Wednesday, 1 February 2017

နောက်ဆုံး ဆုံမှတ်






ရင်ဘတ်တစ်ခုလုံး ဟာလာဟင်းလင်းလို။

ဝဲတက်လာသည့် မျက်ရည်တွေကို အံတင်းတင်းကြိတ်၊ မျက်တောင်ပုတ်ခတ် ပုတ်ခတ်လုပ်ရင်း ထိန်းလိုက်ရသည်။

ရင်တစ်ခုလုံး ကြေမွမတတ်။ ပန်းရဲ့ ကားလေး ထွက်သွားတဲ့နောက်ကို မျက်စိတဆုံး လိုက်ကြည့်မိရင်း

"နားလည်ရခက်တဲ့ ပန်းရယ်"

အသံတိတ်ရေရွတ်မိသည်။

 ပန်းကို သူ ချစ်ပါသည်။ ချစ်တာမှ ရင်ခွင်တစ်ခုလုံး ပွင့်ထွက်မတတ်ချစ်တာလို့ သူငယ်ချင်းဖြစ်သူ စောနောင်ကို ပြောဖြစ်တော့

တဟားဟားအော်ရယ်ခံရသည်။

၁၀ တန်းအောင်ပြီးနောက် ပန်းနှင့်သူ စက်မှုတက္ကသိုလ်ကို အတူတကွ ရောက်ခဲ့ကြသည်။ မိန်းကလေးတစ်ယောက် စိတ်ဝင်စားသည့်အရာများကို စိတ်မဝင်စားတတ်ဘဲ ယောကျ်ားလေးများ စိတ်ဝင်စားတတ်သည့် ပညာရပ်များကို စိတ်ဝင်စားတတ်သော ပန်းက မိန်းကလေးလို ပျော့နွဲ့နေသေးသည်။

သချင်္ာတွေ မတွက်တတ်လျှင် မျက်နှာလေး ရှုံ့မဲ့ကာ "ငါမတွက်တတ်တော့ဘူး...စာတွေ

ကလည်း ခက်လိုက်တာဟာ " ဟု ပန်းက ညည်းသလိုလေးပြောတိုင်း

"စာတွေက ခက်တာ မဟုတ်ဘူး။ နင်ကိုက ညံ့တာ..ဒီမှာ ကြည့် ...ငါ့ကို ဆရာခေါ် ..ငါ တွက်ပြမယ်" ဟု သူက အထက်စီးလေသံဖြင့် အမြဲ သချင်္ာတွေ ရှင်းပြခဲ့သည်။

"အင်းပါ...ဆရာနိုင်အောင်ရယ်..

ဆရာ ခေါ်ပါတယ်..ဆရာ့ဆရာဆရား "

ဟုနောက်ပြောင်သော ပန်း ခေါင်းကို မနာအောင် သူ လက်သီးဖွဖွဖြင့် ထုရင်း အတူရယ်မောခဲ့ကြသည့် ဒုတိယနှစ်အတန်းကတည်းက ပန်းကို သူ ချစ်မိနေသည်မှာ သေချာနေခဲ့သည်။

သချင်္ာတွေတွက်နေသော ပန်းအနားမှာ သူ ထိုင်စောင့်နေပေးလျှင်

"နင့် ရည်းစားဆီ မသွားဘူးလား "

ဟုမေးတတ်သော ပန်းကို သူ အနည်းငယ်စိတ်တိုမိတတ်သည်။

"ဘာလဲ...နင် သင်္ချာတွေတွက်နေတာ မရမှာစိုးလို့ ...ဆရာနိုင်အောင်တို့ ထိုင်စောင့်ပေးနေရတာများ"

ဟု သူ ပြန်ပြောတော့

"ကျေးဇူးကြီးမားလှပါတယ် ဆရာနိုင်အောင်"ဟု နောက်တတ်သော ပန်းကို သူ ဘုကြည့် ကြည့်မိသည်။

နည်းနည်းလေးမှ ရင်မခုန်ဘူးလား ပန်းရယ်....

အသံတိတ်ရင်တွင်းစကားဆိုမိလေသည်။

...........................................................



