သူ့ နာမည်က ဒေါ်ခင်စွာစိ။ အသက်ကတော့ ၄၀ နှင့် ၄၅ နှစ်အတွင်းရှိမည်ထင်သည်။ အသက်ကို ဘယ်သောအခါမှ မပြော၍ မသိရချေ။
သို့သော် အပျိုကြီးဖြစ်သဖြင့် သူ့ကို အသက်၂၀ ပတ်ဝန်းကျင် ရုံးဝန်ထမ်းကောင်မလေးများက မမ ဟုခေါ်ရလေသည်။
အန်တီဟုယောင်ပြီး ခေါ်ကြည့်ပါလား။
အန်တီဟု
မခေါ်နှင့်ဟု တဲ့တိုးမပြောသော်ငြား ထိုနေ့အဖို့ မန်နေဂျာဖြစ်သော
ဒေါ်ခင်စွာစိ၏ မျက်စောင်းကြီးများကို လက်ဆောင်အဖြစ် မကြာခဏ ရရှိမည်ဖြစ်ပြီး
အပြစ်မရှိ အပြစ်ရှာကာ မြည်တွန်တောက်တီးခြင်းကို ခံရပေမည်။
ဒေါ်ခင်စွာစိ
ပေးသော အမှတ်များကို လိုချင်လျှင် မမက သိပ်လှတာပဲနော် ဟုသာ
မုသားစကားများဆိုသင့်ကြောင်းကို တစ်ရုံးလုံးအသိပဲပင်ဖြစ်ပေသည်။
မမက သိပ်အရွယ်တင်တာပဲနော် ဟုသွားမပြောမိပါလေနှင့်။
မျက်နှာထားက ချက်ချင်းတင်းသွားပြီး မျက်မှောင်ကြီးကုပ်ကာ အလိုမကျဟန်ဖြင့် ဒေါ်ခင်စွာစိကိုတွေ့ရပေမည်။
ဟုတ်သည်လေ...အရွယ်တင်သည်ဟုဆိုခြင်းမှာ အသက်ကြီးသည်ဟု ဆိုခြင်းပင် မဟုတ်ပါလား။
ဒေါ်ခင်စွာစိသည်
တစ်နေ့တစ်မျိုး မရိုးရအောင် အဝတ် ဝတ်လေ့ရှိသည်။ ဒေါ်ခင်စွာစိ ဘာဝတ်ဝတ်
လှသည်ဟုသာ ပြောသင့်ပေကြောင်း ရုံးဝန်ထမ်းများအားလုံး ကောင်းစွာ
သဘောပေါက်ထားကြပေသည်။
ဒေါ်ခင်စွာစိ၏ အလှကို ကွန်ပျူတာစာရေးကလေး အောင်မြင့်သူ ဖွဲ့ဆိုသည်မှာ...
ရူပါ လင်းလားမမေးပါနဲ့။ အသားကတော့ မှောင်တယ်။
လိပ်ခါး ဖားဖင်နဲ့ ကောက်ညှင်းထုပ် ဒီဇိုင်း...ဟု။
ညိုရုံမက
မည်းသည့်ဘက်ကိုရောက်နေသော အသားကို နံနက်စောစောထကာ သနပ်ခါးနှင့်မိတ်ကပ်
ရောကာ ခြေဆုံးခေါင်းဆုံးလိမ်းခဲ့ချေသည်။ ကော့ဆက်ဟုခေါ်သော
ဗိုက်ချပ်ဘောင်းဘီကို အကြပ်ဆုံးချိတ်များကို ချိတ်ဝတ်လျက်
ထဘီကို ခါးမှာတင်းတင်းဆွဲကာ ဝတ်ရသဖြင့် ပူနေသောဗိုက်မှာ အတန်ငယ် ချပ်ရပ်သွားချေသည်။
ငယ်နုစေရန်
ဆံပင်ကို မထုံး။ follow me တီဗွီကြော်ငြာမှ ထက်ထက်မိုးဦးကဲ့သို့ ဆံပင်ကို
အထက်နားတွင် တဝက်သိမ်းလျက် နောက်ဖက်တွင် ဖားလျားချထားပေသည်။
လိမ္မော်ရောင်၊
အဝါရောင်၊ အနီရောင် ၊ခရမ်းရောင် ဝမ်းဆက်များ ဝတ်လျှင် တစ်ရုံးလုံး
ပြုံးစိစိဖြစ်ကြသော်ငြား မမက အရမ်းလှတာပဲ...မမနဲ့
ဒီလိမ္မော်ရောင်တောက်တောက်လေးနဲ့ သိပ်လိုက်တာပဲဟုသာ ပြောရမည်ဖြစ်ကြောင်း
တံမြက်စည်းလှဲသည့် ဒေါ်သန်းလှကြီးပင် သိပေသည်။
ရုံးကားဒရိုင်ဘာ ဦးသာကျော်ကြီးကတော့ ဒေါ်ခင်စွာစိ၏ မျက်နှာအလှကို ဖွဲ့သည်မှာ
မင်းကွာ...ကမ္ဘာမှာ ဒီလိုမျက်နှာနဲ့ မိန်းမမျိုး တစ်ခါမှ မမြင်ဖူးဘူး။
ဘုရားသခင်ကို
လူဖန်ဆင်းပေးပါတောင်းဆိုတော့ လူဖန်ဆင်းပေးလိုက်တာ မျက်နှာ ပါမလာလို့
ဘုရားသခင်ကို မျက်နှာပြောင်ကြီးဖြစ်နေလို့ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တွေ
ပေးပါ တောင်းလိုက်တာ ဘုရားသခင်က မအားတော့ ရော့ဆို မကြည့်ဘဲ နောက်ပြန်
ဒီအတိုင်း ပစ်ပေးလိုက်တာ ဟု။
ကပ်စေးနှဲသည်... သူ့ဆီကဆို ဘာမှ မစားရဘူးဟု ကွယ်ရာတွင် အတင်းတုပ်ကြသော်လည်း ရှေ့တွင်မူ
မမ စားပါဦးဟု လောကွတ်လုပ်ရလေသည်။
လောကွတ်လုပ်တိုင်း ငြင်းမည် မထင်ပါလေနှင့်။ လောကွတ်မလုပ်မိဘဲ ကိုယ်ချည်းစားနေပါလျှင်လည်း ဒေါ်ခင်စွာစိက
မှန်း...မြည်းကြည့်ဦးမယ်ဟုဆိုကာ
လက်ဖက်သုပ်၊ ရှောက်သီးသုပ်များကို သူချည်း ဒိုင်ခံစားသွားတတ်လေသဖြင့်
နောင်တွင် ရုံးဝန်ထမ်း မိန်းကလေးများမှာ လက်ဖက်သုပ်၊ ရှောက်သီးသုပ်များ
အိမ်မှ ထည့်ယူလာလျှင် နေ့လည်ဘက်တွင်
လက်ဖက်ရည်ဆိုင်သွားဦးမည်ဟုဆိုကာ
အချင်းချင်း မျက်စပစ်ကာ ရုံးနှင့်မျက်နှာချင်းဆိုင် တစ်ဖက်လမ်းရှိ
လက်ဖက်ရည်ဆိုင် ခွေးခြေပုခုံလေးများဆီသို့ သုတ်သုတ်နှင်ကြလေသည်။
တစ်နေ့တွင်တော့
ရုံးဝန်ထမ်း မာလာ၊ သီတာနှင့် ဝေဝေတို့ ၃ ဦးသား ရုံးရှေ့တွင်
အထမ်းဖြင့်လာရောင်းသော တိုဟူးသုပ်၊ ရှောက်သီးသုပ်အသည်ထံမှ ရှောက်သီးသုပ်ကို
ခေါ်ဝယ်လေသည်။ အသုပ်သည်မှာ ညစ်ထေးပြီးအညိုရောင်ဘက်ရောက်နေသော
စွပ်ကျယ်နှင့် အရောင်အဆင်းမရှိတော့သော ပုဆိုးကိုတိုတို ဝတ်ထားပြီး
နောက်မြီးပြတ်နေသော ရာဘာဖိနပ်ကို ခါးကြားတွင် ထိုးထားလေသည်။ ဖိနပ်ကို
မစီးဘဲ ခါးကြားတွင် ထိုးထားခြင်းအကြောင်းမှာ ပလက်ဖောင်း၊
ကတ္တရာလမ်းတို့တွင် ဖိနပ်မစီးဘဲ ဖိနပ်အနာသက်သာစေရန်
ခါးကြားတွင်ထိုးထားခြင်းဖြစ်သည်။ ချိုင့်ခွက်နှင့် ကျောက်ခဲများပေါများသော
မြေနီလမ်းများတွင်သာ ဖိနပ်ကို ချစီးလေ့ရှိပေသည်။
သီတာ၊
မာလာနှင့် ဝေဝေတို့က ၃ယောက်ပေါင်းကာ ရှောက်သီးသုပ် ၅၀ ကျပ်ဖိုး ဝယ်လျှင်
အသုပ်သည်မှာ ထမ်းထားသော အဆိုင်းထမ်းကိုချ၊ ခါးကြားထိုးထားသော ဖိနပ်ကို
ဖြုတ်ယူကာ မြေကြီးပေါ်တွင် ဖိနပ်ခု ထိုင်ပြီး ရှောက်သီးကို သူ၏
ဓားထက်ထက်ဖြင့် အခွံခွာကာ ရှောက်သီးအဖတ်လေးများကို နွှင်လေသည်။ ထို့နောက်
သွက်လက်မြန်ဆန်စွာ ကြက်သွန်နီတစ်ဥကို အခွံသင် လက်ပေါ်တွင်ပင် လှီးပြီးနောက်
ဆီချက်၊ ပဲမှုန့်၊ အချိုမှုန့် ၊ ငရုတ်သီးစိမ်း သေးသေးလှီးထားသည်များဖြင့်
ရောနယ်ကာ သုပ်ပေးလေသည်။
သီတာ၊ မာလာနှင့် ဝေဝေတို့ ၃ ဦးသား ရှောက်သီးသုပ် ပန်းကန်ကိုကိုင်ကာ ရုံးပေါ်သို့ ပြန်တက်လျှင်
သူ့ ရုံးခန်းထဲမှ ထွက်လာသော ဒေါ်ခင်စွာစိနှင့် တည့်တည့်တိုးလေတော့သည်။
ညည်းတို့ ဘယ်ပျောက်သွားကြတာလဲဟူသော အမေးကို
သမီးတို့ ရှောက်သီးသုပ်ဆင်းဝယ်တာ မမ ...မမ စားပါဦးလားဟု ဝေဝေက ဆိုလျှင်
မှန်း...မြည်းကြည့်ဦးမယ်။ ဒီ အသည်ကောင်းသလားလို့ ဟုဆိုကာ
ရှောက်သီးသုပ်ပန်းကန်ထဲမှ ဇွန်းကို မလွှတ်ချတမ်း စားလေတော့သည်။
ဝေဝေ၊ သီတာ၊ မာလာတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ငါတို့တော့ ငတ်ပါပြီဟု စိတ်မသက်မသာဖြစ်ကြရလေသည်။
ထိုနေ့
နေ့လည် ၃ နာရီခွဲခန့်တွင် ဒေါ်ခင်စွာစိတစ်ယောက် ဗိုက်ထဲမှာ ဂွမ်
ဟုမြည်သံကြားရပြီးနောက် ဇောချွေးများပျံကာ အိမ်သာသို့ အပြေးအလွှား
သွားရတော့သည်။ အိမ်သာသို့ အလျင်အမြန်ပြေးသော်လည်း အိမ်သာထဲတွင် သူ၏
ဗိုက်ချပ်ဘောင်းဘီမှ ချိတ်များကို တစ်ခုချင်းဖြုတ်နေရသည့်အပြင်
ဗိုက်ချပ်ဘောင်းဘီမှာ ကြပ်လွန်းသည်က တစ်ကြောင်း၊
ချွေးများနှင့်ကပ်နေသောကြောင့် တော်တော်နှင့် ချွတ်၍မရဘဲ ထွက်ချင်၍
အပေါက်ဝနားရောက်နေသည့်အရာများမှာ ဗွမ်းကနဲ ပွင့်ထွက်လေသည်။
ထိုနေ့...ဒေါ်ခင်စွာစိ
မည်သို့ မည်ပုံဆက်လက် စခန်းသွားသည်၊ မည်သို့ မည်ပုံ ရုံးဆင်း
အိမ်ပြန်သွားသည်ကို ဆက်လက်တွေးတော စေရန် ချန်ထားခဲ့သော်လည်း
နောက်ပိုင်းအဖြစ်များကို ဆက်လက်ပြောပြချင်ပါသည်။
ထိုနေ့မှ စ၍ အလွန့်
အလွန်လှချင်သော ဒေါ်ခင်စွာစိမှာ ဗိုက်ချပ်ဘောင်းဘီကို မဝတ်ဘဲ မနေသော်ငြား
ရုံးဝန်ထမ်း မိန်းကလေးများထံမှ အသုပ်များကို နှိုက်စားခြင်းမှ
ရှောင်ကြဉ်ခဲ့လေသည်။
မမ...စားပါဦးလားဟု လောကွတ်လုပ်လျှင်
လောကွတ်လုပ်သူသည် ဒေါ်ခင်စွာစိ၏ ရှုတည်တည်မျက်နှာနှင့် မျက်စောင်းကြီးကို
လက်ဆောင်ရရှိမည်ဖြစ်ကြောင်း တစ်ရုံးလုံး သဘောပေါက်သွားကြလေသည်။
Showing posts with label ဝထ္ထု. Show all posts

Wednesday, 1 February 2017
ဝါဆိုမိုး ပုန်းညက်ကြွေ
~~~ ဝါဆိုပန်း ပွင့်ဝေ ပုန်းညက်နွမ်း ရက်လွန် ကြွေပြီမို့ သိဟ်ရာသီ ဝါခေါင်မိုးနဲ့ လှမ်းလာခဲ့တော့ ခတ္တာရေ…~~~
လသာနေတာနဲ့ အိမ်နောက်က အုတ်ကန်ဘောင်ပေါ်မှာ ထိုင်ပြီး ဂီတာ တီးကာ သံစဉ်တွေလျှောက်စမ်း ၊ ပါးစပ်ထဲ ရောက်ရာ သီချင်း အော်ဆိုမိ တော့ ခိုင်ထူးရဲ့ ခတ္တာ သီချင်းဖြစ်နေသည်။ ပြုံးစိစိ ဖြစ်မိပြီး တစ်ဘက်ခြံက မမပုန်းညက်ဝေ ၏ အိပ်ခန်းရှိရာ အပေါ်ထပ် ကို လှမ်းကြည့်မိတော့ မမရ ဲ့ အခန်းက မီးမှောင်နေပြီ။ တော်သေးတာပေါ့…မမ မကြားလို့…ကြားရင် အရင်ကလိုပဲ ထမီလေး စွန်တောင်စွဲကာ တမင် လုပ်ယူထားတဲ့ စိတ်တိုတဲ့ ဟန်လေးနဲ့
“ပုန်းညက် မနွမ်းဘူးဟေ့..ပုန်းညက် မကြွေဘူးဟေ့…ပုန်းညက် အလန်းကြီး အလတ်ကြီး ရှိသေးတယ်”
ဟု နှုတ်ခမ်းစူကာ ပြောပြီး သူ့ခေါင်းကို မနာအောင် ခေါက်ပေဦးတော့မည်။ မမပုန်းညက်ဝေကို သူ့အစ်မအရင်းဟုပင် မသိတဲ့သူတွေက ထင်ကြသည်။ သူ ၇ နှစ်သားအရွယ်မှာ ဒီ အိမ်ကို စ ပြောင်းလာကတည်းက ဘေးခြံမှ
မမ စံပယ်မေ နဲ့ မမ ပုန်းညက်ဝေ တို့ ညီအစ်မ နှစ်ဦးက မောင်နှမ သားချင်း မရှိတဲ့ သူ့အတွက် အစ်မများ ဖြစ်ခဲ့ကြသည်။ အဲဒီတုန်းက အသက်၁၆ နှစ် အရွယ် မမစံပယ်မေက ဘာသိဘာသာ အေးဆေးစွာ နေတတ်ပေမယ့် အသက် ၁၄ နှစ်အရွယ် မမပုန်းညက်ဝေကတော့ သူတို့ အိမ်ပြောင်းလာတာ တွေ့တာနဲ့ မမရဲ့ မိဘများနှင့်အတူ ဒီဘက်ခြံကို လိုက်ပါလာပြီး အိမ်နီးချင်း အသစ်များကို လာရောက် နှုတ်ဆက် စကားပြောကြသည်။ သူ့ကို မြင်တော့
“မောင်လေး နာမည် ဘယ်လိုခေါ်လဲ”
ဟု မေးတော့ သူက ရှက်ပြီး မေမေ့ ထမီစကို ဆွဲကာ မေမေ့နောက်မှာ ပုန်းနေလိုက်မိသေးသည်။
“လာပါ သားရဲ့ …မမ မေးတာ ဖြေလိုက်လေ”
ဟု မေမေက သူ့ကို ပြောတော့မှ
“ဝါဆိုမိုး”
ဟု သူ မပွင့်တပွင့် ပြန်ဖြေခဲ့သည်။ သူ ကျောင်း အသစ်ကို တက်ရတော့ မမပုန်းညက်ဝေတို့ ကျောင်းမှာပင် ဖြစ်သည်။ မမတွေနဲ့ အတူကျောင်းကို သွားခဲ့သည်။ မမတွေ အိမ်မှ ကားဖြင့်တစ်လှည့် ၊ သူတို့ အိမ်မှ ကားဖြင့် တစ်လှည့် ၊ ကြုံသလို ကျောင်းကို သွားကြပေမယ့် များသော အားဖြင့် မမတွေ အိမ်မှ ကားဖြင့်ပင် သွားဖြစ်ခဲ့သည်။ မမစံပယ်မေက ၁၀ တန်း ၊ မမ ပုန်းညက်ဝေက ၈ တန်း အတန်းကြီးတွေမို့ သူတို့ မူလတန်းကျောင်းဆောင်နဲ့ ဝေးသော်လည်း မမပုန်းညက်ဝေက ထမင်းစားဆင်းချိန် ၊ မုန့်စားဆင်းချိန်များ မှာ အမြဲပင် သူ ရှိရာ ၂ တန်း အခန်းထဲကို လာကာ သူ နှင့်အတူ ထမင်း လာစား ၊ မုန့် လာစားကာ သူ ထမင်း မစားချင်သည့် နေ့များမှာ သူ့ကို ထမင်းခွ့ံ့တတ်သည်။
“စားပါ…မောင်လေးရဲ့ …အန်တီဆွေ ချက်တဲ့ဟင်း …ကောင်းလိုက်တာ… အာလူးကတ်တလိပ်ကြော်… ကောင်းမှကောင်း…ရော့ ဒီမှာ ကြက်သားတစ်လှည့် ၊ အာလူး တစ်လှည့်”
