Showing posts with label အတွေး. Show all posts
Showing posts with label အတွေး. Show all posts

Wednesday, 1 February 2017

တိုင်းပြည်လူတန်းစားနှင့် စီးပွားရေး

င်းပြည်တစ်ခုမှာ လူလတ်တန်းစားအရေအတွက်က  လူချမ်းသာလူတန်းစားနဲ့ အောက်ခြေ ဆင်းရဲသားလူတန်းစားထက် ပိုလို့ များနေမယ်ဆိုရင် အဲဒီတိုင်းပြည်ရဲ့ စီးပွားရေးကောင်းတယ်လို့ ပြောလို့ရပါတယ်။ လူတန်းစားကွာဟမှု အရမ်းကြီးနေမယ်ဆိုရင်တော့ အင်ဒိုနီးရှားက ဥပမာရှိပါတယ်။  လူလတ်တန်းစားဆိုတာက ပညာတတ်၊ လခစား အများအားဖြင့် ရှိပါတယ်။ (အခုဆိုရင် အင်ဒိုနီးရှားမှာ လူလတ်တန်းစား ပညာတတ် ကျောင်းဆရာ၊ ကျောင်းဆရာမများရဲ့ လစာ ဝင်ငွေဟာ အခြား အလုပ်အကိုင်များထက် ပိုလို့ များအောင် တိုးပေးထားပါပြီ။ ပညာရေးကို မြှင့်တင်ဖို့ အစပျိုးတာပါပဲ။ )



လူလတ်တန်းစားများရခြင်းကြောင့် တိုင်းပြည်တွင်းက ပြည်တွင်းထုတ်ကုန်များကို ဝယ်ယူအားပေးသူများတဲ့လူလတ်တန်း



စားများခြင်းကြောင့် တိုင်းပြည်စီးပွားရေးကောင်းမှာ အသေအချာပါပဲ။ လူချမ်းသာလူတန်းစားက ကောင်းပေ့ဆိုသည်များကိုသာ ဝယ်ယူသုံးစွဲသည်မို့ ပြည်ပမှသွင်းကုန်များကိုသာ ဝယ်ယူတာကြောင့် branded

 ဆိုတဲ့အရာများဟာ တာရှည်ခံပြီး ပျက်စီးမလွယ်တာကြောင့် တစ်ခါ ဝယ်ပြီးရင် နှစ်အတော်ကြာသည်ထိ ထပ်မဝယ်ကြပါဘူး။ (သဌေးများကို ဆိုလိုသည်။ သဌေးသား၊ သဌေးသမီးများကို မဆိုလိုပါ။  :D )



လူလတ်တန်းစားအရေအတွက်များမယ်။ သွားလာမှုလွယ်ကူစေမယ့်စကဘူငခ အမညျေစသမအ တွေ အချိန်ပြည့်ရှိနေမယ်။ နေ့လည်ခင်းစာ၊ညစာ ကောင်းမွန်စွာ စားသောက်နိုင်တဲ့အနေအထားမှာရှိတယ်၊ ပြည်ပက သွင်းကုန်နည်းပြီး ပြည်ပပို့ကုန်များမယ်ဆိုရင် အဲဒီတိုင်းပြည်က ချမ်းသာတယ်လို့ ဆိုရမှာပါပဲ။




နောက်တစ်ခုက စားသုံးသူ (ပြည်သူ)တွေအတွက် ရွေးချယ်ခွင့်တွေရှိနေမယ်ဆိုရင်လည်း စီးပွားရေးကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ ဆိုလိုတာက...ဒီဆိုင်က ဆက်ဆံရေးမကောင်းလို့၊ စျေးတင်ထားလို့ တခြား ဆက်ဆံရေးကောင်းတဲ့ဆိုင်၊ စျေးနှုန်းသင့်တင့်တဲ့ဆိုင်မှာ ပြောင်းပြီး ဖောက်သည်ဖြစ်နိုင်ခွင့်ရှိတာမျိုး။  ရွေးစရာမရှိလို့ ဒီဆိုင်ကိုပဲ ဆက်ဆံရေးကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သွားရောက်ဝယ်ယူနေရတာမျိုးက စီးပွားရေးအတွက် ရေရှည်မှာဆိုးကျိုးပဲဖြစ်လာနိုင်ပါတယ်။

 

မလေးရှားတရုတ်ကုန်သည်များကို ဥပမာကြည့်မယ်ဆိုရင် ဆိုင်ရှင်ကိုယ်တိုင်က ဆိုင်မှာရှိနေပြီး ဝယ်သူလာရင်  ပြုံးရွှင်ချိုသာစွာနဲ့ ဒါလေးရော သုံးကြည့်ပါလား။ ဒါလည်း ကောင်းတယ် စသည်ဖြင့် ဝယ်သူ ဝယ်ချင်အောင် ပြောဆိုတတ်သလို ဆိုင်အလုပ်သမားများရှိသော်လည်း ဝယ်သူသွားသည့်အထုပ်များကို ကိုယ်တိုင် ကားပေါ်သလို့ လိုက်တင်ပေးခြင်း၊ သားသမီးများမှာလည်း ယူနီဗာစီတီကျောင်းသား၊ ကျောင်းသူများဖြစ်သော်လည်း ကျောင်းပိတ်ရက် မိဘဆိုင်တွင် ကူညီသောအခါ သားသမီးများကိုယ်တိုင်က ဝယ်သူစိတ်တိုင်းကျ စိတ်ရှည်သလို ကိုယ်တိုင် ကိုယ်ကျ ကားပေါ်လိုက်တင်ပေးခြင်းများကြောင့် ဝယ်သူက ထိုဆိုင်မှာပဲ အမြဲဝယ်ယူအားပေးတာမျိုးတွေကို နမူနာကြည့်သင့်ပါတယ်။ ကုန်စုံဆိုင်တင်မှ မဟုတ်ဘဲ ကုန်တိုက်ကြီးများကို ပိုင်ဆိုင်သော ပိုင်ရှင်ကိုယ်တိုင် ၊ ရှယ်ယာအဖွဲ့ဝင်များကိုယ်တိုင်က မိမိ၏ ကုန်တိုက်ကို ရောက်နေခိုက် ဝယ်သူကို ကိုယ်တိုင် ဂရုစိုက်ကာ ကိုယ်တိုင်ထုပ်ပိုးပေးခြင်းများရှိပါတယ်။






ဆက်ဆံရေးမကောင်းတဲ့ဆိုင်ကနေ တခြား ဆက်ဆံရေးကောင်းတဲ့ဆိုင်ကို စားသုံးသူများက ပြောင်းပြီး အားပေးကြတာမို့  စီးပွားရေးလုပ်ငန်းရှင်များ၊ ကုန်သည်များကလည်း စားသုံးသူအပေါ်ကို ကောင်းမွန်စွာဆက်ဆံပါတယ်။ ရက်လွန်များကို ညာမရောင်းသလို သူတို့ မဖယ်ရှားလိုက်ရသေးမီ စားသုံးသူက ယူငင်ဝယ်ယူမိတယ်ဆိုရင် ပြန်သိမ်းပါတယ်။ ဒါကတော့ ရက်လွန်နေပြီ။ sorryပါနော်။ ဒီညနေ တစ်ခေါက်ပြန်လာခဲ့ပါဦး စသည်ဖြင့် စားသုံးသူအပေါ် စေတနာထားတာဟာ သူတို့စီးပွားရေး ရေရှည်ကောင်းမွန်အောင်လည်းဖြစ်သလို စားသုံးသူအနေနဲ့လည်း ဘေးကင်းတဲ့အတွက် ကျေနပ်စေနိုင်ပါတယ်။



ပြည်ပအလုပ်သမားများထက် ပြည်တွင်းအလုပ်သမားများကိုပဲ ဦးစားပေးအလုပ်အကိုင်များ ဖန်တီးပေးနိုင်ခြင်းဟာလည်း တိုင်းပြည်မှာ ခိုးမှု၊ လုယက်မှုတွေ လျော့ပါးအောင် ထိန်းသိမ်းနိုင်ပါတယ်။  ပြည်ပ နိုင်ငံခြားသား ပညာရှင်ထက် ပြည်တွင်း ပညာရှင်များကို အသုံးချနိုင်တဲ့အခါမှာ တိုင်းပြည် တည်ငြိမ်နိုင်တယ်လို့ ပြောလို့ရပါတယ်။  ပြည်တွင်းမှ ပညာရှင်များထွက်ပေါ်လာစေရန် ကျောင်းစရိတ်ထောက်ပံ့ကာ စာချုပ်၊ စာတမ်းဖြင့် ပညာတော်သင်စေလွှတ်ခြင်းများနှင့် သင့်လျော်သော လစာငွေများကြောင့် ပြည်တွင်းပညာရှင်များက တိုင်းပြည်မှ အပြီးထွက်ခွာသွားခြင်း မရှိဘဲ မိဘ၊ ဆွေမျိုးများရှိရာ မွေးရပ်မြေကိုပဲ ပြန်လာ အလုပ်လုပ်လာနိုင်ပါတယ်။ ဥပမာ။ မလေးရှား)



 ဒီဟာတွေကတွေးမိသလောက်ပါ။ တစ်ခါခါမှာ သီအိုရီနဲ့ လက်တွေ့က ကွာခြားတတ်တာကြောင့်  exceptional case တွေ ရှိနိုင်ပါတယ်။

စိတ်မညစ်ပါနဲ့

ဘဝဆိုတာ ပန်းခင်းလမ်း မဟုတ်ဘူးလို့ ပြောကြတာ ဘဝမှာ စိတ်ညစ်စရာတွေက အများသား။
ဒါပေမဲ့ ထိုင် စိတ်ညစ်နေလို့ ပြီးသွားရောလား။ ပြီးသွားမယ်ဆို ထိုင် စိတ်ညစ်လိုက်ပါတယ်။
ပြဿနာဆိုတာ ရင်ဆိုင်လိုက်မှ ဖြေရှင်းလိုက်မှ ပြီးသွားတဲ့အရာပေပဲ။ စိတ်ညစ်ညစ်နဲ့ ရင်ဆိုင်မလား...ခေါင်းအေးအေးနဲ့ ရင်ဆိုင်မလား...ကိုယ့်ရွေးချယ်ပိုင်ခွင့်ပဲ။ ရလဒ်ကို ကိုယ်ပဲ ခံစားရမှာ။

ပျော်တယ် မပျော်ဘူးဆိုတာက ကိုယ့်စိတ်နဲ့ပဲ ဆိုင်ပါတယ်။ ပျော်စရာလို့ မြင်ရင် ပျော်စရာကောင်းနေရော။ မနက်မိုးလင်းလာလို့ အိမ်တံခါးဖွင့်လိုက်လို့ ပြင်ပလောကကြီးနဲ့ နေအလင်းရောင်ကိုမြင်ရတဲ့ မြင်ကွင်းက ကိုယ့်အတွက် ပျော်စရာဖြစ်နေတယ်ဆို ပျော်စရာပေ့ါ။ မနက်မိုးလင်းလာပြီ...ဒီမနက်အလင်းရောင်ကို ငါ မြင်တွေ့ခွင့်ရတယ်...ငါ့အသက်နဲ့ ကိုယ် အတူတွဲလျက်ရှိနေသေးတယ်..ငါ့ခြေထောက်ပေါ်မှာ ငါ ရပ်နိုင်ပြီး ငါသွားလိုတဲ့နေရာကို သွားနိုင်တယ်...လမ်းလျှောက်နိုင်တယ်...ငါ စားချင်တာတွေ ချက်ပြုတ်နေနိုင်သေးတယ်...ငါ ဘုရားဝတ်ပြုနိုင်သေးတယ်...ငါ တရားမှတ်နေနိုင်သေးတယ်...လေပြေနဲ့အတူပါလာတဲ့ ပန်းရနံ့တွေ ရှုူနေနိုင်သေးတယ်...ငါ အတော် ကံကောင်းနေပါလားလို့ တွေးမိရင် ပျော်စရာကောင်းပါတယ်။

ကိုယ် အသက်ရှင်နေသရွေ့ ဘယ်ပြဿနာမဆိုက လူ့ဘဝနဲ့ နှိုင်းစာရင် သေးသေးလေးပါပဲ။ တစ်ခါခါမှာ လူတွေဟာ တကယ် ပြဿနာမဟုတ်တာတွေကို ပြဿနာဖြစ်နေတတ်ကြရော။ စိတ်ညစ်စရာတွေလား...ရှိတာပေ့ါ။ လူပဲဟာ။ ဘဝတစ်ခုကို ရထားတဲ့ လူပဲ...စိတ်ညစ်စရာတွေ ရှိတာပေ့ါ။ ဒါပေမဲ့ စိတ်ညစ်စရာဆိုတိုင်း စိတ်ညစ်လိုက်ရမှာလား။
ဒါဆို အဲဒီ စိတ်ညစ်စရာက ကိုယ့်ကို အနိုင်ရသွားမှာပေ့ါ။ မပေးပါဘူး..သူ့ကို အနိုင်။ အဲဒီ စိတ်ညစ်စရာတွေကို ကိုင်း..လာလေရော့လို့ ပျော်စရာတွေဖြစ်အောင် လုပ်ပစ်လိုက်မှာပေ့ါ။

မိဘတွေနဲ့ တစ်တိုင်းပြည်စီ အဝေးမှာ တစ်ယောက်တည်းနေ၊ ကြင်နာသူ မရှိ၊ တစ်ယောက်တည်း ဘဝကို ရင်ဆိုင်ခဲ့ဖုူးတာပဲ။ မနက်မိုးလင်းလာရင် ကျောင်းသွားဖို့ပြင်၊ အခန်းတံခါးသော့ခတ်၊ အလုပ်ရှိရာ ကျောင်းကိုသွား၊
ညနေစောင်း ကျောင်းကနေပြန်ရောက် ၊ အခန်းတံခါး သော့ဖွင့်ဝင်၊ ဘုံးဆို လွယ်ထားတဲ့အိတ်ကို ပစ်ချ၊ ထမင်းချက် ၊ ညစာရှာစား၊ ပြီးတော့ သီချင်းလေးဖွင့် စာဖတ်၊ ဘုရားရှိခိုး၊ အိပ်။ ကျောင်းပိတ်ရက်မှာ အခန်းရှင်း၊ တစ်ပတ်စာ အဝတ်တွေ လျှော်ဖွပ်၊ မီးပူတိုက်၊ စျေးသွားဝယ် ၊ စားချင်တာလေးတွေ ချက်ထား၊ ဖတ်ချင်တဲ့ စာအုပ်တွေ သွားဝယ်ဖတ်၊ စာအုပ်တွေထဲက ကူးချင်တာတွေကို ဗလာစာအုပ်ထဲချရေးကူး။
ငါ တစ်ယောက်တည်းပါလား လို့လည်း တစ်ခါမှ မတွေးမိသလို ၊ ငါ တစ်ယောက်တည်း အထီးကျန်နေရှာတယ် ကိုယ့်ကိုယ်ကို သနားစရာလို့လည်း မတွေးမိ။ အမြင်ကပ်စရာတောင ်ကောင်းသေးတော့။ တစ်ယောက်တည်း စိတ်ကြိုက် သီချင်းတွေဖွင့်၊ ကလေးတွေ လေ့ကျင့်ခန်းစာအုပ်တွေ အိမ်ယူလာတာတွေကို စစ်၊ အလုပ်လုပ်ချင်တာလေးတွေလုပ်၊ စာဖတ်ချင်တာလေးတွေဖတ်၊ တစ်ယောက်တည်းနဲ့တောင် အချိန်က မလောက်ဖြစ်နေခဲ့ရသေးတယ်။ နေမကောင်းဖြစ်ချိန်တော့ အားငယ်တာမျိုးတွေ ရှိတာပေ့ါ။ ကျောင်းဆေးခန်းက ဆရာဝန်မနဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ကြင်နာမှုတွေက အားငယ်တာတွေကို မေ့ပြစ်လိုက်နိုင်တာပဲ။ ဘယ်မှာ အထီးကျန်ခဲ့လို့လဲ...စာအုပ်တွေရှိတယ်။ သီချင်းတွေရှိတယ်လေ။ သီချင်းတွေ လိုက်အော်ဆိုနေရင် ပိုတောင်မှ ပျော်ဖို့ ကောင်းသေးတာ။

စာအုပ်တွေနဲ့ အတူ ကမ္ဘာကြီးတစ်ပတ်ရောက်တယ်။ မရောက်ဖူးသေးတဲ့နေရာတွေကို ရောက်တယ်။ စာအုပ်တွေနဲ့အတူ စာရေးဆရာနဲ့ အတွေးအခေါ်ချင်း စကားပြောဖြစ်တယ်။ စာရေးဆရာနဲ့ စိတ်ချင်း စကားပြောကြတယ်။ စာအုပ်တွေနဲ့အတူ မသိသေးတာတွေ သိလာတယ်။ စာအုပ်တွေထဲက ချက်ပြုတ်နည်းလေးတွေ စမ်းချက်ကြည့်လိုက်တယ်။ ဖြစ်သွားရင် တယ်ဟုတ်တဲ့ ငါပါလား...ငါကွဆို ပျော်တောင်ပျော်သေး။ သီချင်းတွေနဲ့အတူ လှတဲ့ ကမ္ဘာလောကကြီးကို ခံစားမြင်ရတယ်။

ကိုယ့်အပေါ် မကောင်းတဲ့သူတွေလည်း ရှိတာပေ့ါ။ လူပဲ။ ကိုယ့်ကို ကြည့်မရတဲ့သူ၊ ကိုယ်က ကြည့်မရတဲ့သူတွေ ရှိတာပေ့ါ။ ပုထုဇဉ်ပီပီ ကိုယ် ကြည့်မရတဲ့သူ၊ ကိုယ့်အပေါ် မကောင်းတဲ့သူကို မကောင်းပြောမိတာရှိတာပေ့ါ။ ဒါပေမဲ့ ကိုယ့်စိတ်မှာ မကျေမနပ်ဖြစ်နေတဲ့ တစ်ခါပဲလေ...ပြောမိလိုက်တယ်။ ပြီးတော့ မေ့သွားရော။ ဟုတ်တယ်လေ...သတိရနေဖို့ လိုသလား။ ကိုယ့်အပေါ် မကောင်းတဲ့လူတွေပါ ဆိုနေမှ။
ကိုယ့်အပေါ် ကောင်းတဲ့သူ၊ ကိုယ်ချစ်တဲ့သူတွေကိုပဲ သတိရမှာပေ့ါ။

သူများတွေက အတင်းပြောတာတွေလား...ဘာမှ မဖြစ်ပါဘူး။ သူတို့ ပြောနိုင်လို့ ပြောတာပဲ။ ကိုယ်လည်း ကိုယ်ပြောနိုင်ရင်၊ ပြောဖို့ အချိန်ပေးနိုင်ရင် ပြောရင် ပြောမိမှာပေ့ါ။ ကိုယ်ကမှ သူတို့ အကြောင်းပြောဖို့ အချိန်မပေးနိုင်တာ။ သူတို့ပြောတာတွေကို ဘာ နာရမှာလဲ။ ကိုယ် မဟုတ်ရင် သြော်...သူတို့ ပြောနေကြတဲ့အတိုင်းမှ ငါက မဟုတ်တာ..သူတို့ ပြောနေတာ ငါမှ မဟုတ်ဘဲ ထားလိုက်ပါလို့။ ဟုတ်နေရင်ရော...သြော်...ဟုတ်သား...တော်သေး သူတို့သတိပေးပေလို့ နို့မို့ ငါ့ကိုယ်ငါ သိမှာ မဟုတ်ဘူးလို့ ကျေးဇူးတောင် တင်ရသေး။ မဟုတ်တာတွေ လျှောက်ပြောတဲ့သူတွေရှိရင် ပိုတောင် ပျော်ဖို့ ကောင်းသေး။ သူတို့ ပြောတဲ့အတိုင်း ကိုယ်ကမှ မဟုတ်တော့ ပြောသူတွေပဲ ဖောင်းတော့တာပေ့ါ။ သူများတွေကလည်း ဦးနှောက်နဲ့ ဆင်ခြင်နိုင်တဲ့လူတွေပဲဟာ။ အဲမှာ ကိုယ်က ပတ်ဝန်းကျင်မှာ အမှတ်တွေ တက်ရော။ လောကကြီးက ဒီလိုနေရာတွေမှာ တရားမျှတပါတယ်။

ငရဲကြီးတယ် ဆိုတာ

ယနေ့ခေတ်ဟာ အိုင်တီခေတ် ၊ နည်းပညာခေတ် ဟုပြောနေကြသည့်အတိုင်း သိပ ္ပံ ပညာ ၊ စက်မှုလက်မှုနည်းပညာ ထွန်းကားတိုးတက်မှုမှာ အံ့မခန်း ပင်ဖြစ် ပါတယ်။ ထိုတိုးတက်နေသော ၊ အသစ်အသစ်သော နည်းပညာများနောက်သို့ အမီလိုက်နိုင်ကြသူအများစုမှာ လူငယ်များဖြစ်သည့်အလျောက် ယနေ့ခေတ်လူငယ်များသည် လူကြီးများထက် ကွန်ပျုတာ နည်းပညာ ပိုမိုတတ်မြောက်ကြတာ ဘယ်သူမှမငြင်းနိုင်ပါဘူး။ တက်စရာ သင်တန်းတွေ ၊ ဆည်းပူးစရာ ပညာရပ်တွေကလည်း မကုန်နိုင် ၊ မခမ်းနိုင်ပေပဲမို့ လူငယ်တွေကိုကြည့်လိုက်ရင် အမြဲအလုပ်ရှုပ် ၊ အနားမနေကြရပါဘူး။ အထက်တန်းအောင်ပြီ ဆိုတာ နဲ့ အင်္ဂလိပ်စာ သင်တန်းတွေတက် ၊ ကွန်ပျုတာ ၊ စာရင်းကိုင်သင်တန်းတွေတက် နဲ့ ဘဝတိုးတက်မှု ကိုရှာဖွေနေကြပါတယ်။ သင်တန်းဆင်းလက်မှတ်ရပြီးရင် အလုပ်ရှာ ၊ တက္ကသိုလ် မတက်ခင်ကတည်းကကိုပဲ အလုပ်အကိုင်နဲ့ဖြစ်နေကြပါပြီ။