 ခပ်လတ်လတ်အသားအရေ၊ ၅ပေ၁၀ လက်မမြင့်သော သူ့အရပ်နှင့် လိုက်ဖက်ညီသော ကိုယ်လုံးကိုယ်ထည်နှင့် နိုင်အောင်သည် မိန်းကလေးများအလယ်တွင် ရေပန်းစားခဲ့သည်။ သူ့မျက်လုံးအကြည့်ကို ရင်မဆိုင်ရဲသလို ရှက်သလို ခေါင်းငုံ့၊ မျက်နှာလွှဲသွားတတ်သည့် မိန်းကလေးများ ထုနှင့်ထည်နှင့်။ သူ စားချင်သည်ဟုပြောမိသော အစားအစာတစ်ခုခုကို ကျောင်းပိတ်ရက်မှာ ချက်ထားပြီး သူ့ကို လှမ်းခေါ်တတ်သည့်ပန်းသည် သူ့ကို သူငယ်ချင်းထက်ပို၍ သံယောဇဉ်တွယ်နေသလားဟု သူ မတွေးတတ်။ ဒါပေမဲ့လည်း ပန်းမျက်ဝန်းတွေ ဖြူစင်နေသည်။

သဝန်တိုတတ်လေမလားဟု သူ့ရည်းစားတွေအကြောင်း ပန်းကို သူ အမြဲ ကြွားခဲ့သည်ချည်း။

သူပြောသမျှ နားထောင်ပေးသော ပန်းသည် သူ့ရည်းစားတွေကိုလည်း စိတ်ဝင်တစား ဝန်တိုခြင်းအလျှဉ်းမရှိခဲ့။



ပန်းချစ်သူက သူတို့ထက် အတန်းကြီးသော စီနီယာအစ်ကိုကြီးတစ်ယောက်ဖြစ်မှ

န်း သူသိလိုက်ချိန်တွင် သူ့ရင်တစ်ခုလုံး ဗလောင်ဆူဝေခဲ့ပြန်သည်။

တွဲလာတာ ကြာလာလို့ စိတ်ပျက်စပြုလာသော သူ့ရည်းစားတွေကို ဖြတ်ချင်တိုင်း သူ့မှာ လက်ထပ်ဖို့ ရည်ရွယ်ထားသူ ရှိပြီးသားဟု ပန်းမျက်နှာကို မြင်ယောင်ရင်း သူ အကြောင်းပြ ဖြတ်ခဲ့သည်ချည်း။

ကျောင်းပြီးသွားတော့လည်း သူက စက်ရုံတစ်ခုတွင် အလုပ်ဝင်သော်လည်း ပန်းကတော့ ဘွဲ့လွန်ဆက်တက်ကာ ဆရာမ လုပ်ခဲ့သည်။

သူနှင့်ပန်းက အလုပ်ကိစ္စတွေကြောင့် အဆက်အသွယ်မပြတ်ခဲ့။ ငယ်ငယ်ကတည်းက ခင်မင်လာခဲ့ကြသော သူငယ်ချင်းများဖြစ်သည့်ပြင် မိဘချင်းကလည်း သူတို ့ငယ်ငယ်ကတည်းက ရင်းနှီးနေကြပြီးဖြစ်လေသည်။

ပန်း မဟာတန်း နောက်ဆုံးနှစ်မှာ ပန်း၏ ချစ်သူနှင့် ပန်း လမ်းခွဲလိုက်သည်ဆိုတော့ သူ ပန်းထံရောက်သွားခဲ့သည်။

အားငယ်ဝမ်းနည်းနေမည်ဟု ထင်မိသဖြင့် အားပေးရန်သွားရောက်ခဲ့ခြင်းဖြစ်

သော်လည်း ပန်းကတော့ အရင်အတိုင်းပင် ပေါ့ပါးသွက်လက်ဆဲ။ မျက်လုံးများတွင် ဆွေးရိပ်တစ်စက်ကလေးမျှ ထင်မနေသော ပန်းကို သူ အံ့သြမိသည်။