ဟုဆိုကာ သူ့ကို စိတ်ရှည် လက်ရှည် ထမင်းခွံ့တတ်သည့် ၊ မုန့်ကျွေးတတ် သည့် မမပုန်းညက်ဝေကို ငယ်စဉ်ကတည်းကပင် သူ့ သူငယ်ချင်းများက သူ့ အစ်မအရင်းဟု ပင် ထင်ခဲ့ကြသည်။ အိမ်မှာဆိုလည်း သူ့ကို စာကူကျက်ပေး၊ အိမ်စာတွေ ကူလုပ်ပေးသည့် မမပုန်းညက်ဝေကို မမစံပယ်မေထက် သူက ပိုခင်တွယ်ခဲ့လေသည်။ ကျောင်းပိတ်ရက်များတွင် ဟင်းချက်သင်နေသော မမပုန်းညက်ဝေ၏ လက်ရာများကို ဒိုင်ခံစားသူမှာ သူ ဖြစ်ခဲ့လေသည်။ သူ့ အတွက် စက္ကူရုပ်လေးများ ချိုးပေးတတ်သည့်၊ မြရာပင်မှ အရွက်နုများကို ခူးကာ ဘောင်းကနဲ မြည်အောင် အတူဖောက်ဆော့ပေးတတ်သည့်၊ မြရာသီးများနှင့် ဘောင်ဘောင်ဖောက် ဆော့ကာ သေနတ်ပစ်တမ်း အတူဆော့ပေးတတ်သည့် မမ ပုန်းညက်ဝေ ဘယ်ကိုသွားသွား ၊ သူက အဖော် အဖြစ်လိုက်ပါ ခဲ့သည်။ နွေကျောင်းပိတ်ရက်များတွင် သူက အမြဲပင် မမပုန်းညက်ဝေတို့ အိမ်မှာ ရှိနေခဲ့သည်။ ထမင်းစားလည်း မမတို့
အိမ်မှာပင် ။ ဘဘကြီးနဲ့ ကြီးကြီးမေ ကလည်း သူ့ကို ချစ်ကြသည်မို့ သူကတော့ အိမ်မှာလည်း ဗိုလ်၊ မမတို့အိမ်မှာလည်း ဗိုလ်ပင် ဖြစ်သည်။
ညနေဘက်များတွင် စာအုပ်အငှားဆိုင်မှာ စာအုပ်သွားငှားသည့် မမပုန်းညက်ဝေကို သူက အဖော်လိုက်ပေးခဲ့ရသည်။ မမက မဂ္ဂဇင်း စာအုပ်များ သွားငှားတတ်သည်။ သူက မမနှင့်အဖော်လိုက်ရင်း သူဖတ်ချင်သည့် ကာတွန်းစာအုပ်များကို ငှားတတ်သည်။
“ေယာက္ဖ”
သူနဲ့ မမပုန်းညက်ဝေ တို့အတူ လမ်းလျှောက်လာတိုင်း မမနဲ့ ရွယ်တူ ကောင်လေးများက အဲဒီလို မကြားတကြား ခေါ်တတ်သည်ကို အစက သူ နားမလည်ခဲ့။
“မမ …အဲဒါ ဘာပြောတာလဲ”
ဟု မမကိုမေးမိတော့ မမ မျက်နှာလေးရဲကာ
“မသိဘူး”
ဟုပြောခဲ့လေသည်။
“မေမေ …ယောက်ဖ ဆိုတာ ဘာလဲ …မမနဲ့ အတူတူ သွားတိုင်း ခဏခဏ အဲလို ပြောခံရတယ်။ ကျောင်းမှာလည်း မမတို့ အတန်းက လူတွေ သားကို အဲလို ခေါ်တယ်”
ဟု မေမေ့ကို မေးကြည့်မိတော့မှ
“သားက မမရဲ့ မောင်လေးလေ…အဲဒီတော့ တစ်နေ့ကျရင် မမနဲ့ ယူတဲ့သူက သားကို ယောက်ဖ တော်ရမှာပေ့ါ…သားနဲ့ ဆို ယောက်ဖ ပေ့ါ”
ဟု မေမေရှင်းပြသည့် အချိန်မှ စ၍ သူ့ကို ယောက်ဖ ဟုခေါ်သည့်သူတွေကို လက်သီး ကျစ်ကျစ်ပါအောင်ဆုပ်ပြီး အံကြိတ်ကာ မိုက်ကြည့် ပြန်ကြည့် တတ်ခဲ့သည်။
မမစံပယ်မေ ၁၀ တန်းအောင်ပြီးသွားတော့ သူနှင့် မမပုန်းညက်ဝေသာ ကျောင်းကို တူတူ သွားရတော့သည်။ မမ ပုန်းညက်ဝေက ကျောင်းစာတွေ အရေးကြီးလာလို့ စာတွေ ကျက်နေရသည်ဟု ဆိုကာ ဟိုအရင်ကလို စာအုပ်အငှားဆိုင်ကို မသွားကြတော့သော်လည်း သူ့ကို မုန့်တစ်ခုခု ကျွေးချင်ပြီ ဆိုလျှင် ဝါဆိုရေ ဟု အော်ခေါ်တတ်ကာ သူကလည်း မမ အသံကြားသည်နှင့် မမတို့ ခြံဘက် အပြေးရောက်ခဲ့သည်ပဲ။ ဆေးကျောင်းတက်နေသည်ဆိုသည့် မမစံပယ်မေကတော့ သူ့ကို ချစ်သော်လည်းပဲ မမပုန်းညက်ဝေလို သူ့ အပေါ် အနွံအတာ မခံတတ်။ မမပုန်းညက်ဝေလို သူ့ကို စကားတွေ မပြောတတ်။ အမြဲပင် ပြုံးနေတတ်သော မျက်နှာအေးအေးလေးနှင့် မမစံပယ်မေ ထက် သွက်သွက်လက်လက်နှင့် သူ့ကို အရေးအရာယူ စကားတွေ ပြောတတ်သည့် မမပုန်းညက်ဝေကိုပဲ သူ့ မမ လို့ သူ ထင်ခဲ့သည်။
“ယောက်ဖ …မင်း အစ်မကို ဒီ စာ ပေး ပေးပါ”
ဟု ဆိုကာ စာအိတ်အပြာရောင်လေးများ ကို သူ့ လက်ထဲ လာထည့်သော ပြုံးစိစိမျက်နှာတွေနဲ့ မမတို့ အတန်းမှ လူများကို သူ့ အရပ်မမီ မကမ်းနဲ့ ဆွဲထိုး ခဲ့သဖြင့် ဆရာမ ဆူတာ ခံရသည်။ မမကလည်း ဆူသည်။
“လူကလေးကဖြင့် ပိစိလေးနဲ့ …သူနဲ့ မတန်မရာ အရွယ်နဲ့ လူကြီးတွေနဲ့ ရန်ဖြစ်သတဲ့ …မပြောလိုက်ချင်ဘူး”
“သူတို့က သားကို ဘာလို့ ယောက်ဖ လို့ခေါ်သေးတုန်းဗျ”
မမ ဆူတော့ သူ တစ်ခွန်းမှကို မခံခဲ့။ မမက နောက်ဆို ရန်မဖြစ်ရဘူး မှာထားသော်လည်း မမကြောင့် သူ ရန်ဖြစ်ခဲ့တဲ့ အကြိမ်ပေါင်း အများကြီးပဲ ဆိုတာကို သူ့ အိမ်ကိုရော ၊ မမကိုရော အသိမပေးခဲ့။ ကျောင်းပိတ်ရက်မှာ မေမေနဲ့ စျေးလိုက်သွားတော့ စျေးထဲမှာ ပုန်းညက်ပင် တစ်တောင်လောက် သာသာ အရွယ်တွေကို ပလပ်စတစ်အိတ် မြေကြီးထုပ်ဖြင့် ရောင်းနေတာ တွေ့သည်။ မေမေက
“အဲဒါ ပုန်းညက်ပင်ပေ့ါ”
လို့ ပြောတော့ သူက
“ဒါဆို မမ ပန်းတွေပွင့်မှာလား မေမေ”
ဟု သူ ပြန်မေးခဲ့သည်။ မေမေ ရယ်ခဲ့တာကို သူ မှတ်မိသည်။ သူက ပုန်းညက်ပင် စိုက်ချင်သည်ဆိုတော့ မေမေက သူ့ အတွက် တစ်ပင် ဝယ် ပေးခဲ့သည်။ အိမ်ပြန်ရောက်တော့ မမတို့ခြံနှင့် သူတို့ခြံ ကြားထောင့် ခြံစည်းရိုးနှင့်ကပ်ကာ ပုန်းညက်ပင်လေးကို သူစိုက်ခဲ့သည်။ သူကိုယ်တိုင် တူရွင်းဖြင့် မြေကြီးတူးပြီး စိုက်သော ပုန်းညက်ပင်လေးကို ရေမှန်မှန်လောင်းကာ သူ ပြုစုခဲ့သည်။ မမ ကို
“ဒါ မမ အပင်ပေ့ါ …မမပန်းတွေ ပွင့်မှာ…”
ဟုပြောတော့ မမက သူ့ခေါင်းလေးကို အုပ်ကိုင်ကာ
“မောင်လေးက ပန်းပင်လည်း စိုက်တတ်သားပဲ”
ဟု ဆိုသည်။
မမ ၁၀တန်း အောင်သွားပြီးတော့ ကျောင်းကို သူ တစ်ယောက်တည်း သွားရတော့သည်။ အရင်ကလို ယောက်ဖ ဟု ကျောင်းမှာ အခေါ် မခံရ တော့ချေ။ ဒါပေမယ့် မုန့်စားဆင်းချိန် ၊ ထမင်းစားဆင်းချိန်များတွင် မမ ရှိရင် ကောင်းမှာပဲ ဟုတွေးမိခဲ့လေသည်။ တက္ကသိုလ် တက်နေသော မမ က အရင်ကထက် ပိုလှလာသည်ဟု သူ တွေးမိခဲ့သေးသည်။
မမ အပင် ဟု သူ ဆိုသော ခြံထောင့်မှ ပုန်းညက်ပင်ကလည်း စိုက်ပြီး ၈ နှစ်ခန့်အကြာ မိုးတွေ သည်းသည့် ရာသီမှာ အပွင့်တွေ ဝေစည်အောင် စပွင့်သည်။ အိမ်ရှိဘုရားစင်မှ ပန်းအိုးများ၊ မမတို့ အိမ်က ဘုရားစင် ပန်းအိုးများတွင် သူ စိုက်ခဲ့သော မမပန်း အပွင့်တွေက ဝေဆာနေခဲ့သည်။
သူ ၁၀ တန်းရောက်သည့် နှစ်မှာပင် မမက မဟာဘွဲ့ ရရှိပြီး၍ တက္ကသိုလ်မှာ ဆရာမ အလုပ် လုပ်နေခဲ့သည်။ သူ့ ၁၀ တန်း ကျောင်းစာတွေကို မမက သူနှင့်အတူ စာကျက်ပေးခဲ့သည်။ မမစံပယ်မေကတော့ အင်္ဂလန်နိုင်ငံသို့ ပြောင်းရွှေ့ သွားခဲ့ချေပြီ။ ကိုယ်ခန္ဓာ သေးသေးသွယ်သွယ်လေးနှင့်
အရပ် ၅ ပေ ၃ လက်မ ရှိသော မမထက် သူက လူကောင်ကြီး ကြီးထွား နေပြီး မမထက် အရပ် ၆ လက်မ ပိုမြင့်နေသည်။ စာ မရလျှင် မမ က ခေါင်းခေါက် ၊ ဆံပင်ဆွဲနှင့် မမကို တစ်ခါတစ်ရံ သူ စိတ်တိုမိသည်။
သူ့ မှတ်စု စာအုပ်ကြားက ကဗျာအတိုအစလေးကို တွေ့တော့
“ဒါ…ဘာလဲ”
ဟု မမက မေးခဲ့သည်။
“ကဗျာ”
ဟု သူက တိုတိုပြတ်ပြတ် ပြန်ဖြေတော့
“အေးလေ…ကဗျာ …ဝါဆို မင်း…ရည်းစားထားနေပြီလား”
ဟုမေးတော့
“အာ …မထားရသေးပါဘူးဗျာ။ ခုမှ ထားမလို့ ကြံရွယ်နေတုန်း…”
ဟု အတန်းထဲမှ စုသဒ္ဓါ ကိုမျက်စိထဲမြင်လျက် သူ ပြန်ဖြေလိုက်သည်။
“ကောင်စုတ်လေး…လူကလေးကဖြင့် နို့နံ့တောင် မစင်သေးဘူး…ရည်းစားက ထားချင်နေပြီ… ၁၀ တန်း မအောင်ဘဲ ရည်းစားထားလို့ကတော့ ကျုပ်နဲ့ တွေ့ပြီ သာမှတ်… စာရအောင်ကျက် …စာမရရင် အခေါက်ခံရမယ်…”
သူ ၁၀ တန်းနှစ်က စာတွေ ရနေခဲ့တာ ၊ ၁၀တန်းအောင်တော့ ဂုဏ်ထူး
၄ ဘာသာပါခဲ့တာ မမ ကျေးဇူးတွေလည်း ပါသည်။ ၁၀ တန်းဖြေမယ့် သူ ထက်ပင် မမက ပိုလို့ စိတ်ပူနေကာ သူ စာမေးပွဲဖြေနေစဉ် မမက ကြက်ဥပူတင်း လုပ်ပေးလိုက်၊ မှော်ဘီဘက်က နွားနို့ စစ်စစ် ဟုဆိုကာ နွားနို့တွေ ကျိုတိုက်လိုက် ၊ ကြက်ဥပြုတ်ကျွေးလိုက်ဖြင့် သူကတော့ မမ ကျွေးသမျှ အကုန် စားလေသည်။
သူ ၁၀ တန်းအောင်ပြီးတော့ ကျောင်းမဖွင့်ခင်မှာ မမနဲ့ အရင်ကလို စာအုပ်ဆိုင်ကို အတူ သွားသော်လည်း အတူသွားတဲ့ အကြိမ်တွေ ကျဲခဲ့သည်။ မမနှင့်အတူ အပြင်မထွက်ချင်တော့ ။ သူငယ်ချင်းတွေနဲ့ လက်ဘက်ရည်ဆိုင် ထိုင်ရတာကို သူ ပိုခုံမင်လာခဲ့သည်။ ကောင်မလေးတွေကို ငေးမောဖို့က မမနှင့်အတူ အပြင်သွားရတာက မကောင်းလှ။ လက်ဘက်ရည်ဆိုင်ထိုင်ရင်း သူငယ်ချင်းဖြစ်သူ အောင်ကျော်က သူ့ကို
“ယောက်ဖ ..မမပုန်းညက် ငါ့ကိုပေး”
ဟုဆိုတော့ သူ ဒေါသတွေ ဆူဝေကာ
“ဘာ …ဟေ့ကောင်”
“မင်း မမမှာ ရည်းစားရှိနေမှာပါကွာ…ဒီအရွယ်ရောက်နေပြီ..ဒီအရွယ်မှ အမြီးမပေါက်ရင် ဘာမျောက်တုန်းကွ”
ဟု သူငယ်ချင်းအချို့ ရဲ့ မခံချင်အောင် စ တာတွေကို မမကို ပြန်မပြော ဖြစ်ခဲ့။ သူ သိသလောက် မမမှာ ယောကျ်ားလေး သူငယ်ချင်းပင် မရှိ သလောက်ပင်။ မမကို တစ်ခါမှ တစိမ်းယောကျ်ားတစ်ယောက်နှင့် တွဲ၍ မမြင်ဖူးခဲ့။ မိန်းကလေး သူငယ်ချင်းများဖြင့်သာ အပြင်သို့ ရံဖန် ရံခါ သွားလေ့ရှိပြီး အလုပ် မသွားလျှင် အိမ်မှာပင် မမ အနေများသည်။ မမကို အိမ်မှာပင် အိမ်အလုပ်လုပ်၊ အားတဲ့အချိန်တွေမှာ စာဖတ်နေတာပဲ မြင်ရဖူးသည်။
မမ အလုပ်က နယ်ကို ပြောင်းရမည်ဆိုတော့ မမ က အလုပ်ထွက်ပြီး ဝိုင်းကျုရှင် ၊ ဟုမ်းကျူရှင်များ လိုက်ပြ စာသင်ခဲ့လေသည်။ သူကတော့ နည်းပညာတက္ကသိုလ်သို့ ဝင်ခွင့်ရသဖြင့် အိမ်နှင့်ဝေးကွာလွန်းသော ကျောင်းသို့ နေ့စဉ် သွားတက်နေခဲ့ရသည်။ သူ သီချင်းဆိုမိရာမှ အတွေးတွေ နယ်ချဲ့ မိရင်း သတိရမိလို့ ကြည့်လိုက်တော့ အချိန်က ညည့်နက် သန်းခေါင် ကျော်နေချေပြီ။ အုတ်ရေကန်ဘောင်ပေါ်မှ ခုန်ဆင်းပြီး အိမ်ထဲဝင်၊ အိပ်ခန်း ထဲရောက်တော့ ခေါင်းအုံးပေါ်တွင် ထားခဲ့သော သူ့ မိုဘိုင်းလ်ဖုန်းမှာ မစ်စ်ကောလ် တွေ့သည်။
နှင်းသက်သက်ဖြူ
သူ့ ရဲ့ ချစ်သူလေး…။ စိတ်ကောက်ချေတော့မည်ဟု တွေးမိကာ ဖုန်းပြန် ခေါ်ပြီး စကားတွေ ပြောတာနဲ့ သူ အိပ်ရာဝင်ချိန် အတော် နောက်ကျ ခဲ့လေသည်။
……………………………………………………….
မနက် အိပ်ရာနိုးတော့ အတော်လေး နေမြင့်နေချေပြီ။ အိပ်ခန်းထဲမှ ထွက်တော့ ဝတ်ကောင်းစားလှ များဖြင့် လှနေသော မေမေနှင့်ဖေဖေကို တွေ့သည်။ ဒီနေ့ စနေနေ့ …အလှု တစ်ခုခု သွားမလို့လား ဟု သူ တွေးလိုက်မိသည်။
“သား…နိုးပြီလား…မေမေတို့ ဟိုဘက်ခြံ သွားလိုက်ဦးမယ်..ပုန်းညက်ကို ကောင်လေး မိဘတွေ လာကြောင်းလမ်းကြမှာ…မေမေတို့က ပုန်းညက်ဘက်က အဒေါ်တွေ ၊ ဦးလေးတွေ အဖြစ်နဲ့ သွားလိုက်ဦးမယ်”
မေမေ့စကားကို ကြားတော့ သူ အံ့အားသင့်သွားသည်။
“မမ ဒီတစ်သက် အပျိုကြီးလုပ်မယ် ထင်ထားတာ…ရည်းစား မရှိ ဘာမရှိနဲ့ ဘယ်လိုလုပ် လာကြောင်းလမ်းကြတာလဲ”
“ကောင်လေးက စံပယ့် သူငယ်ချင်း…အင်္ဂလန်မှာ ဆရာဝန်ပဲ…ပုန်းညက်နဲ့ ရည်ငံနေတာ… ခု ဒီကိုခဏပြန်လာတာ… မင်္ဂလာဆောင်ပြီးရင် ပုန်းညက်ကို ခေါ်သွားတော့မှာ…စံပယ်လည်း ပုန်းညက် မင်္ဂလာဆောင်နီးမှ ပြန်လာမယ် …ပုန်းညက်လည်း ငယ်တော့တာမှ မဟုတ်ဘဲ…၂၈ ထဲရောက်နေပြီ...”