အသက်ငယ်ငယ်လေးတွေနဲ့ ကိုယ့်ဝင်ငွေလစာ လေးတွေနဲ့ဖြစ်နေကြတာ ချီးကျုးစရာပါပဲ။ မိသားစု တာဝန်ကို ဝင်ထမ်းကြတာ သိတတ်ကြတာ အင်မတန် ကိုကောင်းပါတယ်။ မိဘ များအနေနဲ့ကလည်း ကိုယ့်သားသမီးအတွက် အင်မတန် ဂုဏ်ယူကြတာလေ။ ကျွန်မသားကတော့ဖြင့် ဘယ်ကုမ္မဏီ ကြီး မှာ ပေ့ါ။ ကျွန်မ သားက ကွန်ပျုတာပရိုဂရမ်မာလေ။ သမီးက ဘယ်ရုံးမှာ စာရင်းကိုင်လေ နဲ့ ပြောရတာ အင်မတန်ကိုဂုဏ်ရှိပါပေတယ်။ အလုပ်က အိုဗာတိုင် ဆိုလည်း အိမ်ပြန်နောက်ကျတဲ့ သမီးကို လမ်းထိပ်ထွက ်မျှော် စောင့် တဲ့ မိဘ ၊ သမီးထမင်းချိုင့်အတွက် နံနက်အစောကြီး ထ ချက်ပြုတ်တဲ့ အမေ ကိုမောသလားလို့မေးရင် မမောဘူးပဲဖြေကြမှာပါ။ သား ပညာတတ်ကြီး ၊ သမီးပညာတတ်ကြီးတွေအတွက်ဂုဏ်ယူနေကြတဲ့ မိဘတွေ ပီတိတွေနဲ့ပေ့ါ။ လူငယ်တွေဘက်ကကျတော့လည်း အသက်ငယ်ငယ်လေးနဲ့ လုပ်ငန်းတာဝန် တွေထမ်းဆောင် ၊ ပညာအကြီးကြီးတွေတတ်နေလေတော့ မာန်လေး နည်းနည်း ရှိလာပြီလေ။ လူငယ်မာန နဲ့ ငါ ဆိုတာလေးတွေဖြစ်လာကြပြီ။ မိဘ က ငယ်စဉ် ကတည်းကကျွေးမွေးပြုစု ပညာသင်ပေးလို့ ဒီနေ့ ဒီအချိန်မှာ ဒီလိုဖြစ်နေတာကို မေ့တေ့တေ့ဖြစ်နေကြပြီ။ ငါ တော်လို့ ၊ ငါတတ်လို့ ဆိုပြီး လက်မလေး တွေ ထောင်ချင်နေကြပြီလေ။ အလုပ်ကပင်ပန်း၊ စိတ်ကရှုပ်နဲ့ အိမ်မှာဆို မိဘ ကိုစကား ကောင်းကောင်း မပြောချင်တော့ဘူး။ အမေ ၊ အဖေက မေးတာကိုပဲ စိတ်တိုနေပြီ။ မိဘ ဆိုတော့လည်း ကိုယ့်သားသမီး ဘယ်သွားမယ် ၊ ဘယ်လာမယ် သိချင် ၊ စိတ်ပူတာပေ့ါ။ ရုံးပိတ်ရက်လေးမှာ အပြင်ထွက်ဖို့ပြင်ဆင်နေတဲ့ သမီး ၊ သားကို ဘယ်သွားမလို့လဲ မေးမိရင် ကလေးတွေက မကြိုက်ချင်တော့ဘူး။



များသောအားဖြင့် အသက်၂၀ကျော်လူငယ်လေးတွေဟာ အဖေ နဲ့ အဆင်မပြေဖြစ်ကြတာများတယ်။ ဖခင် ဆိုတာ အိမ်ထောင်ဦးစီး မို့ အားလုံးကရိုသေ ပြီးနေကြတာမှာ အဖေ က ပင်စင် စားဖြစ်တဲ့အချိန် ၊ သား သမီးက အလုပ်အကိုင်ရှိတဲ့အချိန်မှာ ဖခင်နဲ့ သားသမီး သဘောကွဲမှုလေး တွေ ဖြစ်လာတယ်။ ဖခင်ဘက်ကလည်း သူရှာဖွေကျွေးမွေးပြုစုလာတဲ့ သားသမီးက ခုလို သူ ငွေမရှာနိုင်တော့တဲ့အချိန်မှာ မလေးစားတော့တာလို့ အမြင်ဖြစ်ပြီး သားသမီးဘက်ကကျတော့လည်း အဖေက နေရာတကာ ဝင်ပါနေတယ် လို့ ထင်ကြပြန်ရော။



အလုပ်ထဲမှာလည်း အနည်းနဲ့ အများဆိုသလို စိတ်တင်းကြပ်မှုလေးတွေ ၊ စိတ်ဖိစီးမှုလေးတွေ ရှိနေလေတော့ အိမ်ပြန်ရောက်ရင် မိဘ နဲ့စကားပြော ရာမှာ ဘောက်ဆတ်ဆတ် ဖြစ်ကုန်ကြပြီ။ အလုပ်မှာကကြောက်ရမယ့်သူတွေ ၊ အထက်လူကြီးတွေ ၊ စီနီယာတွေ နဲ့မို့ ဒေါသ ကိုထိန်းချုပ်ထားရတာတွေ အိမ်ပြန် ရောက်ရင် ပေါက်ကွဲပြီလေ။ အဲသည်တော့ မိဘ နဲ့ သားသမီး ကြား နားလည်မှုလေးတွေက လွဲပြီပေ့ါ။ လူငယ်တွေကလည်း မိဘတွေက သူတို့ကို နားလည်မပေးဘူး လို့ မြင်ကြပြီး မိဘတွေဘက်ကကျတော့လည်း ကလေးတွေ့က ရှာနိုင်ဖွေနိုင်တဲ့အခါမို့ မောက်မာနေကြပြီ လို့ ထင်ကြတယ်။



နောက်တစ်ခုက လုပ်တိုင်းမဖြစ်တဲ့ အနေအထားတွေ အလုပ်ထဲမှာ ရှိတယ်လေ။ လူငယ်တွေက တိုးတက်ချင်တယ်။ ကြိုးစားတယ် ။ ဒါပေမဲ့ ကြိုးစား သလောက်အရာမရောက်ဘူး။ အချိန်မတိုင်သေးလို့ မဖြစ်သေး တာလည်း ဖြစ်မှာပဲ။ လူငယ်ဆိုတာက အမြဲ ဘဝ တိုးတက်ရေးလမ်း ရှာဖွေနေတဲ့သူတွေ။ ရည်မှန်းချက်ကြီး ၊ မျှော်လင့်ချက်ကြီးကြီး နဲ့ ကြိုးစားပေမယ့် ထင်သလောက်ဖြစ်မလာတဲ့အခါ စိတ်ဓါတ်ကျ သွားတာလည်းရှိတယ်။ အဲသည်လို အချိန်တွေမှာ အိမ်မှာ မိဘ နဲ့ ပိုလို့ အဆင်မပြေတော့ဘူး။ ဘယ်သူက ဘာပဲပြောလိုက် ပြောလိုက်အကောင်းကိုမမြင်တော့ဘူးလေ။ အလိုလို စိတ်တိုနေတတ်ရော။ တကယ်တန်းကျတော့ အဲသည်လို လုပ်တိုင်းမဖြစ်၊ မှန်းထားတိုင်း မဖြစ်တာတွေဟာ ငရဲကြီးတာပါ။



လူတွေထင်ကြတာက ငရဲကြီးတယ်ဆိုတာ ခုဘဝက သေလွန်တဲ့အခါမှာ အဝီစိ ငရဲကိုကျပြီး ငရဲသားတွေ ဆီပူအိုးကြီးထဲမှာ ထည့်ကြော်တာကို ခံရတာလို့။ ပြန်စဉ်းစားကြည့်ရင် မိဘ ကို မချေမငံပြန်ပြောမိတာလေးတွေ ၊ အမေ ကလည်းဗျာ ရှုပ်လိုက်တာ....အဖေကလည်း ဒါလေးတောင် မသိဘူးလားလို့ မောက်မောက်မာမာ ပြောမိတာလေးတွေက ကံကြီးထိုက်ပြီး ကိုယ်ဖြစ်လိုရာ ဆန္ဒ္ဒတွေက မပြည့်တော့တာလေ။ မိဘ စိတ်ဆင်းရဲ သွားတာမျိုး၊ စိတ်ခု သွားတာမျိုး ဖြစ်စေတဲ့ သားသမီးဟာ ဘဝမှာ ဘာတွေပဲ လုပ်လုပ် ကိုယ်မှန်းသလောက်အဆင်မပြေပါဘူး။ မယုံဘူး ဆိုရင် အောင်မြင်နေတဲ့ လူငယ်လေးတွေ ကိုလှမ်းကြည့်လိုက်ပါ။ မိဘ နဲ့ပြောဆို ဆက်ဆံရာမှာ သိမ်မွေ့ ပြီး မိဘ စကားနားထောင်တဲ့ လူငယ်လေးတွေသာပဲ အောင်မြင်မှု ကိုကြာ ရှည် ထိန်းထားနိုင်ပြီး ဘယ်တော့မှ အမှားမတွေ့ ၊ အခက်အခဲကြုံလာရင်လည်း ကူညီမယ့်သူ အဆင်သင့် ဖြစ်ပါတယ်။ အသေးအဖွဲလေးတွေက အစ မိဘ နဲ့ပြောဆိုဆက်ဆံရာမှာ သတိပြုရပါမယ်။ ကျွန်မ ကိုယ်တိုင်လည်း အသက် ၂၃ နှစ် အရွယ်တုန်းက မိဘ ကိုမောက်မာခဲ့မိတာ ။ နောက်ဘာမှအဆင်မပြေဖြစ်တော့ မှ ဆရာတော် ဘုရားတွေရဲ့ ဆုံးမစကားတွေ ၊ တရားတွေ နားထောင်ပြီး မိဘ ကို ပြန်လည်တောင်းပန် ရှိခိုး ပြီး ခွင့်လွှတ်ပါတယ် ဆိုတဲ့ အမေ့ရဲ့ စကားကြားရအပြီးမှာမှ ဘဝ မှာ ပြန်လည်အဆင်ပြေလာတဲ့သူလေ။



အဲသည်နောက် ဘဝ တစ်လျှောက်လုံးဘယ်တော့မှ မိဘ ကို မလွန်ဆန်တော့ဘူးလေ။ ကောင်းကောင်းကြီးကိုနောင်တရပြီး မိဘ ကျေးဇူး မိဘ တန်ဖိုးကို သိမြင်လာပြီလေ။ ကိုယ်က ပညာတတ်နေတာ က မိဘ က ငယ်စဉ်က ကျောင်း ထားပေးခဲ့လို့ပေ့ါ။ မိဘ ကသာ ကျောင်းမထားပေးခဲ့ရင် ဘယ်လို မူလတန်း၊ အလယ်တန်း၊အထက်တန်းအောင် ပြီး ဘွဲ့ရ ပညာတတ်ဖြစ်နိုင်မှာလဲ။ ပညာရေးအတွက် အသုံးစရိတ်ကရော မိဘ ပိုက်ဆံပဲ မဟုတ်လား ။ ခုမှ အလုပ်အကိုင်လေးရှိမှ မိဘ ကျေးဇူးကြောင့် ပညာတတ်ဖြစ်လာတာကိုမေ့ပြီး ငါတော် လို့ ၊ ငါတတ်လို့ သည်လို ရုံးကြီးမှာ သည်လို မျိုးရာထူး အလုပ်မျိုးရတာ ဆိုပြီး လက်မထောင်ချင်တဲ့ လူငယ်လေး တွေ စဉ်းစားစေချင်ပါတယ်။



မိဘကိုစိတ်ချမ်းသာစေတဲ့ သားသမီး မျိးဟာ ဘယ်တော့မှ မဆင်းရဲဘူး ဆိုတဲ့စကားဟာ အင်မတန်ကို မှန်ကန်လို့ ပြောနေကြတဲ့စကားပါ။ မဆင်းရဲဘူး ဆိုတဲ့နေရာမှာ ကိုယ်ရော ၊ စိတ်ရောပါ။ မယုံဘူး ဆိုရင် လက်တွေ့လည်း လုပ်ကြည့်လိုက်ပါ။ အရင်က အဆင်မပြေဖြစ်နေတာလေး တွေ ပြန်လည် အဆင်ပြေ တိုးတက်လာပါလိမ့်မယ်။ လူငယ်တွေ အသက်ရှင် လျက် ငရဲကျ မခံချင်ကြပါနဲ့ ။





ဟနစံ

လူထဲမှာ

ကျွန်မတို့တွေဟာ လုပ်ငန်းခွင်မှာရော လူမှုပတ်ဝန်းကျင်မှာပါ နေ့စဉ်နေ့တိုင်း လူအမျိုးမျိုးနဲ့ ပြောဆိုပတ်သက်ဆက်ဆံနေရပါတယ်။ လူတစ်ဦးနှင့်တစ်ဦး မတူညီကြတဲ့အတွက် တစ်ယောက်တစ်မျိုးဆိုသလိုပါပဲ။ အရာရာတိုင်းဟာအကောင်းချည်းမရှိသလို အဆိုးချည်းလည်းရှိတာမဟုတ်ပါဘူး။ လူတစ်ယောက်မှာကောင်းတဲ့စိတ်နေစိတ်ထားရှိသလို တခါတခါမှာတော့လည်း အများနှင့်စိတ်သဘောချင်းမတိုက်ဆိုင်တတ်ဘဲ သဘောဆိုးတယ်လို့ ထင်ရမြင်ရတတ်တာတွေလည်းရှိပါတယ်။ များသောအားဖြင့်တော့ လူတွေဟာ အတတ်နိုင်ဆုံး မိမိကိုယ်ကိုကောင်းအောင်ကြိုးစားနေကြတာချည်းပါပဲ။ တတ်နိုင်သလောက် မေတ္တာ ၊ စေတနာထားနေကြတာပါပဲ။ ဒါပေမယ့်လည်း ကိုယ့်ဘက်ကကြည့်တော့လက်ဖဝါး ၊ သူ့ဘက်ကကြည့်တော့လက်ဖမိုး ဆိုသလို အမြင်ချင်းမတူညီဘဲ ကွဲလွဲတာလေးတွေရှိရင် လူမှုဆက်ဆံရေးမှာ စိတ်ကသိကအောက်ဖြစ်ကြရပါတယ်။

ကိုယ်ကအတတ်နိုင်ဆုံးကောင်းအောင်နေပါလျက်နဲ့ သူတစ်ပါးအပေါ်စေတနာထားပါလျက်နဲ့ ကိုယ့်ကပေးဆပ်လိုက်ပါလျက်နဲ့ ကိုယ့်အပေါ်သူရဲ့ တုန့်ပြန်မှုက ကိုယ်ပေးလိုက်သလို မဟုတ်ဘူး ရယ်လို့ တနုံ့နုံ့ခံစားဝမ်းနည်းနေကြတဲ့သူတွေလည်းတွေ့ဖူးပါတယ်။ ကိုယ်တတ်နိုင်တဲ့အရာဆိုရင် ကိုယ်တတ်နိုင်သလောက်ကူညီတယ်။ သူ့ဘက်ကတုန့်ပြန်လာမှာကို အစကတည်းက
ဘာမှ မမျှော်လင့်ထားဘူးဆိုရင် သူ့ဘက်ကကိုယ့်ကိုအကောင်းတုန့်ပြန်သည်ဖြစ်စေ၊ အဆိုး
တုန ့်ပြန်သည်ဖြစ်စေ ကျွန်မတို့စိတ်ထဲမှာ ဘာမှမထိခိုက်မခံစားရတော့ပါဘူး။ သြော်....ငါကတော့သူ့အပေါ်မှာစေတနာတွေထားလိုက်ရတာ။ သူ့ကျတော့ငါ့ကိုအဲ ဒီလို ဆိုပြီး စိတ်မကောင်းဖြစ်ရုံတင်မကဘဲ ဒေ ါသပါဖြစ်လာမယ်ဆိုရင်တော့ ဆိုးရွားတဲ့ လူမှု ဆက်ဆံရေး တစ်ရပ် မကြာမီမှာဖြစ်ပေါ်လာတော့မှာပါပဲ။ ငါကတော့ အတတ်နိုင်ဆုံး သူ့အပေါ်မှာ စေတနာ ဖြူစင်စွာနဲ့ကူုညီခဲ့ပြီးပြီ။ သူဘက်ကဘယ်လိုတုန့်ပြန်တာမျိုးမှ ငါစိတ်မဝင်စားဘူး။ ငါလုပ်ပေးနိုင်တာကိုလုပ်ပေးလိုက်ပြီးပြီ ဆိုပြီးသဘောထားလိုက်နိုင်ရင် စိတ်ထဲမှာ ခံစားရ သက်သာမှာပါ။ ဒါမှမဟုတ် ကိုယ်လုပ်ပေးဖူးတဲ့၊ ကိုယ်ကူညီခဲ့ဖူးတဲ့ ကိစ္စ ကို ကိုယ့်ဂုဏ်ကိုယ်ဖော် သိ ဒ္ဓိတင်မနေဘဲ ကိုယ်လုပ်ပေးနိုင်တာကိုလုပ်ပေးပြီးရင် မေ့ပစ်လိုက်မယ်ဆိုရင် စိတ်ငြိမ်းချမ်းမှာပါပဲ။

လူဆိုတာလည်းတစ်ယောက်နဲ့တစ်ယောက်ခံယူချက်ချင်း၊ အမြင်ချင်းချင်းမတူညီကြတဲ့အခါမှာ အထင်မှား ၊ အမြင်မှားဖြစ်တတ်တာတွေရယ်၊ ကြားလူတစ်ဦးရဲ့ ကတုံးကတိုက်စကားတွေရယ်ကြောင့်လည်း တစ်ဦးနှင့် တစ်ဦးအဆင် မပြေ ဖြစ်လာတတ်ကြပါတယ်။ ကိုယ်ပိုင်စဉ်းစားဆင်ခြင်ဉာဏ်နဲ့ ကိုယ်တိုင် ဆုံးဖြတ်တာ ဟာ အကောင်းဆုံးပါပဲ။ သူတစ်ပါးစကား ၊ သူတစ်ပါးပြောတာကိုယုံပြီး ဆုံးဖြတ်တတ်တဲ့သူဟာ သူ့မှာရှိထားတဲ့စဉ်းစားဆင်ခြင်နိုင်စွမ်းကိုအသုံးမချသူပါပဲ။ လူူတစ်ဦးနှင့် တစ်ဦးမေတ္တာထား တာချင်းမတူညီကြတဲ့အခါမှာ သူတစ်ပါးနဲ့အဆင်မပြေတဲ့သူဟာ ကိုယ့်အပေါ်မှာ ကျတော့ ကောင်းနေတာမျိုးလည်းရှိတတ်ပါတယ်။ သူများတွေဘာပြောပြော ကိုယ်နဲ့အဆင်ပြေတယ်။ ကိုယ့်အတွက်သူဟာမိတ်ဆွေကောင်းဖြစ်တယ် ဆိုရင်သူတစ်ပါးစကားတွေကို ကျွန်မတို့က ဘာ့ကြောင့်ယုံနေဦးမှာလဲ။

တစ်ခါတစ်ရံမှာ ကျွန်မတို့ကအမှန်လို့ယူဆထားတဲ့အကြောင်းအရာကိစ ္စ တစ်ခုကိုသူတစ်ပါးကအမှန်လို့ လက်မခံ ၊ မယူဆတဲ့အခါမှာ သဘောထားကွဲလွဲမှုတွေဖြစ်ပြီး အငြင်းပွားပြီးရန်များကြရပါတယ်။ ကျွန်မလက်ခံယုံကြည်ထားတဲ့အမှန်တရားဟာ သူတစ်ပါးအတွက်ကတော့ အမှန်တရားဖြစ်ချင်မှဖြစ်မှာပါ။ အဲ ဒီလိုမဖြစ်တဲ့အတွက်လည်း ကျွန်မမှာဝမ်းနည်းစရာမရှိပါဘူး။ သူ့ကိုလည်း ဒါဟာအမှန်တရား ပါလို့သူ လက်ခံလာ
အောင်ညှိုနှိုင်းနေစရာလည်းမလိုအပ်ပါဘူး။ လူတစ်ယောက်နဲ့တစ်ယောက် ခံယူချက်ချင်း မတူညီတဲ့အခါမှာ လက်ခံတဲ့အမှန်တရားဟာလည်းမတူညီတော့ပါဘူး။ အရေးကြီးတာက သူတစ်ပါးကကိုယ့်အမှန်တရားကိုလက်ခံသည်ဖြစ်စေ ၊ လက်မခံသည်ဖြစ်စေ ကိုယ့်အမှန်တရား ကိုကိုယ်လက်ခံယုံကြည်ဖို့ပါပဲ။

လူအများနဲ့ပေါင်းသင်းဆက်ဆံတဲ့အခါမှာ လူအမျိုးမျိုးစိတ်အထွေထွေ ဆိုသလို သူတစ်ပါး ဒုက္ခရောက်ရင် ပျော်တတ်တဲ့သူမျိုးကိုလည်းတွေ့ဖူးပါတယ်။ သူတစ်ပါးအဆင်ပြေတိုးတက်သွားမှာကိုစိုးရိမ်ပူပန်ပြီး သူတစ်ပါးပျက်စီးရာ ပျက်စီးကြောင်း ကိုလမ်းညွှန်ပေးတတ်သူ ၊ တမင် ဒုက္ခရောက်အောင်လုပ်တတ်သူရှိသလို သူတစ်ပါးကို တကယ့်ကိုကောင်းစေချင်လို့ ကိုယ်လည်းပိုက်ဆံတစ်ပြားမှမရဘဲ ကိုယ်ရောစိတ်ပါ ကူညီ ပေးတတ် သူတွေလည်းရှိပါတယ်။ ကျွန်မတို့ဟာဘဝမှာ အဆင်ပြေတိုင်းမှာ ကိုယ့်ကိုကောင်းရာ ကောင်းကြောင်းလမ်းညွှန်ပေးတဲ့သူကို သတိရမိပါတယ်။ သူပြောပေး လိုက်လို့ ၊ သူလုပ်ပေးလိုက်လို့ ၊ သူကူညီလမ်းညွှန်ပေးလိုက်လို့ ငါအဆင်ပြေတာလေ ဆိုပြီး နှုတ်မှထုတ်ဖော်မပြောရင်တောင် စိတ်ထဲကနေသတိတရရှိမိပြီး ကျေးဇူးတင်မိပါတယ်။

အဲ ဒီလိုကျေးဇူးတင်မိတာနဲ့အတူ သူ့ကိုလည်းမေတ္တာထား ၊ မေတ္တ ာပို့မိတာပါပဲ။
ကိုယ့်ကို ဒုက ္ခဖြစ်စေအောင်လုပ်တဲ့သူလုပ်တဲ့သူကြောင့် ကိုယ်ဒ ုက္ခ ဖြစ်တိုင်းမှာတော့ ကိုယ့်ကို ချောက်ချလိုက်သူကိုမုန်းတီးမိမှာပါပဲ။ သူ့အတွက်လည်းရင်ထဲမှာမေတ ္တာလည်းရှိမှာမဟုတ်ပါဘူး။ ကိုယ်အကြပ်အတည်းနဲ့ကြုံတိုင်း သူလုပ်လို့ ငါ ဒီလိုဖြစ်တာ ဆိုပြီး မုန်းတီးမိပြီး ဆဲရေး တိုင်းထွာ တတ်ကြတာ လူ့သဘာဝပါပဲ။ အဲ ဒီလိုဆိုရင် ကျွန်မတို့ဟာ ဘာ့ကြောင့်များသူတစ်ပါး ပျက်စီးရာပျက်စီးကြောင်း ၊ ဒုက ္ခဖြစ်စေကြောင်းကို ဦးတည်ပြီး လုပ်နေကြမလဲနော်။ ကိုယ့်ဆီမှာလည်းလျော့ပါးသွားတာမျိုးမဟုတ်ဘဲ သူတစ်ပါးလည်းအဆင်ပြေ ကိုယ်လည်း ပီတိဆိုတာကိုလည်းစားသုံးရအောင် စိတ်ကောင်းလေးနဲ့ပဲ လူတွေကိုကူညီ လိုက်ကြ ရ အောင် လားရှင်။


ဟနစံ

စဉ်းစားကြည့်ပါဦးနော်

လူငယ်လေးတွေတော်တော်များများနဲ့ ကျွန်မ တွေ့ဆုံစကားပြောဖူးပါတယ်။ များသောအားဖြင့် အသက်၁၆ နှစ်မှ အသက် ၂၀ ကျော် လူငယ်လေးတွေပါ။ ကျွန်မ ကို မိန်းကလေးတွေက သူတို့ရဲ့ နှလုံးသားရေးရာ တွေကို ပြောပြတိုင်ပင်လေ့ရှိပါ တယ်။ သူတို့ အိမ်မှာဆို အမေ ၊ အစ်မ စသည် ကို မပြောရဲ တာတွေ ကို ကျွန်မ ကို ပွင့်ပွင့်လင်းလင်း ပြောပြလေ့ရှိပါတယ်။ ကျွန်မ ကလည်း လူငယ်တွေကို ဘာပဲခံစားရ ခံစားရ ၊ ကြုံတွေ့ရ ကြံုတွေ့ ရ ကျွန်မ ကို သူငယ်ချင်းအရင်း တစ်ယောက်လို ၊ အစ်မရင်းတစ်ယောက်လို ပြောပြတိုင်ပင် နိုင်ကြောင်း အမြဲတန်း ဖွင့်ပေးထားပါတယ်။