"ဟယ်...နိုင်အောင်...နင်ကလည်း ပျောက်နေလိုက်တာ...ခုမှပဲ ပေါ်လာတော့တယ်" ဟု ခြံတံခါးလာဖွင့်ရင်း ဝမ်းသာဟန်ပြောသည့် ပန်းသည် အသည်းကွဲပြီးကာစမှ ဟုတ်ပါလေရဲ့လားဟု သံသယဝင်ချင်စရာ။



သူ ကြိုက်သည့် လက်ဖက်ရည်ကို ဖျော်တိုက်ရင်း၊ ကော်ဖီကြိုက်သည့် ပန်းက သူ့အတွက်သူ ကော်ဖီဖျော်ရင်းနှင့်

"ဘယ်လိုလဲ..နင့်ရည်းစား ဘယ်တစ်ယောက်အကြောင်း ကြွားစရာတွေ ပါလာသေးလား"

ဟု နောက်ပြောင်ခဲ့လေသည်။

သူက ပန်းမျက်နှာကို ကြည့်ရင်း

"နင်နဲ့ ကိုမင်းမော်...."

သူ စကားမဆက်ဘဲ ရပ်ထားလိုက်သည်။

ပန်းက ဟက် ကနဲတစ်ချက်ရယ်လေသည်။

"ရှုပ်တယ်လေဟာ...ငါမသိဘူး ထင်နေသလားပဲ။ ငါနဲ့ မဆုံတွေ့ခင်၊ ငါနဲ့ ချစ်သူတွေ မဖြစ်ခင် ဇာတ်လမ်းတွေကို ငါ ဘာမှ မပြောပါဘူး။ ဒါတွေဟာ ငါနဲ့ မဆုံတွေ့ခင်ကပဲလေ။ ငါနဲ့ ဘာမှမှ မဆိုင်တာ။ ငါနဲ့ ဆုံပြီးနောက်မှာတော့ ဇာတ်လမ်းတွေ ဆက်ရှုပ်နေတယ်ဆိုရင်တော့ ဒါဟာ ငါ့အပေါ် သစ္စာမဲ့တာပဲ မဟုတ်လား။ ဒီတော့လည်း ဒီလိုပဲပေ့ါ...ငါ ဆုံးဖြတ်လိုက်တယ်"



အေးအေးဆေးဆေး ပြောပြနေသော ပန်းမျက်နှာသည် တကယ့်ကို ဘာဆို ဘာကိုမှ မခံစားရသည့်နှယ်။

အဲဒီတုန်းကတည်း သူ ပန်းကို နည်းနည်းတော့ လန့်ခဲ့ပါသည်။ လူပုံပျော့သလောက် စိတ်မာသော မိန်းကလေးပါလားဟု ထပ်ပြီး သေချာမိပြန်သည်။ ငယ်ငယ်ကတည်းက အကြောင်းသိ သူငယ်ချင်းမို့ အခြားနေရာများတွင် ပန်းစိတ်နေသဘောထားကို သိသည်။ ချစ်သူ ရည်းစားတစ်ဦးတည်းသာ ထားရှိသော ပန်းသည် ယခုလို ချစ်သူနှင့်လမ်းခွဲသောအခါတွင် ဘယ်လိုခံစားရမည်လဲဟု သိလိုသော သူသည်ပန်းကို စိတ်ချသွားပြန်သည်။ တော်ရုံနဲ့ ဘဝကို အရှုံးပေးလိုက်မှာ မဟုတ်ဘူးလို့ ပို၍ စိတ်ချမိပြန်သည်။

