င်းပြည်တစ်ခုမှာ လူလတ်တန်းစားအရေအတွက်က လူချမ်းသာလူတန်းစားနဲ့ အောက်ခြေ
ဆင်းရဲသားလူတန်းစားထက် ပိုလို့ များနေမယ်ဆိုရင် အဲဒီတိုင်းပြည်ရဲ့
စီးပွားရေးကောင်းတယ်လို့ ပြောလို့ရပါတယ်။ လူတန်းစားကွာဟမှု
အရမ်းကြီးနေမယ်ဆိုရင်တော့ အင်ဒိုနီးရှားက ဥပမာရှိပါတယ်။
လူလတ်တန်းစားဆိုတာက ပညာတတ်၊ လခစား အများအားဖြင့် ရှိပါတယ်။ (အခုဆိုရင်
အင်ဒိုနီးရှားမှာ လူလတ်တန်းစား ပညာတတ် ကျောင်းဆရာ၊ ကျောင်းဆရာမများရဲ့ လစာ
ဝင်ငွေဟာ အခြား အလုပ်အကိုင်များထက် ပိုလို့ များအောင် တိုးပေးထားပါပြီ။
ပညာရေးကို မြှင့်တင်ဖို့ အစပျိုးတာပါပဲ။ )
လူလတ်တန်းစားများရခြင်းကြောင့် တိုင်းပြည်တွင်းက ပြည်တွင်းထုတ်ကုန်များကို ဝယ်ယူအားပေးသူများတဲ့လူလတ်တန်း
စားများခြင်းကြောင့် တိုင်းပြည်စီးပွားရေးကောင်းမှာ အသေအချာပါပဲ။
လူချမ်းသာလူတန်းစားက ကောင်းပေ့ဆိုသည်များကိုသာ ဝယ်ယူသုံးစွဲသည်မို့
ပြည်ပမှသွင်းကုန်များကိုသာ ဝယ်ယူတာကြောင့် branded
ဆိုတဲ့အရာများဟာ တာရှည်ခံပြီး ပျက်စီးမလွယ်တာကြောင့် တစ်ခါ ဝယ်ပြီးရင်
နှစ်အတော်ကြာသည်ထိ ထပ်မဝယ်ကြပါဘူး။ (သဌေးများကို ဆိုလိုသည်။ သဌေးသား၊
သဌေးသမီးများကို မဆိုလိုပါ။ :D )
လူလတ်တန်းစားအရေအတွက်များမယ်။ သွားလာမှုလွယ်ကူစေမယ့်စကဘူငခ အမညျေစသမအ တွေ
အချိန်ပြည့်ရှိနေမယ်။ နေ့လည်ခင်းစာ၊ညစာ ကောင်းမွန်စွာ
စားသောက်နိုင်တဲ့အနေအထားမှာရှိတယ်၊ ပြည်ပက သွင်းကုန်နည်းပြီး
ပြည်ပပို့ကုန်များမယ်ဆိုရင် အဲဒီတိုင်းပြည်က ချမ်းသာတယ်လို့ ဆိုရမှာပါပဲ။
နောက်တစ်ခုက စားသုံးသူ (ပြည်သူ)တွေအတွက်
ရွေးချယ်ခွင့်တွေရှိနေမယ်ဆိုရင်လည်း စီးပွားရေးကောင်းတယ်လို့
ဆိုနိုင်ပါတယ်။ ဆိုလိုတာက...ဒီဆိုင်က ဆက်ဆံရေးမကောင်းလို့၊ စျေးတင်ထားလို့
တခြား ဆက်ဆံရေးကောင်းတဲ့ဆိုင်၊ စျေးနှုန်းသင့်တင့်တဲ့ဆိုင်မှာ ပြောင်းပြီး
ဖောက်သည်ဖြစ်နိုင်ခွင့်ရှိတာမျိုး။ ရွေးစရာမရှိလို့ ဒီဆိုင်ကိုပဲ
ဆက်ဆံရေးကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သွားရောက်ဝယ်ယူနေရတာမျိုးက
စီးပွားရေးအတွက် ရေရှည်မှာဆိုးကျိုးပဲဖြစ်လာနိုင်ပါတယ်။
မလေးရှားတရုတ်ကုန်သည်များကို ဥပမာကြည့်မယ်ဆိုရင် ဆိုင်ရှင်ကိုယ်တိုင်က
ဆိုင်မှာရှိနေပြီး ဝယ်သူလာရင် ပြုံးရွှင်ချိုသာစွာနဲ့ ဒါလေးရော
သုံးကြည့်ပါလား။ ဒါလည်း ကောင်းတယ် စသည်ဖြင့် ဝယ်သူ ဝယ်ချင်အောင်