ယောကျင်္ားလေးတွေကတော့ လုပ်ငန်းခွင်မှာ ကြုံတွေ့ရတဲ့ ပြဿနာ လေးတွေ ၊ အိမ်မှာ အဖေ နဲ့ မတည့်လို့ ၊ အဆင်မပြေ လို့ စတာလေးတွေကို ပြောပြ ရင်ဖွင့်တတ်ပါတယ်။ မိန်းကလေးရော ၊ ယောကျင်္ားလေးရော အများစု ပြောတတ်ကြတာတော့ အိမ်မှာ အဖေ နဲ့ အမေ က ကျွန်မ ကို မချစ်ဘူး။ ကျွန်တော့်ကို မချစ်ဘူး။ ဂရုမစိုက်ကြဘူး စသည်ဖြင့်ပါ။ အိမ်မပြန်ချင်ဘူး။ အိမ်ပြန်ရင် အဖေ က ဆူနေတာပဲ။ အမေ က ဆူနေတာပဲ ဆိုတာလေးတွေလည်းကြားရတတ်ပါတယ်။ ကျွန်မ အမြင်ကတော့ အိမ်မှာ ကိုယ့်ကို ဆူမယ့် မိဘ ရှိနေတာကိုကပဲ အင်မတန်ကံကောင်းနေပါပြီ။ မွေးကတည်းက မိဘ ဘယ်သူဘယ်ဝါရယ် မသိတဲ့ ကလေးတွေ ဒီကမ္ဘာပေါ်မှာ အများကြီးပါ။ ကိုယ့်မှာ မိဘ လို့ ခေါ်စရာ ရှိတယ်။ အားကိုးစရာ ရှိတယ်။ ပြန်စရာ အိမ်ရှိတယ်။ မိသားစု ရှိတယ်။ ဒါ အင်မတန်ကံကောင်းတာပဲ။ ယနေ့ခေတ် ကမ္ဘာကြီး ကိုကြည့်လိုက်ပါ။ ရာသီဥတု ဘေးဆိုးဒဏ်ကြောင့် အိုးမဲ့အိမ်မဲ့တွေ အများကြီးဖြစ်သွားကြရတယ်။ မိသားစုတွေ တကွဲတပြား ဖြစ်သွားကြရတယ်။ သေကွဲ ကွဲရတာရော ၊ ရှင်ကွဲ ကွဲရတာရော။ အမိုးအကာ မလုံမခြံု နဲ့ အိပ်စက်ရတယ်။ မနက်ဖြန်မှာ ဘာဖြစ်မလဲ ဆိုတာ ကို မသိဘူး။ တွေးပူနေရတယ်။ မနက်ဖြန်မှာ ဘာစားရမယ် ဆိုတာ ကို မသိဘူး။ စားစရာ ရှိပါ့မလား ဆိုတာကို မသိဘူး။

ခု..ကျွန်မ မိတ်ဆွေ လူငယ်လေးတို့ က မနက်ဖြန်မှာ စားဖို့ကို ကြိုပြီးတောင်အိမ်ကို မှာနေသေးတာပဲ။ မနက်ဖြန်မနက်စာ မုန့်ဟင်းခါးစားမှာနော်။ မနက်ကျရင် အီကြောကွေး နဲ့ ပဲပြုတ် စားမှာ နော် စသည်ဖြင့် လည်း ချေးများခွင့်ရှိသေးတယ်။ ကျောင်းတက်ချင်တယ်လား ။ သင်တန်းတက်ချင်တယ်လား တက်ခွင့်ရှိတယ်။ ကျွန်မ ရီးဒါးစ်ဒိုင်ဂျက်စ် မဂ္ဂဇင်း မှာ ဖတ်လိုက်မိတာ က ယနေ့ကမ္ဘာပေါ်မှာ ကျောင်းမနေ ရ ၊ စာမသင်ရတဲ့ ကလေးဦးရေ သန်း ၃၀၀ ကျော်ရှိနေတယ်တဲ့လေ။ ကမ္ဘာကြီး ရဲ့ တခြားဘက်ကို ကြည့်လိုက်ရင်လည်း အငြိုးအတေး အဃာတ တွေကြောင့် စစ်ပွဲ တွေဖြစ်နေတာ မပြီးဆုံးသေးဘူး။ အဲဒီတိုင်းပြည်က လူတွေဆို ဘယ်လို များ မိဘ ကို ကိုယ့်ကို မချစ်ဘူး။ အလိုမလိုက်ဘူး။ လိုချင်တာ ဝယ်မပေးဘူး လို့ ဘယ်လို များစောကဒ တက်ခွင့်ရှိကြပါ့မလဲ။ မိဘ က ကိုယ့်ကို ဂရုမစိုက်ဘူး လို့ထင်နေရတာကလည်း အခုခေတ်ကြီးမှာက အိမ်ထောင်ဦးစီးရော ၊ အိမ်ရှင်မ ပါ အပြင်ထွက် အလုပ်လုပ်ကြတဲ့ ခေတ်ကြီးမဟုတ်လား။မိဘတွေက မအားကြရပါဘူး။ လူမှုရေး အလုပ်လေးတွေ ကလည်းရှိသေးတော့ သာရေး ၊ နာရေး လေးတွေကိုလည်း မသွားမဖြစ်သွားရသေးတယ်။ အဲသည်တော့ အိမ်မှာ နေရတဲ့ အချိန်က ရှားပါးလာကြပြီ။ ကလေးတွေ နဲ့ နွေးနွေးထွေးထွေး နေရတဲ့ အချိန်က နည်းလာကြပြီ။ တကယ်တော့ ကလေးတွေကို ဂရုမစိုက်တာ မဟုတ်ပါဘူး။ ကလေးတွေ ကို ချစ်လွန်းလို့သာလျှင် အပြင်ထွက်

စီးပွားရှာရကြတာပါ။ ကလေးတွေ ရဲ့ နောင်ရေး ကိုစိတ်အေးရအောင် ၊ မပူပင်ရလေအောင် မိဘ တွေက ကြိုးစားပြီးစီးပွားရှာနေကြရတာ ပါ။ မိဘ ဆိုတာကတော့ သားသမီးကို မချစ်ဘူး ဆိုတာ မရှိပါဘူး။ ကျွန်မ က အဲသည်လို ပြောပြ ၊ ရှင်းပြတော့ ကျွန်မ ရဲ့ မိတ်ဆွေလေးတွေက အထွန့်တက်ကြသေးတယ်။ အဖေ နဲ့ အမေ က ကျွန်တော့်ကို မချစ်ပါဘူး။ အစ်ကို့ ကို ပိုချစ် တာ၊ အစ်မ ကိုပိုချစ်တာ။ ညီလေး ကိုပိုချစ်တာ ။ ညီမလေး ကိုပိုချစ်တာ ။ မောင်လေး ကို ပိုချစ်တာ။ စသည်ဖြင့် ပြောကြပါသေးတယ်။ မိဘ တွေက သားသမီးတိုင်းကို အတူတူပဲ ချစ်တယ်။ မျက်နှာမလိုက်ဘူး လို့ရော မမ ထင်လား တဲ့လေ။ ကျွန်မ ပါ ပြန်အမေးခံနေရတယ်။ ကဲ...ထားပါတော့လေ။ ကိုယ့်ထက်ပိုပြီး တခြားမောင်နှမတွေကို ချစ်တယ် ပဲထားပါဦး။ အဲဒါ ကိုယ့်မောင်နှမ အရင်းကြီးပဲမဟုတ်လား။

၀မ်းတောင်သာရဦးမယ်။ ကိုယ့်ကို ဂရုမစိုက်ဘူး လို့ရော ထင်နေသလား။ မိဘ ဆိုတာ က ဂရုစိုက်ဖို့ လိုတဲ့ သားသမီး ကို ဂရုစိုက်တယ်။ စိတ်ချ လို့ ရတဲ့ သားသမီး ကျတော့ ထွေထွေထူးထူး ပြောပြ သွန်သင်နေစရာ မလိုတော့ ၊ စိတ်ပူပင်နေစရာ မလိုတော့ မိဘ က စိတ်ချ လက်ချ ရှိနေတာ ကို သား ၊ သမီး ဘက်ကကျတော့ ကိုယ့် ကို ဂရုမစိုက်ဘူး လို့ ထင်နေကြတာပါ။ အမှန်ဆို ကိုယ်က ဝမ်းသာ ဂုဏ်ယူဖို့တောင် ကောင်းသေးတာ။ ကိုယ်က မိဘ စိတ်ပူပင်စရာ မလိုတဲ့ သားသမီး ဆိုတာကို။



အမေ က သမီးကို အမြဲ ပိတ်ပင်နေတာပဲ။ ဟိုမသွားရ ၊ ဒီမသွားရ နဲ့ စိတ်ညစ်ပါတယ် မမရယ် ။ ဆိုတာလည်း မိန်းကလေးတော်တော်များများ ဆီက ကြားရပါတယ်။ အမေ ဆိုတာ က သမီးမိန်းကလေး ကို ပိုလို့ စိတ်ပူမှာပေ့ါ။ မိန်းကလေး ဆိုတာ က ကိုယ်က အမှားမကျုးလွန်ပါပဲ နဲ့ လည်း သူတစ်ပါး မှားယွင်းမှု နဲ့ လည်း ဘဝ ပျက်နိုင်သေးတာကိုး။ ကိုယ်က လူကောင်းဖြစ်ပါလျက် နဲ့ မကောင်းတဲ့ သူတွေကြောင့်လည်းကိုယ်မှာ နစ်နာ နိုင်တာကိုး။ မိန်းကလေး ဆိုတာ အရွယ်မရွေး အန္တရာယ် ကိုကြုံတွေ့ နိုင်တာပဲ။ အသက်အရွယ်ငယ်သေးလေ ပိုလို့ စိတ်ပူရလေပဲလေ။ ဘာမှ မသိနားမလည်လို့ အန္တရာယ် ကို မရှောင်နိုင်တာမျိုး ၊ အန္တရာယ် ကို အန္တရာယ် မှန်း မသိတာ မျိုး ဖြစ်တတ်တော့ မိခင် က အရွယ်မရောက်သေးတဲ့ ဆယ်ကျော်သက်အရွယ် သမီးတွေကို အမြဲလိုက်ပြီး မစောင့်ရှောက်နိုင်ရင် သမီးတွေကို ဟို မသွားရ ၊ ဒီမသွားရ တားဖြစ်တာကို ချုပ်ချယ် တယ် ထင်နေကြတာကိုး။ အရွယ်ရောက်လို့ အရာရာ ကို နားလည်သဘောပေါက်ပြီး အန္တရာယ် ကို အန္တရာယ် မှန်း သိလို့ ရှောင်နိုင် ၊ ကာကွယ်နိုင် တဲ့ အရွယ်ဆိုရင်တော့ မိခင် ကလည်း စိတ်ချမှာပေ့ါ။ ကျွန်မ လည်းအဲဒီအရွယ်တုန်းက မေမေ့ကို အထင် အမြင်လွဲခဲ့တာပဲလေ။



နောက်ပြီး မိန်းကလေး တစ်ချို့ တိုင်ပင်တတ်ကြတာရှိသေးတယ်။ အသည်းကွဲနေသည်ပေ့ါ။ မအိပ်နိုင်မစားနိုင် နဲ့ ကျန်းမာရေးပါ ထိခိုက်လာတယ်ပေ့ါ။ အဲသည်လို မိန်းကလေး မျိုး ကိုတော့ ကျွန်မ က ထားဝယ်ကြိမ် နဲ့ သာ နာနာ ရိုက်ချင်တော့တာပါပဲ။ လူရယ်လို့ ဖြစ်လာကတည်း က ရည်းစားထားဖို့ တစ်ခု တည်း အလုပ်ရှိတာမှ မဟုတ်ဘဲ။ လူ ရယ် လို့ဖြစ်လာကတည်းကို က ကျေးဇူးတင်ရမယ့်သူတွေ ၊ ကျေးဇူးဆပ်ရမယ့်သူတွေ ၊ ကျေးဇူးပြုရမယ့် သူတွေ အများကြီးပါ။ ကိုယ့်ပတ်ဝန်းကျင် အတွက်ရော လုပ်ပေးစရာ တွေ အများကြီးပါ။ ကိုယ့်ဘဝ ရှေ့ရေးအတွက်လည်း လုပ်စရာတွေအများကြီးပါ။ အသည်းကွဲနေတယ် ဆိုပြီး ထိုင်ငို နေလို့ ကုန်သွားတဲ့ အချိန်တွေ ၊ အင်အား တွေ ကို နှမြောဖို့ကောင်းပါတယ်။ ကိုယ့်ကို နှိပ်စက်နေတာက ကိုယ့်စိတ်ပဲ ဆိုတော့ ကိုယ့်စိတ်ကို ပျော်အောင်နေပြီး လုပ်စရာ ရှိတာတွေ လုပ်နေမှ မိန်းကလေး က စိတ်မလေ မှာပေါ့။ အားနေတဲ့ အချိန်တွေမှာလည်း ဖတ်စရာ စာအုပ်တွေလည်း အများကြီးရှိပါတယ်။ သတင်းစာ ၊ ဂျာနယ် ၊ မဂ္ဂဇင်း တွေ ဖတ်မလား။ ဘာသာရေး စာအုပ်တွေဖတ်မလား။ အတွေးအမြင် ဒဿန စာ တွေဖတ်မလား။ နောက်ဆုံး ဘာမှ မဖတ်ချင်ရင်တောင် အင်္ဂလိပ်စာ သင်ခန်းစာ စာအုပ်တွေ ဖတ်ပြီး လေ့လာရင်တောင် ကိုယ့်မှာ အကျိုးရှိတာပဲကို။ ဘဝ လက်တွဲဖော် ဆိုတာ မလိုအပ်ဘူး လို့ မပြောပါဘူး။ အချိန်တန်ရင် အရွယ်ရောက်ရင်

ကိုယ့် အတွက်ဖူးစာရှင် အစစ်အမှန်က ကိုယ့်ဆီရောက်လာမှာပါ။ ဘယ်ကို မှ လိုက်ရှာနေစရာ မှမလိုတာ။ ငယ်သေးတဲ့အချိန်မှာ ဖူးစာရှင် ရှာမိရင်လည်း ကိုယ်က မရင့်ကျက်သေးတော့ ဘာမှ အကောင်း ၊ အဆိုး ဝေဖန်ပိုင်းခြားနိုင်သေးမှာမဟုတ်ဘူး။ ရည်းစား ဘဝ မှာတော့ မိန်းကလေး တွေဟာ ကိုစိတ်ကောင်း၊ မောင်စိတ်ကောင်း လေးတွေကိုပဲတွေ့ကြမှာပါ။ ဘာလို့လည်းဆိုတော့ ရည်းစားဘဝ မှာက ဟန်ဆောင်နေကြတာကိုး။ မိန်းကလေး ရှေ့ မှာ ယောကျင်္ားလေး ကလည်း အကောင်းဆုံး ဖြစ်အောင် နေပြမှာပေ့ါ။ တွေ့တဲ့အချိန်ခဏလေးအတွင်းမှာ ဟန်ဆောင်ရတာ ပဲ။ အဲဒါကို အဟုတ်ထင်ပြီး ရူးရူးမိုက်မိုက် အားကိုး မိလိုက်ရင်ဖြင့် ဒုက္ခတွေ ပင်လယ်ဝေတော့မှာပေ့ါ။ အချိန်မတန်သေးချိန် ၊ အရွယ်မရောက်သေးချိန်မှာ ကိုယ့်ဘဝ တိုးတက်ရာ တိုးတက်ကြောင်း ကို ပဲ စိတ်ဝင်တစားလုပ်နေပြီး အရာရာ ချင့်ချိန်စဉ်းစားနိုင်တဲ့ အရွယ်ကျမှ ဘဝ ဖော် ကို ရွေးချယ်တာ အသင့်တော်ဆုံးပါပဲ။



နောက်ပြီး အချစ်နဲ့ ပတ်သက်လို့ သူတို့လေးတွေခံစားရတာက သူတို့ ကို ချစ်မယ့်သူ မရှိဘူး။ ချစ်သူ က သူတို့ ချစ်သလောက်ပြန်မချစ်ဘူး။ ဆိုတာတွေပါပဲ။ ကျွန်မ ကတော့ ကျွန်မ ကို ချစ်တဲ့သူတွေ အများကြီးရှိတယ် လို့ထင်ပါတယ်။ ကျွန်မ နံနက်ခင်း အိပ်ရာ နိုးရင် ပြတင်းပေါက်က တဆင့်ဝင်လာတဲ့ နေရောင်ခြည်နွေးနွေးလေး တွေကို ခံစားရပါတယ်။ နေမင်းကြီး က ကျွန်မ ကိုချစ်လို့ သာ ကျွန်မ ကို အနွေးဓါတ်ပေးတာပေ့ါနော်။ ငှက်ကလေးတွေကရော ကျလိ ကျလိ နဲ့ ကျွန်မ ကို သီချင်းဆိုပြနေလိုက်တာ ကျွန်မ ကို ငှက်ကလေးတွေက ချစ်လို့ပေ့ါ။ မိုးဖွဲလေး တွေကြားထဲ ထီးမဆောင်းဘဲ လမ်းလျှောက်မိတဲ့အခါ အေးမြတဲံ မိုးစက် ၊ မိုးပေါက်လေး တွေရဲ့ အထိအတွေ့ ကို ကျွန်မ ခံစားရတာ မိုးစက်လေးတွေက ကျွန်မ ကိုချစ်လို့ပေ့ါနော်။ သူတို့တင်မကပါဘူး။ ပန်းလေးတွေကလည်း ကျွန်မ ကို ချစ်လို့ ကျွန်မ ကို မွှေးရန့ ံ တွေပေးပြန်ပါတယ်။ ကျွန်မ ချစ်တဲ့ စံပါယ် ဖြုဖြုဖွေးဖွေးလေး တွေရဲ့ ရနံ့တွေက နံနက်ခင်းဆို လေညှင်းနဲ့ အတူ ကျွန်မ ကို လန်းဆန်းစေတယ်လေ။ လေပြည်လေညှင်းလေး ကလည်း ကျွန်မ ကိုချစ်တာပဲလေ။ ညနေခင်း လမ်းလျှောက်ထွက်ရင် လေညှင်းလေးတွေက ကျွန်မ ကို ထိပြီး ကျီစယ်သွားကြတာလေ။ ညဘက်ဆို ရာသီဥတုကြည်လင်တဲ့အချိန်ဆိုရင် ကောင်းကင်မှာ ကြယ်လေးတွေက မှိတ်တုတ် မှိတ်တုတ် နဲ့ အနက်ရောင် ကတ္တီပါစပေါ်မှာ စိန်ပွင့်လေးတွေကျဲပက်ထားသလိုပဲ။ အင်မတန်ကြည့်လို့ကောင်းပြီးလှတာပဲ။ ကျွန်မ မျက်စိပသာဒ ဖြစ်စေဖို့ ကြယ်လေးတွေက လှပေးနေလိုက်တာ သူတို့ ကျွန်မ ကိုချစ်လို့ပေါ့နော်။



ကျွန်မ ကို ချစ်တဲ့သူတွေ ဒီလောကကြီးမျာ အများကြီးရှိတာ ကျွန်မ တော့ ဘယ်တော့ မှ ဝမ်းမနည်းပါဘူး။ ကျွန်မ ရဲ့ မိတ်ဆွေလေးတွေရော အဲဒီလို ကိုယ့်ကိုချစ်တဲ့ နေရာင်ခြည်လေးတွေ ၊ ငှက်ကလေးတွေ၊ ပန်းကလေးတွေ၊ မိုးစက် မိုးပေါက်လေးတွေ၊ လေညှင်းလေးတွေ ၊ ကြယ်လေးတွေကို မတွေ့မိဘူးလား။





(ဟနစံ)

ချစ်သူများအတွက် လက်ဆောင်

St. Valentine’s Day ဆိုတဲ့ ချစ်သူများနေ့အတွက် ကြိုတင်ပြီးတော့ ချစ်သူတွေ အလုပ်ရှုပ်နေကြပြီပေ့ါ။

နှင်းဆီပန်းလေးတွေ ကြိုတင်မှာထားရဦးမယ်လေ။ ချစ်သူ အံ့သြဝမ်းသာ သွားစေမယ့် လက်ဆောင်လေးတွေ စဉ်းစား စိတ်ကူးပြီး ဝယ်ရဦးမှာပေ့ါ။

ချစ်သူများနေ့မှာ အထိမ်းအမှတ် အဖြစ် နှင်းဆီပန်း ပန်းစည်းလေးများ၊ ချော့ကလက်များ၊ အမှတ်တရလက်ဆောင် မွေးပွ ဝက်ဝံရုပ်လေးများကို ချစ်သူကို လက်ဆောင်ပေးလေ့ရှိကြသလို သာယာချမ်းမြေ့ တဲ့ ညစာ စားပွဲလေးတစ်ခု ဖန်တီးပြီး ချစ်သူနှင့်အတူ စားသောက် ပျော်ရွှင် လေ့ရှိကြပါတယ်။

ချစ်သူကို တန်ဖိုးကြီးလက်ဆောင်တွေ ဝယ်ပေးမှသာလျှင် မိမိက ချစ်သူက ချစ်တယ်ဆိုတာ ဖြစ်တော့မှာလား။ ပျော်ရွှင်မှုကိုပေးတဲ့ အချစ်ဆိုတာကို လူသားတိုင်း ခံစားတတ်ကြပါတယ်။ ကိုယ့်ချစ်သူကို တန်ဖိုးကြီး လက်ဆောင် တွေ ဝယ်ပေးမှသာလျှင် ချစ်ခြင်း မည်တာ မဟုတ်ပါဘူး။ မိမိချစ်သူကို သစ္စာစောင့်သိကာ ချစ်တယ်ဆိုရင် ဒါဟာ တန်ဖိုး အကြီးဆုံး လက်ဆောင် ပါပဲ။

မိမိဟာ ချစ်သူ့ အနီးမှာရော၊ ချစ်သူ့ ကွယ်ရာမှာပါ၊ ဘယ်နေရာကိုပဲ ရောက်ရောက် မိမိ ချစ်သူအပေါ် သစ္စာ စောင့်သိတယ်ဆိုရင် ကမ္ဘာပေါ်မှာ တန်ဖိုး အကြီးဆုံး လက်ဆောင်ကို ချစ်သူကို ပေးလိုက်တာပဲပေ့ါ။

ချစ်သူ မရှိသေးတဲ့ တစ်ကိုယ်တည်း သမားတွေကရော … ချစ်သူများနေ့ဆိုတာ ကိုယ်နဲ့ မဆိုင်ဘူးလို့များ တွေးနေပါသေးသလား။ တကယ်တော့ ချစ်သူများနေ့ ဆိုတာ ချစ်သူစုံတွဲတွေ အတွက်သာ မဟုတ်ပါဘူး။ အချစ်ဆိုတာကို ခံစားတတ်တဲ့ လူသားတိုင်းနဲ့ ဆိုင်တဲ့နေ့လေး တစ်နေ့ပါ။

ကိုယ်ချစ်တဲ့သူတွေ အားလုံးနဲ့လည်း ဆိုင်တယ်။ ကိုယ့်ကို ချစ်တဲ့သူတွေ အားလုံးနဲ့လည်း ဆိုင်ပါတယ်။

ကိုယ့် မိဘ၊ဆွေမျိုး၊ မိတ်ဆွေ၊ သူငယ်ချင်း၊ ဆရာ၊ဆရာမတွေ အားလုံးကို ကိုယ်က ချစ်တယ်ဆိုမှတော့ ဒီနေ့လေးဟာ ကိုယ့်အတွက်လည်း ဖြစ်ပါတယ်။ ရာဂကင်းတဲ့ချစ်ခြင်း ဖြစ်တဲ့ ၅၂၈ သွယ်သော မေတ္တာနဲ့ ချစ်သူတွေ အားလုံးနဲ့လည်း ဆိုင်တဲ့နေ့လေးပေ့ါ။