ချစ်တယ် ...ပန်းရယ်

တိတ်တိတ်ကလေး ရင်ထဲက ပြောခဲ့မိပြန်သည်။



ငယ်သူငယ်ချင်းတွေစုဆုံတိုင်း အမှတ်တရဓာတ်ပုံများ ရိုက်ထားလေ့ရှိသော သူတို့သူငယ်ချင်းများ ဓာတ်ပုံများတွင် ပန်း၏ ဓာတ်ပုံလေးများကို သူ အမြဲ သိမ်းထားခဲ့လေသည်။ ပန်းမသိအောင် ဖုန်းဖြင့် မသိမသာခိုးရိုက်ထားသော ပန်းဓာတ်ပုံများက သူ့ အိပ်ခန်းနေရာအနှံ့။ ငယ်စဉ်ကလေးဘဝက ဓာတ်ပုံများထဲတွင် သူ့ကို စိတ်ဆိုးပြီး မျက်နှာစူပုပ်သော ပန်း၏ ဓာတ်ပုံက သူတို့ သူငယ်ချင်းများအကြားတွင် ရယ်မောစရာတစ်ခု ဖြစ်နေခဲ့သည်။ သူ့နံဘေးမှာ ရပ်နေသော ပန်းသည် ဂေါ်ဇီလာနှင့် ပုရွက်ဆိတ်ဟု သူငယ်ချင်းများ နောက်ကြသည့်အတိုင်းပင်။ ဖြူဖြူဖျော့ဖျော့ သွယ်လျသော ပန်းသည် ငယ်တုန်းက အတိုင်းပင် ယခုထိမပြောင်းလဲ။

မြက်ခင်းစိမ်းစိမ်း၊ သနပ်ခါးပါးကွက်ကြား၊ တင်ပါးထိ ရှည်သော ဆံပင်ရှည်ရှည်ကောက်ကောက်လေးများ

၊ ဖိနပ်မပါဘဲ မြက်ခင်းပေါ် ပြေးဆော့နေသော လွတ်လွတ်လပ်လပ်ရယ်မောဟန် ...ထိုပုံလေးများဖြင့် သူ့အိပ်ခန်းတစ်ခုလုံး ပြည့်နေတတ်သည်ကို ပန်းတစ်ယောက် ဘယ်သောအခါမှ သိမည်မထင်။

တစ်နေ့တော့ ပန်းသိအောင် ပန်းကို ခေါ်လာပြချင်ပါသည်။ ဒါပေမဲ့ အနေအထိုင် စည်းရှိသော ၊ တချို့နေရာများတွင် ကွန်ဆာဗေးတစ် ဖြစ်တတ်လေ့ရှိသော ပန်းသည် ယောကျ်ားလေးတစ်ဦး၏ အိပ်ခန်းကို ဘယ်သောအခါမှ လိုက်ပါ ကြည့်မည် မဟုတ်ကြောင်း သူအတတ်သိသည်။



ရည်းစားများလွန်းသည့် သူ့ကို မိခင်ဖြစ်သူက စိတ်ပူစ ပြုလာသည်။ မတော်တရော်မိန်းကလေးမျိုးနှင့် အကြောင်းပါသွားမည်ကို စိုးရိမ်သော မိခင်တစ်ဦး၏မေတ္တာကြောင့် ဖြစ်ပေါ်လာရသော အတ္တကို သူ ကျေနပ်မိပြန်သည်။ "ပန်းကို မေမေက သမီးလေးတော်ချင်နေတာ"ဟု သူ့ကိုပြောသော မေမေသည် ဒီကမ္ဘာတွင် သူ့စိတ်ကို အသိဆုံး မိန်းမတစ်ဦးဖြစ်နေမှန်း သိလိုက်လေသည်။

သူနှင့် သူ့မိဘများ ပန်းမိဘများထံ သွားရောက် စကားလမ်းကြောင်းခဲ့စဉ်က ပန်းမရှိသည့် အချိန်ကို သူရွေးချယ် သွားရောက်ခဲ့သည်။ ပန်းကို အံ့သြစေချင်ပါသည်။

ငယ်သူငယ်ချင်းများ အသီးသီး အိမ်ထောင်ကျကုန်ကြပြီး ပန်းနှင့်သူနှင့်သာ ကျန်ရစ်နေသည်မှာ သူတို့နှစ်ဦး ဖူးစာပါလို့ဟု သူ တွေးမိကာ ကျေနပ်နေခဲ့မိသည်။ ကိုယ့်စိတ်ကူးနဲ့ ကိုယ်ရူးဆိုတာ သူပဲ ဖြစ်ပေမည်။

လွန်ခဲ့သောနှစ်များက အသည်းကွဲခဲ့လေသော ပန်းသည် နှလုံးသားမှာ ဒဏ်ရာအနာတရ မရှိဘူးဆိုတာကို သူ မယုံကြည်ပါ။

