များကို တစ်ခါတစ်ရံသာ စီးသင့်ပါတယ်လို့ ဆိုကြပါတယ်။
တကယ်လို့ နေ့စဉ်သာ ဒေါက်မြင့်ဖိနပ် စီးမယ်ဆိုရင် ကိုယ်ခန ္ဓ္ဓ္ဓ္ဓာ
ပြောင်းလဲလာမှုကို အသက်အရွယ်ကြီးလာတဲ့အခါမှာ သတိပြုမိပါလိမ့်မယ်လို့
ဆိုကြပါတယ်။
ဟုတ်ပါတယ်။ ကိုယ်ခန ္ဓ္ဓ္ဓ္ဓာတစ်ခုလုံးရဲ့
အလေးချိန်ကို ဒီခြေထောက်တွေက ထိန်းထားရတာပါ။
ဒေါက်ဖြင့်ဖိနပ်စီးလိုက်တဲ့အခါမှာ ခြေဖနောင့်က မြင့်တက်သွားပြီးနောက်
ခြေချောင်းလေးတွေရဲ့ ထိပ်ဖျားကလေးမှာတင်သာ ကိုယ်ခန ္ဓ္ဓ္ဓ္ဓာအလေးချိန်က
သက်ရောက်သွားတာပါ။ ဒါဆိုရင် ကျွန်မတို့ရဲ့ ခြေချောင်းလေးတွေ အတော့်ကို
သနားစရာကောင်းလှပါပြီ။ အဲဒီထက်ပိုလို့ တွေးမယ်ဆိုရင် ဒေါက်မြင့်ဖိနပ်ကို
ကြာရှည်စီးခြင်းဟာ
အရိုးဖွဲ့စည်းပုံကိုပါ
ပြောင်းလဲသွားစေနိုင်တဲ့အတွက် မလိုလားအပ်တဲ့ အရိုး၊ အဆစ်ရောဂါပြဿနာများကို
ဒေါက်မြင့်ဖိနပ်နဲ့ လဲလှယ်ယူလိုက်ရတာပါပဲ။
ဒေါက်မြင့်ဖိနပ်တစ်ရံ
တန်ဖိုးထက် ကျွန်မတို့ရဲ့ ကျန်းမာရေးက အဆပေါင်းများစွာ
တန်ဖိုးကြီးလှတာကြောင့် ကျွန်မတို့ရဲ့ ခြေထောက်ရဲ့ကျန်းမာရေးနဲ့
ရေရှည်ကျန်းမာရေးအတွက် သင့်တော်တဲ့ ဖိနပ်များကို ရွေးချယ်ဖို့က
အရေးကြီးလှပါတယ်။
လှချင်တာလေး တစ်ခုတည်းအတွက်နဲ့
ကျွန်မတို့ရဲ့ ခြေထောက်တွေကို ဓားစာခံအဖြစ်ခံမလား၊ ဒါမှမဟုတ် လှတာလေးကိုပဲ
ရွေးချယ်မလားဆိုတာ ကျွန်မတို့
ဉာဏ်ရှိသလို ဆင်ခြင်ကြရမှာပါ။ အသက်ကို ဉာဏ်စောင့်တယ်လို့ ဆိုတယ် မဟုတ်လားလေ။
No comments:
Post a Comment