အဲဒီတော့ ကိုယ် ချစ်တဲ့သူတွေ အားလုံးအတွက် ကိုယ်က လက်ဆောင်တစ်ခု ပေးလိုက်မယ်လေ။ အဲဒီ လက်ဆောင်ကတော့ ကိုယ်ချစ်တဲ့သူတွေ၊ ကိုယ့်ပတ်ဝန်းကျင်က လူတွေအားလုံးကို လူကောင်းတစ်ယောက် အဖြစ် ကိုယ်က လက်ဆောင်ပေးလိုက်မှာပေါ့။

သူတို့တွေ ကိုယ့်ကြောင့် စိတ်ဆင်းရဲခြင်း၊ စိတ်စနိုးစနောင့် ဖြစ်ရခြင်း၊ ပူပန်ကြောင့်ကြရခြင်း အလျှင်းမရှိစေရဘဲ ကိုယ် ရှိနေတဲ့ ပတ်ဝန်းကျင်လေး ဟာ ပျော်ရွှင် သာယာနေအောင် ကိုယ့်ကိုကိုယ် လူကောင်းအဖြစ်နဲ့ ပတ်ဝန်းကျင်ကို လက်ဆောင်ပေးလိုက်ကြရအောင်လား ရှင်။

တကယ်တော့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှသာလျှင် ချစ်သူများနေ့ မဟုတ်ပါဘူး။

တစ်နှစ်မှာရှိတဲ့ ၃၆၅ ရက်လုံးလုံးဟာ ချစ်သူများနေ့ပါပဲ။

နေ့တိုင်း နေ့တိုင်း ကိုယ် ချစ်တဲ့သူတွေ၊ ကိုယ်က ချစ်ရတဲ့သူတွေနဲ့ ပျော်ရွှင် သာယာနေမယ့် ချစ်သူများနေ့ဟာ တစ်နှစ်တာပတ်လုံး ဖြစ်ပါတော့တယ် ရှင်။

ဟနစံ

အပြုံးများနှင့်ဘဝ

ကျွန်မတို့ လူမှုပတ်ဝန်းကျင်မှာ ဟာသလေးများ ပြောတတ်တဲ့သူ ၊ သူတစ်ပါးကို
ရယ်မောစေတတ်တဲ့သူမျိုးကို ခင်မင်သူ အလွန်ပေါများတတ်ကြပါတယ်။
ဘဝမှာ အကောင်းကိုပဲ တွေးပြီး ပျော်ရွှင်စွာ ရယ်မောတတ်မယ်ဆိုရင် တစ်နေ့ထက် တစ်နေ့
နေ့စဉ် အချိန်ဇယားတွေနဲ့ လှုပ်ရှားနေရခိုက်မှာ အရင်ကထက် ပိုမို ပျော်ရွှင်လာပြီး လုပ်သမျှလည်း
အောင်မြင်လာတတ်ကြပါတယ်။ ဟုတ်ပါတယ်..အမှန်စင်စစ်မှာတော့ အကောင်းဘက်ကိုပဲတွေးတတ်ပြီး
ရယ်မောပျော်ရွှင် တတ်ခြင်းက ဘဝမှာ အောင်မြင်ခြင်းရဲ့ သော့ချက် ဖြစ်ပါတယ်။
အနည်းဆုံးတော့လူချစ် လူခင်များခြင်းဆိုတာကို ရရှိပါတယ်။

လူတစ်ယောက်ဟာ ကျဉ်းထဲ ကြပ်ထဲရောက်ချိန်မှာ စိတ်ပျက် အားငယ်မှုများ ၊
တုန်လှုပ်ကြောက်ရွံ့များ ဖြစ်တတ်ကြပေမယ့် အဲဒီ စိတ်ခံစားမှုမျိုးက
အခြေအနေတွေကို ပိုဆိုးသွားစေနိုင်ပါတယ်။

ဟာသဉာဏ်ရှိခြင်းဟာ စိတ်မှာ အဆိုးခံစားရခြင်းကို အောင်နိုင်စေပြီး ဘယ်လို ပြဿနာမျိုးပဲ ဖြစ်ဖြစ်
ကြုံတွေ့နေရစေဦးတော့ ဖြေရှင်း သွားနိုင် ပါတယ်။

နေ့စဉ် နေ့တိုင်းမှာ ပျော်ရွှင်ရဖို့ဆိုတာကို အလေ့အကျင့် တစ်ခု အနေနဲ့ ပြုလုပ်လို့ ရပါတယ်။
ဘဝမှာ ပြောင်းလဲခြင်း အနည်းငယ်ကို စတင်လိုက်တဲ့ အနေနဲ့ အကောင်းဘက်ကိုပဲ ရှာဖွေ
တွေးတောပြီး ရယ်မောတတ်တဲ့ အလေ့အထကို အခြေခံအဖြစ် ပုံမှန်
ပြုလုပ်လိုက်ပါမယ်။ ပျော်ရွှင်ခြင်း အလေ့အထ ဆိုတာက ကျွန်မတို့ ဘဝမှာ ကျွန်မတို့ မြင်ရတဲ့
အရာတွေကို ကြည့်ပုံ ၊ ကြည့်နည်း ဆိုရင်လည်း မမှားပါဘူး။ ဘဝမှာ ကြုံတွေ့သမျှတွေကို
အမှန်အတိုင်း ကြည့်မြင်တတ်ဖို့ အရေးကြီးပြီးတော့ အဲဒီ မြင်တွေ့ရမှု အပေါ်မှာ
ခံစားရတဲ့ စိတ်နေ စိတ်ထားကို အကောင်းဘက်ဖြစ်အောင် မွေးမြူပြီး စိတ်ပိုင်းဆိုင်ရာ
ကျန်းမာရေး ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုတိုးတက် ကောင်းမွန်လာစေနိုင်ပါတယ်။

စိတ်မပျော်ရွှင်လျှင် စိတ်ဖိစီးမှုကို ခံစားတတ်ရပါတယ်။ စိတ်ဖိစီးမှု အချိန်ကြာရှည်
ခံစားနေရလျှင် စိတ်ကျခြင်း ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါတို့ ကိုဆက်နွယ် ခံစား
လာရပါတယ်။ အကောင်းဘက်ကိုတွေးဖို့ဆိုတာ အလေ့အကျင့် ပြုလုပ်
ယူလို့ ရပါတယ်။ ပြဿနာ တစ်ခုကို ကြုံတွေ့နေရပြီ ဆိုလျှင် ပြဿနာကိုမတွေးဘဲ
ပြဿနာကို ဘယ်လို ဖြေရှင်းမယ်ဆိုတာကိုပဲ တွေးသင့်ပါတယ်။
ဘယ်လိုဖြေရှင်းမယ်ဆိုတဲ့ နည်းလမ်းကိုသာ
အထူး ဂရုပြုသင့်ပါတယ်။ ရယ်မောလိုက်ဖို့ အကျင့်မရှိသေးဘူးဆိုရင် ရယ်ရွှင်ဖွယ်
ဟာသ ကာတွန်းများ ၊ ၀ထ္ထုများကို ဖတ်ရှုနိုင်သလို ဟာသရုပ်ရှင်ကားများ ကိုလည်း ကြည့်ရှုကာ
ရယ်မောခြင်း အလေ့အထကို ပြုလုပ်နိုင်ပါတယ်။ ကျွန်မတို့ကို စိတ်အနှောင့်အယှက်
ဖြစ်စေတဲ့ အရာလေးတွေကိုပင် ဟာသရှုထောင့်မှ ကြည့်ကာ ရယ်မောလိုက်နိုင်ခြင်း အလေ့အထ
ဖြစ်လာနိုင်အောင် မွေးမြူသင့်ပါတယ်။ အဲလိုမျိုး အဆိုးလေးတွေကို ရယ်မော
ပစ်လိုက်နိုင်ပြီဆိုရင် ဘယ်အရာကမှ အဲဒီထက် မဆိုးတော့ပါဘူး။

ဂီတ ဆိုတာကလည်း လူ့စိတ်ကို ကြည်နူးစေတတ်တာကြောင့် သီချင်းနားထောင်ခြင်း ၊
ဂီတမှာ ပျော်ဝင်ခြင်း အလေ့အထရှိတာဟာ စိတ်လက်ပေါ့ပါးစေပါတယ်။ ကျွန်မတို့
နှစ်သက်ရာ စာအုပ်များကို ဖတ်ရှုပြီး တွေးတောခြင်းဖြင့် ကျွန်မတို့ကို အဆိုးများကို
တွေးနေခြင်းမှ လျော့ပါး စေနိုင်ပါတယ်။ သူများအတွက် ကျွန်မတို့ တတ်နိုင်တာ
လေးတွေကို ကူညီပေးတတ်သလို မိမိကိုယ်မိမိ တတ်နိုင်သလောက် ကူညီမယ်
ဆိုရင် ကျွန်မတို့တွေ ပျော်ရွှင်ခြင်း အလေ့အထ ရှိလာမှာပါပဲ။ သူတစ်ပါးအတွက်
ပျော်ရွှင်ပေးလိုက်သလို သူတစ်ပါး ပျော်ရွှင်ခြင်းကိုလည်း မနာလို ဝန်တိုခြင်း မရှိအောင်
ကြိုးစားနေထိုင်သင့်ပါတယ်။ ကျွန်မတို့ ကိုယ်တိုင် မပျော်ရွှင်နေတဲ့ အချိန်မှာ သူတပါး
ပျော်ရွှင်နေတာကို မြင်ရလျှင် စိတ်ထဲမှာ ထိုသူတို့ကို မနှစ်မြို့
သလိုဖြစ်တတ်ပါတယ်။ ထိုသူတို့ ပျော်ရွှင်တာကို ကျွန်မတို့က မနှစ်သက်သလို
ဖြစ်မိမယ့်အစား သူတို့ ပျော်ရွှင်နေခြင်းအတွက် ကျွန်မတို့က သူတို့အတွက် ပျော်ရွှင်ပေးဖို့
ကြိုးစားရပါတယ်။ သူတစ်ပါးကို ပျော်ရွှင်စေနိုင်ရုံတင်မကဘဲ ကျွန်မတို့
ကိုယ်တိုင်လည်း ပျော်ရွှင်လာမှာ ဖြစ်ပါတယ်။ ကျန်းမာရေးကို
ထိခိုက်စေနိုင်သော အကျိုးဆက် ဖြစ်ပေါ်လာစေတဲ့
အဆိုးဘက်ကို တွေးတောခြင်းမှ လျော့နည်း လာစေနိုင်ပါတယ်။ ကျွန်မတို့ အနီးအပါးက
မိတ်ဆွေတွေကလည်း ကျွန်မတို့ ထံမှ ပျော်ရွှင်မှုများ ကူးစက်ကာ ပျော်ရွှင်သော
ပတ်ဝန်းကျင်တစ်ခု ဖြစ်လာမှာဖြစ်ပါတယ်။

လူဆိုတာက အပြစ်ကင်းစင် ကောင်းမွန်လှတယ်ဆိုတာ မရှိတတ ်ကြပါဘူး။ ပုထုဇဉ်မို့
အနည်းနဲ့ အများတော့ အမှားအယွင်း ၊ အပြစ်တွေရှိကြမှာပါပဲ။
အရာရာတိုင်းကို သိမြင် တတ်ကျွမ်း တယ်ဆိုတာလည်း မရှိပါဘူး။
ကိုယ်မစွမ်းဆောင်နိုင်တဲ့ အရာတွေလည်း
ရှိနိုင်ပါတယ်။ ကျွန်မတို့ကိုယ် ကျွန်မတို့က ကိုယ့် ပညာရေးနောက်ခံ နယ်ပယ်မဟုတ်တဲ့
နေရာမှာ အသုံးမကျသူ ၊ မသိ မတတ်သူလို့ ကိုယ့်ဘာကိုယ် အပြစ်တင်တဲ့အတွေးတွေ
တွေးနေမယ့်အစား ကျွန်မတို့ တတ်မြောက် တတ်ကျွမ်းတဲ့ အရာတွေအတွက် ကျွန်မတို့ကိုယ်
ကျွန်မတို့ ချီးကျူးလိုက်ပါမယ်။ ကျွန်မတို့ဟာ ကျွန်မတို့ တတ်ကျွမ်းတတ်မြောက်တဲ့
နယ်ပယ်မှာ အသုံးကျသူ ၊ အသုံးဝင်သူ ဖြစ်တာကြောင့် တခြား ကိုယ့်နယ်ပယ်
မဟုတ်တဲ့နေရာတွေမှာ မတတ်ကျွမ်းတာ ကျွန်မတို့ အပြစ်မဟုတ်ပါဘူး။ တတ်မြောက်ထားတယ်
ဆိုရင်တော့ သာလွန် ကောင်းမွန်တာပေ့ါနော်။ ဒီလိုတွေးလိုက်တော့ ကျွန်မတို့ကိုယ်ကျွန်မတို့
အသုံးမကျသူလို့ မမြင်တော့ဘဲ နေထိုင်လို့ကောင်းလာပြီး ပျော်ရွှင်လာပါတယ်။

ယနေ့ခေတ်မှာ နေ့စဉ်ဘဝဆိုတာက မလွယ်လှပါဘူး။ ရုန်းကန် လှုပ်ရှားရတဲ့ ဘဝထဲမှာ
စိတ်ညစ်ငြူးစရာတွေ အနည်းနဲ့ အများဆိုသလို ရှိမှာပါပဲ။ အလုပ်တွေများလို့ သိပ်ကို
စိတ်ညစ်နေပြီဆိုလျှင် ကျွန်မတို့ မိုဘိုင်းလ်ဖုန်းကို ပိတ်ထားလိုက်ပြီး ၊ တီဗွီ ၊ ကွန်ပျူတာ
အင်တာနက် စတာတွေကို ခဏလောက် ပိတ်ထားလိုက်ပြီး အေးဆေး တိတ်ဆိတ်တ ဲ့နေရာလေး
တစ်ခုမှာ လုံလောက်တဲ့ အနားယူမှုများရအောင် နေလိုက်ပါမယ်။
တခဏတာလောက် ကျွန်မတို့ရဲ့ စိတ်ကို ကျွန်မတို့ လွတ်လပ်ခွင့်လေး ပေးထားလိုက်ပါမယ်။
ဒါမှလည်း အနားယူပြီး အလုပ်ပြန်လုပ်တဲ့အခါမှာ စိတ်အာရုံစူးစိုက်နိုင်မှု ကောင်းမွန်မှာ
ဖြစ်ပါတယ်။ ဒီလိုနဲ့ ဘဝမှာ ကျွန်မတို့ချမှတ် ရည်ရွယ်ထားတဲ့ ပန်းတိုင်တွေကို ရယ်မော
ပျော်ရွှင်ပြီး ရောက်ရှိသွားနိုင်မှာ ဖြစ်ပါတယ်။

ကိုးကား ။ ။ သတင်းစာဆောင်းပါး A Life of Positive Thinking and Laughter

ဟနစံ

လူမှုဆက်ဆံရေး

ကျွန်မတို့ လူသားတွေဟာ တစ်ဦးတစ်ယောက်တည်း နေတာမဟုတ်ဘဲ အသိုင်းအဝိုင်း၊
ပတ်ဝန်းကျင် ၊ လုပ်ငန်းခွင်မှာ လူအမျိုးမျိုးနဲ့ ပတ်သက်ပြောဆို ဆက်ဆံနေရပါတယ်။

လူတစ်ယောက်နှင့်တစ်ယောက် ပြောဆို ဆက်ဆံတဲ့ လူမှုဆက်ဆံရေးမှာ ကိုယ်က ဘယ်လို ပြောဆို ဆက်ဆံလိုက်တယ်၊ သူတစ်ပါးက ကိုယ့်ရဲ့ပြုမူ ဆက်ဆံပုံကို ဘယ်လို တွေးတောတယ်၊ ဘယ်လို ခံစားချက်မျိုး ဖြစ်သွားစေတယ် ဆိုတာ အားလုံး အကျုံးဝင်နေပါတယ်။


ကိုယ်ပေးလိုက်တဲ့ message ကို လက်ခံသူက သူနားလည် သဘောပေါက်တဲ့ အပေါ် မူတည်ပြီး ပြန် reply လုပ်တယ် ဆိုတာက လူမှုဆက်ဆံရေးဖြစ်နေပါတယ်။ လူမှုဆက်ဆံရေးမှာ နည်းအမျိုးမျိုး ရှိနေပါတယ်။

နှုတ်စကားဖြင့် ပြောဆိုတဲ့ လူမှုဆက်ဆံရေး ၊ စာဖြင့် ပြောဆိုတဲ့ လူမှုဆက်ဆံရေး၊ နှုတ်မှ တစ်ခွန်းမှ မထုတ်ဖော်ဘဲ ကိုယ်အမူအယာဖြင့် ပြသတဲ့ လူမှုဆက်ဆံရေး၊ မျက်နှာအမူအယာဖြင့် ပြသတဲ့ လူမှုဆက်ဆံရေး၊ မြင်သာသိလွယ်သော ရုပ်ပုံ ကားချပ်များဖြင့် ပြသတဲ့ လူမှုဆက်ဆံရေး စသည်ဖြင့် အမျိုးမျိုးရှိနေပါတယ်။

မျက်နှာချင်းဆိုင် အပြန်အလှန် စကားပြောခြင်းဖြင့်ဖြစ်စေ၊ တယ်လီဖုန်းဖြင့် ပြောဆိုခြင်းဖြင့်ဖြစ်စေ ၊ အင်တာနက်မှာ အသံနဲ့ ပြောဆိုခြင်းဖြင့် ဖြစ်စေ ပြောဆိုခြင်းများ အားလုံးက နှုတ်စကားဖြင့် ပြောဆိုတဲ့ လူမှုဆက်ဆံရေး ဖြစ်ပါတယ်။ဒီလိုပြောဆိုတဲ့အခါမှာ ပြောဆိုတဲ့ အကြောင်းအရာတွေပေါ်မှာ မူတည်လို့ လူ့စကားသံ အနိမ့် ၊ အမြင့် ၊ စကားပြော မြန်ဆန်မှု ၊ လေးမှု တွေကွာခြားသွားပါတယ်။

စာဖြင့် ပြောဆိုတဲ့ လူမှုဆက်ဆံရေးကတော့ စာတိုက်မှစာပေးပို့ခြင်း၊ အင်တာနက်မှ အီးမေးလ်ပေးပို့ခြင်း စသည်တို့ဖြစ်ပြီး စာရေးတဲ့အခါမှာ သုံးထားတဲ့ ဝေါဟာရ၊ သဒ္ဒါ ၊ ဝါကျ ရှင်းလင်းမှု တို့ကလည်း စာရေးသူရဲ့ လတ်တလော စိတ်ခံစားချက်နဲ့ အကျုံးဝင်ပါတယ်။

ကိုယ်အမူအယာ လူမှုဆက်ဆံရေးကတော့ စကားတစ်ခွန်းမှမပြောဘဲ ဖြစ်စေ ၊ စကားပြောနေစဉ်ဖြစ်စေ လူတစ်ယောက်ရဲ့ ကိုယ်အမူအယာ ၊ လှုပ်ရှားမှု၊ ကိုယ်နေဟန်ထား၊ ခြေဟန် လက်ဟန်၊ မျက်နှာအမူအယာတို့ ဖြစ်ကြပါတယ်။ မျက်နှာအမူအယာဖြင့် ခံစားချက်ကို ဖော်ပြတာဟာ လူမှုဆက်ဆံရေးမှာ အရေးကြီးဆုံး အဓိကကျတဲ့ အခန်းကဏ္ဍ တစ်ခုဖြစ်ပါတယ်။မျက်လုံးလေးတစ်ခု၊ အပြုံးလေးတစ်ချက်ကပဲ လူတစ်ယောက်ရဲ့ လတ်တလောဖြစ်နေတဲ့ စိတ်ခံစားချက်ကို ဖော်ပြနိုင်စွမ်းရှိပါတယ်။

လုပ်ငန်းခွင် အစည်းအဝေးများ ၊ စီပွားရေးကိစ္စများ၊ အသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်မှုများမှာ formal communication, official communication ပုံစံကို အသုံးပြုကြပြီး စည်းကမ်းဥပဒေများ ပါဝင်နေပါတယ်။ တစ်ရံခါမှာ မတွေ့ဆုံးဖူးတဲ့ သူစိမ်း နှစ်ဦး ပထမဦးဆုံးအကြိမ်အဖြစ် တွေ့ဆုံမှုကလည်း formal communication ထဲမှာ အကျုံးဝင်နေ ပြန်ပါတယ်။


မိတ်ဆွေ သူငယ်ချင်းများ၊ မိသားစုဝင်များ နဲ့ပြောဆို ဆက်ဆံခြင်းက informal communication ဖြစ်ပါတယ်။ ဒီလူမှုဆက်ဆံရေးမှာ စည်းမျဉ်း ဥပဒေတွေ မပါဝင်သလို အချိန်ကန့်သတ်ချက်၊ နေရာကန့်သတ်ချက်၊ ပြောဆိုတဲ့ အကြောင်းအရာ ကန့်သတ်ချက်တွေ မပါဝင်ပါဘူး။ ချစ်ခင်သူများနဲ့ စကားပြောဆိုတဲ့အခါမှာ ရင်းနှီးပွင့်လင်းပြီး အကြောင်းအရာမျိုးစုံဖြစ်နိုင်ပြီး ပြောဆိုတဲ့အခါမှာ စိတ်လွတ်လပ်ပေါ့ပါးပါတယ်။

လူ့အသိုင်းအဝိုင်းပတ်ဝန်းကျင်မှာ လိုက်လျောညီထွေစွာ ပြောဆို ဆက်ဆံ တတ်တာဟာလည်း ဘဝမှာ ပိုင်ဆိုင်တဲ့ အရည်အသွေး တစ်ခုပဲဖြစ်ပါတယ်။

(သတင်းစာဆောင်းပါးတို Types of Communication ကိုမှီငြမ်းပါသည်။)

ဟနစံ

အချစ်ဆေး

အချစ်ဆိုတဲ့အရာကိုရှေးအဆက်ဆက်ကတည်းက အ ဓိပ ္ပါယ်အမျိုးမျိုးဖွင့်ဆိုရှင်းပြ ကြပါတယ်။ အချစ်ဆိုတာ ပေးဆပ်ခြင်း၊ ရယူခြင်း၊ စွန့်လွှတ်အနစ်နာခံခြင်း စသည်ဖြင့် တစ်ယောက်တစ်မျိုးစီ ဖွင့်ဆိုနေကြသလို အချစ်ဆိုတာဘာလဲ လို့လည်းမေးခွန်းထုတ်ကာ တစ်ယောက်တစ်မျိုးဖြေနေကြဆဲပါပဲ။

အချစ်ဆိုတာအကောင်အထည်လိုက် ဖော်ပြလို့မရတဲ့စိတ်ခံစားချက်မျိုးဆိုတော့လည်း
အ ဓိပ ္ပါယ်တိတိကျကျသတ်မှတ်ဖို့ ခက်ခဲတဲ့အရာတစ်ခုဖြစ်နေတာလားတော့မသိပါဘူး။ ဒါပေမယ့်သေချာတာကတော့ လူသားတွေဟာအချစ်နဲ့ ကင်းကင်းမနေနိုင်ကြတာပါပဲ။ ကိုယ့်မိဘ၊ သားသမီးကိုချစ်တယ်။ မောင်နှမသားချင်းတွေကိုချစ်တယ်။ အဆွေအမျိုးတွေ ကိုချစ်တယ်။ သူငယ်ချင်းမိတ်ဆွေတွေကိုချစ်တယ်။ ချစ်သူရည်းစားကိုချစ်တယ်။ ချစ်စရာမရှိဘူးဆိုရင်တောင် ခွေးကလေး၊ ကြောင်ကလေး၊ ငါးလေးတွေ မွေးထားပြီး ချစ်နေကြပါတယ်။ ကိုယ်ချစ်တဲ့ကြောင်လေး၊ ခွေးလေး သေသွားရင် ဝမ်းနည်းပူဆွေးပြီး တသသနဲ့ ပြန်ပြန်ပြောပြီးလည်း ငိုတတ်ကြသူတွေလည်းရှိပါတယ်။