ကမ်းလှမ်းခဲ့လေသော အရာရှိပေါက်စများ၊ တက္ကသိုလ်ဆရာများ၊ သူငယ်ချင်းများထဲမှ အချို့ကို ငြင်းပယ်ခဲ့လေသော ပန်း၏ ရင်ထဲတွင် ဘာဝေဒနာမှ ရှိမနေဘူးဆိုတာကို သူ မယုံပါ။

သူ ပန်းကို သိပ်ချစ်သည်။ ပန်းနှင့်ဘဝတစ်ခု အတူတည်ဆောက်ပြီးလျှင် သူသည်ပန်းကို အမြတ်နိုးဆုံး ချစ်ပြမည်။ ပန်းနှင့်အတူ သူတို့ ဘဝလေး ချမ်းမြေ့စေရမည်။ ပန်း ပျော်ရွှင်နေစေရမည်ဟု သူ့စိတ်ကူးနှင့်သူ ပျော်နေခဲ့လေသည်။



တကယ်တမ်းတွင်မူတော့ ပန်းသည် သွေးအေးတတ်သူဖြစ်နေလေသည်။ သူနှင့်ပတ်သက်လို့ ဘာတစ်ခုမှ ခံစားရပုံ မရ။

တကယ်ဆိုရင် "နင်ဖယ်...ငါမောင်းမယ်" ဟု ဆိုကာ ပန်း၏ ကားကို သူမောင်းခဲ့စဉ်ကတည်းက ပန်းရဲ့ ဘဝကို သူ ဦးဆောင်ချင်မှန်း ပန်းသိနေခဲ့ကောင်းသည်။

သူပြောသမျှ အနွံတာခံတတ်သော၊ သူ စားချင်သည်ဟု ပြောသမျှကို ချက်ကျွေးတတ်သော ပန်းသည် သူ့အပေါ် ဒီလောက် စိမ်းကားလိမ့်မည်ဟု မထင်မိ။ သူငယ်ချင်းပဲတဲ့လား...ပန်းရယ်။ သူငယ်ချင်းထက် မပိုတော့ဘူးတဲ့လား ပန်းရယ်။

သူ...အရူးတစ်ယောက်လို အခါခါ ရေရွတ်မိပြန်သည်။



....................................................................



တနင်္ဂနွေမနက်တစ်ခုမှာ စောနောင်နှင့် သန္တာတို့ အိမ် သူ ရောက်သွားခဲ့သည်။

"ဟား...ဘယ်လိုဖြစ်လို့ ရွဲပလဲနေသလဲ မောင်ရင်ငနိုင်" ဟု စောနောင်က သူ့ကို မြင်တော့ ဆိုလေသည်။

"အသည်းကွဲတယ်ကွာ...ဟက်တက်ကြီး "

ဟု သူကဆိုတော့ စောနောင်က တဟားဟားအော်ရယ်လေသည်။

"ဟိတ်ကောင်...ကရင်ကြီး...ဒါ ရယ်စရာ မဟုတ်ဘူး "

ဟု သူက စိတ်ဆိုးဟန် ဆိုလေတော့ စောနောင်က အရယ်ရပ်ကာ သူ့မျက်နှာကို စေ့စေ့ကြည့်နေလေသည်။

"မိန်းမရေ...." ဟု အိမ်အတွင်းခန်းဘက်ကို လှမ်းခေါ်တော့ သန္တာထွက်လာလေသည်။

စောနောင်နှင့်သန္တာကလည်း သူတို့ ၁၀ တန်းကတည်းက သူငယ်ချင်းတွေ။ သူတို့သူငယ်ချင်းတွေ အိမ်ထောင်ကျတော့လည်း သူငယ်ချင်းထဲမှပင် အိမ်ထောင်ပြုကြသည်များသည်။ အကြောင်းပြချက်တွေကတော့ တစ်ယောက်အကြောင်းတစ်ယောက်သိ၊ ဖိတ်ခြင်းဖိတ် ကိုယ့်အိတ်ထဲ ဖိတ် ဆိုသည်ပဲ။ တကယ်တော့ သံယောဇဉ်နှင့် မရက်စက်ရက်ခြင်းတို့ကြောင့် ဖြစ်ပေမည်။