မေမေ ပြောမှပင် မမမှာ ရည်းစား ရှိတာ သူ သိရတော့သည်။
“ဘယ်နှယ့်…ဝါတွင်းကြီးဗျ”
သူပြောတော့ မေမေကရယ်ပြီး
“ဝါထွက်မှ မင်္ဂလာဆောင်မယ် ထင်တယ်”
ဟုပြောလေသည်။
မေမေနဲ့ ဖေဖေ ဟိုဘက်ခြံကို ထွက်သွားကြတော့ သူ တစ်ယောက်တည်း ထမင်းစားပွဲမှာ မေမေ ပြင်ထားပေးခဲ့သော နံနက်စာကို စားရင်း ငေါင်တောင်တောင်။ မမကို လူကြီးတွေ လာရောက် စေ့စပ်တဲ့ပွဲမှာ သူက လူရာသွင်းခြင်း မခံရပါလား ဟုတွေးမိကာ ဝမ်းနည်းသလိုလို။
နောက်နေ့တွေမှာ မမဆီကို လူတစ်ယောက် လာ လာနေတာ တွေ့သည်။ အရပ်မြင့်မြင့် အသားလတ်လတ်နှင့် ဆရာဝန်ဆိုသော ထိုလူနှင့် မမကို ခြံထဲမှာ လမ်းလျှောက် စကားပြောနေတာ သူ လှမ်းမြင်သည်။ ပျော်နေပုံရ သော မမ မျက်နှာလေးမှာ ပိုပြီးနုနယ် လန်းဆန်းနေသလိုပင်။ ထိုလူ့ ပခုံးစွန်းကို မမ ခိုးနမ်းလိုက်တာ မြင်တော့ သူ ဒေါသထွက်သွားသည်။ ဘာကြောင့် ဒေါသထွက်မှန်းတော့ မသိ။ ရင်ထဲမှာ ဆူဝေနေပြီး တောက် ခေါက်မိသည်။
နောက် မမနဲ့တွေ့တော့
“ဗျိုး…မမ အပျိူကြီး….ဒီတစ်သက် မစွံဘူးထင်နေခဲ့တာ... ယောကျ်ားရတော့မှာမို့ ပျော်နေတာလားဗျ”
သူ လှမ်းအော် နောက်တော့ မျက်နှာလေးရဲကာ
“ခွေးကောင်လေး”
ဟု မမက ပြန်ပြောသည်။ ရှက်သွားတဲ့ မမ မျက်နှာလေးကို ငေးမောရင်း နှမြောမိသလိုလို ခံစားရရင်း ဝမ်းနည်းလာသည်။
မမတို့ မင်္ဂလာပွဲအတွက် စီစဉ် အလုပ်ရှုပ်နေတဲ့အထဲမှာ သူ့ မိဘတွေပါ ပါနေတာ ကြည့်မရ ဖြစ်မိလာသည်။ ဟိုဘက်ခြံနှင့် ဒီဘက်ခြံ ဘာတွေ ရှုပ်နေကြမှန်းမသိ။ လူကြီးတွေကို ကြည့်ရတာ သူ မျက်စိနောက်လာသည်။
မမ နေမကောင်းဖြစ်ကာ ဖျားနေသည်ဟု သူ ကြားရသည်။ မင်္ဂလာပွဲကိစ္စဖြင့် အပြင်ကို ထွက်ရလွန်းပြီး ပင်ပန်းကာ ဖျားသည်တဲ့။ “မပင်ပန်းလည်း ဖျားမှာပဲ…ဒီလို မိုးတွင်းကြီးမှာ အပြင် ဒီလောက်ထွက်နေမှတော့…နဂိုတည်းက ချုချာ ညောင်နာ နဲ့”
မမကို ဒေါသဖြစ်ကာ သူ့ စိတ်ထဲမှ ရေရွတ်လိုက်မိသည်။ ခုရက်တွေ သူ ဒေါသတွေ အလိုလိုကြီးနေသည်။ မမကို ဒေါသထွက်နေသည်။ ဘာကြောင့် ဒေါသထွက်နေမှန်းတော့ သူ မသိ။
ညနေဘက်ကျတော့ မမ ကြေးအိုးများ သောက်ချင်မလားလို့ သူ ပူမိသေး သည်။ မမ တို့ အိမ်ဘက် သူ ကူးခဲ့သည်။ ဧည့်ခန်းထဲမှာ ဒရင်းဘက်ဒ်ပေါ်မှာ ခပ်လျော့လျော့ မှီလှဲနေရင်း တီဗွီ စီအန်အန် သတင်း ကြည့်နေသော မမ ကိုတွေ့သည်။ အနွေးထည် မိုးပြာရောင်လေးနှင့် မမ ပုန်းညက်ဝေမှာ ဖြူဖျော့နေသည်။ မျက်နှာ ဖြူဖြူသေးသေးလေးမှာ အရင်ကထက် ပိုလို့ သေးနေသလိုပင်။
သူ့ကို မြင်တော့ ခပ်ယဲ့ယဲ့ပြုံးပြီး
"ကောင်လေး …ပျောက်နေတာ ကြာပြီ”
ဟုဆိုသည်။
“ကျွန်တော်က မပျောက်ပါဘူးဗျာ…ရှိပါတယ်…ခင်ဗျားသာ မင်္ဂလာဆောင်အတွက် အားတက်သရောနဲ့ ခုတော့ ဖျားပြီ မလား”
သူ့ ခပ်ရင့်ရင့် စကားကို မမ က မျက်နှာ တစ်ချက်ပျက်ကာ
“ဟဲ့”
ဟုဆိုသည်။
“ကဲ…ထ… ကြေးအိုး သွားသောက်မယ်”
“မသောက်တော့ပါဘူးကွာ…မမ အပြင်မထွက်ချင်ဘူး”
“မရဘူး ဗျာ…လာ…ထ…နောက်ဆို ခင်ဗျားက လင်ယူပြီး လင်နောက်လိုက်သွားတော့မှာ… ကျွန်တော်က အစ်မ တစ်ယောက်လုံး လင်နောက်ပါသွားတော့ တစ်ယောက်တည်း ငေါင် ကျန်ရစ်မှာ… လာ…လိုက်ခဲ့…ခုချိန်လေးပဲ သွားရမှာ”
သူ တမင်သက်သက် ဆိုးလိုက်မိသည်။ မမက ခပ်ယဲ့ယဲ့လေးပဲ ပြုံးပြီး
“ရင့်လိုက်တာ ဝါဆိုရယ် …လိုက်ဆိုလည်း လိုက်ပါ့မယ်”
ဟုဆိုကာ ဖြေးဖြေးထကာ လိုက်လာခဲ့သည်။ အပြင်ဘက်မှာ မိုးက ဖွဲဖွဲ ရွာ နေသည်။ အိမ်မှ ထွက်တော့ မိုးရွာတာ နည်းနည်း စိပ်လာသည်။ ကားမှန်တံခါးတွေ အကုန် ပိတ်ထားရတာကြောင့် အဲကွန်း ဖွင့်လိုက်တော့ မမက ကိုယ်လေး ကျုံ့ ကာ ချမ်းသည့်ပုံ ဖြစ်သွားသည်။ ကားမှန် ဝိုက်ပါ ကိုဖွင့်ပြီး ကားမောင်းနေရင်းနဲ့ သူ မမကို အကဲခတ်ကြည့်မိသည်။ သူ့ နံဘေးမှာ ထိုင်နေပုံလေးက တလောကလုံးကို အလျော့ပေးထားတဲ့ ပုံ၊ ခပ်လျော့လျော့ အသွင်လေးနဲ့ အားနည်းနေပုံ ရသည်။ မျက်နှာ ဖြူဖြူလေးမှာ အဖျားသွေးကြောင့် အနည်းငယ် နီနေသည်။ သူ မမ ကိုနှမြောမိလာသည်။ မမကို သူတပါး လက်ထဲ ပေးလိုက်ရမှာကို အူတို မိလာသည်။
ဒါ သူ့ မမ …တခြား ဘယ်သူမှ မယူရဘူး ဟု စိတ်ထဲမှာ တွေးပြီး ဒေါသတို့ ဖြစ်လာသည်။ အင်းစိန်က ဟန်နီ မှာ ကြေးအိုးသွားသောက်မည်ဟု စိတ်ကူးပြီး ပြည်လမ်းအတိုင်း မောင်းရာမှ သူ အင်းစိန်ဘက်ကို မချိုးကွေ့တော့။
မင်္ဂလာဒုံဘက်ကို ရောက်တော့မှ မမ က
“ဘယ်အထိ သွားမလို့လဲ ဝါဆို…ဟန်နီကို သွားမှာ မဟုတ်ဘူးလား”
ဟုမေးသည်။ သူ မမ အမေးကို ဘာမှ ပြန်မဖြေဘဲ လီဗာကိုသာ စွတ်နင်းလိုက်သည်။ မမက ကား ပြတင်းမှ တဆင့် အပြင်ကို ငေးမောရင်း လိုက်ပါလာသည်။ ထောက်ကြန့် ရောက်တော့ မမ က သူ့ကို မေးပြန်သည်။
“ဝါဆို…ဘယ်သွားမလို့လဲ…အိမ်နဲ့ အတော်ဝေးလာပြီနော်”
သူ မမ ဘက်ကို တစ်ချက်လှည့်ကြည့်ပြီး
“မမ ကို ခိုးပြေးလာတာ”
ဟု ခပ်ပြတ်ပြတ် ဖြေလိုက်သည်။
“ဘာ”
မမ အသံ ကျယ်လောင် သွားပြီးနောက် အံ့သြသည့် မျက်နှာနဲ့ သူ့ကို ဇဝေဇဝါ ကြည့်သည်။
“ဟုတ်တယ်…မမကို ခိုးပြေးလာတာ…ကျွန်တော့်မမ ကို ဘယ်သူမှ မယူရဘူး.. မမကို ကျွန်တော်ချစ်တယ်…မမကလည်း ကျွန်တော့်ကိုပဲ ချစ်ရမယ်…ကျွန်တော်ကလွဲလို့ ဘယ်သူ့ကိုမှ မချစ်ရဘူး”
“ဝါဆို…မင်း ရူးနေပြီ…ပြန်ရအောင်ကွာ…မောင်လေး ….ကား ပြန်လှည့်နော်”
မမရဲ့ ညင်သာ တိုးတိမ်တဲ့ စကားကို သူ လျစ်လျူရှုကာပဲ ကားကို လီဗာ တင်မောင်းလိုက်သည်။ မိုးက ပိုသည်းလာသည်။ မိုးက တအားသည်း လာသည့် အပြင် လေတိုက်နှုန်းပါ ကြမ်းပုံရသည်။ သစ်ပင်တွေ အကိုင်း အခက်တွေ ယိမ်းနွဲ့ နေတာ မြင်ရသည်။ မီးကြီးဖွင့်ပြီး မနည်း အားစိုက်ကာ ရှေ့ ကို ကြည့်နေရသည့်ကြားမှ သူ ကားမောင်းသည့်နှုန်းက ကြောက်စရာ။ မှော်ဘီ ဆပ်သွားတောနားရောက်တော့ မမက ငိုပါလေတော့သည်။
“ဝါဆိုရယ်…ပြန်ရအောင်…မောင်လေးက မဆိုးပါနဲ့…နော်”
စကားတွေကို မနည်း အားစိုက်ကာ ပြောနေရပုံ ရသည်။ မမ အသံက တိုးတိမ်ပြီး စကားပြောလိုက်တိုင်း မောနေပုံရသည်။ သူ ဘာမှ ပြန်မပြောဘဲ ကားကိုသာ အာရုံစိုက်မောင်းနေတော့ မမ ပိုငိုပါတော့သည်။ ရှိုက်ငိုနေတဲ့ မမ ငိုသံကြောင့် သူ မမကို သနားလာသည်။ မမ ဒီလောက် ငိုတာ သူ တစ်ခါမှ မတွေ့ဖူးဘူးလေ။ ဒါပေမယ့် သူ အလျော့မပေးချင်။ သူ မမ ကိုဆုံးရှုးံရမှာ ကြောက်သည်။ မိုးသည်းလွန်းလို့ ရှေ့ကို သဲသဲ ကွဲကွဲ မမြင်ရ။ သူ ကားကို လမ်းဘေး ထိုးချ ရပ်လိုက်သည်။ မမ ဘက်ကို လှည့်ကြည့်တော့ ရှိုက်ကြီး တငင်ကို ငိုလို့ ကောင်းနေသည့် မမကို သူ ပိုစိတ် တိုသွားရသည်။
“ခင်ဗျားကို ခိုးပြေးလာတယ် ဆိုတော့ ဒီလောက်တောင် ငိုရလား…. ဘာလဲဗျ…ကျွန်တော်က အင်္ဂလန်မှာ အထူးကုဘွဲ့ရ ဆရာဝန် မဟုတ်လို့လား…ကျွန်တော်လည်း အင်ဂျီနီယာဖြစ်မှာပါဗျာ…သိပ်တော့ စိတ်မပူပါနဲ့”
မမမျက်နှာကို ကြည့်ပြီး သူ ပြောလိုက်တော့
“ဝါဆို…မင်း”
မမ စကား ဆုံးအောင် ဆက်မပြောနိုင်ဘဲ သူ့ မျက်နှာကို အံ့အားသင့်ခြင်း၊ ဇဝေဇဝါဖြစ်ခြင်း စတဲ့ ခံစားချက်တွေ ရောထွေးနေသော ၊ ငိုနေသဖြင့် နီရဲနေသော မျက်နှာဖြင့်ကြည့်သည်။ မမကို ကြည့်ရင်း သူ အသည်းယား လာကာ မမ လက်မောင်းကို ဆွဲကာ မမကိုယ်လေးကို သူ့ရင်ခွင်ထဲ သွင်း လိုက်မိသည်။
“မငိုပါနဲ့ဗျာ…မမကို ကျွန်တော် သိပ်ချစ်တာ…မမ ကျွန်တော်ကလွဲရင် ဘယ်သူမှ မချစ်ရဘူး… ကျွန်တော့် တစ်ယောက်တည်းကိုပဲ မမ ချစ်ရမယ်”
သူ မမ ဆံပင်ညိုပျော့ပျော့လေးတွေကို နမ်းမိရင်း သူ့ရင်ထဲက စကားတွေကို ပြောလိုက်မိသည်။ မမက ရှိုက်လို့ ငိုနေတော့ သူ မမမျက်နှာကို မေးဖျားမှ ဆွဲမော့စေ့လိုက်ကာ မမ နဖူးနှင့်ပါး တို့ကို နမ်းမိသည်။ မမ ရုန်းနေတာ သူ သိသည်။ ဒါပေမယ့် အားချင်းမမျှလို့ မမ မရုန်းနိုင်ဘဲ ရှိနေသည်။
“ဝါဆို …မင်း ..ငရဲကြီးမယ်”
မမ စကားကြောင့် သူ တုန်လှုပ်သွားသည်။ မမ…သူ့ မမ ကိုသူ ဒီလို စိတ်ဆင်းရဲအောင် လုပ်မိတာ သူ ငရဲကြီးမှာတဲ့လား။ မမကို သူ သိပ်ချစ်တာ တွေက ငရဲကျမှာတဲ့လား။ သူ မမ ရုန်းတာကို ဖြေလျော့ပေးလိုက်တော့ မမ က ချက်ချင်းပဲ ကားတံခါးကို ဖွင့်ကာ ဆင်း ပြေးလေတော့သည်။ မိုးတွေ သည်းသည်းရွာနေသည့်ကြားမှာ ပြေးဆင်းသွားတဲ့ မမကို သူ စိုးရိမ်ပြီး နောက်မှ လိုက်မိသည်။ မိုးရေတွေ ရွှဲရွဲစိုနေသော မမကို သူ ဖမ်းမိလိုက်တဲ့ အခါမှာ သူ့ လက်ထဲမှာ မမ ပျော့ခွေကာ လဲကျသွားသည်။
“မမ”
“မမ”
“မမ ပုန်းညက်”
သူ ခေါင်းနပန်းကြီးသွားသည်။မမ ကိုယ်လေးက ခြစ်ခြစ်တောက် ပူနေသည်။ မမကို သူ ပွေ့ချီကာ ကားဆီသို့ ပြန်လာပြီး နောက်ကြောင်းပြန်လှည့်ကာ ရန်ကုန်ဘက်သို့ မောင်းလိုက်သည်။ အနီးဆုံး ဆေးခန်းကို ရှာဖွေရင်း သူ့ခေါင်းထဲမှာ ဘာမှ မလုပ်မလုပ်တော့သလို။ မမ အတွက် သူ စိုးရမ်စိတ်တွေက ဗလောင်ဆူကာ မိုးကိုလည်း ဆဲမိနေသည်။ ကားကို လီဗာတင်ကာ အမြန်နှုန်းနဲ့ မောင်းရင်း မမကို ဘယ်ဆေးခန်းကို ပို့ရမည်နည်း ခေါင်းထဲမှာ အပြေးအလွှား စဉ်းစားနေမိသည်။ သုခကမ္ဘာက သူ့ ခေါင်းထဲ ဝင်လာကာ သုခကမ္ဘာကို အမြန်ဆုံးမောင်းတော့သည်။ ဆေးရုံ အရေးပေါ်ကို မမကို သူ ပွေ့ချီပြီး ပြေးတော့ မမ ကိုယ်လေးက ပြာနှမ်းနေသည်။ လူနာတွန်းလှည်းဖြင့် မမကို ခေါ်သွားတော့ သူ မလိုက်ရတော့။ သူအပြင်မှာ စောင့်ကျန်ရစ်ရင်း မိုးရေတွေရွှဲနေသော သူ ခိုက်ခိုက်တုန်လာသည်။ သူ အိမ်ကို ဖုန်းဆက်ဖို့ သတိရမိပြီး မေမေ့ကိုဖုန်းဆက် ပြောလိုက်သည်။
“မေမေ…မမ သုခကမ္ဘာမှာ …ဘဘကြီးနဲ့ ကြီးမေ ကို ပြောလိုက်ပါဦး”
ဟုသာ သူ တိုတို ပြောပြီး ဖုန်းချလိုက်သည်။ သူ့ ကို အပြစ်တင်ကြမည့် မျက်ဝန်းတွေကို သူ ဘယ်လို ရင်ဆိုင်ရမလဲ။ မမရဲ့ ချစ်သူကို သူ ဘယ်လို ရင်ဆိုင်ရမလဲ။
……………………………………………
မိုးတွေ သည်းသည်းမည်းမည်း ရွာနေပြန်ပြီ။
ခြံထောင့်က ပုန်းညက်ပင်ကြီး လည်း အကိုင်းအခက်တို့က လေတိုက်တိုင်း ယိမ်းထိုးနေကာ ပုန်းညက်ပွင့်တွေကို မိုးစက် မိုးပေါက်တွေက ရိုက်ခတ်ကာ ခြွေချလိုက်သဖြင့် မြေပြင်တွင် ပုန်းညက် ပွင့်ဖတ်တို့ ကြွေနေပြီ။ နေ့စဉ် ညတိုင်း သူ့ရဲ့ နောင်တတွေ နဲ့ ကြေကွဲမှုတွေဟာ ဒီလို ပုန်းညက်ပန်းတို့ ပွင့်လေသည့် ရာသီရောက်တိုင်း ပို၍ ဆိုးလာသည်။ ညဘက်တွေ မအိပ်သဖြင့် အိပ်ဆေး တွေ သောက်အိပ်တဲ့ ညတွေများလာရင်း အိပ်ဆေး မသောက်ရင် မအိပ်တော့တဲ့ သူ့ကို မေမေတို့က ဆရာဝန်နှင့် အမြဲ မှန်မှန် ပြနေတာ သူ သိသည်။ မိုးတွေ ရွာတိုင်း မမ ပုန်းညက် လာဦးမှာ ဟုဆိုကာ သူ ပုန်းညက်ပင် အောက်မှာ ထီးတစ်ချောင်းနှင့် ရပ်စောင့်နေတတ်ခဲ့သည်။ ယခုလည်း ပုန်းညက်ပန်းတွေ တူတူ ခူးဖို့ သူ့ဆီ မမပုန်းညက် လာချေ ရော့မည်။ သူ အိမ်ထဲမှ ထွက်ကာ ထီးဖွင့်လိုက်ပြီး ပုန်းညက်ပင်ဆီ သို့ တရွေ့ ရွေ့ လျှောက်သွားလေတော့သည်။
ဟနစံ

အထင်နဲ့အမြင်
သူ့အပေါ်မှာတွယ်တာနေမိတာ ဆန်းဆန်းပြားပြားစိတ်တွေနဲ့
မဟုတ်ဘဲ သူ့ အနုပညာဖန်တီးမှုကိုမြတ်နိုးလို့ ၊ သူ့သီချင်းလေးတွေကို နှစ်သက်လို့ ၊ သူ့ပရိသတ် တစ်ယောက်အနေနဲ့ သူ့ကိုအမြဲအားပေးနေခဲ့တာပါ။ သူအခုလို နာမည်ကြီးအဆိုတော်ဘဝကိုမရောက်ခင် ဟိုးအရင်က ကျောင်းပွဲ တွေမှာ သူ သီချင်းတွေဆိုနေကတည်းက ကျွန်မ အားပေးနေခဲ့တာပါ။
သူကတော့ ကျွန်မကိုသိမှာ မဟုတ်ပေမယ့်သူသီချင်းဆို လေရာ စတေ့ချ်ရှိုးပွဲ တိုင်း ကို ကျွန်မ လိုက်အားပေးခဲ့ပါတယ်။ သူ့သီချင်း ခွေ ထွက်သမျှ အကုန်လုံးကိုလည်းဝယ်ကာသိမ်းထားတတ်သလို သူ့ပုံ