ချစ်သူကစွန့်ခွာသွားလို့ ၊ အကြောင်းကြောင်းကြောင့်ချစ်သူနဲ့ဝေးကွာသွားရလို့ အထီးကျန် လွမ်းဆွတ်နေကြသူတွေလည်းရှိပါတယ်။ အထီးကျန်လာရာကနေ စိတ်ကျရောဂါ စွဲကပ် လာတာမျိုးလည်း ရှိပါတယ်။ အချစ်ဆိုတဲ့အရာအတွက် အသက်စွန့်သွားတဲ့ သူတွေ လည်းရှိပါတယ်။ လူတွေဟာအချစ်ကိုဘာ့ကြောင့်ရှာဖွေကြသလဲဆိုရင် လူဆိုတာ တစ်ယောက်တည်းမနေချင်လို့ပါပဲ။ တစ်ယောက်တည်းအထီးကျန်နေတဲ့သူဟာ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ချစ်ခင်ပျော်ရွှင်နေသူတွေထက်
နှလုံးရောဂါဖြစ်ဖို့ ပိုလို့အခွင့်အလမ်းများပါတယ်။

သုတေသနပြုလုပ်ချက်များနဲ့ စစ်တမ်းကောက်ယူချက်များအရ အထီးကျန်ပြီး စိတ်ကျနေတဲ့ လူတစ်ယောက်ဟာ ၆လအတွင်းမှာ နှလုံးရောဂါဖြစ်ပွားနိုင်ချေ ၄ဆ ပိုများတယ်လို့ တွေ့ရပါတယ်။ ချစ်ခြင်းမေတ ္တာဟာလူသားတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ နဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုအကျိုးသက်ရောက်နေပါတယ်။ အချစ်ဆိုတဲ့အရာဟာ လူသားတွေရဲ့ ကျန်းမာရေးကိုတိုက်ရိုက်အကျိုးသက်ရောက်နေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။
အချစ်ကြောင့်ကျန်းမာရေးကောင်းမွန်စေနိုင်သလို ကျန်းမာရေးလည်း ယုတ်လျော့လာ စေနိုင်ပါတယ်။ အခြားလူများနှင့်ပေါင်းသင်းဆက်ဆံရေးဟာ လူ့ဘဝရဲ့အရည်အသွေး တစ်ခုဖြစ်နေရုံမျှမကဘဲ အသက်ရှင်နေထိုင်ခြင်း ကိုပါအကျိုးဖြစ်စေပါတယ်။ အထီးကျန်နေသူတွေဟာ မူးယစ်ဆေးဝါး၊ အရက်သေစာ နဲ့ စီးကရက်သောက် နှုန်းပိုလို့ များပါတယ်။ သူတို့ဟာမည်သူတစ်ဦးတစ်ဦးအတွက်မှ အသက်ရှင်နေထိုင်ခြင်းမဟုတ်ဘူးလို့ ခံစားနေရတဲ့အတွက် မိမိကိုမိမိဂရုမပြုခြင်းပဲ ဖြစ်ပါတယ်။ မကြာသေးမီက လေ့လာချက် များအရ ချစ်ခြင်းမေတ ္တာဟာ နှလုံးရောဂါအတွက်
များစွာအကျိုးသက်ရောက်မှု ရှိတယ်လို့ဆိုပါတယ်။

လူ့အသိုင်းအဝိုင်းမှာလူအချင်းချင်းမေတ ္တာထားခြင်းဟာ လူ့ဘဝမှာ ဘယ်လိုအသက်ရှင်နေ ထိုင်မယ် ဆိုတာရယ် ၊ ဘယ်လောက်အသက်ရှည်ရှည်နေထိုင်တယ်ဆိုတာရယ်နဲ့ တိုက်ရိုက်အချိုးကျဆက်နွယ်နေပါတယ်။ ချစ်ခြင်းမေတ ္တာသည်သာ အကောင်းဆုံး ၊ အထိရောက်ဆုံးဆေးဝါးဖြစ်နေပါတယ်။
လူမှုပတ်ဝန်းကျင်မှာ လူအချင်းချင်းအသိအမှတ်ပြုခြင်း နဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ အချင်းချင်းချီးမွမ်းစကားဆိုခြင်း၊ ရိုသေအလေးအမြတ်ပြုခြင်း တို့ဟာ လူတို့ရဲ့စိတ် ကျန်းမာရေး အတွက်များစွာအထောက်အကူပြုနေပါတယ်။ အချစ်ဆိုတာသင့်နှလုံးသားထဲမှာသိမ်းဆည်းထားဖို့မဟုတ်ပါဘူး။ အချစ်ဆိုတာ သင်ကမပေးလိုက်မချင်းအချစ်မဟုတ်ပါဘူး လို့ Michael W.Smith ကပြောခဲ့ပါတယ်။

လူအချင်းချင်းချစ်ခြင်းမေတ ္တာကိုပြသဖို့ရာကလည်းမခဲယဉ်းလှပါဘူး။ တယ်လီဖုန်းလေးကောက်မပြီးဖုန်းခေါ်မယ် ။သာရဲ့လား မာရဲ့လား မေးမြန်းပြီး သူတစ်ပါးအပေါ်မှာ ကိုယ်ကအလေးအမြတ်ထားကြောင်းပြမယ်။ အရှည်ကြီးရေးစရာမလိုဘဲ စာတိုလေး ၁ကြောင်း၊ ၂ကြောင်းလောက်ရေးပြီး သတိရကြောင်းပြသမယ်ဆိုရင် တစ်ဖက်ကလက်ခံသူဟာလည်း ဝမ်းမြောက်ပျော်ရွှင်စွာ သင့်ရဲ့ချစ်ခြင်း
မေတ္တာ ကိုရရှိမှာဖြစ်ပါတယ်။ ချစ်ခြင်းမေတ ္တာဆိုတာ ပေးလိုက်ဖို့ရော ၊ ရယူဖို့ပါ ငွေကုန်ကြေးကျများတဲ့အရာတစ်ခုမဟုတ်တဲ့အတွက် လူအချင်းချင်း
မေတ ္တာထားဖို့ ခက်ခဲပင်ပန်းတဲ့အလုပ်တစ်ခုမဟုတ်ပါဘူးရှင်။


သတင်းစာ ဆောင်းပါး love ကို မှီငြမ်းပါသည်။

ကဗျာမှာ ပျော်ဝင်ခြင်း

မိုးရေတက်ရေ တဖွေးဖွေး

ကွင်းကျယ်အဝေးဝေး

လယ်စောင့်တဲလေးခြေတံရှည်

မိုးကုပ်အောက်မှာတည်

ကြာနီတပွင့် ဖြူတပွင့်

တဲနှင့်ပနံတင့်။ ။





ဆရာကြီးမင်းသုဝဏ် ရဲ့ လယ်စောင့်တဲ့လေးကဗျာ....

ငယ်စဉ်ကလေးဘဝက မြန်မာဖတ်စာမှာ သင်အံရွတ်ဆိုခဲ့ရတဲ့ ကဗျာလေး။ အဲဒီကဗျာလေးကိုဆရာမကရှေ့ကတိုင်ပေးလို့ နောက်ကလိုက်ဆိုတုန်းက ဘာမှန်းသေချာ နားမလည်ခဲ့ပေမယ့် အရွယ်ရောက်လာလို့ ကဗျာတွေကို တရှိုက်မက်မက် ခံစား တတ်လာချိန် မှာ အင်မတန်ချစ်စရာကောင်းတဲ့ကဗျာလေးမှန်းသိလာရပါတယ်။



ကဗျာတစ်ပုဒ်ဟာစာဖတ်သူတို့ကိုစိတ်ကိုနှစ်လိုဖွယ်ဖြစ်စေတတ်သလို အံ့သြဝမ်းသာမှု ၊ စိတ်ပျက်ဝမ်းနည်းစေမှု ၊ တက်ကြွလန်းဆန်းစေမှုတွေ အဖြစ်ကို ရောက်အောင် အသွင်ပြောင်းပေးပါတယ်။ ကဗျာလောကကြီးထဲ ကိုအလည်အပတ် သွားရောက်လိုက်လျှင် ကဗျာဆိုတာ လူတိုင်းရဲ့အတွေးအခေါ်နဲ့ တစ်ထပ်တည်း ကျမနေတာ ကိုတွေ့ရပြန်ပါတယ်။ လူတိုင်းဟာ ကဗျာတစ်ပုဒ်ကိုနားလည်သိမြင်နိုင်ပေမယ့် ကျေနပ်စွာခံစားပြီး အလေးအမြတ် တန်ဖိုးထားတာကျတော့ မတူညီကြပြန်ပါဘူး။



ကဗျာတွေကိုသိနားလည်ဖို့ ၊ ကဗျာတွေနဲ့အကျွမ်းတဝင်ဖြစ်ဖို့ရန်အတွက် ကဗျာများကိုဖတ်ခြင်း၊ ရွတ်ဆိုခြင်းအလေ့အကျင့်များရှိရမှာဖြစ်ပါတယ်။ ကဗျာများဆီ

ကိုနည်းမှန် လမ်းမှန် ချဉ်းကပ်မယ်ဆိုရင်တော့ ကဗျာရတနာသိုက်ကြီးထဲမှာ ခရီးသွားနေရသလိုပါပဲ။ ကံအကောင်းဆုံးလူသားတစ်ဦး ဖြစ်မယ်လို့ထင်မိပါတယ်။



ကဗျာတွေထဲမှာပျော်ဝင်ခံစားဖို့ဆိုရင် မိမိစိတ်ကို မိမိ ပိတ်လှောင် မထားဘဲ လွတ်လပ်စွာခံစားဖို့လိုပါတယ်။ လေးချိုးမှဖတ်မယ် ဒွေးချိုးမှဖတ်မယ်

လေးလုံးစပ ်ပဲကြိုက်တယ် မော်ဒန်မှဖတ်ချင်တယ် သရုပ်မှန်ကိုမှကြိုက်တယ်ဆိုပြီး တစ်မျိုးတည်းကိုပဲပုံသေရွေးချယ်ပြီးဖတ်မယ်ဆိုရင် ကဗျာဆိုတဲ့ရတနာသိုက်ကြီးထဲမှာ ကျောက်မျက်ရတနာအမျိုးမျိုးရှိနေတာကို တစ်မျိုးတည်းကိုသာရရှိသူသာဖြစ်နေပါလိမ့်မယ်။



ကဗျာများကိုစဖတ်လျှင်ဖတ်ခြင်း ကဗျာထဲမှအများကြီးရရှိဖို့ကိုမမျှော်လင့်ထားဘဲ ဖြေးဖြေးမှန်မှန်သာဖတ်မှသာလျှင် ကဗျာတစ်ပုဒ်ကိုနားလည်ဖို့လွယ်ကူပါလိမ့်မယ်။ စဖတ်လျှင်ဖတ်ခြင်းမှာ ကဗျာရဲ့လွှမ်းမိုးမှုကို အများကြီးမျှော်လင့်ထားစရာမလိုဘဲ ကဗျာဖတ်ခြင်း အလေ့အထမှာပျော်ဝင်သွားနိုင်အောင်သာ ကြိုးစားမှသာလျှင် ကဗျာများကိုဖတ်ရှုရန် ငြီးငွေ့ခြင်း၊ ကြောက်ရွွံ့ခြင်း မရှိတော့မှာသာဖြစ်ပါတယ်။



ကဗျာများများကို ဖတ်ရှုခြင်းအလေ့အကျင့် ရလာပြီဆိုလျှင် ကဗျာများကို နှစ်သက် လာပြီး ကဗျာဖတ်သူရဲ့ စိတ်အာရုံခံစားမှုကို ကဗျာများကဆွဲဆောင်ကာ အာရုံခံစားမှုပိုလို့ ကောင်းမွန်မြင့်မားလာအောင် ကဗျာများကလှုံ့ဆော်ပေးပါလိမ့်မယ်။ ထိုအခိုက်မှာ ကဗျာထဲကဘယ်စကားလုံး ၊ စကားစုက စာဖတ်သူကို စကားဝှက် ၊ စကားလိမ်အဖြစ်နဲ့ နားမလည်နိုင်စေအောင် ပြဿနာတစ်ရပ်အဖြစ်တည်ရှိနေတယ် ဆိုတာကို သိမြင်လာ ပါလိမ့်မယ်။ အဲဒီအခါမှာ ထိုစကားလုံး ၊ စကားစုရဲ့ အဓိပ္ပါယ်ကို နားလည်အောင် အရင်ကြိုးစားပြီးမှ စာဖတ်သူရဲ့နှလုံးသားထဲသို့ တဖြေးဖြေးချင်း ကဗျာကစိမ့်ဝင်ရောက်လာ အောင် အတွေးနက်နက်များတွေးရမှာဖြစ်ပါတယ်။ အတွေးတွေသာမရှိဘူးဆိုရင် ကဗျာဆိုတာရှိလာမှာမဟုတ်သလို ကဗျာများကိုနားလည်နိုင်မှာလည်းမဟုတ်ပါဘူး။



ကဗျာများကိုဖတ်ရာမှာ ကဗျာဖတ်သူရဲ့ ဘဝနောက်ခံအခြေအနေ၊ ရှင်သန် ကျင်လည်ရာပတ်ဝန်းကျင်အသိုင်းအဝိုင်းများကလည်း ကဗျာကိုလွတ်လပ်စွာ ခံစားခြင်း ကိုအနှောင့်အယှက်ဖြစ်စေပြန်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကဗျာဖတ်သူရဲ့ ပုဂ္ဂလိကခံစားချက် ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာအတွေးအမြင်များကို ကဗျာဖတ်နေစဉ်မှာ ခဏတာဘေးဖယ်ထားမှသာလျှင် ကဗျာဆရာရဲ့ဆိုလိုရင်း ၊ ကဗျာဆရာရဲ့ခံစားချက်၊ ကဗျာဆရာက စာဖတ်သူကို ပေးလိုတဲ့ အရာများကို လွတ်လပ်စွာအပြည့်အဝရရှိမှာ ဖြစ်ပါတယ်။ ကဗျာများမှာ ပျော်ဝင်ခြင်း အကြောင်းရင်းတစ်ခုကတော့ ကဗျာကို အသံထွက်ကာ ရွတ်ဆိုကြည့်ရာမှာ ကာရန်ညီခြင်း ၊ အသံသာခြင်းတို့ဖြစ်ပါတယ်။

တစ်ယောက်နဲ့တစ်ယောက်ထင်မြင်ယူဆချက်များမတူညီဘဲကွဲပြားခြားနားကြသော်လည်း အချို့ဝေဖန်ရေးဆရာများကမူ ကဗျာတစ်ပုဒ် ကိုနားလည်ရန်တစ်ခုတည်းသော နည်းလမ်းမှာ ထိုကဗျာကိုစကားပြေပြန်ဆိုခြင်းဟု ထင်မြင်ယူဆကြပါတယ်။ ကဗျာတစ်ပုဒ် ကို စကားပြေပြန်ဆိုသောအခါတွင် စာဖတ်သူဟာ ကဗျာကိုမိမိကိုယ်ပိုင်စကားလုံးများနဲ့ ပြန်လည်ပုံဖော်ခြင်းဖြစ်ပါတယ်။ဒီလိုစကားပြေ ပြန်ဆိုတဲ့အခါမှာကဗျာဆရာ မူလပေးလိုသည့်အရာများကို သွေဖီသွားစေနိုင်တဲ့ စာဖတ်သူရဲ့ ပုဂ္ဂလိကခံစားချက် ၊ ပုဂ္ဂိုလ်ရေးအတွေးအမြင်တွေများကိုဖယ်ထုတ်ထားနိုင်မှသာလျှင် ကဗျာမှာအစစ်အမှန်ပျော်ဝင်ခံစားနိုင်ပါလိမ့်မယ်။



စာရေးဆရာမ Baumagaertnar ကသူမရဲ့ Appreciating Poetry စာအုပ်မှာ ပြောခဲ့တာက သင်ဟာဘယ်သူပဲဖြစ်နေနေ၊ သင့်ရဲ့ စာပေအဆင့်အတန်းက ဘယ်လောက်ပဲရှိနေပါစေ သင်ဟာကဗျာဖတ်သူတစ်ဦး အဖြစ်သာဖြစ်နေပါစေ တဲ့လေ။



ဟနစံ

စိတ်စွမ်းအင်နတ်သမီး

ပင်လယ်ပြင်မှာ သင်္ဘောပျက်ပြီး အသက်ဘေးမှ လွတ်မြောက်အောင် လုံ့လစိုက်ထုတ် ကူးခတ်တဲ့ ဇနကမင်းသားကို မေခလာနတ်သမီး လာရောက် ကယ်တင်တဲ့ ဇနကမင်းသား ဇာတ်တော်ကို ကျွန်မတို့မြန်မာလူမျိုး အားလုံးလိုလို သိဖူးကြပါတယ်။ တစ်ခါတစ်ရံမှာ ဘဝပင်လယ်ပြင်မှာ ရုန်းကန် ကူးခတ်ရတာ မောလာတဲ့အခါမှာ မေခလာနတ်သမီး ဘယ်တော့များမ ှလာကယ်ပါ့မလဲလို့ တမ်းတ ညည်းညူ တတ်တဲ့ သူတွေကိုလည်း တွေ့ဖူးပါတယ်။ အခက်အခဲတစ်စုံတစ်ရာ ကြုံတိုင်း နတ်သမီး လာကယ်တယ်လို့ ယုံကြည်နေတဲ့ သူတွေလည်း ရှိပါတယ်။ တကယ်တော့ ကျွန်မတို့ လူသားတွေ အခက်အခဲ ကြံုချိန်မှာ လာကယ်တတ်တဲ့ နတ်သမီးဆိုတာ ကျွန်မတို့ရဲ့ အတွင်းစိတ်ပါပဲ။ ဘယ်သူမှ မမြင်မတွေ့နိုင်တဲ့ နတ်သမီးပါပဲ။



Universe Law လို့ခေါ်တဲ့ လောကပါလတရား အရ ကျွန်မတို့ ပေးလိုက်တဲ့ အရာတွေဟာ ကျွန်မတို့ဆီက ိုပြန်လာတတ်ပါတယ်။ ကိုယ်ပြုလိုက်တဲ့ အကြောင်းကြောင့် အကျိုး ပြန်ဖြစ်လာတာပါ။ ကျွန်မတို့က လူတွေအပေါ်ကို မေတ္တ ာ ပေးလိုက်တယ်။ ကြင်နာမှု စာနာမှုတွေ ပေးလိုက်တယ်။ ကူညီမှုတွေ ပေးလိုက်တယ်။ အဲဒီ်လို ပေးလိုက်တဲ့အတွက် ဆုံးရှုံးသွားတယ်လို့ ယူဆကောင်း ယူဆ ကြပါလိမ့်မယ်။ တကယ်တန်းကျတော့ လောကကြီးဟာ အရာရာစီစဉ်ထားပြီးသားပါ။ ပေးလိုက်သူကို ပြန်ပေးမှာပါ။



ဒါပေမယ့် ပေးလိုက်သူရဲ့စေတနာ မေတ္တာ ဟာ ဖြူစင်ရပါမယ်။ ဘာအကျိုးမှမမျှော်ကိုးဘဲ ၊ တုန့်ပြန်မှု ကိုမျှော်လင့်မထားဘဲ ဖြူစင်တဲ့ စေတနာ ၊ အကြင်နာတွေနဲ့ လူသားအချင်းချင်း ကူည ီရိုင်းပင်းကြတဲ့အခါမှာ စိတ်မှာကြည်လင်အေးချမ်းမှု ၊ ပီတီဖြစ်မှုကို ဆုလာဘ်အနေနဲ့ ပထမဦးဆုံး ခံစားရပါတယ်။ ဘယ်သူမှ မမြင်မသိနိုင်ပေမယ့် ကိုယ့်စေတနာ ကို ကိုယ် ဲသာသိတာမို့ပါ။ လူသား အချင်းချင်း ရိုင်းပင်းတယ် ဆိုတဲ့နေရာမှာ ငွေကြေး စီးပွားရေးအရ ထောက်ပံ့မှသာလျှင် ကူညီတဲ့အရာရောက်တာ ရက်ရောစွာ လှု ဒါန်းတာမဟုတ်ပါဘူး။



အားငယ်နေတဲ့သူတွေ ၊ စိတ် ဓါတ်ကျနေတဲ့သူတွေက်ု ကြင်နာနွေးထွေးတဲ့ အားပေးစကားတွေပြောကြားပြီး ကူညီလို့လည်းရပါတယ်။ လူသားတိုင်းဟာ ပုထုဇဉ်တွေမို့ အမှားမကင်းနိုင်ကြပါဘူး။ ဘဝမှာ အနည်းဆုံး တစ်ကြိမ်တစ်ခါတော့ မှားဖူးကြပါတယ်။ အဲဒီလို အမှားပြုလုပ်မိတဲ့သူဟာ သူ့အမှားကြောင့်စိတ်ညစ် စိတ်ဆင်းရဲနေတဲ့အချိန်မှာ ကျွန်မတို့ကထပ်ပြီး အပြစ်တင်မယ် အပြစ်ပြောမယ်ဆိုရင် သူဟာ ပိုလို့စိတ်ဓာတ် ကျဖွယ်ရာ ရှိပါတယ်။ လူတစ်ယောက်ကို အပြစ်တင်ဝေဖန်ရတာ အင်မတန်မှကို လွယ်ကူပါတယ်။ အဲဒီလိုပဲ အားပေး ကူညီ စကားတွေပြောဖို့လည်းမခက်ခဲပါဘူး။ “မင်းလိုအမှားမျိုး ငါလည်းမှားဖူးပါတယ်…စိတ်မပျက်ပါနဲ့ … လာပါကွာ… တို့တွေအတူတူ အမှားတွေကိုပြင်ကြပါစို့” ဆိုတာမျိုး စကားလေးတွေဟာ လူသားအချင်းချင်း အားပေးတဲ့စကားလေးတွေပါပဲ။



ကျွန်မတို့ဟာ လူအချင်းချင်း အားပေး စကားတေ ွပြောဖို့ နေ့စဉ် နေ့တိုင်း အခွင့်အရေးတွေ ရှိပါတယ်။ ကျွန်မတို့က အားပေးကူညီနေတယ် ဆိုတာကို အကူညီခံရသူ မသိတာက ပိုလို့ကောင်းပါတယ်။ တကယ်လို့များ တစ်စုံတစ်ယောက်က ကျွန်မကို အမြဲတန်း ကူညီနေတယ် ဆိုတာကို သိနေတ ဲ့အခါ ကျွန်မကိုယ်ကျွန်မ အားကိုးချင်စိတ် နဲ့ ကျွန်မကိုယ်ကျွန်မ ယုံကြည်မှုတွေ နည်းပါး လာနိုင်ပါတယ်။ အားပေး ကူညီနေသူကိုပဲ အမြဲ အားကိုး ချင်နေပါလိမ့်မယ်။ အဲ ဒ ါကြောင့် လူသား အချင်းချင်း ရိုင်းပင်း ကူညီရာမှာ ကူညီခံရသူ မသိစေဘဲ ၊ ကျွန်မတို့က ကူညီနေတယ်လို့ ဂုဏ်မဖော်ဘဲနေတာ ပိုလို့ကောင်းပါတယ်။ ကျွန်မတို့ရဲ့ အသိစိတ်ထဲမှာတော့ သူတစ်ပါးကိ ရိုင်းပင်းကူညီခြင်းကြောင့် မိမိကိုယ်မိမိ တန်ဘိုးရှိလာသလို မြင့်မြတ်တဲ့ စိတ်ခံစားမှုမျိုးကို ခံစားရပါတယ်။ ဘာအကျိုးကိုမှ မမျှော်ကိုးဘဲ စေတနာ