"ခက်ပါ့ နိုင်အောင်ရယ်။ နင်ကလေ မိန်းမကျမ်းကျေလို့ ဒီလောက် ရည်းစားတွေများနေတယ် မှတ်တာ။ နင်ဟာ မိန်းမတွေအကြောင်း မသိတဲ့ ငတုံးပေပဲ "

ဟု သန္တာက ဆိုတော့

"ဟား..ငါ့မိန်းမ...သိပ်တော်တဲ့ ငါ့မိန်းမ" ဟု စောနောင်က တဟားဟားရယ်ရင်း သန္တာ့ပါးကို ရွှတ်ကနဲ မွှေးလေသည်။

"ငါ...အမြင်ကတ်လိုက်တာ...ဒီလင်

မယား"

ဟု သူကပြောမိတော့ သူတို့နှစ်ယောက် ပိုရယ်ကြလေသည်။



"မိန်းမဆိုတာ အချော့ကြိုက်၊ အမြှောက်ကြိုက်ဟဲ့...အဲဒါကို နင်က သူ သဝန်တိုလေမလားဆိုပြီး သူ့ရှေ့မှာ ရည်းစားတစ်ယောက်ပြီး တစ်ယောက်တွဲတော့ ပန်းက သဝန်မတိုတဲ့အပြင် နင့်ကို ကြောက်သွားတာ"

ဟု သန္တာကဆိုလေသည်။

"ဟင္"

သူ အံ့သြသွားရသည်။

"ပန်းက နင့်ကို မယုံတော့တာလေ။ နင် သူ့ကို လက်ထပ်ချင်တယ်ဆိုတာကို မယုံတာ မဟုတ်ဘူး။ လက်ထပ်ပြီးရင်လည်း နင် ရှုပ်ပွေနေဦးမှာပဲလို့ သူကြောက်သွားတာလို့ ငါ ထင်တာပဲ"

"ဟ...ပန်း သဝန်တိုအောင် တွဲပြတာလား...ငါတော့ မယုံပေါင်ကွာ...ဒီကောင်ကိုကလည်း ရှုပ်ချင်ချင်ပါ" ဟု စောနောင်က ရယ်ရင်းပြောလေသည်။



"အာ...ဒီလိုပဲလေ...ယောကျ်ားမာယာ...တခြားမိန်းကလေးတွေနဲ့ သဝန်တိုလာပြီး ပန်းက သူချစ်တာကို ထုတ်ပြလာအောင် နိုင်အောင်က လုပ်တာ။ ဒါပေမဲ့ ပန်းက အဲဒါကို ဘာသာပြန်လွဲတာ"



"ဟား...သန္တာ...နင်ဗေဒင်ဟောစားပါ

လား"

သူ့စိတ်ကို အတတ်ဟောနေသော သန္တာ့ကို သူ အံ့အားသင့်မိသည်။



"ပန်းအနေနဲ့ကျတော့ နိုင်အောင်ကို သူငယ်ချင်းလိုပဲ ချစ်တာကလွဲလို့ မပိုရဲတာ။ နိုင်အောင့်ရည်းစား သူ ဖြစ်သွားပြီးရင် နိုင်အောင့်အရင်ရည်းစားတွေလိုပဲ နိုင်အောင်က သူ့ကို တစ်ချိန်ကျရင် ထားခဲ့မှာပဲလို့ သူထင်တယ်။ သူ့မှာက ကိုမင်းမော်နဲ့လည်း

 ခဲမှန်ဖူးတဲ့စာသူငယ်ဖြစ်နေပြီလေ"



အင်းးးးး

သူ သက်ပြင်းရှည်ဆွဲမိသည်။

"ငါ့ မိဘတွေနဲ့ သူ့မိဘတွေဆီ သွား စကားကြောင်း တောင်းရမ်းတာကိုကျတော့ကော...သူက ဘာလို့ မယုံရတာလဲ။

ဒီထက်ပိုလို့ စိတ်ချစရာ မရှိနိုင်ဘူးလား"