ဝေါလ်ရှိ(တ်)တွေကလည်း ကျွန်မအိပ်ခန်းနံရံတွေပေါ်မှာအပြည့်ပါပဲလေ။
ကျွန်မရဲ့သူငယ်ချင်းတွေကကျွန်မကိုအမြဲစနောက်တတ်ကြတယ်။ သူ့ကိုဒီလောက်ခရေဇီဖြစ်နေတာသူ့ကိုစိတ်ဝင်စားနေတာလားပေ့ါတဲ့လေ။ ဟင့်အင်း။ မဟုတ်ပါဘူး။သူ့ကိုချစ်သူရည်းစားတစ်ယောက်လိုကျွန်မ က ချစ်မိတာမှမဟုတ်ဘဲ။
သူကိုယ်တိုင်ရေးတဲ့သီချင်းစာသားလေးတွေကိုကျွန်မနှစ်သက်မြတ်နိုးတယ်။ ဟိတ်ကြီးဟန်ကြီးမထုတ်ဘဲရိုးရှင်းစွာနေထိုင်တဲ့သူ့ပုံစံလေးကိုလည်းနှစ်သက်တယ်လေ။ နာမည်ကြီးအဆိုတော်တစ်ယောက်ရယ်လို့မာနကြီးနေတဲ့ပုံစံမျိုးမဟုတ်ဘဲ ၊ကြွားကြွားဝ့ံ့ဝံ့လည်းမဟုတ်ဘဲ၊ တမင်နှိမ်ချပြီးနေထိုင်နေတာမျိုးလည်းမဟုတ်ဘဲ သူ့ပင်ကိုယ်အတိုင်းလွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးလေးနေထိုင်ပြောဆိုတတ်တဲ့သူ့ဟန်လေးကိုနှစ်သက်မိတာပါ။ မဂ္ဂဇင်းတွေမှာ သူနဲ့အင်တာဗျုးဆောင်းပါးတွေကိုဖတ်ရတိုင်း မေးခွန်းတွေ ကို တိုတို ရှင်းရှင်းပဲပြန်ဖြေတတ်တာ။ ဘာမှကြွားဝါမှုမရှိဘဲ လူသားဆန်ဆန် လူထဲကလူတစ်ယောက်လိုပဲနေထိုင်ပြောဆိုဆက်ဆံတတ်တာတွေဟာ ကျွန်မသူ့ကိုအထင်ကြီးမိစေတဲ့အရာတွေပဲပေ့ါ။
အမ်တီဗွီရိုက်ဖို့ ၊ တီဗွီကြေငြာရိုက်ဖို့ ၊ မဂ္ဂဇင်းအဖုံးအတွက်ဓါတ်ပုံရိုက်ဖို့ ဘယ်တော့မှ မိတ်ကပ် မလိမ်းဘဲ ၊ ရှိုးတွေမထုတ်ဘဲ နဂိုအတိုင်းပဲတီရှပ် နဲ့ ဂျင်းဘောင်းဘ ီနဲ့ သူ့စတိုင်လ်လေးကလည်း ရိုးရှင်းလွန်းလှပါတယ်။ သူ့သီချင်းအသစ်တွေနားထောင်ပြီးတိုင်းအရဲစွန့်ကာသူ့ဆီဖုန်းခေါ်လို့ သူ့သီချင်းတွေနားထောင်ပြီးကြောင်း၊ နှစ်သက် ကြောင်းပြောပြီး ချက်ချင်း ဖုန်းပြန်ချပစ်တတ်တာလည်း ကျွန်မကို အထင်မှားမှာစိုးလို့ပါ။ သူ့ကို နာမည်ကြီးအဆိုတော်မို့ကျွန်မက အတင်းလိုက်မိတ်ဆက် ၊ ဖုန်းဆက် တတ်တာ မျိုးလို့ ထင်သွားမှာကြောက်ပါတယ်။
သူ့သီချင်းတွေကိုကြိုက်ရင်ကြိုက်တဲ့အကြောင်း၊ မကြိုက်တဲ့သီချင်းဆိုရင် ဘယ်နေရာမှာမကြိုက်တဲ့အကြောင်း စသည်ဖြင့်သူ့ကိုဝေဖန်ပေးချင်တာပါ။ သူအိမ်မှာရှိတတ်တဲ့ညဘက်အချိန်တွေမှာ ကျွန်မ က အရဲစွန့်ကာ ဖုန်းခေါ်ပြီး သူ့သီချင်းတွေအကြောင်းပြောပြဖြစ်ခဲ့တယ်။ သူ့ကိုဖုန်းစစဆက်ချင်းမှာ သူ့ ဖုန်း နံပါတ်ကို ကျွန်မရတာကိုလည်း သူကအံ့သြဟန်မရှိပါဘူး။ ဒီလိုပဲ သူ့ပရိသတ် တွေက သူ့ဆီကိုဖုန်းဆက်နေကျဖြစ်မှာပါလေ။
"ဟုတ်ကဲ့။ကျွန်တော့်သီချင်းတွေကိုနားထောင်တဲ့အတွက်ရော ...ကျွန်တော့်သီချင်းတွေကိုကြိုက်တဲ့အတွက်ရော...ကျွန်တော်ဆီခုလိုဖုန်းဆက်တဲ့အတွက်ရော ကျေးဇူးတင်ပါတယ်"
လို့ရည်ရည်မွန်မွန်ပြန်ပြောတဲ့သူ့ကို စိတ်ထဲကနေပိုလို့ခင်မင်နေခဲ့ပြီး သူ့သီချင်းခွေအသစ်ထွက်တိုင်း ကျွန်မဖုန်းဆက်ပြီးသူ့သီချင်းတွေကိုဝေဖန် ပေး ခဲ့တာပါ။
သူ့စတေ့ချ်ရှိုးပွဲတွေ ၊ သူသီချင်းသွင်းတတ်တဲ့နေ့တွေကို ကျွန်မက စုံစမ်းပြီးအမြဲသိနေခဲ့လို့ သူအိမ်မှာမရှိတဲ့အချိန်တွေကိုလည်းသိနေခဲ့ပြန်တယ်။ စတိတ်ရှိုးတစ်ခုမှာ သူ့ကိုလက်မှတ်သွားထိုးခိုင်းတော့ ပရိသတ်တွေ
၀ိုင်းဝိုင်းလည်နေပြီးတစ်ယောက်ပြီးတစ်ယောက်ကိုလက်မှတ်ထိုးပေးနေတဲ့သူက "ကျေးဇူးတင်ပါတယ်ခင်ဗျာ" လို့ပြောနေတာလေးက အရမ်းကိုချစ်စရာကောင်းပါတယ်။ ကျွန်မ က အော်တိုစာအုပ်လေးကို သူ့မျက်နှာရှေ့ကိုသာတိုးပေးပြီးစကားတစ်ခွန်းမှ သူ့ကိုမပြောရဲပါဘူး။ ကျွန်မအသံကိုသူမှတ်မိသွားမလားစိုးရိမ်လို့ပါ။ ကျွန်မ ကို အထင်လွဲ သွားမှာ ကြောက်တယ်။ သူ့လိုအောင်မြင်ကျော်ကြားနေတဲ့သူကို ကျွန်မက ခင်မင် တွယ်တာနေတာကို သူတစ်မျိုးတစ်မည်ထင်မှာကိုစိုးပါတယ်။
သူ့ရဲ့အောင်မြင်မှုကလည်းရပ်တန့်မသွားပါဘူး။ အသစ် အသစ် တက်လာတဲ့အဆိုတော်တွေကြားထဲမှာ သူဟာအောင်မြင်မှုကိုထိန်းထားနိုင်တာ ၊ လူငယ်ပရိသတ်တွေရဲ့စိတ်နှလုံးမှာ သူထင်ဟပ်နေတာဟာ သူ့ရ ဲ့ရိုးသား ဖြူစင်မှုကြောင့်ပါပဲ။
သူအဆိုတော်မဖြစ်ခင် ကျောင်းပထမနှစ် အာစရိယပူဇော်ပွဲမှာ သူ သီချင်း ဆိုကတည်းက ကျွန်မ အားပေးလာခဲ့တာ ကို သူသိအောင်ပြောပြ
ချင်တယ်။ အခုလိုအောင်မြင်နေတဲ့အချိန်မှကျွန်မက အားပေးတာ မဟုတ် ပါ ဘူး။ သူဂစ်တာတီးပြီးကျောင်းပွဲသေးသေးလေးတွေမှာ သီချင်း တွေဆို နေ ကတည်းက ကျွန်မ ကအမြဲအားပေးခဲ့တာ။
အခုမှထပြီးအားပေးတာမဟုတ်ဘူဆိုတာကို သူသိအောင် ပြောပြ ချင်တယ်။ ပြီးတော့ ကျွန်မဟာ သူနာမည်ကြီးလို့ သူ့ချစ်သူမိန်းကလေးဖြစ်ချင်လို့ သူ့ဆီကိုဖုန်းဆက်နေခဲ့တာမဟုတ်ဘူး ဆိုတာကိုလည်း သူသိအောင် ပြောပြ ချင်တယ်။ အဲလိုပြောပြချင်နေတဲ့စိတ်တွေကတားမရ ဆီးမရဖြစ်နေခဲ့ပြီး သူ့ကိုဖုန်းဆက်ပြန်တော့လည်း ပြောရမှာမဝံ့ရဲပြန်ပါဘူး။ သူယုံမှယုံပါ့မလားလေ။ သူ ကျွန်မရဲ့မျက်လုံးတွေထဲကရိုးသားမှုကိုမြင်ရင်တော့ သူယုံမှာပါ။ ဒါဆို သူ့ကိုအပြင်မှာတွေ့ပြီးပြောပြချင်တယ်။ ကျွန်မ ကိုသူလာမှတွေ့ပါ့မလား။ ကျွန်မ အမျိုးမျိုးတွေးရင်းနဲ့ သူ့ကိုဖုန်းဆက်ပြီး အရဲစွန့်ကာ အပြင်မှာ လာတွေ့ဖို့ ပြောလိုက်ပါတယ်။
သူက "ကျွန်တော်....အဲ...ခုရက်တွေမအားဘူးခင်ဗျ။ အားရင် ကျွန်တော်လာတွေ့ပါ့မယ်" လို့ပြောပါတယ်။
နောက်တစ်ပတ်မှာသူ့ဆီကိုထပ်ဖုန်းဆက်ပြီး သူအားပြီလား။ ကျွန်မ ကိုသူလာတွေ့မလား လို့မေးခဲ့ပါတယ်။ သူက အင်း အဲ နဲ့ စဉ်းစားသလိုလုပ်နေပြီး
"ဘယ်တော့လာတွေ့ရမှာလဲခင်ဗျ။ ကျွန်တော်ကဒီနေ့တစ်ရက်တည်းအားတာ" လို့ပြောပါတယ်။ ကျွန်မ က အခုကျွန်မ ဒဂုံစင်တာကိုရောက်နေပါတယ်။ ကဖေးအေရိုးမား ကိုလာခဲ့နိုင်မလား ဆိုတော့
သူက"ဟုတ်ကဲ့။ ကျွန်တော်အခုရေးချိုးပြီးရင်ထွက်လာခဲ့ပါမယ်။ အဲ..အိမ်မှာ ကျွန်တော်သူငယ်ချင်း ၂ယောက်လည်းရောက်နေလို့ သူတို့ကိုပါခေါ်ခဲ့မယ်" လို့ပြောပါတယ်။ ကျွန်မ လည်းရပါတယ် ခေါ်ခဲ့ပါ ဆိုပြီးချိန်းဆိုခဲ့ပါတယ်။
သူက ဖုန်းမချခင်မှာ "အဲ...ကျွန်တော်က အစ်မကိုမသိဘူးဗျ။ ကျွန်တော် ဘယ်လို လုပ်ပြီးအစ်မကိုသိမှာလဲ ...အဲဒီမှာ"လို့မေးတယ်။
ကျွန်မ က အင်္ကျီမိုးပြာရောင်ဝတ်ထားတယ် လို့ပြောတော့ " အိုကေ...ရပြီအစ်မ။ အစ်မကကျွန်တော့်ကိုသိတာပဲ။ လူရှာရတာလွယ်မှာပါ" လို့ရယ်မောပြောပြီးဖုန်းချသွားပါတယ်။
ကျွန်မလည်းတစ်ယောက်တည်းစျေးလျှောက်ဝယ်ပြီး ကဖေး အေရိုမားကချောင်ကျကျစားပွဲလေးမှထိုင်လို့စောင့်နေခဲ့ပါတယ်။ ကျွန်မထိုင်နေတဲ့စားပွဲကို
၀င်ပေါက်ကနေဆိုရင်မုန့်မှန်ဘီရိုတွေ ၊ ကောင်တာတွေနဲ့ကွယ်နေလို့ အလွယ်တကူမမြင်နိုင်ပါဘူး။ ကျွန်မ ကတော့ မိန်းကလေးတစ်ယောက်တည်းဖြစ်နေပြီး သူ့ကို အချိန် ဘယ်လောက ်ကြာကြာ စောင့်ရဦးမယ်မှန်းလည်းမသိတာကြောင့် အခြားစားပွဲက လူတွေရဲ့ မျက်စိ အစာကျွေးခြင်းကိုမခံရလေအောင် သူများတွေကြည့်မနေနိုင်တဲ့ ကောင်တာ အကွယ် ကစားပွဲလေးမှာပဲ ထိုင်ပြီး ကက်ပက်ချီနိုကော်ဖီတစ်ခွက် နဲ့ ချိစ်ကိတ်တစ်ခု မှာစားနေခဲ့ပါတယ်။
၄၅ မိနစ်လောက်အကြာမှာတော့ သူနဲ့အတူ သူ့သူငယ်ချင်း၂ယောက်
၀င်လာတာကိုတွေ့ပါတယ်။ ကျွန်မ က နေရာမှထမယ်အလုပ်မှာပဲ
သူ့သူငယ်ချင်းတွေက သူ့ကို တစ်ဘက် တစ်ချက်ကနေ အတင်းဆွဲပြီး လှည့်ပြန်မယ် ဟန်ပြင်နေတာကြောင့်ကျွန်မအံအားသင့်သွားပြီး သူတို့က ိုဆက် ထိုင်ကြည့်နေလိုက်မိပါတယ်။
ဝင်ပေါက်နဲ့တည့်တည့်ကစားပွဲကိုကြည့်ကာသူ့မျက်စိမျက်နှာပျက်နေပြီး သူ့သူငယ်ချင်း၂ယောက်ကလည်းဟားတိုက်ရယ်ချင်နေတဲ့မျက်နှာမျိုးနဲ့မို့ သူတို့ကြည့်တဲ့စားပွဲကို ကျွန်မ လှမ်းကြည့်လိုက်တော့ အရမ်းဝတဲ့ မိန်းကလေးတစ်ယောက် ကျွန်မလိုပဲမိုးပြာရောင်အင်္ကျီကိုဝတ် ထား ပြီး ကိတ်မုန့် ကိုသာငုံ့စားနေတာကိုတွေ့ရပါတယ်။
အဲဒီတော့မှကျွန်မသဘောပေါက်သွားပါတယ်။ အစားအသောက် ကြိုက်နှစ်သက်ပုံရတဲ့ ၀တုတ်နေတဲ့မိန်းကလေးကို သူနဲ့ သူ့သူငယ်ချင်းတွေက ကျွန်မ လို့ထင်သွားပြီး လာမတွေ့တော့ဘဲ လှည့်ပြန်မလို့ကိုး။ ကျွန်မလည်းသူတို့ကိုဆက်ထိုင်ကြည့်နေတုန်းမှာပဲ သူတို့ပြန်သွားကြပါတယ်။
ကျွန်မရင်ထဲမှာဝမ်းနည်းခြင်း၊ ရှက်ရွံ့ခြင်း ၊ နောင်တရခြင်း စတဲ့ ခံစားချက် ပေါင်း များစွာနဲ့ ပြည့်လာပြီး မျက်ရည်တွေအလိုလိုစီးကျလာပါတယ်။ တကယ်လို့ သူ့ကိုအားပေးနေတဲ့ပရိသတ်တစ်ယောက်ဟာ ၀တုတ်ကြီးဖြစ်နေရင်ရော သူက ဘာလို့မတွေ့ဘဲနေရမှာလဲ။ သူ့ကိုဖြူစင်ရိုးသားစွာ သူ့အနုပညာကို
နှစ်သက် မြတ်နိုး စွာ အားပေးနေတဲ့ပရိသတ်ဟာ လှမှပဲ သူက တွေ့တော့မှာလား။ ကျွန်မ သူ့ကိုအထင်ကြီးမိခဲ့တာတွေ ၊ သူနာမည် မကြီးခင်
ကတည်းက အားပေးနေခဲ့မိတာတွေ အားလုံးကို ဒီနေ့တစ်ရက်တည်းမှာပဲ သူတုံ့ပြန်သွားခဲ့တာပါလားလေ။
အဲလက်စ် ၏ ၁၉၉၆ သီချင်းကို ပြန်လည်ခံစားရေးဖွဲ့ပါသည်။

ကျွန်တော် မပိုင်ဆိုင်သောအရာ
ကျွန်တော် ဟာ ငွေကြေးများစွာ ကိုပိုင်ဆိုင်လိုတဲ့အတွက် ကြိုးစား
ရှာဖွေခဲ့တယ်။ နောက်ကျမှသိရတာက ငွေကြေး ပိုက်ဆံတွေ ကို ကျွန်တော်
ကပိုင်ဆိုင်တာ မဟုတ်ဘဲ ငွေတွေက သာ ကျွန်တော့် ကို ပိုင်ဆိုင် သွားကြ တယ်
ဆိုတာပါပဲ ။ ပန်းပွင့်လေး လိုနူးညံ့တဲ့အသွင်အပြင်လေး နဲ့
သူမကိုပိုင်ဆိုင်ဖို့
ကြိုး စားတော့
“ ရှင် ...ကျွန်မ ကို ပိုင်ဆိုင်ဖို့ ဘယ်တော့မှ မကြိုးစားပါနဲ့။ ရှင့်ကိုရှင်တောင် မပိုင်တာ။ ကျွန်မ လည်း ကျွန်မ ကို ကျွန်မ မပိုင်ဘူး။ ဘယ်အရာကို မှ ကျွန်မ တို့တွေ မပိုင်ဆိုင်ဘူး။ ပိုင်ဆိုင်ချင်လိုစိတ်ပြင်းပြနေမယ် ဆိုရင် ရှင် မှားသွားမယ်”
လို့ ချယ်ရီသွေးရောင် နှုတ်ခမ်းလေးက ပြောစကားတွေဟာ မိုးချုန်းသံလိုပါပဲ ။
သူမလေးရဲ့ တယောသံ ကိုပိုင်ဆိုင်ဖို့ကြိုးစားတော့လည်း သူမ ဖန်တီးတဲ့ ဂီတ တယောသံကသာ ကျွန်တော့်ကို ပိုင်ဆိုင်သွားပြန်ပါတယ်။ သူမ ရဲ့ ကဗျာ တွေကို ပိုင်ဆိုင်လိုတော့လည်း သူမ ကဗျာရေးထားတဲ့ စာရွက် စက္ကူ တွေကိုသာ နောက်ဆုံး ကျွန်တော်ပိုင်ဆိုင်ခဲ့ပြီး သူမရင်ထဲ က ကဗျာ ကိုတော့ ပိုင်ဆိုင်ခွင့်မရခဲ့ပါဘူး။ သူမ ရဲ့ ပုံတူ တစ်ခုလောက်တော့ အနည်းဆုံး ပိုင်ဆိုင်လိုစိတ်နဲ့ ကျွန်တော့် နှလုံးသားဖလင်ကော်ပြားထက်မှာ အမြဲ စွဲထင် နေတဲ့ သူမ ရဲ့ ရုပ်ပုံလွှာလေးကို ပန်းချီ ဆွဲမိပြန်တော့ ပန်းပွင့်လေး လို နူးညံ့တဲ့ သူမ ရဲ့ ရုပ်ပုံကို မရရှိဘဲ ဘီဘူးမ တစ်ကောင်ရဲ့ ပုံသာ ဖြစ်နေပါတယ်။
ကျွန်တော် ဘာလုပ်ရမှာလဲ။ သူမ ကိုပိုင်ဆိုင်ဖို့ ငွေကြေး ဘယ်လောက်ပေး ရမလဲ။ သူမ ရဲ့ တယောသံတွေကို ပိုင်ဆိုင်ဖို့ ဘယ်လိုငွေကြေးမျိုးပေးရမလဲ။ ယူအက်စ်ဒေါ်လာ လား။ ပေါင်စတာလင် လား။ ဖရန့် ငွေလား။ ယူရို လား။ သူမ ရဲ့ ကဗျာတွေကို ပိုင်ဆိုင်ဖို့ ရွှေဘယ်လောက်သား နဲ့ လဲလှယ်ပေးရမလဲ။ တစ်ခုခု ကိုပိုင်ဆိုင်ဖို့ တစ်ခုခု ကိုစွန့်လွှတ်ရမယ် ဆိုတဲ့ သူငယ်ချင်း တစ်ယောက် ရဲ့ အဆိုအတိုင်းဆိုရင် ကျွန်တော် သူမ ကို ပိုင်ဆိုင်ဖို့ ဘာတွေကို စွန့်လွှတ် ရမလဲ။ သူမ ကိုသာ ပိုင်ဆိုင်ရမည်ဆို လျှင် ဘယ်အရာမဆို ကျွန်တော် စွန့်လွှတ်လိုက်နိုင်သည်။ ကျွန်တော့် ရဲ့ ကြွယ်ဝချမ်းသာမှုတွေကိုလား။ နာမည်ကျော်ကြားမှု ကိုလား။ အရာအားလုံးကို စွန့်လွှတ်ဖို့ အဆင်သင့်ပင်ဖြစ် သည်။
စစ်နှင့်ငြိမ်းချမ်းရေး စာအုပ်ကိုရေးသားခဲ့သည့် ရုရှ စာရေးဆရာ လီယိုတော်စတွိုင်း ကတော့ အမှန်တရား အတွက် သူပိုင်ဆိုင်တဲ့ အရာ မှန်သမျှ ကို စွန့်လွှတ်ကာ ဆင်းရဲသား တစ်ယောက်ရဲ့ ဘဝ မျိုးဖြင့် ဘူတာရုံလေးထဲမှာ အဆုတ်အအေးမိရောဂါ ဖြင့် ကွယ်လွန်သွားခဲ့သည်။ ကျွန်တော်ကရော ကျွန်တော့်ရဲ့ အမှန်တရားဖြစ်တဲ့ သူမ အတွက် ဘာကိုစွန့်လွှတ်ပေးရမည်လဲ။ တကယ်လို့ ဘာကိုမဆို ကျွန်တော်စွန့်လွှတ်မည် ဆိုလျှင်တောင် သူမကို ပိုင်ဆိုင် ခွင့်ရဖို့ မသေချာလှပါ။