မေတ္တ ာဖြူစင်စွာဖြင့် အယုတ် ၊ အလတ်၊ အမြတ် မရွေးကူညီမယ်ဆိုရင် များမကြာမီမှာပဲ လောကပါလတရားက ကျွန်မတို့ကို ပြန်လည် ကူညီပါ လိမ့်မယ်။



တကယ်လို့များ တစ်စုံတစ်ယောက်က သင့်ကို စော်ကား ရန်ပြု လာမယ်ဆိုရင် ထိုသူကိုမုန်းမိမှာ အသေအချာပါပဲ။ တန်ပြန်တိုက်ခိုက်ချင်မိမှာပါပဲ။ ခွင့်လွှတ်နိုင်ချင်မှခွင့်လွှတ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် ကျွန်မတို့ကို ခွင့်လွှတ်နိုင်စိတ်ကို ကြိုးစားမွေးမြူတဲ့အခါမှာ အံံ့သြဖွယ်ကောင်းလောက်အောင် ငြိမ်းချမ်းလာပါလိမ့်မယ်။ ခွင့်လွှတ်နိုင်ဖို့ ဆိုတာ အစပထမမှာတော့ ခက်ခဲကောင်း ခက်ခဲနေပါလိမ့်မယ်။ ဘယ်အရာမဆို အလေ့အကျင့် ပြုလုပ်ပေးရင် လွယ်ကူလာတတ်တာကြောင့် ကျွန်မတို့လည်း ခွင့်လွှတ်ခြင်းကို ကြိုးစားပြီး အလေ့အကျင့်ပြုလုပ်သင့်ပါတယ်။



“ငါ ...သူ့ကိုမုန်းချင်ဘူး … ဘယ်သူတစ်ဦးတစ်ယောက်ကိုမှမမုန်းချင်ဘူး.. ခွင့်လွှတ်ချင်တယ်…ခွင့်လွှတ်မယ်” လို့ စိတ်ထဲကနေအထပ်ထပ်အခါခါ ရွတ်ဆိုပြီး သူ့အပြစ်တွေကို မေ့ပျောက်အောင်ကြိုးစားမေ့လိုက်ပါ။



မုန်းတီး ခါးသီးမှုတွေကနေ ခွင့်လွှတ်နိုင်မှုကိုရောက်အောင် မိမိစိတ်ကို ပြောင်းလဲပစ်ရပါမယ်။ တကယ်လို့များတစ်စုံတစ်ဦးက သင့်ကိုပြက်ရယ်ပြုမယ် ၊ ထိခိုက်နာကျင်စေမယ် ။ ဒါမှမဟုတ် သင်ချစ်တဲ့သူ တစ်ဦးဦးကို ထိခိုက် ်နာကျင်စေမယ် ဆိုရင် ထိုသူအတွက် သင့်ရင်ထဲမှာ မေတ္တာရှိမှာမဟုတ်ပါဘူး။ ဒါပေမယ့် ကိစ္စ မရှိပါဘူး။ သင့်စိတ်ကို ပြောင်းလဲဖို့ ကြိုးစားကြည့်ပါ။ ခွင့်လွှတ်လိုက်ဖို့ကြိုးစားကြည့်ပါ။ သင့်စိတ်ထဲက

မေတ ္တာရဲ့အသံတွေကို လောကပါလတရားက ကြားပါတယ်။



သင်ပေးဆပ်လိုက်တဲ့မေတ ္တာတွေကို လောကပါလတရားက မြင်ပါတယ်။ များမကြာမီမှာပဲ လောကပါလတရားက သင့်ကိုပြန်လည်ပေးပါလိမ့်မယ်။ လောကပါလတရားက ပေးဆပ်သူကို ပြန်လည်ပေးတတ်ပြီး ယူသူဆီက ပြန်လည်ယူတတ်ပါတယ်။



ကျွန်မတို့ရဲ့ ဖြူစင်သန့်ရှင်းတဲ့မေတ ္တာတွေဟာ ကျွန်မတို့ကို ဘေးရန်ကင်းအောင် ကာကွယ်ပေးနေပါတယ်။ ချက်ချင်း ရုတ်တရက်ကြီး မဟုတ်ဘဲ တဖြည်းဖြည်းချင်း ၊ နည်းနည်းချင်း ကျွန်မတို့ ပေးလိုက်တဲ့ အရာတွေအတွက် ကျွန်မတို့ ပြန်လည်ရရှိပါလိမ့်မယ်။



ကျွန်မတို့ဟာ တစ်ခါတစ်ရံမှာ မဖြစ်နိုင်ဘူး ကျွန်မတို့မလုပ်နိုင်ဘူး လို့ထင်ထားတဲ့ ခက်ခဲတဲ့ ကိစ္စတွေရှိတတ်ပါတယ်။ လတ်တလောအချိန်မှာ မဖြစ်နိုင်ဘူးလို့ထင်ရပေမယ့် မိမိကိုယ်မိမိ ယုံကြည်မှုအပြည့်နဲ့ “ငါလုပ်နိုင်ရမယ် ။ ဒီကိစ ္စအောင်မြင်ရမယ်။ ဖြစ်ကိုဖြစ်ရမယ်” လို့ စိတ်ထဲကနေ ယုံကြည်ထားပြီး အစွမ်းကုန်ကြိုးစားမယ်ဆိုရင် ဘယ်လောက်မဖြစ်နိုင်ဘူး ဆိုတဲ့အရာဖြစ်နေပါစေ အဆုံးပိုင်းမှာ အောင်မြင်မှာမုချပါပဲ။



ကျွန်မတို့ရဲ့စိတ်ထဲမှာ ရှိနေတဲ့ ဘယ်သူမ ှမမြင်မတွေ့နိုင်တဲ့ နတ်သမီးက ကျွန်မတို့ကို လာကူညီတာပါပဲ။ တကယ်တန်းကျတော့ အရေးကြီးဆုံးက ကျွန်မတို့ရဲ့ အတွင်းစိတ်လေးပါပဲ။



ဒ ီစိတ်လေးက ိုနိုင်နင်းတယ်ဆိုရင် ဘဝမှာ ဘယ်အရာမှ မခက်ခဲ တော့ပါဘူး။ ဘယ်အရာမှ ကြောက်စရာမကောင်းတော့ပါဘူး။ ဘဝပင်လယ်ပြင်မှာ ကူးခတ်နေတုန်း ကျွန်မတို့ကို လာကယ်တဲ့ စိတ်စွမ်းအင် မေခလာနတ်သမီးပဲပေ့ါ။



ဟနစံ

အဖေ့မေတ္တာ

ပတ်ဝန်းကျင်မှာ မိခင်မေတ္တာကို အလွယ်တကူ မြင်နေနိုင်ပေမယ့် ဖခင်တစ်ယောက်ရဲ့ မေတ္တာကိုတော့ အမှုမှတ်အမှတ်မဲ့ ဖြစ်နေတတ်ပါတယ်။ ချက်ပြုတ်ကျွေးမွေး ၊ ဖီးလိမ်းပြင်ဆင်ပေးတာက မိခင်၊ ကျောင်းသွားဖို့မုန့်ဖိုးလိုလို့ ပေးတာကမိခင်၊ နေထိုင်မကောင်းလို့ အနီးကပ်စောင့်ရှောက်တာက မိခင်ဖြစ်တဲ့အတွက် မေမေ့ကျေးဇူးတွေကို သိသာထင်ရှားစွာ မြင်တွေ့နေရပေမယ့် ဖခင်တစ်ယောက်ရဲ့ မေတ္တာနဲ့ ကျေးဇူးကျုတော့ လွယ်လင့်တကူ မြင်ဖို့ ခဲနေတတ်ပါတယ်။



နေ့စဉ် ထမင်းစားရဖို့ကို ရှာဖွေပေးတဲ့ဖခင်တစ်ယောက်ကတော့ ခက်ခဲပင်ပန်းစွာ လုပ်ကိုင်ရှာဖွေနေရတဲ့အတွက် သား၊သမီးများနှင့် အချိန်ပြည့်နေရဖို့ မရှိသလောက်မို့ သား၊ သမီးများနှင့် အနေဝေးနေတတ်ပါတယ်။ ဒါပေမဲ့လည်း နေ့စဉ်မပူမပင် မကြောင့်မကြ ထမင်းစားနေနိုင်တာ ဘယ်သူ့ကြောင့်ပါလဲ ဆိုရင် အဖေ့ကြောင့်ပါပဲ။ ရာသီဥတုအလိုက် အပူ၊ အအေး မျှတအောင် ဝတ်စားဆင်ယင်နေနိုင်တာ အဖေ့ကြောင့်ပါပဲ။



ဖခင်တွေဟာ သက်စွန့်ဆံဖျား အသက်မွေးဝမ်းကျောင်းအလုပ်ကို လုပ်ကိုင်နေတာ သက်စွန့်ဆံဖျားအလုပ်ကို ဝါသနာပါလို့ ဟုတ်နိုင်ပါ့မလား။ လှိုင်းလေကြီးတဲ့ မြစ်ပြင်မှာ သမ္ဗာန်ခတ်နေတဲ့ ဖခင်၊ အဆောက်အဦးဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ လှုပ်လီလှုပ်လဲ့ ဝါးငြမ်းတွေပေါ်တက်ပြီး အလုပ်လုပ် ငွေရှာတဲ့ ဖခင်၊ ရေနံတွင်းရှိရာ ပင်လယ်ပြင်ထဲက ပလက်ဖောင်းပေါ်ကို ခက်ခက်ခဲခဲသွားရောက် အလုပ်လုပ်နေတဲ့ ဖခင်၊ အေးအေးဆေးဆေး အနားယူချင်ပေမယ့် ညောင်းညာနေအောင်ကို လူနာတွေ ကြည့်ရှုဆေးကုသပေးနေတဲ့ ဖခင်၊ ငွေစာရင်း ဇယားများနဲ့ ခေါင်းပူ ခေါင်းရှုပ်စွာ ဦးနှောက်သုံး စီမံအုပ်ချုပ်အလုပ်လုပ်နေကြတဲ့ ဖခင်တွေ၊ ဒီလူက လူလည်ဖျံကြီးပါကွာလို့ ပတ်ဝန်းကျင်က အဆိုးဆိုလည်း လူတစ်ယောက်ရဲ့ ကိုယ်ကျင့်တရား၊ သိက္ခာကို စတေးလို့ ငွေရှာနေတဲ့ ဖခင်တွေ၊ ...ဖခင်တွေ...၊ .....ဖခင်တွေ၊ နောက်ဆုံး ယုတ်စွအဆုံး သီချင်း ၃ ပုဒ်ဆိုပြီး ကပြမယ်၊ ရှောက်သီးဆေးပြားဝယ်ရမယ်နော်ဆိုတဲ့ မျက်နှာမှာ ဆေးဆိုးပန်းရိုက်နဲ့ လမ်းတကာကို လှုပ်လီလှုပ်လဲ့လမ်းလျှောက်သွားလာ သီဆိုကပြနေတဲ့ သူတွေဟာ အိမ်ပြန်ရောက်ရင် လိမ်းခြယ်ထားတာတွေကို ချွတ်လို့ ကျားကျားလျားလျား ဖခင်တစ်ဦးဖြစ်နေတာတွေ.....။



ဒါတွေဟာ ဖခင်တွေ ဘာ့ကြောင့်ဒီလိုအလုပ်တွေ လုပ်နေရတာလဲဆိုရင် လွယ်လွယ်ပြောရရင်တော့ ငွေရှာဖို့ပါပဲ။ ငွေရှာဖို့ အဲလောက်တောင်လိုလားဆိုရင် တစ်ဦးတစ်ယောက်တည်းအတွက်ဆိုရင်တော့ အဲဒီလောက် လိုချင်မှ လိုမှာပေ့ါ။ ဒါဆိုရင် ဘယ်သူတွေအတွက်လဲဆိုရင် အဖြေက ရှင်းရှင်းလေးပါပဲ။



ရှုပ်ထွေးပွေလီလှတဲ့ တရုတ်ဒရာမာရုပ်ရှင်ကား၊ ကိုရီးယားအိမ်ထောင်ရေးကားတွေမှာ မိန်းမတစ်ယောက်ကို မချစ်မနှစ်သက်သော်ငြား ကိုယ့်ရင်သွေးဆိုတာကို လွယ်ထားတယ်လို့ သိလိုက်တာနဲ့ ကိုယ့်ဘဝအိမ်ထောင်ရေးရည်မှန်းချက်ဟာ တခြားတစ်ပါးဖြစ်နေလင့်ကစား ကိုယ့်ရင်သွေးကို လွယ်ထားတဲ့ အဲဒီမိန်းမကို တာဝန်ယူစောင့်ရှောက်တာ ဘာကြောင့်ပါလဲ။ ဖခင်မေတ္တာကြောင့်ဆိုတာ ပြောဖို့မလိုအောင်ကို အဖြေကရှင်းလွန်းလှပါတယ်။



ယောကျ်ားဆိုတာကတော့ ယောက်ျားပါပဲ။ ယောကျ်ားတစ်ဦးပင်ဖြစ်တဲ့အတွက် ယောကျ်ားတစ်ဦးကဲ့သို့ပင် စိတ်ဆန်းပြားပွေလီနေနိုင်တဲ့ ဖခင်တွေ အချိန်တန်လို့ အိမ်ပြန်လာတာ ဘယ်သူတွေကြောင့်ပါလဲ။ ဖခင်တစ်ယောက်ရဲ့ မေတ္တာနဲ့ ကျေးဇူးတွေကို အလွယ်တကူ မမြင်နိုင်ပါဘူး။



အဖေ့ရဲ့ ဆိုဆုံးမစကားတွေကို ဆိုဆုံးမစဉ်မှာတော့ ဖေဖေကလည်း သိပ်ဆူတတ်တာပဲလို့ မနှစ်သက်တတ်ပေမယ့် တကယ်တမ်း လုပ်ငန်းခွင်မှာ လူတွေထဲပတ်သက်ဆက်ဆံတဲ့မှာ ဖေဖေ့ရဲ့ ဆိုဆုံးမစကားတွေကို အလိုအလျောက် လိုက်နာလို့ ကျင့်သုံးမိလျက်သားဖြစ်နေပါတယ်။ ဘဝမှာ အခက်အခဲကြုံတွေ့ရတဲ့အခါတိုင်း၊ ဘဝမုန်တိုင်းကို ရင်ဆိုင်ဖြတ်ကျော်ရတဲ့အခါတိုင်း၊ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရတဲ့အခါတိုင်းမှာအဖေ့ရဲ့ စိတ်ဓာတ်၊ အဖေ့ရဲ့ ဆိုဆုံးမစကားတွေကို အလိုအလျောက် လိုက်နာကျင့်သုံးမိလျက်သားဖြစ်နေပါတယ်။ အဖေ့ကိုချစ်တဲ့ အဖေတူသမီးတွေဟာ ဘဝရဲ့ စိန်ခေါ်မှုတိုင်းကို အဖေ့စိတ်ဓာတ်အမွေနဲ့ ရင်ဆိုင်နေကြပါတယ်။ အဖေတူသမီးတွေဟာ အဖေ့လိုပဲ ရည်ရွယ်ချက်ပန်းတိုင်တွေ အမြင့်ကြီး ရှိနေပါတယ်။ အဖေတူသမီးတွေဟာ ဘဝမှာ မုန်တိုင်းတွေ ကြံုလာတိုင်း အဖေ့ကို အရင်ဆုံး သတိရတတ်ကြပါတယ်။ အဖေတူသမီးတွေဟာ အဖေ့လိုပဲ ဖြူစင်တဲ့ လုပ်အားခငွေကို ရှာဖွေတိုင်း အရင်ဆုံး အဖေ့ကို သတိရတတ်ကြပါတယ်။ အဖေတူသမီးတွေဟာ အဖေ့ကို လေးစားအထင်ကြီးမှုနဲ့အတူ အဖေနဲ့ စိတ်နေစိတ်ထား၊ စိတ်ဓာတ်ဆင်တူတဲ့ ယောကျ်ားမျိုးကိုပဲ လေးစားအထင်ကြီးမေတ္တာမျှတတ်ကြပါတယ်။ အဖေတူသမီးတွေဟာ အဖေတူသမီးဖြစ်နေရခြင်းကို ဂုဏ်ယူကျေနပ်နေတတ်ကြပါတယ်။



အစိုးမရတဲ့ မိုးလေဝသအခြေအနေတွေမှာ စက်အပြည့်အစုံကောင်းမွန်ခြင်းမရှိတဲ့ သက်တမ်းရင့် (အပိုပစ္စည်းတောင်မှ အခြားဘယ်တိုင်းပြည်မှာမှ ဝယ်လို့ မရတော့တဲ့ ၊ အခြားဘယ်တိုင်းပြည်မှာမှတောင် အသုံးပြုခြင်းမရှိတော့တဲ့)  လေယာဉ်တွေကိုအသက်အန္တရာယ်ကြီးစွာ မောင်းနှင်ပျံသန်းနေရတဲ့ အဖေ့အတွက် ရည်စူးလို့ သာသနာ့ဘောင်ကို ၃ ကြိမ်၊ ၃ခါ ဝင်ခဲ့ပါတယ်။ သားယောကျ်ားလေး မဟုတ်တဲ့အတွက် သင်္ကန်းစည်း၊ ရှင်ပြုနိုင်ခြင်းမရှိပေမယ့် အဖေတူသမီးတစ်ယောက်ရဲ့ အဖေ့အတွက် လုပ်ပေးနိုင်ဆုံးအရာတွေထဲက တစ်ခုပါပဲ။ အဖေ့အတွက် ရည်စူးလို့ ဘဝမှာ စတုတ္ထအကြိမ်မြောက် သာသနာ့ဘောင်ကို ဝင်ဖို့ဆုံးဖြတ်ခဲ့မိသည်နှင့်အတူ အဖေတူသမီးတွေရဲ့ အဖေ့အတွက် လုပ်ပေးနိုင်တဲ့အရာတွေဖြစ်တဲ့ အဖေတူသမီးအဖြစ်ဆက်လက်ပြီး အဖေတူသမီးဖြစ်နေဦးမယ်ဆိုတာတစ်ခုရောပါပဲ။

ချစ်သူများနေ့မှာ တစ်ယောက်တည်း

သူငယ်ချင်းတွေက ဗယ်လင်တိုင်းဒေး (Valentine's Day)  အတွက်အလုပ်တွေရှုပ်နေကြပြီ။ နှင်းဆီပန်းတွေအော်ဒါ သွားမှာထားရတာနဲ့။ ချော့ကလက်တွေသွားဝယ်ပြီး

စက္ကူလှလှလေးတွေနဲ့ထုပ်ပိုးနေကြပြီ။ ကုန်တိုက်ကြီးတွေကိုသွားပြီးအဆင်သင့်ထုပ်ပိုးပြီးသား

ဗယ်လင်တိုင်းလက်ဆောင်ပစ္စည်းလေးတွေကိုရွေးချယ်ဝယ်ယူနေကြပြီ။

ဗယ်လင်တိုင်းဒေးဆိုတာချစ်ခြင်းမေတ္တာကိုကိုယ်စားပြုတဲ့အထိမ်းအမှတ်နေ့ဆိုတော့ ချစ်သူတွေကတော့အလုပ်ရှုပ်နေကြပြီပေ့ါ။ တစ်ယောက်တည်းဖြစ်နေတဲ့သူတွေကရော

ဗယ်လင်တိုင်းဒေးကိုတစ်ယောက်တည်းအမှတ်တရဖြစ်စွာ ၊ ပျော်ရွှင်စွာ ဖြတ်သန်းကုန်ဆုံးလို့မရဘူးလား။ ချစ်သူတွေပျော်ရွှင်နေကြတဲ့နေ့ဟာ ကိုယ်နဲ့ဘာမှမဆိုင်မပတ်သက်ဘူးလို့ရောတွေးထင်နေတာလား။



တကယ်တော့ ဗယ်လင်တိုင်းဒေးဆိုတာချစ်သူရှိတဲ့သူတွေအတွက်သာတင်မဟုတ်ဘဲ

ချစ်ခြင်းမေတ္တာကိုခံစားနားလည်တဲ့လူသားတွေအားလုံးအတွက်ပဲလေ။ ကိုယ်တစ်ယောက်တည်းကုန်ဆုံးဖြတ်သန်းနိုင်တဲ့ ဗယ်လင်တိုင်းဒေးအစီအစဉ်လေးတွေစဉ်းစားကြည့်ရအောင်။



-ကိုယ့်လိုပဲတစ်ကိုယ်တည်းဖြစ်နေတဲ့သူငယ်ချင်ေးတွဆီကိုဖုန်းဆက်ပြီး

အပြင်ထွက်လည်ဖို့ချိန်းမယ်။ အပြင်မှာတစ်ခုခုသွားစားကြတာပေ့ါ။



-တစ်ကိုယ်တည်းဖြစ်နေတဲ့ သူငယ်ချင်းတွေစုပြီးအိမ်မှာ ပါတီလေးတစ်ခုလုပ်မယ်။ စုပြီးချက်ပြုတ်စားသောက်ကြမယ်။ သီချင်းတွေ ဆိုကြမယ်။ သီချင်းတွေနားထောင်ကြမယ်လေ။ ဒ ါဟာကိုယ်တစ်ယောက်တည်းမဟုတ်ဘူး။ သူငယ်ချင်းတွေနဲ့ဆိုတာကိုစိတ်ထဲမှာခံစားရပြီးပျော်လာတယ်လေ။



-တကယ်လို့ ကိုယ့်ကိုပါတီကိုလာဖို့အဖိတ်ကြားခံရရင်ရော။ သွားလိုက်မှာပေ့ါ။ ဘယ်သူကပြောလဲ။ ဗယ်လင်တိုင်းပါတီကိုတစ်ယောက်တည်းမသွားရဘူးလို့။ ဘယ်သူကြိုသိနိုင်မှာလဲနော်။ အသွားတုန်းကတော့တစ်ယောက်တည်းပေ့ါ။ အပြန်ကျရင်နှစ်ယောက်ဖြစ်ရင်လည်းဖြစ်လာနိုင်တာပဲလေ။



-သွားစားဦးမယ်လို့အမြဲစိတ်ကူးနေတဲ့အသစ်ဖွင့်တဲ့စားသောက်ဆိုင်မှာ သွားစားလိုက်မယ်။ ကိုယ်အကြိုက်ဆုံးအစားအစာတွေကိုမှာစားမယ်။ ပြီးတော့ ကိုယ်ကြည့်ချင်တဲ့ရုပ်ရှင်ကားကိုကြည့်မယ်။ ကိုယ်အနှစ်သက်ဆုံး ၊ ဝါ်သနာအပါဆုံးအလုပ်လေးတွေကိုလုပ်မယ်။ ကိုယ့်အကြိုက်တွေချည်းလုပ်နေရတော့ပျော်စရာကောင်းတဲ့နေ့လေးတစ်နေ့ပေ့ါ။



- ဗယ်လင်တိုင်းဒေးမှာကိုယ့်ချစ်သူကိုပဲမုန့်ကျွေးရမယ်လို့ဘယ်သူကမှဥပဒေ မထုတ်ထားပါဘူး။ ကိုယ့်သူငယ်ချင်းတွေ ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ ကိုယ့်မောင်နှမတွေကိုလည်းမုန့်ကျွေးလို့ရပါတယ်။

သူတို့ကကိုယ့်ကိုအမြဲနွေးထွေးနေတဲ့လူတွေလေ။



-တကယ်တော့ဗယ်လင်တိုင်းဒေးဆိုတာအရင်နေ့ရက်တွေနဲ့ဘာမှမထူးခြားပါဘူး။ နံနက်မှာနေထွက်လာပြီးညနေမှာနေဝင်သွားတဲ့နေ့ပါပဲ။အရင်ရက်တွေလိုပဲ ကိုယ်လုပ်နေကျအလုပ်တွေကိုပဲလုပ်မှာပေ့ါ။ အလုပ်သွားမယ်။ အားကစားရုံကိုသွားမယ်။ အိမ်ပြန်မယ်။ညစာစားပြီးရင်ကိုယ်အနှစ်သက်ဆုံးရုပ်မြင်သံကြားဇာတ်လမ်းတွဲကိုကြည့်မယ်။ အွန်လိုင်းမိတ်ဆွေတွေနဲ့ ချက်တင်း(chatting) လုပ်မယ်။ ပြီးရင်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားမယ်လေ။ ဘယ်အရာကမှပြောင်းလဲမသွားပါဘူး။



ဒီလိုဆိုရင် ဗယ်လင်တိုင်းဒေးမှာ ကိုယ်တစ်ယောက်တည်းပါလား ဆိုပြီးတွေးပြီးဝမ်းနည်းမနေတော့ဘူးပေ့ါ။



ကိုးကား ။ ။ The ways to spend Valentine’s Day alone.