သူ့အမေးကို သန္တာက ခေါင်းယမ်းလေသည်။

" မဟုတ်ဘူး...နိုင်အောင်။ သူတကယ်လိုနေတာ သူ့စိတ် လုံခြုံမှုလေ။ နင် သူ့ကို ချစ်မြတ်နိုးတယ်ဆိုတာကို သူ့စိတ်မှာ ယုံနေမှ ဖြစ်မှာပေါ့။ ခုဟာက နင်က လူကြီးတွေနဲ့ သွားတောင်း၊ သူ့ကို ဘာမှ မပြောတော့ သူ့ကို အရုပ်တစ်ရုပ်ကို ဝယ်သလိုပဲလို့ သူ့စိတ်ထဲ ထင်သွားတာ နေမှာ"



"ငါ သဘောပေါက်ပြီ သန္တာ...သူဟာလေ ငါ တစ်ခါမှ မမြင်ဖူးတဲ့ မိန်းမတစ်ယောက်လိုပါပဲ"



"ငါပြန်မယ် " ဟု ချက်ချင်း ထပြန်သော သူ့ကို သန္တာက အံ့သြဟန်ဖြင့်

"ဟဲ့ ထမင်းစားပြီးမှ ပြန်လေ ..ငါ ချက်နေတာ " ဟု တားလေသည်။

"သွားပါစေ...မိန်းမရေ...သူ အခု ပန်းဆီကို သွားမှာ" ဟု စောနောင်က တဟားဟားရယ်ရင်း ပြောလေသည်။

...................................................



ခြံတံခါးလာဖွင့်သော ပန်းကို သူ ကားပေါ်မှ ဆင်းကာ တံခါးကူဖွင့်တော့ သူ့ကို အံ့သြဟန်ဖြင့် ကြည့်လေသည်။

သနပ်ခါး ပါးကွက်ကြားပါးပါး၊ လျှော်ပြီးကာစ ဆံပင် ကောက်ကောက်ရှည်ရှည် မခြောက်တခြောက်လေးတွေ၊ ချည်ထည် ထဘီကို ရှည်ရှည်ဝတ်ထားသောပန်းကို သူ ကြည့်၍ မဝသလို။

"နိုင်အောင်...နင် ဘယ်လိုဖြစ်လို့ မုတ်ဆိတ်တွေလည်း မရိတ် တောပုန်းကြီးပုံ ပေါက်နေတာလဲ" ဟု မေးလေသည်။

သူ ဘာမှ ပြန်မပြောဖြစ်ဘဲ ဂိုဒေါင်ဘက်ကို ကြည့်လိုက်တော့ ကားမရှိ။

"ဦးနဲ့ အန်တီ မရှိဘူးလား" ဟု သူမေးမိသည်။

"မရှိဘူး...အလှုသွားကြတယ်လေ" ဟု ဖြေသော ပန်းကို သူ စေ့စေ့ကြည့်မိသည်။




ဆက်တိုက် ပြောချင်ရာတွေ ပြောချလိုက်တော့ အံ့အားသင့်ဟန်ဖြင့် မော့ကြည့်နေသော ပန်းမျက်ဝန်းတွေထဲ မျက်ရည်များ ပြည့်လာလေသည်။

မျက်ရည်များတပေါက်ပေါက်ကျနေသော ပန်းကို သူ နှစ်သိမ့်လိုစိတ်ဖြင့် ပန်း၏ ခေါင်းလေးကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်တော့ ရှိုက်ငိုလေသည်။

"ဘာလို့ အစောကြီးကတည်းက မပြောခဲ့တာလဲ နိုင်အောင်ရယ်"

ဟု တိုးတိုးလေးဆိုသော ပန်းမျက်နှာကို မေးဖျားမှ ဆွဲယူမော့စေလိုက်သည်။

မျက်ရည်တွေကြားမှ မျက်နှာဖြူဖြူဝင်းဝင်းလေးက ပြုံးနေလေသည်။

                                                                                                    
                                                                                                               ဟနစံ
                                                                                     ၂၃ ရက်၊ ဖေဖော်ဝါရီလ၊ ၂၀၁၁ ခုနှစ်။

No comments:

Post a Comment