သူမ သည်နားလည်ရခက်သော မိန်းမတစ်ယောက်ဖြစ်နေခြင်းက ကျွန်တော့် စိတ်တွေကို ပိုမိုရှုပ်ထွေးစေသည်။ သူမ ကတော့ ပန်းပွင့်လေးတွေနဲ့ စာအုပ်တွေ အကြားမှာသာပျော်မွေ့နေတတ်သူ ဖြစ်ပြီး
“ကျွန်မ က စာအုပ်တွေကို ပိုင်ဆိုင်လိုလို့ စာအုပ်တွေကိုဝယ်ခဲ့တယ်။ နောက်တော့ စာအုပ်တွေက သာ ကျွန်မ ကို ပိုင်ဆိုင်သွားကြတယ်။ ကျွန်မ
ရဲ့အချိန်တွေကို လည်း သူတို့ ပိုင်ဆိုင်သွားကြတယ်”
လို့ ပြောတုန်းက သူမ ရူးများရူးသွားပြီလားလို့ တောင်ထင်ခဲ့မိရသည်။
တကယ်ပါပဲ သူမ ကိုပိုင်ဆိုင်တဲ့စာအုပ်တွေကို ကျွန်တော်အလွန်မနာလို မုန်းတီးမိသည်။ သူမ ချစ်သော ပန်းပွင့်တွေကိုမုန်းသည်။ သူမ ဘယ်ဘက် ပါးလေးဖြင့်ညှပ်ထားကာ မျက်လုံးလေးမှေးစင်း ပြီး တီးတတ်သော သူမရဲ့ တယောလေး ကိုမုန်းသည်။ သူမ ရဲ့ နူးညံ့တဲ့ ပါးလေးကို ထိတွေ့ခွင့်ရနေသော ထိုတယော ကို ကျွန်တော်အမုန်းဆုံးဖြစ်သည်။ သူမ မကြာခဏ သွားရောက် လည်ပတ်လေ့ရှိသော မိဘ မဲ့ဂေဟာ မှ ကလေးများကို ကျွန်တော်မုန်းသည်။ သူမ ချီပိုးတတ်သော ကလေးငယ်များသည် သူမ ကိုမြင်လျှင်ဝမ်းသာ ပျော်ရွှင် ်သွားကြသည်မှာ ကျွန်တော် သူမ ကို မြင်တွေ့လျှင်ဝမ်းသာ သွားသလို မျိုး မို့ ထိုကလေး များကို ကျွန်တော် မုန်းသည်။ ကျွန်တော်မုန်းသမျှအရာ အားလုံးကို သူမ က ချစ်နေသည်မှာ ဘယ်လို ကံကြမ္မာ မှန်းမသိပါ။
ကျွန်တော်ကရော ကမ္ဘာပေါ်တွင် မိန်းမလှပေါင်းများစွာရှိနေသည်ကို သူမ လိုမျိုးထူးထူးခြားခြားမလှပသည့် မိန်းမ တစ်ယောက်ကို ဘာလို့ ပိုင်ဆိုင် နေချင် မှန်းမသိပါ။ ကျွန်တော့် ကြွယ်ဝ မှု များနှင့်ဆိုလျှင် မယ်စကြဝဋ္ဌာ ကိုပင်ဝယ် လို့ရသည်ပဲ။ ကမ္ဘာပေါ်ရှိအလှပဂေးများ ကြိုက်ရာ ကိုရွေးဝယ်နိုင်လောက် သည်ပဲ။ သူမလိုမျိုး သာမန်ရုပ်ရည် နဲ့ မိန်းမတစ်ယောက် ကိုကျွန်တော်ဘာလို့ မပိုင်ဆိုင်နိုင်ရတာလဲ။ သူမ ကိုဗြောင်ပင်ဖွင့်မေးမှဖြစ်တော့မည် ဟု ဆုံးဖြတ်ခဲ့ သည်။
“ မင်းကို ကိုယ်ပိုင်ဆိုင်ချင်တယ်။ ဘယ်လိုအရာမျိုးနဲ့ မင်းကိုလဲလှယ်ယူရမှာလဲ။ မင်း ပြောပါ။ မင်းကို ပိုင်ဆိုင်ဖို့ဆိုရင် အရာအားလုံးနဲ့လဲလှယ်မယ်”
ဆိုတဲ့ ကျွန်တော့်စကားအဆုံးမှာ သူမက ကျွန်တော့်ကို နူးညံ့တဲ့
မျက်ဝန်းတွေနဲ့ သနားသလိုကြည့်ပြီး
“ ကျွန်မ အကြိမ်ပေါင်းများစွာပြောခဲ့ပြီးပါပြီ။ ကျွန်မ ကို ပိုင်ဆိုင်ဖို့ဘယ်တော့မှမကြိုးစားပါနဲ့။ ဘယ်တော့မှ ပိုင်ဆိုင်မှာ မဟုတ်ဘူး လို့ ။ ဘာလို့ မိုက်မဲနေချင်သေးတာလဲ။ အချိန်ကုန်မခံပါနဲ့”
လို့ သူမ ပြောနေကျစကားတွေကိုပဲ ထပ်ပြောပါတယ်။
“အိုကွာ.....ကိုယ်ဆက်သည်းမခံနိုင်တော့ဘူး။ နောက်ဆုံးပြောမယ်။ မင်းကို ကိုယ်ပိုင်ဆိုင်ချင်တယ်။ မင်းကို မှ ပိုင်ဆိုင်ခွင့်မရှိဘူး ဆိုရင် ခုလက်ရှိကိုယ့်ဘဝ ကိုလည်း ကိုယ်မပိုင်ဆိုင်တော့ဘူး။ ကိုယ် ခုဘဝ ကို အဆုံးသတ်မယ်။ မင်း...ပြောပါ။ မင်းကိုရဖို့ ကိုယ်ဘာနဲ့လဲရမလဲ”
သူမ သက်ပြင်းခိုးရှိုက်လိုက်တာ မြင်ပါတယ်။ ပြီးတော့မှ ကျွန်တော့်မျက်လုံးတွေထဲ တည့်တည့်စိုက်ကြည့်ပြီး
“ကျွန်မ ကို ရဖို့ ဘာပေးရမလဲ ဆိုတော့ ကျွန်မ လိုချင်တဲ့အရာ ရှင့်ဆီမှာ မရှိပါဘူး။ ကျွန်မ ကိုပိုင်ဆိုင်ဖို့ လဲလှယ်နိုင်တဲ့အရာ ရှင့်မှာ မရှိပါဘူး”
ကျွန်တော်အံ့သြသွားတယ်။ ကျွန်တော့်မှာ မရှိတဲ့အရာ ဘာများရှိသေးလို့လဲ။ နောက်ဆုံးပေါ်ဆိုတဲ့အရာများ ကျွန်တော် အကုန်ဝယ်ထားပြီးပြီ။ သူမ ကိုပေးဖို့ရည်ရွယ်ပြီး သန်းပေါင်းများစွာတန်တဲ့ စိန်လက်စွပ် ကိုလည်းဝယ် ထားပြီးပြီ။ သူမ ကတော့ ကျွန်တော့်ထံမှ ဘာလက်ဆောင်ကိုမှ လက်မခံခဲ့တာ ခုထိ ဘာမှပေးလို့မရပါဘူး။ ခုတော့ သူမ လိုချင်တဲ့အရာက ကျွန်တော့်ဆီမှာ မရှိဘူးတဲ့လား။ကျွန်တော် အနည်းစိတ်လောသွားပြီး
“ပြောစမ်းပါ။ ဘာလဲ။ ဘာက ကိုယ့်ဆီမှာမရှိလို့ မင်းကို ကိုယ်မပိုင်ဆိုင်နိုင်ရမှာလဲ”
လို့ အလောတကြီးမေးတော့သူမ က အေးအေးဆေးဆေးလေးပဲ ပြန်ပြောပါတယ်။
“ရိုးသားမှု" တဲ့။
ဟနစံ
၂၀၀၆၊ ဇွန်

ကြေမွသွားသော လေဟာနယ်တစ်ခုအကြောင်း
"ဘာဖြစ်ကြတာလဲ...နှင်းသက်"
ရုံးခန်းထဲရောက်သည်နှင့် မေးလိုက်သော ကြည်ပြာ့ကိုနှင်းက ခေါင်းရမ်းပြလိုက်သည်။
"နားကို မလည်တော့ပါဘူးဟာ။ ဘာတွေမှန်းကို မသိဘူး"
မျက်နှာလေးကို ရှု့ံ့မဲ့ရင်း မသက်မသာဟန်လေးဖြင့် နှင်းသက်သက်ဆွေက
ညည်းပြောလေး ဆိုလိုက်သည်။
"ဘယ်ကနေ စဖြစ်ကြတာလဲ"
ထိုင်ခုံမှာ ဝင်ထိုင်လိုက်ရင်း ကြည်ပြာ မေးသည်။
"မသိဘူးဟာ။ နင်တို့ သိတဲ့အတိုင်းပဲ သူရအောင် ငါ့ကို အမြဲပဲ ရန်လိုနေတာ။
ဘာကြောင့်မှန်းကို ငါလည်း မသိတာ။ တကယ်ဆို ယောကျ်ားလေးနဲ့
မိန်းကလေး...ဘာမှလည်း မဆိုင်ဘဲနဲ့။ ခုက မိန်းမချင်း လိုက်ပြောနေသလိုကို
လိုက်ပြောနေတာ ငါလည်း သည်းခံနေတာ ကြာပြီ။ ဘာမှကို ပြန်မပြောတာ။
အချိန်ကုန်လို့။ အဲဒါကို သူ့ဟာသူ ဘာထပေါက်သလဲ မသိဘူး။ ငါ့ကို ကင်တင်းမှာ
အော်ကြီးဟစ်ကျယ် ရန်တွွေ့တာ...ငါလည်း နားကို မလည်ဘူး။ မနာလိုလို့
ဆိုရင်လည်းဟာ သူနဲ့ ငါနဲ့က ဋ္ဌာနချင်းလည်းမတူ၊ ရာထူးချင်းလည်းမတူ၊
ဘာမှလည်းမဆိုင်ဘဲနဲ့။ပြီးတော့ မိန်းမတစ်ယောက်ကို ယောကျ်ားတစ်ယောက်က
မနာလိုဖြစ်တယ်လို့ ပြောဖို့ကလည်း ခပ်ခက်ခက်ရယ်။ တကယ်ဆို ငါကသာ သူတို
့ယောကျ်ားလေးတွေကို မနာလိုဖြစ်ရဦးမှာ။ သူတို့မှာ
သင်္ကန်းစည်းခွင့်ရှိတယ်လေ"
"အင်းးးးး"
ကြည်ပြာက သက်ပြင်းချလိုက်သည်။
"လူတွေရဲ့ သူတို့ စိတ်ထဲ ဘာရှိတယ်ဆိုတာ ကိုယ်တွေမှ မသိနိုင်တာပဲလေဟာ"
ကြည်ပြာ့စကားကို နှင်းသက်သက်ဆွေက ခေါင်းညိတ်က ထောက်ခံလိုက်လေသည်။
"ဘာမှ အကျိုးမရှိမယ့် အကြောင်းတွေနဲ့ အချိန်ကုန် စိတ်ရှုပ်မခံပါနဲ့ဟာ။
ဒီဟာစိတ်ထဲရောက်လာတယ်ဆိုတာနဲ့တင် မတန်တော့ပါဘူး။ ကိုယ့် စိတ်အတွက်
ကိုယ့်မှာပဲတာဝန်ရှိတာ။သူကဒေါသနဲ့ ပြောလာတာကို ကိုယ်ကလည်း ပြန်တုံ့ပြန်နေမယ်ဆိုရင် ဇာတ်လမ်းက
ဆုံးတော့မှာကို မဟုတ်ဘူး" ဟု နှင်းသက်သက်ဆွေက ပြောလိုက်သည်။
"ဟဲ့ ...ေနဦး"
ကြည်ပြာက အလန့်တကြားဟန် ထပြောလေတော့
"ဘာလဲ" ဟု နှင်းသက်သက်ဆွေက မေးလိုက်သည်။
"ဟိုလေဟာ...ရုပ်ရှင်တွေ၊ဗွီဒီယိ
ုတွေထဲကလို ရန်ဖြစ်၊ ဘုဘောက်ကျ နောက်တော့
ချစ်သွားကြ ၊ အဲဒီလိုမျိုး လုပ်ချင်တာများလား။ နင်ကလည်း မာနကြီးကြီး၊
ခပ်ခက်ခက် မိန်းမလို့ နာမည်ကလည်း ကြီးနေတော့ နင့်လို မိန်းမမျိုးကို
ဒီတိုင်း ချင်းကပ်ဖို့ထက် အဲလို ရန်ဖြစ်ပြီး နင့်စိတ်ကို ဆွ၊ နင်က
စိတ်ဆိုးဒေါသဖြစ်ပြီး သူ့အကြောင်းတွေး၊ အဲ့နောက် နင့်စိတ်ထဲကို သူကရောက်၊
နောက်တော့ အဆင်ပြေ ချစ်သွားကြ...အဲလိုများ ဇာတ်လမ်းဆင်တာလား"
ကြည်ပြာ့ အပြောကို နှင်းသက်သက်ဆွေက
"သေလိုက်...သေလိုက်။ ဟုတ်နေဦးမယ်။ ကလေးအထာတွေနဲ့ ဒီအရွယ်ကြီးတွေနဲ့"
စိတ်ဆိုးဟန်လေးပြောတော့ ကြည်ပြာ ရယ်လေတော့သည်။
တကယ်တော့ ကြည်ပြာ နောက်ပြောင်ပြောမှန်း နှင်းသက်သက်ဆွေလည်း သိပါသည်။
ထိုစဉ် စားပွဲပေါ်မှ ရုံးဖုန်းမြည်လာသဖြင့် နှင်းသက်သက်ဆွေက ဖုန်းကိုင်လိုက်လေသည်။
"ဟယ်လို...သုတေသနဋ္ဌာနက နှင်းသက် ပြောနေပါတယ်
....အင်း...ထွက်လာလိုက်မယ်...
ခဏစောင့်လေ။ ဒီမှာ ကြည်ပြာရောက်နေတယ်။ သူနဲ့
၂ ယောက် ထွက်လာလိုက်မယ်...အိုကေနော်...
see you"
ဖုန်းချလိုက်သော နှင်းသက်သက်ဆွေကို ကြည်ပြာက
"ကိုမင်းဇော် မဟုတ်လား" ဟုမေးလေသည်။
"ဟုတ်တယ်။ field trip အတွက် ဘတ်ဂျက်ဆွေးနွေးဖို့ ခေါ်တာ။ သူ့ရုံးခန်း
မလာခိုင်းဘဲ ကင်တင်းမှာပဲ စားရင်းသောက်ရင်း ပြောကြမယ်တဲ့။ နင်လည်း
လိုက်ခဲ့လေ"
"နေပါဟာ။ ငါတို့ ဋ္ဌာနနဲ့မှ မဆိုင်တဲ့ ကိစ္စ။ ငါ့ဘာသာငါ ငါ့ရုံးခန်း
ငါပြန်ပါတော့မယ်။ နင်တို့ နှစ်ယောက်သာ လွတ်လွတ်လပ်လပ်
ဆွေးနွေးတိုင်ပင်ကြပါ။ ငါပါလို့ အနှောင့်အယှက်ဖြစ်ပြီး
ကိုမင်းဇော်ခမျာပြောချင်တဲ့စကား
တွေ မပြောရဘဲ ဖြစ်နေပါဦးမယ်"
ပြောင်စပ်စပ်နှင့် ကြည်ပြာက ဆိုတော့ နှင်းသက် နှှုတ်ခမ်းစူလေပြီ။
"ေသလိုက္ပါလား...ဘာမွ မဟုတ္ပါဘူးဆို"
"ဟားဟား...ပြောတာပဲ"
..........................................................................
ကင်တင်းတွင် ထိုင်ကာ ခရီးစဉ်နှင့်
ကုန်ကျစရိတ်ကိုခန့်မှန်းတွက်ချ
က်နေကြသော ကိုမင်းဇော်နှင့်
နှင်းသက်သက်ဆွေကို အခြားသူများက ကွက်ကြည့် ကွက်ကြည့်နှင့်။
အသားဖြူဖြူ အရပ်မြင့်မြင့်နှင့် သွယ်သည့် ကိုမင်းဇော်သည် အဆီပိုမရှိသော ကိုယ်ခန္ဓာ
နှင့် လိုက်ဖက်အောင် ဝတ်စားဆင်ယင်တတ်လွန်းသည်။ ရှပ်အဝါနု၊ အစိမ်းနု၊
အပြာနု၊ခရမ်းနုလေးများကို
အင်္ကျ ီနှင့်လိုက်ဖက်သော ဆိပ်ခွန်ပုဆိုး အရောင်ရင့်လေးများနှင့် တွဲဝတ်ကာ
ကြည့်ကောင်းလွန်းလှသည်။ ကတ္တီပါဖိနပ်အနက်ရောင်နှင့် သန့်စင်သော
ခြေထောက်၊ခြေသည်းများမှာ သတိပြုမိစရာပင်။
သူတို့နှစ်ယောက် တွဲမိကြတယ်ဟု ရုံးအသိုင်းအဝိုင်းက
စကားတင်းများထွက်လာသော်လည်း တကယ်တမ်းတွင်မူတော့ အလုပ်ချိန်တွင်သာ
အလုပ်နှင့် ပတ်သက်၍ ပြောဆို ဆက်ဆံရုံလောက်သာပင်။
အသက် ၃၀ စွန်းလာလျှင် အပျိုကြီးဟု တံဆိပ်ကပ်ခံရပြီး ပြောဆို ဆက်ဆံသမျှ
ယောကျ်ားများနှင့် သမုတ်ခံရလေသည်လား မသိပါ။ နှစ်ဖက်မိဘများက
ကြည်ဖြူထားကြသော ချစ်သူမောင်သည် အနေအထိုင် ကျစ်လျစ်ကာ
မဏ္ဍပ်တိုင်တက်ပြတတ်သော လူစားမျိုး မဟုတ်။ နှင်းသက်သက်ဆွေ ကိုယ်တိုင်ကလည်း
အလုပ်နှင့် အချစ် ရောထွေးခြင်းမရှိဘဲ တစ်ကဏ္ဍစီ သီးခြားရှိနေခြင်းကြောင့်
အလုပ်တွင် တိကျပြတ်သားကာ အလုပ်ထဲတွင်သာ စိတ်အာရုံရှိနေသည်။
တစ်ဦးနှင့်တစ်ဦး အကြောင်းအရာ အသေးအဖွဲလေးတွေက စလို့ မနာလို
သဝန်တိုနေစရာလည်း အကြောင်းမရှိ။ ဘယ်သွားနေလဲ ၊ ဘာလုပ်နေလဲဟု ဖုန်းဆက်
စစ်မေးနေစရာလည်းမလိုလောက်အောင် တစ်ယောက်နှင့်တစ်ယောက်က ယုံကြည်မှုများ
လွန်ကဲနေကြပြန်သည်။ အလုပ်နှင့် လူမှုရေး၊ ကိုယ်ရေးကိုယ်တာကို သီးသန့်စီ
ခွဲထားနိုင်သော မောင်နှင့် နှင်းသက်မှာ တစ်ဦးနှင့်တစ်ဦး
စိတ်မချစရာအကြောင်းက မရှိ။ လှိူ့ဝှက်သည်မဟုတ်သော်လည်း မမေးလျှင်
ကိုယ်ရေးကိုယ်တာများကို မပြောတတ်သော၊ အလုပ်ကိစ္စမှလွဲ၍ တခြားစကားများ
ပြောလေ့ မရှိတာလည်း နှင်းသက်သက်ဆွေ၏အကျင့်။
"ဟိတ်...ပြောနေတာ ကြားလား။ဘာတွေ တွေးနေတာလဲ"
ကိုမင်းဇော်၏ အသံကြောင့် နှင်းသက်သက်ဆွေ အတွေးလွန်မိသွားရာမှ သတိပြန်ဝင်လာရသည်။
"အဲ...sorry ...ဘာပြောလိုက်တာလဲဟင်"
"ကဲ...ကြည့် ...ဒီကောင်မလေးကတော့ ရည်းစားအကြောင်းတွေးနေတာနဲ့တူ
တယ္"
"အာ...ဟုတ်နေလို့ ဘာပြန်ပြောရမှန်းတောင် မသိဘူး"
"ဟားဟား"
နှင်းသက်သက်ဆွေ၏ စကားကို ကိုမင်းဇော်က ရယ်လေတော့ အတူတူရောရယ်မိလေသည်။
ကာင်း
တစိမ်းယောကျ်ားများနှင့် အကျွမ်းတဝင် မနေတတ်သည့် နှင်းသက်သက်ဆွေမှာ
ရုံးတွင်တော့ အမြဲပတ်သက်နေရသော ကိုမင်းဇော်နှင့် ရင်းနှီးလှပါသည်။
ကိုမင်းဇော်၏ ကိုယ်ကျင့်တရားကို ယုံကြည်၍လည်း ဖြစ်သည်။ လုပ်ငန်းကိစ္စများ
အတူတူ ညှိနှိုင်းတတ်ရခြင်းကြောင့်လည်း အခြားဝန်ထမ်းများထက် ပိုလို့
ရင်းနှီးခင်မင်နေမိသည်။ ဒါကိုပင် ကြည်ပြာက နောက်ပြောင်နေတတ်သေးသည်။
...............................................................