အချစ်သည်

ဗယ်လင်တိုင်းဒေးဆိုတဲ့ ချစ်သူများနေ့နီးလာပြီဆိုတော့ အချစ်အကြောင်းတွေ ပြောနေကြပါတယ်။
အချစ်ဆိုတာ ဘာလဲလို့ မေးတဲ့မေးခွန်းကို အချစ်ဆိုတာ ဘာပါလို့ အတိအကျ ဖြေဖို့ ခက်သလို ခုချိန်ထိလည်း ဘယ်သူကမှ တိတိကျကျ အဓိပ္ပါယ်ဖွင့်ဆိုမပြောထားကြပါဘူး။ မောင်နှမချစ်၊ သားအမိချစ်၊ သူငယ်ချင်း ၊ ချစ်သူရည်းစားအချစ်စတဲ့ အချစ် အမျိုးမျိုးအနက်မှ မိန်းကလေးတစ်ဦးနဲ့ ယောက်ျားလေးတစ်ဦး ချစ်ကျွမ်းဝင်တဲ့ ချစ်သူအချစ်ဆိုတာကို ကိုယ့် ခံစားချက်နဲ့ကိုယ်၊ ကိုယ့်ယူဆချက်နဲ့ကိုယ် အချစ်ဆိုတာ ဘယ်လိုဆိုတာကို တစ်ယောက်တစ်မျိုး ပြောနေကြတာပါပဲ။

အချစ်ဆိုတာ တကယ်မရှိဘူးလို့ပြောကြသလို အချစ်ဆိုတာ အစစ်အမှန်တကယ်တည်ရှိတယ်လို့လည်း ပြောကြပါတယ်။
အချစ်ဆိုတာ ရယူပိုင်ဆိုင်ခြင်း၊ ပေးဆပ်ခြင်း စသည်ဖြင့်လည်း ကြားဖူးသလို အချစ်ဆိုတာ ရင်ခုန်လှိုက်မောခြင်းလို့လည်း ပြောနေကြပါတယ်။
အချစ်ဆိုတာ စွန့်လွှတ်အနစ်နာခံခြင်းလို့လည်း ပြောကြပြန်ပါတယ်။ အချစ်ဆိုတဲ့ ခံစားချက်ဟာ တစ်သက်မှာ တစ်ခါသာ ဖြစ်ပေါ်တယ်လို့ ပြောတဲ့သူများ ရှိသလို အချစ်ဆိုတာ အဖန်တလဲလဲ အသစ်မွေးဖွားဖြစ်တည်နိုင်တယ်လို့ ပြောတဲ့သူများလည်း ရှိပါတယ်။
အချစ်ဆိုတာ အမြဲတည်မြဲနေပြီး အရာရာကို အချစ်ကြောင့် အောင်နိုင်တယ်လို့လည်း ပြောကြပြန်ပါတယ်။
အချစ်ဆိုတာ မတည်မြဲဘူးလို့လည်း ပြောကြတာတွေလည်း ရှိပါတယ်။
အချစ်က အရာရာကို ကောင်းအောင် ပြုပြင်နိုင်တယ်လို့ ပြောနေကြသလို အချစ်ကြောင့် ဘဝပျက်တတ်တယ်လို့လည်း ပြောကြပြန်ပါတယ်။
အချစ်ဆိုတာ တစ်ကိုယ်ကောင်းမဆန်ဘူးလို့ ပြောကြပါတယ်။ အချစ်နဲ့ စစ်မှာ မတရားဘူးဆိုတာ မရှိဘူးလို့လည်း ပြောကြပြန်ပါတယ်။
အချစ်ဆိုတာ ဗျုဟာတစ်ခုလိုပဲလို့ ပြောကြသလို အချစ်ဆိုတာ ရိုးစင်းအပြစ်ကင်းတယ်လို့လည်း ပြောကြပြန်ပါတယ်။
အချစ်ဆိုတာ ခံစားရုံသက်သက်မဟုတ်ဘဲ လက်တွေ့ တွေ့ကြုံ ချစ်ကျွမ်းဝင်ရာလို့လည်း ပြောကြပါတယ်။

အချစ်အကြောင်းကို သီချင်း၊ ကဗျာ၊ လင်္ကာများနဲ့ ဝထ္ထုတွေထဲမှာ ခမ်းခမ်းနားနားဖွဲ့ဆိုထားကြပါတယ်။
ရုပ်ရှင်၊ ပြဇာတ်များမှာလည်း အချစ်အကြောင်း ဆွတ်ပျံ့ကြည်နူးဖွယ်၊ လွမ်းဆွေးဖွယ် သရုပ်ဆောင်ပြကြပါတယ်။

မိန်းကလေးနဲ့ ယောက်ျားလေး တစ်ဦးနဲ့တစ်ဦးကြား ချစ်ခြင်းမေတ္တာမှာ အနိုင်၊ အရှုံးတွေပြောတတ်ကြတာလည်း ကြားဖူးပါတယ်။
အချစ်ဆိုတာ မာယာများနဲ့ ကစားပွဲတစ်ခုလိုလည်း ပြောကြပါတယ်။

အရာဝထ္ထုအဖြစ် တည်ရှိခြင်း မဟုတ်တဲ့ စိတ္တဇနာမ်ဖြစ်တဲ့ စိတ်ခံစားမှု အချစ်ဆိုတာဟာ နားလည်လက်ခံသူအပေါ်မှာ မူတည်ပြီး အဓိပ္ပါယ်ဖွင့်ဆိုမှုတွေ ကွဲပြားသွားကြပါတယ်။

ကျွန်မ သိတဲ့အချစ်ဆိုတာကတော့ ချစ်နေတာပါပဲ။ အချစ်ဆိုတာ ရယူခြင်း၊ ပေးဆပ်ခြင်းဆိုတာတွေထက် အချစ်ဆိုတာ ချစ်နေခြင်းပါပဲ။
ချစ်မနေဘဲနဲ့ အချစ်ဆိုတာ ရှိမှာ မဟုတ်ပါဘူး။
 စာသင်ကျောင်းမှာ သမိုင်း၊ ပထဝီ၊ သင်္ချာစသည့် ဘာသာရပ်များကို သင်ယူရသော်လည်း အချစ်ဆိုတဲ့အကြောင်းကိုတော့ သင်ရိုးညွှန်းပြဌာန်းစာအုပ်များမှာ မတွေ့ရှိရပါဘူး။ အချစ်ဆိုတာ သင်ယူရခြင်းမဟုတ်ဘဲ တွေ့ကြုံခံစားရခြင်းဆိုတာပဲ ဖြစ်မယ်ထင်ပါတယ်။

အချစ်ဟာ ကစားပွဲတစ်ခုမဟုတ်တဲ့အတွက် အရှုံး၊ အနိုင်ဆိုတာ မရှိပါဘူး။
 အရှုံး၊ အနိုင်ကိုတွက်ချင်တယ် သိလိုတယ်ဆိုရင် လောင်းကစားပွဲတစ်ခုမှာ သွားကစားတာက အသင့်တော်ဆုံးပဲ မဟုတ်လား။ အချစ်ဆိုတာ လောင်းကစားပွဲက အဖြေလို အရှုံး၊ အနိုင်ဆိုတာမျိုး မရှိပါဘူး။
စီးပွားရေးလုပ်ငန်းတစ်ခု (စီးပွားဖြစ် ချစ်တယ်ဆိုတာမျိုး) မဟုတ်တဲ့အတွက် အမြတ်၊ အရှုံးဆိုတာလည်း မရှိပါဘူး။
ဒါပေမဲ့ အချစ်ကြောင့် လူမှုရေးမှာတော့ အမြတ်၊ အရှုံး ရှိလာနိုင်ပါတယ်။

ချစ်ခင်နှစ်သက်ခြင်းဆိုတာက ကောင်းမွန်ပါတယ်။ မိမိချစ်မြတ်နိုးသူကို ရယူပိုင်ဆိုင်လိုတာ လူ့သဘာဝပဲဖြစ်ပါတယ်။
ဒါပေမဲ့ အပြန်အလှန်ချစ်ခြင်းမေတ္တာဆိုတာ တစ်ဘက်တည်းကပဲ ချစ်နေလို့ မရတာပါ။ အခြားတစ်ဘက်ကို မိမိကို မိမိက သူ့ကို ချစ်သလို မချစ်ဘူးဆိုရင် ၊ ဒါမှမဟုတ် မိမိ ချစ်မြတ်နိုးသူရဲ့ အချစ်ကို မရဘူးဆိုရင် စိတ်မှာ ဒေါသဖြစ်လာတတ်ပါတယ်။ မိမိချစ်မိသူက မိမိကို ပြန်မချစ်လို့ သင့်တဲ့ဒေါသမှသည် မိမိချစ်သူဟာ မုန်းသူအဖြစ် မိမိရဲ့ စိတ်မှာ အသွင်ပြောင်းသွားတတ်တာဟာ အချစ်မဟုတ်ပါဘူး။ မိမိကို မချစ်လို့ ရန်သူသဖွယ်ကိုယ်က ဆက်ဆံပြောဆိုတာဟာ မိမိရဲ့ သူ့အပေါ်ချစ်တယ်ဆိုတဲ့ မူလစိတ်ဟာ မေတ္တာမဟုတ်ပါဘူး။ ပစ္စည်းတစ်ခုကို ရယူပိုင်ဆိုင်လိုသလိုမျိုး လူတစ်ယောက်ကိုလည်း အရာဝထ္ထုပစ္စည်းတစ်ခုလို မိမိက သဘောထားမိတာပါ။ ချစ်မိသူအပေါ် မေတ္တာသက်ဝင်တယ်လို့ မိမိစိတ်ကို မိမိ ထင်ယောင်မှားတာပါ။ တကယ် မေတ္တာမှန်ရင် ဒေါသသင့်မှာ မဟုတ်ပါဘူး။ မေတ္တာမှန်တယ်ဆိုရင် ကိုယ်နဲ့ မသက်ဆိုင်ရင်တောင်မှ သူ့အကျိုးမဲ့ရာ မဲ့ကြောင်းကို မလုပ်ပါဘူး။

အချစ်ကိုရရှိဖို့အတွက်တော့ ဘယ်သူမဆို ကြိုးစားကြပါတယ်။ ရယူဖို့ မာယာပရိယာယ်တွေနဲ့  အချစ်နဲ့စစ်မှာ မတရားတာ မရှိဘူးရယ်လို့ အကြောင်းပြချက်နဲ့  အချစ်တစ်ခုကိုရဖို့အတွက် ကိုယ့်လိပ်ပြာကို ကိုယ်ညာတာက အချစ်မဟုတ်ပါဘူး။
 အချစ်ဆိုတာ ရိုးရိုးစင်းစင်း ချစ်မြတ်နိုးခြင်းပါပဲ။ နှစ်ဦးနှစ်ဘက်လုံးက ရိုးသားစွာချစ်မြတ်နိုးခြင်း( honesty and sincerity) ြြဖြစ်မယ်ဆိုရင် ဆိုးကျိုးတွေလည်း ရှိမလာနိုင်ပါဘူး။ ရူပေဗဒ သင်ခန်းစာဖြစ်တဲ့ Coulomb's Law  လိုပါပဲ။ နှစ်ဘက် အပြန်အလှန်ဆွဲငင်အားကြောင့် နှစ်ဦးပေါင်းဘဝအတွက် ကောင်းကျိုးဖြစ်တာပါ။ ဒီကမ္ဘာမှာ အချစ်နဲ့ မထိုက်တန်သူရယ်လို့ မရှိပါဘူး။
အချစ်ဆိုတာကို အားလုံးခံစားနိုင်ပါတယ်။

စစ်မှန်တဲ့အချစ်ဆိုတာကို တွေ့ရှိဖို့က ခက်ခဲလွန်းပါတယ်ဆိုတဲ့ အကြောင်းတစ်ခုကြောင့် အချစ်ဆိုတာနဲ့ဝေးကွာနေတဲ့သူတွေ အများအပြားပါ။
တစ်စုံတစ်ဦးကို ချစ်လိုက်ဖို့ကို ကြောက်လန့်နေတဲ့သူတွေ အများအပြားပါ။ ဟုတ်ပါတယ်...ကိုယ့်အတွက် စစ်မှန်တဲ့အချစ်၊ ကိုယ့်အတွက် ဖူးစာဖက်ဆိုတဲ့ အသင့်တော် အမှန်ကန်ဆုံးလူကို တွေ့ဖို့ ဆုံဖို့ဆိုတာက ခက်ခဲပါတယ်။ အခြားတစ်ဘက်ကို အပြစ်မတင်ဘဲနဲ့ မိမိကိုယ်တိုင်ကို ပြန်ကြည့်လိုက်မယ်ဆိုရင် မိမိကိုယ်တိုင်ရဲ့အတွေးတွေ ၊ အပြုအမူတွေကသာ မိမိကိုယ်တိုင်ကို စီရင်နေတာဖြစ်ပါတယ်။
(ကံ ၊ ကံ၏ အကျိုးဆိုတာပေါ့။ မိမိပြုမူလုပ်ဆောင်ချက်တွေကြောင့်ဖြစ်လာတဲ့ အကျိုးဆက်ပါ။)

လူတစ်ဦးချင်းစီတိုင်းဟာ ချစ်ခြင်းမေတ္တာမှာ မိမိကိုယ်တိုင်ကိုနဲ့ ချစ်သူအပေါ်ကို ရိုးသားတာကနေ အချစ်ဘဝတစ်ခုတည်းမှာတင် ပျော်ရွှင်ရတာမဟုတ်ပါဘူး။ မိမိရဲ့အတွေးတွေ၊ အပြုအမူတွေရိုးသားခြင်းတွေဟာ အကျိုးဆက်အဖြစ် ဘဝရဲ့အခြားနယ်ပယ်များမှာပါ အောင်မြင်မှု ရရှိပြီး မိမိကိုယ်တိုင်ပျော်ရွှင်ခြင်းဟာ မိမိကိုယ်တိုင်ကြောင့်မှသာ ရရှိနိုင်မှာ ဖြစ်ပါတယ်။

သူ့ ကဏ္ဍနဲ့သူ

  လူတစ်ယောက်မှာ နေရာပေါ်မူတည်ပြီး ပြုမူ လှုပ်ရှားရတဲ့ ကဏ္ဍ (role)များ တစ်ခုထက်မက ရှိနေတတ်ပါမယ်။ ရှိတ်စပီးယားပြောခဲ့သလို လူတွေဟာ လူ့ဘဝ ပြဇာတ်ခုံပေါ်မှာ ကပြနေကြတဲ့ ဇာတ်ကောင်တွေပဲ ဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာ ကျောင်းဆရာက ကျောင်းဆရာ ဇာတ်ရုပ်ကို သရုပ်ဆောင်နေသလို၊ ဆရာဝန်က ဆရာဝန်ဇာတ်ရုပ်ကို သရုပ်ဆောင်နေပြီး ကွန်ပျူတာပညာရှင်က ကွန်ပျူတာပညာရှင် ဇာတ်ရုပ်ကို သရုပ်ဆောင်နေကြပါတယ်။

       ယနေ့ခေတ်ကာလမှာ ကျွန်မတို့ အမျိုးသမီးတွေဟာလည်း လူ့ဘဝဇာတ်ခုံရဲ့ ကျရာကဏ္ဍမှာ ပါဝင်သရုပ်ဆောင်နေကြရတာ ကဏ္ဍတစ်ခုထက်မက သရုပ်ဆောင်နေရပြန်ပါတယ်။
လုပ်ငန်းခွင်မှာ ဒါရိုက်တာ တာဝန်နှင့် အလုပ်တာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီးတစ်ဦးဟာ အိမ်ပြန်ရောက်တဲ့အခါမှာတော့ အိမ်ထောင့်ရှင်မ ဇာတ်ရုပ်ကို သရုပ်ဆောင်ရပါတော့တယ်။ မီးဖိုချောင်ထဲမှာ စားဖိုမှုးတစ်ယောက်ရဲ့ဇာတ်ရုပ်ကို ပြောင်းလဲသရုပ်ဆောင်ရပြန်ပါတယ်။ ဒီလို role (ကဏ္ဍ)များစွာနဲ့ အမျိုးသမီးတစ်ဦးဟာ ကျရာ ဇာတ်ရုပ်ကို သရုပ်ဆောင်ရာမှာ ကဏ္ဍတွေကို ရောထွေးပစ်လို့ မဖြစ်ပြန်ပါဘူး။ လုပ်ငန်းခွင်မှာ ဒါရိုက်တာရာထူးနဲ့ ဦးဆောင်သူ ခေါင်းဆောင်တစ်ဦးအနေဖြင့် ခေါင်းဆောင်ကောင်းတစ်ဦးပီသစွာ ပြုမူနေထိုင်ဆောင်ရွက်ရပါတယ်။


        အိမ်ပြန်ရောက်တဲ့အခါမှာတော့ အိမ်ထောင်ရှင်မအဖြစ် ပြောင်းလဲသွားတဲ့နေရာမှာ လုပ်ငန်းခွင်က ဒါရိုက်တာဆိုတဲ့ ကဏ္ဍနဲ့ သရုပ်ဆောင်မယ်ဆိုရင် အိမ်ထောင်ဦးစီးဖြစ်သူ ခင်ပွန်းသည်နဲ့ ထိပ်တိုက် conflicts တွေဖြစ်တော့မှာ အသေအချာပါပဲ။ မီးဖိုချောင်ထဲမှာ စားဖိုးမှုးတစ်ယောက်အနေဖြင့် ကျွမ်းကျင်စွာ စားသောက်ဖွယ်ရာများကို ပြင်ဆင်ချက်ပြုတ်ရာမှာ ငါ …ကုမ္ပဏီ ဒါရိုက်တာမကြီးပဲ ဆိုတဲ့ ကဏ္ဍကို သယ်ဆောင်လာမယ်ဆိုရင်တော့ ခင်ပွန်းသည်နဲ့ သား သမီးများအတွက် ဖွယ်ဖွယ်ရာရာ အရသာစုံလင်တဲ့ စားသောက်ဖွယ်ရာများကို ချက်ပြုတ်နိုင်မယ် မထင်မိပါဘူး။ အလားတူပဲ ရုံးပိတ်ရက်မှာ စျေးဝယ်ထွက်တဲ့ အခါမှာ စျေးဝယ်သူ အိမ်ရှင်မကဏ္ဍကို သရုပ်ဆောင်ရပြန်ပါတယ်။ ဒီအခါမှာလည်း ကုမ္ပဏီ ဒါရိုက်တာမကြီးဆိုတဲ့ကဏ္ဍကို သယ်ဆောင်လာလို့ မဖြစ်ပြန်ပါဘူး။

    ကျောင်းဆရာမတစ်ဦးဟာ လုပ်ငန်းခွင်မဟုတ်တဲ့ ပြင်ပနေရာမှာ ငါ ဆရာမပဲ ဆိုတဲ့အတွေးနဲ့ နေရာတိုင်း လိုက်ပြီး ဆရာလုပ်နေမယ်ဆိုရင် ကိုယ့် ကျောင်းသား၊ တပည့်မဟုတ်သူတွေက ဘယ်လိုနည်းနဲ့မှ သည်းခံနိုင်မှာ မဟုတ်ပါဘူး။ အထက်တန်းကျောင်းတုန်းက ကျောင်းနေဖက်သူငယ်ချင်းများ စုဆုံမိတ်ဆုံစားပွဲမှာလည်း ကုမ္ပဏီ ဒါရိုက်တာမကြီးပဲဆိုတဲ့ အခန်းကဏ္ဍနဲ့ သူငယ်ချင်းတွေအပေါ် ပြုမူဆက်ဆံမယ်ဆိုရင် မိတ်ဆွေ အပေါင်းအသင်း နည်းသည်ထက် နည်းသွားမှာ အမှန်ပါပဲ။

     လူတိုင်း လူတိုင်းဟာ သူ့ ကဏ္ဍနဲ့သူ ပြုမူရမှာဖြစ်ပါတယ်။ သူ့နေရာ ၊ သူ့ ကဏ္ဍနဲ့သူ မပြုမူနိုင်ဘဲ ကဏ္ဍတစ်ခုကိုသာ စိတ်မှာ အသေစွဲလို့ နေရာတိုင်းမှာ ပြုမူဆက်ဆံမယ်ဆိုရင်တော့ ကာလ ကြာရှည်လာတဲ့အခါ အထီးကျန်ခြင်းဆိုတာကို အဓိက ခံစားရမှာဖြစ်ပြီးနောက် အစ ပထမပိုင်းမှာ ပတ်ဝန်းကျင်ရှိ လူအများနဲ့ သဟဇာတ မဖြစ်ခြင်းမှသည် မိမိကိုယ်တိုင်နှင့် မိမိပင် သဟဇာတ မဖြစ်တော့ဘဲ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတစ်ခု စွဲကပ်လာနိုင်ဖွယ် ရှိပါတယ်။
                                                                                                                                  
                                                                                                                       ဟနစံ
                                                                                                      ၃ရက် ၊ ဇန်နဝါရီလ၊ ၂၀၁၀ ခုနှစ်။

ဘယ်သူ ပိုတော်သလဲ

ခေတ်အဆက်ဆက် လူတွေ အမြဲအငြင်းပွား ငြင်းခုံနေကြပြီး အမြဲ မေးလေ့ ရှိတဲ့ မေးခွန်းကတော့ မိန်းမ နဲ့ ယောကျ်ား ဘယ်သူပိုတော်လဲ ဆိုတာ ပါပဲ။ ယောကျ်ားတစ်ယောက်ရဲ့ ခန္ဓာကိုယ် နဲ့ ဦးခေါင်းအရွယ်အစားဟာ မိန်းမ တစ်ယောက်ရဲ့ ခန္ဓာကိုယ်နဲ့ ဦးခေါင်းအရွယ်အစားထက် ပို၍ ကြီးမားတာ ကြောင့် ယောကျ်ားတွေဟာ မိန်းမတွေထက် ပိုလို့ အသိဉာဏ် ရှိတယ်လို့ ယူဆ ကြဖွယ်ရာ ရှိပါတယ်။ဒါပေမယ့် ဉာဏ်စွမ်းရည် အရည်အချင်းစစ် စာမေးပွဲ (IQ test) တွေအရတော့ ယောကျ်ားနဲ့မိန်းမဟာ အသိဉာဏ်ချင်း ၊ ဉာဏ်စွမ်းရည် ချင်း ဘယ်သူကမှပိုလို့မသာလွန်ပါဘူး။ မိန်းမများဟာ ယောက်ျားများနှင့် ဉာဏ်ရည် တူညီတာကိုတွေ့ကြ ရပါ တယ်။


မိန်းမတွေရဲ့ ဦးခေါင်းဟာယောက်ျားတွေရဲ့ ဦးခေါင်း ထက် သေးငယ် ပေမယ့် သိပ္ပံနည်းကျ စမ်းသပ်လေ့လာမှုတွေအရ မိန်းမတွေဟာ ယောကျ်ား တွေထက်ဉာဏ်ရည် မနိမ့်ကျကြပါဘူး။ ယောက်ျား နဲ့ မိန်းမ တွေးခေါ် မြော်မြင် ်ပုံချင်း ကွာခြားကြတယ် ဆိုတာကိုတွေ့ရှိရပါတယ်။


