Wednesday, 1 February 2017

အသည်းကွဲရောဂါကုထုံး

အသည်းကွဲတဲ့ရောဂါကို ဘယ်လိုကုစားရမလဲဆိုတာ အစဉ်းစားရ အကြပ်ဆုံး ပါပဲ။ အသည်းကွဲတယ်ဆိုတာနဲ့ လူတွေဟာ ဘာကိုမှစိတ်မဝင်စားတော့ဘဲ ဝမ်းနည်းစိတ်က သာ ကြီးစိုးနေပြီး အချို့ဆိုလျှင် မိမိကိုမိမိ သတ်သေချင်စိတ်တောင်ပေါက်တယ် လို့ ပြောကြပါတယ်။ လူဆိုတာခံစားချက်ရှိတဲ့သူတွေမို့အပြစ်ပြောလို့မရပါဘူး။ အချစ်ကြီး ရင်ကြီး သလို ခံစားကြရမှာပါပဲ။ ဖြစ်လာပြီးမှတော့ ဘာမှမတတ်နိုင်ပါဘူး။ အဆိုးထဲကမှ အကောင်းကိုဆွဲထုတ်ယူပြီး ဘဝ မှာအ ဆင်ပြေပြေ ပျော်ရွှင်အောင် နေဖို့နည်းလမ်း ရှာတွေ့ ရတော့မှာပေ့ါ။



               လူ့ဘဝတာ ခဏတိုတိုလေးအတွင်းမှာ ဝမ်းနည်းပူဆွေးကြေကွဲမှုတွေနဲ့သာ အချိန်တွေကုန်လွန်ရမယ်ဆိုရင် လူဖြစ်လာရတာ အရှုံးကြီးပါပဲ။ အသည်းကွဲတယ် ဆိုတဲ့ ရောဂါက ကုသလို့မရတဲ့ရောဂါမှမဟုတ်ဘဲလေ။ ကုသပျောက်ကင်းဖို့တော့ အချိန်နည်းနည်း ပေးရမှာပေ့ါ။ တစ်ယောက်တည်းနေရတာလည်း တစ်ခါတစ်ခါ ကောင်းပါတယ်။



            ကိုယ်လုပ်ချင်ရာ ဝါသနာပါတာလေးတွကို ကိုယ့်စိတ်ကူးလေးနဲ့ ကိုယ်တစ်ယောက် တည်းလုပ်နေရတာလည်း ကြည်နူးးချမ်းမြေ့စရာပါပဲ။ အသည်းကွဲရောဂါ ကို ကုသဖို့က အ ဓိကက ကိုယ့်စိတ်ပါပဲ။ အသည်းကွဲရောဂါ ကို မိမိဘာသာ ကုစားကြည့်ကြရအောင်။



- သူငယ်ချင်းများနဲ့တွေ့ဆုံပြီး ပျော်ပွဲ ရွှင်ပွဲလေး တစ်ခုခုဖန်တီးပါ။ သူငယ်ချင်းတွေ ကိုယ့်အနားမှာ ရှိနေတာ ကိုယ့်စိတ်ကို ပေါ့ပါးလွတ်လပ်စေပြီး ပျော်ရွှင်မှုတွေရစေပါတယ်။



 -အချစ်ဟောင်းနဲ့ ပတ်သက်သမျှ စာ ၊ ပစ္စည်း ၊ အမှတ်တရလေးများ အားလုံးကို စက္ကူကတ်ထူ ဗူးတစ်ခုတစ်ခုတွင်ထည့်ပြီး ကိုယ်မမြင်နိုင်တော့တဲ့နေရာတစ်ခုမှာ သွားစွန့်ပစ်လိုက်ပါ။ အမှတ်တရ ပစ္စည်းလေးတွေကို မမြင်တွေ့ရတော့ သူနဲ့ ပတ်သက်သမျှအကြောင်းတွေ ဘာကိုမှမတွေးမိတော့ဘူးပေ့ါ။



-ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း တစ်ခုခု ကို မိမိ၏ကာယအလှနဲ့ ကျန်းမာရေးအတွက် စလုပ်လိုက်ကြရအောင်လေ။



- စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ ခံစားချက်တွေအားလုံးကို ဒိုင်ယာရီ စာအုပ်ထဲမှာဖြစ်ဖြစ် ၊ ဗလာစာအုပ်တစ်အုပ်ထဲမှာဖြစ်ဖြစ် နေ့စဉ် ချရေးလိုက်ပါ။ ဥပမာ-မနေ့ကစျေးဝယ်ထွက်တုန်းက စာအုပ်အသစ်တွေတွေ့ခဲ့တယ်။ ဖတ်ပြီးတဲ့ စာအုပ် အကြောင်း သူငယ်ချင်းဆီဖုန်းဆက်ပြောဦးမှ။ ပန်းပင်တွေရေလောင်းရဦးမှာပါလား။ ဆိုတာမျိုး ပေါ့ပေါ့ပါးပါး အတွေးလေးတွေက ရင်ထဲကဝမ်းနည်းမှုတွေကို ချေဖျက်သက်သာစေနိုင်ပါတယ်။