"နင်နဲ့ ကိုမင်းဇော်က ဘယ်လိုလဲ"
ကြည်ပြာ့အမေးကို နှင်းသက်သက်ဆွေက
"ဘယ်လိုမှ မဟုတ်ဘူး" ဟုဖြေလေသည်။
"နင်ကသာ မဟုတ်တာ။ နင်တို့နှစ်ယောက် ဟုတ်တယ်လို့ ငါတို့ ဋ္ဌာနဘက်မှာလည်း
ပြောနေသံတွေ ကြားနေရတယ်"
"ဘုရားရေ...မိန်းမတစ်ယောက်နဲ့ ယောကျ်ားတစ်ယောက် ခင်မင်လို့ကို မရတော့တဲ့
လောကကြီးလား"
နှင်းသက်သက်ဆွေက အံ့အားသင့်ကာ စိတ်ပျက်လက်ပျက်ဖြင့် ပြောလေသည်။
"ဒါတော့ ငါလည်း မသိဘူး။ နင့်မှာ ကိုကျော်ထက် ရှိနေတာ ကိုမင်းဇော်နဲ့
နာမည်မထွက်သင့်ဘူး။ ကိုကျော်ထက် သိရင် ပြဿနာတက်မှာစိုးတယ်"
ကြည်ပြာက စိုးရိမ်ဟန်ဖြင့်ပြောလေသည်။
"စိတ်ချပါ။ မောင်က အဲဒီလိုလူစားမျိုး မဟုတ်ပါဘူး။ ခုဟာက ဘာမှ မဟုတ်တဲ့
ကိစ္စကိုဟာ...မောင်က ဘာဖြစ်ရမှာလဲ။ တကယ် ဖြစ်နေတယ်ဆိုရင်တောင် မောင်ကလေ
အင်မတန် လူကြီးလူကောင်းဆန်တာ။ မောင့်အကြောင်း ငါအသိဆုံးပေါ့။ မောင်
ပြဿနာတစ်ခုကို ဘယ်လို ကိုင်တွယ်ဖြေရှင်းတတ်တယ်ဆိုတာက
မောင့်အရည်အချင်းတွေကို ငါ အသိဆုံး"
"ဟုတ်ပါပြီ။ ငါးချဉ်ကလည်း ချဉ်လိုက်တာနော်။ ငါက စိတ်ပူလို့ သတိပေးတာပါ။
မှားပါတယ်...ငါကလည်း ဒင်းအကွက်ထဲကို ဝင်မိသွားတယ်။
နားကြားပြင်းကတ်လိုက်တာနော်"
မျက်နှာရှုံ့မဲ့ကာ ဆလံပေးသည့် ပုံစံလေးနှင့်ပြောသော ကြည်ပြာ့ပုံစံလေးက
ချစ်စရာကောင်းလွန်းလှ၍ နှင်းသက်သက်ဆွေ သဘောကျ ရယ်မောမိလေသည်။
.........................................................
"ဘယ်လိုဖြစ်တာလဲ မသိဘူး။ လူတွေက ရူးကုန်ကြတာလား။ငါပဲ ရူးနေတာလား"
နှင်းသက်သက်ဆွေ၏စကားကို ကြည်ပြာက ပခုံးတွန့် ရယ်ဟန်ပြုရင်း
"နင် ရူးနေတာပဲ ဖြစ်မှာပါ" ဟုဆိုလေသည်။
"စနေနေ့က ငွေစာရင်းဋ္ဌာနက စုလေးသက် မင်္ဂလာဆောင်ကို ငါသွားတာ ဘယ့်နှယ်ဟာ
လူတွေက ငါ့ကို ကိုမင်းဇော် မပါဘူးလားတဲ့။ ငါက အူကြောင်ကြောင်နဲ့...။
ရှင်...မပါဘူးလို့ ပြောလိုက်မိတယ်။ တကယ်ဆို ငွေစာရင်းဋ္ဌာနက ကိုမင်းဇော်ကို
ငွေစာရင်းဋ္ဌာနက လူတွေက ပိုသိရမှာပေ့ါ။ ဘယ့်နှယ် ငါ့ကို လာမေးတာလဲ။
ကိုမင်းဇော်ကြီး မပါဘူးလား။ ဘာလို့ ကိုမင်းဇော် မလာတာလဲ တဲ့။တစ်ယောက်လည်း
မဟုတ်...နှစ်ယောက်လည်း မဟုတ်တော့ ငါလည်း ပေါက်လာရော။
ကိုမင်းဇော်မပါဘူးလားလို့ မေးတဲ့ ၄
ယောက်မြောက်လူ...ဦးထွန်းဝင်းြ
ကီးထင်တယ်...သူ့ကိုငါ ပြောထည့်လိုက်ရော။
သူ့အိမ်သွားမေးကြည့်ပါလားရှင်...ကျွန်မက ဘယ်လိုလုပ် သိမှာတုံးလို့"
"ဟားဟား...နင့်ပုံကို ငါတော့ မြင်ယောင်သေးတယ်။ ငါ အဲဒီ မင်္ဂလာဆောင်
မလာလို့တော်သေးတယ်။တော်ကြာနေ နင့်ဒေါသမျက်နှာကို ငါ စချင်တာနဲ့ ငါပါ
နင့်ကို ကိုမင်းဇော် ဘာလို့ မလာတာလဲ ...မအားဘူးလားဆို
မေးမိဦးမှာ...ဟားဟား"
တဟားဟားအော်ရယ်နေသည့် ကြည်ပြာ့ကို နှင်းသက်သက်ဆွေက မျက်စောင်းထိုးလိုက်လေသည်။
.............................................................
"ဟဲ့...နှင်းသက်....ငါသိခဲ့ပြီ"
"ဘာတုံးဟ"
တနင်္ဂနွေတစ်ရက်တွင် နှင်းသက်သက်ဆွေ၏ အိမ်သို့ ဆိုင်းမဆင့် ဗုံမဆင့်
ရောက်လာသော ကြည်ပြာက အရင်းမရှိ၊ အဖျားမရှိ စကားကို ဆိုလေသည်။
"ငွေစာရင်းဋ္ဌာနက လူတွေက နင်နဲ့ ကိုမင်းဇော်နဲ့ကို
သေချာပေါက်ကိုပြောနေကြတာ။ ဘယ်လိုဖြစ်တာလဲလို့ ငါလည်း မသင်္ကာတာနဲ့
ဟိုလူ့မေး၊ ဒီလူ့မေးပေ့ါဟာ...စုံစမ်းတီးခေါ
က်ကြည့်တော့ ကိုမင်းဇော်ရဲ့
ရုံးကား ဒရိုင်ဘာကလည်း ဆရာ့အမျိုးသမီးဆိုပြီး ပြောနေတာတဲ့..နင့်ကိုလေ"
"ဗုဒ္ဓေါ"
ကြည်ပြာ့စကားကို နှင်းသက်သက်ဆွေ အံ့အားသင့်ကာ ဘုရားတ မိလေသည်။
"ဘာဖြစ်လို့ အဲဒီလို ပြောရတာလဲ မသိဘူး။ ကိုမင်းဇော်ကရော...အဲဒါတွေ
မသိဘူးလား မသိဘူး။ သူ မသိဘူး ထင်ပါတယ်လေ..."
"အင်း...ငါလည်း မသိတော့ဘူး" ဟု ကြည်ပြာက ဆိုလေသည်။
"ကိုမင်းဇော်က သူ့ဋ္ဌာနမှာ မန်နေဂျာပဲဟာ။ သူ့အောက်ကလူတွေ
ပြောဆိုနေတာတွေကို သူကတော့ မသိလောက်ဘူး ထင်တာပဲ" ဟုတစ်ဆက်တည်းပြောလေသည်။
"ထားလိုက်ပါဟာ။ အလကား သူများပြောတဲ့ အတင်းစကားတွေနဲ့ အချိန်ကုန်ခံ
မနေပါနဲ့။ စိတ်ညစ်စရာ"
နှင်းသက်သက်ဆွေ၏ စကားကို ကြည်ပြာက ခေါင်းညိတ်ကာ ထောက်ခံလိုက်ရင်း
"ကဲ..ထ..အမှတ်တရမှာ ရှမ်းခေါက်ဆွဲ သွားစားကြမယ်" ဟုဆိုလေသည်။
"အကောင်းဆုံး အစီအစဉ်ပဲ" ဟု နှင်းသက်သက်ဆွေက ပြုံးရယ်မောကာ ပြောလိုက်သည်။
.................................................
"ဘာပြောတယ်...ကိုမင်းဇော်လား အဲဒီ မိန်းမကို ချစ်မှာ။ ဒီလောက်
စိတ်ညစ်စရာကောင်းလောက်အောင် တစ်စက်လေးမှာကို မလှတဲ့ မိန်းမကို"
ကင်တင်းမှာနေ့လည်စာ စားနေစဉ် တစ်ဘက်စားပွဲမှ သူရအောင်၏ အသံကို ကြားလိုက်မိရသည်။
"ေတာက္"
စိတ်ထဲမှသာ တောက်တစ်ချက်ခေါက်လိုက်မိသည်။ ဘယ်လိုလူလဲ။ မိန်းမတစ်ယောက်ကို
မှိုချိုး မျှစ်ချိုးပြောရဲလောက်အောင် သတ္တိကောင်းလွန်းနေတာ အံ့သြစရာ။
နှင်းသက်သက်ဆွေက မကြားဟန်ပြုကာ ထမင်းဆက်စားနေလိုက်သည်။
"ကိုမင်းဇော် အခြေအနေနဲ့ဗျာ...အချောအလှတွေကို
ပဲ ကြိုက်မှာပေ့ါ။ သူ့လို
ရွက်ကြမ်းရေကျိုအဆင့်တောင် မရှိတဲ့ ရုပ်ကို ကြိုက်မလား"
ဒီတစ်ခါတွင်တော့ နှင်းသက်သက်ဆွေက စိတ်မဆိုးမိတော့ပါ။
ရယ်ချင်စိတ်ပေါက်လာပြီး ရယ်အူပေါက်သလိုပဲ တခစ်ခစ်ရယ်တာ
ရပ်လို့ပင်မရတော့ချေ။ ပြဿနာမဖြစ်ချင်သူတွေကိုမှ
ပြဿနာလိုက်ရှာတတ်သူတွေကလည်း အများသား။
.......................................................
ဗိုလ်ချုပ်ဈေးတွင် ဈေးပတ်ကာ ဈေးဝယ်ပြီး မောလာသော နှင်းသက်သက်ဆွေက
ကားမောင်းကာ လိုက်ပို့ပေးသော ကိုကျော်ထက်ကို
"မောင်...နှင်း ဗိုက်ဆာပြီကွာ...ကော်ဖီသောက်ချ
င္တယ္"
"ဘယ်ကိုသွားမလဲ နှင်း"
အိမ်ရှိရာ မရမ်းကုန်းဘက်ကို ပြန်မည့်လမ်းတွင် ရှိမည့် ကော်ဖီဆိုင်ကို
အပြေးအလွှား စဉ်းစားလိုက်သည်။
"ခု နီးနီးနားနား ကော်ဖီဆိုင်ကိုပဲ ဝင်ကြတာပေ့ါ...နှင်းက
တအားဗိုက်ဆာနေပြီလား။ နှင်းဗိုက်ဆာတယ်ဆို မောင် ကြောက်တယ်နော်။ နှင်းက
ဗိုက်ဆာရင် အနားကလူကို ကိုက်စားမယ်လို့ အမြဲ ခြိမ်းခြောက်နေတာ။ မောင့်ကို
ကိုက်စားနေဦးမယ်"
"မောင်နော်..."
ကိုကျော်ထက် လက်မောင်းကို ထုလိုက်ရင်း နှင်းသက်သက်ဆွေက နွဲ့ကာ ဆိုလေသည်။
"ဒီဆိုင် တစ်ခါမှ မရောက်ဖူးဘူး" ဟု နှင်းသက်သက်ဆွေက ဆိုတော့
"မောင်လည်း တစ်ခါမှ မရောက်ဖူးဘူး။ ဒီနားက ဖြတ်သွားဖြတ်လာလုပ်ရင်တော့
တွေ့နေတယ်။တစ်ခါမှ လာမသောက်ဖူးတော့ နှင်းကလည်း ခု ဗိုက်ဆာနေတာနဲ့
အတော်ပဲပေ့ါ။ ဆိုင်ကိုလည်း ရောက်ဖူးသွားတာပေ့ါ"
နှင်းသက်သက်ဆွေက ကိုကျော်ထက် လက်မောင်းကို တွဲချိတ်ကာ ဆိုင်ထဲလှမ်းဝင်လိုက်သည်။
"အဲတော့်...ကိုမင်းဇော်"
ချောင်ကျကျ စားပွဲတစ်ခုမှာ ထိုင်နေသောကိုမင်းဇော်ကို နှင်းသက်သက်ဆွေ
လှမ်းမြင်လိုက်သည်။
ရင်းရင်းနှီးနှီးရှိသဖြင့် ခပ်လှမ်းလှမ်းမှပင် မှတ်မိနိုင်သည့်
ကိုမင်းဇော်အမူအယာမှာ တစ်မျိုးထူးခြားနေသလိုပင်။
ကိုမင်းဇော်နှင့်အတူထိုင်နေသော အမျိုးသားတစ်ဦးကိုလည်းမြင်ဖူး
သလို
ရှိသဖြင့်ဘယ်မှာ မြင်ဖူးတာပါလိမ့်ဟု စိတ်ထဲမှာ အပြေးအလွှား
ဦးနှောက်ကိုအလုပ်ပေးကာ စဉ်းစားမိလိုက်သည်။
"သူရအောင်...ဟုတ်တယ် ..သူရအောင်ပဲ"
သွားနှုတ်ဆက်မည်ဟု ကြံရွယ်ထားသည့် စိတ်ကူးမှာ သူရအောင် ဆိုသည့်လူကြောင့် ပျက်လေသည်။
ကိုမင်းဇော်နှင့် သူရအောင်ကတော့ သူတို့ကို မမြင်ပါချေ။
တစ်ယောက်လက်ကို တစ်ယောက်တွဲကာ ဆိုင်ထဲမှ ထွက်သွားကြသော ကိုမင်းဇော်နှင့်
သူရအောင်တို့သည် နှင်းသက်သက်ဆွေအဖို့ ထူးခြားနေလေတော့သည်။
............................................................
"ဘာ...အဲဒီ ကော်ဖီဆိုင် ဟုတ်လား။ အဲဒါ gay area လေ"
ကြည်ပြာ့စကားကြောင့် နှင်းသက်သက်ဆွေက အလန့်တကြားဖြစ်ရကာ
"ဘာတံုးဟ...gay area ဆိုတာ"
ဟုမေးလိုက်လေသည်။
ပြာတာ"
"ဟမ်...ဒါဆို ငါမြင်ခဲ့တဲ့ သူတို့ နှစ်ယောက်က...."
နှင်းသက်သက်ဆွေက စကားကို ဆက်မပြောနိုင်ဘဲ အံ့အားသင့်နေလေသည်။
"ငတုံးမ...ခံ ခံ။ နင် အသုံးချခံလိုက်ရတာပဲ။ နင် ဘယ်လို
အသုံးချခံလိုက်ရသလဲ နင်သိလား...မိနှင်းသက်ရေ"
ကြည်ပြာ့ ဒေါသစကားကို နှင်းသက်သက်ဆွေက ခေါင်းကို လက်နှစ်ဖက်ဖြင့် ညှပ်ကာ
စဉ်းစားရင်း
"အင်း...ငါ သိပြီ " ဟု ခပ်လေးလေး တစ်လုံးချင်းဆိုမိလေတော့သည်။
နှင်းသက်သက်ဆွေမှာ ဘာကိုအပြစ်တင်ရမှန်း မသိလောက်အောင်ပင် စိတ်ထဲမှာ
အံ့သြစိတ်တို့သာကြီးစိုးနေသည်။
ကိုမင်းဇော်ရယ် ဟုသာ ခပ်တိုးတိုးရေရွတ်မိရင်း သက်ပြင်းသာ မကြာခဏ ချမိလေတော့သည်.....။
(ဟနစံ)
၃.၇.၂၀၁၁

သင်္ကြန်၏ နောက်ဆုံး
အမေ့ချွေးမ ပျောက်လို့ရှာ တွေ့ပြီ ...တွေ့ပြီ...သူပဲ...သူပဲ”
ဟာ...
“တာ့တာ ...မမ ဘလက္ခ္အိန္ဂ်ယ္”
“~~ေရာဂါ~~ေရာဂါ~~”
.......... .......... ............ ............
“ဟုတ္ကဲ့...ေမေမ”
“တိုက်ကြီးပေါ်က အပျိုတွေ တို့ကိုလိုချင် ဒိုင်ဗင်ထိုးချ”
“အပျိုပိန်ပိန် ရေမစိမ်နဲ့ အီကြာကွေး အီကြာကွေး”
လည်ချောင်းတွေနာလောက်အောင်
ရေကစား မဏ္ဍပ်တစ်ခုရှေ့ရောက်တိုင်း အော်ရတာ အသံတွေပြာနေပေမယ့်
အနောက်ရန်ကင်းဘက် ရောက်လာတော့ တိုက်ဝရန်တာတွေကနေ ရပ်ကြည့်နေကြတဲ့
ရန်ကင်းသူလေးတွေကို မြင်ရတော့လည်း ရေပက်ခံကားပေါ်ကနေ မအော်ဘဲ၊ မနောက်ဘဲ
မနေနိုင်ပြန်။
“ဟေးးးး အဝါလေးကွ..အနီလေး ကိုကို့ချစ်ချစ် အနီလေး”
စက်မှု(၁)
လမ်းမပေါ်က ရေကစားမဏ္ဍပ်တစ်ခု ရှေ့နားအရောက် သူတို့တွေ ပိုပျော်သွားသည်။
နွေပိတောက်ဟု အမည်ပေးထားသော ထိုမဏ္ဍပ်တွင် မိန်းကလေးဦးရေသာ များသည်။
ရေပက်ခံကားတွေကို ကားတွေကို ထွက်တားသော ကောင်လေး ၂ ယောက်ကလွဲလို့
မဏ္ဍပ်တစ်ခုလုံး မိန်းကလေးတွေချည်း။
“ရန်ကင်းသူလေးတွေ ချောတယ် လှတယ် ပူအိုက်လှတဲ့ ဌာနေဝယ်”
သူတို့
သူငယ်ချင်းတစ်သိုက် ရေပက်ခံကားပေါ်ကနေ မဏ္ဍပ်ပေါ်မှ အပျိုမလေးများ
ရေပိုက်ကိုယ်စီနှင့် သူတို့ကို အငြိုးတကြီးရေပိုက်နဲ့ထိုးနေတာကို ကခုန်
မြူးတူးခံယူရင်း မခံချင်အောင် စနောက်နေကြသည်။ နောက်ကကား မပါလာသဖြင့်
ထိုမဏ္ဍပ်ရှေ့မှာ အတော်ကြာရပ်ပြီး ရန်ကင်းသူ အချောအလှလေးများ၏ ရေစိုနေသော
အလှများကို ကောင်းကောင်း ရှုစားရင်း နောက်ပြောင်နေမိကြသည်။
ဟာ...