မိန်းမတွေရဲ့ ဦးနှောက်မှာတွက်ချက်ခြင်း (Calculation) ကို အားသန်တဲ့ တစ်ရှုး (tissue)ပမာဏ ရာခိုင်နှုန်း ပိုမို များပြားတာကို တွေ့ရှိ ရပါ တယ်။ ဒါ့ကြောင့်လည်း မိန်းမတွေဟာ စျေးတွက်အတွက် တော်တာဖြစ်နိုင်ပါတယ်။ ယောကျ်ားတွေရဲ့ ဦးနှောက်မှာတော့ သတင်း အချက်အလက်တွေကို ကူးပြောင်းပေးတဲ့ တစ်ရှုး အပိုင်းက ပိုလို့ ကြီးမားပါတယ်။ မိန်းမတွေရဲ့ ဦးနှောက်မှာ ချက်ချင်းဖြစ်စေနိုင် သော ကွင်းဆက် များ အတွက် ဖွဲ့စည်းထားတာဖြစ်လို့ မိန်းမများဟာ ဖြတ်ထိုး ဉာဏ် ကောင်း တတ်ကြတာ ဖြစ်နိုင်ပါတယ်။ အချိန်တိုခဏလေးအတွင်းမှာ မိတ်ဆွေ ဖြစ်လွယ်တတ် ကြ တာလည်း မိန်းမများသာပဲဖြစ်ပါတယ်။


ယောကျ်ားများရဲ့ ဦးနှောက်ကတော့ မဆက်နွယ်သောစိတ်ကူး စိတ် ခံစား ချက်များအတွက် ဒီဇိုင်းပြုလုပ်ထားတာကိုတွေ့ရပါတယ်။ ဥပမာ-ကားအသစ် အပေါ်မှာတွယ်ငြိခြင်း နဲ့ လိင်စိတ်နိုးကြွခြင်း လို မျိုး ဘယ်လိုမှ ဆက်နွယ်မှု မရှိတဲ့ ခံစားချက်မျိုးတွေကို ယောကျ်ားတွေခံစားကြရပါတယ်။

ယေဘူယျအားဖြင့်တော့မိန်းမများဟာ နှုတ်မှုရေးရာမှာကြွယ်ဝကြပြီး ယောကျ်ားများကတော့ အာကာသ ဆိုင်ရာ လုပ်ငန်းဆောင်တာ များမှာ ကျွမ်းကျင် ကြပါတယ်။ ကမ္ဘာဦး အစကတည်းက ယောကျ်ား နဲ့ မိန်းမ နှစ်မျိုး တည်းသာရှိနေသော လိင်ဖြစ်ပြီး ခေတ်အဆက်ဆက် ယနေ့ထိတိုင် ယောက်ျားများက ပိုလို့ တော်တယ် ။ မိန်းမများက ပိုလို့တော်တယ် စသည်ဖြင့် စကားရည်လုပွဲတွေ ၊ ငြင်းခုံမှုတွေ ရှိနေပေမယ့်လည်း အနိုင်ရသူမရှိသေးပါဘူး။ နှစ်ဘက်စလုံး နိုင်လည်းမနိုင် ၊ ရှုံးလည်းမရှုံးဘဲ အငြင်းပွားမြဲ ဆက်လက် အငြင်းပွား နေကြဆဲပဲဖြစ်ပါတယ်။


ယောကျ်ားနဲ့မိန်းမဟာဦးနှောက်ဖွဲ့စည်းပုံချင်းမတူညီကြပါဘူး။ ယောက်ျား တွေ ရဲ့ ဦးနှောက် အချို့ အစိတ်အပိုင်းတွေဟာ မိန်းမတွေရဲ့ ဦးနှောက် အချို့ အစိတ်အပိုင်းတွေထက် အနည်းငယ် ပိုမိုကြီးမားတတ်ပြီး မိန်းမတွေရဲ့ ဦးနှောက် အချို့သောအစိတ်ပိုင်းများဟာယောက်ျားများရဲ့ ဦးနှောက်

အချို့အစိတ် အပိုင်း တွေထက်ပိုမိုကြီးမားပါတယ်။ ချုံပြီးကြည့်မယ်ဆိုရင်တော့ မိန်းမတွေ ရဲ့ ဦးနှောက် အရွယ်အစားဟာ ယောကျ်ားတွေရဲ့ ဦးနှောက ်အရွယ်အစားထက် တစ်ဆယ်ရာခိုင်နှုန်း (၁၀%) ပိုလို့ သေးငယ် ပါတယ်။ ဒီလို သေးငယ်ပေမယ့်လည်း ဉာဏ်ရည် စမ်းသပ်မှုတွေမှာတော့ မိန်းမများ ဟာ ယောက်ျားများ ကဲ့သို့ပင်တန်းတူ ဉာဏ်စွမ်းရည်ရှိတာကိုတွေ့ရပါတယ်။


သိပ္ပံပညာရှင်များကတော့ မိန်းမများရဲ့ ဦးနှောက်ဟာ ပိုလို့ အကျိုး ဖြစ်ထွန်း စေတယ်လို့ဆိုကြပါတယ်။ မိန်းမများက စဉ်းစားဆင်ခြင်နိုင်စွမ်းပိုရှိတတ်ကြပြီး ဘယ်အရာ ဘယ်ပစ္စည်းတွေ ဘယ်နေရာမှာရှိတယ်ဆိုတာနဲ့ နေရာ အမှတ် အသား ၊ လမ်းခရီး အမှတ်အသားတွေကိုမိန်းမတွေက ပိုမှတ်မိ တတ်ကြ ပါ တယ်။


ယောကျ်ားများကတော့ လေကြောင်း ၊ရေကြောင်း လမ်းခရီးများ မှာပဲ့ ထိန်း နိုင်မှု ကောင်းမွန်ပါတယ်။ ဒါကြောင့်လည်းလေယာဉ်မှုးများ ၊ အာကာသ ယာဉ်မှုး များ အများစုဟာ ယောကျ်ားများသာဖြစ်နေခြင်းဖြစ်ပါတယ်။ သိပ္ပံပညာနယ်ပယ်၊ စက်မှုနယ်ပယ်များမှာ ယောကျ်ား အရေအတွက်က မိန်းမ အရေအတွက်ထက် ပိုများ နေခြင်းဟာ ယောက်ျားများ ကမိန်းမ များထက် သချင်္ာ စွမ်းရည် ပိုမို ကောင်း မွန်သောကြောင့်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိ မျက်မှောက် ကာလမှာ သိပ္ပံပညာ နယ်ပယ် အတွင်းကိုမိန်းမများ ၀င်ရောက် နေရာ ယူလာ ကြပြီး ဆေးပညာ ၊ ဇီဝဗေဒ ၊ ကွန်ပျုတာ ၊ ရူပဗေဒ နဲ့စက်မှုနယ်ပယ်များမှာ မိန်းမဦးရေတစ်နေ့တစ်ခြားတိုးပွားလက်ရှိနေပါတယ်။


ယောကျ်ားနဲ့ မိန်းမ ဘယ်သူပိုတော်လဲ ။ ဘယ်သူပိုသာလွန်သလဲဆိုတာ အဖြေမရှိတဲ့မေးခွန်း၊ ဖြေရခက်တဲ့မေးခွန်းတစ်ခုသာဖြစ်ပါတော့တယ်။

                                                                                                                            ဟနစံ
                                                                                                          ၂၁ ရက်၊ ဇွန်လ၊ ၂၀၀၆ ခုနှစ် ။

တကယ်ဆိုရင် အတူတူ


ကျွန်မတို့အားလုံး ဘဝဆိုတဲ့ ခရီးကို သွားနေကြတဲ့ ခရီးသည်ချင်းအတူတူ လမ်းခရီးမှာ ကြုံကြိုက်လို့ ဆုံတွေ့ကြသူတွေပါပဲ။ အမြင်တူတာတွေ ရှိမယ်။ ကွဲလွဲတာတွေရှိမယ်။ ကိုယ့်နဲ့ကိုယ်တောင် အချိန်ကာလ၊ ဆည်းပူးလိုက်တဲ့ ပညာကြောင့် အတွေးတွေ တစ်နေ့နဲ့ တစ်နေ့ မတူတတ်တာမျိုးတွေ၊ ပြောင်းလဲသွားတဲ့ အတွေးအခေါ်တွေရှိတတ်တာပဲ။ မတူညီတဲ့ ကွဲပြားမှုတွေ ကိုလက်မခံနိုင်ဘူးဆိုရင် လူသားဆန်ခြင်းအနုပညာကိုတတ်မြောက် သူတစ်ဦး ဘယ်ဖြစ်တော့မလဲ။ ဥယျာဉ်ထဲမှာ ပန်းတွေ အစုံစိုက်ထားမှ ပန်းရောင်စုံတွေပွင့်ပြီး ရနံ့ မျိုးစုံ သင်းပျံ့နေတော့မှာပေ့ါ။


ကျွန်မ မကြိုက်တဲ့ အီတာလျံမုန့်တီ စပက်ဂတီကို ကြိုက်တဲ့သူတွေလည်း ဒီကမ္ဘာကြီးမှာ အများကြီးပဲ။ တခြားသူ မကြိုက်တဲ့ ပုန်းရည်ကြီးသုပ်ကို ကျွန်မက နှစ်နှစ်သက်သက်မက်မော နေမိနေတာပဲ။ ပန်းသီးကြိုက်တဲ့ သူက ပန်းသီးစားမှာပါ။ လိမ္မော်သီးကြိုက်တဲ့သူက လိမ္မော်သီးစားမှာပေ့ါ။ ကျွန်မကတော့ ဟန်းနီးဂျူး ကြိုက်တော့ ဟန်းနီးဂျူး စားမှာပေ့ါ။


ဘဝခရီးမှာ ခဏလေးတွေ့ကြတာပါ။ သူလည်း သူ့ခရီးသူသွား၊ ကိုယ်လည်း ကိုယ့်ခရီးကိုယ်သွား။ တွေ့တဲ့ခဏလေးကို နောင်တစ်ချိန်မှာ ပြန်လည် လိုချင် ပါတယ်ဆိုရင်တောင် ဖြစ်နိုင်မှာ မဟုတ်တော့ဘူးလေ။ လူဆိုတာ ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေတာ။ အလယ်တန်းကျောင်းတုန်းက သူငယ်ချင်း တစ်ယောက်ကို ခုနေ ပြန်တွေ့ချင်ပါတယ်ဆိုတာ မဖြစ်နိုင်တော့ပြန်ဘူး။ ဘာလို့များတွေ့တဲ့အခိုက်ကလေးမှာ ကိုယ့်သဘောကိုယ်ဆောင်၊ သူ့သဘော သူဆောင်တာတွေကို ရောထွေးပစ်ကြဖို့ မလိုအပ်ပါဘူးလို့ ထင်ပါတယ်။ ကိုယ့်သဘောကိုယ်ဆောင်ပြီး ကိုယ့် ဘဝနဲ့ကိုယ်နေတာမှာ သူ့သဘော သူဆောင်တဲ့သူ့ဘဝနဲ့သူ နေသူကို ကိုယ်နဲ့ မတူရကောင်းလားလို့ စိတ်ဆိုးစရာ လိုအပ်ပါသလားလို့လည်း တွေးမိပြန်တယ်။


တွေ့ဆုံတဲ့အခိုက်ကလေးမှာ ဂရုတစိုက်ရှိမယ်၊ ကြင်နာမယ်၊ မေတ္တာစကား တွေပဲပြောမယ်ဆိုရင် မတွေ့တော့တဲ့ခါ တွေ့ဆုံခိုက်လေးမှာ ကိုယ့်မိတ်ဆွေ အပေါ် မကြင်နာခဲ့မိတာကို နောင်တ ရစရာ မရှိတော့ဘူးပေ့ါ။ ဆုံခိုက်မှာ ကိုယ့်ဘက်က မိတ်ဆွေကောင်းအနေနဲ့ ကိုယ် ရှိခဲ့တာအတွက် ကိုယ့်ဘာကိုယ် ကျေနပ်မိမှာပါ။


တကယ်တော့ လူတွေအားလုံးဟာ ဆေးပညာအရဆို လူတွေအားလုံး အရေပြားအောက်က ဖွဲ့စည်းပုံတွေ အားလုံးတူတူပါပဲ။ နေရာဒေသကို လိုက်ပြီး အသားအရောင်ကွဲပြားသွားတာတွေ ဖြစ်လာတယ်။ ကိုးကွယ်တဲ့ ဘာသာ ကွဲပြားသွားတာတွေ ဖြစ်လာတယ်။ anatomy အရ ယောကျ်ားဆို လည်း ယောကျ်ား ၊ မိန်းမဆိုလည်း မိန်းမ အတူတူမှာ နေရာဒေသ၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်း၊ ဆည်းပူးလေ့လာတဲ့ ပညာရပ်တွေ အပေါ်မူတည် လို့မှ စိတ်နေစိတ်ထား၊ သဘောထားနဲ့ ကိုးကွယ်တဲ့ဘာသာတွေ မတူညီကြ တော့တာပါ။ ကိုးကွယ်သည့်ဘာသာ၊ အတွေးအခေါ်၊ ပစ္စည်းဥစ္စာ၊ တတ်မြောက်တဲ့ပညာရပ်ဆိုတာတွေက လုပ်ယူထားရတာတွေပါ။ ဒီလို လုပ်ယူထားရတဲ့အရာတွေအပေါ်မှာ မူတည်ပြီး ဘာကြောင့် လူအချင်းချင်း ခွဲခြားဖို့ လိုအပ်ပါမလဲ။


မွေးဖွားချိန်ကနေ သေဆုံးချိန်အထိ လူတွေဟာ ကိုယ့်အလုပ်တွေနဲ့ ကိုယ်ရှုပ်နေကြတာမှာ အချိန်တွေက ခဏလေး ကုန်သွားပါတယ်။ အခိုက်အတန့် ခဏလေးမှာ ဘာဖြစ်လို့များ ကိုယ်နဲသူနဲ့ ခွဲခြားပြီးတော့ မုန်းစတွေကို ရှည်ချင်နေမလဲနော်။ မခွဲခွာမီလေးမှာ အားလုံး ပျော်ပျော်ပါးပါးဆို မိတ်ဆွေတစ်ဦးချင်းစီမှာ ပျော်စရာနေ့တွေ တစ်နေ့ပြီး တစ်နေ့ရနေမှာပဲပေ့ါ။
 
                                                                                                                       ဟနစံ
                                                                                                      ၈ ရက်၊ နိုဝင်ဘာလ၊ ၂၀၁၁ ခုနှစ်။ 
No comments:

အားလပ်ချိန်နှင့်အကျင့်




 အားလပ်ချိန်မှာ အပန်းဖြေပုံ ဖြေနည်းအမျိုးမျိုးရှိကြပါသည်။ ဝါသနာပါရာကို အလိုက် တစ်ဦးချင်းစီမှာ အပန်းဖြေနည်း အနည်းဆုံးတစ်ခုတော့ ရှိတတ်ကြပါသည်။ အချို့က အားလပ်ချိန်တွင် စာဖတ်ကြသည်။ အချို့က ရုပ်ရှင်ကြည့်ကြသည်။ အချို့က သူငယ်ချင်းများနှင့် ချိန်းကာ အပြင်ထွက် လည်ပတ်လေ့ ရှိကြ သည်။ အချို့က လောင်းကစားနည်းတစ်မျိုးမျိုး ကစားကာ စိတ်အပန်းဖြေလေ့ရှိကြသည်။

ကိုယ် ဝါသနာပါရာကိုလိုက်ပြီး အားလပ်ချိန်ကို အသုံးချပုံ ၊ အသုံးချနည်း ကွဲပြားလေ့ရှိကြသည်။ ကိုယ်ပိုင် အားလပ်ချိန်မှာ ကိုယ်လုပ်ချင်ရာကို လုပ်ပိုင်ခွင့်ရှိသည် ဆိုသော်ငြားလည်း မိမိကိုယ် မိမိကိုသော် လည်းကောင်း၊ မိသားစုအသိုင်းအဝိုင်းကိုသော်လည်းကောင်း၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကို သော်လည်းကောင်း၊ ကိုယ့် မြို့၊ တိုင်းပြည်နိုင်ငံကို မထိခိုက်စေလျှင်အကောင်းဆုံးဖြစ်ပေမည်။


ကော်ဖီ မသောက်တတ်သူတစ်ဦးသည် စတင်ကာ နေ့စဉ်နံနက်တိုင်းကော်ဖီသောက်ခြင်းဖြင့် ကော်ဖီသောက်တတ်သည့် အလေ့အထ (သို့မဟုတ်) အကျင့် ဖြစ်လာပေမည်။ ထို့အတူ ဆေးလိပ်မသောက်တတ်သူတစ်ဦးသည် ဆေးလိပ်တစ်လိပ်စတင်သောက်ကာ နေ့စဉ်ရက်ဆက်သောက်ခြင်းဖြင့် ဆေးလိပ်သောက်တတ်ခြင်း အကျင့်ဖြစ်ပေါ်လာပေမည်။ အကျင့်ဆိုသည်မှာ ကျွန်မတို့၏နေ့စဉ်ဘဝတွင် အလွန်စွမ်းအားကြီးလှသည်။ အကျင့်သည် အလုပ်တစ်ခုကို

နေ့စဉ်အချိန်မှန်၊ ပုံမှန် ပြုလုပ်ခြင်းဖြစ်သည်။ တစ်ခါတစ်ရံတွင် စိတ်က သတိမမူမိလိုက်မိခင်မှာပင် မသိစိတ် စေ့ဆော်မှုဖြင့် လုပ်ဆောင်ပြုမူသည်။ ထိုအပြုအမူများသည် ကျွန်မတို့၏ စရိုက်လက္ခဏာများ ဖြစ်လာပေသည်။ ထိုစရိုက်လက္ခဏာများ၏ အကောင်း၊ အဆိုးသည် ကျွန်မတို့၏ နေ့စဉ်ပြုမူနေမိသော အပြုအမူများအပေါ်တွင် အခြေခံပေသည်။


အသေးအဖွဲကိစ္စလေးတွေကိုပင် ဒေါသထွက်မိခြင်းဖြင့် ဒေါသထွက်တတ်ခြင်း အလေ့အထ အကျင့်ဖြစ်လာပေမည်။ ထိုသို့ဆိုလျှင် သီအိုရီနည်းအရ သည်းခံခွင့်လွှတ်တတ်ခြင်း အလေ့အထကိုလည်း အကျင့်ဖြစ်လာစေရန် အကျင့်ပြုလုပ်၍ ရပေသည်။ အားလပ်ချိန်တွင် လောင်းကစားနည်းတစ်ခုခုကို ကစားခြင်းဖြင့် အားလပ်ချိန်တိုင်းတွင် လောင်းကစားလုပ်တတ်သည့်အကျင့်ဖြစ်လာပေသည်။ ထိုအကျင့်သည် ရာဇဝတ်မှုမြောက်သဖြင့် မကောင်းလှပါ။ အားလပ်ချိန်တွင် စာဖတ်ခြင်းဖြင့် စာဖတ်ခြင်းအလေ့အထကို အကျင့်ပြုလုပ်မွေးမြူလိုက်သောအခါတွင် အကျိုးကျေးဇူးများစွာရပေသည်။ အားလပ်ချိန်တွင် ရပ်ရွာအကျိုးများ ကူညီလုပ်ဆောင်ခြင်းဖြင့် ရပ်ရွာအကျိုးသယ်ပိုးသောအကျင့်ကို ရရှိလာပေသည်။


လူတစ်ဦးတစ်ယောက်၏ စရိုက်လက္ခဏာဖြစ်လာမည့် အကျင့်ဆိုသည်ကို လုပ်ယူပြောင်းလဲ၍ ရနိုင်သည်။ ယာဉ်ကားမောင်းနှင်သောအခါတွင် သတ်မှတ်ထားသော လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းများကို လိုက်နာကာ မောင်းနှင်ခြင်းအကျင့်ဖြင့် မိမိကိုယ်ကို ဘေးအန္တရာယ်ကင်းစေသလို၊ မိမိ၏ ယာဉ်တွင်စီးနင်းလိုက်ပါလာကြသော မိသားစုဝင်များ၊ ဆွေမျိုးသားချင်းများ၊ မိတ်ဆွေများ၊ ခရီးသည်များသည်လည်း ဘေးအန္တရာယ်ကင်းပေသည်။ ယာဉ်၊ ကား မောင်းနှင်သည့်အခါတွင် ခရီးစဉ်ကို ကြိုတင်ပြင်ဆင်ခြင်း အလေ့အထကို မွေးမြူခြင်းဖြင့် အချိန်ကို စီမံနိုင်ပေသည်။

ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပွားမှုများသည့် ရုံးတက်ရုံးဆင်း၊ ကျောင်းတက်ကျောင်းဆင်းချိန်များတွင် အိမ်မှာ စောစီးစွာထွက်ခွာလာခြင်းဖြင့် ယာဉ်ကြောပိတ်ဆို့မှုကြောင့် ရုံးချိန်မမီမည်ကို စိတ်ပူရန်မလိုတော့ချေ။ အချိန်မမီမည်ကို စိတ်ပူရန်မလိုတော့သောအခါ လမ်းတွင် အခြားယာဉ်ကားများကိုလည်း စိတ်ရှည်စွာသည်းခံနိုင်ပေမည်။ ကြိုတင်ပြင်ဆင်ခြင်းကို ပထမတစ်ရက်တွင် စတင်ပြုလုပ်လိုက်ပြီးနောက် နေ့စဉ်ရက်ဆက် ထိုသို့ပြုမူမည်ဆိုလျှင် အလေ့အကျင့်ဖြစ်လာပေမည်။


စည်းကမ်းတကျ အမှိုက်စွန့်ပစ်ခြင်း၊ သတ်မှတ်ထားသော စည်းမျဉ်းဥပဒေများကို လိုက်နာခြင်း၊ တန်းစီခြင်း၊ စနစ်တကျလုပ်ဆောင်တတ်ခြင်း၊ ချိန်းဆိုထားသည့်အခါ အချိန်မှန် ရောက်ရှိတတ်ခြင်း၊ နိုင်ငံကြီးသားပီသခြင်းတို့သည် အသေးအဖွဲဟု ယူဆထားကြသော အမူအကျင့်လေးတစ်ခုမှ စတင်ကာဖြစ်ပေါ်လာသော လူတစ်ဦးတစ်ယောက်၏ စရိုက်လက္ခဏာများ ဖြစ်ကြသည်။ တစ်ပါးသူကို လေးစားစွာပြုမူဆက်ဆံခြင်းအလေ့အထဖြင့် မိမိကိုလည်း သူတစ်ပါးက လေးစားစွာ ပြုမူဆက်ဆံပေမည်။ မိမိ၏ စရိုက်လက္ခဏာကို သူတစ်ပါးက ဆောင်ရွက်ပေး၍ မရနိုင်ပေ။ မိမိ၏ ပြုမူလှုပ်ရှားမှုများသည်သာ မိမိ၏ စရိုက်လက္ခဏာဖြစ်ပေသည်။


လူတစ်ဦးတစ်ယောက်၏ စရိုက်လက္ခဏာသည် ထိုသူ၏ ဘဝကို ပုံဖော်လာသည်။ စရိုက်လက္ခဏာ အကောင်း၊ အဆိုးကို ဖော်ဆောင်လာမည့် အကျင့် အကောင်း၊ အဆိုးကို ဆင်ခြင်ပြုမူ မွေးမြူသင့်လှသည်။
                                                                                                                                 ဟနစံ
                                                                                                    ၇ရက်၊ ဇူလိုင်လ၊ ၂၀၁၀ ခုနှစ်။