ပြောဆိုတတ်သလို ဆိုင်အလုပ်သမားများရှိသော်လည်း ဝယ်သူသွားသည့်အထုပ်များကို
ကိုယ်တိုင် ကားပေါ်သလို့ လိုက်တင်ပေးခြင်း၊ သားသမီးများမှာလည်း
ယူနီဗာစီတီကျောင်းသား၊ ကျောင်းသူများဖြစ်သော်လည်း ကျောင်းပိတ်ရက်
မိဘဆိုင်တွင် ကူညီသောအခါ သားသမီးများကိုယ်တိုင်က ဝယ်သူစိတ်တိုင်းကျ
စိတ်ရှည်သလို ကိုယ်တိုင် ကိုယ်ကျ ကားပေါ်လိုက်တင်ပေးခြင်းများကြောင့်
ဝယ်သူက ထိုဆိုင်မှာပဲ အမြဲဝယ်ယူအားပေးတာမျိုးတွေကို နမူနာကြည့်သင့်ပါတယ်။
ကုန်စုံဆိုင်တင်မှ မဟုတ်ဘဲ ကုန်တိုက်ကြီးများကို ပိုင်ဆိုင်သော
ပိုင်ရှင်ကိုယ်တိုင် ၊ ရှယ်ယာအဖွဲ့ဝင်များကိုယ်တိုင်က မိမိ၏ ကုန်တိုက်ကို
ရောက်နေခိုက် ဝယ်သူကို ကိုယ်တိုင် ဂရုစိုက်ကာ
ကိုယ်တိုင်ထုပ်ပိုးပေးခြင်းများရှိပါတယ်။
ဆက်ဆံရေးမကောင်းတဲ့ဆိုင်ကနေ တခြား ဆက်ဆံရေးကောင်းတဲ့ဆိုင်ကို
စားသုံးသူများက ပြောင်းပြီး အားပေးကြတာမို့ စီးပွားရေးလုပ်ငန်းရှင်များ၊
ကုန်သည်များကလည်း စားသုံးသူအပေါ်ကို ကောင်းမွန်စွာဆက်ဆံပါတယ်။
ရက်လွန်များကို ညာမရောင်းသလို သူတို့ မဖယ်ရှားလိုက်ရသေးမီ စားသုံးသူက
ယူငင်ဝယ်ယူမိတယ်ဆိုရင် ပြန်သိမ်းပါတယ်။ ဒါကတော့ ရက်လွန်နေပြီ။ sorryပါနော်။
ဒီညနေ တစ်ခေါက်ပြန်လာခဲ့ပါဦး စသည်ဖြင့် စားသုံးသူအပေါ် စေတနာထားတာဟာ
သူတို့စီးပွားရေး ရေရှည်ကောင်းမွန်အောင်လည်းဖြစ်သလို စားသုံးသူအနေနဲ့လည်း
ဘေးကင်းတဲ့အတွက် ကျေနပ်စေနိုင်ပါတယ်။
ပြည်ပအလုပ်သမားများထက် ပြည်တွင်းအလုပ်သမားများကိုပဲ
ဦးစားပေးအလုပ်အကိုင်များ ဖန်တီးပေးနိုင်ခြင်းဟာလည်း တိုင်းပြည်မှာ ခိုးမှု၊
လုယက်မှုတွေ လျော့ပါးအောင် ထိန်းသိမ်းနိုင်ပါတယ်။ ပြည်ပ နိုင်ငံခြားသား
ပညာရှင်ထက် ပြည်တွင်း ပညာရှင်များကို အသုံးချနိုင်တဲ့အခါမှာ တိုင်းပြည်
တည်ငြိမ်နိုင်တယ်လို့ ပြောလို့ရပါတယ်။ ပြည်တွင်းမှ
ပညာရှင်များထွက်ပေါ်လာစေရန် ကျောင်းစရိတ်ထောက်ပံ့ကာ စာချုပ်၊ စာတမ်းဖြင့်
ပညာတော်သင်စေလွှတ်ခြင်းများနှင့် သင့်လျော်သော လစာငွေများကြောင့်
ပြည်တွင်းပညာရှင်များက တိုင်းပြည်မှ အပြီးထွက်ခွာသွားခြင်း မရှိဘဲ မိဘ၊
ဆွေမျိုးများရှိရာ မွေးရပ်မြေကိုပဲ ပြန်လာ အလုပ်လုပ်လာနိုင်ပါတယ်။ ဥပမာ။
မလေးရှား)
ဒီဟာတွေကတွေးမိသလောက်ပါ။ တစ်ခါခါမှာ သီအိုရီနဲ့ လက်တွေ့က ကွာခြားတတ်တာကြောင့် exceptional case တွေ ရှိနိုင်ပါတယ်။
No comments:
Post a Comment