ဟု သူ့နှုတ်မှ ထွက်သွားလောက်အောင် လှသည့် နတ်မိမယ်လေး တစ်ပါးကို မဏ္ဍပ်ထောင့်မှာ မြင်လိုက်ရသည်။
အနက်ရောင်
အကျင်္ီနှင့်အနက်ရောင်မှာ အဖြူပွင့်နုပ်နုပ်လေးတွေ အဆင်နှင့် ထမီကို
ဝတ်ထားသော အလှမှာ ဂျင်းဘောင်းဘီ၊ တီရှပ်တို့ရေစိုနေသော အလှထက် တမူ
ထူးခြားနေလေသည်။ ရေစိုနေသော အနက်ရောင်က သူမ၏ ပန်းနုရောင်ဘက်ပြေးသော
အသားဖြူဖြူနှင့် ဆန့်ကျင်ဘက်ဖြစ်နေကာ သူမက ထင်ထင်ရှားရှား ပေါ်လွင်နေသလို။
သူ ကားပေါ်မှ ခုန်ဆင်းကာ မဏ္ဍပ်ဘေးမှ ရေစည်ပိုင်းပြတ်မှ ရေတစ်ခွက် ခပ်ယူပြီး ထိုဘလက်ခ်အိန်ဂျယ်လေးဆီ အပြေးလှမ်းသွားလိုက်သည်။
“ရေလောင်းမယ်နော် ...မမ”
သူ့ကို မော့ကြည့်သော မျက်နှာလေးမှာ ပြုံးယောင်ယောင်နှင့် ခေါင်းညိတ်ပြလေသည်။
“မမ လှတယ်ဗျာ။ နောက်နေ့လည်း ကျွန်တော် လာခဲ့ဦးမယ်။ မမ ဒီမှာ ရှိနေနော်”
သူ့စကားကို
ထိုနတ်မိမယ်လေး အသံမထွက်ဘဲ ရယ်လေသည်။ ရယ်လိုက်တဲ့ မျက်နှာလေးက ပိုပြီး
လတ်ဆတ်သွား သလို။ သူမ၏ မျက်လုံးတွေထဲ တည့်တည့်စိုက်ကြည့်ပြီး
ပြောလိုက်တဲ့ သူ့စကားတွေကို သာမန်မျှသာ သဘောထားပုံနှင့် ဘာအရိပ်အယောင်မှ
ဖြတ်သန်းသွားခြင်း မရှိသော သူမ၏ မျက်နှာလေးကို သူ မကျေနပ်သလို
ဖြစ်သွားမိသည်။
“ဟိတ်ကောင်...အောင်ကျော်...သိပ်ဖွန်မနေနဲ့ လာ တက် တက် ... သွားမယ်”
အော်ခေါ်နေသော သူ့သူငယ်ချင်းတွေကို လက်လှမ်းပြပြီး “မမ မနက်ဖြန်လည်း ဒီမှာ စောင့်နေနော်” ဟု သူပြောလိုက်တော့ ပိုပြီး ရယ်ပါလေသည်။
“တာ့တာ ...မမ ဘလက္ခ္အိန္ဂ်ယ္”
“နောင်နေ့ကိုလည်း လာပါမယ် မောင်ကြီးလာပါမယ်”
သူ ကားပေါ်ကို အပြေးလှမ်းတက်ကာ မဏ္ဍပ်ပေါ်က အပျိုမလေးများကို အော်နောက်ပြီး ကားထွက်လာခဲ့သည်။
ထိုညနေစောင်း
အိမ်အပြန်မှာတော့ သူတို့တွေ အတော်လေးကို ပင်ပန်းနေကြတော့သည်။ အတုံးအရုံး
အိပ်ပျော်ကုန်ကြသော သူငယ်ချင်းများကို ကျော်ခွကာ ဂီတာယူပြီး ၀ရန်တာကို
ထွက်လာသည်။
~~ဒီကောင်ချစ်တာ ရင်ထဲက သိလား~~
“ဟိတ်ကောင်
...ငှက်ဆိုးထိုးသံနဲ့ ဆိုမနေနဲ့ကွ။ အိပ်ပျက်တယ်” ဟု နောင်နောင်
ထအော်တော့ သူ ပိုလို့ အသံကျယ်ကာ သီချင်းအော်ဆိုတော့သည်။ အဲဒီညက အနက်ရောင်
နတ်သမီးလေးက အိပ်မက်ထဲ ရောက်လာသည်။ အိပ်မက်ထဲမှာ သူက အနက်ရောင်
နတ်သမီးလေးကို ပိတောက်ပန်းတွေ ပေးသည်တဲ့။
အကြတ်နေ့ မနက်ခင်း အိပ်ရာနိုးလာတော့ သူ့ အိပ်မက်ကို သူ သဘောကျကာ တပြုံးပြံုး ဖြစ်နေမိသည်။
“ဟာ...အောင်ကျော်...သူငယ်ချင်း... စိတ်ထိန်းပါကွာ”
ထမင်းစားခန်းထဲမှာ ကော်ဖီဖျော်နေသော စိုးထွဋ်က သူ့ကိုမြင်တော့ အလန့်တကြား ထအော်သည်။
“ဘာတုန်းကွ” ဟု သူ မျက်မှောင်ကုပ်ကာမေးလိုက်တော့
“မသိဘူးလေကွာ...မင်းမျက်နှာကြီး ပြုံးဖြီးဖြီး ဖြစ်နေလို့” ဟု စိုးထွဋ်က ဆိုသည်။
“ဒီနေ့ စောစောထွက်ရအောင် ဟိတ်ကောင်တွေ အနောက်ရန်ကင်းဘက်ကို အရင်သွားမယ်ကွာ”
“~~ေရာဂါ~~ေရာဂါ~~”
သိန်းထိုက်က ကော်ဖီသောက်နေရင်း ထ အော်သည်။
သူကတော့သူ့ဗိုက်ထဲမှာ
ပျား၃ ကောင်လောက် တဝီဝီ ပျံနေသလို ခံစားရပြီး ပိတောက်ပန်း ဘယ်နားက ရမလဲ
ဟု တွေးနေမိသည်။ အိပ်မက်ထဲကအတိုင်း ဘလက်ခ်အိန်ဂျယ်လေးကို ပိတောက်ပန်း
ပေးချင်သည်။ ဒီနေ့ မဏ္ဍပ်မှာ ရှိမှ ရှိနေပါ့မလား ဟု တွေးပူလိုက်မိသည်။
.......... .......... ............ ............
“မောင်ကြီး လာပါပြီ လာပါပြီ ...”
“အချစ်ရေ ကိုယ်လာပြီ”
နွေပိတောက် မဏ္ဍပ်နားရောက်တော့ သူငယ်ချင်းတွေ အသံတွေပိုကျယ်လာကြတော့သည်။
အိန်ဂျယ်လေး
ဘယ်မှာလဲ။ သူ မဏ္ဍပ်တစ်ခုလုံးကို မျက်စိကစားကာ
ဟိုဟိုသည်သည်လျှောက်ရှာကြည့်မိသည်။ တွေ့ပါပြီ။ ဒီနေ့တော့ အဝါရောင်
အိန်ဂျယ်လေးကိုး။
ပိတောက်ခြောက်ရောင်
အခံမှာ အဝါနုရောင် အပွင့်လေးတွေအဆင်နှင့်ထမီ၊ အကျင်္ ီအဝါရောင်ကို
ဝတ်ထားသော သူမထံ အပြေးလှမ်းသွားမိသည်။ လက်ထဲမှ နိုင်ငံခြားဘာသာ
တက္ကသိုလ်ရှေ့က ခူးလာခဲ့သော ငုပန်းဝါဝါတစ်ခက်ကို သူမလေးကို
လှမ်းပေးလိုက်သည်။
“ပိတောက်တွေတော့ မရှိဘူး ...မမဝါ။ ငုတွေပဲ ပန်ပါနော်”
သူ့ကိုမော့ကြည့်ပြီး သူမကရယ်နေသည်။ သူအတင်းဇွတ် ပေးတော့ ငုပန်းခက်ကို သူမ လှမ်းယူလိုက်လေသည်။
မျက်လုံးတွေပါရယ်တတ်တဲ့
သူမ ရယ်ဟန်လေးကို ငေးကြည့်ပြီး ရေလောင်းဖို့ သတိရကာ အနားမှ ချာတိတ်ကလေး
တစ်ယောက်ဆီက ရေခွက်ကို လှမ်းတောင်းယူကာ ကလေးတချို့ ဆော့နေသည့် ရေပုံးထဲမှ
ရေကို ခပ်ယူကာ လောင်းလိုက်သည်။ တင်ပါးထိ ရှည်သည့် ဆံပင်ရှည်တွေကို
နဖူးပြောင်သိမ်းကာ အနောက်ဘက်မှာ စုချထားပုံက မဟာဆန်လွန်းလှပြီး
မျက်နှာလေးမှာ ကြည်လင်နေသည့် သူ့ရဲ့ အဝါရောင်နတ်သမီးလေးမှာ သူ
ပြောသမျှကို အမြဲ ရယ်သာ ရယ်နေသည်။
“ရယ်ပဲရယ်နေတာဗျာ...မမ နာမည် ဘယ်လိုခေါ်သလဲ”
သူမ ရယ်ပြန်သည်။
“သြော်...မမက ခုမှ သွားပေါက်ချင်လို့လား...ပြောပါဗျာ..မမနာမည် ပြောပြ”
သူမက ဘာမှ မပြောဘဲ ရယ်နေပြန်သည်။
“အောင်ကျော် ငဖွန် လစ်မယ်”
သူ့သူငယ်ချင်းတွေကို လက်လှမ်းပြကာ “ခဏလေး” ဟု သူအော်ပြောလိုက်သည်။
“မမ ပြော...မမ နာမည်ဘယ်သူလဲ ...မပြောရင် ကျွန်တော် မပြန်တော့ဘူး”
သူမ
ရယ်ပြီး “ထွေးညို” ဟုပြောလေသည်။ တကယ့်နာမည်မဟုတ်မှန်း သူသိသော်လည်း
မေးချိန် မရတော့။ သူငယ်ချင်းတွေက ကားပေါ်ကနေ တကျီကျီ အော်နေကြပြီ။
သူ
ကားပေါ် အပြေးပြန်တက်ပြီး အဝါရောင် အိန်ဂျယ်လေးကို လက်လှမ်းပြကာ
“မမထွေးညိုရေ ...မနက်ဖြန်ကျရင်လည်း စောင့်နေနော်” ဟုလှမ်းအော်ပြောခဲ့လေသည်။
.......... .......... ............ ............
အတက်နေ့မို့ သူတို့တွေ ပိုလို့ တက်ကြွကာ ပိုလို့ သောက်မိ၊ နောက်ပြောင်မိကြသည်။
စက်မှု (၁) လမ်းကို ကားအကွေ့မှာ ရင်က လှိုက်ကနဲ ဖြစ်သွားသည်။ အိန်ဂျယ်လေးကို တွေ့ရတော့မည်။
မဏ္ဍပ်ရှေ့ကားရပ်သည်နှင့်
သူ ကားပေါ်က ခုန်ဆင်းကာ မဏ္ဍပ်ဘေး လှေကားကနေ မဏ္ဍပ်ပေါ်မှာ အရင်နေ့ကလို
ရှာတော့ မတွေ့။ စိတ်ထဲ ပြာသွားကာ အိန်ဂျယ်လေး ဘယ်မှာလဲ ဟု စိုးထိတ်ကာ
ရှာဖွေမိသည်။ တွေ့ပါပြီ။ မဏ္ဍပ်အနောက်ဘက်မှာ ၇ နှစ်အရွယ်
ကလေးလေးတစ်ယောက်ကို ဂျင်းဘောင်းဘီ ဝတ်ပေးနေသော ခရမ်းရင့်ရောင်
အိန်ဂျယ်လေး။ ကလေးလေးမှာ လက်ထဲမှာ ရေပြွတ်နှင့် မဏ္ဍပ်ဆီကို လှမ်း
လှမ်းကြည့်ကာ ကစားချင်စိတ်က မျက်နှာမှာ အထင်းသား။ ကလေးလေးကို အိန်ဂျယ်လေးက
ဘောင်းဘီ ဝတ်ပေးပြီးသွားတော့ ကလေးက ပြေးထွက်သွားတော့သည်။
“သားသား...လမ်းမပေါ် မထွက်နဲ့နော်”
သူမ လှမ်းအော်ပြောသည့် အသံလေးမှာ ချိုမြကြည်လင်နေသည်ဟု သူ့စိတ်ထဲ နှစ်သက်မိသလို ဖြစ်မိတုန်းမှာ
“ဟုတ္ကဲ့...ေမေမ”
ဆိုသည့် ချာတိတ်လေး ပြန်ပြောသည့် စကားကို ကြားတော့ သူ ဟိုက်ကနဲ ပြာဝေသွားသည်။
အနားကိုရောက်နေပြီးသော သူ့ကို မြင်တော့ သူမ က မှတ်မိသလို ပြုံးရယ်ပြလေသည်။
“မမ...အဲဒီ ကလေးလေးက”
သူ သိလိုစိတ်ကို မထိန်းနိုင်ဘဲ မေးလိုက်သည်။
“ကိုယ့်သား အကြီးလေးလေ...ဟိုရေစည်မှာ ဆော့နေတာ ပန်းရောင်လေးနဲ့က သမီးငယ်လေ”
သူမ ပြသည့် ဘက်ကို ကြည့်လိုက်တော့ ရေစည်ပိုင်းပြတ်မှာ ရေခပ်ကာ ဆော့နေကြသော ကလေးတွေထဲမှ ပန်းရောင်ဂါဝန်လေးနှင့် မူကြိုအရွယ်ကလေးမလေး။
ဟိုက် ...သေပြီ ဆရာ။
ဘယ်လိုခံစားချက်တွေ ဖြစ်သွားမှန်း သူ မသိလိုက်။
ရောပြွန်းနေသော ခံစားချက်များဟု ခေါင်းစဉ်တပ်ရမည် ဖြစ်သော ခံစားချက်ပေါင်းစုံ။
သူ့မျက်နှာ ဘယ်လိုရှိနေမလဲ သူမသိ။ သူမကတော့ ရေကစားနေသော ကလေးတွေဆီ လှမ်း လှမ်းကြည့်နေသည်။
သူ ကားဆီကို ဘယ်လို လှမ်းပြီး ဘယ်လိုရောက်လာသလဲ မမှတ်မိ။
ကားဘယ်အချိန်က ထွက်ပြီး ဘယ်တွေ ရောက်လာလဲ သတိမထားမိတော့ဘဲ ...
“သွားပြီကွာ ...အပွဲပွဲ နွှဲလာသမျှ” ဟု ရင်ထဲမှာ အော်ဟစ်ရင်း သင်္ကြန်အတက်နေ့ကုန်လွန်ကာ သင်္ကြန်ပြီးဆုံးသွားခဲ့လေသည်။
အတွင်းကြေ
"မောင်က ငါ့ကို အရမ်းချစ်တာဟ"
ဇွန်းကို လက်ဖက်သုပ်ပန်းကန်ထဲ ပြန်ထားရင်း မျက်နှာလေးက
ဂုဏ်ယူဝံ့ကြွားဟန်ဖြင့် နှင်းမာလာဆွေက ပြောလိုက်သည်။
"နင်..သိပ်ကံကောင်းတာပဲ"
"အေးနော်"
ထားဝတ်ရည်၏ ချီးမွမ်းစကားကို နွေးယုမြိုင်က ထောက်ခံလေသည်။
နှင်းမာလာဆွေကတော့ သူငယ်ချင်းများအလယ်မှာ မျက်နှာလေး ချီလို့။
အလှုရှင် မြတ်လေးငုံက သူတို့စားပွဲကို ရောက်လာပြီး နှင်းမာလာဆွေ၏
ဗိုက်ပေါ်ကို အသာ လက်လေးတင်ကြည့်ရင်း
"သားသားလေး ၊ မီးမီးလေး ရှိသေးဘူးလား"
ဟုမေးလေသည်။
" အေးလေ..ငါတို့အန်တီတွေ ဖြစ်ချင်လှပြီ"
ဟု ထားဝတ်ရည်က ဆိုပြန်သည်။
"ဟယ်...အပျိုကြီးတွေ ကလေးချီချင်ရင်လည်း ကိုယ့်ဘာကိုယ်
ယောကျ်ားယူကြဟယ်...ငါ့မှာ မောင်က အိမ်မှာတောင်ရှိတဲ့ရက်က
ခပ်ရှားရှားရယ်...ခရီးမထွက်လို့ ရှိနေရင်လည်း သူ့ ရုံးနဲ့ သူ့
စီးပွားရေးအလုပ်တွေနဲ့ အားကိုမအားတာ"
နှင်းမာလာဆွေ့အပြောကိုကို မြတ်လေးငုံက
" အွန်...နင့်မောင် အိမ်မကပ်တာနဲ့ သားသားလေး၊ မီးမီးလေး မရှိတာနဲ့ ဘာဆိုင်လို့လဲ"
အူတူတူ နားမလည်ဟန်လေးလုပ်ပြီးမေးလေသည်။
"သိဘူးဟေ့...ဆိုင်တယ် ထင်တာပဲ၊ မောင်က
သူတော်ကောင်းကြီးဟဲ့...မင်္ဂလာဦးညမှာတောင် ငါ့ကို လွတ်လွတ်လပ်လပ်နေနော်ဆို
လက်ဖျားနဲ့တောင် မထိရှာဘူး"
နှင်းမာလာဆွေ၏ အပြောကို အားလုံးက ရယ်ကြလေသည်။
"မောင်ကလေ ငါ့ကို သိပ်ချစ်တာပဲ။ သိပ်ချုပ်ချယ်တာ။ အိမ်မှာလေ မောင်က
ငါ့ကို ဟိုဟာမစားရ၊ ဒီဟာမစားရနဲ့ သိပ်ချုပ်ချယ်တာပဲ။ ခုတောင် လေးငုံတို့
အလှုသွားမယ်ဆိုတာကို မတည့်တာတွေ မစားနဲ့လို့ မှာလိုက်သေးတယ်"
နှင်းမာလာဆွေက မျက်နှာလေးရှုံရင်း ညည်းပြောသလိုလေး ကြွားလိုက်သည်။
"နင့်မောင်တော်ဘုရားက ဘာလို့ လိုက်မလာတာလဲ"
ထားဝတ်ရည်၏ အမေးကို နှင်းမာလာဆွေက မျက်နှာတစ်ချက်ပျက်သွားသော်လည်း
ဟန်ဆောင်ထိန်းလိုက်ရင်း
"မိန်းမတွေကြားထဲ မလိုက်ချင်ပါဘူးတဲ့ဟယ်" ဟုပြောလေသည်။
"သူ လိုက်မလာတော့ ငါတို့ လွတ်လွတ်လပ်လပ် အတင်းတုတ်လို့ရတာပေ့ါ... ဟုတ်ဘူးလား"
မြတ်လေးငုံ၏ စကားကို အားလုံးက ရယ်မိကြလေသည်။
သက်လတ်ပိုင်း အမျိုးသမီးများ၏ စကားဝိုင်းသည် လုပ်ငန်းခွင်အကြောင်း၊
သူငယ်ချင်းများအကြောင်း၊ အမျိုးသမီးအဝတ်အထည်၊ ဖိနပ်၊ စိန်အကြောင်း၊ ကျောက်မျက်ရတနာအကြောင်းမှသည်
ကိုရီးယားဇာတ်လမ်းတွဲအကြောင်းထိ ခေါင်းစဉ် စုံလင်လှပေသည်။
မွေးနေ့အတွက် ရည်စူးကာ အရုဏ်ဆွမ်းကပ်လှုသည့် မြတ်လေးငုံ၏ အလှုသည်
နေ့လည်ချိန်ကို ကျော်လွန်ကာ ညနေစောင်းသို့ရောက်မှပင် သူငယ်ချင်းများမှာ
လူချင်းခွဲကာ ပြန်ကြဖို့ စတင် လောဆော်ဖြစ်ကြသည်။ တစ်မျိုးပြီး တစ်မျိုး
ကျွေးနေသော အိမ်ရှင်ဖြစ်သူ မြတ်လေးငုံမှာလည်း မောပန်းနွမ်းနယ်နေသော်လည်း
မျက်နှာမှာမူ စိတ်နှင့်အတူ ပြုံးပျော်ကြည်နူးနေလေသည်။
ကားပါ မလာသော နှင်းမာလာဆွေကို ခင်ပွန်းသည်ဖြစ်သူက လာကြိုမည်ဟု
ထင်ကြသော်လည်း အငှားကားဖြင့် ပြန်မည်ဆိုလာသည်။
"ဟယ်...ဘာလို့ တက်စီနဲ့ပြန်မှာတုံး။ ငါ လိုက်ပို့မယ်။ ခဏစောင့်ဦးနော်။
ငါ့ အမျိုးတွေကို အရင်ပြန်လိုက်ပို့လိုက်ဦးမယ်။ ကားက
မဆံ့လို့ဟ..နို့မို့ တစ်ခါတည်း ခေါ်သွားလို့ရတယ်"
မြတ်လေးငုံက ဆိုလေသည်။
"နေပါစေဟာ...နင်တို့ အိမ်ရှေ့ တက်စီတွေ ဖြတ်နေတာ ပေါမှပေါ။ ငါ့ဘာငါ ပြန်ပါမယ်"
"အဲဒါဆိုလည်း ငါ ကားလိုက်တား ငှားပေးမယ်"
မြတ်လေးငုံက စိတ်မချဟန်ဖြင့် နှင်းမာလာဆွေကို အငှားကားပေါ်
တင်ပေးလိုက်ပြီးနောက် ကားနံပါတ် မှတ်ထားမည်ကို နှင်းမာလာဆွေ သိလေသည်။
မောင်နှမများထဲတွင် အကြီးဆုံးဖြစ်သော မြတ်လေးငုံက သူငယ်ချင်းများ
အားလုံးထဲမှာလည်း အစစအရာရာ စိတ်ပူတတ်သဖြင့် မာမီကြီးဟု တစ်ခါတစ်ရံ
နောက်ပြောင်တတ်ကြသည်။