 -စိတ်ပါဝင်စားတဲ့ လူမှုရေးအသင်းအဖွဲ့တွေမှာ ပါဝင်လှုပ်ရှားလိုက်ပါ။ သူငယ်ချင်းအသစ် ၊ မိတ်ဆွေ အသစ်တွေနဲ့ တွေ့ဆုံဖို့ဆိုတာ အမြဲတန်းစောနေတယ်ရယ်လို့မရှိပါဘူး။ မိတ်ဆွေသစ်တွေထပ်ရချိန်ဟာ နောက်တောင်ကျနေပါသေးတယ်။



-ဘာသာစကားသင်တန်း တစ်ခုခု ၊ ကွန်ပျုတာသင်တန်း ၊ ပန်းချီ အနုပညာ သင်တန်း တစ်ခုခု တက်ပြီး တစ်ခုခု ကိုလေ့လာသင်ယူလိုက်ပါ။



-စိတ်ထဲမှာဝမ်းနည်းစိတ်တို့ကြီးစိုးလာတဲ့အခါမျိုးမှာ ၊စိတ်ဓါတ်ကျလာတဲ့အခါမျိုးမှာ စိတ်ဝင်စားဖွယ်ကောင်းတဲ့ စာအုပ်တစ်အုပ် သို့မဟုတ် ရုပ်ရှင်တစ်ကား နဲ့ အချိန်ကုန်လိုက်ပါ။



-အပြင်ထွက်ပြီး မိမိအနှစ်သက်ဆုံးအစားအစာတွေကို သွားစားလိုက်ပါ။ ရုပ်ရှင်ရုံမှာ ရုပ်ရှင်ဝင်ကြည့်ရင်ပိုတောင်ကောင်းပါသေးတယ်။



-ချစ်သူနဲ့ အတူရှိနေခဲ့ချိန်တိုင်းမှာ ကိုယ်ပြောဖူးတဲ့ ကိုယ်ဖြစ်ချင် လုပ်ချင်တဲ့ အလုပ်တစ်ခု ကိုလုပ်လိုက်ပါ။ ဥပမာ-၀ထ္ထု တစ်ပုဒ်ရေးကြည့်ဦးမယ် ဆိုတာမျိုးပေ့ါ။



-ပန်းပင်လေးတစ်ပင်လောက် စိုက်ပျိုးလိုက်ပါ။ ကြောင်လေးတစ်ကောင်၊ ခွေးလေးတစ်ကောင် မွေးထားမယ်ဆိုရင်လည်း သဘောပါပဲ။



-ပျော်ရွှင်ဖွယ်ရာအဆုံးသတ်တဲ့ အချစ်ဝထ္ထု တွေကိုဖတ်လိုက်ပါ။ ဇာတ်သိမ်းခန်းမှာ ပေါင်းစည်းပေးတဲ့ အချစ်ရုပ်ရှင်တွေကိုကြည့်လိုက်ပါ။ ဒါမှလည်း အချစ်ဆိုတာ ပျော်စရာကောင်းတဲ့ ဇာတ်သိမ်းခန်းရှိတယ် လို့ထင်ရမှာပေ့ါ။



-စွန့်ခွာသွားတဲ့ချစ်သူကို သတိရတိုင်း ကဗျာလေးတွေရေးပြီး အဲဒီကဗျာလေးတွေကို ပုလင်းလွတ်တစ်လုံးထဲထည့်ပြီး ရေစီးနေတဲ့ချောင်း ၊ မြစ် တစ်ခုမှာ သွားမျှောလိုက်ပါ။ သူ့အတွက်အလွမ်းတွေ အကုန်လုံးပါသွားပြီပေ့ါ။



 -ကိုယ့်ရဲ့အိမ်ခန်း ၊ နေအိမ် လေးကို သပ်ရပ်သန့်ရှင်းအောင်ပြုပြင်ရှင်းလင်းလိုက်ပါ။ မလိုအပ်တဲ့အမှိုက်တွေ ၊ ပစ္စည်း တွေ ကို လွှတ်ပစ်လိုက်ပါ။ ကိုယ်နှစ်သက်တဲ့ ပန်းချီကား ၊ အလှပန်းအိုးလေးတွေနဲ့ အိမ်ခန်းလေးကို အလှဆင်လိုက်ရင် ကိုယ့်အတွက်နန်းတော်လေး ဖြစ်သွားပြီပေ့ါ။



-ခရီးတိုလေးတစ်ခုထွက်လိုက်ပါ။ နေရာအသစ်အဆန်းလေးတစ်ခုက စိတ်ဝင်စားစရာတွေနဲ့ ပြည့်နေလို့ စွန့်ခွာသွားတဲ့ ချစ်သူဟောင်းကို သတိရဖို့တောင် တွေးမိမှာမဟုတ်ပါဘူး။



-သူငယ်ချင်းတွေနဲ့ ပျော်ရွှင်စွာ အချိန်တွေကုန်ဆုံးလိုက်ပါ။



        ခုလိုဆိုရင် ဘယ်မှာလာထပ်ပြီး အသည်းကွဲဝေဒနာခံစားရဦးမှာလဲ။ ဘဝဟာ ပျော်စရာ ကောင်းသွားပြီပေါ့နော်။





သတင်းစာ ဆောင်းပါး How to mend a Broken Heart ကို ဘာသာပြန်ဆိုပါသည်။

No comments:

Post a Comment