သူတို့တွေအားလုံး တက္ကသိုလ် ပထမနှစ်ကတည်းက သူငယ်ချင်းတွေ။ ကျောင်းပြီးလို့
လုပ်ငန်းခွင်အသီးသီးသို့ ဝင်ရောက်နေကြသော်လည်း တစ်ယောက်နှင့်တစ်ယောက်
အဆက္အသြယ္မျပတ္ခဲ့။
အားလုံးထဲမှာမှ နှင်းမာလာဆွေတစ်ယောက်သာ အသက် ၃၀ စွန်းစွန်းမှာ
အိမ်ထောင်ကျခဲ့သည်။ ကျန်သူများကတော့ အပျိုကြီးဘွဲ့ကို ခံယူထားကြဆဲ။
အငှားကားနောက်ခန်းတွင် တစ်ဦးတည်း အတွေးများဖြင့် ဒီနေ့အဖို့တော့
မောင်နှင့်ပတ်သက်ပြီး ကြွားလိုက်ရတာလေးတွေကို ကျေနပ်မိပြီး ပြုံးမိသည်။
သူတို့တွေက တစ်ဦးနှင့်တစ်ဦး ရိုင်းပင်းကြသော သူငယ်ချင်းများ
ဖြစ်သော်လည်း မိန်းကလေးတို့ သဘာဝ ကျောင်းကတည်းကပင် မသိမသာ
ပြိုင်ဆိုင်ကြွားဝါမှုလေးများလုပ်တတ်ကြသည်ပဲ။
"သူဝတ်တဲ့ စိန်နားကပ်က အနာပါတယ်။ ငါ့စိန်နားကပ်က အစင်"
" ငါ့စိန်က အမွေပစ္စည်းမို့ ပစ္စည်းမှန်၊ မန္တလေးကြိုက်မို့
ကြက်ဆီဝင်တဲ့အရည်နဲ့ နည်းနည်းဝါတာ"
စသည်ဖြင့် စိန်မှစကာ ဒေါက်ဖိနပ်၊ လက်ကိုင်အိတ်အဆုံး၊ နောက်ဆုံး ကိုယ့်ကို
ကြိုက်တဲ့သူကို ပြိုင်တတ်ကြသေးတာ။ အားလုံးက
ရုပ်ရည်များကြည့်ကောင်းကြသော်လည်း စံသတ်မှတ်ချက်တွေနဲ့မို့
ချစ်သူရည်းစားရယ်လို့ ဖြစ်ဖြစ်မြောက်မြောက် မရှိခဲ့ကြ။ အသီးသီး
လုပ်ငန်းခွင်တွင် အောင်မြင်နေကြသောကြောင့် စံသတ်မှတ်ချက်တွေကလည်း တရစ်ရစ်
တိုးလာလေသည်။
သို့ဖြင့် အသက်၃၀ စွန်းလာကြသောအခါတွင်မှ အိမ်ထောင်ပြုဖို့
စိတ်ကူးမိကြသောအခါ အရင်က မူထားသမျှတို့ကလည်း ဇွဲမကောင်းကြဘဲ အသီးသီး
အိမ်ထောင်ကျကုန်ကြပြီ။ ကိုယ့်ထက် ငယ်တဲ့သူကို အိမ်ထောင်ပြုဖို့ကလည်း
မမများက မဝံ့မရဲ။
သူမကတော့ ဖူးစာပါချင်တော့ ငယ်ငယ်တုန်းကတည်းက အဒေါ်၏ အိမ်နီးချင်းဖြစ်သူ
မောင်နှင့် ပြန်လည် ဆုံတွေ့ခဲ့ရသည်။ မောင်နှင့် သူ၏ အဒေါ်ဖြစ်သူကတော့
တကယ့်ဆွေမျိုးရင်းချာပမာ။ သူနှင့်လည်း ငယ်ငယ်ကတည်းက အကြောင်းသိတွေ။
မောင့်ကို အမှတ်တမဲ့ဖြင့် မေ့နေခဲ့ရာမှ အစ်ကိုဝမ်းကွဲ၏ မင်္ဂလာဆောင်တွင်
အမှတ်မထင် ပြန်လည်ဆုံဖြစ်ခဲ့သည်။ အောင်မြင်နေသော အင်ဂျင်နီယာကန်ထရိုက်တာ
တစ်ဦးဖြစ်သော မောင်သည် အသက် ၃၅ နှစ်အရွယ်ထိ အိမ်ထောင်မရှိသေး။
အသားဖြူဖြူ၊ အရပ်မြင့်မြင့်နှင့် ကြည့်ကောင်းလှသော မောင်သည် သူ့ကိုယ်သူ
ဂရုတစိုက်ရှိသည်။ သူနှင့်လိုက်ဖက်သော အဝတ်အစားကိုလည်း
ရွေးချယ်ဝတ်ဆင်တတ်သဖြင့် ချောမောပြီး ဝင်ငွေကောင်းသည့် လူပျိုကြီးဟု
မိန်းကလေးများအလယ်တွင် ရေပန်းစားနေလေတော့သည်။
ဘာလို့ အိမ်ထောင်မပြုသေးတာလဲ ဟု အမေးစကားကို ဖူးစာရှင်နတ်သမီးလေးက
ရောက်မလာသေးလို့ ဟု ပြန်လည်ဖြေဆိုသည်ကို သူမ သဘောကျမိခဲ့သည်။
မောင့်နှုတ်ခမ်းတို့သည် ယောကျ်ားတစ်ဦး၏ နှုတ်ခမ်းနှင့်မတူလှစွာ
နီရဲရဲလေးဖြင့်တစ်မျိုးလေး ဆွဲဆောင်နေသလို။
ဆေးလိပ်မှ မသောက်တာပဲ ဟု သူမက မောင့်ကို စိတ်ထဲမှ အသာကျိတ် ချီးမွမ်းခဲ့မိသည်။
မောင့်ကို သူမက စပြီးစိတ်ဝင်စားခဲ့တာ။ မောင်နှင့်အတူတွဲသွားရတိုင်းမှာ
တခြားမိန်းကလေးတွေရဲ့ အားကျငေးမောတဲ့မျက်လုံးတွေ၊ မနာလို ဝန်တိုမှုနဲ့
မျက်နှာတွေကို သူမက အကျေနပ်ကြီး ကျေနပ်ခဲ့သည်ပဲ။
မောင်က လက်ထပ်ဖို့ တောင်းဆိုတဲ့နေ့က သူမ၏ ဘဝတွင် အပျော်ရွှင်ဆုံးနေ့ဖြစ်ခဲ့သည်။
မူဖို့တောင် မတွေးနိုင်အားဘဲ မောင့်ကိုချက်ချင်းပင် ခေါင်းညိတ်ခဲ့မိသည်။
သူငယ်ချင်းတွေအကြားတွင် မောင်သည် သူမအတွက် ကြွားစရာဖြစ်ခဲ့ပြန်သဖြင့်
သူမကိုယ် သူမ အကျေနပ်ကြီး ကျေနပ်မိပြန်သည်။
နှစ်ဘက်မိဘဆွေမျိုးများကလည်း ဝမ်းသာလှစွာ သဘောတူကြသဖြင့် သူတို့
မင်္ဂလာဆောင်သည် ပြောစမှတ်ပြုရလောက်အောင် ပျော်စရာကောင်းခဲ့ပေသည်။
အမြို့မြို့ အနယ်နယ်အနှံ့၊ နေရာအနှံ့ မောင့်ဆောက်လုပ်ရေးလုပ်ငန်းများက
အလုပ်ရှိသဖြင့် မောင်သည် မကြာခဏ ခရီးထွက်လေ့ရှိသည်။ လက်ထပ်ပြီး
မကြာမီမှာပင် သူမကိုထားကာ စီးပွားဖက်များဖြင့် ခရီးထွက်သွားသော မောင့်ကို
သူမပါ လိုက်ချင်သည်ဟု မတောင်းဆိုဝံ့ခဲ့။ လက်ထပ်ပြီးမှပင် မောင်သည်
သူငယ်ချင်းအပေါင်းအသင်းကို အလွန်ခင်မင်တတ်ကာ သူငယ်ချင်းများကို
ဦးစားပေးလွန်းသူဖြစ်မှန်း သိခဲ့ရလေသည်။
အိုး...မောင်က သူ့ကို ချစ်လို့ မိန်းကလေးအချောအလှတွေအများကြီး
ရွေးစရာရှိတဲ့ထဲကနေ သူ့ကို လက်ထပ်ယူထားတာပဲလေ ဟု ကျေနပ်စိတ်တို့ဖြင့်
ဖြေသိမ့်မိသည်။
"အစ်မ ...ရှေ့ကလမ်းထဲ ချိုးရမှာလား"
အငှားကားမောင်းသမား၏ အမေးကြောင့်မှ သူမ စိတ်တို့ ပျံ့လွင့်နေရာမှ
ပတ်ဝန်းကျင်ကို သတိပြန်ဝင်ကာ
"အင်း..အင်း..ဟုတ်တယ်..ရှေ့ကျရင် ညာဘက်ချိုး"
ဟုဆိုလိုက်မိသည်။
.......................................................................
"မောင် ခဏ ခဏ ခုလိုပဲ အိမ်မကပ်ဘူးဆို နှင်း မေမေတို့အိမ်မှာပဲ သွားနေချင်တယ်"
"နှင်း သွားနေချင်ရင်နေလေ နှင်းရဲ့....မောင်က အပြင်ပဲ ထွက်နေရတော့
နှင်းကို ဂရုမစိုက်နိုင်အားဘူး။ နှင်း မေမေတို့ နဲ့ နေတယ်ဆို မောင်လည်း
စိတ်ချလက်ချခရီးသွားလို့ရတာပေါ့"
သူမ၏ စကားကို မောင်က ဝမ်းသာအားရ သဘောတူလေသည်။
"ဟင်...သွားဦးမှာလား...နှင်း အနားမှာနေမယ် မရှိဘူး"
နှုတ်ခမ်းစူကာ မကျေမနပ်ပြောမိသော နှင်းကို မောင်က
"မောင် အလုပ်တွေ လုပ်နေတာလေ...အိမ်မှာပဲနေလို့ ဘယ်ကနေ ပိုက်ဆံရမှာလဲ နှင်းရဲ့"
ဟုဆိုလေသည်။
အင်းလေ...ဟုတ်တာပဲ ဟု သူမ စိတ်ထဲမှာ သက်ပြင်းချမိသည်။
"မောင်က နှင်းကို မချစ်ပါဘူး။ မောင့်အလုပ်တွေနဲ့ မောင့် သူငယ်ချင်းတွေကိုပဲ ချစ်နေတာ"
သူမ၏ အပြောကို မောင်က
"ဟာကွာ ချစ်တာမှ တုန်နေအောင်ကိုချစ်တာ။ နှင်း ဘာလိုချင်လဲ ။
စျေးဝယ်ဦးမလား၊ ပိုက်ဆံလိုသေးလား" ဟုဆိုပြန်လေသည်။
"နှင်းလိုချင်တာ ပိုက်ဆံ မဟုတ်ဘူး မောင်ရေ...မောင့်ကို ..မောင့်ကို။
ခုတော့ မောင့်ကို လက်ထပ်ယူထားရပြီး လူကို မရဘူး။ မောင်ကလေ အိမ်မှာကို
မနေဘူး။ အိမ်မှာနေရင်လည်း မောင့်သူငယ်ချင်းတွေက လာခေါ်လို့
အပြင်လိုက်သွားတာနဲ့၊ ကျောင်းသားလေးတွေက စာမေးလို့ဆို ကျုရှင်ပြပေးဖို့
သွားတာနဲ့ ..နှင်းအနားမှာကို မနေဘူး ။ မောင်ကလေ အလုပ်ကိုချစ်တာ
လွန်လွန်းအားကြီးတယ်"
"နှင်းလေးဟာလေ သဝန်တိုစရာမရှိ ကြံဖန်ပြီးကို သဝန်တိုတယ်"
အဲဒီနေ့က မောင်က နှင်းအတွက်ဆို စိန်နားကပ်တစ်ရံ ဝယ်လာပေးပြန်သေးသည်။
ဒီလိုဆိုတော့လည်း မောင် အပြင်ထွက်လို့ ငွေရှာတာ နှင်းအတွက်ကြောင့်ပဲ၊
နှင်းကို ချစ်လို့ပေပဲဟု မောင့်ကို ပိုချစ်မိပြန်သည်။
မောင့်ဆီ စာလာမေးသော ကျောင်းသားလေးများကို ကော်ဖီဖျော်၊
လက်ဖက်သုပ်ပေးနှင့် နှင်းမှာ မောင့်မိတ်ဆွေများကို ကြည်ဖြူမိပြန်ရသည်။
မောင့် ကျောင်းသားလေးများကလည်း သူမကို အစ်မကြီးတစ်ဦးလိုပင်
ချစ်ခင်သည့်အတွက် မောင်က သူမအတွက် မိတ်ဆွေများကို ရရှိစေပြန်တာပါပဲ။
ဒါပေမဲ့လည်း တစ်ခါခါမှာ နှင်းနဲ့မောင် အတူရှိနေပေမဲ့ အဝေးကြီး
ဝေးကွာနေသလို နှင်းခံစားနေရတတ်ပြန်သည်။
ညနေစောင်းနေဝင်ချိန်များတွင် အိမ်တံခါးကို သော့အထပ်ထပ်ခတ်ကာ
မောင်ပြန်လာမယ့် လမ်းကိုပဲ မှန်းမျှော်မိရသည်။
နှင်းက အရွယ်ရှိသေးတဲ့ မိန်းမလေ..မောင်ရဲ့။ မောင့်မိန်းမကို တစ်ယောက်တည်း
ထား ထားသွားတာ စိတ်ချလက်ချ ရှိနေနိုင်သလား
ရင်တွင်းစကားကို ဆိုရင်းရင်ထဲမှာ နင့်ကနဲဖြစ်လာကာ မျက်ရည်တို့က ကျမိပြန်သည်။
အိပ်ရာတစ်ခုတည်းမှာ တစ်ဘက်စီလှည့်အိပ်ရင်း မောင်မသိအောင် တိတ်တိတ်
မျက်ရည်ကျနေသော နှင်းအဖြစ်ကို နှင်း ဘယ်သူ့ကိုမှ ပြန်မပြောချင်ပါ။
ဘာကြောင့် ငိုရတာလဲ လို့ မောင်ကသော်လည်းကောင်း၊ တစ်ဦးဦးကသော်လည်းကောင်း
မေးလာခဲ့ရင် နှင်းမှာ ဖြေစရာ အဖြေမရှိပါ။ ဖြေဖို့လည်း မသင့်သည်ပေပဲ။
.....................................................................
မေမေ နေမကောင်းဘူးဆိုတော့ နှင်းမှာ မေမေတို့အိမ်ကိုသွားနေဖို့ပိုသေချာသွားခဲ့ရသည်။
မောင်ကပင် နှင်းကို လိုက်ပို့ပေးခဲ့သည်။
ခုတစ်ခါတော့ နှင်းက မောင့်ကို ထားသွားရတဲ့အလှည့်မှာ အရက်မသောက်၊
ဆေးလိပ်မသောက်၊ မိန်းမ မရှုပ်ပွေသော မောင့်ကို နှင်းက
စိတ်မချဖြစ်နေပြန်သည်။
"ဘာ စိတ်မချစရာရှိလဲ...မောင်က ကလေးမှ မဟုတ်ဘဲ။ နှင်းမပါဘဲ အနယ်နယ်အရပ်ရပ်
ခရီးတွေ သွားသေးတာ"
"အင်းလေ...အဲဒါက မောင်က နှင်းကို ထားသွားတာ။ ခု နှင်းက မောင့်ကို
ထားသွားရမှာဆိုတော့ နှင်းစိတ်ထဲ တစ်မျိးပဲ"
နှင်းရဲ့ခေါင်းကို ဖွဖွထုကာ "အရူးမလေး နှင်း " ဟု မောင်က ပြုံးရယ်ဆိုပြန်သည်။
မောင်ရယ်လိုက်တိုင်း သွားတက်လေးနဲ့ သိပ်ချစ်စရာကောင်းတာ ဟု နှင်းက
မောင့်မျက်နှာကို ငေးမောရင်း မြတ်နိုးမှုတွေ ပိုခဲ့ရပြန်သည်။
.............................................................
"မိန်းမဆိုတာ လင်ယောကျ်ားကို ထားပြီး မသွားရဘူး။ ယောကျ်ားနဲ့ ငါး ဆိုတာ
ပြစ်ထားလို့ ရတဲ့အရာတွေ မဟုတ်ဘူး။ မေမေ နေမကောင်းတာ အသည်းအသန်ဖြစ်တာမှ
မဟုတ်တာပဲ။ ခု မေမေလည်း သက်သာလာပြီ...နှင်း အိမ်ပြန်ဖို့ သင့်တယ်"
ဟု မေမေရော၊ မမကြီးကပါ ဆိုသဖြင့် သူမ အိမ်ပြန်လာခဲ့ရသည်။
မောင်ကတော့ ထုံးစံအတိုင်း အိမ်မှာ ရှိမှာမှ မဟုတ်ဘဲဟု ထင်ခဲ့မိသော်လည်း
အငှားကားပေါ်မှ ဆင်းပြီးပြီးချင်းပင် အိမ်ရှေ့မှာ မောင့်ကားရော၊
မောင့်သူငယ်ချင်းကားကိုပါ တွေ့ရသည်။
အဝတ်အိတ်တစ်ဖက်နှင့် သူမမှာ လူခေါ်ခေါင်းလောင်းတီးသော်လည်း
မောင် ထွက်မလာခဲ့။
ပိုက်ဆံအိတ်ထဲမှာ အိမ်သော့အပိုအမြဲထည့်ထားတာကို သတိရမိပြီး
အိမ်တံခါးဖွင့်ဝင်လိုက်သည်။
ဟင်...ဘယ်သူမှလည်း မရှိပါလား
အိမ်အောက်ထပ် တစ်ခုလုံးက တိတ်ဆိတ်ခြောက်ကပ်လို့။
"မောင်ရေ...မောင်"
မောင့်ကို ခေါ်ရင်း အိမ်အပေါ်ထပ်ကို တက်သွားလိုက်သည်။
သူတို့ အိပ်ခန်းတံခါးကို ဘုလှည့်ကာ ဖွင့်အလိုက်မှာတော့
အိုး....
သူမ မမျှော်လင့်ထားသော၊ သူမ မယုံကြည်နိုင်လောက်သော မြင်ကွင်း။
ဟင်
သူမ ခေါင်းထဲ ချာချာလည်သွားသည်။ ချက်ချင်းပင် လှည့်ထွက်ကာ လှေကားမှ
ပြေးဆင်းလာမိသည်။
နှင်း...နှင်း
နောက်မှ မောင့်ခေါ်သံကို ကြားရသည်။
မျက်ရည်များပိုးပိုးပေါက်ပေါက်ကျကာ ပြေးထွက်လာသော သူမ ဘယ်လို ဘယ်ပုံ
ကားလမ်းဘက်ဆီကို ရောက်လာသည် မသိတော့။
"မောင်..မောင်...ဒါကြောင့်...ဒါကြောင့် နှင်းထက်ပိုပြီး သူ့
သူငယ်ချင်းတွေ၊ ကျောင်းသားလေးတွေကို
ချစ်တာကိုး...ရက်စက်လိုက်တာ...မောင်..ရက်စက်လိုက်တာ...နှင်း ရှက်လိုက်တာ
မောင်ရယ်..နှင်း ရှက်တယ်"
သူမ ရင်ထဲ ဗြောင်းဆန်နေပြီး ဘာကိုမှလည်း မမြင်တော့သလို။
ဒုန်း
အိုး
ဟယ်....ကားတိုက်ပြီ။
..........................................................................
"နှင်း...နှင်း...နှင်းရေ...နှင်း"
သူမကို ပွေ့ချီထားတဲ့ အသိခံစားမှုမျိုးကို သိလိုက်သည်။
မောင် သူမကို ခေါ်နေတာပါလား။
သူမ အားယူကာ မျက်လုံးဖွင့်ကြည့်တော့ မောင်ရယ်လေ...
မောင် နှင်းကို ပွေ့ထားရင်း မျက်ရည်တွေလည်း စီးကျလို့။
"နှင်းရေ...နှင်း...နှင်း ..ဆောရီးပါ နှင်းရယ်... ဆောရီး... ဆောရီးပါ နှင်းရယ်... မောင့်ကို ခွင့်လွှတ်ပါ... အို... မောင့်ကို ခွင့်မလွှတ်ပါနဲ့ နှင်းရယ်... မောင့်ကို ခွင့်မလွှတ်ပါနဲ့... မောင့်ကို ခွင့်မလွှတ်ပါနဲ့.."
မောင့်အသံက ကျယ်လောင် အက်ကွဲလာလို့ အလန့်တကြား မော်ကြည့်လိုက်မိသည်။ မောင့်နှုတ်ခမ်းနီရဲရဲလေးများကိုသာ မြင်နေရသည်။
အဲဒီ နှုတ်ခမ်းလေးတွေပေါ့... နှင်း သိပ်ချစ်ခဲ့ဖူးတာလေ...
မောင့်မျက်နှာက တဖြည်းဖြည်းဝေဝါးလာပြီး မောင့်နှုတ်ခမ်းနီနီရဲရဲလေးတွေက နီစွေးသွားခဲ့လေသည်။
(ဟနစံ)
Subscribe to:
Posts (Atom)